ဘယ်လို ဘုရားမျိုးလဲ
လူတစ်ယောက်ရဲ့ အရည်အသွေးတွေ သိလာလေ အဲဒီလူကို ပိုသိကျွမ်းခင်မင်လာလေပဲ။ အလားတူပဲ ယေဟောဝါရဲ့ အရည်အသွေးတွေကို သိလာလေ ဘယ်လို ဘုရားမျိုးလဲဆိုတာ ပိုသိလာပြီး ပိုရင်းနှီးလာလေပဲ။ ဘုရားရဲ့ အံ့ဖွယ် ဂုဏ်ရည်တော်အားလုံးထဲမှာ တန်ခိုး၊ ဉာဏ်ပညာ၊ တရားမျှတမှု၊ ချစ်ခြင်းမေတ္တာတို့က အထင်ရှားဆုံးပဲ။
ဘုရားသခင် တန်ခိုးကြီး
‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကိုယ်တော်က ကောင်းကင်နဲ့ မြေကြီးကို ကြီးမားတဲ့တန်ခိုးနဲ့ ဖန်ဆင်းခဲ့တယ်။’—ယေရမိ ၃၂:၁၇။
ဘုရားသခင်ရဲ့ တန်ခိုးကို ဖန်ဆင်းရာတွေမှာ တွေ့မြင်ရတယ်။ နွေရာသီ နေ့တစ်နေ့မှာ နေရောင်အောက် ရပ်တဲ့အခါ ဘယ်လို ခံစားရသလဲ။ နေပူရှိန် ခံစားရတယ်။ တကယ်တော့ ယေဟောဝါ တန်ခိုးနဲ့ ဖန်ဆင်းထားတဲ့အရာကို ခံစားနေတာပါ။ နေဟာ ဘယ်လောက် စွမ်းအင်ကြီးမားသလဲ။ နေရဲ့ဗဟိုမှာ အပူချိန် ၂၇,၀၀၀,၀၀၀ ဒီဂရီဖာရင်ဟိုက် (၁၅,၀၀၀,၀၀၀°C) ခန့် ရှိတယ်။ နျူကလီးယားဗုံး သန်းထောင်ချီ ပေါက်ကွဲအားနဲ့ ညီမျှတဲ့စွမ်းအင်ကို စက္ကန့်တိုင်း ထုတ်လွှတ်ပေးနေတယ်။
ဒါတောင်မှ စကြဝဠာမှာ နေထက် အဆမတန်ကြီးမားတဲ့ကြယ်တွေ သန်းထောင်ချီ ရှိသေးတယ်။ ယူဝိုင်စကူတီလို့ခေါ်တဲ့ အကြီးဆုံးကြယ်တစ်ခုရဲ့ အချင်းဟာ နေအချင်းထက် အဆ ၁,၇၀၀ နီးပါး ကြီးတယ်။ နေကို ယူဝိုင်စကူတီနဲ့ အစားထိုးလိုက်ရင် ကမ္ဘာဂြိုဟ်ကို လွှမ်းခြုံကာ ဂျူပီတာဂြိုဟ်ပတ်လမ်းကိုတောင် ကျော်လွန်သွားပါလိမ့်မယ်။ အဲဒါက ကောင်းကင်နဲ့ မြေကြီး (စကြဝဠာ) ကို ကြီးမားတဲ့တန်ခိုးနဲ့ ယေဟောဝါဘုရား ဖန်ဆင်းခဲ့တယ်ဆိုတဲ့ ယေရမိစကားကို ပိုနားလည်စေနိုင်ပါတယ်။
မဿဲ ၁၁:၅) ဒီနေ့ကော။ “မောပန်းသူကို ငါခွန်အားပေးမယ်။ . . . ယေဟောဝါကို မျှော်လင့်တဲ့သူတွေကတော့ ခွန်အား ပြန်ပြည့်လာလိမ့်မယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဟေရှာယ ၄၀:၂၉၊ ၃၁) အခက်အခဲတွေ၊ ဘဝပြဿနာတွေကို ကျွန်တော်တို့ ရင်ဆိုင်ခံရပ်နိုင်အောင် ဘုရားသခင်က “သာမန်ထက် ထူးကဲတဲ့တန်ခိုး” ပေးနိုင်တယ်။ (၂ ကောရိန္သု ၄:၇) ကျွန်တော်တို့အကျိုးအတွက် အကန့်အသတ်မဲ့တန်ခိုးကို မေတ္တာပါစွာ အသုံးပြုနေတဲ့ ဘုရားသခင်ကို ပိုမရင်းနှီးချင်ဘူးလား။
