“ဆုံးမစကားကို နားထောင်ပါ။ ဉာဏ်ပညာရှိပါ”
“ငါ့သားတို့၊ . . . ဆုံးမစကားကို နားထောင်ပါ။ ဉာဏ်ပညာရှိပါ။”—ပညာ. ၈:၃၂၊ ၃၃။
၁။ ဉာဏ်ပညာကို ဘယ်လို ရနိုင်သလဲ။ ဘာအကျိုး ခံစားရနိုင်သလဲ။
ယေဟောဝါဟာ ဉာဏ်ပညာရဲ့ ပင်ရင်းဖြစ်ပြီး တခြားသူတွေကို ရက်ရောစွာ ဝေမျှပေးတယ်။ “တစ်ယောက်ယောက်က ဉာဏ်ပညာလိုနေရင် ဘုရားသခင်ဆီ တောင်းမြဲတောင်းပါ။ ကဲ့ရဲ့တာမျိုး မလုပ်ဘဲ လူအားလုံးကို ရက်ရက်ရောရော ပေးတတ်တဲ့ ဘုရားသခင်က တောင်းတဲ့သူကို ဉာဏ်ပညာ ပေးလိမ့်မယ်” လို့ ယာကုပ် ၁:၅ မှာ ပြောထားတယ်။ ဘုရားသခင်ဆီက ဉာဏ်ပညာရတဲ့ နည်းတစ်နည်းက ဆုံးမမှုကို လက်ခံခြင်းပါပဲ။ ဉာဏ်ပညာဟာ ကိုယ်ကျင့်တရားနဲ့ ဘုရားရေးရာ အန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်တယ်။ (ပညာ. ၂:၁၀-၁၂) ဒါက ‘ထာဝရအသက်ရစေပြီး ဘုရားသခင့်မေတ္တာ ခံစားရစေ’ တယ်။—ယု. ၂၁။
၂။ ဘုရားသခင့်ဆုံးမမှုကို ဘယ်လို တန်ဖိုးထားတတ်လာသလဲ။
၂ ကျွန်တော်တို့ရဲ့ အပြစ်လုပ်ချင်စိတ်၊ ကြီးပြင်းလာပုံနဲ့ တခြားအချက်တွေကြောင့် ဆုံးမမှုကို လက်ခံဖို့၊ အကောင်းမြင်ဖို့ ခက်ခဲနိုင်တယ်။ ဘုရားမေတ္တာကို ဖော်ပြတဲ့ ဆုံးမမှုရဲ့ အကျိုးကျေးဇူးတွေ ခံစားရမှ တန်ဖိုးနားလည်လာကြတယ်။ “ငါ့သား၊ ယေဟောဝါဆုံးမတာကို မငြင်းပယ်ပါနဲ့။ . . . ယေဟောဝါကလည်း ချစ်ရတဲ့သူတွေကို ပဲ့ပြင်တတ်တယ်” လို့ ပညာအလိမ္မာ ၃:၁၁၊ ၁၂ မှာ ပြောထားတယ်။ ကျွန်တော်တို့ရဲ့ ကောင်းကျိုးကို ယေဟောဝါ လိုလားကြောင်း မမေ့ပါနဲ့။ (ဟီဘရူး ၁၂:၅-၁၁ ကိုဖတ်ပါ။) ကျွန်တော်တို့အကြောင်း အပြည့်အဝ သိတဲ့အတွက် ဘုရားသခင်ရဲ့ ဆုံးမမှုဟာ အမြဲ တော်သင့်မှန်ကန်တယ်။ ဆုံးမမှုရဲ့ ကဏ္ဍလေးခုကို သုံးသပ်ကြည့်ကြစို့– (၁) ကိုယ့်ကိုယ်ကိုယ် ဆုံးမမှု၊ (၂) မိဘရဲ့ ဆုံးမမှု၊ (၃) အသင်းတော်ရဲ့ ဆုံးမမှု၊ (၄) ဆုံးမမှုထက် ပိုဆိုးတဲ့ နာကျင်မှုတို့ ဖြစ်တယ်။
ကိုယ့်ကိုယ်ကိုယ် ဆုံးမမှုက ဉာဏ်ပညာရှိကြောင်း ဖော်ပြ
၃။ ကလေးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဆုံးမတတ်လာသလဲ။ ဥပမာပေးပါ။
