“ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း” သူတွေကို ယေဟောဝါ ချစ်မြတ်နိုး
“ကောင်းတဲ့မြေမှာ မျိုးစေ့ကျတယ်ဆိုတဲ့ အဓိပ္ပာယ်က . . . ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်းတာကို ဆိုလိုတယ်။”—လု. ၈:၁၅။
၁၊ ၂။ (က) တုံ့ပြန်မှုမရှိတဲ့ ရပ်ကွက်မှာ သစ္စာရှိရှိ ဟောပြောနေသူတွေဟာ ဘာကြောင့် အားပေးမှု ဖြစ်စေသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။) (ခ) “နေရင်းဒေသ” မှာ ဟောပြောတာနဲ့ပတ်သက်ပြီး ယေရှု ဘာပြောခဲ့သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)
အမေရိကန်က ဆာဂျီယိုနဲ့ အိုလင်းဒါတို့ဟာ အသက် ၈၀ လောက်ရှိတဲ့ ရှေ့ဆောင်မောင်နှံတွေ ဖြစ်တယ်။ နောက်ပိုင်း ခြေထောက်တွေနာတော့ သွားလာရ ခက်လာတယ်။ ဒါပေမဲ့ ဆယ်စုနှစ်ချီ လုပ်ခဲ့တဲ့အတိုင်း လူစည်ကားတဲ့ မြို့ရင်ပြင်ကို လမ်းလျှောက်ပြီး မနက် ၇:၀၀ နာရီအရောက် သွားလေ့ရှိတယ်။ ကားမှတ်တိုင်နားမှာ နေရာယူပြီး ဖြတ်သွားတဲ့သူတွေကို ကျမ်းစာစာပေတွေ ဝေငှလေ့ရှိတယ်။ လူအများစုက ဂရုမစိုက်ပေမဲ့ သူတို့ကတော့ ကြည့်တဲ့သူတွေကို ပြန်ပြုံးပြကြတယ်။ နေ့လယ်ဆို ဖြည်းဖြည်းချင်း လမ်းလျှောက်ပြီး အိမ်ပြန်သွားတယ်။ နောက်နေ့ မနက် ၇:၀၀ နာရီဆိုရင် အဲဒီနေရာမှာ ရောက်နေပြီ။ ဒီသစ္စာရှိတဲ့ မောင်နှံဟာ နှစ်တိုင်း တစ်ပတ်ကို ခြောက်ရက် နိုင်ငံတော်သတင်း ဟောပြောခြင်းမှာ အလုပ်များနေတယ်။
၂ ဆာဂျီယိုနဲ့ အိုလင်းဒါတို့လိုပဲ ကမ္ဘာတစ်ဝန်းက သစ္စာရှိ ညီအစ်ကို/မများစွာဟာ တုံ့ပြန်မှုမရှိတဲ့ ရပ်ကွက်တွေမှာ နှစ်ပေါင်းများစွာ ဟောနေကြတယ်။ သင်လည်း * ယေဟောဝါရဲ့ အမှုတော်မှာ စွဲစွဲမြဲမြဲ ပါဝင်နေတာက လူများစွာအတွက်၊ အတွေ့အကြုံရှိ ယုံကြည်သူချင်းတွေအတွက်ပါ အားပေးမှုဖြစ်စေတယ်။ တိုက်နယ်ကြီးကြပ်မှူးတွေ ဒီလိုပြောတယ်– “ဒီလိုသစ္စာရှိ ညီအစ်ကို/မတွေနဲ့အတူ အမှုဆောင်တဲ့အခါ သူတို့ရဲ့ ပုံသက်သေကြောင့် အားရှိသွားတယ်။” “သူတို့ရဲ့ သစ္စာရှိမှုက စွဲစွဲမြဲမြဲ၊ သတ္တိရှိရှိ အမှုဆောင်ဖို့ အားပေးမှု ဖြစ်စေတယ်။” “သူတို့ရဲ့ ပုံသက်သေက ကျွန်တော့်ကို စိတ်ကြည်နူးစေတယ်။”
