စာရှုသူများထံမှ မေးခွန်းလွှာ
ယေရှု မသေဆုံးခင်လေးမှာ ဆာလံ ၂၂:၁ မှာ ပါတဲ့ ဒါဝိဒ်ရဲ့ စကားတွေကို ဘာကြောင့် ပြောခဲ့သလဲ။
“ကျွန်တော့်ဘုရား၊ ကျွန်တော့်ဘုရား၊ ကျွန်တော့်ကို ဘာလို့ စွန့်ပစ်တာလဲ” ဆိုတဲ့ မဿဲ ၂၇:၄၆ ပါ စကားတွေကို ယေရှု မသေဆုံးခင်လေးမှာ ပြောခဲ့တယ်။ ဒါက ဆာလံ ၂၂:၁ မှာ ပါတဲ့ ဆာလံဆရာ ဒါဝိဒ်ရဲ့ စကားတွေကို ပြည့်စုံစေတာ ဖြစ်တယ်။ (မာ. ၁၅:၃၄) ယေဟောဝါကို ယေရှု မကျေမနပ် ဖြစ်လို့၊ ယုံကြည်ခြင်း ခဏတစ်ဖြုတ် ပျောက်ဆုံးသွားလို့ အဲဒီလို ပြောတာ မဟုတ်ပါဘူး။ အသေခံဖို့ လိုအပ်ရတဲ့ အကြောင်းရင်းကို ယေရှု အပြည့်အဝ နားလည်ပြီး အသေခံဖို့ လိုလိုလားလား ရှိတယ်။ (မ. ၁၆:၂၁။ ၂၀:၂၈) မိမိ သေဆုံးချိန်မှာ “ကာကွယ်ပေးထား” သမျှကို ယေဟောဝါ ရုပ်သိမ်းမယ်ဆိုတာလည်း သိတယ်။ (ယောဘ ၁:၁၀) ဒါမှလည်း ဘယ်လိုပုံစံနဲ့ပဲ သေဆုံးရပါစေ ဆက်သစ္စာရှိနေမယ်ဆိုတာ သက်သေပြနိုင်မယ်။—မာ. ၁၄:၃၅၊ ၃၆။
ဒါဆိုရင် အဲဒီဆာလံစကားတွေကို ယေရှု ဘာကြောင့် ပြောခဲ့သလဲ။ အတိအကျ မသိရပေမဲ့ ဖြစ်နိုင်ဖွယ် အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ကြစို့။ *
မိမိ သေဆုံးချိန်မှာ ယေဟောဝါ ကြားဝင်ကူညီပေးမှာ မဟုတ်ကြောင်း အလေးပေးချင်လို့ ဒီစကားတွေ ယေရှု ပြောခဲ့တာလား။ ယေရှုဟာ ယေဟောဝါရဲ့ အကူအညီ မပါဘဲ ရွေးဖိုး ပေးဖို့ လိုတယ်။ လူသားစစ်စစ် တစ်ယောက်အဖြစ် “လူအားလုံးအတွက် အသေခံ” ဖို့ လိုတယ်။—ဟီ. ၂:၉။
ဆာလံ အခန်းကြီး တစ်ခုလုံးကို သတိရစေချင်လို့ အဲဒီဆာလံကျမ်းထဲက စာသားတချို့ကို ယေရှု ပြောခဲ့ဆာ. ၂၂:၇၊ ၈၊ ၁၅၊ ၁၆၊ ၁၈၊ ၂၄) ဒါ့အပြင် အဲဒီဆာလံကျမ်း အဆုံးပိုင်းမှာ ယေဟောဝါကို ချီးမွမ်းထားပြီး မြေတစ်ခွင်လုံးရဲ့ ရှင်ဘုရင်အဖြစ် ဖော်ပြထားတယ်။—ဆာ. ၂၂:၂၇-၃၁။