၃ ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်းမှာ အပြုအမူနဲ့ အတွေးအခေါ်ကို ထိန်းချုပ်ခြင်း ပါဝင်တယ်။ ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်းဟာ မွေးရာပါ မဟုတ်ဘူး။ သင်ယူရမယ်။ ဥပမာ၊ ကလေးတစ်ယောက် စက်ဘီးစီးသင်စမှာ မိဘက ထိန်းပေးလေ့ရှိတယ်။ ဒါပေမဲ့ ထိန်းတတ်လာပြီဆိုရင်တော့ ခဏတစ်ဖြုတ် လွှတ်ပေးတယ်။ လုံးဝစီးတတ်သွားပြီဆိုရင်တော့ စိတ်ချလက်ချ လွှတ်ပေးလိုက်တယ်။ အဲဒီလိုပဲ “ယေဟောဝါ မိန့်မှာတဲ့အတိုင်း” စိတ်ရှည်ရှည်၊ စွဲစွဲမြဲမြဲ “ဆုံးမသွန်သင်” တဲ့အခါ ကလေးတွေ ကိုယ့်ကိုယ်ကိုယ် ဆုံးမတတ်လာပြီး ပညာရှိလာတယ်။—ဧ. ၆:၄။
၄၊ ၅။ (က) ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်းဟာ “စရိုက်သစ်” ရဲ့ အစိတ်အပိုင်း ဘာကြောင့် ဖြစ်သလဲ။ (ခ) “ခုနစ်ကြိမ် လဲရင်တောင်” ဘာကြောင့် လက်မလျှော့သင့်သလဲ။
၄ အရွယ်ရောက်မှ ယေဟောဝါအကြောင်း သိလာသူတွေလည်း အလားတူပဲ။ သူတို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမတတ်သူတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ခရစ်ယာန်လမ်းစဉ်မှာတော့ မရင့်ကျက်သေးဘူး။ “စရိုက်သစ်” ကို ဝတ်ဆင်ဖို့၊ ခရစ်တော်ကို တုပဖို့ သင်ယူရင်း တဖြည်းဖြည်း ရင့်ကျက်လာပါလိမ့်မယ်။ (ဧ. ၄:၂၃၊ ၂၄) အဲဒီလို တိုးတက်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် ဆုံးမဖို့ အရေးကြီးတယ်။ ဒါက ‘ဘုရားတရားမဲ့တာတွေ၊ လောကရဲ့ မကောင်းတဲ့ အလိုဆန္ဒတွေကို ငြင်းပယ်တတ်အောင်၊ လက်ရှိ လောကစနစ်မှာ ချင့်ချိန်တတ်အောင်၊ ဖြောင့်မတ်တဲ့ လမ်းစဉ်အတိုင်း နေထိုင်တတ်အောင်၊ ဘုရားတရား ကိုင်းရှိုင်းတတ်အောင်’ ကူညီပေးတယ်။—တိ. ၂:၁၂။
