လေ့လာရန် ဆောင်းပါး ၂၂
နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးပါ
“နှစ်ခြင်းခံကြပါ။”—တ. ၂:၃၈။
သီချင်း ၇၂ နိုင်ငံတော် အမှန်တရားကို ကြားသိစေခြင်း
အကြိုသုံးသပ်ချက် *
၁။ ပထမရာစုက လူအုပ်စုကြီး တစ်စုကို ပေတရု ဘာပြောသလဲ။
နိုင်ငံပေါင်းစုံက ဘာသာစကား မျိုးစုံ ပြောတဲ့ ယောက်ျား၊ မိန်းမ အုပ်စုကြီး ဂျေရုဆလင်မြို့မှာ စုဝေးရောက်ရှိနေတယ်။ အဲဒီနေ့မှာ အံ့ဩစရာတစ်ခု ဖြစ်ခဲ့တယ်။ သာမန် ဂျူးတစ်အုပ်စုက စုဝေးရောက်ရှိနေသူတွေရဲ့ မိခင်ဘာသာစကားနဲ့ ဟောပြောကြတယ်။ သူတို့ ပြောတဲ့စကား၊ အထူးသဖြင့် တမန်တော် ပေတရု ပြောတဲ့စကားက ပိုအံ့ဩစရာ ကောင်းတယ်။ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရမယ်ဆိုတဲ့ သတင်းတရား ပါဝင်တယ်။ အဲဒီသတင်းတရားကြောင့် လူအုပ် စိတ်ထိမိသွားပြီး “ကျွန်တော်တို့ ဘာလုပ်ရမလဲ” လို့ မေးကြတယ်။ “နှစ်ခြင်းခံကြပါ” လို့ ပေတရု ပြန်ပြောတယ်။—တ. ၂:၃၇၊ ၃၈။
၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၂ ဘာဆက်ဖြစ်သလဲ။ အဲဒီနေ့မှာ လူ ၃၀၀၀ လောက် နှစ်ခြင်းခံပြီး ခရစ်တော်ရဲ့ တပည့်တွေ ဖြစ်လာတယ်။ ယေရှု မိန့်မှာခဲ့တဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းကြီးရဲ့ အစပါပဲ။ အဲဒီလုပ်ငန်းကို ၂၁ ရာစုမှာ ဆက်လုပ်ဆောင်နေတယ်။ ဒီနေ့ခေတ်မှာ လူတစ်ယောက်ကို နာရီပိုင်းအတွင်း နှစ်ခြင်းခံအောင်တော့ ကျွန်တော်တို့ မလုပ်နိုင်ဘူး။ လပေါင်းများစွာ၊ တစ်နှစ် ဒါမှမဟုတ် ဒီ့ထက်မက ပိုအချိန်ပေးရနိုင်တယ်။ တပည့်ဖြစ်စေခြင်းလုပ်ငန်းဟာ ကြိုးစားအားထုတ်ရတဲ့ အလုပ်ဖြစ်ကြောင်း တစ်ယောက်ယောက်ကို သင် ကျမ်းစာသင်ပေးနေတယ်ဆိုရင် သိမှာပါ။ နှစ်ခြင်းခံပြီးသား တပည့် ဖြစ်လာအောင် ကျမ်းစာသင်သားကို ဘယ်လို ကူညီပေးနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
သိလာတာတွေကို လက်တွေ့ကျင့်ဖို့ သင်သားကို ကူညီပေးပါ
၃။ မဿဲ ၂၈:၁၉၊ ၂၀ အရ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သား ဘာလုပ်ရမလဲ။
