မှန်တဲ့စကားကို ပြောပါ
“အချင်းချင်း မှန်သောစကားကိုပဲ ပြောကြပါ။”—ဇာ. ၈:၁၆။
၁၊ ၂။ လူတွေကို အန္တရာယ်အပေးဆုံးအရာက ဘာလဲ။ ဘယ်သူ စခဲ့သလဲ။
တယ်လီဖုန်း၊ မီးလုံး၊ ကား၊ ရေခဲသေတ္တာတွေဟာ နေ့စဉ်ဘဝကို အဆင်ပြေစေတဲ့ တီထွင်မှုတချို့ ဖြစ်တယ်။ သေနတ်၊ မြေမြှုပ်ဗုံး၊ ဆေးလိပ်၊ အဏုမြူဗုံးတွေကတော့ အသက်အန္တရာယ်ဖြစ်စေတဲ့ တီထွင်မှုတွေ ဖြစ်တယ်။ ဒါပေမဲ့ လူတွေကို အန္တရာယ်အပေးဆုံးအရာတစ်ခု ရှိတယ်။ အဲဒါက လိမ်လည်ခြင်း၊ တခြားသူကို လှည့်ဖြားဖို့ မဟုတ်မမှန် ပြောဆိုခြင်းပါပဲ။ ဦးဆုံးလိမ်ညာသူက ဘယ်သူလဲ။ “မာရ်နတ်” ကို “မုသားရဲ့အဖ” လို့ ယေရှုခရစ် ပြောခဲ့တယ်။ (ယောဟန် ၈:၄၄ ကိုဖတ်ပါ။) ဘယ်အချိန်မှာ ဦးဆုံး လိမ်ညာခဲ့သလဲ။
၂ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက အာဒံနဲ့ ဧဝဟာ ဖန်ဆင်းရှင် ပြင်ဆင်ပေးတဲ့ ဧဒင်ဥယျာဉ်မှာ နေထိုင်ခဲ့ကြတယ်။ “အကောင်းအဆိုး သိကျွမ်းရာအပင်ရဲ့ အသီးကို” စားရင် သေမယ်လို့ ဘုရား မှာထားတယ်။ ဒါကို စာတန် သိပြီး “မင်းတို့ လုံးဝ သေမှာ မဟုတ်ဘူး။ တကယ်တော့ အဲဒီအသီးကို စားတဲ့နေ့မှာပဲ မျက်စိပွင့်လာမယ်၊ အကောင်းအဆိုးကို သိလာပြီး ဘုရားလို ဖြစ်လာမယ်ဆိုတာ ဘုရားသခင် သိတယ်” လို့ မြွေကတစ်ဆင့် ဧဝကို ပြောတယ်။ ဒါဟာ ဦးဆုံး လိမ်လည်မှုပါပဲ။—က. ၂:၁၅-၁၇။ ၃:၁-၅။
၃။ စာတန့်လိမ်ညာမှုကို ယုတ်မာတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ ဘာအကျိုးဆက် ရသလဲ။
၃ ဧဝ ယုံပြီး စားလိုက်ရင် သေမယ်ဆိုတာ သိရက်နဲ့ လိမ်ပြောတဲ့အတွက် က. ၃:၆။ ၅:၅) ‘လူအားလုံးလည်း’ အပြစ်ကြောင့် “သေဆုံးကြရတယ်။” “သေခြင်းက ဘုရင်တစ်ပါးလို ကြီးစိုးခဲ့တယ်။ အာဒံ အပြစ်ကျူးလွန်ခဲ့သလို မကျူးလွန်တဲ့သူတွေကိုတောင် ကြီးစိုးခဲ့တယ်။” (ရော. ၅:၁၂၊ ၁၄) လူတွေဟာ ဘုရားရည်ရွယ်ခဲ့တဲ့ ပြည့်ဝစုံလင်တဲ့ ထာဝရအသက်အစား ‘အနှစ် ၇၀၊ သန်မာလှရင်တော့ အနှစ် ၈၀’ ပဲ အသက်ရှင်ကြရတယ်။ ဒါတောင် ဘဝဟာ “ဒုက္ခတွေ၊ ဝမ်းနည်းစရာတွေနဲ့ပဲ ပြည့်နေ” တယ်။ (ဆာ. ၉၀:၁၀) စာတန့်လိမ်ညာမှုရဲ့ အကျိုးဆက်ပါပဲ။
