အပြောင်းအလဲတွေကြား စိတ်ငြိမ်သက်မှု ဆက်ထိန်းပါ
“[ကျွန်တော်] စိတ်အေးလက်အေးနဲ့ ငြိမ်သက်နေပါတယ်။”—ဆာ. ၁၃၁:၂။
၁၊ ၂။ (က) မမျှော်လင့်တဲ့ အပြောင်းအလဲတွေက ကျွန်တော်တို့ကို ဘယ်လို ထိခိုက်နိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။) (ခ) ဆာလံ ၁၃၁ အရ ဘယ်သဘောထားက စိတ်ငြိမ်သက်မှု ရစေနိုင်သလဲ။
ဗေသလမှာ ၂၅ နှစ်ကျာ် အမှုဆောင်ခဲ့တဲ့ လွိုက်နဲ့ အလက်ဇန်ဒရာဟာ ရှေ့ဆောင်အဖြစ် ပြန်တာဝန်ကျတယ်။ အစပိုင်းမှာ အတော်စိတ်ထိခိုက်ကြတယ်။ “ဗေသလနဲ့ အလုပ်တာဝန်ကို ကိုယ်နဲ့ တစ်သားတည်းလို့ ယူဆခဲ့တာ။ အပြောင်းအလဲကို စိတ်က လက်ခံပေမဲ့ တကယ်တမ်း ကြာလာတဲ့အခါ ငြင်းပယ်ခံရသလို ခံစားလာရတယ်။ စိတ်က အခုတစ်မျိုး၊ တော်ကြာတစ်မျိုး။ အပြုသဘော ဝင်လိုက်၊ အပျက်သဘော ဝင်လိုက်ပဲ” လို့ လွိုက် ပြောတယ်။
၂ ဘဝမှာ မမျှော်လင့်တဲ့ အပြောင်းအလဲ ကြုံရတဲ့အခါ စိုးရိမ်ပူပန်လာနိုင်တယ်။ (ပညာ. ၁၂:၂၅) လက်ခံဖို့ ခက်နိုင်တယ်။ ဒီလိုအချိန်မှာ ဘယ်လို “စိတ်အေးလက်အေးနဲ့ ငြိမ်သက်နေ” နိုင်မလဲ။ (ဆာလံ ၁၃၁:၁-၃ ကိုဖတ်ပါ။) အခြေအနေ အပြောင်းအလဲတွေကြား စိတ်ငြိမ်သက်မှု ဆက်ထိန်းခဲ့တဲ့ ကျမ်းစာခေတ်နဲ့ ခေတ်သစ် ပုံနမူနာတချို့ကို သုံးသပ်ကြည့်ကြစို့။
“ဘုရားသခင့်ငြိမ်သက်ခြင်း” ခံစားရ
၃။ ယောသပ် ဘာအပြောင်းအလဲတွေ ကြုံခဲ့ရသလဲ။
၃ ယောသပ် အသက် ၁၇ နှစ်မှာ အစ်ကိုတွေက မနာလိုဖြစ်ပြီး ကျွန်အဖြစ် ရောင်းစားလိုက်ကြတယ်။ ယောသပ်ဟာ ယာကုပ်ရဲ့ အချစ်ဆုံးသားပါ။ (က. ၃၇:၂-၄၊ ၂၃-၂၈) ချစ်ရတဲ့ဖခင်နဲ့ အလှမ်းဝေးတဲ့ အီဂျစ်ပြည်မှာ ကျွန်နဲ့ အကျဉ်းသားအဖြစ် ၁၃ နှစ်လောက် ဒုက္ခခံရတယ်။ စိတ်မပျက်ဖို့၊ မနာကြည်းဖို့ ယောသပ်ကို ဘာက ကူညီပေးသလဲ။
၄။ (က) ထောင်ထဲမှာ ယောသပ် ဘာကို အာရုံစိုက်သလဲ။ (ခ) ယောသပ်ရဲ့ ဆုတောင်းချက်ကို ဘုရား ဘယ်လို အဖြေပေးသလဲ။
