လေ့လာရန် ဆောင်းပါး ၁၄
မြောက်ဘက်က လာတဲ့ တိုက်ခိုက်မှု
“လူမျိုးတစ်မျိုးဟာ ငါ့ပြည်ကို တက်လာပြီ။”—ယောလ ၁:၆။
သီချင်း ၉၅ လင်းသည်ထက်လင်းလာ
အကြိုသုံးသပ်ချက် *
၁။ ညီအစ်ကို ရပ်စယ်လ်နဲ့ အပေါင်းပါတွေ ဘယ်လေ့လာနည်းကို သုံးခဲ့သလဲ။ ဘာကြောင့် ထိရောက်သလဲ။
လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်တုန်းက ညီအစ်ကို စီတီရပ်စယ်လ်နဲ့ အပေါင်းပါတွေ ဖြစ်တဲ့ ကျမ်းစာကျောင်းသား အုပ်စုလေးဟာ အတူစုဝေးပြီး ယေဟောဝါဘုရား၊ ယေရှုခရစ်၊ သေလွန်သူတွေရဲ့ အခြေအနေ၊ ရွေးဖိုးအကြောင်း ကျမ်းစာသွန်သင်ချက်တွေကို လေ့လာခဲ့ကြတယ်။ သူတို့ရဲ့ လေ့လာနည်းက ရိုးရိုးလေးပဲ။ တစ်ယောက်က မေးခွန်းထုတ်ပြီး အဲဒီမေးခွန်းနဲ့ သက်ဆိုင်တဲ့ ကျမ်းချက်တိုင်းကို တစ်အုပ်စုလုံး ဆန်းစစ်ကြတယ်။ အဲဒီနောက် တွေ့ရှိချက်တွေကို ရေးမှတ်ထားတယ်။ ယေဟောဝါရဲ့ ကောင်းချီးကြောင့် စိတ်ရင်းမှန်တဲ့ အဲဒီခရစ်ယာန် အမျိုးသားတွေဟာ ဒီနေ့ခေတ်အထိ အရေးပါတဲ့ ကျမ်းစာ အခြေခံ အမှန်တရားတွေကို တွေ့ရှိခဲ့ကြတယ်။
၂။ ကျမ်းစာ ပရောဖက်ပြုချက်တွေကို တစ်ခါတလေ ဘာကြောင့် မှားယွင်းစွာ ကောက်ချက်ချမိနိုင်သလဲ။
၂ ဒါပေမဲ့ ကျမ်းစာ အခြေခံ သွန်သင်ချက်တွေထက် ကျမ်းစာ ပရောဖက်ပြုချက်တွေကို နားလည်ဖို့ ပိုခက်မှန်း အဲဒီကျမ်းစာကျောင်းသားတွေ မကြာခင် သိလာကြတယ်။ ဘာကြောင့်လဲ။ တစ်ချက်ကတော့ ပြည့်စုံနေတဲ့အချိန် ဒါမှမဟုတ် ပြည့်စုံပြီးနောက်မှ ကျမ်းစာ ပရောဖက်ပြုချက်တွေကို နားလည်လေ့ရှိလို့ပဲ။ နောက်တစ်ချက်ကတော့ ပရောဖက်ပြုချက် တစ်ခုကို မှန်မှန်ကန်ကန် နားလည်ဖို့ ရှေ့နောက်စကားစပ်တွေကို သုံးသပ်ရမယ်။ ပရောဖက်ပြုချက်ရဲ့ ကဏ္ဍတစ်ခုကိုပဲ အာရုံစိုက်ပြီး ကျန်တာတွေကို လျစ်လျူရှုထားရင် မှားယွင်းစွာ ကောက်ချက်ချမိနိုင်တယ်။ ယောလကျမ်းမှာပါတဲ့ ပရောဖက်ပြုချက်တစ်ခုကို အဲဒီလို ကောက်ချက်ချမိပုံပဲ။ အဲဒီပရောဖက်ပြုချက်ကို ပြန်သုံးသပ်ပြီး လက်ရှိ နားလည်မှုကို ပြုပြင်ပြောင်းလဲဖို့ ဘာကြောင့် လိုအပ်ကြောင်း ဆန်းစစ်ကြည့်ကြစို့။