တာလား။ ယေရှုခေတ်တုန်းက ဂျူးတွေဟာ ဆာလံကျမ်း အများစုကို အလွတ်ကျက်မှတ်လေ့ရှိတယ်။ အခန်းငယ် တစ်ခုလောက် ကြားလိုက်တာနဲ့ အခန်းကြီး တစ်ခုလုံးကို အလိုလို စဉ်းစားမိနိုင်တယ်။ အဲဒီလို စဉ်းစားမိစေချင်တဲ့ ရည်ရွယ်ချက်နဲ့သာ ယေရှု ပြောခဲ့တာဆိုရင် ဂျူးနောက်လိုက်တွေဟာ ယေရှု မသေဆုံးခင် အဖြစ်အပျက်တွေနဲ့ပတ်သက်တဲ့ အဲဒီဆာလံကျမ်းပါ ပရောဖက်ပြုချက် များစွာကို သတိရသွားပါလိမ့်မယ်။ (မိမိ အပြစ်ကင်းကြောင်း ပေါ်လွင်စေချင်လို့ ဒါဝိဒ်ရဲ့ စကားတွေကို ယေရှု ကိုးကားခဲ့တာလား။ ယေရှု အသတ်မခံရခင်မှာ ဂျူးတရားရုံးချုပ်က ယေရှုကို တရားမဝင် အမှုစစ်ပြီး ဘုရားကို စော်ကားပြောဆိုသူအဖြစ် စီရင်ခဲ့တယ်။ (မ. ၂၆:၆၅၊ ၆၆) ပုံမှန် တရားရေး လုပ်ထုံးလုပ်နည်းတွေအတိုင်း မဟုတ်ဘဲ ယေရှုရဲ့ အမှုကို ညကြီးမိုးချုပ်မှာ အလောတကြီး စစ်ဆေးခဲ့တယ်။ (မ. ၂၆:၅၉။ မာ. ၁၄:၅၆-၅၉) ဒါဝိဒ်ရဲ့ စကားတွေကို ယေရှု ကိုးကားတာဟာ သေဒဏ်ခံထိုက်တဲ့ ပြစ်မှု တစ်ခုမှ မိမိ မကျူးလွန်ထားကြောင်း ပေါ်လွင်စေချင်လို့ ဖြစ်နိုင်တယ်။
ဒီဆာလံကျမ်းကို ရေးသားတဲ့ ဒါဝိဒ် ဒုက္ခတွေ ကြုံခဲ့ရတာဟာ ယေဟောဝါရဲ့ မျက်နှာသာ ဆုံးရှုံးသွားတဲ့ သဘော မဟုတ်ကြောင်း တခြားသူတွေကို အမှတ်ရစေချင်လို့ ယေရှု ကိုးကားခဲ့တာလား။ ဒါဝိဒ် အဲဒီလို မေးတာဟာ ဘုရားကို မယုံကြည်တော့လို့ မဟုတ်ဘူး။ အဲဒီလို မေးပြီးနောက် ယေဟောဝါရဲ့ ကယ်တင်နိုင်စွမ်းကို ယုံကြည်စိတ်ချကြောင်း ဒါဝိဒ် ထုတ်ပြောတယ်။ ယေဟောဝါကလည်း ဒါဝိဒ်ကို ဆက်ကောင်းချီးပေးတယ်။ (ဆာ. ၂၂:၂၃၊ ၂၄၊ ၂၇) အဲဒီလိုပဲ “ဒါဝိဒ်ရဲ့ သား” ယေရှု ဒုက္ခသစ်တိုင်မှာ ဝေဒနာ ခံရတာဟာ ယေဟောဝါရဲ့ မျက်နှာသာ မရတော့တဲ့ သဘော မဟုတ်ဘူး။—မ. ၂၁:၉။
မိမိ အပြည့်အဝ သမာဓိ စောင့်ထိန်းနိုင်အောင် အကာအကွယ်တွေ ယေဟောဝါ ရုပ်သိမ်းလိုက်တာကို ယေရှု အကြီးအကျယ် ဝမ်းနည်းတဲ့ သဘောလား။ ယေဟောဝါရဲ့ မူလ ရည်ရွယ်ချက်မှာ သားတော် ဝေဒနာ ခံပြီး သေဆုံးဖို့ မပါဘူး။ အာဒံနဲ့ ဧဝ ပုန်ကန်ပြီးနောက်မှသာ ဒီလို သေဆုံးဖို့ လိုအပ်လာတာ ဖြစ်တယ်။ ယေရှု ဘာအပြစ်မှ မကျူးလွန်ပေမဲ့ စာတန် မေးခွန်းထုတ်ခဲ့တဲ့ အရေးကိစ္စတွေကို ဖြေရှင်းဖို့၊ အာဒံ ဆုံးရှုံးသွားတဲ့အရာကို ပြန်ဝယ်ယူနိုင်တဲ့ ရွေးဖိုး ပေးဖို့ ဝေဒနာ ခံပြီး သေဆုံးရမယ်။ (မာ. ၈:၃၁။ ၁ ပေ. ၂:၂၁-၂၄) ဒါတွေ ပြီးမြောက်နိုင်ဖို့ ယေရှုရဲ့ ဘဝမှာ ဦးဆုံးအကြိမ်အဖြစ် ယေဟောဝါ ခဏတစ်ဖြုတ် အကာအကွယ် ရုပ်သိမ်းဖို့ လိုတယ်။
