ယေဟောဝါဆီမှာ သင် ခိုလှုံနေသလား
“ယေဟောဝါက မိမိကျေးကျွန်တွေရဲ့ အသက်ကို ရွေးယူတယ်။ ဘုရားဆီ ခိုလှုံသူတစ်ယောက်မှ အပြစ်ရှိသူလို့ ယူမှတ်ခံရမှာ မဟုတ်ဘူး။”—ဆာ. ၃၄:၂၂။
၁။ ဘုရားသခင့် သစ္စာရှိကျေးကျွန်တွေဟာ အပြစ်ကြောင့် ဘယ်လို ခံစားကြသလဲ။
“ကျွန်တော့်အဖြစ် ဆိုးလိုက်တာ။” (ရော. ၇:၂၄) တမန်တော် ပေါလုရဲ့ စကားတွေကို ဘုရားသခင့် သစ္စာရှိကျေးကျွန်များစွာ ပြောကြတယ်။ ကျွန်တော်တို့အားလုံး အပြစ်ကို အမွေ ရထားကြတယ်။ ကျွန်တော်တို့ရဲ့ လုပ်ရပ်က ယေဟောဝါရဲ့ နှစ်သက်မှု ရချင်တဲ့ဆန္ဒနဲ့ မကိုက်ညီတဲ့အခါ အဖြစ်ဆိုးလိုက်တာလို့ ခံစားမိနိုင်တယ်။ ကြီးလေးတဲ့အပြစ် ကျူးလွန်ထားတဲ့ ခရစ်ယာန်တချို့ ဘုရားသခင့် ခွင့်လွှတ်မှု မရနိုင်တော့ဘူးလို့တောင် ခံစားကြတယ်။
၂။ (က) ဘုရားသခင့် ကျေးကျွန်တွေဟာ အပြစ်ရဲ့ လွှမ်းမိုးဖိစီးမှုအောက် ရောက်နေတယ်လို့ ခံစားစရာ မလိုကြောင်း ဆာလံ ၃၄:၂၂ က ဘယ်လို ဖော်ပြသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။ (“ သင်ခန်းစာလား၊ အနှိုင်းခံလား” လေးထောင့်ကွက်ကို ကြည့်ပါ။)
၂ ဒါပေမဲ့ ယေဟောဝါဆီမှာ ခိုလှုံသူတွေဟာ အပြစ်ရဲ့ လွှမ်းမိုးဖိစီးမှုအောက် ရောက်နေတယ်လို့ ခံစားနေစရာ မလိုဘူးဆိုပြီး ကျမ်းစာက နှစ်သိမ့်ပေးတယ်။ (ဆာလံ ၃၄:၂၂ ကိုဖတ်ပါ။) ယေဟောဝါဆီ ခိုလှုံခြင်းမှာ ဘာပါဝင်သလဲ။ ယေဟောဝါရဲ့ ကရုဏာတော်နဲ့ ခွင့်လွှတ်မှု ရဖို့ ဘာတွေ လုပ်ဆောင်ရမလဲ။ ရှေးခေတ် အစ္စရေး ခိုလှုံရာမြို့ အစီအစဉ်အကြောင်း သုံးသပ်မယ်ဆိုရင် အဖြေရနိုင်ပါတယ်။ အဲဒီအစီအစဉ်ကို အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ အစားထိုးခံရတဲ့ ပညတ်ပဋိညာဉ်အောက်မှာ ပြဋ္ဌာန်းခဲ့တယ်။ ဒါပေမဲ့ ပညတ်တရားဟာ ယေဟောဝါဆီက ဖြစ်ကြောင်း သတိရပါ။ ဒါကြောင့် ခိုလှုံရာမြို့ အစီအစဉ်ကနေ အပြစ်၊ အပြစ်ပြုသူ၊ နောင်တတို့နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်ကို သိရတယ်။ အရင်ဆုံး ခိုလှုံရာမြို့တွေရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပုံအကြောင်း သုံးသပ်ကြည့်ကြစို့။