၃-၄။ ယောလ ၂:၇-၉ မှာပါတဲ့ ပရောဖက်ပြုချက်ကို ဘယ်လို နားလည်ခဲ့သလဲ။
ယောလ ၂:၇-၉ ကိုဖတ်ပါ။ အစ္စရေးပြည်ကို ဖျက်ဆီးပစ်မယ့် ကျိုင်းကောင် ကပ်ဘေးအကြောင်း ယောလ ကြိုဟောတယ်။ ခြင်္သေ့သွား၊ ခြင်္သေ့မေးရိုး ရှိတဲ့ အဲဒီကျိုင်းကောင်တွေဟာ မြင်မြင်သမျှ အကုန်ဝါးမျိုပစ်ကြတယ်။ (ယောလ ၁:၄၊ ၆) တားဆီးလို့ မရတဲ့ ကျိုင်းကောင်အုပ်ဟာ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နေတဲ့ ယေဟောဝါလူမျိုးကို ပုံဆောင်တယ်လို့ ယူဆခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီ။ ဟောပြောခြင်းလုပ်ငန်းဟာ ဘာသာရေး ခေါင်းဆောင်တွေရဲ့ မှားယွင်းတဲ့ သွန်သင်ချက်တွေကို ဖော်ထုတ်တာလို့ ကျွန်တော်တို့ နားလည်ခဲ့တယ်။ *
၃၄ ယောလ ၂:၇-၉ ကိုပဲ ဖတ်မယ်ဆိုရင် အဲဒီလိုနားလည်တာ မှန်ပုံရတယ်။ ဒါပေမဲ့ ရှေ့နောက်စကားစပ်ကို သုံးသပ်ကြည့်တဲ့အခါ နားလည်မှုကို ပြုပြင်သင့်ကြောင်း သိလာတယ်။ အကြောင်းရင်း လေးခုကို ကြည့်ကြစို့။
ပြုပြင်ပြောင်းလဲရတဲ့ အကြောင်းရင်း လေးခု
၅-၆။ (က) ယောလ ၂:၂၀ ကို သုံးသပ်တဲ့အခါ ဘယ်မေးခွန်း ပေါ်လာသလဲ။ (ခ) ယောလ ၂:၂၅ ကို သုံးသပ်တဲ့အခါ ဘယ်လို မေးခွန်းထုတ်စရာ ပေါ်လာသလဲ။
၅ ဦးဆုံး၊ “မြောက်ပိုင်းသား [ကျိုင်းကောင်တွေ] ကို မင်းတို့နဲ့ဝေးရာဆီ မောင်းထုတ်မယ်” လို့ ကျိုင်းကောင် ကပ်ဘေးနဲ့ပတ်သက်ပြီး ယေဟောဝါ ကတိပေးတာကို သတိပြုပါ။ (ယောလ ၂:၂၀) ကျိုင်းကောင်တွေဟာ ဟောပြောပါဆိုတဲ့ ယေရှုအမိန့်ကို နာခံနေတဲ့ ယေဟောဝါသက်သေတွေကို ပုံဆောင်တာဆိုရင် သူတို့ကို မောင်းထုတ်မယ်လို့ ယေဟောဝါ ဘာကြောင့် ကတိပေးမှာလဲ။ (ယေဇ. ၃၃:၇-၉။ မ. ၂၈:၁၉၊ ၂၀) ယေဟောဝါ မောင်းထုတ်မှာက မိမိရဲ့ သစ္စာရှိ ကျေးကျွန်တွေ မဟုတ်ဘူး။ လူမျိုးတော်ကို ရန်ပြုနေသူ ဒါမှမဟုတ် ရန်ပြုနေတဲ့အရာကိုပဲ မောင်းထုတ်မှာ ဖြစ်တယ်။