စာတန် သိပ်ယုတ်မာတယ်။ အာဒံနဲ့ ဧဝဟာ ဘုရားစကား နားမထောင်လို့ သေခဲ့ရတယ်။ (၄။ (က) ဘယ်မေးခွန်းတွေ သုံးသပ်ကြမလဲ။ (ခ) ဆာလံ ၁၅:၁၊ ၂ အရ ဘယ်သူတွေပဲ ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်နိုင်သလဲ။
၄ စာတန်မှာ ‘အမှန်တရား မရှိတဲ့အတွက် အမှန်တရားမှာ တည်မြဲမနေဘူး’ လို့ ယေရှု ပြောတယ်။ စာတန်ဟာ “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စား” နေတုန်းပါပဲ။ (ဗျာ. ၁၂:၉) သူ့ရဲ့ လှည့်ဖြားမှုကို ကျွန်တော်တို့ မခံချင်ကြဘူး။ အာဒံနဲ့ ဧဝလို ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း မပျက်စီးချင်ကြဘူး။ ဒါကြောင့် မေးခွန်းသုံးခုကို သုံးသပ်ကြည့်ကြစို့– လူတွေကို စာတန် ဘယ်လို လှည့်ဖြားနေသလဲ။ လူတွေ ဘာကြောင့် လိမ်ညာကြသလဲ။ အမြဲ “ဟုတ်တိုင်းမှန်ရာ ပြော” ကြောင်း ဘယ်လို ပြနိုင်သလဲ။—ဆာလံ ၁၅:၁၊ ၂ ကိုဖတ်ပါ။
လူတွေကို စာတန် လှည့်ဖြားပုံ
၅။ လူတွေကို စာတန် ဘယ်လို လှည့်ဖြားနေသလဲ။
၅ စာတန်ရဲ့ လှည့်ဖြားမှု မခံရအောင် ကျွန်တော်တို့ ရှောင်နိုင်တယ်။ ‘စာတန်ရဲ့ အကြံအစည်တွေကို မသိတာမှ မဟုတ်တာ’ လို့ တမန်တော် ပေါလု ပြောတယ်။ (၂ ကော. ၂:၁၁) မှားယွင်းတဲ့ ဘာသာရေး၊ အကျင့်ပျက်ခြစားတဲ့ နိုင်ငံရေးနဲ့ လောဘကြီးတဲ့ စီးပွားရေးအပါအဝင် တစ်လောကလုံးကို စာတန် ထိန်းချုပ်ထားတယ်။ (၁ ယော. ၅:၁၉) “လိမ်ညာပြောဆို” ဖို့ အာဏာရှိသူတွေကို စာတန်နဲ့ နတ်ဆိုးတွေ သွေးထိုးပေးကြတယ်။ (၁ တိ. ၄:၁၊ ၂) ဥပမာ၊ စီးပွားရေးသမားတွေက အန္တရာယ်ရှိတဲ့ ကုန်ပစ္စည်းတွေ ထုတ်ပြီး ကြော်ငြာတွေနဲ့ လိမ်လည်လှည့်စားနေတယ်။
၆၊ ၇။ (က) ဘာသာရေးခေါင်းဆောင်တွေရဲ့ လိမ်ညာမှုက ဘာကြောင့် အပြစ်ကြီးသလဲ။ (ခ) ဘာသာရေးခေါင်းဆောင်တွေ ပြောတဲ့ အလိမ်အညာတချို့က ဘာတွေလဲ။