၅ ကျွန်တော်တို့အားလုံးဟာ အပြစ်သားတွေပါ။ (ဒေ. ၇:၂၀) ဒါပေမဲ့ အမှားတစ်ခု လုပ်မိရုံနဲ့ ကိုယ့်ကိုယ်ကိုယ် မဆုံးမတဲ့သဘော၊ လုံးဝ ရှုံးနိမ့်သွားတဲ့သဘော မဟုတ်ပါဘူး။ “ဖြောင့်မတ်သူက ခုနစ်ကြိမ် လဲရင်တောင် ပြန်ထလိမ့်မယ်” လို့ ပညာအလိမ္မာ ၂၄:၁၆ မှာ ပြောတယ်။ ပြန်ထနိုင်ဖို့ ဘာက ကူညီပေးမလဲ။ ကိုယ့်အစွမ်းအစ မဟုတ်ဘဲ ဘုရားသခင့် စွမ်းအားတော်ပါပဲ။ (ဖိလိပ္ပိ ၄:၁၃ ကိုဖတ်ပါ။) စွမ်းအားတော် အရည်အသွေးတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်းနဲ့ အနီးကပ် ဆက်စပ်နေတဲ့ ချုပ်တည်းခြင်းလည်း ပါဝင်တယ်။
၆။ ကျမ်းစာလေ့လာရတာ ဘယ်လိုနည်းနဲ့ လွယ်ကူလာနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၆ ကိုယ့်ကိုယ်ကိုယ် ဆုံးမနိုင်ဖို့ ဆုတောင်းခြင်း၊ ကျမ်းစာ လေ့လာခြင်း၊ တွေးတောဆင်ခြင်ခြင်းက ကူညီပေးပါလိမ့်မယ်။ ဒါပေမဲ့ ကျမ်းစာ လေ့လာဖို့ ခက်နေရင်ကော။ စိတ်ဓာတ်မကျပါနဲ့။ နှုတ်မြွက်စကားတော် ကျမ်းစာကို “အငမ်းမရလိုချင်တဲ့စိတ်” ဖြစ်အောင် ယေဟောဝါ ကူညီပေးလိမ့်မယ်။ (၁ ပေ. ၂:၂) ဦးဆုံး၊ ကျမ်းစာ လေ့လာဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်နိုင်အောင် ယေဟောဝါဆီ ဆုတောင်းပါ။ ဆုတောင်းချက်နဲ့အညီ လုပ်ဆောင်ပါ။ နည်းနည်းစီ လေ့လာပါ။ ဒီလိုနဲ့ လေ့လာရတာ ပိုလွယ်ကူပြီး ပိုပျော်ရွှင်လာပါလိမ့်မယ်။ ယေဟောဝါအကြောင်း တိတ်ဆိတ်စွာ တွေးတောဆင်ခြင်ရတဲ့ အချိန်တွေကို မြတ်နိုးလာပါလိမ့်မယ်။—၁ တိ. ၄:၁၅။
၇။ ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်းက ဘုရားရေးရာပန်းတိုင် ရောက်အောင် ဘယ်လို ကူညီပေးနိုင်သလဲ။
၇ ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်းက ဘုရားရေးရာ ပန်းတိုင်တွေ လိုက်မီစေတယ်။ ဖခင်တစ်ဦးရဲ့ အဖြစ်ကို သုံးသပ်ကြည့်ပါ။ ဇွဲမရှိတော့ဘူးလို့ ခံစားရတဲ့အခါ မှန်မှန်ရှေ့ဆောင် လုပ်ဖို့ ပန်းတိုင်ထားပြီး အဲဒီအကြောင်းပါတဲ့ မဂ္ဂဇင်းတွေကို ဖတ်တယ်။ ဆုတောင်း
တယ်။ ဒီနည်းနဲ့ ယုံကြည်ခြင်း ခိုင်ခံ့လာပြီး ဖြစ်နိုင်တဲ့အခါ အရန်ရှေ့ဆောင် လုပ်ဖို့ စီစဉ်ခဲ့တယ်။ အခက်အခဲတွေကြားမှာ ဆက်ကြိုးစားခဲ့လို့ နောက်ဆုံး မှန်မှန်ရှေ့ဆောင် ပန်းတိုင်ကို ရောက်ခဲ့တယ်။သားသမီးတွေကို ယေဟောဝါရဲ့ ဆုံးမမှုနဲ့အညီ ပြုစုပျိုးထောင်ခြင်း
