နှစ်ခြင်း—ခရစ်ယာန်တွေအတွက် လိုအပ်ချက်
“အခုအချိန်မှာ ခင်ဗျားတို့ကို ကယ်တင်တဲ့အရာဟာ နှစ်ခြင်းပဲ။”—၁ ပေ. ၃:၂၁။
၁၊ ၂။ (က) ကိုယ့်ကလေး နှစ်ခြင်းခံချင်တယ်လို့ ပြောတဲ့အခါ ခရစ်ယာန်မိဘတချို့ ဘယ်လို တုံ့ပြန်ကြသလဲ။ (ခ) ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီးပြီလားလို့ နှစ်ခြင်းခံမယ့်သူကို ဘာကြောင့် မေးတာလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
မာရီယာလို့ ကျွန်တော်တို့ခေါ်မယ့် မိန်းကလေး နှစ်ခြင်းခံမယ့် တခြားသူတွေနဲ့အတူ ထရပ်တာကို မိဘတွေ ကြည့်နေတယ်။ ဟောပြောသူမေးတဲ့ မေးခွန်း နှစ်ခုကို မိန်းကလေး ရှင်းလင်းပြတ်သားစွာ ဖြေဆိုပြီးနောက် နှစ်ခြင်းခံလိုက်တယ်။
၂ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မာရီယာရဲ့ မိဘတွေ ဂုဏ်ယူကြတယ်။ ဒါပေမဲ့ အစပိုင်းမှာ အမေဖြစ်သူ စိုးရိမ်မိတယ်။ ‘နှစ်ခြင်းခံဖို့ ငယ်လွန်းနေသလား။ နှစ်ခြင်းရဲ့ အရေးကြီးမှုကို နားလည်ရဲ့လား။ နည်းနည်း ထပ်စောင့်ခိုင်းရင် ကောင်းမလား’ ဆိုပြီး စဉ်းစားမိတယ်။ ကိုယ့်ကလေး နှစ်ခြင်းခံချင်တယ်လို့ ပြောတဲ့အခါ မိဘအတော်များများ အဲဒီလို စိုးရိမ်တတ်ကြတယ်။ (ဒေ. ၅:၅) ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းဟာ ခရစ်ယာန်တစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးဆုံးပါပဲ။—“ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီးပြီလား” လေးထောင့်ကွက်ကို ကြည့်ပါ။
၃၊ ၄။ (က) နှစ်ခြင်းရဲ့ အရေးကြီးမှုကို တမန်တော် ပေတရု ဘယ်လို ဖော်ပြခဲ့သလဲ။ (ခ) နှစ်ခြင်းကို နောဧ သင်္ဘောဆောက်တာနဲ့ ဘာကြောင့် နှိုင်းယှဉ်နိုင်သလဲ။
၁ ပေတရု ၃:၂၀၊ ၂၁ ကိုဖတ်ပါ။) ဘုရားသခင့် အလိုတော် ထမ်းဆောင်ဖို့ နောဧ စိတ်ပိုင်းဖြတ်ထားကြောင်း ခိုင်လုံတဲ့ သက်သေဟာ သင်္ဘောပါပဲ။ ယေဟောဝါပေးတဲ့ အလုပ်တာဝန်ကို နောဧ သစ္စာရှိရှိ ထမ်းဆောင်ခဲ့တယ်။ ယုံကြည်ခြင်းလုပ်ရပ်တွေကြောင့် ရေလွှမ်းမိုးဘေးကနေ နောဧနဲ့ မိသားစု ကယ်တင်ခံခဲ့ရတယ်။ ပေတရု ဘာပြောချင်တာလဲ။