၄ ထောင်ထဲမှာ ယောသပ်ဟာ ယေဟောဝါရဲ့ ကောင်းချီးတွေကို အာရုံစိုက်ခဲ့မှာပဲ။ (က. ၃၉:၂၁။ ဆာ. ၁၀၅:၁၇-၁၉) ငယ်ဘဝတုန်းက ရခဲ့တဲ့ အနာဂတ်ဆိုင်ရာ အိပ်မက်ကလည်း ယေဟောဝါရဲ့ မျက်နှာသာ ရရှိထားကြောင်း ယုံကြည်စိတ်ချစေမှာပဲ။ (က. ၃၇:၅-၁၁) စိုးရိမ်သောကတွေကိုလည်း ယေဟောဝါဆီ အကြိမ်ကြိမ် ရင်ဖွင့်ဆုတောင်းခဲ့မှာပဲ။ (ဆာ. ၁၄၅:၁၈) ဆုတောင်းချက်ကို အဖြေပေးတဲ့အနေနဲ့ အခက်အခဲ ကြုံရချိန်တစ်လျှောက်လုံး ယောသပ်နဲ့ “အတူရှိ” မယ်ဆိုပြီး ယေဟောဝါ စိတ်ချစေခဲ့တယ်။—တ. ၇:၉၊ ၁၀။ *
၅။ စိုးရိမ်သောက ဖိစီးချိန်မှာ “ဘုရားသခင့်ငြိမ်သက်ခြင်း” က ဘယ်လို ကူညီပေးနိုင်သလဲ။
၅ ကျွန်တော်တို့လည်း အခြေအနေဆိုးတွေ ကြုံရတဲ့အခါ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးတဲ့ “ဘုရားသခင့်ငြိမ်သက်ခြင်း” ခံစားရနိုင်တယ်။ (ဖိလိပ္ပိ ၄:၆၊ ၇ ကိုဖတ်ပါ။) စိုးရိမ်သောက ဖိစီးချိန်မှာ ဘုရားသခင့်ငြိမ်သက်ခြင်းက ဆက်အမှုဆောင်ဖို့၊ လက်မလျှော့ဖို့ ကူညီပေးနိုင်တယ်။ ဒါမျိုးကြုံခဲ့ရတဲ့ ခေတ်သစ် နမူနာတချို့ကို သုံးသပ်ကြည့်ကြစို့။
စိတ်ငြိမ်သက်မှုရဖို့ ယေဟောဝါဆီ ဆုတောင်းပါ
၆၊ ၇။ သတ်သတ်မှတ်မှတ် ဆုတောင်းခြင်းက စိတ်ငြိမ်သက်မှု ရဖို့ ဘယ်လို ကူညီနိုင်သလဲ။ ဥပမာပေးပါ။
၆ ရိုင်ယန်နဲ့ ဂျူလီယက်ဟာ ယာယီအထူးရှေ့ဆောင် တာဝန် ပြီးဆုံးကြောင်း သိလိုက်ရတဲ့အခါ စိတ်ဓာတ်ကျသွားတယ်။ “ယေဟောဝါဆီ ချက်ချင်း ဆုတောင်းတယ်။ ဒါဟာ ဘုရားကို ယုံကြည်ကိုးစားကြောင်း ပြနိုင်တဲ့ အခွင့်အရေးပဲ။ အသင်းတော်မှာရှိတဲ့ လူသစ်တွေအတွက် ပုံသက်သေကောင်း ပြနိုင်ဖို့ ကူညီပေးပါဆိုပြီး ဆုတောင်းတယ်” လို့ ရိုင်ယန် ပြောတယ်။
၇ သူတို့ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လို ဖြေပေးသလဲ။ “ဆုတောင်းပြီးတာနဲ့ အပျက်သဘောတွေ၊ စိုးရိမ်သောကတွေ ချက်ချင်း ပျောက်သွားတယ်။ ဘုရားသခင့်ငြိမ်သက်ခြင်းက စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးတယ်။ သဘောထားမှန် ဆက်ထိန်းထားရင် ယေဟောဝါအတွက် အသုံးဝင်သူတွေ ဖြစ်နိုင်မှန်း ကျွန်တော်တို့ သိတယ်” လို့ ရိုင်ယန် ပြောတယ်။
၈-၁၀။ (က) စိုးရိမ်သောက ရောက်တဲ့အခါ ဘုရားရဲ့ စွမ်းအားတော်က ဘယ်လို ကူညီနိုင်သလဲ။ (ခ) ဘုရားအမှုဆောင်ဖို့ အာရုံစိုက်တဲ့အခါ ယေဟောဝါ ဘယ်လို ကူညီပေးနိုင်သလဲ။