“ခိုလှုံရာမြို့တွေကို ရွေးချယ်ပါ”
၃။ တမင်တကာ လူသတ်မှုတွေကို အစ္စရေးတွေ ဘယ်လို ကိုင်တွယ်ခဲ့ကြသလဲ။
၃ ရှေးခေတ် အစ္စရေးပြည်မှာ လူသတ်မှုမှန်သမျှကို ကြီးလေးတဲ့ပြစ်မှုလို့ ယေဟောဝါ သတ်မှတ်တယ်။ တမင်တကာ လူသတ်တဲ့သူတွေကို အသတ်ခံရသူရဲ့ ဆွေမျိုးရင်းချာ အမျိုးသား၊ “သွေးကြွေးဆပ်မယ့်သူ” က သေစားသေစေရတယ်။ (တော. ၃၅:၁၉) ဒါက အပြစ်မဲ့သူကို သတ်တဲ့အပြစ်ကို ကျေစေတယ်။ အလျင်အမြန် ကွပ်မျက်ခြင်းက ကတိထားရာပြည်ကို မညစ်ညူးအောင် ကာကွယ်ပေးတယ်။ “ကိုယ်နေထိုင်တဲ့ တိုင်းပြည်ကို လူသတ်မှုကြောင့် မညစ်ညူးစေနဲ့” လို့ ယေဟောဝါ မိန့်မှာထားတယ်။—တော. ၃၅:၃၃၊ ၃၄။
၄။ မတော်တဆ လူသတ်မှုကို အစ္စရေးပြည်မှာ ဘယ်လို ကိုင်တွယ်ခဲ့ကြသလဲ။
၄ မတော်တဆ လူသတ်မှုတွေကိုကော အစ္စရေးတွေ ဘယ်လို ကိုင်တွယ်ကြသလဲ။ မတော်တဆ လူသတ်မိတာ ဖြစ်ပေမဲ့ လူသတ်တဲ့အပြစ် ရှိနေတုန်းပဲ။ (က. ၉:၅) ဒါပေမဲ့ သွေးကြွေးဆပ်မယ့်သူလက်ကနေ လွတ်အောင် ခိုလှုံရာမြို့ ခြောက်မြို့ထဲက တစ်မြို့မြို့ကို ပြေးခွင့် ရှိတယ်။ အဲဒီမှာ အကာအကွယ် ရယူနိုင်တယ်။ မတော်တဆ လူသတ်မိသူဟာ ပုရောဟိတ်မင်း သေဆုံးချိန်အထိ ခိုလှုံရာမြို့ထဲမှာပဲ နေရမယ်။—တော. ၃၅:၁၅၊ ၂၈။
၅။ ခိုလှုံရာမြို့ အစီအစဉ်က ယေဟောဝါအကြောင်း ပိုသိလာအောင် ဘယ်လို ကူညီပေးနိုင်သလဲ။
၅ အဲဒီမြို့တွေကို ခိုလှုံရာမြို့အဖြစ် သတ်မှတ်တာ လူတွေ မဟုတ်ဘူး။ “အစ္စရေးတွေကို ပြောရမှာက ‘မောရှေကနေတစ်ဆင့် ငါပြောခဲ့တဲ့အတိုင်း ခိုလှုံရာမြို့တွေကို ရွေးချယ်ပါ’” လို့ ယောရှုကို ယေဟောဝါကိုယ်တိုင် မိန့်မှာတယ်။ အဲဒီမြို့တွေကို “ခိုလှုံရာမြို့တွေအဖြစ် ဆက်ကပ်” ထားတယ်။ (ယောရှု ၂၀:၁၊ ၂၊ ၇၊ ၈) ဒီမြို့တွေကို အထူးရည်ရွယ်ချက်အတွက် သီးသန့်ထားရာမှာ ယေဟောဝါကိုယ်တိုင် တိုက်ရိုက် ပါဝင်ပတ်သက်နေလို့ ကိုယ့်ကိုယ်ကိုယ် မေးရမယ်– ယေဟောဝါရဲ့ ကရုဏာတော်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ဒီအစီအစဉ်က ဘယ်လို ကူညီပေးသလဲ။ ဒီနေ့ ဘုရားဆီ ခိုလှုံနိုင်ပုံအကြောင်း ဘာသင်ပေးသလဲ။