၃ နှစ်ခြင်းအကြောင်း ဆွေးနွေးချိန်မှာ တမန်တော် ပေတရုက နောဧ သင်္ဘောဆောက်တာကို ရည်ညွှန်းပြီး “အဲဒါနဲ့ဆင်တူတဲ့အရာ၊ အခုအချိန်မှာ ခင်ဗျားတို့ကို ကယ်တင်တဲ့အရာဟာ နှစ်ခြင်းပဲ” လို့ပြောတယ်။ (၄ သင်္ဘောဟာ နောဧရဲ့ ယုံကြည်ခြင်းကို ဖော်ပြတဲ့ သက်သေဖြစ်တယ်။ ဒါဆို လူတွေရှေ့ နှစ်ခြင်းခံတာက ဘာကို သက်သေပြနေသလဲ။ ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ ခရစ်တော်ကို ယုံကြည်ခြင်းအပေါ် အခြေခံပြီး ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားကြောင်း သက်သေပြတယ်။ ဆက်ကပ်အပ်နှံပြီးသား တပည့်တွေဟာ နောဧလိုပဲ ဘုရားပေး အလုပ်တာဝန်ကို နာခံမှုရှိရှိ ထမ်းဆောင်ကြတယ်။ ရေလွှမ်းမိုးဘေးကနေ နောဧ ကယ်တင်ခံရသလို နှစ်ခြင်းခံပြီးသား သစ္စာရှိသူတွေလည်း ဒီစနစ်ဆိုး အဆုံးတိုင်တဲ့အခါ ကယ်တင်ခံရပါလိမ့်မယ်။ (မာ. ၁၃:၁၀။ ဗျာ. ၇:၉၊ ၁၀) ဒါကြောင့် ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းဟာ အလွန်အရေးကြီးတယ်။ နှစ်ခြင်းခံဖို့ မလိုအပ်ဘဲ အချိန်ဆွဲနေရင် ထာဝရအသက် အလားအလာ ဆုံးရှုံးနိုင်တယ်။
၅။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးသုံးသပ်ကြမလဲ။
၅ နှစ်ခြင်းရဲ့ အရေးကြီးမှုကြောင့် မေးခွန်းသုံးခုကို စဉ်းစားသုံးသပ်ထိုက်တယ်။ နှစ်ခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ။ နှစ်ခြင်းမခံခင် ဘာတွေလုပ်
ရမလဲ။ သားသမီး ဒါမှမဟုတ် ကျမ်းစာသင်သားကို သင်ပေးတဲ့အခါ နှစ်ခြင်းရဲ့ အရေးကြီးမှုကို ကိုယ်တိုင် ဘာကြောင့် နားလည်ထားသင့်သလဲ။ကျမ်းစာမှာပါတဲ့ နှစ်ခြင်း
၆၊ ၇။ (က) ယောဟန်ပေးတဲ့ နှစ်ခြင်းက ဘာကို ဖော်ပြသလဲ။ (ခ) ဘယ်ထူးခြားတဲ့ နှစ်ခြင်းကို ယောဟန် ပေးခွင့်ရခဲ့သလဲ။
၆ နှစ်ခြင်းဆရာ ယောဟန်ရဲ့ နှစ်ခြင်းအကြောင်း ကျမ်းစာမှာ ဦးဆုံးဖတ်ရတယ်။ (မ. ၃:၁-၆) မောရှေပညတ် ချိုးဖောက်မိတဲ့ အပြစ်တွေအတွက် နောင်တရကြောင်း ပြဖို့ လူတွေ ယောဟန်ဆီမှာ နှစ်ခြင်းခံကြတယ်။ ဒါပေမဲ့ ယောဟန်ပေးခဲ့တဲ့ အရေးကြီးဆုံးနှစ်ခြင်းကတော့ နောင်တနဲ့ မသက်ဆိုင်ဘူး။ ယောဟန်ဟာ ဘုရားသခင်ရဲ့သားတော်၊ စုံလင်သူ ယေရှုကို နှစ်ခြင်းပေးခွင့် ရခဲ့တယ်။ (မ. ၃:၁၃-၁၇) ယေရှု အပြစ်မရှိတဲ့အတွက် နောင်တယူဖို့ မလိုဘူး။ (၁ ပေ. ၂:၂၂) ယေရှုရဲ့ နှစ်ခြင်းဟာ ဘုရားသခင့် အလိုတော်ဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်ထားကြောင်း ဖော်ပြတယ်။—ဟီ. ၁၀:၇။
