ယေဟောဝါရဲ့ တရားမျှတမှုနဲ့ ကရုဏာတော်ကို တုပပါ
“မှန်မှန်ကန်ကန် တရားစီရင်ကြ။ အချင်းချင်းကို ခိုင်မြဲတဲ့မေတ္တာနဲ့ ကရုဏာထားပြီး ဆက်ဆံကြ။”—ဇာ. ၇:၉။
၁၊ ၂။ (က) ဘုရားသခင့် ပညတ်တရားကို ယေရှု ဘယ်လို သဘောထားသလဲ။ (ခ) ကျမ်းတတ်တွေ၊ ဖာရိရှဲတွေက ပညတ်တရားကို ဘယ်လို တလွဲသွန်သင်ခဲ့ကြသလဲ။
ပညတ်တရားကို ယေရှု ချစ်မြတ်နိုးတာ မဆန်းပါဘူး။ ပညတ်တရားဟာ ယေရှုရဲ့ဘဝမှာ အရေးပါဆုံးပုဂ္ဂိုလ် ဖခင် ယေဟောဝါဆီက ဖြစ်နေတာကိုး။ ဘုရားသခင့် ပညတ်ကို ယေရှု အလွန်မြတ်နိုးကြောင်း ဆာလံ ၄၀:၈ မှာ “အို ဘုရားသခင်၊ အလိုတော် ဆောင်တာဟာ ကျွန်တော့်အတွက် ကြည်နူးစရာပါ။ ပညတ်တော်ဟာ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲနေပါတယ်” လို့ ပရောဖက် ပြုထားတယ်။ ဘုရားသခင့် ပညတ်တရားဟာ ပြည့်ဝစုံလင်ကြောင်း၊ အကျိုးရှိကြောင်း၊ ပြည့်စုံမှာ သေချာကြောင်း အပြောနဲ့ရော အလုပ်နဲ့ပါ ယေရှု ဖော်ပြခဲ့တယ်။—မ. ၅:၁၇-၁၉။
၂ ဖခင်ရဲ့ ပညတ်ကို ကျမ်းတတ်တွေ၊ ဖာရိရှဲတွေ တလွဲသွန်သင်ပေးမှန်း ယေရှု တွေ့တဲ့အခါ တော်တော် စိတ်ထိခိုက်မှာပဲ။ အသေးအမွှားကိစ္စတချို့ကို အတိအကျ လိုက်နာကြမှန်း ယေရှု အသိအမှတ် ပြုခဲ့တယ်။ ပြဿနာက ဘာလဲ။ “ခင်ဗျားတို့က ပင်စိမ်း၊ စမုန်စပါး၊ ဇီရာကို ဆယ်ဖို့တစ်ဖို့ ပေးလှူပေမဲ့ တရားမျှတတာ၊ သနားကရုဏာပြတာ၊ သစ္စာရှိတာစတဲ့ ပညတ်ကျမ်းထဲက ပိုအရေးကြီးတဲ့ အချက်တွေကိုတော့ လျစ်လျူရှုထားကြတယ်” လို့ ယေရှု ပြောတယ်။ (မ. ၂၃:၂၃) ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ ထင်နေတဲ့ ဖာရိရှဲတွေလို မဟုတ်ဘဲ ယေရှုကတော့ ပညတ်တရားရဲ့ နောက်ကွယ်က သဘောတရားတွေ၊ ပညတ်ချက်တစ်ချက်စီမှာ ပေါ်လွင်တဲ့ ဘုရားသခင့် အရည်အသွေးတွေကို သဘောပေါက်တယ်။
၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးသုံးသပ်ကြမလဲ။
၃ ခရစ်ယာန်တွေအနေနဲ့ ကျွန်တော်တို့ဟာ ပညတ်ပဋိညာဉ်အောက်မှာ မရှိကြရော. ၇:၆) ဒါပေမဲ့ နှုတ်မြွက်တော် ကျမ်းစာမှာ ပညတ်တရားကို ယေဟောဝါ ထိန်းသိမ်းပေးထားတယ်။ ပညတ်တရားရဲ့ အသေးစိတ်အချက်တွေကို လွန်လွန်ကဲကဲ အာရုံမစိုက်ဘဲ ပညတ်ချက်တွေရဲ့ နောက်ကွယ်က မြင့်မားတဲ့ အခြေခံမူတွေ၊ “ပိုအရေးကြီးတဲ့ အချက်တွေ” ကို နားလည်ကျင့်သုံးစေချင်တယ်။ ဥပမာ၊ ခိုလှုံရာမြို့ အစီအစဉ်ကနေ ဘယ်အခြေခံမူတွေကို သိမြင်နိုင်သလဲ။ ရှေ့ဆောင်းပါးမှာ ဝရမ်းပြေးတစ်ယောက် လုပ်ဆောင်ရမယ့် အချက်တွေကနေ သင်ခန်းစာတွေကို ဖော်ပြခဲ့တယ်။ ခိုလှုံရာမြို့ကနေ ယေဟောဝါအကြောင်း၊ ဘုရားအရည်အသွေးတွေကို တင်ပြနိုင်ပုံအကြောင်းလည်း သင်ယူရတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မေးခွန်းသုံးခုကို အဖြေပေးပါမယ်။ ခိုလှုံရာမြို့တွေက ယေဟောဝါရဲ့ ကရုဏာတော်ကို ဘယ်လို ဖော်ပြသလဲ။ အသက်နဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်အကြောင်း ဘာသင်ပေးသလဲ။ ဘုရားသခင်ရဲ့ ပြည့်ဝစုံလင်တဲ့ တရားမျှတမှုကို ဘယ်လို ဖော်ပြသလဲ။ တစ်ချက်စီမှာ ကောင်းကင်ဘုံစံ ဖခင်ကို တုပနိုင်တဲ့ နည်းလမ်းတွေကို ရှာကြည့်ပါ။—ဧဖက် ၅:၁ ကိုဖတ်ပါ။
တော့ဘူး။ (“သွားလာရလွယ်ကူတဲ့ မြို့တွေ” က ကရုဏာရှိကြောင်း ဖော်ပြ
၄၊ ၅။ (က) ခိုလှုံရာမြို့တွေကို သွားလာရလွယ်ကူအောင် ဘယ်လို၊ ဘာကြောင့် စီစဉ်ထားသလဲ။ (ခ) ဒါက ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ။
၄ ခိုလှုံရာမြို့ ခြောက်မြို့ဟာ သွားရလာရ လွယ်ကူတယ်။ ဂျော်ဒန်မြစ် တစ်ဖက်စီမှာ မြို့တွေကို ညီညီမျှမျှ ထားရှိဖို့ အစ္စရေးတွေကို ယေဟောဝါ မိန့်မှာတယ်။ ဘာကြောင့်လဲ။ ဒါမှ ဝရမ်းပြေးမှန်သမျှ လျင်မြန်၊ လွယ်ကူစွာ ခိုလှုံနိုင်မယ်။ (တော. ၃၅:၁၁-၁၄) ခိုလှုံရာမြို့ကို သွားတဲ့ လမ်းတွေကို ကောင်းကောင်း ပြုပြင်ထိန်းသိမ်းထားတယ်။ (တရား. ၁၉:၃) ဂျူးထုံးစံအရ ဝရမ်းပြေးတွေကို ခိုလှုံရာမြို့တွေဆီ လမ်းညွှန်ပေးတဲ့ လမ်းပြတိုင်တွေ စိုက်ထူထားတယ်။ ခိုလှုံရာမြို့တွေ စီစဉ်ထားတဲ့အတွက် မတော်တဆ လူသတ်မိသူဟာ မှားယွင်းတဲ့ ဝတ်ပြုရေးဘက် သွေးဆောင်ခံရနိုင်တဲ့ တိုင်းတစ်ပါးကို ထွက်ပြေးစရာ မလိုတော့ဘူး။
၅ စဉ်းစားကြည့်ပါ– တမင်တကာ လူသတ်သူတွေကို ပြစ်ဒဏ်ချမှတ်တဲ့ ယေဟောဝါကိုယ်တိုင် မတော်တဆ လူသတ်မိသူတွေကို သနားစာနာမှုနဲ့ အကာအကွယ် ရဖို့ အခွင့်အရေး ပေးထားတယ်။ “အရာရာကို ရိုးရှင်းလွယ်ကူအောင် စီစဉ်ပေးထားတာ ဘုရားသခင့် ကျေးဇူးတော်ပါပဲ” လို့ အနက်ဖွင့်ကျမ်းရေးသူတစ်ဦး ရေးသားခဲ့တယ်။ ယေဟောဝါဟာ ကျေးကျွန်တွေကို အပြစ်ပေးချင်စိတ် ပြင်းပြနေတဲ့၊ အကြင်နာတရားမဲ့တဲ့ တရားသူကြီး မဟုတ်ပါဘူး။ “ကရုဏာ ကြီးမားလှတဲ့” ဘုရားသခင်ပါ။—ဧ. ၂:၄။