၆ ဘာသာရေးခေါင်းဆောင်တွေရဲ့ လိမ်လည်မှုဟာ အပြစ်အကြီးဆုံးပဲ။ သူတို့ရဲ့ သွန်သင်ချက်အမှားတွေကို ယုံပြီး ဘုရား မနှစ်သက်တာကို လုပ်မိတဲ့အခါ လူတွေ ထာဝရအသက် ဆုံးရှုံးနိုင်လို့ပဲ။ (ဟော. ၄:၉) ယေရှုခေတ်က ဘာသာရေးခေါင်းဆောင်တွေလည်း လူတွေကို လှည့်ဖြားခဲ့တယ်။ ဒါကြောင့် “သူတော်ကောင်း ယောင်ဆောင်တဲ့ ကျမ်းတတ်နဲ့ ဖာရိရှဲတို့၊ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ ခင်ဗျားတို့က လူတစ်ယောက် ဘာသာပြောင်းဝင်လာအောင် ကုန်းတစ်တန်၊ ရေတစ်တန် သွားတတ်ကြတယ်။ ဘာသာပြောင်းဝင်လာတဲ့အခါ ကိုယ့်ထက် နှစ်ဆ ဂေဟင်နာ [ထာဝရဖျက်ဆီးခြင်း] ရောက်ထိုက်သူ ဖြစ်စေကြတယ်” လို့ ယေရှု တဲ့တိုးပြောခဲ့တယ်။ (မ. ၂၃:၁၅၊ အောက်ခြေမှတ်ချက်) ဘာသာရေးခေါင်းဆောင်တွေကို ယေရှု ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တယ်။ သူတို့ရဲ့ အဖေဟာ ‘လူ့အသက်သတ်တဲ့ မာရ်နတ်’ ပါပဲ။—ယော. ၈:၄၄။
၇ ပါစတာ၊ ဘုန်းကြီး၊ ရဗ္ဗိ၊ ဆာမိ စတဲ့ ဘွဲ့နာမည်ခံယူထားတဲ့ ဘာသာရေးခေါင်းဆောင် များစွာရှိတယ်။ သူတို့ဟာ ဖာရိရှဲတွေလိုပဲ ကျမ်းစာ အမှန်တရားကို မသွန်သင်ဘဲ “အလိမ်အညာစကားတွေကို” သွန်သင်ပေးကြတယ်။ (ရော. ၁:၁၈၊ ၂၅) မီးငရဲ၊ ဝိညာဉ်မသေ၊ လူဝင်စားစတဲ့ သွန်သင်ချက်အမှားတွေအပြင် လိင်တူလက်ထပ်တာကို ဘုရားလက်ခံတယ်ဆိုတဲ့ အယူအဆအမှားကို လက်ခံအားပေးကြတယ်။
၈။ နိုင်ငံရေးခေါင်းဆောင်တွေ ဘယ်လို လိမ်ညာကြဦးမလဲ။ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်သင့်သလဲ။
၈ နိုင်ငံရေးခေါင်းဆောင်တွေလည်း လူတွေကို လှည့်ဖြားကြတယ်။ သူတို့ပြောဦးမယ့် အကြီးမားဆုံး လိမ်ညာမှုတစ်ခုက “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြွေးကြော်ချက်ပဲ။ အဲဒီအချိန်မှာပဲ ‘မျှော်လင့်မထားတဲ့ ပျက်စီးခြင်းဘေးက သူတို့အပေါ် ရုတ်တရက် ရောက်လာလိမ့်မယ်။’ ဒီစနစ်ရဲ့ အခြေအနေမှန်အကြောင်း နိုင်ငံရေးခေါင်းဆောင်တွေ လျှော့ပေါ့ပြောတာကို မယုံသင့်ဘူး။ “ယေဟောဝါရဲ့နေ့ဟာ ညအချိန်မှာ သူခိုးလာသလို လာလိမ့်မယ်” ဆိုတာ ကျွန်တော်တို့ “ကောင်းကောင်း သိထား” ကြတယ်။—လူတွေ ဘာကြောင့် လိမ်ညာကြသလဲ