၈-၁၀။ သားသမီးတွေ ယေဟောဝါကို ဝတ်ပြုလာအောင် ပြုစုပျိုးထောင်ဖို့ မိဘတွေကို ဘာက ကူညီပေးနိုင်မလဲ။ ဥပမာပေးပါ။
၈ ခရစ်ယာန်မိဘတွေဟာ သားသမီးတွေကို ‘ယေဟောဝါ မိန့်မှာတဲ့အတိုင်း ဆုံးမသွန်သင်’ ဖို့ အခွင့်ထူး ရထားကြတယ်။ (ဧ. ၆:၄) အထူးသဖြင့် ဒီနေ့ခေတ်မှာ တာဝန်ကြီးပဲ။ (၂ တိ. ၃:၁-၅) ကလေးတွေဟာ အမှားအမှန် မခွဲတတ်ကြဘူး။ မွေးရာပါ အမှားအမှန်သိစိတ် ရှိပေမဲ့ လေ့ကျင့်ပေးဖို့ လိုတယ်။ (ရော. ၂:၁၄၊ ၁၅) “ဆုံးမမှု” ဆိုတဲ့ ဂရိစကားလုံးက “သားသမီး ပြုစုပျိုးထောင်ခြင်း” လို့လည်း အဓိပ္ပာယ်ရှိတယ်လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။
၉ မေတ္တာပါပါ ဆုံးမခံရတဲ့ ကလေးတွေဟာ လုံခြုံတယ်လို့ ခံစားကြရတယ်။ လွတ်လပ်မှုမှာ စည်းဘောင်တွေရှိကြောင်း၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ လုပ်ရပ်တွေမှာ အကျိုးဆက်တွေရှိကြောင်း သိလာကြတယ်။ ဒါကြောင့် မိဘတွေဟာ ယေဟောဝါရဲ့လမ်းညွှန်မှုကို မျှော်ကိုးဖို့ သိပ်အရေးကြီးတယ်။ သားသမီးပျိုးထောင်ခြင်းနဲ့ဆိုင်တဲ့ အယူအဆ၊ နည်းလမ်းတွေ ယဉ်ကျေးမှုတစ်ခုနဲ့တစ်ခု၊ မျိုးဆက်တစ်ခုနဲ့တစ်ခု ကွာခြားကြောင်း မမေ့ပါနဲ့။ မိဘတွေ ဘုရားစကား နားထောင်မယ်ဆိုရင် သားသမီး ပြုစုပျိုးထောင်ပုံနဲ့ပတ်သက်ပြီး မှန်းဆနေစရာ၊ ကိုယ့်အတွေ့အကြုံ ဒါမှမဟုတ် လူ့အတွေးအခေါ်ကို အားကိုးနေစရာ မလိုတော့ဘူး။
၁၀ နောဧအကြောင်း သုံးသပ်ကြည့်ပါ။ သင်္ဘောဆောက်ဖို့ ယေဟောဝါ မိန့်မှာတဲ့အခါ တစ်ခါမှ မဆောက်ဖူးတဲ့အတွက် ကိုယ့်အတွေ့အကြုံကို အားကိုးဖို့ မဖြစ်နိုင်ဘူး။ ယေဟောဝါကိုပဲ အားကိုးခဲ့ရတယ်။ ‘မှာထားတဲ့အတိုင်း လုပ်ခဲ့တယ်။’ (က. ၆:၂၂) ရလဒ်အနေနဲ့ သင်္ဘော ဆောက်နိုင်ခဲ့တယ်။ နောဧဟာ ဘုရားသခင့် ဉာဏ်ပညာကို ယုံကြည်ကိုးစားတဲ့အတွက် အိမ်ထောင်ရေးလည်း အောင်မြင်ခဲ့တယ်။ သားသမီးတွေကို ကောင်းစွာ သွန်သင်ပြီး ပုံသက်သေကောင်း ပြခဲ့တယ်။ ရေလွမ်းမိုးဘေး မတိုင်ခင် ဆိုးသွမ်းတဲ့ခေတ်မှာ အဲဒီလိုလုပ်ဖို့ သိပ်ခက်တယ်။—က. ၆:၅။