အဲဒီလိုမျိုး ကြုံနေရတယ်ဆိုရင် ခံနိုင်ရည်အတွက် ချီးမွမ်းပါတယ်။၃။ ဘယ်မေးခွန်း သုံးခုကို သုံးသပ်ကြမလဲ။ ဘာကြောင့်လဲ။
၃ ယေရှုပေးအပ်ထားတဲ့ ဟောပြောခြင်းလုပ်ငန်းကို ပြီးမြောက်စေမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာစေဖို့ ဒီမေးခွန်းသုံးခုကို သုံးသပ်ကြည့်ရအောင်– တစ်ခါတလေ ဘာကြောင့် စိတ်ဓာတ်ကျနိုင်သလဲ။ ဘယ်လိုနည်းနဲ့ သီးပွင့်ဖြစ်ထွန်းနိုင်မလဲ။ ခံနိုင်ရည်ရှိရှိ ဆက်သီးပွင့်ဖြစ်ထွန်းနိုင်ဖို့ ဘာက ကူညီပေးမလဲ။
ဘာကြောင့် စိတ်ဓာတ်ကျနိုင်သလဲ
၄။ (က) ဂျူးတွေရဲ့တုံ့ပြန်မှုက ပေါလုကို ဘယ်လို ထိခိုက်ခဲ့သလဲ။ (ခ) ပေါလု ဘာကြောင့် အဲဒီလို ခံစားရတာလဲ။
၄ တုံ့ပြန်မှုသိပ်မရှိတဲ့ ရပ်ကွက်မှာ အမှုဆောင်နေလို့ စိတ်ဓာတ်ကျလာတယ်ဆိုရင် တမန်တော်ပေါလုကို သတိရလိုက်ပါ။ နှစ်ပေါင်း ၃၀ နီးပါး အမှုဆောင်ချိန်အတွင်း လူများစွာကို ခရစ်တော်ရဲ့ တပည့်တွေဖြစ်အောင် ကူညီပေးခဲ့တယ်။ (တ. ၁၄:၂၁။ ၂ ကော. ၃:၂၊ ၃) ဒါပေမဲ့ ဂျူးများစွာကိုတော့ စစ်မှန်တဲ့ ဝတ်ပြုသူတွေဖြစ်အောင် မလုပ်နိုင်ခဲ့ဘူး။ အများစုက ပေါလုကို လက်မခံတဲ့အပြင် တချို့ဆိုရင် နှိပ်စက်ခဲ့ကြတယ်။ (တ. ၁၄:၁၉။ ၁၇:၁၊ ၄၊ ၅၊ ၁၃) ဂျူးတွေရဲ့ ဆန့်ကျင်မှုက ပေါလုကို ဘယ်လို ထိခိုက်ခဲ့သလဲ။ “ခရစ်တော်နောက်လိုက်အနေနဲ့ ကျွန်တော် အမှန်အတိုင်း ပြောမယ်။ . . . ကျွန်တော် သိပ်ဝမ်းနည်းနေတယ်။ ရင်ထဲမှာလည်း တနုံ့နုံ့ နာကျင်ခံစားနေတယ်” လို့ သူပြောတယ်။ (ရော. ၉:၁-၃) ပေါလု ဘာကြောင့် အဲဒီလို ခံစားရတာလဲ။ ဟောပြောခြင်းလုပ်ငန်းမှာ စိတ်နှစ်ထားပြီး ဂျူးတွေရဲ့ အကျိုးအတွက် ဟောပေမဲ့ ဘုရားသခင်ရဲ့ ကရုဏာကို သူတို့ငြင်းပယ်ကြလို့ပဲ။
၅။ (က) လူတွေကို ဟောပြောဖို့ ဘာက လှုံ့ဆော်ပေးသလဲ။ (ခ) တစ်ခါတလေ စိတ်ဓာတ်ကျတာကို ဘာကြောင့် မအံ့သြသင့်သလဲ။