၉၊ ၁၀။ (က) လူတွေ ဘာကြောင့် လိမ်ညာကြသလဲ။ အကျိုးဆက်က ဘာတွေလဲ။ (ခ) ယေဟောဝါနဲ့ပတ်သက်ပြီး ဘာကို အမှတ်ရသင့်သလဲ။
၉ တီထွင်မှုအသစ်ကို လူကြိုက်များလာတဲ့အခါ အများကြီး ထုတ်လုပ်ကြတယ်။ လိမ်ညာမှုလည်း အဲဒီလိုပဲ။ ဩဇာအာဏာရှိသူတွေလောက်ပဲ လိမ်ညာကြတာ မဟုတ်ဘူး။ စာရေးဆရာ ဘတ်တာချာဂျီက ‘ဘာကြောင့် လိမ်ညာကြ’ ဆောင်းပါးမှာ “လိမ်ညာမှုဟာ လူတွေဆီမှာ အမြစ်စွဲနေပြီ” လို့ ရေးခဲ့တယ်။ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ အပြစ်တွေကို ဖုံးဖို့၊ စီးပွားရေး အကျိုးအမြတ်ရဖို့ လိမ်လည်ကြတယ်။ “သူစိမ်း၊ အလုပ်ဖော်၊ မိတ်ဆွေ၊ ချစ်ရသူတွေကိုတောင် ကိစ္စကြီးငယ်မရွေး လိမ်ညာကြတယ်” ဆိုပြီး ဆောင်းပါးမှာ ဆက်ဖော်ပြတယ်။
၁၀ လိမ်ညာမှုရဲ့ အကျိုးဆက်က ဘာတွေလဲ။ ယုံကြည်မှု၊ ခင်မင်မှု ပျက်သွားနိုင်တယ်။ ဥပမာ၊ ဇနီးဖြစ်သူ အကျင့်ပျက်တာကို ဖုံးကွယ်ထားမှန်း ယောက်ျားသိတဲ့အခါ သိပ်စိတ်ထိခိုက်သွားမှာပဲ။ ယောက်ျားက သားမယားကို ကွယ်ရာမှာ နှိပ်စက်ပြီး လူရှေ့မှာတော့ သူတော်ကောင်းယောင်ဆောင်တာလည်း စိတ်ပျက်စရာပဲ။ သူတို့က လူတွေကို လှည့်စားနိုင်ပေမဲ့ ယေဟောဝါကိုတော့ မလှည့်စားနိုင်မှန်း ကျွန်တော်တို့ သိသင့်တယ်။ ဘုရားရှေ့မှာ “အရာအားလုံးဟာ ဖုံးကွယ်မနေဘဲ အထင်အရှား မြင်နေရတယ်။”—ဟီ. ၄:၁၃။
၁၁။ အာနနိနဲ့ ရှဖိရေတို့ရဲ့ မကောင်းတဲ့ ပုံသက်သေကနေ ဘာသင်ယူနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၁၁ ဥပမာ၊ ပထမရာစုတုန်းက ဘုရားကို လိမ်ပြောဖို့ အာနနိနဲ့ ရှဖိရေကို စာတန် သွေးထိုးခဲ့တယ်။ တမန်တော်တွေကို သူတို့ လှည့်စားတယ်။ မြေရောင်းလို့ရတဲ့ ငွေတချို့ကိုပဲ တမန်တော်တွေဆီ အပ်တယ်။ သိပ်ရက်ရောတယ်ဆိုတဲ့ နာမည်ကောင်း လိုချင်လို့ အားလုံးပေးတယ်ဆိုပြီး လိမ်ပြောတယ်။ ဒါပေမဲ့ သူတို့လိမ်ပြောတာကို ယေဟောဝါ သိပြီး ဒဏ်ပေးခဲ့တယ်။—တ. ၅:၁-၁၀။