“အကြီးအကဲတွေကို အကျိုးအကြောင်း ပြောပြရမယ်”
၆၊ ၇။ (က) မတော်တဆ လူသတ်မိသူကို တရားစီရင်ရာမှာ အကြီးအကဲတွေရဲ့ အခန်းကဏ္ဍကို ဖော်ပြပါ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။) (ခ) ဝရမ်းပြေးအနေနဲ့ အကြီးအကဲတွေဆီ သွားတာ ဘာကြောင့် ပညာရှိရာရောက်သလဲ။
၆ မတော်တဆ လူသတ်မိတဲ့ ဝရမ်းပြေးတစ်ယောက်ဟာ ပြေးဝင်တဲ့ ခိုလှုံရာမြို့တံခါးမှာ “မြို့အကြီးအကဲတွေကို အကျိုးအကြောင်း ပြောပြရမယ်။” သူ့ကို ပျူပျူငှာငှာ လက်ခံကြိုဆိုရမယ်။ (ယောရှု ၂၀:၄) နောက်ပိုင်းမှာ လူသတ်မှုဖြစ်ခဲ့တဲ့ မြို့အကြီးအကဲတွေဆီ သူ့ကို ပြန်ပို့ရမယ်။ အမှုကို အဲဒီအကြီးအကဲတွေ စီရင်ရမယ်။ (တောလည်ရာ ၃၅:၂၄၊ ၂၅ ကိုဖတ်ပါ။) မတော်တဆ လူသတ်မိတယ်လို့ အကြီးအကဲတွေ ကြေညာမှသာ ဝရမ်းပြေးဟာ ခိုလှုံရာမြို့ဆီ ပြန်ရမယ်။
၇ အကြီးအကဲတွေ ဘာကြောင့် ပါဝင်ရသလဲ။ သူတို့တစ်တွေက အစ္စရေးတွေကို သန့်ရှင်းနေစေရမယ်။ ယေဟောဝါရဲ့ ကရုဏာတော်ကနေ မတော်တဆ လူသတ်မိသူ အကျိုးရရှိဖို့ ကူညီပေးရမယ်။ ဝရမ်းပြေးသာ အကြီးအကဲတွေဆီ မသွားရင် “အန္တရာယ်ရှိတယ်” လို့ ကျမ်းပညာရှင်တစ်ယောက် ပြောတယ်။ “ဘုရားသခင် ပြင်ဆင်ပေးတဲ့ ဘေးကင်းလုံခြုံမှု အစီအစဉ်ကို အသုံးမပြုရင်တော့ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ” လို့ ထပ်ပြောတယ်။ မတော်တဆ လူသတ်မိသူ အကူအညီ ရနိုင်ပါတယ်။ ဒါပေမဲ့ အကူအညီကို ကိုယ်တိုင် ရှာယူလက်ခံရမယ်။ ယေဟောဝါ ပြင်ဆင်ပေးထားတဲ့ ခိုလှုံရာမြို့မှာ မခိုလှုံရင် ကိုယ်သတ်မိသူရဲ့ ဆွေမျိုးရင်းချာတစ်ယောက်က သေစားသေစေပိုင်ခွင့် ရှိတယ်။
၈၊ ၉။ ကြီးလေးတဲ့အပြစ် ကျူးလွန်ထားတဲ့ ခရစ်ယာန်တစ်ယောက် အကြီးအကဲတွေဆီ ဘာကြောင့် အကူအညီ တောင်းသင့်သလဲ။