၃ ကျမ်းစာသင်သားဟာ နှစ်ခြင်း မခံခင် ကျမ်းစာ သွန်သင်ချက်တွေကို လက်တွေ့ကျင့်ဖို့ လိုတယ်။ (မဿဲ ၂၈:၁၉၊ ၂၀ ကိုဖတ်ပါ။) သိလာတာတွေကို လက်တွေ့ကျင့်မယ်ဆိုရင် ယေရှုရဲ့ ပုံဥပမာထဲက ကျောက်သားပေါ် အိမ်ဆောက်ဖို့ နက်နက်တူးတဲ့ “သတိပညာရှိသူ” နဲ့ တူလာမယ်။ (မ. ၇:၂၄၊ ၂၅။ လု. ၆:၄၇၊ ၄၈) သိလာတာတွေကို လက်တွေ့ကျင့်ဖို့ သင်သားကို ဘယ်လို ကူညီပေးနိုင်သလဲ။ အကြံပြုချက် သုံးခုကို ကြည့်ရအောင်။
၄။ နှစ်ခြင်းခံတဲ့အထိ အရည်အချင်း ပြည့်မီလာအောင် ကျမ်းစာသင်သားကို ဘယ်လို ကူညီပေးနိုင်သလဲ။ (“ ပန်းတိုင် ချမှတ်နိုင်အောင်၊ ပြည့်မီနိုင်အောင် သင်သားကို ကူညီပေးပါ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၄ ပန်းတိုင်တွေ ချမှတ်ဖို့ သင်သားကို ကူညီပေးပါ။ ဘာကြောင့်လဲ။ ခရီးဝေးတစ်ခု သွားတဲ့အခါ ရှုခင်းလှတဲ့ နေရာတွေမှာ ခဏရပ်မှာပဲ။ ဒါမှ သွားရမယ့် ခရီး ဝေးလိုက်တာလို့ ခံစားရတော့မှာ မဟုတ်ဘူး။ အဲဒီလိုပဲ၊ သင်သားဟာ ရေတိုပန်းတိုင်တွေ ချမှတ်ပြီး ပြည့်မီအောင် ကြိုးစားမယ်ဆိုရင် နှစ်ခြင်းခံတဲ့ ပန်းတိုင်ဟာ အလှမ်းဝေးလွန်းတယ်လို့ ခံစားရတော့မှာ မဟုတ်ဘူး။ ပန်းတိုင်တွေ ချမှတ်နိုင်အောင် ကူညီပေးဖို့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ထဲက “ရည်မှန်းပန်းတိုင်” ကဏ္ဍကို သုံးပါ။ သိလာတာကို လက်တွေ့ကျင့်တာက ပန်းတိုင် ရောက်အောင် ဘယ်လို ကူညီပေးမလဲဆိုတာ သင်ခန်းစာ တစ်ခု ပြီးတိုင်း ဆွေးနွေးပါ။ သင်သားအတွက် တခြားပန်းတိုင်တွေ စဉ်းစားထားတာ ရှိမယ်ဆိုရင် “တခြား” ဆိုတဲ့ နေရာလွတ်မှာ ချရေးပါ။ ရေတို၊ ရေရှည် ပန်းတိုင်တွေအကြောင်း ဆွေးနွေးချိန်မှာ ဒီကဏ္ဍကို အမြဲ သုံးပါ။
၅။ မာကု ၁၀:၁၇-၂၂ အရ ချမ်းသာတဲ့လူကို ဘာလုပ်ဖို့ ယေရှု ပြောသလဲ။ ဘာကြောင့်လဲ။
၅ အပြောင်းအလဲတွေ လုပ်နိုင်အောင် သင်သားကို မာကု ၁၀:၁၇-၂၂ ကိုဖတ်ပါ။) ချမ်းသာတဲ့လူအတွက် ရှိသမျှ ရောင်းဖို့ အတော် ခက်မယ်ဆိုတာ ယေရှု သိတယ်။ (မာ. ၁၀:၂၃) ဒါပေမဲ့ အဲဒီလို ရောင်းပါလို့ ယေရှု ပြောတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ချစ်လို့ပဲ။ တစ်ခါတလေ သင်သားဘက်က အပြောင်းအလဲ လုပ်ဖို့ အသင့် မဖြစ်သေးဘူးလို့ ကျွန်တော်တို့ ယူဆတဲ့အတွက် သိလာတာတွေကို လက်တွေ့ကျင့်ပါဆိုပြီး အားပေးဖို့ တွန့်ဆုတ်နေနိုင်တယ်။ စရိုက်ဟောင်းကို ချွတ်ပြီး စရိုက်သစ်ကို ဝတ်ဆင်ဖို့ အချိန် လိုတာ မှန်ပါတယ်။ (ကော. ၃:၉၊ ၁၀) ဒါပေမဲ့ ဒီအကြောင်းကို မြန်မြန် ဆွေးနွေးလေ သင်သားဘက်က မြန်မြန် ပြောင်းလဲနိုင်လေ ဖြစ်မယ်။ အဲဒီလို ဆွေးနွေးတာက သင်သားကို ဂရုစိုက်ကြောင်း ပြရာ ရောက်တယ်။—ဆာ. ၁၄၁:၅။ ပညာ. ၂၇:၁၇။
ကူညီပေးပါ။ (၆။ သဘောထား မေးခွန်းတွေ ဘာကြောင့် မေးသင့်သလဲ။
၆ အကြောင်းအရာတစ်ခုအပေါ် သင်သားရဲ့ အမြင်သဘောထား၊ ယုံကြည်ချက်၊ နားလည်မှုတွေကို သိနိုင်ဖို့ သဘောထား မေးခွန်းတွေ မေးနိုင်တယ်။ အဲဒီလို ပုံမှန် မေးမယ်ဆိုရင် သူ့အတွက် လက်ခံဖို့ ခက်နိုင်တဲ့ အကြောင်းတွေကို နောက်ပိုင်းမှာ ဆွေးနွေးဖို့ ပိုလွယ်ကူလာလိမ့်မယ်။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်မှာ သဘောထား မေးခွန်း များစွာ ပါတယ်။ ဥပမာ၊ သင်ခန်းစာ ၄ မှာ “ယေဟောဝါရဲ့ နာမည်ကို သုံးတဲ့အခါ ဘုရား ဘယ်လို ခံစားရမယ်လို့ သင် ထင်သလဲ၊” သင်ခန်းစာ ၉ မှာ “ဘာအတွက် သင် ဆုတောင်းချင်သလဲ” ဆိုတဲ့ မေးခွန်းတွေ ပါတယ်။ သဘောထား မေးခွန်းတွေကို ဘယ်လို ဖြေရမယ်ဆိုတာ သိဖို့ အစပိုင်းမှာ သင်သားအတွက် ခက်နိုင်တယ်။ သက်ဆိုင်တဲ့ ကျမ်းချက်တွေ၊ သရုပ်ဖော်ပုံတွေကို ဆင်ခြင်ဖို့ လေ့ကျင့်ပေးခြင်းအားဖြင့် သူ့ကို ကူညီပေးနိုင်တယ်။
၇။ တွေ့ကြုံမှုတွေကို ဘယ်လို ထိထိရောက်ရောက် သုံးနိုင်သလဲ။
၇ ဘာလုပ်ရမယ်ဆိုတာ သင်သား နားလည်လာပြီဆိုရင် တွေ့ကြုံမှုတွေ ပြောပြပြီး အားပေးပါ။ ဥပမာ၊ အစည်းအဝေး တက်ဖို့ ခက်နေတယ်ဆိုရင် သင်ခန်းစာ ၁၄ “လေ့လာစရာ ထပ်ဖွေရှာ” ကဏ္ဍမှာ ပါတဲ့ ကျွန်တော့်ကို ယေဟောဝါ ဂရုစိုက် ဗီဒီယို ပြနိုင်တယ်။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်၊ သင်ခန်းစာများစွာထဲက “ရှာဖွေလေ တွေ့ရှိလေ၊” “လေ့လာစရာ ထပ်ဖွေရှာ” ကဏ္ဍတွေမှာ တွေ့ကြုံမှုတွေ ရှိတယ်။ * သင်သားကို “သူ လုပ်နိုင်ရင် ခင်ဗျားလည်း လုပ်နိုင်ရမှာပေါ့” လို့ နှိုင်းယှဉ်ပြောတာမျိုး မလုပ်ပါနဲ့။ သင်သားကိုယ်တိုင် အဲဒီလို