၇ ယေရှု မြေကြီးပေါ် အမှုဆောင်ချိန်အတွင်း တပည့်တွေလည်း နှစ်ခြင်းပေးခဲ့ကြတယ်။ (ယော. ၃:၂၂။ ၄:၁၊ ၂) ယောဟန်ပေးတဲ့ နှစ်ခြင်းလိုပဲ မောရှေပညတ် ချိုးဖောက်မိလို့ နောင်တရကြောင်း ဖော်ပြတဲ့ နှစ်ခြင်းမျိုးဖြစ်တယ်။ ဒါပေမဲ့ ယေရှု သေဆုံး၊ ထမြောက်ပြီးနောက်မှာတော့ နှစ်ခြင်းရဲ့ အဓိပ္ပာယ် ပြောင်းလဲသွားတယ်။
၈။ (က) ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် နောက်လိုက်တွေကို ဘာမိန့်မှာခဲ့သလဲ။ (ခ) ခရစ်ယာန်နှစ်ခြင်းရဲ့ အရေးကြီးမှုအကြောင်း ရှင်းပြပါ။
၈ ရှင်ပြန်ထမြောက်လာတဲ့ ယေရှုဟာ အေဒီ ၃၃ မှာ အမျိုးသား/သမီး၊ ကလေး ၅၀၀ ကျော်ရှေ့ ကိုယ်ထင်ရှားပြခဲ့တယ်။ အဲဒီအချိန်မှာပဲ ဒီစကားတွေကို ပြောခဲ့တာဖြစ်နိုင်တယ်– “ဒါကြောင့် လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ အဖဘုရားရဲ့နာမည်၊ သားတော်ရဲ့နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့နာမည်နဲ့ နှစ်ခြင်းပေးကြပါ။ ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ။” (မ. ၂၈:၁၉၊ ၂၀။ ၁ ကော. ၁၅:၆) တပည့်ဖြစ်စေပါဆိုတဲ့ မိန့်မှာချက်ကို ရာနဲ့ချီတဲ့ နောက်လိုက်တွေ ကြားခဲ့ပုံရတယ်။ နှစ်ခြင်းဟာ တပည့်ဖြစ်ချင်သူတိုင်းအတွက် လိုအပ်ချက်ဖြစ်ကြောင်း ယေရှု ဖော်ပြခဲ့တယ်။ (မ. ၁၁:၂၉၊ ၃၀) ယေဟောဝါကို ကိုးကွယ်ချင်သူတိုင်း ဘုရားရည်ရွယ်ချက်မှာ ယေရှုရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု လက်ခံရမယ်။ ဒါမှ နှစ်ခြင်းခံနိုင်မယ်။ အဲဒါဟာ ဘုရားလက်ခံတဲ့ တစ်ခုတည်းသော ရေနှစ်ခြင်း ဖြစ်တယ်။ နှစ်ခြင်းရဲ့ အရေးကြီးမှုကို ပထမရာစု တပည့်သစ်တွေ နားလည်ကြောင်း ဖော်ပြတဲ့ ကျမ်းစာမှတ်တမ်း များစွာရှိတယ်။ နှစ်ခြင်းခံဖို့ မလိုအပ်ဘဲ အချိန်မဆွဲခဲ့ကြဘူး။—တ. ၂:၄၁။ ၉:၁၈။ ၁၆:၁၄၊ ၁၅၊ ၃၂၊ ၃၃။
အချိန်မဆွဲပါနဲ့
၉၊ ၁၀။ အီသီယိုးပီးယားလူနဲ့ တမန်တော် ပေါလုဆီကနေ နှစ်ခြင်းအကြောင်း ဘာသင်ယူနိုင်သလဲ။
၉ တမန်တော် ၈:၃၅၊ ၃၆ ကိုဖတ်ပါ။ ဂျေရုဆလင်မြို့မှာ ဝတ်ပြုပြီး ပြန်လာတဲ့ အီသီယိုးပီးယားလူမျိုး ဘာသာပြောင်းဝင်လာသူအကြောင်း စဉ်းစားကြည့်ပါ။ သူ့ဆီသွားပြီး “ယေရှုအကြောင်း သတင်းကောင်းကို ဟောပြော” ဖို့ ဖိလိပ္ပုကို ယေဟောဝါရဲ့ ကောင်းကင်တမန် လှုံ့ဆော်ခဲ့တယ်။ အီသီယိုးပီးယားလူ ဘယ်လို တုံ့ပြန်သလဲ။ သူ့ရဲ့တုံ့ပြန်ပုံက သိလာတဲ့ အမှန်တရားကို တန်ဖိုးထားကြောင်း ရှင်းလင်းစွာ ဖော်ပြတယ်။ ယေဟောဝါရဲ့ အစီအစဉ်အတိုင်း လုပ်ဆောင်ချင်တဲ့အတွက် အချိန်မဆွဲဘဲ နှစ်ခြင်းခံခဲ့တယ်။