၆။ ဖာရိရှဲတွေရဲ့ သဘောထားဟာ ဘုရားသခင့် ကရုဏာတော်နဲ့ ဘယ်လို ကွာခြားသလဲ။
၆ ဖာရိရှဲတွေကတော့ ကရုဏာပြဖို့ တွန့်ဆုတ်ကြတယ်။ ဥပမာ၊ ထုံးစံအရ အပြစ်တစ်ခုတည်းကို သုံးကြိမ်ထက် ပိုပြီး ခွင့်မလွှတ်ချင်ကြဘူး။ ပြစ်မှားသူတွေအပေါ် သူတို့ရဲ့ သဘောထားကို ဖာရိရှဲတစ်ဦးအကြောင်း ဥပမာ ပေးပြီး ယေရှု အလေးပေးဖော်ပြခဲ့တယ်။ အဲဒီဖာရိရှဲက “ဘုရားသခင်၊ ကျွန်တော်ဟာ အများတကာလို လုယက်သူ၊ မဖြောင့်မတ်သူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ မဟုတ်တဲ့အပြင် ဟောဒီအခွန်ခံလိုလည်း မဟုတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်” လု. ၁၈:၉-၁၄။
လို့ ဆုတောင်းတယ်။ အဲဒီအခွန်ခံဟာ ဘုရားသခင့် ကရုဏာတော် ရဖို့ နှိမ့်ချစွာ ဆုတောင်းနေတယ်။ ဖာရိရှဲတွေ ဘာကြောင့် ဒီလောက်တောင် ကရုဏာ မပြချင်ရတာလဲ။ “သူတစ်ပါးကို အထင်သေး” လို့ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။—၇၊ ၈။ (က) ကိုယ့်ကို တစ်ယောက်ယောက် ပြစ်မှားတဲ့အခါ ယေဟောဝါကို ဘယ်လို တုပနိုင်သလဲ။ (ခ) ခွင့်လွှတ်ခြင်းဟာ ဘာကြောင့် နှိမ့်ချမှုကို စမ်းသပ်တာ ဖြစ်သလဲ။
၇ ဖာရိရှဲတွေကို မတုပဘဲ ယေဟောဝါကို တုပပါ။ သနားစာနာပါ။ (ကောလောသဲ ၃:၁၃ ကိုဖတ်ပါ။) သနားစာနာနိုင်တဲ့ နည်းတစ်နည်းကတော့ တခြားသူတွေ ခွင့်လွှတ်မှု တောင်းခံရလွယ်ကူအောင် လုပ်ပေးခြင်းပါပဲ။ (လု. ၁၇:၃၊ ၄) ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ့ကို ပြစ်မှားသူတွေ၊ အကြိမ်ကြိမ် ပြစ်မှားသူတွေကို ခွင့်လွှတ်သလား။ ငါ့ကို စိတ်ဆိုးအောင်၊ ထိခိုက်အောင် လုပ်ထားသူနဲ့ ပြန်သင့်မြတ်ချင်စိတ် ပြင်းပြသလား။’
၈ ခွင့်လွှတ်မှုဟာ တကယ်တော့ နှိမ့်ချမှုကို စမ်းသပ်တာပဲ။ တခြားသူတွေကို အထင်သေးတဲ့အတွက် အဲဒီစမ်းသပ်မှုကို ဖာရိရှဲတွေ မအောင်မြင်ကြဘူး။ ခရစ်ယာန်တွေအနေနဲ့ ကျွန်တော်တို့ကတော့ “သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထား” ကြပြီး ခွင့်လွှတ်မှုနဲ့ ထိုက်တန်သူတွေအဖြစ် ယူမှတ်ရမယ်။ (ဖိ. ၂:၃) ယေဟောဝါကို တုပပြီး နှိမ့်ချမှု စမ်းသပ်ခြင်းကို အောင်မြင်မလား။ ခွင့်လွှတ်မှုဆိုတဲ့ “လမ်း” ကို အမြဲဖွင့်ထားပြီး ကောင်းကောင်းပြုပြင်ထိန်းသိမ်းပါ။ အလျင်အမြန် ကရုဏာပြပါ။ ထစ်ခနဲဆို မကျေမချမ်း မဖြစ်ပါနဲ့။—ဒေ. ၇:၈၊ ၉။