၅ ကျွန်တော်တို့လည်း ပေါလုလိုပဲ လူတွေရဲ့ အကျိုးအတွက် ဟောပြောကြတယ်။ (မ. ၂၂:၃၉။ ၁ ကော. ၁၁:၁) ယေဟောဝါကို ဝတ်ပြုဖို့ ဆုံးဖြတ်တဲ့သူတွေ ဘယ်လောက် ကောင်းချီးခံစားရမှန်း ကိုယ်တွေ့ သိထားကြလို့ပဲ။ ရပ်ကွက်မှာ ရှိတဲ့သူတွေအကြောင်း စဉ်းစားလိုက်တဲ့အခါ ‘သူတို့ ဘာတွေ လက်လွတ်ဆုံးၡုံးနေမှန်း သိလာအောင် ကူညီပေးချင်လိုက်တာ’ လို့ တွေးမိကြတယ်။ ဒါကြောင့် ယေဟောဝါအကြောင်း၊ လူသားတွေအတွက် ဘုရားရည်ရွယ်ချက်အကြောင်း သင်ယူကြဖို့ အားပေးနေတာ။ ဟောပြောတာက ‘ခင်ဗျားတို့အတွက် လက်ဆောင်ယူလာပေးတာပါ။ လက်ခံပါ’ လို့ ပြောတာနဲ့တူတယ်။ ဒါပေမဲ့ လူတွေ လက်မခံတဲ့အခါ ကျွန်တော်တို့ “နာကျင်ခံစား” ရတာကို မအံ့သြသင့်ဘူး။ အဲဒီလိုခံစားရတာ ယုံကြည်ခြင်းမရှိလို့ မဟုတ်ဘူး။ ဟောပြောခြင်းလုပ်ငန်းမှာ စိတ်နှစ်ထားလို့ပဲ။ ဒါကြောင့် စိတ်ဓာတ်ကျစရာတွေ ရှိပေမဲ့ ခံနိုင်ရည်ရှိရှိ ဆက်ဟောနေကြတယ်။ ၂၅ နှစ်ကျော် ရှေ့ဆောင်လုပ်ခဲ့တဲ့ အယ်လာနာက “ဟောပြောခြင်းလုပ်ငန်းမှာ အခက်အခဲတွေ ရှိပေမဲ့ ဒီအလုပ်ကိုပဲ ဆက်လုပ်ချင်တယ်” လို့ ပြောတယ်။
ဘယ်လို သီးပွင့်ဖြစ်ထွန်းနိုင်မလဲ
၆။ ဘယ်မေးခွန်းကို သုံးသပ်ကြမလဲ။
၆ ဘယ်နေရာမှာပဲ ဟောပြောရပါစေ အမှုဆောင်လုပ်ငန်းမှာ သီးပွင့်ဖြစ်ထွန်းနိုင်တယ်လို့ ဘာကြောင့် စိတ်ချနိုင်သလဲ။ အဖြေသိနိုင်ဖို့ “သီးပွင့်ဖြစ်ထွန်း” ဖို့ လိုတဲ့အကြောင်း ပြောသွားတဲ့ ယေရှုရဲ့ ပုံဥပမာနှစ်ခုကို သုံးသပ်ကြည့်ကြစို့။ (မ. ၁၃:၂၃) ပထမပုံဥပမာက စပျစ်ပင်အကြောင်း ဖြစ်တယ်။
၇။ (က) “စိုက်ပျိုးသူ၊” “စပျစ်ပင်” နဲ့ “စပျစ်ကိုင်းတွေ” က ဘယ်သူတွေကို ပုံဆောင်သလဲ။ (ခ) ဘယ်မေးခွန်းရဲ့ အဖြေကို သိဖို့ လိုသလဲ။
ယောဟန် ၁၅:၁-၅၊ ၈ ကိုဖတ်ပါ။ “အသီးများစွာ သီးပြီး ကျွန်တော့်တပည့်ဖြစ်မှန်း သက်သေပြကြပါ။ ဒါဆိုရင် အဖဘုရား ဘုန်းထင်ရှားလိမ့်မယ်” ဆိုပြီး တမန်တော်တွေကို ယေရှု ပြောခဲ့တယ်။ ယေဟောဝါကို “စိုက်ပျိုးသူ၊” မိမိကိုယ်ကို “စစ်မှန်တဲ့စပျစ်ပင်၊” တပည့်တွေကို “စပျစ်ကိုင်းတွေ” အဖြစ် ဖော်ပြခဲ့တယ်။ * ဒါဆို ဘယ်လိုအသီးမျိုးကို ယေရှုရဲ့ နောက်လိုက်တွေ သီးရမှာလဲ။ ဒီပုံဥပမာမှာတော့ ဘယ်လိုအသီးဆိုတာကို ယေရှု တိုက်ရိုက်မပြောဘူး။ ဒါပေမဲ့ အဖြေကို သိနိုင်ဖို့ အရေးကြီးတဲ့ အသေးစိတ်အချက်တွေကိုတော့ ဖော်ပြခဲ့တယ်။