၁၁။ သားသမီးတွေကို လေ့ကျင့်ပေးရာမှာ မိဘရဲ့ ပုံသက်သေ ဘယ်လောက် အရေးကြီးသလဲ။
၁၁ မိဘတွေကော။ ဘုရားသခင် “မှာထားတဲ့အတိုင်း” ဘယ်လိုလုပ်နိုင်သလဲ။ ယေဟောဝါရဲ့စကားကို နားထောင်ပါ။ ကျမ်းစာနဲ့ အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါပေးတဲ့ လမ်းညွှန်ချက်ကို လိုက်နာပါ။ အချိန်တန်တဲ့အခါ သားသမီးတွေ သင့်ကို ကျေးဇူးတင်ပါလိမ့်မယ်။ ညီအစ်ကိုတစ်ယောက် ဒီလိုပြောတယ်– “ကျွန်တော့်ကို ပြုစုပျိုးထောင်ခဲ့ပုံ နည်းလမ်းအတွက် မိဘတွေကို သိပ်ကျေးဇူးတင်တယ်။ စိတ်နှလုံး ထိမိအောင် သူတို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတယ်။ ဘုရားရေးရာဘက်
ကျွန်တော် တိုးတက်လာတာ အဓိက,က သူတို့ကြောင့်ပါ။” မိဘတွေ အတတ်နိုင်ဆုံး ကြိုးစားတဲ့ကြား သားသမီးတချို့ ယေဟောဝါကို စွန့်သွားကြတယ်။ ဒါပေမဲ့ သားသမီးတွေကို အတတ်နိုင်ဆုံး အမှန်တရား သွန်သင်ပေးခဲ့တဲ့အတွက် စိတ်ကြည်လင်နိုင်ပါတယ်။ တစ်နေ့ ယေဟောဝါဆီ ပြန်လှည့်လာဖို့ မျှော်လင့်နိုင်တယ်။၁၂၊ ၁၃။ (က) သားသမီးတစ်ယောက် နှင်ထုတ်ခံရတဲ့အခါ ဘုရားသခင်ကို နာခံကြောင်း မိဘတွေ ဘယ်လို ပြနိုင်သလဲ။ (ခ) မိဘတွေ ယေဟောဝါကို နာခံတဲ့အတွက် မိသားစုတစ်စု ဘယ်လို အကျိုးရခဲ့သလဲ။
၁၂ နာခံမှုနဲ့ပတ်သက်ရင် မိဘတွေအတွက် အခက်ခဲဆုံး စမ်းသပ်မှုကတော့ နှင်ထုတ်ခံရတဲ့ သားသမီးတွေနဲ့ ဆက်ဆံရေးပါပဲ။ နှင်ထုတ်ခံထားရတဲ့သမီး အိမ်ကနေ ထွက်သွားတဲ့အခါ အမေဖြစ်သူ ဒီလိုပြောတယ်– “သမီးနဲ့ မြေးလေးကို ဆက်သွယ်လို့ ရနိုင်မယ့် ဟာကွက်တွေကို အဖွဲ့အစည်းစာပေတွေမှာ ရှာမိတယ်။ ဒါပေမဲ့ သမီးက ကျွန်မတို့နဲ့ မပတ်သက်တော့ဘူး၊ ဝင်မစွက်နဲ့တော့လို့ ကျွန်မယောက်ျား ပြောတယ်။”