အသက်ကို လေးစားရင် “လူသတ်မိတဲ့အပြစ် ရှိမှာမဟုတ်”
၉။ လူ့အသက်ရဲ့ မြင့်မြတ်မှုအကြောင်း အစ္စရေးတွေကို ယေဟောဝါ ဘယ်လို စိတ်စွဲမှတ်စေသလဲ။
၉ ခိုလှုံရာမြို့တွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူသတ်မိတဲ့အပြစ်ကနေ အစ္စရေးတွေကို ကာကွယ်ပေးဖို့ပါ။ (တရား. ၁၉:၁၀) ယေဟောဝါက အသက်ကို မြတ်နိုးတယ်။ “အပြစ်မဲ့သူကို သတ်တဲ့လက်” ကို မုန်းတယ်။ (ပညာ. ၆:၁၆၊ ၁၇) ဘုရားသခင်ဟာ တရားမျှတ၊ သန့်ရှင်းမြင့်မြတ်လို့ မတော်တဆ လူသတ်မှုကိုတောင် လျစ်လျူမရှုနိုင်ဘူး။ မတော်တဆ လူသတ်မိသူဟာ ကရုဏာပြခံရတာ မှန်ပေမဲ့ အကြီးအကဲတွေကို အကျိုးအကြောင်း ပြောပြရမယ်။ မတော်တဆပြစ်မှုအဖြစ် အကြီးအကဲတွေ စီရင်မှသာ ပုရောဟိတ်မင်း သေဆုံးချိန်အထိ ခိုလှုံရာမြို့မှာ ဆက်နေရမယ်။ အဲဒီမှာ တစ်သက်လုံး နေထိုင်ကောင်း နေထိုင်သွားရမယ်။ ဒီလိုကြီးမားတဲ့ အကျိုးဆက်တွေကြောင့် လူ့အသက်ရဲ့ မြင့်မြတ်မှုကို အစ္စရေးတွေ စိတ်စွဲမှတ်ကြတယ်။ အသက်ပေးရှင်ကို ဂုဏ်တင်ဖို့ လူလူချင်းကို အသက်အန္တရာယ် ကျရောက်စေနိုင်တဲ့ ဘယ်လုပ်ရပ်မျိုးကိုမဆို ရှောင်ဖို့ လိုတယ်။
၁၀။ ယေရှုရဲ့ စကားအရ ကျမ်းတတ်တွေ၊ ဖာရိရှဲတွေက အသက်ကို ဘယ်လို ပေါ့ပေါ့တန်တန် သဘောထားကြသလဲ။
၁၀ ယေဟောဝါနဲ့ မတူဘဲ ကျမ်းတတ်တွေ၊ ဖာရိရှဲတွေကတော့ အသက်ကို ပေါ့ပေါ့တန်တန် သဘောထားကြတယ်။ ဘယ်နည်းအားဖြင့်လဲ။ “ခင်ဗျားတို့က အသိပညာ တံခါးသော့ကို သိမ်းထားတယ်။ ကိုယ်တိုင်လည်း မဝင်ဘူး။ ဝင်မယ့်သူတွေကိုလည်း တားကြတယ်” လို့ ယေရှု ပြောတယ်။ (လု. ၁၁:၅၂) သူတို့ဟာ ဘုရားသခင့် နှုတ်ထွက်စကားရဲ့ အဓိပ္ပာယ်ကို ဖွင့်ပြပေးရမယ်။ ထာဝရအသက်လမ်းပေါ် လျှောက်နိုင်အောင် တခြားသူတွေကို ကူညီပေးရမယ်။ ဒါပေမဲ့ လူတွေကို “အသက်ရဲ့ ကိုယ်စားလှယ်ချုပ်” ယေရှုနဲ့ ဝေးအောင် လုပ်ပြီး ထာဝရပျက်စီးခြင်းလမ်းပေါ်ပဲ ပို့ဆောင်ပေးနေကြတယ်။ (တ. ၃:၁၅) မာနကြီးပြီး အတ္တကြီးတဲ့ ကျမ်းတတ်တွေ၊ ဖာရိရှဲတွေဟာ လူလူချင်းရဲ့ အသက်နဲ့ ကောင်းကျိုးကို နည်းနည်းမှ ဂရုမစိုက်ကြဘူး။ အင်မတန် ရက်စက်၊ ကရုဏာမဲ့ကြတယ်။