၇၈။ (က) ဒီပုံဥပမာမှာပါတဲ့ အသီးတွေက တပည့်သစ်တွေကို ဘာကြောင့် မဆိုလိုတာလဲ။ (ခ) ယေဟောဝါ ဘာကိုပဲ တောင်းဆိုသလဲ။
၈ “ကျွန်တော့်ဆီမှာရှိတဲ့ အသီးမသီးတဲ့ အကိုင်းတွေကို သူခုတ်ပစ်တယ်” လို့ ဖခင်အကြောင်း ယေရှုပြောတယ်။ တစ်နည်းအားဖြင့် သီးပွင့်ဖြစ်ထွန်းသူတွေကိုသာ မိမိကျေးကျွန်တွေအဖြစ် ယေဟောဝါ ရှုမြင်တယ်။ (မ. ၁၃:၂၃။ ၂၁:၄၃) ဒီပုံဥပမာအရ ခရစ်ယာန်တွေ သီးပွင့်ရမယ့် အသီးဟာ တပည့်သစ်ဖြစ်လာစေခြင်းကို ဆိုလိုတာ မဖြစ်နိုင်ဘူး။ (မ. ၂၈:၁၉) အဲဒီလိုသာဆိုလိုခဲ့ရင် တုံ့ပြန်မှုမရှိတဲ့ ရပ်ကွက်မှာ တပည့်သစ်ဖြစ်အောင် မလုပ်နိုင်တဲ့ သစ္စာရှိခရစ်ယာန်တွေဟာ ယေရှုရဲ့ ပုံဥပမာထဲက မသီးပွင့်တဲ့ စပျစ်ကိုင်းတွေလို ဖြစ်သွားလိမ့်မယ်။ အဲဒီလို ယူဆတာ မမှန်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က လူတွေကို တပည့်ဖြစ်လာအောင် ဖိအားပေးလို့ မရလို့ပဲ။ ယေဟောဝါဟာ မေတ္တာရှင်ဖြစ်တယ်။ ကျွန်တော်တို့ မတတ်နိုင်တာကို အတင်းလုပ်ခိုင်းမှာ မဟုတ်ဘူး။ တတ်နိုင်တာကိုပဲ တောင်းဆိုတယ်။—တရား. ၃၀:၁၁-၁၄။
၉။ (က) ဘယ်လုပ်ငန်းမှာ ပါဝင်တာက သီးပွင့်ဖြစ်ထွန်းတာနဲ့တူသလဲ။ (ခ) ဘယ်ပုံဥပမာကို သုံးသပ်ကြမလဲ။
၉ ဒါဆိုရင် ဘယ်လို အသီးတွေ သီးပွင့်ရမှာလဲ။ အသီးဆိုတာ ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့အရာတွေကို ရည်ညွှန်းတယ်။ ဘယ်လုပ်ဆောင်မှုက “သီးပွင့်ဖြစ်ထွန်း” တာနဲ့ တူသလဲ။ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်းပါပဲ။ * (မ. ၂၄:၁၄) ယေရှုရဲ့ မျိုးကြဲသူ ပုံဥပမာက ဒီအချက်ကို ထောက်ခံတယ်။ အဲဒီဒုတိယပုံဥပမာကို သုံးသပ်ကြည့်ရအောင်။
၁၀။ (က) ဒီပုံဥပမာမှာ မျိုးစေ့နဲ့ မြေက ဘာကို ပုံဆောင်သလဲ။ (ခ) ဂျုံပင်ကနေ ဘာသီးပွင့်ဖြစ်ထွန်းလာသလဲ။