၈ ဒီနေ့လည်း ကြီးလေးတဲ့အပြစ် ကျူးလွန်ထားတဲ့ ယာ. ၅:၁၄-၁၆) ဒုတိယ၊ ဒီအစီအစဉ်ဟာ နောင်တရတဲ့ အပြစ်ပြုသူကို ဘုရားသခင့် စောင့်ရှောက်မှုအောက် ဆက်ရှိနေစေတယ်။ အပြစ်လမ်းစဉ်ကို ရှောင်ရှားစေတယ်။ (ဂလ. ၆:၁။ ဟီ. ၁၂:၁၁) တတိယ၊ အကြီးအကဲတွေဟာ နောင်တရတဲ့ အပြစ်ပြုသူတွေကို နှစ်သိမ့်ပေးဖို့၊ သူတို့ရဲ့ နာကျင်မှုနဲ့ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ကို သက်သာစေဖို့ တာဝန် ရှိတယ်၊ လေ့ကျင့်ခံထားရတယ်။ ဒီအကြီးအကဲတွေကို “မိုးသက်မုန်တိုင်း ကျတဲ့အခါ ပုန်းခိုရာအရပ်” လို့ ယေဟောဝါ ခေါ်ထားတယ်။ (ဟေရှာ. ၃၂:၁၊ ၂) ဒီအစီအစဉ်ဟာ ဘုရားသခင့် ကရုဏာတော်ကို ဖော်ပြကြောင်း သဘောတူတယ် မဟုတ်လား။
ခရစ်ယာန်တစ်ယောက်ဟာ အသင်းတော် အကြီးအကဲတွေရဲ့ အကူအညီ ရှာယူဖို့ လိုတယ်။ အဲဒါ ဘာကြောင့် အလွန်အရေးကြီးသလဲ။ ပထမ၊ ကြီးလေးတဲ့အပြစ်တွေကို ကိုင်တွယ်ဖို့ အကြီးအကဲ အစီအစဉ်ဟာ ကျမ်းစာမှာ ဖော်ပြထားတဲ့အတိုင်း ယေဟောဝါဆီက ဖြစ်တယ်။ (၉ ဘုရားသခင့် ကျေးကျွန်များစွာဟာ အကြီးအကဲတွေရဲ့ အကူအညီ ရှာယူလက်ခံခြင်းကြောင့် စိတ်သက်သာမှု ရရှိကြတယ်။ ဥပမာ၊ ညီအစ်ကို ဒေနီယယ်ဟာ ကြီးလေးတဲ့အပြစ် ကျူးလွန်ခဲ့ပေမဲ့ အကြီးအကဲတွေဆီ မသွားဘဲ လပေါင်းများစွာ နေခဲ့တယ်။ “အချိန် အတော်ကြာသွားပြီမို့ အကြီးအကဲတွေ ဘာမှ မလုပ်ပေးနိုင်တော့ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အပြစ်ရဲ့ အကျိုးဆက်တွေကို ရင်တမမနဲ့ အမြဲစောင့်မျှော်နေမိတယ်။ ယေဟောဝါဆီ ဆုတောင်းတော့ လုပ်ခဲ့တာတွေအတွက် တောင်းပန်ဖို့ လိုတယ်လို့ ခံစားရတယ်။” နောက်ဆုံးတော့ အကြီးအကဲတွေရဲ့ အကူအညီကို ဒေနီယယ် ရှာယူခဲ့တယ်။ နောက်ကြောင်း ပြန်တွေးရင်း ဒီလိုပြောတယ်– “အကြီးအကဲတွေဆီ သွားဖို့ ကြောက်ခဲ့ပါတယ်။ ဒါပေမဲ့ သွားပြီးနောက်မှာတော့ ပခုံးပေါ်က အထုပ်ကြီးကို တစ်ယောက်ယောက်က ဖယ်ပေးလိုက်သလိုပဲ။ အခုတော့ ယေဟောဝါဆီ အတားအဆီး မရှိ ချဉ်းကပ်နိုင်ပြီ။” ဒီနေ့ ဒေနီယယ်ဟာ ကြည်လင်တဲ့သိစိတ် ရှိနေပြီး မကြာသေးခင်က အသင်းတော် အမှုထမ်းအဖြစ် ခန့်အပ်ခံရတယ်။
‘အဲဒီမြို့တစ်မြို့ဆီ ထွက်ပြေးရမယ်’
၁၀။ မတော်တဆ လူသတ်မိသူဟာ ကရုဏာ ခံစားရဖို့ ဘယ်လို ပြတ်ပြတ်သားသား လုပ်ဆောင်ရမလဲ။