၁၀ ဒုတိယ ပုံနမူနာကတော့ ခရစ်ယာန်တွေကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဂျူးတစ်ယောက်ပဲ။ ဂျူးတွေဟာ မွေးတ. ၉:၁၇၊ ၁၈။ ဂလ. ၁:၁၄) အဲဒီလူကတော့ တမန်တော် ပေါလုလို့ လူသိများလာသူပါပဲ။ ဘုရားရည်ရွယ်ချက်မှာ ယေရှုရဲ့ အခန်းကဏ္ဍကို သိလာတာနဲ့ ပေါလု ချက်ချင်း နှစ်ခြင်းခံခဲ့တယ်။ အချိန်မဆွဲခဲ့ဘူး။—တမန်တော် ၂၂:၁၂-၁၆ ကိုဖတ်ပါ။
ကတည်းက ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံထားပြီးသား ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင့်မျက်နှာသာ ဆုံးရှုံးခဲ့တယ်။ သူဟာ ဂျူးဓလေ့ထုံးစံတွေမှာ စိတ်ထက်သန်ပေမဲ့ ပိုကောင်းတဲ့ လမ်းစဉ်ကို တွေ့ခဲ့တယ်။ ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ ယေရှုခရစ် စကားပြောတာကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်။ ဘယ်လို တုံ့ပြန်ခဲ့သလဲ။ တပည့်တော် အာနနိရဲ့ အကူအညီကို လက်ခံခဲ့တယ်။ “အဲဒီနောက် သူ ထပြီး နှစ်ခြင်းခံတယ်” လို့ ကျမ်းစာပြောတယ်။ (၁၁။ (က) နှစ်ခြင်းခံဖို့ ကျမ်းစာသင်သားကို ဘာက လှုံ့ဆော်သလဲ။ (ခ) နှစ်ခြင်းခံတဲ့သူတွေကို မြင်ရတဲ့အခါ ကျွန်တော်တို့ ဘယ်လို ခံစားရသလဲ။
၁၁ အခုခေတ် ကျမ်းစာသင်သား လူကြီးလူငယ်တွေလည်း အဲဒီလိုပါပဲ။ ကျမ်းစာ အမှန်တရားကို ယုံကြည်ပြီး တန်ဖိုးထားလေးမြတ်သူတွေဟာ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံချင်ကြတယ်။ အစည်းအဝေးပွဲတွေ၊ ခရိုင်အစည်းအဝေးတွေမှာ ထူးခြားချက်တစ်ခုက နှစ်ခြင်းဟောပြောချက်ပါပဲ။ ကျမ်းစာသင်သားတစ်ယောက် အမှန်တရားကို လက်ခံပြီး နှစ်ခြင်းခံတဲ့အခါ ယေဟောဝါသက်သေတွေ ဝမ်းသာကြတယ်။ ခရစ်ယာန်မိဘတွေလည်း သားသမီးတွေ နှစ်ခြင်းခံတဲ့အခါ ဝမ်းသာကြတယ်။ ၂၀၁၇ လုပ်ငန်းတော်နှစ်မှာ “စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူ” ၂၈၄,၀၀၀ ကျော် ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံခဲ့ကြတယ်။ (တ. ၁၃:၄၈) နှစ်ခြင်းဆိုတာ ခရစ်ယာန်တွေအတွက် လိုအပ်ချက်ဖြစ်မှန်း သူတို့ ကောင်းကောင်းနားလည်ကြတယ်။ နှစ်ခြင်းခံနိုင်ဖို့ ဘာတွေလုပ်ရမလဲ။