သိမြင်လာစေပါ။ ကျမ်းစာ သွန်သင်ချက်တွေကို လက်တွေ့ကျင့်ဖို့ ဗီဒီယိုထဲမှာ ပါတဲ့သူကို ဘာက ကူညီပေးသလဲ ဆိုတဲ့ အဓိကအချက်တွေကို ပြန်သုံးသပ်ပါ။ ဗီဒီယိုထဲက အဓိက ကျမ်းချက် ဒါမှမဟုတ် လက်တွေ့ကျ အချက် တစ်ခုခုကို ပြောပြနိုင်တယ်။ ဖြစ်နိုင်တဲ့အခါတိုင်း သူ့ကို ယေဟောဝါ ဘယ်လို ကူညီပေးခဲ့ကြောင်း အလေးပေး ပြောပြပါ။
၈။ ယေဟောဝါကို ချစ်လာဖို့ သင်သားကို ဘယ်လို ကူညီပေးနိုင်သလဲ။
၈ ယေဟောဝါကို ချစ်လာဖို့ သင်သားကို ကူညီပေးပါ။ ဘယ်လိုနည်းနဲ့လဲ။ ဖြစ်နိုင်တဲ့အခါတိုင်း ယေဟောဝါရဲ့ အရည်အသွေးတွေကို ပြောပြပါ။ ယေဟောဝါဟာ ပျော်ရွှင်တဲ့ဘုရား ဖြစ်ပြီး မိမိကို ချစ်မြတ်နိုးသူတွေကို ကူညီထောက်မပေးကြောင်း သင်သား နားလည်လာအောင် ကူညီပေးပါ။ (၁ တိ. ၁:၁၁။ ဟီ. ၁၁:၆) သိလာတာတွေကို လက်တွေ့ကျင့်ရင် အကျိုးရမှာ ဖြစ်ကြောင်း၊ အဲဒီအကျိုးကျေးဇူးတွေက ယေဟောဝါ သူ့ကို ချစ်တယ်ဆိုတဲ့ အထောက်အထား ဖြစ်ကြောင်း ရှင်းပြပါ။ (ဟေရှာ. ၄၈:၁၇၊ ၁၈) သင်သားဟာ ယေဟောဝါကို ချစ်လာလေ လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့ ပိုလှုံ့ဆော်ခံရလေ ဖြစ်ပါလိမ့်မယ်။—၁ ယော. ၅:၃။
သင်သားကို ညီအစ်ကို/မတွေနဲ့ မိတ်ဆက်ပေးပါ
၉။ မာကု ၁၀:၂၉၊ ၃၀ အရ စွန့်လွှတ်စရာ ရှိတာတွေ စွန့်လွှတ်ဖို့ ဘာက ကူညီပေးနိုင်သလဲ။
၉ နှစ်ခြင်းခံတဲ့အထိ တိုးတက်ဖို့ သင်သားမှာ စွန့်လွှတ်အနစ်နာခံရတာတွေ ရှိနိုင်တယ်။ အစောပိုင်းမှာ ပြောခဲ့တဲ့ ချမ်းသာတဲ့လူလိုပဲ သင်သားတချို့ဟာ ရုပ်ပစ္စည်းပိုင်း စွန့်လွှတ်ရနိုင်တယ်။ သူတို့ရဲ့ အလုပ်အကိုင်က ကျမ်းစာမူနဲ့ ငြိနေရင် အလုပ်ပြောင်းဖို့ လိုနိုင်တယ်။ ယေဟောဝါကို မချစ်တဲ့ အပေါင်းအသင်းတွေကို စွန့်လွှတ်ရနိုင်တယ်။ ယေဟောဝါသက်သေတွေကို မကြိုက်တဲ့ မိသားစုဝင်တွေရဲ့ ပစ်ပယ်မှု ခံရနိုင်တယ်။ အဲဒီလို စွန့်လွှတ်အနစ်နာခံဖို့ တချို့အတွက် ခက်မယ်ဆိုတာ ယေရှု သိတယ်။ ဒါပေမဲ့ မိမိနောက် လိုက်သူတွေ စိတ်ပျက်ရမှာ မဟုတ်ဘူး၊ အသင်းတော်မှာ မိသားစုနဲ့တူတဲ့ ညီအစ်ကို/မတွေ ပြန်ရမယ်လို့ ယေရှု ကတိပေးတယ်။ (မာကု ၁၀:၂၉၊ ၃၀ ကိုဖတ်ပါ။) အဲဒီလက်ဆောင်ကနေ အကျိုးရဖို့ သင်သားကို ဘယ်လို ကူညီပေးနိုင်သလဲ။
