လူငယ်တို့၊ ဘုရားရေးရာ ပန်းတိုင်တွေကို အာရုံစိုက်နေသလား
“လုပ်ဆောင်လေသမျှ ယေဟောဝါဆီ ပုံအပ်ထားပါ။ ဒါဆိုရင် အစီအစဉ်တွေ အောင်မြင်လိမ့်မယ်။”—ပညာ. ၁၆:၃။
၁-၃။ (က) လူငယ်တွေ ဘာအခက်အခဲ ကြုံနေရသလဲ။ အဲဒါကို ဘယ်လို ဥပမာပေးနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။) (ခ) ဒီအခက်အခဲကို ခရစ်ယာန်လူငယ်တွေ ဘယ်လိုကျော်လွှားနိုင်မလဲ။
ရပ်ဝေးက မြို့တစ်မြို့ကို အရေးကြီးကိစ္စနဲ့ ခရီးသွားရမယ် ဆိုပါစို့။ ဘတ်စကားနဲ့ သွားရမယ်။ ကားဂိတ်မှာ ခရီးသည်တွေ၊ ကားတွေ အပြည့်ပဲမို့ စိတ်ရှုပ်သွားတယ်။ ဒါပေမဲ့ ကိုယ်သွားချင်တဲ့နေရာကို သေသေချာချာ သိထားလို့ အဲဒီကိုသွားမယ့် ကားပေါ် တက်လိုက်တယ်။ တခြားကားကို စီးမိရင် လိုရာခရီး ရောက်မှာ မဟုတ်ဘူး။
၂ အခုခေတ်လူငယ်တွေကို ခရီးသည်တွေနဲ့ နှိုင်းယှဉ်နိုင်တယ်။ ဆယ်ကျော်သက်တွေဟာ ဘဝခရီးရှည်ကို နှင်နေကြရတယ်။ အခွင့်အလမ်းတွေနဲ့ ဆုံးဖြတ်ရမယ့်အရာတွေကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေနိုင်တယ်။ လူငယ်တို့၊ ဘဝခရီးမှာ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို သိထားမယ်ဆိုရင် ပိုလွယ်ကူလိမ့်မယ်။ ဘာပန်းတိုင် ထားသင့်သလဲ။
၃ ဒီဆောင်းပါးမှာ လူငယ်တွေကို ယေဟောဝါရဲ့ မျက်နှာသာရအောင် အာရုံစိုက်ဖို့ ပန်းတိုင်ထားပါလို့ အားပေးတယ်။ ဆိုလိုတာက ပညာရေး၊ အလုပ်အကိုင်၊ ပညာအလိမ္မာ ၁၆:၃ ကိုဖတ်ပါ။
မိသားစုတာဝန် စတာတွေမှာ ယေဟောဝါကို ထည့်စဉ်းစားဖို့၊ တစ်နည်းအားဖြင့် ဘုရားရေးရာ ပန်းတိုင်ရောက်အောင် ကြိုးစားဖို့ ဖြစ်တယ်။ ယေဟောဝါက အမှုတော်ဆောင်ဖို့ အာရုံစိုက်တဲ့ လူငယ်တွေကို ဘဝမှာ အောင်မြင်ဖို့ ကူညီပေးပါလိမ့်မယ်။—ဘုရားရေးရာ ပန်းတိုင်တွေ ဘာကြောင့် ချသင့်
၄။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၄ ငယ်စဉ်ကတည်းက ဘုရားရေးရာ ပန်းတိုင်တွေ ထားသင့်တယ်။ ဘာကြောင့်လဲ။ အကြောင်းရင်း သုံးခုကို ဆွေးနွေးကြမယ်။ ပထမနှစ်ခုက ဘုရားရေးရာ ပန်းတိုင်တွေ ထားပြီး ကြိုးစားမယ်ဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲစေမယ် ဆိုတဲ့အကြောင်း ဖော်ပြတယ်။ တတိယတစ်ခုကတော့ ငယ်စဉ်ကတည်းက ဘုရားရေးရာ ပန်းတိုင်တွေ ထားခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပေါ်လွင်စေတယ်။