၆ ဒုတိယ အကြောင်းရင်းကို ယောလ ၂:၂၅ မှာ ဖော်ပြထားတယ်။ “နှစ်တွေတစ်လျှောက် အုံဖွဲ့ကျိုင်းကောင်၊ ကျိုင်းကောင်ပေါက်၊ အဖျက်ကျိုင်းကောင်၊ ဝါးမျိုကျိုင်းကောင်တွေ စားပစ်လိုက်တဲ့ မင်းတို့ရဲ့ သီးနှံတွေအတွက် ငါပြန်လျော်ပေးမယ်” လို့ ယေဟောဝါ ပြောတယ်။ ကျိုင်းကောင်တွေကြောင့် ပျက်စီးသွားတာကို “ပြန်လျော်ပေးမယ်” လို့ ယေဟောဝါ ကတိပေးတာကို သတိပြုပါ။ ကျိုင်းကောင်တွေဟာ နိုင်ငံတော်သတင်း ဟောပြောသူတွေကို ပုံဆောင်တာဆိုရင် သူတို့ဟောတဲ့ သတင်းစကားကြောင့် ပျက်စီးမှုတွေ ရှိတယ်ဆိုတဲ့သဘော ဖြစ်သွားမယ်။ တကယ်တော့ သူတို့ဟောတဲ့ အသက်ကယ်သတင်းက လူဆိုးတချို့ကို နောင်တရစေနိုင်တယ်။ (ယေဇ. ၃၃:၈၊ ၁၉) လူတွေအတွက် ကောင်းချီးတောင် ဖြစ်စေနိုင်တယ်။
၇။ ယောလ ၂:၂၈၊ ၂၉ မှာပါတဲ့ “အဲဒီနောက်” ဆိုတဲ့ စကားကနေ ဘာသိရသလဲ။
၇ ယောလ ၂:၂၈၊ ၂၉ ကိုဖတ်ပါ။ တတိယ အကြောင်းရင်းက ပရောဖက်ပြုချက်ရဲ့ အစဉ်လိုက် ဖြစ်ရပ်တွေနဲ့ သက်ဆိုင်တယ်။ ‘အဲဒီနောက် စွမ်းအားတော်ကို ငါသွန်းလောင်းမယ်’ လို့ ယေဟောဝါ ပြောတယ်။ ကျိုင်းကောင်တွေ တာဝန်ပြီးသွားတဲ့ အချိန်ကို ဆိုလိုတယ်။ တကယ်လို့ ကျိုင်းကောင်တွေဟာ ဘုရားသခင့် နိုင်ငံတော်သတင်း ကြေညာသူတွေ ဖြစ်မယ်ဆိုရင် သူတို့ရဲ့ သက်သေခံခြင်းလုပ်ငန်း ပြီးနောက်မှ ယေဟောဝါ ဘာကြောင့် စွမ်းအားတော် သွန်းလောင်းမှာလဲ။ တကယ်တော့ ဆန့်ကျင်မှု၊ လုပ်ငန်း ပိတ်ပင်မှုတွေကြား နှစ်ပေါင်းများစွာ ဆက်ဟောပြောနိုင်တာ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော် အကူအညီကြောင့်ပဲ။
၈။ ဗျာဒိတ် ၉:၁-၁၁ မှာပါတဲ့ ကျိုင်းကောင်တွေက ဘယ်သူတွေကို ဆိုလိုသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၈ ဗျာဒိတ် ၉:၁-၁၁ ကိုဖတ်ပါ။ စတုတ္ထ အကြောင်းရင်းကို သုံးသပ်ကြည့်ကြစို့။ ယောလ ပြောတဲ့ ကျိုင်းကောင်ကပ်ဘေးကို ဟောပြောခြင်းလုပ်ငန်းနဲ့ အရင်က ဆက်စပ်ခဲ့တာဟာ ဗျာဒိတ်ကျမ်းမှာလည်း အလားတူ ပရောဖက်ပြုချက် ပါလို့ပဲ။ လူ့မျက်နှာရှိပြီး ခေါင်းပေါ်မှာ “ရွှေသရဖူလို” သရဖူဆောင်းထားတဲ့ ကျိုင်းကောင်အုပ်အကြောင်း ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားတယ်။ (ဗျာ. ၉:၇) “နဖူးပေါ်မှာ ဘုရားသခင့်တံဆိပ် မခတ်ထားတဲ့ လူတွေ” ဖြစ်တဲ့ ဘုရားရန်သူတွေကို ငါးလတာ ညှဉ်းဆဲကြတယ်။ ဒါက ကျိုင်းကောင်ရဲ့ ပျမ်းမျှ သက်တမ်းပဲ။ (ဗျာ. ၉:၄၊ ၅) ဒီကျိုင်းကောင်တွေကတော့ ယေဟောဝါရဲ့ ဘိသိက်ခံ ကျေးကျွန်တွေကို ဆိုလိုတယ်။ သူတို့ဟာ ဒီစနစ်ဆိုးနဲ့ပတ်သက်တဲ့ ဘုရားသခင့် တရားစီရင်ချက်ကို ရဲရင့်စွာ ကြေညာနေကြတယ်။ ဒါက ဒီလောကရဲ့ ဘက်တော်သားတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်။
၉။ ယောလ မြင်တဲ့ ကျိုင်းကောင်နဲ့ ယောဟန် မြင်တဲ့ ကျိုင်းကောင်တွေ ဘာကွာခြားသလဲ။
၉ ဗျာဒိတ်ကျမ်းနဲ့ ယောလကျမ်းမှာပါတဲ့ ပရောဖက်ပြုချက်တွေမှာ ဆင်တူချက်တွေ ရှိပေမဲ့ အရေးကြီးတဲ့ ကွဲပြားမှုတွေလည်း ရှိတယ်။ ယောလပရောဖက်ပြုချက်မှာ ကျိုင်းကောင်တွေက ကောက်ပဲသီးနှံတွေကို ဖျက်ဆီးပစ်တယ်။ (ယောလ ၁:၄၊ ၆၊ ၇) ယောဟန်ရဲ့ စိတ်အာရုံမှာတော့ ‘မြေပေါ်က အပင်တွေကို ဒုက္ခမပေးဖို့’ ကျိုင်းကောင်တွေ မှာကြားခံရတယ်။ (ဗျာ. ၉:၄) ယောလ မြင်တဲ့ ကျိုင်းကောင်တွေဟာ မြောက်ဘက်ကနေ တက်လာတယ်။ (ယောလ ၂:၂၀) ယောဟန် မြင်တဲ့ ကျိုင်းကောင်တွေကတော့ တွင်းနက်ကြီးထဲကနေ တက်လာတယ်။ (ဗျာ. ၉:၂၊ ၃) ယောလ ပြောတဲ့ ကျိုင်းကောင်တွေက မောင်းထုတ်ခံရတယ်။ ဗျာဒိတ်ကျမ်းမှာပါတဲ့ ကျိုင်းကောင်တွေကတော့ မောင်းထုတ်မခံရဘဲ အလုပ်ပြီးတဲ့အထိ လုပ်ဆောင်ခွင့် ရကြတယ်။ သူတို့ကို ယေဟောဝါ မနှစ်သက်ဘူးလို့ ကျမ်းစာမှာ မပြောထားဘူး။—“ ကျိုင်းကောင် ပရောဖက်ပြုချက်များ— ဆင်တူသလိုနဲ့ ကွဲပြား” လေးထောင့်ကွက်ကို ကြည့်ပါ။
၁၀။ ယောလနဲ့ ယောဟန် မြင်တဲ့ ကျိုင်းကောင်တွေဟာ မတူညီတဲ့အရာတွေကို ပုံဆောင်ကြောင်း သိစေတဲ့ ကျမ်းစာပုံနမူနာတစ်ခု ပေးပါ။
၁၀ ပရောဖက်ပြုချက် နှစ်ခု ဆက်စပ်မှု မရှိကြောင်း အရေးကြီးတဲ့ ကွဲပြားမှုတွေက နားလည်စေတယ်။ ယောလကျမ်းမှာပါတဲ့ ကျိုင်းကောင်နဲ့ ဗျာဒိတ်ကျမ်းမှာပါတဲ့ ကျိုင်းကောင် မတူဘူးလို့ ပြောနေတာလား။ ဟုတ်ပါတယ်။ ကျမ်းစာမှာ ပုံဆောင်ချက်တစ်ခုကိုပဲ အဓိပ္ပာယ် အမျိုးမျိုးနဲ့ အသုံးပြုတာမျိုး ရှိတယ်။ ဥပမာ၊ ဗျာဒိတ် ၅:၅ မှာပါတဲ့ “ယုဒအနွယ်ဝင် ခြင်္သေ့” ဆိုတာ ယေရှုကို ဆိုလိုပြီး ၁ ပေတရု ၅:၈ မှာပါတဲ့ “ဟိန်းဟောက်နေတဲ့ ခြင်္သေ့” ကတော့ မာရ်နတ်ကို ဆိုလိုတယ်။ ဒါကြောင့် အထက်မှာ ဆွေးနွေးခဲ့တဲ့ အကြောင်းရင်း လေးခုအရ ယောလ ပရောဖက်ပြုချက်အတွက် ရှင်းပြချက်အသစ် လိုနေတယ်။ အဲဒါ ဘာဖြစ်နိုင်မလဲ။