၁၂။ နောင်တမယူတဲ့ လိမ်ညာသူတွေ ဘာဖြစ်သွားမလဲ။ ဘာကြောင့်လဲ။
၁၂ လိမ်ညာတာကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။ စာတန်ကိုသာမက နောင်တမယူတဲ့ လိမ်လည်သူတွေကို “မီးအိုင်” ထဲ ချပစ်ပါလိမ့်မယ်။ (ဗျာ. ၂၀:၁၀။ ၂၁:၈။ ဆာ. ၅:၆) လိမ်ညာသူတွေဟာ “ဘုရားရဲ့အမြင်မှာ ရွံမုန်းစရာအကျင့် ကျင့်သူတွေ” နဲ့ တန်းတူပဲ။—ဗျာ. ၂၂:၁၅၊ အောက်ခြေမှတ်ချက်။
၁၃။ ယေဟောဝါအကြောင်း ဘာသိရသလဲ။ အဲဒါက ဘာလုပ်ဖို့ လှုံ့ဆော်ပေးသလဲ။
၁၃ “ဘုရားသခင်ဟာ လူတွေလို မလိမ်တတ်” ဘူး။ “ဘုရားသခင်ဘက်က မုသားပြောဖို့ဆိုတာ မဖြစ်နိုင်ဘူး။” (တော. ၂၃:၁၉။ ဟီ. ၆:၁၈) “လိမ်တတ်တဲ့လျှာ” ကို ယေဟောဝါ မုန်းတယ်။ (ပညာ. ၆:၁၆၊ ၁၇) ဘုရားရဲ့ မျက်နှာသာရချင်ရင် မှန်ရာကိုပဲ ပြောရမယ်။ ဒါကြောင့် ကျွန်တော်တို့ “အချင်းချင်း မလိမ်ကြ” ဘူး။—ကော. ၃:၉။
“မှန်သောစကားကိုပဲ ပြောကြပါ”
၁၄။ (က) ခရစ်ယာန်အစစ်နဲ့ အတုရဲ့ ကွာခြားချက်ဟာ ဘာလဲ။ (ခ) လုကာ ၆:၄၅ မှာပါတဲ့ မူကို ရှင်းပြပါ။
၁၄ ခရစ်ယာန်အစစ်နဲ့ အတုရဲ့ ကွာခြားချက်ဟာ ဘာလဲ။ ခရစ်ယာန်စစ်တွေက “မှန်သောစကားကိုပဲ ပြော” ကြတယ်။ (ဇာခရိ ၈:၁၆၊ ၁၇ ကိုဖတ်ပါ။) ‘ဘုရားသခင်ရဲ့ အမှုဆောင်သူတွေဖြစ်မှန်း မှန်သောစကားကို ပြောခြင်းအားဖြင့် ဖော်ပြတယ်’ လို့ ပေါလု ပြောတယ်။ (၂ ကော. ၆:၄၊ ၇) “စိတ်ထဲရှိသမျှ နှုတ်ကနေ ထွက်လာတတ်” တယ်လို့ ယေရှု ပြောတယ်။ (လု. ၆:၄၅) လူတစ်ယောက်ရဲ့ စိတ်ထဲမှာ ကောင်းတာရှိရင် နှုတ်ကနေ ကောင်းတဲ့စကားပဲ ထွက်လာမယ်။ သူစိမ်း၊ အလုပ်ဖော်၊ မိတ်ဆွေ၊ ချစ်ရသူတွေကို မှန်ရာပဲ ပြောမယ်။ အရာရာမှာ ရိုးသားဖို့ ကြိုးစားနိုင်ပုံ ဥပမာတချို့ကို သုံးသပ်ကြည့်ကြစို့။
၁၅။ (က) ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး လုပ်ခြင်းက ဘာကြောင့် မှားသလဲ။ (ခ) မကောင်းတဲ့ ရွယ်တူချင်းတွေရဲ့ ဖိအားကို ဘယ်လို တွန်းလှန်နိုင်မလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)