၁၃ နောက်ပိုင်းမှာ သမီးကို အသင်းတော်က ပြန်လက်ခံတယ်။ “အခုဆို သူ နေ့တိုင်းလိုလို ဖုန်းခေါ်တယ်၊ စာပို့တယ်။ ကျွန်မတို့လင်မယား ဘုရားသခင်ကို နာခံခဲ့လို့ သူသိပ်လေးစားတယ်။ အခုဆို ဆက်ဆံရေး သိပ်ကောင်းနေပြီ” လို့ အမေဖြစ်သူ ပြောတယ်။ သင့်မှာ နှင်ထုတ်ခံရတဲ့ သားသမီး ရှိမယ်ဆိုရင် ‘ကိုယ့်ရဲ့သိနားလည်နိုင်စွမ်းကို အားမကိုးဘဲ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစား’ မလား။ (ပညာ. ၃:၅၊ ၆) ယေဟောဝါရဲ့ ဆုံးမမှုက အတိုင်းအဆမဲ့ ဉာဏ်ပညာနဲ့ မေတ္တာကို ဖော်ပြကြောင်း သတိရပါ။ သင့်သားသမီးအပါအဝင် လူအားလုံးအတွက် သားတော်ကို ပေးခဲ့ကြောင်း မမေ့ပါနဲ့။ ဘုရားသခင်က ဘယ်သူ့ကိုမှ မပျက်စီးစေချင်ဘူး။ (၂ ပေတရု ၃:၉ ကိုဖတ်ပါ။) ဒါကြောင့် ယေဟောဝါရဲ့ ဆုံးမလမ်းညွှန်မှုကို ယုံကြည်ပါ။ နာကျင်ခံစားရရင်တောင် ယေဟောဝါပြောတဲ့အတိုင်း လုပ်ပါ။ ဘုရားသခင့် ဆုံးမမှုကို မဆန့်ကျင်ပါနဲ့၊ ပူးပေါင်းလုပ်ဆောင်ပါ။
အသင်းတော်မှာ
၁၄။ ‘သစ္စာရှိတဲ့ ဘဏ္ဍာစိုး’ ကတစ်ဆင့်ပေးတဲ့ ယေဟောဝါရဲ့ လမ်းညွှန်မှုကနေ ဘယ်လို အကျိုးရရှိသလဲ။
၁၄ ခရစ်ယာန်အသင်းတော်ကို ဂရုစိုက်၊ ကာကွယ်၊ လမ်းညွှန်ပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ နည်းအမျိုးမျိုးနဲ့ အဲဒီလို လုပ်ပေးနေတယ်။ ဥပမာ၊ အသင်းတော်ကို သားတော် လက်အောက်မှာ ထားတယ်။ သားတော်ကလည်း အချိန်တန်အစာ ကျွေးဖို့ ‘သစ္စာရှိတဲ့ ဘဏ္ဍာစိုး’ ကို ခန့်အပ်တယ်။ (လု. ၁၂:၄၂) နည်းအမျိုးမျိုးနဲ့ ပြင်ဆင်ပေးတဲ့ အချိန်တန်အစာကနေ အဖိုးတန်လမ်းညွှန်မှု၊ ဆုံးမမှုတွေ ရရှိတယ်။ ‘ဟောပြောချက်တစ်ခု၊ မဂ္ဂဇင်းဆောင်းပါးတစ်ခုက ငါ့အတွေးအခေါ်၊ လုပ်ရပ်ကို ပြုပြင်ဖို့ လှုံ့ဆော်ပေးသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ လှုံ့ဆော်ခံရပြီး ပြုပြင်နေတယ်ဆိုရင် ယေဟောဝါရဲ့ ပုံသွင်း ဆုံးမမှုကနေ အကျိုးရရှိနေတဲ့အတွက် ဝမ်းသာလိုက်ပါ။—ပညာ. ၂:၁-၅။
၁၅၊ ၁၆။ (က) အကြီးအကဲတွေဆီကနေ ဘယ်လို အကျိုးရနိုင်သလဲ။ (ခ) အကြီးအကဲတွေကို ဘယ်လို ပျော်ရွှင်စေနိုင်သလဲ။