ဘာကို ဆိုလိုသလဲ
၁၁။ ကျိုင်းကောင်တွေဟာ ဘယ်သူတွေကို ပုံဆောင်ကြောင်း ယောလ ၁:၆ နဲ့ ၂:၁၊ ၈၊ ၁၁ က ဘယ်လို ဖော်ပြသလဲ။
၁၁ ယောလ ပရောဖက်ပြုချက်ရဲ့ ရှေ့နောက်စကားတွေကို ဖတ်ကြည့်တဲ့အခါ စစ်ရေး တိုက်ခိုက်မှုအကြောင်း ကြိုဟောနေတာ။ (ယောလ ၁:၆။ ၂:၁၊ ၈၊ ၁၁) မနာခံတဲ့ အစ္စရေးတွေကို ဒဏ်ပေးဖို့ “တပ်မဟာကြီး” (ဗာဗုလုန် စစ်သားတွေ) ကို သုံးမယ်လို့ ယေဟောဝါ ပြောတယ်။ (ယောလ ၂:၂၅) ဗာဗုလုန် စစ်တပ်က အစ္စရေးကို မြောက်ပိုင်းကနေ ဝင်ရောက်တိုက်ခိုက်မှာ ဖြစ်လို့ “မြောက်ပိုင်းသား” လို့ ခေါ်ထားတယ်။ (ယောလ ၂:၂၀) အဲဒီစစ်တပ်ကို စနစ်ကျတဲ့ ကျိုင်းကောင်အုပ်နဲ့ ခိုင်းနှိုင်းထားတယ်။ သူတို့ဟာ “ကိုယ့်လမ်းကြောင်းအတိုင်း ဆက်ချီတက်တယ်။ . . . မြို့ထဲကို တစ်ဟုန်ထိုး ပြေးဝင်ကြတယ်။ မြို့ရိုးပေါ် ပြေးလွှားကြတယ်။ အိမ်တွေပေါ် တက်ကြတယ်။ သူခိုးလို ပြတင်းပေါက်ကို ကျော်ပြီး အထဲဝင်ကြတယ်” လို့ ယောလ ပြောတယ်။ (ယောလ ၂:၈၊ ၉) မြင်ယောင်ကြည့်ပါ။ နေရာတိုင်းမှာ စစ်သားတွေချည်းပဲ။ ပုန်းခိုစရာလည်း မရှိ။ ဗာဗုလုန်စစ်သားတွေရဲ့ ဓားချက်ကနေ ဘယ်သူမှ ပြေးမလွတ်ဘူး။
၁၂။ ကျိုင်းကောင်အကြောင်း ယောလ ပရောဖက်ပြုချက် ဘယ်လို ပြည့်စုံခဲ့သလဲ။
၁၂ ကျိုင်းကောင်တွေလိုပဲ ဗာဗုလုန် (ခါလဒဲ) တွေဟာ ဘီစီ ၆၀၇ မှာ ဂျေရုဆလင်မြို့ကို ချီတက်လာကြတယ်။ “ခါလဒဲဘုရင်က . . . လူငယ်တွေကို ဓားနဲ့ကွပ်မျက်တယ်။ လူပျို၊ အပျို၊ လူအို၊ အိုမင်းမစွမ်းသူကိုလည်း မသနားဘူး။ ဘုရားသခင်က ရှိရှိသမျှကို ခါလဒဲဘုရင်လက်ထဲ အပ်လိုက်တယ်။ ဘုရားသခင့်အိမ်တော်ကို မီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကို ဖြိုချတယ်။ ခံတပ်မျှော်စင်တွေကိုလည်း မီးရှို့ပြီး တန်ဖိုးကြီးပစ္စည်းတွေကို ဖျက်ဆီးတယ်” လို့ ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ (၂ ရာ. ၃၆:၁၇၊ ၁၉) ဗာဗုလုန်တွေ ဖျက်ဆီးပြီးနောက် ပြည်ဟာ “လူသူတိရစ္ဆာန်မရှိတဲ့ လွင်တီးခေါင် ဖြစ်နေပြီ။ ခါလဒဲလူတွေလက်ထဲ ရောက်သွားပြီ” လို့ပဲ လူတွေ ပြောနိုင်ကြတော့တယ်။—ယေ. ၃၂:၄၃။