ဘုရားသခင့်တန်ခိုးကနေ ဘယ်လို အကျိုးခံစားကြရ သလဲ။ ကျွန်တော်တို့အသက်ဟာ နေနဲ့တကွ ကမ္ဘာပေါ်က အံ့ဖွယ်သယံဇာတတွေစတဲ့ ဖန်ဆင်းရာတွေအပေါ် မူတည်နေတယ်။ ဒီ့ပြင် ဘုရားသခင်က လူသားတွေအကျိုးအတွက် တန်ခိုးကို အသုံးပြုနေပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ပထမရာစုတုန်းက ယေရှုကို တကယ့်အံ့ဖွယ်အမှုတွေ ပြုလုပ်နိုင်အောင် ဘုရားသခင်က အစွမ်းတန်ခိုး ပေးခဲ့တယ်။ “မျက်မမြင်တွေ ပြန်မြင်လာပြီ။ ခြေမသန်သူတွေ လမ်းလျှောက်နိုင်ပြီ။ အနာကြီးရောဂါသည်တွေ ပြန်ကောင်းလာပြီ။ နားမကြားသူတွေ ကြားရပြီ။ သေလွန်သူတွေ အသက် ပြန်ရှင်လာပြီ” လို့ ဖတ်ရတယ်။ (ဘုရားသခင်ဟာ ဉာဏ်ပညာရှိ
“ယေဟောဝါဘုရား၊ ကိုယ်တော့်လုပ်ဆောင်မှုတွေ များလိုက်တာ။ ဒါတွေအားလုံးကို ဉာဏ်ပညာနဲ့ ဖန်ဆင်းထားတယ်။”—ဆာလံ ၁၀၄:၂၄။
ဘုရားသခင် ဖန်ဆင်းတဲ့အရာတွေအကြောင်း ပိုသိလာလေ ဘုရားရဲ့ ဉာဏ်ပညာကို ပိုအံ့ဩရလေပဲ။ ဇီဝတုပမှုပညာမှာ သိပ္ပံပညာရှင်တွေက ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို လေ့လာတုပပြီး ဒီဇိုင်းဆွဲကြတယ်။ ရိုးရှင်းတဲ့ကပ်ခွာကနေ လေယာဉ်အထိ တုပတီထွင်ကြတယ်။
ဘုရားရဲ့ ဉာဏ်ပညာကို လူ့ကိုယ်ခန္ဓာမှာ အံ့ဖွယ်အကောင်းဆုံးနည်းနဲ့ တွေ့ရတယ်။ ကလေးတစ်ယောက် ကြီးထွားလာပုံကို သုံးသပ်ကြည့်ပါ။ ဗီဇညွှန်ကြားချက်အားလုံး ပါဝင်တဲ့ မျိုးအောင်ဆဲလ်တစ်ခုကနေ စတင်ဖြစ်ပေါ်လာတယ်။ အဲဒီဆဲလ်ဟာ ဆဲလ်များစွာအဖြစ် ကွဲထွက်သွားတယ်။ အချိန်တန်တဲ့အခါ ဆဲလ်တွေ သီးခြားစီ ပေါင်းစည်းပြီး သွေးဆဲလ်၊ အာရုံကြောဆဲလ်၊ အရိုးဆဲလ်စတဲ့ မျိုးကွဲဆဲလ်ရာချီ ဖြစ်ပေါ်လာတယ်။ မကြာခင်မှာပဲ ကိုယ်အင်္ဂါတွေ ပေါ်လာပြီး အလုပ်စလုပ်လာတယ်။ ကိုးလအတွင်း မူလဆဲလ်ကနေ ဆဲလ်သန်းထောင်ချီနဲ့ ဖွဲ့စည်းထားတဲ့ ကလေး ဖြစ်လာတယ်။ ဒီလိုဒီဇိုင်းမှာ မြင်တွေ့ရတဲ့ ဉာဏ်ပညာကြောင့် “ကျွန်တော့်ကို အံ့မခန်းဖွယ် ဖန်ဆင်းထားတဲ့အတွက် ကိုယ်တော့်ကို ချီးမွမ်းပါတယ်” ဆိုတဲ့ ကျမ်းစကားကို သဘောတူကြတယ်။—ဆာလံ ၁၃၉:၁၄။