၁၀ မတော်တဆ လူသတ်မိသူဟာ ကရုဏာ ခံစားရဖို့ လုပ်ဆောင်ရမယ်။ အနီးဆုံး ခိုလှုံရာမြို့ဆီ ပြေးရမယ်။ (ယောရှု ၂၀:၄ ကိုဖတ်ပါ။) ဝရမ်းပြေးဟာ ပေါ့ပေါ့ဆဆ နေမှာ မဟုတ်ဘူး။ သူ့သေရေးရှင်ရေးဟာ ခိုလှုံရာမြို့ကို အမြန် ဆုံး ရောက်ရှိခြင်း၊ ဆက်နေခြင်းအပေါ် မူတည်တယ်။ အဲဒီအတွက် စွန့်လွှတ်စရာတွေ ရှိလာတယ်။ အရင် အလုပ်အကိုင်၊ အိမ်၊ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်တွေကို ပုရောဟိတ်မင်း သေဆုံးချိန်အထိ စွန့်လွှတ်ရတော့မယ်။ * (တော. ၃၅:၂၅) ဒါပေမဲ့ စွန့်လွှတ်ရကျိုး နပ်ပါတယ်။ ဝရမ်းပြေးဟာ ခိုလှုံရာမြို့ကနေ ထွက်သွားရင် ကိုယ်သတ်ခဲ့သူရဲ့သွေးကို အလေးမထားရာ ရောက်မယ်။ ကိုယ်တိုင်လည်း အသတ်ခံရမယ့် အန္တရာယ် ရှိတယ်။
၁၁။ နောင်တရတဲ့ ခရစ်ယာန်ရဲ့ ဘယ်လုပ်ရပ်တွေက ဘုရားသခင့် ကရုဏာတော်ကို ပေါ့ပေါ့တန်တန် သဘောမထားကြောင်း ဖော်ပြသလဲ။
၁၁ ဒီနေ့လည်း နောင်တရတဲ့ အပြစ်ပြုသူတွေဟာ ဘုရားသခင့် ကရုဏာတော်ကနေ အကျိုးရဖို့ ပြတ်ပြတ်သားသား လုပ်ဆောင်ရမယ်။ အပြစ်ရှိတဲ့ လမ်းစဉ်ကို အပြီးအပိုင် စွန့်ရမယ်။ ကြီးလေးတဲ့အပြစ်ကိုသာမက ကြီးလေးတဲ့အပြစ် ပြုမိစေနိုင်တဲ့ သေးသေးမွှားမွှား အပြစ်တွေကိုလည်း ရှောင်ရမယ်။ ကောရိန္သုမြို့က နောင်တရတဲ့ ခရစ်ယာန်တွေအကြောင်း တမန်တော်ပေါလု ရေးခဲ့တယ်– “ဘုရားသခင့် အလိုတော်နဲ့ညီတဲ့ ဝမ်းနည်းမှုကြောင့် ခင်ဗျားတို့ လုံ့လဝီရိယ ရှိတယ်။ အမှားကင်းအောင် ကြိုးစားတယ်။ မကောင်းမှုအတွက် ဒေါသထွက်တယ်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတယ်။ နောင်တရချင်စိတ် ပြင်းပြတယ်။ ဇွဲထက်သန်တယ်။ အမှားကို ပြုပြင်တယ်။” (၂ ကော. ၇:၁၀၊ ၁၁) အပြစ်ရှိတဲ့လမ်းစဉ်ကို စွန့်ဖို့ အပတ်တကုတ် ကြိုးစားခြင်းက ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသူတွေ မဟုတ်ကြောင်း၊ ဘုရားသခင့် ကရုဏာတော်ကို ပေါ့ပေါ့တန်တန် သဘောမထားကြောင်း ဖော်ပြတယ်။
၁၂။ ဘုရားသခင့်ကရုဏာတော် ဆက်ခံစားချင်ရင် ခရစ်ယာန်တစ်ယောက် ဘာတွေကို စွန့်လွှတ်ရမလဲ။