၁၃။ ယေရမိ ၁၆:၁၆၊ ၁၈ ရဲ့ အဓိပ္ပာယ်ကို ရှင်းပြပါ။
၁၃ ယောလ ပရောဖက်ပြုပြီး နှစ်ပေါင်း ၂၀၀ လောက်မှာ ယေဟောဝါက ယေရမိကို သုံးပြီး ဒီတိုက်ခိုက်မှုအကြောင်း ထပ်ဟောတယ်။ တိုက်ခိုက်သူတွေက ဆိုးသွမ်းတဲ့ အစ္စရေးတွေကို ပိုက်စိပ်တိုက်ရှာပြီး ဖမ်းကြလိမ့်မယ်လို့ ယေဟောဝါ ပြောတယ်။ “ယေဟောဝါ ပြောတာက– ‘တံငါသည်အများကြီးကို ငါစေလွှတ်မယ်။ အဲဒီတံငါသည်တွေက သူတို့ကို မျှားလိမ့်မယ်။ အဲဒီနောက် မုဆိုးအများကြီးကို စေလွှတ်မယ်။ အဲဒီမုဆိုးတွေက တောင်တန်းတောင်ကုန်းတွေပေါ်မှာ၊ ကျောက်ကြိုကျောက်ကြားတွေမှာ သူတို့ကို လိုက်ဖမ်းလိမ့်မယ်။ . . . သူတို့ရဲ့အမှားတွေ၊ အပြစ်တွေအတွက် အပြည့်အဝ ငါပြန်ဆပ်ပေးမယ်။’” နောင်တမရတဲ့ အစ္စရေးတွေကို ဗာဗုလုန်တွေ မတွေ့အောင် ပင်လယ်၊ သစ်တော၊ ဘာကမှ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။—ယေ. ၁၆:၁၆၊ ၁၈။
ပြန်လည်ထူထောင်ခြင်း
၁၄။ ဘယ်အချိန်မှာ ယောလ ၂:၂၈၊ ၂၉ ပြည့်စုံခဲ့သလဲ။
၁၄ ယောလက သတင်းကောင်းကို ဆက်ပြောတယ်။ ပြည်ဟာ ပြန်သီးပွင့်ဖြစ်ထွန်းလာမယ်။ (ယောလ ၂:၂၃-၂၆) အနာဂတ်မှာ ဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း လူတွေ သိလာကြမယ်။ “စွမ်းအားတော်ကို လူအမျိုးမျိုးအပေါ် ငါသွန်းလောင်းမယ်။ မင်းတို့ရဲ့ သားသမီးတွေ ပရောဖက်ပြုကြလိမ့်မယ်။ . . . ငါ့ကျွန်တွေ၊ ကျွန်မတွေကိုပါ စွမ်းအားတော် ငါသွန်းလောင်းမယ်” လို့ ယေဟောဝါ ပြောတယ်။ (ယောလ ၂:၂၈၊ ၂၉) ဗာဗုလုန်ကနေ အစ္စရေးတွေ ပြည်တော်ပြန်ရောက်တာနဲ့ ဘုရား စွမ်းအားတော် မသွန်းလောင်းခဲ့ဘူး။ နှစ်ပေါင်းများစွာ ကြာပြီးနောက် အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့ ရောက်မှ သွန်းလောင်းခဲ့တာ။ ဘယ်လို သိရသလဲ။