၅။ ဘုရားရေးရာ ပန်းတိုင်တွေထားရတဲ့ အဓိကအကြောင်းရင်းက ဘာလဲ။
၅ ဘုရားရေးရာ ပန်းတိုင်တွေ ထားရတဲ့ အဓိကအကြောင်းရင်းက ယေဟောဝါပြတဲ့ မေတ္တာနဲ့ ဘုရားလုပ်ဆောင်ပေးခဲ့တာတွေကို သိပ်ကျေးဇူးတင်လို့ဖြစ်တယ်။ ဆာလံဆရာက “အို ယေဟောဝါ၊ ကိုယ်တော့်ကို ကျေးဇူးတင် ချီးမွမ်းတာဟာ လျောက်ပတ်လှပါတယ်။ . . . ကိုယ်တော်ရဲ့ လုပ်ရပ်တွေကြောင့် ဝမ်းမြောက်ပါတယ်။ လက်ရာတော်တွေကြောင့် ရွှင်လန်းစွာ သီချင်းဆိုပါတယ်” လို့ ရေးခဲ့တယ်။ (ဆာ. ၉၂:၁၊ ၄) လူငယ်တစ်ယောက်အနေနဲ့ ယေဟောဝါကို ကျေးဇူးတင်စရာအကြောင်းတွေကို စဉ်းစားကြည့်ပါ။ ဥပမာ၊ ကျမ်းစာရထားတာ၊ အသင်းတော်နဲ့ ပူးပေါင်းရတာ၊ ယုံကြည်ခြင်းရှိတာ၊ အသက်ရှင်ခွင့်ရတာ၊ အနာဂတ်မျှော်လင့်ချက် ရှိတာတွေပေါ့။ ဘုရားရေးရာကို ဦးစားထားတာက ရထားတဲ့ကောင်းချီးတွေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့နည်းပဲ။ အဲဒါက ဘုရားနဲ့ ပိုရင်းနှီးစေတယ်။
၆။ (က) ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်တာက ဘယ်လို အကျိုးရှိစေသလဲ။ (ခ) ငယ်ရွယ်စဉ်ကတည်းက ဘာပန်းတိုင်တွေ ထားနိုင်သလဲ။
၆ ဒုတိယအကြောင်းရင်းက ကိုယ်ချထားတဲ့ ဘုရားရေးရာ ပန်းတိုင်တွေမီဖို့ စကြိုးစားတာနဲ့ ယေဟောဝါနှစ်သက်ရာကို စလုပ်လိုက်တာပဲ။ အဲဒါက ကိုယ်တော်နဲ့ ပိုရင်းနှီးစေတယ်။ တမန်တော်ပေါလုက “ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ဘုရားဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို၊ နာမတော်အတွက်ပြတဲ့ မေတ္တာကို ဘယ်တော့မှ မမေ့ပါဘူး”လို့ ကတိပေးတယ်။ (ဟီ. ၆:၁၀) ပန်းတိုင်တွေချဖို့ ငယ်လွန်းတယ်လို့ မထင်ပါနဲ့။ ခရစ္စတင်းဟာ ဆယ်နှစ်အရွယ်မှာ သစ္စာရှိ သက်သေခံတွေရဲ့ ဘဝအတ္ထုပ္ပတ္တိကို မှန်မှန်ဖတ်ဖို့ ပန်းတိုင်ထားထယ်။ ၁၂ နှစ်သား တိုးဘိက