ဒီလိုပုံစံနဲ့ သေဆုံးဖို့ ယေဟောဝါ ခွင့်ပြုရတဲ့ အကြောင်းရင်းကို နောက်လိုက်တွေ သဘောပေါက်အောင် ယေရှု ကူညီပေးနေတာလား။ * ရာဇဝတ်သားအဖြစ် ဒုက္ခသစ်တိုင်ပေါ် မိမိ ကွပ်မျက်ခံရတာဟာ လူများစွာအတွက် တိုက်မိလဲစရာ ဖြစ်မယ်ဆိုတာ ယေရှု သိတယ်။ (၁ ကော. ၁:၂၃) ဒါပေမဲ့ နောက်လိုက်တွေဟာ ယေရှု သေဆုံးတဲ့ နည်းလမ်းကို မဟုတ်ဘဲ သေဆုံးရတဲ့ အကြောင်းရင်းကို အာရုံစိုက်ရင် တိုက်မိလဲမှာ မဟုတ်ဘူး။ (ဂလ. ၃:၁၃၊ ၁၄) ယေရှုကို ရာဇဝတ်သားအဖြစ် မဟုတ်ဘဲ ကယ်တင်ရှင်အဖြစ် ရှုမြင်ကြမှာ ဖြစ်တယ်။
အဲဒီစကားတွေကို ဘာအကြောင်းကြောင့်ပဲ ပြောခဲ့ပါစေ မိမိ ဝေဒနာ ခံရတာဟာ ယေဟောဝါရဲ့ အလိုတော် ဆောင်နေတာပဲဆိုတာ ယေရှု သိတယ်။ အဲဒီဆာလံစကားတွေကို ကိုးကားပြီး သိပ်မကြာခင်မှာပဲ “အဖခိုင်းသမျှ ကျွန်တော် လုပ်ပြီးပါပြီ” လို့ ယေရှု ပြောတယ်။ (ယော. ၁၉:၃၀။ လု. ၂၂:၃၇) အကာအကွယ်ကို ယေဟောဝါ ခဏတစ်ဖြုတ် ရုပ်သိမ်းခဲ့တဲ့အတွက် မြေကြီးပေါ် လာရတဲ့ ရည်ရွယ်ချက်အားလုံးကို ယေရှု အပြည့်အဝ ပြီးမြောက်စေနိုင်ခဲ့တယ်။ “မောရှေရဲ့ ပညတ်ကျမ်း၊ ပရောဖက်ကျမ်းတွေနဲ့ ဆာလံကျမ်းမှာ” ရေးထားသမျှကိုလည်း ပြည့်စုံစေနိုင်ခဲ့တယ်။—လု. ၂၄:၄၄။
^ အပိုဒ်၊ 2 ဒီစာစောင်မှာ ပါတဲ့ “ယေရှု ပြောခဲ့တဲ့ နောက်ဆုံးစကားတွေကနေ သင်ယူပါ” ဆောင်းပါး၊ စာပိုဒ် ၉၊ ၁၀ ကိုလည်း ကြည့်ပါ။
^ အပိုဒ်၊ 4 ယေရှုဟာ အမှုဆောင်ချိန်အတွင်း တစ်ခါတလေ ကိစ္စရပ်တစ်ခုခုနဲ့ပတ်သက်ပြီး ပြောတာ၊ မေးတာတွေဟာ တစ်ခုခုကို တကယ် ခံစားနေရလို့ မဟုတ်ဘဲ နောက်လိုက်တွေရဲ့ သဘောထားကို သိချင်လို့ ဖြစ်တယ်။ —မာ ၇:၂၄-၂၇။ ယော. ၆:၁-၅။ ၂၀၁၀၊ အောက်တိုဘာ ၁၅၊ ကင်းမျှော်စင် စာ. ၄-၅ ကို ကြည့်ပါ။