၁၀ လုကာ ၈:၅-၈၊ ၁၁-၁၅ ကိုဖတ်ပါ။ မျိုးကြဲသူ ပုံဥပမာမှာ မျိုးစေ့ဟာ “ဘုရားသခင့် တရားစကား၊” နိုင်ငံတော်သတင်း ဖြစ်တယ်။ မြေဟာ လူတစ်ဦးရဲ့ စိတ်နှလုံးကို တင်စားတယ်။ ကောင်းတဲ့မြေမှာကျတဲ့ မျိုးစေ့က အမြစ်တွယ်၊ အညှောက်ပေါက်ပြီး အပင်အဖြစ် ကြီးထွားလာတယ်။ ပြီးတော့ “အဆ ၁၀၀ သီးပွင့်ဖြစ်ထွန်းတယ်။” ဘာတွေ သီးပွင့်ဖြစ်ထွန်းတာလဲ။ ဂျုံပင်လေးတွေလား။ မဟုတ်ပါဘူး။ မျိုးစေ့အသစ်တွေပါ။ အဲဒီမျိုးစေ့က နောက်ပိုင်းမှာ အပင်ပေါက်လာနိုင်တယ်။ ဒီပုံဥပမာမှာ မျိုးစေ့တစ်စေ့က အစေ့တစ်ရာလောက် ဖြစ်ထွန်းတယ်။ ကျွန်တော်တို့ရဲ့ အမှုဆောင်လုပ်ငန်းနဲ့ ဘယ်လို သက်ဆိုင်သလဲ။
၁၁။ (က) မျိုးကြဲသူ ပုံဥပမာက ကျွန်တော်တို့ရဲ့ အမှုဆောင်ခြင်းနဲ့ ဘယ်လို သက်ဆိုင်သလဲ။ (ခ) နိုင်ငံတော်မျိုးစေ့သစ်တွေ ဘယ်လို သီးပွင့်နိုင်သလဲ။
၁၁ နှိုင်းပြရရင် နှစ်အတော်ကြာတုန်းက မိဘတွေ၊ သက်သေခံတွေက ကျွန်တော်တို့ကို နိုင်ငံတော်သတင်း ပြောပြတယ်။ မျိုးစေ့နဲ့တူတဲ့ သတင်းတရားကို လက်ခံချင်စိတ်ရှိကြောင်း တွေ့တဲ့အခါ သူတို့ သိပ်ဝမ်းသာကြတယ်။ ယေရှုရဲ့ ပုံဥပမာထဲက ကောင်းတဲ့မြေပေါ်ကျတဲ့ * နိုင်ငံတော်မျိုးစေ့သစ်တွေကို ဘယ်လို သီးပွင့်ကြသလဲ။ နိုင်ငံတော်သတင်းကို နည်းအမျိုးမျိုးနဲ့ ကြေညာတိုင်း ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲ စိုက်ပျိုးထားတဲ့ မျိုးစေ့ကို ပြန်ကြဲနေတာဖြစ်တယ်။ (လု. ၆:၄၅။ ၈:၁) ဒီပုံဥပမာအရ ကျွန်တော်တို့က နိုင်ငံတော်သတင်းကို ကြေညာနေသရွေ့ “ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း” နေတယ်။
မျိုးစေ့လိုပဲ ကျွန်တော်တို့လည်း သတင်းကောင်းကို လက်ခံတုံ့ပြန်ကြတယ်။ ရလဒ်အနေနဲ့ မျိုးစေ့နဲ့တူတဲ့ နိုင်ငံတော်သတင်းက အမြစ်စွဲ၊ အပင်ပေါက်လာပြီး အချိန်တန်တဲ့အခါ သီးပွင့်ဖြစ်ထွန်းဖို့ အသင့်ဖြစ်လာတယ်။ ဂျုံပင်က ဂျုံပင်ပေါက်တွေမဟုတ်ဘဲ မျိုးစေ့သစ်တွေ သီးပွင့်ဖြစ်ထွန်းသလို ကျွန်တော်တို့လည်း တပည့်သစ်တွေကို မဟုတ်ဘဲ နိုင်ငံတော်မျိုးစေ့သစ်တွေကို သီးပွင့်ဖြစ်ထွန်းကြတယ်။၁၂။ (က) ယေရှုရဲ့ စပျစ်ပင်နဲ့ မျိုးကြဲသူ ပုံဥပမာကနေ ဘာသင်ခန်းစာ ရနိုင်သလဲ။ (ခ) သင့်အပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။