၁၁။ (က) အသက်နဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်မျိုး ရှိကြောင်း တမန်တော် ပေါလု ဘယ်လို ဖော်ပြခဲ့သလဲ။ (ခ) အမှုဆောင်လုပ်ငန်းမှာ ပေါလုရဲ့ သဘောထားမျိုး ရှိဖို့ ဘာက ကူညီပေးမလဲ။
၁၁ ကျမ်းတတ်တွေ၊ ဖာရိရှဲတွေရဲ့ သဘောထားကို ဘယ်လို ရှောင်နိုင်သလဲ။ ယေဟောဝါကို ဘယ်လို တုပနိုင်သလဲ။ အသက်ဆုလက်ဆောင်ကို လေးစားတန်ဖိုးထားရမယ်။ စေ့စေ့စပ်စပ် သက်သေခံခြင်းအားဖြင့် တမန်တော် ပေါလု လေးစားတန်ဖိုးထားခဲ့တယ်။ ရလဒ်အနေနဲ့ “တစ်ယောက်ယောက် ကယ်တင်ခြင်းမရရင် ကျွန်တော့်အပြစ် မဟုတ်ဘူး” လို့ ပြောနိုင်ခဲ့တယ်။ (တမန်တော် ၂၀:၂၆၊ ၂၇ ကိုဖတ်ပါ။) ပေါလုက အပြစ်မကင်းမှာစိုးလို့၊ တာဝန်ရှိလို့ ဟောပြောတာ မဟုတ်ဘူး။ လူတွေကို ချစ်လို့၊ သူတို့ရဲ့ အသက်ကို တန်ဖိုးထားလို့ ဟောပြောတာပါ။ (၁ ကော. ၉:၁၉-၂၃) ကျွန်တော်တို့လည်း အသက်နဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်ကို ကြိုးစားမွေးမြူသင့်တယ်။ ယေဟောဝါက “လူအားလုံးကို နောင်တရစေချင်” တယ်။ (၂ ပေ. ၃:၉) သင်ကော။ ကရုဏာစိတ် ထားရှိခြင်းက အမှုဆောင်လုပ်ငန်းမှာ ပိုထက်သန်လာဖို့၊ ပိုပျော်ရွှင်လာဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။
၁၂။ ဘေးကင်းရေးဟာ ဘုရားသခင့်လူမျိုးအတွက် ဘာကြောင့် အရေးကြီးသလဲ။
၁၂ ဘေးကင်းရေးနဲ့ပတ်သက်ပြီး တော်မှန်တဲ့ သဘောထား မွေးမြူခြင်းအားဖြင့်လည်း အသက်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်မျိုး ရှိကြောင်း ဖော်ပြကြတယ်။ ဝတ်ပြုရာနေရာ ဆောက်လုပ်ချိန်၊ ပြုပြင်ထိန်းသိမ်းချိန်၊ ဝတ်ပြုရာနေရာတွေဆီ သွားလာချိန်မှာတောင် ဘေးကင်းစွာ လုပ်ကိုင်၊ မောင်းနှင်ကြတယ်။ ဘေးကင်းရေး၊ ကျန်းမာရေးထက် အလုပ်၊ ငွေကြေး၊ အချိန်ဇယားကို ဘယ်တော့မှ ဦးစားမပေးကြဘူး။ တရားမျှတတဲ့ ဘုရားသခင်ဟာ တော်သင့်မှန်ကန်ရာကို အမြဲ လုပ်ဆောင်တယ်။ ဘုရားသခင်ကို ကျွန်တော်တို့ တုပချင်ကြတယ်။ အထူးသဖြင့် အကြီးအကဲတွေဟာ ကိုယ်တိုင် ဘေးကင်းရေး၊ ပတ်ဝန်းကျင်မှာ လုပ်ဆောင်နေသူတွေ ဘေးကင်းရေးကို အလေးထားသင့်တယ်။ (ပညာ. ၂၂:၃) အကြီးအကဲတစ်ယောက်က ဘေးကင်းရေး စည်းမျဉ်းတွေ၊ စံနှုန်းတွေကို သတိပေးလာရင် လက်ခံပါ။ (ဂလ. ၆:၁) အသက်ကို ယေဟောဝါ ရှုမြင်သလို ရှုမြင်ပါ။ ဒါဆိုရင် “လူသတ်မိတဲ့အပြစ် ရှိမှာမဟုတ်ဘူး။”
“အဲဒီပညတ်တွေအတိုင်း ဆုံးဖြတ်ပေး”
၁၃၊ ၁၄။ အစ္စရေး အကြီးအကဲတွေ ယေဟောဝါရဲ့ တရားမျှတမှုကို ဘယ်လို တုပနိုင်သလဲ။
၁၃ ယေဟောဝါက မိမိရဲ့ မြင့်မားတဲ့ တရားမျှတမှု စံနှုန်းကို အစ္စရေးအကြီးအကဲတွေ တုပဖို့ မိန့်မှာထားတယ်။ အရင်ဆုံး အကြီးအကဲတွေဟာ အချက်အလက်တွေကို စုစည်းရမယ်။ ပြီးတော့ ကရုဏာပြသင့်၊ မပြသင့် ဆုံးဖြတ်ရာမှာ လူသတ်သမားရဲ့ စိတ်ရင်း၊ သဘောထား၊ အရင်ကအပြုအမူတွေကို သေသေချာချာ ချင့်ချိန်ရမယ်။ “မုန်းတီးစိတ်ကြောင့်၊” “မလိုတမာစိတ်ကြောင့်” ဝရမ်းပြေး ပြစ်မှု ကျူးလွန်သလားဆိုတာ ပိုင်းဖြတ်ရမယ်။ ဒါမှ ဘုရားသခင့် တရားမျှတမှုကို တုပရာရောက်မယ်။ (တောလည်ရာ ၃၅:၂၀-၂၄ ကိုဖတ်ပါ။) သက်သေရှိမယ်ဆိုရင် တမင်တကာ လူသတ်မိကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြမယ့် သက်သေ အနည်းဆုံး နှစ်ယောက် ရှိရမယ်။—တော. ၃၅:၃၀။
၁၄ အမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေ စုစည်းပြီးတဲ့နောက် အကြီးအကဲတွေက ပြစ်မှုလောက်ကိုသာ မဟုတ်ဘဲ ပြစ်မှုကျူးလွန်သူကို ထည့်တွက်ရမယ်။ ကိစ္စရပ်ကို အပေါ်ယံလောက်သာ မဟုတ်ဘဲ အတွင်းကျကျ သိမြင်နိုင်စွမ်းဖြစ်တဲ့ ထိုးထွင်းဉာဏ် လိုအပ်တယ်။ အရေးကြီးဆုံးကတော့ ယေဟောဝါရဲ့ ထိုးထွင်းဉာဏ်၊ ကရုဏာတော်၊ တရားမျှတမှုကို ထင်ဟပ်စေနိုင်မယ့် သန့်ရှင်းသော စွမ်းအားတော် လိုအပ်တယ်။—ထွ. ၃၄:၆၊ ၇။
၁၅။ အပြစ်သားတွေအပေါ် ယေရှုနဲ့ ဖာရိရှဲတို့ရဲ့ ရှုမြင်ပုံ ဘယ်လို ကွာခြားသလဲ။
၁၅ ဖာရိရှဲတွေက အပြစ်ပြုသူရဲ့ စိတ်ရင်းထက် လုပ်ရပ်ကိုပဲ အာရုံစိုက်ကြတယ်။ မဿဲအိမ်မှာ ယေရှု စားသောက်တာကို ဖာရိရှဲတွေ မြင်တဲ့အခါ “မင်းတို့ရဲ့ဆရာက ဘာလို့ အခွန်ခံတွေ၊ အပြစ်သားတွေနဲ့အတူ စားသောက်တာလဲ” လို့ တပည့်တွေကို မေးကြတယ်။ ယေရှုက “ကျန်းမာသူတွေအတွက် သမားတော် မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ။ ‘ပူဇော်သက္ကာကို ငါမလိုချင်ဘူး။ သနားကြင်နာတတ်တာကိုပဲ လိုချင်တယ်’ ဆိုတဲ့ ကျမ်းစကားရဲ့ အဓိပ္ပာယ်ကို မ. ၉:၉-၁၃) ကြီးလေးတဲ့အပြစ်ကို ယေရှု ခွင့်ပြုနေတာလား။ မဟုတ်ပါဘူး။ ယေရှုရဲ့ အဓိကသတင်းတရားထဲမှာ အပြစ်တွေကို နောင်တယူကြပါဆိုတဲ့ ဖိတ်ခေါ်ချက် ပါဝင်တယ်။ (မ. ၄:၁၇) တချို့ “အခွန်ခံတွေ၊ အပြစ်သားတွေ” ပြောင်းလဲချင်စိတ် ရှိကြမှန်း ယေရှု သတိပြုမိတယ်။ စားဖို့လောက်ပဲ မဿဲအိမ်ကို လာကြတာ မဟုတ်ဘူး။ “သူတို့ထဲက အများစုဟာ ယေရှုရဲ့နောက်လိုက် ဖြစ်လာတယ်။” (မာ. ၂:၁၅) ဝမ်းနည်းစရာကတော့ အဲဒီလိုလူတွေဆီမှာ ယေရှု တွေ့မြင်တဲ့အချက်တွေကို ဖာရိရှဲအများစု မတွေ့မြင်ကြဘူး။ ဖာရိရှဲတွေဟာ မိမိတို့ကိုးကွယ်တယ်လို့ ပြောနေတဲ့ တရားမျှတရှင်၊ ကရုဏာရှင် ဘုရားသခင်လို မဟုတ်ဘဲ လူလူချင်းကို အပြစ်သားတွေ၊ မျှော်လင့်စရာ မရှိသူတွေအဖြစ် ရှုမြင်ကြတယ်။
ခင်ဗျားတို့ သွားပြီး လေ့လာလိုက်ပါဦး။ ကျွန်တော် လာတာက ဖြောင့်မတ်သူတွေကို ခေါ်ဖို့ မဟုတ်ဘူး။ အပြစ်သားတွေကို ခေါ်ဖို့ပဲ” ဆိုပြီး ပြန်ပြောတယ်။ (၁၆။ တရားရေး ကော်မတီက ဘာကို သိမြင်ဖို့ ကြိုးစားရမလဲ။
၁၆ ဒီနေ့ အကြီးအကဲတွေဟာ “တရားမျှတမှုကို မြတ်နိုး” တဲ့ ယေဟောဝါကို တုပကြရမယ်။ (ဆာ. ၃၇:၂၈) အရင်ဆုံး အပြစ်လုပ်မလုပ် သိအောင် “သေသေချာချာ စစ်ဆေးမေးမြန်း” ရမယ်။ အပြစ်ကျူးလွန်ထားတယ်ဆိုရင် ကျမ်းစာ စည်းမျဉ်းတွေနဲ့အညီ အမှုကို ကိုင်တွယ်ရမယ်။ (တရား. ၁၃:၁၂-၁၄) တရားရေး ကော်မတီမှာ ပါဝင်တဲ့ အကြီးအကဲတွေဟာ ကြီးလေးတဲ့အပြစ် ကျူးလွန်ထားတဲ့ ခရစ်ယာန် နောင်တရ,မရ သေသေချာချာ ပိုင်းဖြတ်ရမယ်။ နောင်တရမရ အမြဲတော့ မမြင်သာဘူး။ လူတစ်ယောက်ရဲ့ အမြင်၊ သဘောထား၊ စိတ်နှလုံးအခြေအနေတွေ ပါဝင်ပတ်သက်နေတယ်။ (ဗျာ. ၃:၃) အပြစ်ပြုသူဟာ ကရုဏာ ခံစားချင်ရင် နောင်တယူရမယ်။ *
၁၇၊ ၁၈။ စစ်မှန်တဲ့နောင်တကို အကြီးအကဲတွေ ဘယ်လို ပိုင်းခြားသိမြင်နိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
၁၇ ယေဟောဝါနဲ့ ယေရှုလို မဟုတ်ဘဲ အကြီးအကဲတွေဟာ စိတ်နှလုံးကို ထွင်းဖောက်မမြင်နိုင်ဘူး။ သင်ဟာ အကြီးအကဲတစ်ယောက် ဖြစ်မယ်ဆိုရင် စစ်မှန်တဲ့နောင်တကို ဘယ်လို ပိုင်းခြားသိမြင်နိုင်မလဲ။ ပထမ၊ ဉာဏ်ပညာနဲ့ ပိုင်းခြားသိမြင်မှု ရဖို့ ဆုတောင်းပါ။ (၁ ဘု. ၃:၉) ဒုတိယ၊ “လောကနဲ့ဆက်နွှယ်တဲ့ ဝမ်းနည်းမှု” နဲ့ “ဘုရားသခင့် အလိုတော်နဲ့ညီတဲ့ ဝမ်းနည်းမှု” ကို ပိုင်းခြားသိနိုင်အောင် အကူအညီရဖို့ ကျမ်းစာ၊ သစ္စာရှိကျွန် ပြင်ဆင်ပေးထားတဲ့ စာပေတွေကို လေ့လာပါ။ (၂ ကော. ၇:၁၀၊ ၁၁) နောင်တရသူ၊ မရသူတွေရဲ့ ခံစားချက်၊ သဘောထား၊ အပြုအမူတွေကို ကျမ်းစာမှာ ဘယ်လို ဖော်ပြထားကြောင်း ဆန်းစစ်ပါ။