၁၅ ဘုရားသခင့်သိုးတော်စုကို ထိန်းကျောင်းဖို့ အကြီးအကဲတွေကိုလည်း “လက်ဆောင်” အဖြစ် ခရစ်တော် ပေးထားတယ်။ (ဧ. ၄:၈၊ ၁၁-၁၃) ဘယ်လို အကျိုးရနိုင်သလဲ။ တစ်နည်းက အကြီးအကဲတွေရဲ့ ယုံကြည်ခြင်းနဲ့ ပုံသက်သေကောင်းကို တုပခြင်း၊ နောက်တစ်နည်းက သူတို့ပေးတဲ့ ကျမ်းစာ အကြံပြုချက်တွေကို နာခံခြင်းဖြစ်တယ်။ (ဟီဘရူး ၁၃:၇၊ ၁၇ ကိုဖတ်ပါ။) ကျွန်တော်တို့ကို အကြီးအကဲတွေ ချစ်ကြောင်း၊ တိုးတက်စေချင်ကြောင်း သတိရပါ။ ဥပမာ၊ အစည်းအဝေး ပျက်တာ၊ ဇွဲလျော့နည်းလာတာကို သတိထားမိတဲ့အခါ ချက်ချင်း အကူအညီ ပေးကြတယ်။ ကျွန်တော်တို့ ပြောတာကို နားထောင်ပေးတယ်။ အားပေးပြီး သင့်တော်တဲ့ ကျမ်းစာအကြံဉာဏ် ပေးကြတယ်။ အဲဒီလို ကူညီမှုကို ယေဟောဝါရဲ့ မေတ္တာအဖြစ် ရှုမြင်သလား။
၁၆ လိုအပ်တဲ့ အကြံဉာဏ်ပေးဖို့ အကြီးအကဲတွေအတွက်လည်း မလွယ်ပါဘူး။ ဥပမာ၊ ဘုရင်ဒါဝိဒ် ၂ ရှ. ၁၂:၁-၁၄) တမန်တော် ၁၂ ပါးအဝင် ပေတရု ဂျူးညီအစ်ကိုတွေကို မျက်နှာလိုက်တဲ့အခါ တည့်မတ်ပေးဖို့ တမန်တော်ပေါလုလည်း သတ္တိမွေးခဲ့ရမှာပဲ။ (ဂလ. ၂:၁၁-၁၄) ဒါကြောင့် အကြီးအကဲတွေ ဝန်ပေါ့အောင် သင် ဘယ်လို ကူညီပေးနိုင်မလဲ။ နှိမ့်ချပါ။ ချဉ်းကပ်ရလွယ်သူ ဖြစ်ပါ။ ကျေးဇူးတင်တတ်ပါ။ သူတို့ရဲ့ အကူအညီကို ဘုရားသခင့် မေတ္တာအဖြစ် ရှုမြင်ပါ။ ဒါက သင့်ကို အကျိုးပြုသလို သူတို့ကိုလည်း ပျော်ရွှင်စေပါလိမ့်မယ်။
ကြီးလေးတဲ့ အပြစ်ကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့အခါ သူ့ကို ဆုံးမဖို့ ပရောဖက်နာသန်အတွက် ဘယ်လောက် ခက်မလဲဆိုတာ မြင်ယောင်ကြည့်ပါ။ (၁၇။ အကြီးအကဲတွေရဲ့ မေတ္တာပါ ကူညီမှုကနေ ညီအစ်မတစ်ယောက် ဘယ်လို အကျိုးရခဲ့သလဲ။
၁၇ အတိတ်ဟောင်းကြောင့် ညီအစ်မတစ်ယောက် ယေဟောဝါကို ချစ်ဖို့ အခက်တွေ့ခဲ့တယ်။ သူ ဒီလိုပြောတယ်– “အတိတ်ဒဏ်ရာနဲ့ တခြားကိစ္စတွေကြောင့် စိတ်ဓာတ်ကျလာတဲ့အခါ အကြီးအကဲတွေနဲ့ ပြောရတော့မယ်ဆိုတာ သိလာတယ်။ သူတို့ ကျွန်မကို မဝေဖန်ဘဲ အားပေးကြတယ်။ အစည်းအဝေးပြီးတိုင်း ဘယ်လောက်ပဲ အလုပ်များနေပါစေ တစ်ယောက်လောက်တော့ လာနှုတ်ဆက်တယ်။ ဘုရားသခင့် မေတ္တာနဲ့ မထိုက်တန်ဘူးလို့ ခံစားခဲ့ရပေမဲ့ အသင်းတော်နဲ့ အကြီးအကဲတွေအားဖြင့် ယေဟောဝါ အကြိမ်ကြိမ် မေတ္တာပြခဲ့တယ်။ ဘုရား စိတ်ပျက်အောင် ဘယ်တော့မှ မလုပ်မိစေဖို့ ဆုတောင်းတယ်။”