၁၂။ နှစ်ခြင်းခံနိုင်ဖို့ ကျမ်းစာသင်သား ဘာတွေလုပ်ရမလဲ။
၁၂ နှစ်ခြင်းခံနိုင်ဖို့ ဘုရားသခင်၊ ဘုရားရည်ရွယ်ချက်၊ ကယ်တင်ခြင်းအတွက် ဘုရားရဲ့ အစီအစဉ်တွေအကြောင်း တိကျမှန်ကန်စွာ သိရှိပြီး ယုံကြည်ဖို့ လိုတယ်။ (၁ တိ. ၂:၃-၆) ဘုရား မနှစ်သက်တာတွေကို မလုပ်ဖို့၊ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို လိုက်နာဖို့ ယုံကြည်ခြင်းက လှုံ့ဆော်ပေးတယ်။ (တ. ၃:၁၉) နိုင်ငံတော် ဝင်ခွင့်မရစေတဲ့ လုပ်ရပ်တွေ လုပ်ရင်းနဲ့ ဆက်ကပ်အပ်နှံတာကို ဘုရားလက်မခံဘူး။ (၁ ကော. ၆:၉၊ ၁၀) ဒါပေမဲ့ ယေဟောဝါရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ လိုက်နာနေရုံနဲ့ မလုံလောက်ဘူး။ အသင်းတော် အစည်းအဝေးတွေ တက်ဖို့၊ အသက်ကယ်တဲ့ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ပါဝင်ဖို့လည်း လိုတယ်။ တပည့်စစ်တွေ အဲဒီလို လုပ်ဆောင်ကြမယ်လို့ ယေရှုပြောခဲ့တယ်။ (တ. ၁:၈) အဲဒါတွေ လုပ်ဆောင်ပြီးမှပဲ ယေဟောဝါဆီ ကိုယ်တိုင် ဆုတောင်းအပ်နှံပြီး လူတွေရှေ့ နှစ်ခြင်းခံနိုင်မယ်။
ကျမ်းစာသင်သားရဲ့ ပန်းတိုင်
၁၃။ နှစ်ခြင်းဆိုတာ ခရစ်ယာန်တွေအတွက် လိုအပ်ချက်ဖြစ်မှန်း ဘာကြောင့် သိထားဖို့ လိုသလဲ။
၁၃ သားသမီးတွေ၊ ကျမ်းစာသင်သားတွေကို တပည့်ဖြစ်လာအောင် ကူညီပေးရာမှာ နှစ်ခြင်းခံတာလည်း ပါဝင်မှန်း ကိုယ်တိုင် သိထားဖို့ လိုတယ်။ ဒါမှ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံခြင်းရဲ့ အရေးကြီးမှုကို သင့်တော်တဲ့အချိန်မှာ ပြောပြနိုင်မယ်။ သားသမီးတွေ၊ ကျမ်းစာသင်သားတွေကို နှစ်ခြင်းခံတဲ့အထိ တိုးတက်စေချင်ကြတယ်။
၁၄။ နှစ်ခြင်းခံဖို့ ဘာကြောင့် ဖိအားမပေးသင့်သလဲ။
၁၄ မိဘ၊ ကျမ်းစာသင်ပေးသူ ဒါမှမဟုတ် တစ်ယောက်ယောက်က နှစ်ခြင်းခံဖို့ ဖိအားမပေးသင့်ဘူး။ ယေဟောဝါလည်း ဖိအားမပေးဘူး။ (၁ ယော. ၄:၈) ဒါကြောင့် ကျမ်းစာသင်ပေးတဲ့အခါ သင်သားနဲ့ ယေဟောဝါ ဆက်ဆံရေးကောင်းဖို့ပဲ အလေးပေးသင့်တယ်။ အမှန်တရားကို တန်ဖိုးထားစိတ်၊ တပည့်ဖြစ်စေခြင်းတာဝန်ကို ထမ်းဆောင်ချင်စိတ်က နှစ်ခြင်းခံဖို့ သင်သားကို လှုံ့ဆော်ပေးပါလိမ့်မယ်။—၂ ကော. ၅:၁၄၊ ၁၅။