၁၂ ယေရှုရဲ့ စပျစ်ပင်နဲ့ မျိုးကြဲသူ ပုံဥပမာကနေ ဘာသင်ခန်းစာ ရနိုင်သလဲ။ သီးပွင့်နိုင်စွမ်းဆိုတာ ရပ်ကွက်မှာရှိတဲ့ လူတွေရဲ့ တုံ့ပြန်မှုအပေါ် မမူတည်ဘဲ ကျွန်တော်တို့ရဲ့ သစ္စာရှိမှုအပေါ် မူတည်မှန်း နားလည်ဖို့ ကူညီပေးတယ်။ “တစ်ယောက်စီက ကိုယ့်ရဲ့အားထုတ်မှုနဲ့အညီ အကျိုးခံစားရလိမ့်မယ်” လို့ ပေါလုပြောတယ်။ (၁ ကော. ၃:၈) ကိုယ့်ကြိုးစားအားထုတ်မှုရဲ့ ရလဒ်တွေကို မဟုတ်ဘဲ ကိုယ့်ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးတယ်။ “ကျွန်မတို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးမှန်း သိရလို့ သိပ်ပျော်တယ်” ဆိုပြီး ရှေ့ဆောင်လုပ်နေတာ နှစ် ၂၀ ကြာပြီဖြစ်တဲ့ မာတီလ်ဒါ ပြောတယ်။
ခံနိုင်ရည်ရှိရှိ ဘယ်လို သီးပွင့်ဖြစ်ထွန်းနိုင်သလဲ
၁၃၊ ၁၄။ ရောမ ၁၀:၁၊ ၂ အရ နိုင်ငံတော်သတင်း လက်မခံသူတွေကို ပေါလု ဘာကြောင့် လက်မလျှော့ခဲ့သလဲ။
၁၃ ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်းဖို့ ဘာက ကူညီပေးမလဲ။ နိုင်ငံတော်သတင်းတရားကို ဂျူးတွေ လျစ်လျူရှုလို့ ပေါလု စိတ်ဓာတ်ကျပေမဲ့ လက်မလျှော့ခဲ့ဘူး။ အဲဒီဂျူးတွေနဲ့ပတ်သက်ပြီး ရောမမြို့က ခရစ်ယာန်တွေဆီ ဒီလိုရေးခဲ့တယ်– “ကျွန်တော်က အစ္စရေးလူမျိုးကို ကယ်တင်ခြင်းရစေချင်တဲ့ စေတနာနဲ့ ဘုရားသခင်ဆီ တိုးလျှိုးအသနားခံရော. ၁၀:၁၊ ၂) ဆက်ဟောပြောရတဲ့ အကြောင်းရင်းကို ပေါလု ဘယ်လို ဖော်ပြသလဲ။
ပေးပါတယ်။ သူတို့ဟာ ဘုရားသခင်အတွက် စိတ်ထက်သန်သူတွေဆိုတာ ကျွန်တော် တပ်အပ်ပြောနိုင်ပါတယ်။ ဒါပေမဲ့ တိကျမှန်ကန်တဲ့ အသိပညာအတိုင်း မဟုတ်ဘူး။” (၁၄ ပထမ၊ ဂျူးတွေကို ဆက်ဟောပြောရတဲ့ အကြောင်းရင်းက ကယ်တင်ခြင်း ရစေချင်တဲ့ “စေတနာ” စိတ်ကြောင့်လို့ ပေါလု ပြောခဲ့တယ်။ (ရော. ၁၁:၁၃၊ ၁၄) ဒုတိယ၊ “ဘုရားသခင်ဆီ တိုးလျှိုးအသနားခံပေး” တယ်လို့ ပေါလု ပြောတယ်။ နိုင်ငံတော်သတင်းကို လက်ခံဖို့ ဂျူးတွေကို ကူညီပေးပါလို့ အသနားခံ ဆုတောင်းခဲ့တယ်။ တတိယ၊ “သူတို့ဟာ ဘုရားသခင်အတွက် စိတ်ထက်သန်သူတွေ” လို့ ပြောတယ်။ လူတွေရဲ့ ကောင်းကွက်ကို ပေါလု မြင်တယ်။ မှန်ကန်တဲ့ စိတ်ထက်သန်မှုက လူတွေကို ခရစ်တော်ရဲ့ တပည့်အဖြစ် ပြောင်းလဲစေနိုင်မှန်း သိတယ်။