၁၂ ဘုရားသခင့် ကရုဏာတော် ဆက်ခံစားချင်ရင် ခရစ်ယာန်တစ်ယောက် ဘာတွေကို စွန့်လွှတ်ရမလဲ။ အပြစ်ပြုမိစေတဲ့အန္တရာယ် ရှိမယ်ဆိုရင် ဘယ်လောက်ပဲ မြတ်နိုးတဲ့အရာ ဖြစ်ပါစေ စွန့်လွှတ်ဖို့ အသင့်ရှိရမယ်။ (မ. ၁၈:၈၊ ၉) ယေဟောဝါ မနှစ်သက်တာကို လုပ်ဖို့ မိတ်ဆွေတွေ တွန်းအားပေးတယ်ဆိုရင် သူတို့နဲ့ ပေါင်းသင်းတာကို ဖြတ်ပစ်မလား။ အရက်ယမကာကို အတော်အသင့်သာ သောက်သုံးဖို့ ကြိုးစားကန့်သတ်နေသူ ဖြစ်မယ်ဆိုရင် အလွန်အကျွံ သောက်မိစေနိုင်တဲ့ အခြေအနေတွေကို ရှောင်ချင်မလား။ လိင်ဆန္ဒတွေကို တိုက်လှန်နေရတယ်ဆိုရင် မသန့်ရှင်းတဲ့ အတွေးတွေ ဝင်လာစေနိုင်တဲ့ ရုပ်ရှင်၊ ဝက်ဘ်ဆိုက်၊ လုပ်ဆောင်မှု မှန်သမျှကို ရှောင်မလား။ ယေဟောဝါအပေါ် သမာဓိ စောင့်သိဖို့ ဘာကိုပဲ စွန့်လွှတ်ရပါစေ စွန့်လွှတ်ရကျိုး နပ်ပါတယ်။ ဘုရားရဲ့ စွန့်ပယ်မှု ခံရတယ်ဆိုတဲ့ ခံစားချက်ထက် ပိုနာကျင်စေတာ ဘာမှ မရှိဘူး။ အဲဒီလိုပဲ ဘုရားသခင့် “ထာဝစဉ် ခိုင်မြဲတဲ့မေတ္တာ” ခံစားရတာထက် ပိုကျေနပ်စေတာ ဘာမှ မရှိဘူး။—ဟေရှာ. ၅၄:၇၊ ၈။
‘အဲဒီမြို့တွေဆီ ပြေးရင် လွတ်မြောက်နိုင်တယ်’
၁၃။ ဝရမ်းပြေးဟာ ခိုလှုံရာမြို့ထဲမှာ ဘာကြောင့် ဘေးကင်းလုံခြုံ ပျော်ရွှင်နိုင်ကြောင်း ရှင်းပြပါ။
၁၃ ဝရမ်းပြေးဟာ ခိုလှုံရာမြို့ထဲ ရောက်တာနဲ့ ဘေးကင်းလုံခြုံသွားပြီ။ ‘အဲဒီမြို့တွေဆီ ပြေးရင် လွတ်မြောက်နိုင်တယ်’ လို့ ယေဟောဝါ ပြောတယ်။ (ယောရှု ၂၀:၂၊ ၃) ဒီပြစ်မှုတစ်ခုတည်းကို ယေဟောဝါ ပြန်မစီရင်တော့ဘူး။ သွေးကြွေးဆပ်မယ့်သူကိုလည်း မြို့ထဲ ဝင်ပြီး သတ်ခွင့် မပြုဘူး။ ဒါကြောင့် ဝရမ်းပြေးဟာ လက်တုံ့ပြန်ခံရမှာကို ကြောက်နေစရာ မလိုဘူး။ ခိုလှုံရာမြို့မှာ ယေဟောဝါရဲ့ ကာကွယ်မှုအောက် ဘေးကင်းလုံခြုံနေပြီ။ ဒီမြို့ဟာ ခိုလှုံရာ အကျဉ်းထောင် မဟုတ်ဘူး။ ခိုလှုံရာမြို့မှာ အလုပ်လုပ်နိုင်တယ်။ တခြားသူတွေကို ကူညီပေးနိုင်တယ်။ ယေဟောဝါကို ငြိမ်းချမ်းစွာ ဝတ်ပြုနိုင်တယ်။ မှန်ပါတယ်၊ ပျော်ရွှင်ကျေနပ်စရာဘဝ ရရှိနိုင်ပါတယ်။
၁၄။ နောင်တရတဲ့ ခရစ်ယာန်တစ်ယောက် ဘာကို ယုံကြည်စိတ်ချနိုင်သလဲ။