ဆုံးမမှုထက် ပိုဆိုးတဲ့ နာကျင်မှု
၁၈၊ ၁၉။ ဆုံးမမှုထက် ပိုဆိုးတဲ့ နာကျင်မှုက ဘာလဲ။ ဥပမာ ပေးပါ။
၁၈ ဆုံးမခံရတဲ့အခါ နာကျင်မှုခံစားရပေမဲ့ ဒီထက် ပိုဆိုးတဲ့ နာကျင်မှု ရှိသေးတယ်။ ဆုံးမမှုကို ငြင်းပယ်ခြင်းရဲ့ ဆိုးကျိုးတွေပါပဲ။ (ဟီ. ၁၂:၁၁) ကာအိနနဲ့ ဘုရင် ဇေဒကိအကြောင်း သုံးသပ်ကြည့်ပါ။ အာဗေလကို ကာအိန သတ်ချင်လောက်အောင် မုန်းနေတဲ့အတွက် ဘုရားသခင်က “ဘာလို့ ဒီလောက်တောင် ဒေါသထွက်ပြီး မျက်နှာပျက်နေရတာလဲ။ မင်းသာ အခုကစပြီး ကောင်းတာလုပ်မယ်ဆိုရင် မျက်နှာသာပြန်ရမှာပဲ။ ကောင်းတာမလုပ်ရင်တော့ အပြစ်က မင်းကို ခုန်အုပ်ချင်လို့ တံခါးဝမှာ ချောင်းနေတယ်။ အပြစ်ကို မင်း အနိုင်ယူလိုက်ပါ” လို့ပြောတယ်။ (က. ၄:၆၊ ၇) ကာအိန နားမထောင်ခဲ့တဲ့အတွက် အပြစ်က အနိုင်ယူသွားတယ်။ မလိုအပ်တဲ့ နာကျင်မှုဝေဒနာတွေ ခံစားခဲ့ရတယ်။ (က. ၄:၁၁၊ ၁၂) ဘုရားသခင့်ဆုံးမမှုကိုသာ လက်ခံခဲ့ရင် အဲဒီလောက် နာကျင်ခံစားရမှာ မဟုတ်ဘူး။
၁၉ ပျော့ညံ့တဲ့ မင်းဆိုးဇေဒကိ လက်ထက်မှာ ဂျေရုဆလင်မြို့ဟာ တော်တော် အခြေအနေ ဆိုးနေတယ်။ မကောင်းတဲ့ လမ်းစဉ်ကို စွန့်ဖို့ ဇေဒကိကို ပရောဖက် ယေရမိ အကြိမ်ကြိမ် တိုက်တွန်းပေမဲ့ နားမထောင်တဲ့အတွက် ဘေးဆိုးကြုံခဲ့ရတယ်။ (ယေ. ၅၂:၈-၁၁) ယေဟောဝါက ကျွန်တော်တို့ကို မလိုအပ်တဲ့ ဒုက္ခတွေ မခံစားစေချင်ဘူး။—ဟေရှာယ ၄၈:၁၇၊ ၁၈ ကိုဖတ်ပါ။
၂၀။ ဘုရားသခင့် ဆုံးမမှုကို လက်ခံသူ၊ ငြင်းပယ်သူတွေအတွက် ဘယ်အနာဂတ် ရှိသလဲ။
၂၀ လောကမှာတော့ ဘုရားသခင့်ဆုံးမမှုကို အထင်သေး၊ လှောင်ပြောင်ကြတယ်။ ဒါပေမဲ့ အဲဒီသဘောထားရှိသူတွေ မကြာခင် ဆိုးကျိုး ခံစားရပါလိမ့်မယ်။ (ပညာ. ၁:၂၄-၃၁) ဒါကြောင့် “ဆုံးမစကားကို နားထောင်ပါ။ ဉာဏ်ပညာရှိပါ။” ပညာအလိမ္မာ ၄:၁၃ မှာ ဖော်ပြသလို “ဆုံးမမှုကို ကိုင်စွဲထားပါ။ မလွှတ်လိုက်နဲ့။ ထိန်းသိမ်းထားပါ။ ဆုံးမမှုဟာ အသက်ရှင်စေနိုင်လို့ပဲ။”