၁၅၊ ၁၆။ (က) နှစ်ခြင်းခံဖို့ အသက်အရွယ် ကန့်သတ်ထားသလား။ ရှင်းပြပါ။ (ခ) တခြားဘာသာမှာ နှစ်ခြင်းခံခဲ့ပြီးရင်တောင် ယေဟောဝါသက်သေတစ်ဦးအဖြစ် ဘာကြောင့် နှစ်ခြင်းခံဖို့ လိုသလဲ။
၁၅ နှစ်ခြင်းခံဖို့ အသက်အရွယ် ကန့်သတ်မထားဘူး။ သင်သားတွေရဲ့ တိုးတက်မှုနဲ့ ရင့်ကျက်မှုနှုန်း မတူကြဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ နှစ်ခြင်းခံပြီး ယေဟောဝါကို သစ္စာရှိနေသူတွေလည်း အများကြီးပါပဲ။ တချို့ကျတော့ အသက်ကြီးမှ၊ အသက် ၁၀၀ ကျော်မှ ကျမ်းစာလေ့လာပြီး နှစ်ခြင်းခံကြတယ်။
၁၆ သက်ကြီးသင်သားတစ်ယောက်က တခြားဘာသာမှာ နှစ်ခြင်းခံပြီးသားဖြစ်လို့ ထပ်ပြီးနှစ်ခြင်းခံဖို့ လိုသေးလားလို့ မေးတယ်။ ကျမ်းစာသင်ပေးသူက သက်ဆိုင်ရာ ကျမ်းချက်တွေနဲ့ ရှင်းပြတဲ့အခါ သင်သား သဘောပေါက်သွားပြီး အသက် ၈၀ နားနီးနေပေမဲ့ နှစ်ခြင်းခံလိုက်တယ်။ မှန်ပါတယ်။ ယေဟောဝါလက်ခံတဲ့ နှစ်ခြင်းဆိုတာ အလိုတော်ကို တိကျမှန်ကန်စွာ သိရှိခြင်းအပေါ် အခြေခံတယ်။ ဒါကြောင့် လူသစ်တွေဟာ တခြားဘာသာမှာ နှစ်ခြင်းခံခဲ့ပြီးရင်တောင် ထပ်နှစ်ခြင်းခံဖို့ လိုတယ်။—တမန်တော် ၁၉:၃-၅ ကိုဖတ်ပါ။
၁၇။ နှစ်ခြင်းခံတဲ့နေ့မှာ ဘာအကြောင်း အလေးအနက် စဉ်းစားသင့်သလဲ။
၁၇ နှစ်ခြင်းခံတဲ့နေ့ဟာ အပျော်ရွှင်ရဆုံးနေ့ပါပဲ။ အလေးအနက် စဉ်းစားရမယ့် အချိန်လည်း ဖြစ်တယ်။ ဆက်ကပ်အပ်နှံမှုနဲ့အညီ အသက်ရှင်ဖို့ ကြိုးစားအားထုတ်ရမယ်။ ဒါကြောင့် ယေရှုက တပည့်ဖြစ်ခြင်းကို ထမ်းပိုးနဲ့ ခိုင်းနှိုင်းခဲ့တာ။ ယေရှုရဲ့ တပည့်တွေဟာ “ကိုယ့်အတွက် အသက်မရှင်တော့ဘဲ ကိုယ့်အတွက် အသေခံပြီး အသက်ပြန်ရှင်လာတဲ့ ခရစ်တော်အတွက် အသက်ရှင်သင့်တယ်။”—၂ ကော. ၅:၁၅။ မ. ၁၆:၂၄။
၁၈။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၁၈ ဆောင်းပါးအစမှာပါတဲ့ မာရီယာရဲ့ မိခင်လည်း အဲဒီလို စဉ်းစားခဲ့တာ ဖြစ်နိုင်တယ်။ သင်ဟာ မိဘဖြစ်ရင် ‘ငါ့ကလေး နှစ်ခြင်းခံဖို့ တကယ် အသင့်ဖြစ်ပြီလား။ ဆက်ကပ်အပ်နှံနိုင်ဖို့ အသိပညာ အလုံအလောက် ရှိပြီလား။ ပညာရေး၊ အလုပ်နဲ့ပတ်သက်တဲ့ ပန်းတိုင်တွေကော။ နှစ်ခြင်းခံပြီးမှ ကြီးလေးတဲ့ အပြစ်လုပ်မိရင်ကော’ ဆိုပြီး စဉ်းစားမိမှာပဲ။ ဒီအကြောင်းတွေအပြင် နှစ်ခြင်းအပေါ် မိဘတွေ မျှတတဲ့အမြင် ရှိနိုင်ပုံကို နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။