၁၅ သင်ဟာ ရွယ်တူတွေကြား ဝင်ဆံ့ချင်တဲ့ လူငယ်တစ်ယောက်လား။ ဒါဆို လူငယ်တချို့လို ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး မလုပ်မိအောင် ကြိုးစားပါ။ သူတို့က မိသားစုနဲ့ အသင်းတော်မှာတော့ ကိုယ်ကျင့်တရား စင်ကြယ်ဟန်ဆောင်ပြီး လောကလူငယ်တွေကြားမှာ၊ လူမှုမီဒီယာမှာတော့ လုံးဝ တခြားစီဖြစ်နေကြတယ်။ ညစ်ညမ်းတဲ့စကားတွေ ပြော၊ ဣန္ဒြေမဲ့စွာ ဝတ်ဆင်၊ မကောင်းတဲ့ သီချင်းတွေ နားထောင်၊ အရက်မူး၊ မူးယစ်ဆေးသုံး၊ ခိုးကြောင်ခိုးဝှက် ရည်းစားထားစတဲ့ မကောင်းတာတွေ လုပ်ကြတယ်။ ဘုရားကိုရော မိဘနဲ့ ညီအစ်ကို/မတွေကိုပါ လိမ်ညာနေကြတယ်။ (ဆာ. ၂၆:၄၊ ၅) ကျွန်တော်တို့က ဘုရားကို ‘နှုတ်နဲ့ပဲ ရိုသေပြီး စိတ်ကတော့ ဝေး’ နေရင် ဘုရား သိတယ်။ (မာ. ၇:၆) ‘အပြစ်လုပ်သူတွေကို စိတ်ထဲမှာ အားမကျနဲ့။ ယေဟောဝါကိုသာ အမြဲ ကြောက်ရွံ့ရိုသေပါ’ ဆိုတဲ့ ကျမ်းစကားကို လိုက်နာတာ ပညာရှိရာရောက်တယ်။—ပညာ. ၂၃:၁၇။ *
၁၆။ အချိန်ပြည့်လုပ်ငန်းအတွက် လျှောက်လွှာမှာ မေးခွန်းတွေကို ဘယ်လို ဖြည့်သင့်သလဲ။
၁၆ မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်ချင်သလား။ ဗေသလစတဲ့ အထူးအချိန်ပြည့်လုပ်ငန်း တစ်မျိုးမျိုးမှာ ပါဝင်ချင်သလား။ လျှောက်လွှာဖြည့်တဲ့အခါ ကျန်းမာရေး၊ ဖျော်ဖြေရေး၊ အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့ ဟီ. ၁၃:၁၈) မသန့်ရှင်းတဲ့ သံသယဖြစ်ဖွယ် အကျင့်တွေ လုပ်ခဲ့ဖူးပြီး အကြီးအကဲတွေကို မပြောဘဲထားသလား။ သိစိတ် ကြည်လင်စွာ အမှုဆောင်နိုင်အောင် သူတို့ရဲ့ အကူအညီကို ရယူပါ။—ရော. ၉:၁။ ဂလ. ၆:၁။
မေးခွန်းတွေကို ရိုးသားမှန်ကန်စွာ ဖြေဖို့ အရေးကြီးတယ်။ (၁၇။ ညီအစ်ကိုတွေအကြောင်း မေးမြန်းလာရင် ဘာလုပ်သင့်သလဲ။