၁၀။ မန်နူယယ်ရဲ့ တွေ့ကြုံမှုကနေ ဘာသိရသလဲ။
၁၀ သင်သားနဲ့ ခင်မင်ရင်းနှီးအောင် လုပ်ပါ။ သင်သားကို ဂရုစိုက်ကြောင်း ပြဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲ။ မက္ကဆီကိုမှာ နေတဲ့ မန်နူယယ်က ကျမ်းစာသင်သား ဘဝတုန်းကအကြောင်း ဒီလိုပြောတယ်– “သင်အံမှု မစခင်မှာ သင်ပေးသူက အဆင်ပြေရဲ့လားလို့ အမြဲ မေးပြီး ကျွန်တော် သက်သောင့်သက်သာ ဖြစ်အောင်၊ ရင်တွင်းခံစားချက်တွေ ထုတ်ပြောလာအောင် ကူညီပေးတယ်။ ကျွန်တော့်ကို တကယ် ဂရုစိုက်တယ်လို့ ခံစားရတယ်။”
၁၁။ ကျွန်တော်တို့နဲ့ သင်သား အချိန်ပေး ပေါင်းသင်းခြင်းကနေ ဘယ်လို အကျိုးရနိုင်သလဲ။
၁၁ နောက်လိုက်တွေနဲ့ ယေရှု အချိန်ပေး ပေါင်းသင်းသလို သင်သားတွေနဲ့ အချိန်ပေး ပေါင်းသင်းပါ။ (ယော. ၃:၂၂) ဖြစ်နိုင်မယ်ဆိုရင် သင်သားကို အိမ်ဖိတ်ပြီး အတူ ကော်ဖီ သောက်တာ၊ စားစရာတစ်ခုခု စားတာ၊ လစဉ် ရုပ်သံထုတ်လွှင့်မှု ကြည့်တာတွေ လုပ်ပါ။ အထူးသဖြင့် သင်သား အထီးကျန်နေမယ့် ပွဲတော်အားလပ်ရက်တွေမှာ အဲဒီလို ဖိတ်ခေါ်ရင် ကျေးဇူးတင်ပါလိမ့်မယ်။ “သင်အံမှု အချိန်မှာသာမက ကျမ်းစာသင်ပေးသူနဲ့ ပေါင်းသင်းချိန်မှာပါ ယေဟောဝါအကြောင်း အများကြီး သိလာတယ်။ မိမိလူမျိုးကို ယေဟောဝါ ဘယ်လောက် ဂရုစိုက်ကြောင်း၊ သူတို့ ဘယ်လောက် ပျော်နေကြောင်း သိလာတယ်။ ကျွန်တော် လိုချင်တာ ဒါပဲ” လို့ ယူဂန္ဓာမှာ နေတဲ့ ကာဇီဘွီ ပြောတယ်။
၁၂။ ကြေညာသူတွေကို ကျမ်းစာသင်အံမှု လိုက်ဖို့ ဘာကြောင့် အလှည့်ကျ ခေါ်သွားသင့်သလဲ။
၁၂ ကြေညာသူတွေကို သင်အံမှု လိုက်ဖို့ အလှည့်ကျ ခေါ်သွားပါ။ တစ်ခါတလေ သင်အံမှုကို တစ်ယောက်တည်း သွားတာ ဒါမှမဟုတ် သွားနေကျ ကြေညာသူနဲ့ပဲ သွားတာ ပိုလွယ်နိုင်တယ်။ ဒါပေမဲ့ တခြားကြေညာသူတွေကို အလှည့်ကျ ခေါ်သွားရင် သင်သား ပိုအကျိုးရမယ်။ “သင်အံမှု လိုက်လာတဲ့ ကြေညာသူတိုင်းက အကြောင်းအရာတွေကို နည်းလမ်းအမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးနဲ့ ရှင်းပြကြတယ်။ အဲဒီအပြင် ညီအစ်ကို/မ အများကြီးနဲ့ ကျွန်တော် သိပြီးသား ဖြစ်နေလို့ ဦးဆုံးအကြိမ် အစည်းအဝေး တက်တဲ့အခါ အနေရခက်တာမျိုး မဖြစ်တော့ဘူး” လို့ မော်လ်ဒိုဗာမှာ နေတဲ့ ဒီမီထရီ ပြောတယ်။
