ဘုရားသခင်နဲ့ ရင်းနှီးနိုင်တယ်
လူတချို့အဆို
ဘုရားသခင်က ကျွန်တော်တို့ကို စိတ်မဝင်စားဘူး။ ဘုရားသခင်ဟာ သန့်ရှင်းမြင့်မြတ်တယ်၊ ချဉ်းကပ်လို့ မရဘူး။
ကျမ်းစာအဆို
“ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။”—ယာကုပ် ၄:၈။
“စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”—၁ ပေတရု ၅:၇။
ဘုရားသခင်နဲ့ ရင်းနှီးအောင် ဘာလုပ်ရမလဲ
ဘုရားသခင်နဲ့ စကားပြောပါ။—ဆာလံ ၁၄၅:၁၈၊ ၁၉။
ဘုရားစကားကို နားထောင်ပါ။—ဆာလံ ၃၂:၈။
ဘုရားလမ်းညွှန်ချက်တွေကို လိုက်နာပါ။—ပညာအလိမ္မာ ၃:၅၊ ၆။
လက်မလျှော့နဲ့။—မဿဲ ၇:၇၊ ၈။