၈ ဘုရားသခင့် စွမ်းအားတော်ကလည်း ဘုရားရေးရာကို ဦးစားထားဖို့ ကူညီပေးနိုင်တဲ့ ကျမ်းချက်တွေကို ပြန်အမှတ်ရစေပါလိမ့်မယ်။ (ယောဟန် ၁၄:၂၆၊ ၂၇ ကိုဖတ်ပါ။) ဗေသလမှာ ၂၅ နှစ်နီးပါး အမှုဆောင်ခဲ့တဲ့ ဖိလစ်နဲ့ မေရီတို့အကြောင်း သုံးသပ်ကြည့်ပါ။ ဗေသလက ထွက်ပြီးနောက်ပိုင်း နှစ်ယောက်စလုံးရဲ့ အမေတွေနဲ့ ဆွေမျိုးတစ်ယောက် လေးလအတွင်း သေဆုံးသွားတယ်။ နောက်ပြီး စိတ်ဝေဒနာ ခံစားနေရတဲ့ မေရီ့အဖေကိုလည်း ပြုစုနေရတယ်။
ကောလောသဲ ၁:၁၁ ကို ဖတ်မိတယ်။ ခံရပ်နေတာ မှန်ပေမဲ့ အပြည့်အဝတော့ မဟုတ်သေးဘူး။ ‘ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်’ ဖို့ လိုတယ်။ ဝမ်းမြောက်မှုဆိုတာ ကိုယ့်အခြေအနေအပေါ် မဟုတ်ဘဲ စွမ်းအားတော် သက်ရောက်မှုအပေါ် မူတည်မှန်း ဒီကျမ်းချက်က အမှတ်ရစေတယ်။”
၉ ဖိလစ် ဒီလိုပြောတယ်– “အတော်လေး အဆင်ပြေနေတယ်လို့ ထင်ရပေမဲ့ တစ်ခုခု လိုနေသလိုပဲ။ ကင်းမျှော်စင် ဆောင်းပါးတစ်ခုမှာ၁၀ ဖိလစ်နဲ့ မေရီဟာ ဘုရားအမှုဆောင်ဖို့ ဆက်အာရုံစိုက်လို့ ကောင်းချီးများစွာ ခံစားခဲ့ရတယ်။ ဗေသလက ထွက်ပြီး မကြာခင်မှာပဲ တစ်ပတ်ကို တစ်ကြိမ်ထက်မက သင်ယူချင်တဲ့ သင်အံမှုတွေ ရခဲ့တယ်။ “သူတို့ကြောင့် သိပ်ပျော်ရတယ်။ အားလုံး အဆင်ပြေသွားမှာပါလို့ ယေဟောဝါ ပြောနေသလိုပါပဲ” ဆိုပြီး မေရီ ပြောတယ်။
ယေဟောဝါ ကောင်းချီးပေးနိုင်အောင် လုပ်ဆောင်ပါ
၁၁၊ ၁၂။ (က) ယေဟောဝါ ကောင်းချီးပေးနိုင်အောင် ယောသပ် ဘာလုပ်ဆောင်ခဲ့သလဲ။ (ခ) ယောသပ်ရဲ့ ခံနိုင်ရည်ကြောင့် ဘာကောင်းချီးတွေ ရခဲ့သလဲ။
၁၁ ရုတ်တရက် အပြောင်းအလဲတွေ ကြုံရတဲ့အခါ ရှေ့ရေးတွေးပြီး စိုးရိမ်မိနိုင်တယ်။ ယောသပ် အဲဒီလိုဖြစ်နိုင်တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်။ ပေါတိဖာဆီမှာလိုပဲ ထောင်ထဲမှာလည်း ထောင်မှူးပေးအပ်တဲ့ တာဝန်တိုင်းကို ကြိုးစားလုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် ယေဟောဝါ ကောင်းချီးပေးနိုင်ခဲ့တယ်။—က. ၃၉:၂၁-၂၃။