၁၅။ ပေါလုကို ဘယ်လို တုပနိုင်သလဲ။ ဥပမာ ပေးပါ။
၁၅ ပေါလုကို ဘယ်လို တုပနိုင်သလဲ။ ပထမ၊ “ထာဝရအသက်ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” ကို ရှာဖွေချင်စိတ် ရှိရမယ်။ ဒုတိယ၊ စိတ်ရင်းမှန်သူတွေရဲ့ နှလုံးကို ဖွင့်ပေးဖို့ ယေဟောဝါဆီ အသနားခံ ဆုတောင်းရမယ်။ (တ. ၁၃:၄၈။ ၁၆:၁၄) အနှစ် ၃၀ နီးပါး ရှေ့ဆောင်လုပ်ခဲ့တဲ့ ဆီဗာနာက “အပြုသဘောရှိအောင် ကူညီပေးပါလို့ အမှုဆောင် မသွားခင် ယေဟောဝါဆီ ဆုတောင်းတယ်” လို့ ပြောတယ်။ ကောင်းကင်တမန်တွေကတစ်ဆင့် စိတ်ရင်းမှန်သူတွေဆီ လမ်းညွှန်ပေးဖို့ ဆုတောင်းနိုင်တယ်။ (မ. ၁၀:၁၁-၁၃။ ဗျာ. ၁၄:၆) နှစ် ၃၀ ကျော် ရှေ့ဆောင်လုပ်ခဲ့တဲ့ ရောဘတ်က “အိမ်ရှင်တွေရဲ့ အကြောင်းကို သိနေတဲ့ ကောင်းကင်တမန်တွေနဲ့ တွဲအမှုဆောင်ရတာ စိတ်လှုပ်ရှားစရာပဲ” လို့ ပြောတယ်။ တတိယ၊ လူတွေရဲ့ ကောင်းကွက်ကို ရှာရမယ်။ နှစ်ခြင်းခံခဲ့တာ နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်တဲ့ အကြီးအကဲ ကားလ်က “ပြုံးပြတာ၊ ခင်ခင်မင်မင်ကြည့်တာ၊ စိတ်ရင်းမှန်နဲ့ မေးခွန်းမေးတာစတဲ့ အရိပ်အမြွက်လေးတွေကို ရှာတယ်” လို့ပြောတယ်။ ကျွန်တော်တို့လည်း ပေါလုလိုပဲ ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်းနိုင်ပါတယ်။
“လက်ကို အနားမပေးပါနဲ့”
၁၆၊ ၁၇။ (က) ဒေသနာ ၁၁:၆ ကနေ ဘာသင်ယူနိုင်သလဲ။ (ခ) မျိုးကြဲခြင်းက အကဲခတ်ကြည့်နေသူတွေကို ဘယ်လို အကျိုးသက်ရောက်နိုင်ကြောင်း ဖော်ပြပါ။
၁၆ နိုင်ငံတော်သတင်းတရားကို လူတွေ လက်မခံပုံပေါက်ရင်တောင် မျိုးကြဲခြင်းလုပ်ငန်းရဲ့ အကျိုးသက်ရောက်မှုကို လျှော့မတွက်ပါနဲ့။ (ဒေသနာ ၁၁:၆ ကိုဖတ်ပါ။) လူများစွာက နားမထောင်ပေမဲ့ ကျွန်တော်တို့ကို အကဲခတ် ကြည့်နေကြတယ်။ သပ်ရပ်တဲ့ အဝတ်အစား၊ ယဉ်ကျေးတဲ့ အမူအရာ၊ လှိုက်လှဲတဲ့ အပြုံးတွေကို သတိပြုမိကြတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ အမူအကျင့်ကြောင့် အကောင်းမြင်လာနိုင်တယ်။ အဲဒါကို အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဆာဂျီယိုနဲ့ အိုလင်းဒါတို့ ကြုံခဲ့ရတယ်။