၁၃။ အစည်းအဝေး တက်ဖို့ သင်သားကို ဘာကြောင့် ကူညီပေးရမလဲ။
၁၃ အသင်းတော် အစည်းအဝေးတွေ တက်ဖို့ သင်သားကို ကူညီပေးပါ။ ဘာကြောင့်လဲဆိုတော့ အတူစည်းဝေးဖို့ ယေဟောဝါ မိန့်မှာထားပြီး ဝတ်ပြုရေးရဲ့ အစိတ်အပိုင်း ဖြစ်လို့ပဲ။ (ဟီ. ၁၀:၂၄၊ ၂၅) အဲဒီအပြင် ညီအစ်ကို/မတွေဟာ ကျွန်တော်တို့ရဲ့ မိသားစုလို ဖြစ်တဲ့အတွက် အစည်းအဝေး တက်တာက သူတို့နဲ့ တစ်အိမ်တည်း အတူစားသောက်တာနဲ့ တူတယ်။ အစည်းအဝေး တက်ဖို့ သင်သားကို ကူညီပေးတာက နှစ်ခြင်းခံဖို့ အရေးကြီးဆုံး အဆင့်ကို တက်လှမ်းနိုင်အောင် ကူညီပေးတာပဲ။ ဒါပေမဲ့ သင်သားအတွက် ခက်ခဲနိုင်တယ်။ သင်သား ကြုံရနိုင်တဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်အောင် ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်က ဘယ်လို ကူညီပေးနိုင်သလဲ။
၁၄။ အစည်းအဝေး တက်ဖို့ သင်သားကို ဘယ်လို ကူညီပေးနိုင်သလဲ။
၁၄ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်၊ သင်ခန်းစာ ၁၀ ကို သုံးပါ။ သင်သားတွေကို အစည်းအဝေး တက်နိုင်အောင် ကူညီပေးရာမှာ သင်ခန်းစာ ၁၀ ကို စမ်းသုံးကြည့်ဖို့ အတွေ့အကြုံရှိ ကြေညာသူတွေကို စာအုပ် မထုတ်ခင်မှာ တောင်းဆိုခဲ့တယ်။ သူတို့ တော်တော် အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ အစည်းအဝေး ဖိတ်ဖို့ သင်ခန်းစာ ၁၀ ရောက်တဲ့အထိ စောင့်စရာ မလိုပါဘူး။ အမြန်ဆုံး ဖိတ်ပါ။ ဆက်ဖိတ်ခေါ်နေပါ။ သင်သားတွေ ကြုံရတဲ့ အခက်အခဲတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ သင်သားရဲ့ လိုအပ်ရာတွေကို လက်တွေ့ကျကျ ကူညီပေးပါ။ သင်သား အစည်းအဝေး မတက်သေးရင်တောင် စိတ်ဓာတ်မကျပါနဲ့။ စိတ်ရှည်ပါ။ ဆက်ဖိတ်ခေါ်နေပါ။
စိုးရိမ်ကြောက်ရွံ့စိတ်ကို ကျော်လွှားဖို့ သင်သားကို ကူညီပေးပါ
၁၅။ သင်သားမှာ ဘယ်စိုးရိမ်စိတ်တွေ ရှိနိုင်သလဲ။