၁၄ ကြီးလေးတဲ့အပြစ် ကျူးလွန်ခဲ့ပေမဲ့ နောင်တရတဲ့ ဘုရားသခင့် ကျေးကျွန်တချို့ဟာ အပြစ်ရဲ့ “အကျဉ်းချမှု” ခံစားကြရတယ်။ ကြီးလေးတဲ့အပြစ် ရှိသူအဖြစ် ယေဟောဝါ ထာဝရ ရှုမြင်မယ်လို့တောင် ခံစားကြရတယ်။ အဲဒီလို ခံစားနေရရင် ယေဟောဝါ ခွင့်လွှတ်လိုက်ပြီဆိုမှတော့ ကရုဏာတော်အောက်မှာ လုံခြုံနိုင်ကြောင်း စိတ်ချပါ။ အစပိုင်းမှာ ဆာလံ ၁၀၃:၈-၁၂ ကိုဖတ်ပါ။
ဖော်ပြခဲ့တဲ့ ဒေနီယယ်လည်း အဲဒီလိုပဲ ခံစားခဲ့တယ်။ သူ့ကို အကြီးအကဲတွေ တည့်မတ်ပေးပြီး ကြည်လင်တဲ့သိစိတ် ပြန်ရအောင် ကူညီပေးပြီးတဲ့နောက် ဒီလိုပြောတယ်– “အခုမှပဲ သက်ပြင်း ချနိုင်တော့တယ်။ ကိစ္စကို မှန်မှန်ကန်ကန် ကိုင်တွယ်ပြီးတဲ့နောက် အပြစ်ရှိတယ်လို့ မခံစားရတော့ဘူး။ အပြစ် မရှိတော့ဘူးဆိုရင် တကယ်မရှိတော့ဘူး။ ယေဟောဝါက ပြောထားသလိုပဲ ဝန်ထုပ်ကို ယူပြီး အဝေးမှာ ချပေးလိုက်တယ်။ အဲဒါကို ထပ်မတွေ့ရတော့ဘူး။” ဝရမ်းပြေးဟာ ခိုလှုံရာမြို့ထဲ ရောက်ပြီဆိုတာနဲ့ သွေးကြွေးဆပ်မယ့်သူကို ရင်တမမနဲ့ ကြောက်နေစရာ မလိုတော့ဘူး။ အလားတူပဲ ကျွန်တော်တို့ရဲ့ အပြစ်ကို ယေဟောဝါ ခွင့်လွှတ်လိုက်ပြီဆိုတာနဲ့ အပြစ်ကို ပြန်အစဖော်မှာ၊ ပြန်စီရင်မှာကို ကြောက်နေဖို့ မလိုတော့ဘူး။—၁၅၊ ၁၆။ ရွေးဖိုးပေးသူ၊ ပုရောဟိတ်မင်းဆိုတဲ့ ယေရှုရဲ့ အခန်းကဏ္ဍက ဘုရားသခင့် ကရုဏာတော်ကို ယုံကြည်စိတ်ချမှု ဘယ်လို တိုးများစေနိုင်သလဲ။
၁၅ အစ္စရေးတွေထက် ကျွန်တော်တို့မှာ ယေဟောဝါရဲ့ ကရုဏာတော်ကို ယုံကြည်စိတ်ချနိုင်စရာ အကြောင်းရင်း ရှိတယ်။ ယေဟောဝါကို အပြည့်အဝ မနာခံနိုင်လို့ အဖြစ်ဆိုးသူအဖြစ် ဖော်ပြပြီးတဲ့နောက် “သခင်ယေရှုခရစ်အားဖြင့် ကျွန်တော့်ကို ကယ်တင်တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ ပေါလု ပြောခဲ့တယ်။ (ရော. ၇:၂၅) အပြစ်နဲ့ နောင်တရခဲ့ပြီးတဲ့ အတိတ်က အမှားအတွက် တိုက်လှန်နေရပေမဲ့ ယေရှုအားဖြင့် ဘုရားသခင့် ခွင့်လွှတ်မှုကို ပေါလု ယုံကြည်စိတ်ချခဲ့တယ်။ ရွေးဖိုးပေးသူ ယေရှုက ကျွန်တော်တို့ရဲ့ သိစိတ်ကို စင်ကြယ်စေပြီး စိတ်ငြိမ်သက်မှု