၁၂ တစ်နေ့၊ ဖာရောရဲ့ နန်းတွင်းအရာရှိ နှစ်ဦးကို ကြည့်ပေးဖို့ ယောသပ် တာဝန်ရတယ်။ နှစ်ယောက်စလုံးက အခက်အခဲတွေနဲ့ စိတ်ရှုပ်စရာ အိပ်မက်တွေအကြောင်း သဘောကောင်းတဲ့ ယောသပ်ကို ပြောပြကြတယ်။ (က. ၄၀:၅-၈) ဒါဟာ ထောင်ကလွတ်ဖို့ လမ်းစဖြစ်မှန်း အဲဒီတုန်းက ယောသပ် မသိဘူး။ နှစ်နှစ်ကြာပြီးနောက် ထောင်ထဲကလွတ်လာပြီး နိုင်ငံမှာ ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်လာတယ်။—က. ၄၁:၁၊ ၁၄-၁၆၊ ၃၉-၄၁။
၁၃။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ယေဟောဝါ ကောင်းချီးပေးနိုင်အောင် ဘာလုပ်နိုင်သလဲ။
၁၃ ကျွန်တော်တို့လည်း ယောသပ်လို ကိုယ်မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေ ကြုံရနိုင်တယ်။ ဒါပေမဲ့ စိတ်ရှည်ပြီး လက်ရှိအခြေအနေမှာ အကောင်းဆုံး လုပ်ဆောင်မယ်ဆိုရင် ယေဟောဝါ ကောင်းချီးပေးပါလိမ့်မယ်။ (ဆာ. ၃၇:၅) “ကြံရာမရဖြစ်နေပေမဲ့ ထွက်ပေါက်မရှိဘဲ မနေပါဘူး” လို့ တမန်တော်ပေါလု ပြောခဲ့တယ်။ (၂ ကော. ၄:၈) အမှုဆောင်လုပ်ငန်းကို အာရုံစိုက်နေမယ်ဆိုရင် ယေဟောဝါ ကူညီပါလိမ့်မယ်။
အမှုဆောင်လုပ်ငန်းကို အာရုံစိုက်ပါ
၁၄-၁၆။ သတင်းကောင်းဟောသူ ဖိလိပ္ပုဟာ အခြေအနေတွေ ပြောင်းလဲချိန်မှာတောင် အမှုဆောင်လုပ်ငန်းကို ဘယ်လို အာရုံစိုက်ခဲ့သလဲ။
၁၄ သတင်းကောင်းဟောသူ ဖိလိပ္ပုဟာ အခြေအနေ အပြောင်းအလဲတွေကြား အမှုဆောင်လုပ်ငန်းကို အာရုံစိုက်ခဲ့တယ်။ ဂျေရုဆလင်မြို့မှာ သူ တာဝန်အသစ်တစ်ခု ရတယ်။ (တ. ၆:၁-၆) ဒါပေမဲ့ အခြေအနေတွေ ပြောင်းလဲသွားတယ်။ သတေဖန် အသတ်ခံရပြီးတဲ့နောက် * ခရစ်ယာန်တွေ နှိပ်စက်ညှဉ်းပန်းခံရပြီး တကွဲတပြား ဖြစ်သွားတယ်။ ဖိလိပ္ပုကတော့ အမှုဆောင်လုပ်ငန်းကို ဆက်အာရုံစိုက်ပြီး သတင်းကောင်း မဟောရသေးတဲ့ ရှမာရိမြို့ကို ပြောင်းသွားတယ်။—မ. ၁၀:၅။ တ. ၈:၁၊ ၅။
၁၅ စွမ်းအားတော် စေလွှတ်တဲ့ ဘယ်နေရာကိုမဆို ဖိလိပ္ပု သွားချင်တဲ့အတွက် နယ်မြေသစ်တွေ ဖွင့်ဖို့ ယေဟောဝါ အသုံးပြုခဲ့တယ်။ ဂျူးတွေက ရှမာရိလူတွေကို အထင်သေးပေမဲ့ ဖိလိပ္ပုကတော့ မခွဲခြားဘဲ ဟောပြောတဲ့အတွက် သူတို့ “အာရုံစိုက်နားထောင်” ခဲ့ကြတယ်။—တ. ၈:၆-၈။