၁၅။ တမန်တော် ၂:၁၆၊ ၁၇ အရ ယောလ ၂:၂၈ မှာပါတဲ့ ဘယ်စကားလုံးကို ပေတရု ပြောင်းသုံးခဲ့သလဲ။ ဒါက ဘာကို ဖော်ပြသလဲ။
၁၅ ယောလ ၂:၂၈၊ ၂၉ ကို ပင်တေကုတ္တေပွဲနေ့က အံ့ဖွယ်ဖြစ်ရပ်တစ်ခုနဲ့ တမန်တော် ပေတရု ဆက်စပ်ပြတယ်။ အဲဒီမနက် ကိုးနာရီလောက်မှာ အံ့ဖွယ်နည်းနဲ့ သန့်ရှင်းသော စွမ်းအားတော် သွန်းလောင်းခဲ့လို့ စွမ်းအားတော် ရရှိသူတွေဟာ “ဘုရားသခင်ရဲ့ အံ့ဖွယ်အမှုတွေအကြောင်း” စပြောကြတော့တယ်။ (တ. ၂:၁၁) ပေတရုဟာ ယောလ ပရောဖက်ပြုချက်ကို ကိုးကားတဲ့အခါ စကားလုံး အနည်းငယ် ပြောင်းသုံးခဲ့တယ်။ အဲဒါကို သတိထားမိသလား။ (တမန်တော် ၂:၁၆၊ ၁၇ ကိုဖတ်ပါ။) ကျမ်းချက်အစမှာ “အဲဒီနောက်” လို့ မပြောဘဲ “နောက်ဆုံးကာလ” လို့ ပြောတယ်။ ဒါက ဂျူးအစီအစဉ်စနစ် မပျက်စီးခင် အချိန်ကာလကို ရည်ညွှန်းနေတာပါ။ အဲဒီကာလမှာ “လူအမျိုးမျိုးအပေါ်” ဘုရားသခင့် စွမ်းအားတော် သွန်းလောင်းမှာ ဖြစ်တယ်။ အချိန်အတော်ကြာပြီးနောက်မှ ယောလ ပရောဖက်ပြုချက် ပြည့်စုံကြောင်း ဒီအချက်က ဖော်ပြတယ်။
၁၆။ ဘုရားသခင့် စွမ်းအားတော်က ပထမရာစုမှာ ဟောပြောခြင်းလုပ်ငန်းအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။ ကျွန်တော်တို့ခေတ်မှာကော။
ကော. ၁:၂၃) “လူတိုင်း” ဆိုတာ အဲဒီခေတ်က ပေါလုနဲ့ တခြားသူတွေ လက်လှမ်းမီနိုင်တဲ့ ဒေသတွေကို ဆိုလိုတယ်။ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော် အကူအညီနဲ့ ဟောပြောခြင်းလုပ်ငန်းဟာ ကျွန်တော်တို့ခေတ်မှာ “ကမ္ဘာမြေအစွန်အဖျားအထိ” ပျံ့နှံ့နေပါပြီ။—တ. ၁၃:၄၇။ “ စွမ်းအားတော်ကို ငါသွန်းလောင်းမယ်” လေးထောင့်ကွက်ကို ကြည့်ပါ။
၁၆ ပထမရာစုမှာ ဘုရားသခင့် စွမ်းအားတော် သွန်းလောင်းပြီးနောက်မှ ဟောပြောခြင်းလုပ်ငန်း တိုးတက်လာတယ်။ အဲဒီလုပ်ငန်းဟာ တဖြည်းဖြည်း ကမ္ဘာချီအတိုင်းအတာနဲ့ ဖြစ်လာပါလိမ့်မယ်။ တမန်တော် ပေါလုက အေဒီ ၆၁ လောက်မှာ ကောလောသဲ အသင်းတော်ဆီ စာရေးတဲ့အခါ “ကမ္ဘာမြေအရပ်ရပ်မှာရှိတဲ့ လူတိုင်းကို” သတင်းကောင်း ဟောပြောခဲ့ပြီလို့ ပြောနိုင်ခဲ့တယ်။ (ဘာပြောင်းလဲသွားသလဲ