၁၇ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားတဲ့နိုင်ငံမှာ အာဏာပိုင်တွေက ညီအစ်ကိုတွေအကြောင်း မေးမြန်းလာရင် ဘာလုပ်သင့်သလဲ။ သိသမျှအားလုံး ပြောသင့်သလား။ ရောမဘုရင်ခံ စစ်မေးတဲ့အခါ ယေရှု ဘာလုပ်ခဲ့သလဲ။ “နှုတ်ဆိတ်နေရတဲ့အချိန်နဲ့ စကားပြောရတဲ့အချိန် ရှိတယ်” ဆိုတဲ့ ကျမ်းစာမူအတိုင်း တစ်ခါတလေ ဘာမှ ပြန်မပြောခဲ့ဘူး။ (ဒေ. ၃:၁၊ ၇။ မ. ၂၇:၁၁-၁၄) အဲဒီလိုအခြေအနေမျိုးမှာ ညီအစ်ကိုတွေ အန္တရာယ်မဖြစ်အောင် သတိပညာရှိတာ အကောင်းဆုံးပဲ။—ပညာ. ၁၀:၁၉။ ၁၁:၁၂။
၁၈။ ညီအစ်ကိုတွေအကြောင်း အကြီးအကဲတွေ မေးတဲ့အခါ ဘာလုပ်သင့်သလဲ။
၁၈ အသင်းတော်မှာ တစ်ယောက်ယောက် ကြီးလေးတဲ့အပြစ် ကျူးလွန်တာကို သင် သိထားတယ်ဆိုရင်ကော။ ကိုယ်ကျင့်တရား စင်ကြယ်ရေးအတွက် တာဝန်ရှိတဲ့ အကြီးအကဲတွေက သင့်ကို မေးမြန်းလာနိုင်တယ်။ အထူးသဖြင့် ဒီကိစ္စမှာ ဆွေမျိုးမိတ်ဆွေတွေ ပါဝင်ပတ်သက်နေရင် ဘယ်လိုလုပ်မလဲ။ “သစ္စာရှိတဲ့သက်သေက မှန်တာကို ပြောတတ်တယ်။” (ပညာ. ၁၂:၁၇။ ၂၁:၂၈) အကြီးအကဲတွေကို သင် သိသမျှအားလုံး ပြောပြဖို့ တာဝန်ရှိတယ်။ ထိမ်ချန်ထားတာ၊ ဗလောင်းဗလဲပြောတာမျိုး မလုပ်သင့်ဘူး။ အချက်အလက်အားလုံးကို သူတို့ သိပိုင်ခွင့် ရှိတယ်။ ဒါမှ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် အမှားကျူးလွန်သူကို ဘယ်လို ကူညီပေးရမယ်ဆိုတာ သိနိုင်မယ်။—ယာ. ၅:၁၄၊ ၁၅။
၁၉။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၁၉ ‘စိတ်ရင်းနဲ့ ဟုတ်တိုင်းမှန်ရာ ပြောဆိုတာကို ယေဟောဝါ နှစ်သက်တယ်’ ဆိုပြီး ဒါဝိဒ်ပြောတယ်။ (ဆာ. ၅၁:၆) မှန်ရာကို စိတ်ရင်းနဲ့ပြောဖို့ အရေးကြီးကြောင်း ဒါဝိဒ် သိတယ်။ ခရစ်ယာန်စစ်တွေဟာ အမြဲ “မှန်သောစကားကိုပဲ ပြော” ရမယ်။ ဘုရားရဲ့ အမှုဆောင်တွေဖြစ်ကြောင်း ဖော်ပြနိုင်တဲ့ နောက်တစ်နည်းက အမှုဆောင်လုပ်ငန်းမှာ အမှန်တရား သွန်သင်ပေးခြင်းပါပဲ။ အဲဒီအကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးကြမယ်။
^ အပိုဒ်၊ 15 လူငယ်များအမေး—မေးခွန်း ၁၀ ခုအတွက် အဖြေများ ဘရိုရှာမှာပါတဲ့ မေးခွန်း ၆ “ရွယ်တူချင်းတွေရဲ့ ဖိအားကို ဘယ်လို တွန်းလှန်နိုင်မလဲ” ဆောင်းပါးကို ကြည့်ပါ။