၁၆ အဲဒီနောက် လူမျိုးခြားတွေ နေထိုင်တဲ့ အာဇုတ်နဲ့ ကဲသရိမြို့ကို သွားဖို့ ဖိလိပ္ပုကို စွမ်းအားတော် လမ်းညွှန်တယ်။ (တ. ၈:၃၉၊ ၄၀) ရှမာရိမှာ စဟောပြီး နှစ်ပေါင်း ၂၀ လောက်ကြာတဲ့အခါ ဖိလိပ္ပုရဲ့ အခြေအနေ ပြောင်းသွားပြန်တယ်။ အခု အိမ်ထောင်ကျပြီး ကဲသရိမြို့မှာ အခြေကျနေပြီ။ အခြေအနေ ပြောင်းသွားပေမဲ့ အမှုဆောင်လုပ်ငန်းကို ဆက်အာရုံစိုက်တဲ့အတွက် မိသားစုလိုက် ယေဟောဝါရဲ့ ကောင်းချီး ခံစားခဲ့ရတယ်။—တ. ၂၁:၈၊ ၉။
၁၇၊ ၁၈။ အမှုဆောင်လုပ်ငန်းကို အာရုံစိုက်တာက အပြောင်းအလဲတွေကြား ဟန်ချက်ညီဖို့ ဘယ်လို ကူညီနိုင်သလဲ။
၁၇ အမှုဆောင်လုပ်ငန်းကို အာရုံစိုက်တာက အခြေအနေ အပြောင်းအလဲတွေကြား ဟန်ချက်ညီဖို့ ကူညီပေးတယ်လို့ အချိန်ပြည့်အမှုဆောင်တွေ ပြောကြတယ်။ တောင်အာဖရိက,က အောဇဘွန်နဲ့ ပိုလိုက်တို့ ဇနီးမောင်နှံဟာ ဗေသလက ထွက်တာနဲ့ အချိန်ပိုင်းအလုပ်နဲ့ နေစရာ ရမယ်လို့ ထင်ခဲ့တာ။ “မျှော်လင့်ထားသလို ချက်ချင်း အလုပ် ရှာမရဘူး” လို့ အောဇဘွန် ပြောတယ်။ “သုံးလလောက် အလုပ်လက်မဲ့ဖြစ်နေတယ်။ စုဆောင်းထားတာလည်း မရှိတော့ သိပ်ခက်တယ်” လို့ ပိုလိုက် ပြောတယ်။
၁၈ ဒီအခြေအနေကို ရင်ဆိုင်ဖို့ သူတို့ကို ဘာက ကူညီပေးသလဲ။ “အသင်းတော်နဲ့အတူ ဟောပြောခြင်းက
အာရုံမပျံ့လွင့်ဖို့၊ အပြုသဘောရှိဖို့ ကူညီပေးတယ်။ ထိုင်ပြီး တွေးပူနေမယ့်အစား ဟောပြောခြင်းမှာ စိတ်နှစ်ထားလို့ သိပ်ပျော်ခဲ့ရတယ်။ အလုပ်ကိုလည်း ကြိုးစားရှာတဲ့အတွက် နောက်ဆုံး ရသွားတယ်” လို့ အောဇဘွန် ပြောတယ်။ယေဟောဝါကို စိတ်ရှည်စွာ စောင့်ဆိုင်းပါ
၁၉-၂၁။ (က) စိတ်ငြိမ်သက်မှု ဆက်ရှိအောင် ဘာက ကူညီပေးမလဲ။ (ခ) အခြေအနေသစ်နဲ့အညီ အလိုက်သင့်ပြောင်းလဲရင် ဘာအကျိုး ရနိုင်သလဲ။
၁၉ လက်ရှိအခြေအနေမှာ အကောင်းဆုံး လုပ်ဆောင်ပြီး ယေဟောဝါကို ယုံကြည်စိတ်ချစွာ စောင့်ဆိုင်းမယ်ဆိုရင် စိတ်ငြိမ်သက်မှုကို ဆက်ထိန်းနိုင်ကြောင်း အထက်ပါ ပုံနမူနာတွေက ဖော်ပြတယ်။ (မိက္ခာ ၇:၇ ကိုဖတ်ပါ။) အခြေအနေသစ်နဲ့အညီ အလိုက်သင့် ပြောင်းလဲခြင်းက ယေဟောဝါနဲ့ ပိုရင်းနှီးစေကြောင်းလည်း သိလာနိုင်တယ်။ “အခက်အခဲတွေကြား ယေဟောဝါကို အားကိုးခြင်းက ဘာကို ဆိုလိုမှန်း သိလာတယ်။ ဘုရားနဲ့ ပိုရင်းနှီးလာတယ်” လို့ ပိုလိုက် ပြောတယ်။