၁၇ ဆာဂျီယို ဒီလိုပြောတယ်– “နေမကောင်းလို့ ရင်ပြင်ကို ခဏလောက် မသွားဖြစ်ဘူး။ ပြန်သွားတဲ့အခါ လမ်းသွားလမ်းလာတွေက ‘မတွေ့တာကြာပြီ။ သတိရနေတာ’ လို့ပြောကြတယ်။” အိုလင်းဒါလည်း ဒီလိုပြောတယ်– “ကားသမားတွေ လက်ပြသွားကြတယ်။ တချို့လည်း ‘ပြန်တွေ့ရလို့ ဝမ်းသာတယ်’ လို့ပြောပြီး မဂ္ဂဇင်းတွေတောင် တောင်းသွားကြတယ်။” အမျိုးသားတစ်ယောက် လက်တွန်းလှည်းရှေ့ ရပ်၊ ပန်းစည်းပေးပြီး ကျေးဇူးတင်စကား ပြောသွားလို့ သူတို့ အံ့ဩခဲ့ရတယ်။
၁၈။ “ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း” ဖို့ ဘာကြောင့် စိတ်ပိုင်းဖြတ်ထားသလဲ။
၁၈ နိုင်ငံတော်မျိုးစေ့ ကြဲရာမှာ “လက်ကို အနားမပေး” သရွေ့ “လူမျိုးအားလုံးအတွက် သက်သေဖြစ်” စေရာမှာ အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်နိုင်ပါတယ်။ (မ. ၂၄:၁၄) “ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း” သူတွေကို ယေဟောဝါ ချစ်မြတ်နိုးတယ်။ ယေဟောဝါရဲ့ မျက်နှာသာရမှန်း သိထားလို့ ကျွန်တော်တို့ အလွန်ပျော်ရွှင်ကြတယ်။
^ စာပိုဒ်၊ 2 “နေရင်းဒေသ” မှာ ဟောပြောတာဟာ စိန်ခေါ်ချက်တစ်ခုဖြစ်မှန်း ယေရှုပြောခဲ့တာကို ခရစ်ဝင်ကျမ်း လေးစောင်စလုံးမှာ မှတ်တမ်းတင်ထားတယ်။—မ. ၁၃:၅၇။ မာ. ၆:၄။ လု. ၄:၂၄။ ယော. ၄:၄၄။
^ စာပိုဒ်၊ 7 ဒီပုံဥပမာမှာပါတဲ့ စပျစ်ကိုင်းတွေက ကောင်းကင်အသက်တာရမယ့်သူတွေကို ဆိုလိုပေမဲ့ ဘုရားသခင့်ကျေးကျွန်အားလုံး အကျိုးရယူနိုင်ပါတယ်။
^ စာပိုဒ်၊ 9 “သီးပွင့်ဖြစ်ထွန်း” ခြင်းဆိုတာ “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” တင်ပြတာကိုလည်း ဆိုလိုတယ်။ ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာတော့ နိုင်ငံတော်သတင်း ဟောပြောခြင်းအားဖြင့် သီးပွင့်ဖြစ်ထွန်းခြင်းအကြောင်း အာရုံစိုက်ပါမယ်။—ဂလ. ၅:၂၂၊ ၂၃။
^ စာပိုဒ်၊ 11 တခြားအချိန်တွေမှာ ယေရှုက တပည့်ဖြစ်စေခြင်းလုပ်ငန်းကို မျိုးကြဲခြင်း၊ ရိတ်သိမ်းခြင်းတို့နဲ့ ခိုင်းနှိုင်းဖော်ပြခဲ့တယ်။—မ. ၉:၃၇။ ယော. ၄:၃၅-၃၈။