နှစ်ခြင်းမခံခင် ကျမ်းစာတစ်အုပ်လုံးကို ပြီးအောင်ဖတ်ဖို့ ပန်းတိုင်ထားတယ်။ မက်ဇင်းနဲ့ ညီမ နောမိ တို့ဟာ အသက် ၁၁ နှစ်နဲ့ ၁၀ နှစ် အရွယ်မှာ နှစ်ခြင်းခံခဲ့တယ်။ နှစ်ယောက်စလုံး ဗေသလမှာ အမှုဆောင်ဖို့ ပန်းတိုင်ထားခဲ့ကြတယ်။ အဲဒါကို မျက်ခြည်မပြတ်ဖို့ သူတို့အခန်းရဲ့ နံရံပေါ်မှာ ဗေသလလျှောက်လွှာကို ကပ်ထားကြတယ်။ သင်လည်း အရေးကြီးတဲ့ပန်းတိုင်ကို ချမှတ်ပြီး ပြည့်မီအောင် ကြိုးစားပါ။—ဖိလိပ္ပိ ၁:၁၀၊ ၁၁ ကိုဖတ်ပါ။
၇၊ ၈။ (က) ပန်းတိုင်ထားတာက ဆုံးဖြတ်ချက်ချဖို့ ဘယ်လို လွယ်ကူစေသလဲ။ (ခ) ဆယ်ကျော်သက်တစ်ဦး တက္ကသိုလ် မတက်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့သလဲ။
၇ ငယ်စဉ်ကတည်းက ပန်းတိုင်တွေထားရတဲ့ တတိယအကြောင်းရင်းက ဘာလဲ။ မြီးကောင်ပေါက် အရွယ်ကတည်းက ပညာရေး၊ အလုပ်အကိုင်နဲ့ တခြားကိစ္စတွေမှာ ဆုံးဖြတ်ချက်တွေ ချဖို့လိုလာတယ်။ အဲဒါက လမ်းဆုံတစ်ခုမှာ လမ်းမှန်ကို ရွေးချယ်တာနဲ့ တူတယ်။ ကိုယ်သွားရမယ့်နေရာကို သိထားမယ်ဆိုရင် လမ်းမှန်ရွေးဖို့ ခက်မှာ မဟုတ်ဘူး။ အဲဒီလိုပဲ ကိုယ့်ပန်းတိုင်ကို သိထားရင် ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ လွယ်ကူပါလိမ့်မယ်။ “ဝီရိယရှိသူရဲ့အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်” လို့ ပညာအလိမ္မာ ၂၁:၅ မှာ ဆိုထားတယ်။ ပန်းတိုင်ကောင်းတွေ စောစောချနိုင်လေ အောင်မြင်မှု မြန်မြန်ရလေပဲ။ ဆယ်ကျော်သက်အရွယ်မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ရတဲ့ ဒမာရိစ် အဲဒီလိုပဲ တွေ့ကြုံခဲ့ရတယ်။
၈ ဒမာရိစ်ဟာ အခြေခံကျောင်းပညာကို အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့တယ်။ တက္ကသိုလ်မှာ ဥပဒေ
ပညာ ဆက်တက်ဖို့ ပညာသင်ဆု ရပေမဲ့ ဘဏ်မှာ အလုပ်ဝင်လုပ်ဖို့ ရွေးချယ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ “စောစောကတည်းက ရှေ့ဆောင်လုပ်ဖို့ ပန်းတိုင်ချပြီးသားပဲ။ အဲဒီအတွက် အချိန်ပိုင်းအလုပ် လုပ်ဖို့လိုတယ်။ ဥပဒေဘွဲ့ရထားရင်တော့ ဝင်ငွေ ကောင်းတာပေါ့။ ဒါပေမဲ့ အချိန်ပိုင်းအလုပ် လုပ်ဖို့ ခက်သွားမယ်” လို့ ဒမာရိစ် ပြောပြတယ်။ အခု သူ ရှေ့ဆောင်လုပ်တာ အနှစ် ၂၀ ရှိနေပြီ။ ဆယ်ကျော်သက်အရွယ်မှာ ချခဲ့တဲ့ ဆုံးဖြတ်ချက် မှားသွားတယ်လို့ သူထင်သလား။ သူဒီလိုပြောပြတယ်– “ဘဏ်မှာ ကျွန်မ ဆက်သွယ်ရတဲ့သူတွေက ရှေ့နေတွေ။ ကျွန်မလည်း ဥပဒေဘွဲ့ရထားခဲ့ရင် သူတို့အလုပ်မျိုး လုပ်ရမှာ။ သူတို့အများစုက အလုပ်မှာ မပျော်ကြဘူး။ ကျွန်မကတော့ ရှေ့ဆောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့လို့ အလုပ်ရဲ့ ဖိစီးမှုမခံရဘဲ ယေဟောဝါရဲ့အမှုတော်မှာ သိပ်ပျော်ရွှင်နေတယ်။”၉။ လူငယ်များစွာကို ဘာကြောင့် ချီးမွမ်းထိုက်သလဲ။
၉ ကမ္ဘာတစ်ဝန်းက အသင်းတော်တွေမှာရှိတဲ့ လူငယ်များစွာကို တကယ်ချီးမွမ်းသင့်ပါတယ်။ ယေဟောဝါကို ဆက်ကပ်အပ်နှံပြီး ဘုရားရေးရာ ပန်းတိုင်တွေ ချထားကြလို့ပဲ။ အဲဒီလူငယ်တွေဟာ သူတို့ရဲ့ ပညာရေး၊ အလုပ်အကိုင်၊ မိသားစုစတဲ့ ဘဝကဏ္ဍတိုင်းမှာ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို ကြိုးစားလိုက်နာရင်း ပျော်ရွှင်မှု အပြည့်အဝ ခံစားနေကြတယ်။ “ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။ ဘာပဲလုပ်လုပ် ဘုရားကို ထည့်စဉ်းစားပါ။ ဘုရားက မင်းရဲ့လမ်းခရီးတွေကို ဖြောင့်ဖြူးစေမယ်” လို့ ရှောလမုန် ပြောခဲ့တဲ့အတိုင်းပါပဲ။ (ပညာ. ၃:၅၊ ၆) အသင်းတော်ထဲမှာရှိတဲ့ လူငယ်တွေကို ယေဟောဝါ သိပ်တန်ဖိုးထား ချစ်မြတ်နိုးတယ်၊ ကာကွယ်စောင့်ရှောက်ပြီး လမ်းညွှန်ပေးတဲ့အပြင် ကောင်းချီးအများကြီး ပေးနေပါတယ်။
သက်သေခံဖို့ ကောင်းစွာ ပြင်ဆင်ပါ
၁၀။ (က) အမှုဆောင်လုပ်ငန်းကို ဘာကြောင့် ဦးစားထားရမလဲ။ (ခ) အမှုဆောင်မှာ ဘယ်လိုနည်းနဲ့ ပိုထိရောက်နိုင်မလဲ။
၁၀ ယေဟောဝါရဲ့ နှစ်သက်မှုရချင်တဲ့ လူငယ်ဟာ အမှုဆောင်လုပ်ငန်းကို အထူးအာရုံစိုက်တယ်။ ယေရှုခရစ်က “အရင်ဆုံး၊ . . . သတင်းကောင်း ဟောရလိမ့်မယ်” လို့ အလေးပေးဖော်ပြခဲ့တယ်။ (မာ. ၁၃:၁၀) ဟောပြောခြင်းလုပ်ငန်းဟာ သိပ်အရေးကြီးတဲ့အတွက် ဦးစားထားသင့်ရာတွေရဲ့ ထိပ်ဆုံးမှာ ရှိသင့်တယ်။ အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်ဖို့ ပန်းတိုင်ထားနိုင်မလား။ ရှေ့ဆောင် လုပ်နိုင်မလား။ ဟောပြောခြင်းလုပ်ငန်းမှာ သိပ်မပျော်ဘဲ ဖြစ်နေရင်ကော။ ထိထိရောက်ရောက် သက်သေခံသူတစ်ဦး ဘယ်လိုဖြစ်နိုင်မလဲ။ လုပ်နိုင်တဲ့ အခြေခံအဆင့် နှစ်ဆင့် ရှိတယ်။ ကောင်းစွာ ပြင်ဆင်ပါ။ ပြီးတော့ သိထားတာတွေကို တခြားသူတွေကို ပြောပြဖို့ မတွန့်ဆုတ်ပါနဲ့။ အဲဒီအခါ ဟောပြောခြင်းကနေ ပျော်ရွှင်မှု အများကြီးရပါလိမ့်မယ်။
၁၁၊ ၁၂။ (က) ကောင်းကောင်း သက်သေခံနိုင်ဖို့ လူငယ်တွေ ဘယ်လို ပြင်ဆင်နိုင်သလဲ။ (ခ) လူငယ်တစ်ဦး ကျောင်းမှာ ဘယ်လို သက်သေခံနိုင်ခဲ့သလဲ။
၁၁ အတန်းဖော်တွေ မေးတတ်တဲ့ မေးခွန်းအတွက် အဖြေရှာထားပါ။ “ဘုရားကို ဘာလို့ယုံတာလဲ” ဆိုတဲ့ မေးခွန်းမျိုးပေါ့။ အဲဒီလို မေးခွန်းကို လူငယ်တွေ ဖြေနိုင်ဖို့ jw.org ဝက်ဘ်ဆိုက်မှာ ဆောင်းပါးတွေ အများကြီးရှိတယ်။ သမ္မာကျမ်းစာ သွန်သင်ချက်များ > ဆယ်ကျော်သက်များ ခေါင်းစဉ်အောက်မှာ ကြည့်ပါ။ အဲဒီမှာ “ဘုရားသခင်ရှိတယ်လို့ ငါ ဘာကြောင့် ယုံကြည်ရ” ဆိုတဲ့ အစီအစဉ်ဇယားကို တွေ့လိမ့်မယ်။ အဲဒီဇယားက ကိုယ်တိုင်ဖြေတတ်ဖို့ ကူညီပေးပါလိမ့်မယ်။ သင်ယုံကြည်ရတဲ့ အကြောင်းရင်းကို ရှင်းပြဖို့ ဟီဘရူး ၃:၄၊ ရောမ ၁:၂၀၊ ဆာလံ ၁၃၉:၁၄ ဆိုတဲ့ ကျမ်းချက်သုံးချက် ပေးထားတယ်။ အဲဒီအစီအစဉ်ဇယားတွေကို အသုံးပြုပြီး မေးခွန်းတစ်ခုပြီးတစ်ခုကို သင်ဖြေဆိုနိုင်ပါလိမ့်မယ်။—၁ ပေတရု ၃:၁၅ ကိုဖတ်ပါ။
၁၂ အခွင့်အရေးရတိုင်း jw.org ကို ဖွင့်ကြည့်ဖို့ အတန်းဖော်တွေကို အားပေးပါ။ လူကာ အဲဒီလိုပဲ လုပ်ခဲ့တယ်။ အတန်းထဲမှာ ဘာသာရေးအကြောင်း ဆွေးနွေးတဲ့အခါ ကျောင်းစာအုပ်ထဲမှာ ယေဟောဝါသက်သေတွေနဲ့ပတ်သက်တဲ့ အချက်အလက်အမှားတွေကို လူကာ သတိထားအနိုင်ကျင့်သူကို လက်သီးမသုံးဘဲ ရင်ဆိုင်နည်း ဆိုတဲ့ ကာတွန်းသရုပ်ဖော် ဗီဒီယိုကို ကြည့်ခိုင်းတယ်။ လူကာ သက်သေခံနိုင်ခဲ့လို့ သိပ်ပျော်သွားတယ်။