၁၇။ ယောလရဲ့ ပရောဖက်ပြုချက်မှာပါတဲ့ ကျိုင်းကောင်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ နားလည်မှု ဘယ်လို ပြောင်းလဲသွားသလဲ။
၁၇ ဘာပြောင်းလဲသွားသလဲ။ ယောလ ၂:၇-၉ မှာပါတဲ့ ပရောဖက်ပြုချက်ကို အခု ပိုတိကျမှန်ကန်စွာ နားလည်လာပြီ။ အဲဒီအခန်းငယ်တွေက ကျွန်တော်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းကို မဟုတ်ဘဲ ဘီစီ ၆၀၇ မှာ ဂျေရုဆလင်ကို ဝင်ရောက်တိုက်ခိုက်တဲ့ ဗာဗုလုန်စစ်တပ်ကို ရည်ညွှန်းနေတာဖြစ်တယ်။
၁၈။ ယေဟောဝါရဲ့ လူမျိုးနဲ့ပတ်သက်ပြီး မပြောင်းလဲတာ ဘာလဲ။
၁၈ မပြောင်းလဲတာက ဘာလဲ။ ယောလ ၂:၇-၉ မှာပါတဲ့ ပရောဖက်ပြုချက်နဲ့ပတ်သက်တဲ့ နားလည်မှု ပြောင်းလဲသွားပေမဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော်တို့ရဲ့ ဇွဲထက်သန်မှုကတော့ မပြောင်းလဲပါဘူး။ ယေဟောဝါရဲ့ လူမျိုးဟာ နေရာတိုင်းမှာ နည်းလမ်းမျိုးစုံ သုံးပြီး သတင်းကောင်း ဆက်ဟောပြောနေတယ်။ (မ. ၂၄:၁၄) ဘယ်အစိုးရ ပိတ်ပင်မှုကမှ ဟောပြောခြင်းလုပ်ငန်းကို မတားဆီးနိုင်ဘူး။ ယေဟောဝါရဲ့ ကောင်းချီးကြောင့် နိုင်ငံတော် သတင်းကောင်းကို တစ်ခါနဲ့မှမတူအောင် တက်တက်ကြွကြွ၊ သတ္တိရှိရှိ ဟောပြောနေကြတယ်။ အချိန်တန်တဲ့အခါ “အမှန်တရားကို အပြည့်အဝ နားလည်အောင်” ယေဟောဝါ ကူညီပေးမယ်ဆိုတာ စိတ်ချတဲ့အတွက် ကျမ်းစာ ပရောဖက်ပြုချက်တွေကို နားလည်ဖို့ ဘုရားအကူအညီကို နှိမ့်ချစွာ ဆက်အားကိုးကြပါမယ်။—ယော. ၁၆:၁၃။
သီချင်း ၉၇ ဘုရားစကားမှာ အသက်တည်
^ အပိုဒ်၊ 5 ယောလ အခန်းကြီး ၁ နဲ့ ၂ မှာပါတဲ့ ပရောဖက်ပြုချက်ဟာ လက်ရှိခေတ် ဟောပြောခြင်းလုပ်ငန်းအကြောင်း ကြိုဟောတာလို့ ကျွန်တော်တို့ ယူဆခဲ့တာ နှစ်များစွာ ကြာပြီ။ ဒါပေမဲ့ ယောလ ပရောဖက်ပြုချက်ရဲ့ အဲဒီအပိုင်းနဲ့ပတ်သက်တဲ့ နားလည်မှုကို ပြန်ပြုပြင်သင့်တဲ့ အကြောင်းရင်း လေးခု ရှိတယ်။ ဘာအကြောင်းရင်းတွေလဲ။
^ အပိုဒ်၊ 3 ၂၀၀၉၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် “ဖန်ဆင်းရာများတွင် တွေ့မြင်ရသော ယေဟောဝါ၏ ဉာဏ်ပညာ” ဆောင်းပါး၊ အပိုဒ် ၁၄-၁၆ ကိုကြည့်ပါ။