၁၈ နောက်ဆုံး လူကိုလည်း ထည့်တွက်ပါ။ အပြစ်ကျူးလွန်သူရဲ့ နောက်ခံ၊ စိတ်ရင်း၊ ကန့်သတ်ချက်တွေကို ထည့်စဉ်းစားပါ။ ခရစ်ယာန် အသင်းတော်ရဲ့ ဦးခေါင်း ယေရှုနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ကြိုဟောထားတယ်– “အပြင်ပန်းကိုပဲ ကြည့်ပြီး တရားမစီရင်ဘူး။ ကြားတဲ့စကားကိုပဲ မူတည်ပြီး ဆုံးမမှာ မဟုတ်ဘူး။ နိမ့်ကျသူတွေကို မျှမျှတတ တရားစီရင်မယ်။ ကမ္ဘာပေါ်မှာရှိတဲ့ စိတ်နူးညံ့သူတွေရဲ့ အကျိုးအတွက် ဖြောင့်မှန်စွာ ပဲ့ပြင်မယ်။” (ဟေရှာ. ၁၁:၃၊ ၄) အကြီးအကဲတွေဟာ ယေရှုရဲ့ လက်ထောက် သိုးထိန်းတွေ ဖြစ်တယ်။ ဒါကြောင့် တရားစီရင်နိုင်အောင် ယေရှု ကူညီပေးပါလိမ့်မယ်။ (မ. ၁၈:၁၈-၂၀) အဲဒီလိုလုပ်ဖို့ ကြိုးစားနေတဲ့၊ မေတ္တာရှိတဲ့ အကြီးအကဲတွေ ရှိလို့ ကျေးဇူးတင်တယ် မဟုတ်လား။ အသင်းတော်မှာ ကရုဏာနဲ့ တရားမျှတမှု တိုးများအောင် အကြီးအကဲတွေရဲ့ မနားမနေ ကြိုးစားမှုကို ကျွန်တော်တို့ တန်ဖိုးထားလေးမြတ်ကြပါတယ်။
၁၉။ ခိုလှုံရာမြို့တွေကနေ ရရှိတဲ့ ဘယ်သင်ခန်းစာကို လက်တွေ့ကျင့်သုံးဖို့ စီစဉ်ထားသလဲ။
၁၉ ပညတ်တရားဟာ ယေဟောဝါ၊ ဖြောင့်မတ်တဲ့ အခြေခံမူတွေနဲ့ပတ်သက်တဲ့ “အသိပညာနဲ့ အမှန်တရားရဲ့ အခြေခံသွင်ပြင်လက္ခဏာတွေ” ကို ဖော်ပြတယ်။ (ရော. ၂:၂၀) ဥပမာ၊ ခိုလှုံရာမြို့တွေက ဘယ်လို “မှန်မှန်ကန်ကန် တရားစီရင်” ရမယ်ဆိုတာ အကြီးအကဲတွေကို သင်ပေးတယ်။ “အချင်းချင်းကို ခိုင်မြဲတဲ့မေတ္တာနဲ့ ကရုဏာထားပြီး” ဘယ်လို ဆက်ဆံရမယ်ဆိုတာ ကျွန်တော်တို့အားလုံးကို သင်ပေးတယ်။ (ဇာ. ၇:၉) ကျွန်တော်တို့ ပညတ်တရားအောက်မှာ မရှိတော့ပါဘူး။ ဒါပေမဲ့ ယေဟောဝါ မပြောင်းလဲဘူး။ တရားမျှတမှု၊ ကရုဏာ အရည်အသွေးတွေဟာ ဘုရားသခင်အတွက် အရေးကြီးဆဲပါပဲ။ အဲဒီလိုဘုရားသခင်ကို ကိုးကွယ်ခွင့် ရတာ အခွင့်ထူးပါပဲ။ ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံထားရလို့ ဘုရားရဲ့ အရည်အသွေးတွေကို တုပကြပါစို့။ ဘုရားသခင်ဆီမှာ ခိုလှုံကြပါစို့။
^ စာပိုဒ်၊ 16 ၂၀၀၆၊ စက်တင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၃၀ ပါ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။