ပိုကောင်းတဲ့ ကမ္ဘာတစ်ခု လိုအပ်
“ပြဿနာတွေ ရှုပ်ထွေးနေတဲ့ လောကမှာ အသက်ရှင်နေရတယ်” လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရတ်စ် ပြောခဲ့တယ်။ သူပြောတာ မှန်တယ် မဟုတ်လား။
သတင်းတွေမှာ စိတ်ပျက်စရာကောင်းတဲ့
ရောဂါတွေ၊ ကပ်ရောဂါတွေ
သဘာဝ ဘေးအန္တရာယ်တွေ
ဆင်းရဲမွဲတေမှု၊ ငတ်မွတ်မှု
ညစ်ညမ်းမှု၊ ကမ္ဘာချီ ပူနွေးမှု
ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ အကျင့်ပျက် ခြစားမှု
စစ်ပွဲတွေ အကြောင်းနဲ့ ပြည့်နေတယ်။
ပိုကောင်းတဲ့ ကမ္ဘာတစ်ခု လိုတာ သိပ်ထင်ရှား နေပါပြီ။ ကျွန်တော်တို့ လိုအပ်နေတာက
ဒေါင်ဒေါင်မြည် ကျန်းမာရေး
လူတိုင်းအတွက် ဘေးကင်းလုံခြုံမှု
စားစရာ အလျှံပယ်
သန့်ရှင်းတဲ့ သဘာဝဝန်းကျင်
လူတိုင်းအတွက် တရားမျှတမှု
ကမ္ဘာချီ ငြိမ်းချမ်းရေး ရှိတဲ့ နေရာမျိုးပါ။
ပိုကောင်းတဲ့ ကမ္ဘာလို့ ပြောတဲ့အခါ ဘာကို ဆိုလိုသလဲ။
ကျွန်တော်တို့ နေတဲ့ ကမ္ဘာ ဘာဖြစ်သွားမလဲ။
ပိုကောင်းတဲ့ ကမ္ဘာမှာ နေရဖို့ ဘာလုပ်နိုင်သလဲ။
အဲဒီမေးခွန်းတွေရဲ့ ကျမ်းစာအဖြေကို ဒီကင်းမျှော်စင်မှာ ဖော်ပြထားပါတယ်။