ဘုရားသခင်ရဲ့ ဉာဏ်ပညာကနေ ဘယ်လို အကျိုးခံစားကြသလဲ။ ကျွန်တော်တို့ ပျော်ရွှင်ဖို့ လိုအပ်မှန်း ဖန်ဆင်းရှင် သိထားတယ်။ ဘုရားရဲ့ ဉာဏ်ပညာ ကြီးမားမှုကြောင့် ကျမ်းစာမှာ ဒီလိုအကြံပေးထားတယ်။ “ဆက်ပြီးသည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။” (ကောလောသဲ ၃:၁၃) ပညာရှိအကြံဉာဏ်ပဲ မဟုတ်လား။ ဟုတ်ပါတယ်။ ခွင့်လွှတ်ခြင်းက အိပ်ပျော်စေနိုင်တယ်၊ သွေးတိုး ကျစေနိုင်တယ်လို့ ဆရာဝန်တွေ တွေ့ရှိကြတယ်။ စိတ်ကျရောဂါနဲ့ တခြားကျန်းမာရေးပြဿနာတွေကိုလည်း လျော့နည်းစေနိုင်တယ်။ ဘုရားသခင်ဟာ ဂရုစိုက်ပေးတတ်တဲ့ ပညာရှိမိတ်ဆွေနဲ့ တူတယ်။ အကူအညီဖြစ်စေတဲ့၊ အကျိုးရှိစေတဲ့ အကြံဉာဏ်တွေ မပြတ်ပေးတတ်တယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇) အဲဒီမိတ်ဆွေမျိုးကို မလိုချင်ဘူးလား။
ဘုရားသခင်ဟာ တရားမျှတ
“ယေဟောဝါဟာ တရားမျှတမှုကို မြတ်နိုးတယ်။”—ဆာလံ ၃၇:၂၈။
ဘုရားသခင်က မှန်ရာကိုပဲ အမြဲလုပ်တယ်။ “စစ်မှန်တဲ့ဘုရားသခင်က ဆိုးညစ်တာကို ဘယ်တော့မှ မလုပ်ဘူး။ အနန္တတန်ခိုးရှင်က မကောင်းယောဘ ၃၄:၁၀) “လူတွေကို ကိုယ်တော် တရားသဖြင့် စီရင်” တယ်လို့ ဆာလံဆရာ ဖော်ပြတဲ့အတိုင်းပဲ ဘုရားရဲ့ တရားစီရင်ချက်တွေဟာ ဖြောင့်မှန်တယ်။ (ဆာလံ ၆၇:၄) ‘ယေဟောဝါက နှလုံးသားကို ကြည့်’ တဲ့အတွက် ဘုရားကို လှည့်စားလို့ မရဘူး။ အမှန်တရားကို အမြဲ သိမြင်နိုင်တယ်။ အမှန်အတိုင်း တရားစီရင်တယ်။ (၁ ရှမွေလ ၁၆:၇) ဒီ့ပြင် ကမ္ဘာပေါ်က မတရားမှု၊ အကျင့်ပျက်ခြစားမှု မှန်သမျှကို သိမြင်တယ်။ ဒါကြောင့် မကြာခင် ‘လူဆိုးတွေကို ကမ္ဘာမြေပေါ်ကနေ ပယ်ရှင်း’ မယ်လို့ ကတိပေးထားတယ်။—ပညာအလိမ္မာ ၂:၂၂။
တာကို လုံးဝ မလုပ်ဘူး။” (ဒါပေမဲ့ ဘုရားသခင်ဟာ လူတွေကို ပြစ်ဒဏ်ပေးချင်တဲ့၊ ခက်ထန်တဲ့တရားသူကြီး မဟုတ်ဘူး။ သင့်လျော်ရင် ကရုဏာ ပြတယ်။ စိတ်ရင်းမှန်နဲ့ နောင်တရတဲ့လူဆိုးတွေကိုတောင် “ယေဟောဝါဟာ ကရုဏာရှိပြီး သနားစာနာတတ်တယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ တကယ်တရားမျှတတယ် မဟုတ်လား။—ဆာလံ ၁၀၃:၈။ ၂ ပေတရု ၃:၉။
ဘုရားသခင်ရဲ့ တရားမျှတမှုကနေ ဘယ်လို အကျိုးခံစားကြ သလဲ။ တမန်တော် ပေတရုက “ဘုရားသခင် မျက်နှာမလိုက်မှန်း ကျွန်တော် ကောင်းကောင်း သဘောပေါက်သွားပြီ။ ဘယ်လူမျိုးဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မှန်ရာလုပ်မယ်ဆိုရင် ဘုရားရဲ့ နှစ်သက်လက်ခံမှုကို ရတာပဲ” လို့ ပြောခဲ့တယ်။ (တမန်တော် ၁၀:၃၄၊ ၃၅) ဘုရားသခင်က ဘယ်တော့မှ မျက်နှာမလိုက်တဲ့အတွက် ဘုရားသခင်ရဲ့ တရားမျှတမှုကနေ အကျိုးခံစားကြရတယ်။ လူမျိုး၊ နိုင်ငံသား၊ ပညာရေး၊ လူမှုရေးအဆင့်အတန်း ဘယ်လို ရှိပါစေ ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှု ရနိုင်တယ်၊ ဘုရားကို ဝတ်ပြုကိုးကွယ်နိုင်တယ်။
ဘုရားသခင့် တရားမျှတမှုကို နားလည်ပြီး အကျိုးခံစားစေချင်လို့ အမှားအမှန်သိစိတ် ပေးထားတယ်။ အမှားအမှန်သိစိတ်ဆိုတာ ကိုယ့်အပြုအမူ မှားကြောင်း၊ မှန်ကြောင်း ‘အသိပေးတဲ့၊’ ‘စိတ်နှလုံးထဲမှာ ရေးသားတဲ့’ ပညတ်တရားလို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ရောမ ၂:၁၅) ဘယ်လို အကျိုးခံစားကြသလဲ။ တော်မှန်စွာ လေ့ကျင့်ပေးထားရင် အမှားအမှန်သိစိတ်က မကောင်းတဲ့၊ မတရားတဲ့လုပ်ရပ်တွေကို ရှောင်ကြဉ်စေနိုင်တယ်။ မှားသွားတဲ့အခါ နောင်တရ ပြောင်းလဲစေတယ်။ ဘုရားသခင့် တရားမျှတမှုကို နားလည်ခြင်းက အကူအညီ ဖြစ်စေပြီး ဘုရားနဲ့ ရင်းနှီးလာစေတယ်။
ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်
“ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်လို့ပဲ။”—၁ ယောဟန် ၄:၈။
ဘုရားသခင်မှာ တန်ခိုး၊ ဉာဏ်ပညာ၊ တရားမျှတမှု ရှိတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ တန်ခိုး၊ ဉာဏ်ပညာ၊ တရားမျှတမှု ဖြစ်တယ်လို့ ကျမ်းစာမှာ မဖော်ပြဘူး။ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်လို့ ဆိုထားတယ်။ ဘာကြောင့်လဲ။ ဘုရားသခင့်တန်ခိုးက လုပ်ဆောင်စေနိုင်ကာ တရားမျှတမှုနဲ့ ဉာဏ်ပညာက လုပ်ဆောင်ပုံကို လမ်းညွှန်ပေးတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ချစ်ခြင်းမေတ္တာက လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတယ်။ လုပ်ဆောင်သမျှဟာ ချစ်ခြင်းမေတ္တာကြောင့်ပဲ။
ယေဟောဝါမှာ လိုလေသေးမရှိ ပြည့်စုံပေမဲ့ မေတ္တာကြောင့် ကောင်းကင်နဲ့ မြေကြီးပေါ်က အသိဉာဏ်ရှိတဲ့ သတ္တဝါတွေကို ဖန်ဆင်းခဲ့တယ်။ ဘုရားရဲ့ မေတ္တာနဲ့ ဂရုစိုက်မှုကို မွေ့လျော်ခံစားနိုင်ကြတယ်။ လူသားတွေအတွက် အကောင်းဆုံးစံအိမ်အဖြစ် ကမ္ဘာမြေကို ကိုယ်ကျိုးမငဲ့ ပြင်ဆင်ပေးထားတယ်။ “ကိုယ်တော်က လူဆိုးလူကောင်းအပေါ် နေထွက်စေတယ်။ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတွေအပေါ် မိုးရွာစေတယ်။” ဒီနည်းနဲ့ လူသားအားလုံးကို မေတ္တာ ဆက်ပြနေတယ်။—မဿဲ ၅:၄၅။