၂၀ အထက်မှာ ဖော်ပြခဲ့တဲ့ မေရီဟာ ရှေ့ဆောင်လုပ်ရင်း သက်ကြီးရွယ်အို ဖခင်ကို ပြုစုတယ်။ “စိုးရိမ်လာတဲ့အခါ စိတ်ငြိမ်ငြိမ်ထားပြီး ဆုတောင်းတတ်လာတယ်။ ပြဿနာတွေကို ယေဟောဝါလက်ထဲ အပ်ထားဖို့ဆိုတဲ့ အရေးကြီးဆုံး သင်ခန်းစာကို သိလာတယ်။ အဲဒီလိုလုပ်ဖို့ ရှေ့လျှောက်လည်း လိုနေဦးမှာ” လို့ သူပြောတယ်။
၂၁ အခြေအနေ အပြောင်းအလဲတွေက မမျှော်လင့်ထားတဲ့နည်းနဲ့ ယုံကြည်ခြင်း စမ်းသပ်မှု ဖြစ်စေခဲ့တယ်လို့ ဆောင်းပါးအစမှာပါတဲ့ လွိုက်နဲ့ အလက်ဇန်ဒရာ ပြောတယ်။ “ယုံကြည်ခြင်း စမ်းသပ်မှုတွေက ကိုယ့်ယုံကြည်ခြင်း ဘယ်လောက် စစ်မှန်ပြီး ခက်ခဲချိန်မှာ ဘယ်လောက် အားပေးထောက်မနိုင်ကြောင်း သိလာစေတယ်။ စိတ်ထားပိုကောင်းသူတွေ ဖြစ်လာစေတယ်” လို့ပြောတယ်။
၂၂။ လက်ရှိအခြေအနေမှာ အကောင်းဆုံး လုပ်ဆောင်သွားရင် ဘာကိုစိတ်ချနိုင်သလဲ။
၂၂ ဘဝမှာ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ ကြုံရနိုင်တယ်။ တာဝန်ပြောင်းတာ၊ ကျန်းမာရေး ချို့ယွင်းတာ၊ မိသားစုတာဝန်သစ် ရလာတာတွေ ဖြစ်နိုင်တယ်။ သင့်ကို ယေဟောဝါ ဂရုစိုက်ကြောင်း၊ အချိန်ကိုက် ကူညီမှာဖြစ်ကြောင်း စိတ်ချပါ။ (ဟီ. ၄:၁၆။ ၁ ပေ. ၅:၆၊ ၇) လက်ရှိအခြေအနေမှာ အကောင်းဆုံး ကြိုးစားပါ။ ဘုရားဆီ ဆုတောင်းပါ။ အရာရာကို ဘုရားလက်ထဲ ပုံအပ်ဖို့ သင်ယူပါ။ ဒါဆိုရင် အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ စိတ်ငြိမ်သက်မှုကို ဆက်ထိန်းထားနိုင်ပါလိမ့်မယ်။
^ အပိုဒ်၊ 4 နောက်ပိုင်းမှာ ယောသပ်က ‘ငါကြုံရတဲ့ဆင်းရဲဒုက္ခတွေကို ဘုရားသခင် မေ့ပျောက်စေပြီ’ လို့ပြောပြီး သားဦးကို မနာရှေလို့ နာမည်ပေးတယ်။ မိမိကို နှစ်သိမ့်ပေးဖို့ ဒီသားကို ယေဟောဝါ ပေးမှန်း ယောသပ် နားလည်တာ ထင်ရှားတယ်။—က. ၄၁:၅၁၊ အောက်ခြေမှတ်ချက်။
^ အပိုဒ်၊ 14 ဒီစာစောင်ထဲက “သင် သိပါသလား” ဆောင်းပါးကို ကြည့်ပါ။