မိတယ်။ မဝံ့မရဲဖြစ်နေပေမဲ့ ရှင်းပြခွင့်ပေးဖို့ ဆရာမကို ခွင့်တောင်းခဲ့တယ်။ ဆရာမ ခွင့်ပြုတဲ့အတွက် သူ့ယုံကြည်ချက်အကြောင်း အတန်းဖော်တွေကို ရှင်းပြနိုင်ရုံမက ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ကိုလည်း ပြပေးနိုင်ခဲ့တယ်။ ပြီးတော့ ဆရာမက ကျောင်းသားတွေကို အိမ်စာအနေနဲ့၁၃။ အခက်အခဲ ကြုံရချိန်မှာ ဘာကြောင့် လက်မလျှော့သင့်သလဲ။
၁၃ ခရီးကြမ်းရင်တောင် စိတ်ဓာတ်မကျပါနဲ့။ (၂ တိ. ၄:၂) အခက်အခဲတွေ ပေါ်လာရင်တောင် ပန်းတိုင်ကို မျက်ခြည်မပြတ်ပါနဲ့။ အလုပ်ခွင်မှာ အလုပ်ဖော်တွေကို သက်သေခံဖို့ ၁၇ နှစ်အရွယ် ကက်သရီနာ ပန်းတိုင်ထားတယ်။ တစ်ယောက်က သူ့ကို အကြိမ်ကြိမ် ကဲ့ရဲ့တယ်။ ဒါပေမဲ့ သူ မတွန့်ဆုတ်ခဲ့ဘူး။ သူ့အမူအကျင့်ကောင်းကို အလုပ်ဖော် ဟန့်စ် လေးစားသွားတယ်။ ဒါနဲ့ ကျမ်းစာ စာပေတွေကို ယူဖတ်၊ ကျမ်းစာလေ့လာပြီး နှစ်ခြင်းခံခဲ့တယ်။ တခြားကို ကက်သရီနာ ပြောင်းရွှေ့သွားလို့ ဒါကို လုံးဝ မသိလိုက်ဘူး။ ၁၃ နှစ်ကြာပြီးနောက် မိသားစုနဲ့အတူ နိုင်ငံတော်ခန်းမတစ်ခုမှာ ကက်သရီနာ အစည်းအဝေးသွားတက်တဲ့အခါ ဧည့်ဟောပြောသူက ဟန့်စ်ဖြစ်နေတယ်။ အလုပ်ဖော်တွေကို သက်သေခံဖို့ ကက်သရီနာ လက်မလျှော့ခဲ့တဲ့အတွက် ဘယ်လောက် ကောင်းလိုက်သလဲ။
အာရုံမပျံ့လွင့်ပါစေနဲ့
၁၄၊ ၁၅။ (က) ဖိအားပေးခံရတဲ့အခါ လူငယ်တွေ ဘာကို အမှတ်ရသင့်သလဲ။ (ခ) ရွယ်တူချင်း ဖိအားကို လူငယ်တွေ ဘယ်လို တွန်းလှန်နိုင်သလဲ။
၁၄ ဒီဆောင်းပါးက ယေဟောဝါအမှုဆောင်ခြင်းကို အာရုံစိုက်ဖို့ အားပေးနေတယ်။ ဘုရားရေးရာ ပန်းတိုင်တွေကို ဦးစားထားဖို့ ဖြစ်တယ်။ တခြားလူငယ်တွေက သူတို့နဲ့အတူ ပျော်ပျော်ပါးပါးနေဖို့ သင့်ကို ဖိအားပေးလာနိုင်တယ်။ အဲဒီအခါ သင်ရွေးချယ်ထားတဲ့ ပန်းတိုင်ကို မီအောင်လိုက်ဖို့ အခိုင်အမာ ဆုံးဖြတ်ထားကြောင်း ဖော်ပြရတော့မယ်။ ရွယ်တူချင်း ဖိအားကြောင့် အာရုံမပျံ့လွင့်ပါနဲ့။ ဘတ်စကား ဥပမာကို ပြန်စဉ်းစားကြည့်ပါ။ ဘတ်စကားပေါ်က လူတွေ ပျော်နေတာကို တွေ့တာနဲ့ပဲ ဘယ်ကိုရောက်ရောက်ဆိုပြီး တက်စီးလိုက်မှာ မဟုတ်ဘူး။