ဒီ့ပြင် “ယေဟောဝါဟာ အလွန်ချစ်ခင်စာနာပြီး ကရုဏာကြီးတယ်။” (ယာကုပ် ၅:၁၁) ဘုရားကို သိလာဖို့၊ ရင်းနှီးဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားနေသူတွေကို ချစ်ခင်တယ်။ အဲဒီလူတွေကို တစ်ယောက်ချင်းစီ သိမြင်တယ်။ “ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”—၁ ပေတရု ၅:၇။
ဘုရားသခင့် ချစ်ခြင်းမေတ္တာကနေ ဘယ်လို အကျိုးခံစားကြ သလဲ။ နေဝင်ဆည်းဆာအလှကို ခံစားကြတယ်။ ကလေးရယ်သံကို ကြားချင်ကြတယ်။ မိသားစုဝင်တွေရဲ့ မေတ္တာကို တန်ဖိုးထားကြတယ်။ ဒါတွေဟာ အခြေခံလိုအပ်ရာတွေ မဟုတ်ပေမဲ့ ကျွန်တော်တို့အသက်တာကို အတိုင်းအဆမဲ့ ကြွယ်ဝစေတယ်။
ဘုရားသခင် မေတ္တာနဲ့ ပြင်ဆင်ပေးတဲ့ ဆုတောင်းခြင်းကနေလည်း အကျိုးခံစားကြတယ်။ “ဘာမှ မစိုးရိမ်ဘဲ အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်းကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုးအသနားခံကြပါ၊ ဘုရားသခင်ဆီ အသနားခံကြပါ” လို့ ကျမ်းစာမှာ တိုက်တွန်းထားတယ်။ မေတ္တာပြည့်ဝတဲ့ဖခင်လိုပဲ အကူအညီ တောင်းစေချင်တယ်။ စိုးရိမ်ပူပန်တာတွေ ဖွင့်ပြောစေချင်တယ်။ ကိုယ်ကျိုးမငဲ့တဲ့ မေတ္တာကြောင့် “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်း” ကို ပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။—ဖိလိပ္ပိ ၄:၆၊ ၇။
တန်ခိုး၊ ဉာဏ်ပညာ၊ တရားမျှတမှု၊ မေတ္တာဆိုတဲ့ ဘုရားရဲ့ အဓိကဂုဏ်ရည်တော်တွေအကြောင်း အနည်းငယ် ဆွေးနွေးလိုက်ခြင်းက ဘယ်လို ဘုရားမျိုး ဖြစ်ကြောင်း ပုံဖော်ကြည့်စေနိုင်တယ် မဟုတ်လား။ ဘုရားသခင်ကို ကျေးဇူးတင်စိတ် ပေါ်လာအောင် ဘုရား ဘာလုပ်ပေးခဲ့တယ်၊ ဘာလုပ်ပေးဦးမယ်ဆိုတာကို လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။
ဘယ်လို ဘုရားမျိုးလဲ ယေဟောဝါဟာ ဘယ်သူထက်မဆို ပိုတန်ခိုးကြီးတယ်၊ ဉာဏ်ပညာ ပိုရှိတယ်၊ ပိုတရားမျှတတယ်။ ဒါပေမဲ့ ဘုရားရဲ့ နှစ်လို့ဖွယ်အကောင်းဆုံး အရည်အသွေးကတော့ ချစ်ခြင်းမေတ္တာပါပဲ