ရရှိစေတယ်။ (ဟီ. ၉:၁၃၊ ၁၄) ပုရောဟိတ်မင်းအဖြစ် “သူ့နာမည်ကို အမှီပြုပြီး ဘုရားသခင်ဆီ ဆုတောင်းသူတိုင်းကို အပြည့်အဝ ကယ်တင်နိုင်တဲ့အစွမ်း သူ့မှာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အတွက် အသနားခံပေးဖို့ သူအမြဲအသက်ရှင်နေလို့ပဲ။” (ဟီ. ၇:၂၄၊ ၂၅) ပုရောဟိတ်မင်းရဲ့ အခန်းကဏ္ဍက အပြစ်ခွင့်လွှတ်ခံရတယ်လို့ အစ္စရေးတွေကို စိတ်ချစေတယ်ဆိုရင် ပုရောဟိတ်မင်း ယေရှုရဲ့ လုပ်ဆောင်မှုတွေက “အကူအညီ လိုအပ်ချိန်မှာ သနားကြင်နာမှုနဲ့ မဟာကရုဏာကို ခံစားရ” မယ်ဆိုတာ ပိုလို့တောင် ယုံကြည်စိတ်ချစေတယ်။—ဟီ. ၄:၁၅၊ ၁၆။
၁၆ ယေဟောဝါဆီ ခိုလှုံဖို့ဆိုရင် ယေရှုရဲ့ ပူဇော်သက္ကာကို သက်ဝင်ယုံကြည်ရမယ်။ ရွေးဖိုးက လူများစွာကို ကူညီပေးတယ်ဆိုရုံလောက်ပဲ အသိအမှတ်မပြုပါနဲ့။ သင်နဲ့သက်ဆိုင်ကြောင်း ယုံကြည်ပါ။ (ဂလ. ၂:၂၀၊ ၂၁) ရွေးဖိုးဟာ သင့်အပြစ်တွေကို ခွင့်လွှတ်နိုင်တဲ့ အခြေခံဖြစ်ကြောင်း ယုံကြည်ပါ။ ထာဝရအသက် မျှော်လင့်ချက် ပေးကြောင်း ယုံကြည်ပါ။ ယေရှုရဲ့ ပူဇော်သက္ကာဟာ သင့်ကို ယေဟောဝါ ပေးတဲ့ လက်ဆောင် ဖြစ်တယ်။
၁၇။ ယေဟောဝါဆီမှာ ဘာကြောင့် သင် ခိုလှုံချင်သလဲ။
၁၇ ခိုလှုံရာမြို့တွေဟာ ယေဟောဝါရဲ့ ကရုဏာတော်ကို ဖော်ပြတယ်။ ဒီအစီအစဉ်အားဖြင့် အသက်ရဲ့ မြင့်မြတ်မှုကို ဘုရားသခင် အလေးအနက် ဖော်ပြရုံသာမက အကြီးအကဲတွေ ဘယ်လို ထောက်မကြောင်း၊ စစ်မှန်တဲ့နောင်တမှာ ဘာတွေ ပါဝင်ကြောင်း၊ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို အပြည့်အဝ ယုံကြည်နိုင်ကြောင်းလည်း ဖော်ပြတယ်။ ယေဟောဝါဆီမှာ သင် ခိုလှုံနေပါသလား။ အဲဒါထက် ပိုလုံခြုံတဲ့နေရာ မရှိနိုင်တော့ဘူး။ (ဆာ. ၉၁:၁၊ ၂) ခိုလှုံရာမြို့တွေက ယေဟောဝါရဲ့ တရားမျှတမှု၊ ကရုဏာဆိုင်ရာ အကောင်းဆုံး ပုံသက်သေကို တုပဖို့ ဘယ်လို ကူညီပေးနိုင်ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးသုံးသပ်ပါမယ်။
^ စာပိုဒ်၊ 10 ဂျူးစာပေတွေအရ မတော်တဆ လူသတ်မိသူရဲ့ မိသားစုတွေဟာ ခိုလှုံရာမြို့မှာ လိုက်နေပုံ ရတယ်။