၁၅ ရွယ်တူချင်းဖိအားကို တွန်းလှန်နိုင်တဲ့နည်းတွေ အများကြီး ရှိပါတယ်။ သွေးဆောင်မှု ဖြစ်စေတဲ့ အခြေအနေပညာ. ၂၂:၃) တခြားသူတွေနဲ့အတူ မကောင်းတာကို လိုက်လုပ်ရင် ဆိုးကျိုးတွေ ခံရမယ်ဆိုတာ အမှတ်ရပါ။ (ဂလ. ၆:၇) အကြံဉာဏ်တောင်းဖို့ လိုအပ်ကြောင်း အသိအမှတ်ပြုပါ။ နှိမ့်ချမှုရှိတဲ့သူဟာ မိဘနဲ့ အသင်းတော်က ရင့်ကျက်သူတွေ အကြံပေးတာကို လက်ခံတယ်။—၁ ပေတရု ၅:၅၊ ၆ ကိုဖတ်ပါ။
တွေကို ရှောင်ပါ။ (၁၆။ နှိမ့်ချမှုရဲ့ အကျိုးကို ဖော်ပြတဲ့ တွေ့ကြုံမှုတစ်ခု ပြောပြပါ။
၁၆ အကြံဉာဏ်ကောင်းပေးတာကို လက်ခံဖို့ နှိမ့်ချစိတ်က ခရစ်တော့ဖ်ကို ကူညီပေးခဲ့တယ်။ သူနှစ်ခြင်းခံပြီး မကြာခင်မှာ အားကစားရုံတစ်ခုမှာ မှန်မှန်သွားလေ့ကျင့်ခဲ့တယ်။ အားကစားရုံက လူငယ်တချို့ဟာ သူတို့ရဲ့ အားကစားအသင်းမှာ ဝင်ဖို့ သူ့ကို ဖိတ်ခေါ်တယ်။ အကြီးအကဲတစ်ယောက်ကို ဒီအကြောင်း ပြောပြတော့ ဆုံးဖြတ်ချက်မချခင် ပေါ်လာနိုင်တဲ့ အန္တရာယ်တွေအကြောင်း စဉ်းစားကြည့်ဖို့ အကြံပေးတယ်။ အဲဒီထဲမှာ အပြိုင်အဆိုင်စိတ်ဓာတ် ကူးစက်လာနိုင်တာလည်း ပါတယ်။ ဒါပေမဲ့ သူ အားကစားအသင်းထဲ ဝင်လိုက်တယ်။ ကြာလာတော့ အဲဒီအားကစားဟာ ကြမ်းတမ်းပြီး အသက်အန္တရာယ်ရှိမှန်း သိလာတယ်။ အကြီးအကဲအတော်များများနဲ့ ထပ်ဆွေးနွေးလိုက်တော့ သူတို့က ကျမ်းစာနဲ့ အကြံပေးကြတယ်။ “ယေဟောဝါက အကြံကောင်းပေးသူတွေကို ကျွန်တော့်ဆီ လွှတ်ပေးခဲ့တယ်။ ချက်ချင်းတော့ မဟုတ်ပေမဲ့ ကျွန်တော် လက်ခံခဲ့တယ်။” သင်ကော အကြံပေးတာတွေကို လက်ခံနိုင်ဖို့ နှိမ့်ချတဲ့စိတ် ရှိရဲ့လား။
၁၇၊ ၁၈။ (က) လူငယ်တွေကို ယေဟောဝါ ဘာဖြစ်စေချင်သလဲ။ (ခ) အသက်ကြီးလာတဲ့အခါ ဘာက ဝမ်းနည်းစရာ ဖြစ်စေနိုင်သလဲ။ အဲဒါကို ဘယ်လို ရှောင်နိုင်သလဲ။ ဥပမာပေးပါ။
၁၇ “လူငယ်တို့၊ ငယ်ရွယ်တုန်းမှာ ပျော်ပျော်နေပါ။ လူငယ်ဘဝမှာ စိတ်ရွှင်လန်းပါ။” (ဒေ. ၁၁:၉) ယေဟောဝါက လူငယ်တွေကို ပျော်ပျော်နေစေချင်တယ်။ အဲဒီလို ပျော်ရွှင်နိုင်ဖို့ ဘာလုပ်ရမယ်ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးထားတယ်။ ဘုရားရေးရာ ပန်းတိုင်တွေထားပြီး လုပ်ဆောင်လေသမျှမှာ ယေဟောဝါကို ပါဝင်စေပါ။ အဲဒီလို စောစောလုပ်လေ ယေဟောဝါရဲ့ လမ်းပြမှု၊ ကာကွယ်မှု၊ ကောင်းချီးတွေကို မြန်မြန်ခံစားရလေပဲ။ ကျမ်းစာကတစ်ဆင့် ယေဟောဝါပေးထားတဲ့ အကြံဉာဏ်အားလုံးကို စဉ်းစားကြည့်ပါ။ “လူငယ်ဘဝမှာ ကြီးမြတ်တဲ့ ဖန်ဆင်းရှင်ကို သတိရပါ” ဆိုတဲ့ အကြံဉာဏ်ကို လိုက်နာပါ။—ဒေ. ၁၂:၁။