၁၅ ယေဟောဝါသက်သေ ဖြစ်ဖို့ သင် စိုးရိမ်ခဲ့ဖူးသလား။ ဘယ်တော့မှ တစ်အိမ်တက်ဆင်း ဟောနိုင်မှာ မဟုတ်ဘူးလို့ ခံစားခဲ့ရတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မိသားစု၊ မိတ်ဆွေတွေ ဆန့်ကျင်မှာကို စိုးရိမ်တာ ဖြစ်နိုင်တယ်။ ဒါဆိုရင် သင်သားကို ကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။ အဲဒီလို စိုးရိမ်ကြောက်ရွံ့စိတ်တွေ ရှိမယ်ဆိုတာ ယေရှု အသိအမှတ် ပြုတယ်။ ဒါပေမဲ့ ကြောက်စိတ်ကြောင့် ယေဟောဝါကို ဝတ်မပြုတာမျိုး မဖြစ်အောင် သတိထားဖို့ အားပေးခဲ့တယ်။ (မ. ၁၀:၁၆၊ ၁၇၊ ၂၇၊ ၂၈) ကြောက်စိတ်ကို ကျော်လွှားနိုင်ဖို့ နောက်လိုက်တွေကို ယေရှု ဘယ်လို ကူညီပေးသလဲ။ ယေရှုရဲ့ ပုံသက်သေကို သင် ဘယ်လို တုပနိုင်သလဲ။
၁၆။ ယုံကြည်ချက်အကြောင်း ပြောပြဖို့ သင်သားကို ဘယ်လို လေ့ကျင့်ပေးနိုင်သလဲ။
၁၆ ယုံကြည်ချက်အကြောင်း ပြောပြဖို့ သင်သားကို တဖြည်းဖြည်း လေ့ကျင့်ပေးပါ။ ဟောပြောဖို့ တပည့်တွေကို ယေရှု စေလွှတ်ချိန်မှာ တပည့်တွေ စိုးရိမ်မိနိုင်တယ်။ မ. ၁၀:၅-၇) ယေရှုကို ဘယ်လို တုပနိုင်သလဲ။ ဘယ်သူတွေကို ဟောရမယ်ဆိုတာ သိအောင် ကူညီပေးပါ။ ဥပမာ၊ ကျမ်းစာ အမှန်တရားကြောင့် အကျိုးရမယ့်သူ တစ်ယောက်ယောက်ကို သိသလားလို့ သင်သားကို မေးနိုင်တယ်။ ပြီးနောက် အဲဒီအမှန်တရားကို ဘယ်လို ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုတာ သင်ပေးပါ။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်မှာ ပါတဲ့ “လူတချို့ အဆို၊” “လူတချို့ အမေး” ကဏ္ဍတွေ သုံးပြီး လေ့ကျင့်ပေးနိုင်တယ်။ ကျမ်းစာ သုံးပြီး ရိုးရိုးရှင်းရှင်း၊ ပါးပါးနပ်နပ် ဖြေတတ်ဖို့ ကူညီပေးပါ။
ဒါပေမဲ့ ဘယ်မှာ ဟောရမယ်၊ ဘာအကြောင်း ဟောရမယ်ဆိုတာ သင်ပေးတယ်။ (၁၇။ ယေဟောဝါကို ယုံကြည်ကိုးစားဖို့ သင်သားကို ကူညီပေးရာမှာ မဿဲ ၁၀:၁၉၊ ၂၀၊ ၂၉-၃၁ ကို ဘယ်လို သုံးနိုင်သလဲ။
၁၇ ယေဟောဝါကို ယုံကြည်ကိုးစားဖို့ သင်သားကို ကူညီပေးပါ။ တပည့်တွေကို ယေဟောဝါ ချစ်လို့ ကူညီပေးမယ်ဆိုတာ ယေရှု စိတ်ချစေတယ်။ (မဿဲ ၁၀:၁၉၊ ၂၀၊ ၂၉-၃၁ ကိုဖတ်ပါ။) သင်သားကိုလည်း ယေဟောဝါ ကူညီပေးမယ်ဆိုတာ စိတ်ချစေပါ။ အတူဆုတောင်းတဲ့အခါ သင်သားရဲ့ ပန်းတိုင်တွေအကြောင်း ထည့်တောင်းခြင်းအားဖြင့် ယေဟောဝါကို မှီခိုအားကိုးတတ်အောင် ကူညီပေးနိုင်တယ်။ “ကျမ်းစာသင်ပေးသူက ဆုတောင်းတဲ့အခါ ကျွန်တော့် ပန်းတိုင်တွေအကြောင်း ထည့်တောင်းပေးလေ့ ရှိတယ်။ သူ့ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို အဖြေပေးမှန်း သိလာတဲ့အခါ ကျွန်တော်လည်း စပြီး ဆုတောင်းတတ်လာတယ်။ ခရိုင်အစည်းအဝေးနဲ့ ပတ်စဉ် အစည်းအဝေးတွေ တက်ဖို့ အလုပ်သစ်ကနေ ခွင့်တောင်းချိန်မှာ ယေဟောဝါရဲ့ အကူအညီကို ကျွန်တော် ခံစားရတယ်” လို့ ပိုလန်နိုင်ငံမှာ နေတဲ့ ဖရန်စီဇက် ပြောတယ်။
၁၈။ ခရစ်ယာန် သွန်သင်သူတွေရဲ့ လုပ်ဆောင်မှုကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။
၁၈ သင်သားတွေကို ယေဟောဝါ တကယ် စိတ်ဝင်စားတယ်။ မိမိနဲ့ ရင်းနှီးလာအောင် လူတွေကို ကူညီပေးဖို့ သွန်သင်သူတွေ ဘယ်လောက် ကြိုးစားအားထုတ်နေကြောင်း သိတယ်။ အဲဒီလို ကြိုးစားတဲ့အတွက် သူတို့ကို ချစ်မြတ်နိုးတယ်။ (ဟေရှာ. ၅၂:၇) သင်ဟာ လောလောဆယ် ကျမ်းစာသင်အံမှု မရှိသေးရင်တောင် တခြား ကြေညာသူတွေရဲ့ သင်သားတွေ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ဝိုင်းဝန်းကူညီပေးနိုင်ပါတယ်။
သီချင်း ၆၀ အသက်ရေး
^ အပိုဒ်၊ 5 လူတွေ တပည့် ဖြစ်လာအောင် ယေရှု ဘယ်လို ကူညီပေးခဲ့ကြောင်း၊ ယေရှုကို ဘယ်လို တုပနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးဖို့ ရည်ရွယ်ထုတ်ဝေထားတဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်သစ်ထဲက ကဏ္ဍတချို့ကိုလည်း ဆွေးနွေးကြပါမယ်။
^ အပိုဒ်၊ 7 တွေ့ကြုံမှုတွေကို (၁) ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှုလမ်းညွှန် “သမ္မာကျမ်းစာ၊” “လက်တွေ့ကျတန်ဖိုး၊” “‘သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်’ (ကင်းမျှော်စင် ဆောင်းပါးတွဲများ)” ခေါင်းစဉ်အောက်မှာ ဒါမှမဟုတ် (၂) JW Library® media ထဲက “လူတွေ့မေးမြန်းမှုများ၊ တွေ့ကြုံမှုများ” မှာ တွေ့နိုင်တယ်။
^ အပိုဒ်၊ 62 ပုံအညွှန်း– ညီအစ်ကိုတစ်ယောက် ဇနီးနဲ့အတူ လူငယ်တစ်ယောက်ကို ကျမ်းစာ သင်ပေးနေ။ တခြားညီအစ်ကိုတွေကိုလည်း မကြာမကြာ အလှည့်ကျ ခေါ်သွား။