၁၈ ဘယ်သူမှ အမြဲငယ်ရွယ်နေမှာ မဟုတ်ဘူး။ လူငယ်တွေဟာ မြန်မြန်ဆန်ဆန်နဲ့ လူကြီးတွေဖြစ်လာကြတယ်။ ဝမ်းနည်းစရာက တချို့တွေ လူငယ်ဘဝမှာ ဆုံးဖြတ်ချက် မှားသွားလို့ နောင်တရခဲ့ကြသလို တချို့ကျတော့ ဘာပန်းတိုင်မှ မရှိခဲ့လို့ စိတ်ပျက်ကြရတယ်။ ဒါပေမဲ့ ဘုရားရေးရာပန်းတိုင်တွေ ချမှတ်ခဲ့တဲ့ လူငယ်တွေကတော့ သူတို့ရွေးချယ်ခဲ့တဲ့ ပန်းတိုင်တွေကြောင့် လူကြီးဘဝအထိ ကျေနပ်မှုခံစားကြရတယ်။ ငယ်ငယ်တုန်းက အားကစားမှာ ထူးချွန်တဲ့ မေရီယာနာလည်း အဲဒီလိုပဲ။ သူဟာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရပေမဲ့ အချိန်ပြည့် ဘုရားအမှုဆောင်ဖို့ ရွေးချယ်ခဲ့တယ်။ အနှစ် ၃၀ ကျော်ကြာတဲ့အထိ သူ့ယောက်ျားနဲ့အတူ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေတုန်းပဲ။ “နာမည်ကြီးတာ၊ ဂုဏ်ရှိတာ၊ အခွင့်အာဏာရှိတာ၊ ကြွယ်ဝချမ်းသာတာတွေက တစ်ခဏပါပဲ။ အရေးမပါတဲ့ ပန်းတိုင်တွေပါပဲ။ ဘုရားအမှုဆောင်ပြီး ဘုရားကိုသိလာအောင် လူတွေကို ကူညီပေးတာကမှ တကယ်ဂုဏ်ရှိပြီး တည်မြဲတဲ့ပန်းတိုင်တွေ ဖြစ်တာ” လို့ပြောတယ်။
၁၉။ ငယ်စဉ်ကတည်းက ဘုရားရေးရာ ပန်းတိုင်တွေ ထားခြင်းရဲ့ အကျိုးကျေးဇူးတွေကို အကျဉ်းချုပ် ဖော်ပြပါ။
၁၉ အခက်အခဲတွေကို ရင်ဆိုင်ပြီး ယေဟောဝါအမှုဆောင်ဖို့ အာရုံစိုက်ကြတဲ့ အသင်းတော်ထဲက လူငယ်တွေကို ချီးမွမ်းထိုက်ပါတယ်။ အဲဒီလူငယ်တွေဟာ ယေဟောဝါအမှုဆောင်ဖို့ စိတ်ဆုံးဖြတ်ထားပြီး ဟောပြောခြင်းကို ဦးစားထားကြတယ်။ ဒီလောကကြောင့် အာရုံမပျံ့လွင့်အောင် စိတ်ပိုင်းဖြတ်ထားကြတယ်။ မြီးကောင်ပေါက်အရွယ်မှာ အဲဒီလို ကြိုးစားလုပ်ဆောင်မှုတွေ အချည်းနှီး မဖြစ်ပါဘူး။ ညီအစ်ကို/မတွေရဲ့ ထောက်မကူညီမှုကို ရမယ့်အပြင် ဘဝကို ယေဟောဝါဆီ ပုံအပ်ထားလို့ အောင်မြင်မှာ သေချာပါတယ်။