မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သိပ္ပံ​ပညာရှင်​တွေ မသိတဲ့​အရာ

သိပ္ပံ​ပညာရှင်​တွေ မသိတဲ့​အရာ

သိပ္ပံ​ပညာရှင်​တွေ​ဟာ စကြဝဠာ​အကြောင်း သူတို့ လေ့လာ​ထားသလောက်​ပဲ သိရှိ​ကြတယ်။ သူတို့​ မဖြေနိုင်​တဲ့ မေးခွန်း​များစွာ ရှိနေသေး​တယ်။

သိပ္ပံ​ပညာရှင်​တွေ​ဟာ စကြဝဠာ​နဲ့ သက်ရှိ​တွေ ဘယ်လို စတင်​ခဲ့တယ်​ဆိုတာ သိသလား။ မသိပါဘူး။ စကြဝဠာ​အကြောင်း လေ့လာ​တဲ့ သိပ္ပံ​ပညာရှင်​တွေ​ဟာ စကြဝဠာ​ရဲ့​ အစ​ကို ရှင်းပြ​နိုင်တယ်လို့ တချို့က ဆို​ကြတယ်။ ဒါပေမဲ့ ဒတ်​မော​က် ကောလိပ်​ရဲ့ နက္ခတ်​တာ​ရာ ပညာရှင်၊ ဘုရားသခင် တည်ရှိ​တာ​ကို သံသယဝင်​သူ ပါမောက္ခ မာ​ဆယ်​လို ဂ​လေ​ဆာ ဒီလို​ပြော​တယ်– “စကြဝဠာ ဘယ်လို စတင် ဖြစ်ပေါ်​တယ်​ဆိုတာ ကျွန်တော်​တို့ တစ်ခါ​မှ မရှင်းပြ​ဖူး​ဘူး။”

သက်ရှိ​တွေ​ရဲ့ အစနဲ့​ပတ်သက်ပြီး မဂ္ဂဇင်း​တစ်စောင် (Science News) ဒီလို ဆိုတယ်– “ကမ္ဘာ​ပေါ်မှာ သက်ရှိ​တွေ ဘယ်လို စတင်​တယ်​ဆိုတာ ပြော​ဖို့ မဖြစ်​နိုင်​ပုံ​ပေါက်​တယ်။ ကမ္ဘာ​မြေ​ရဲ့ အစောပိုင်း​ကာလ​မှာ ရှိခဲ့ဖူးတဲ့ ကျောက်ဖြစ်​ရုပ်ကြွင်း​တွေ​ကို ကြည့်​ရင်​တော့ ပြောကောင်း​ ပြော​နိုင်​မယ်။ အဲဒါတွေ ပျောက်ကွယ်​သွားတာ ကြာပြီ။” အဲဒီအဆို​တွေ​အရ စကြဝဠာ​နဲ့ သက်ရှိ​တွေ ဘယ်က စတယ်​ဆို​တဲ့ မေးခွန်း​ကို သိပ္ပံ​ပညာ မဖြေနိုင်​သေး​ဘူးဆို​တာ သိရတယ်။

ဒါပေမဲ့ ဒီလို စဉ်းစားမိ​မယ်။ ‘ကမ္ဘာ​မြေကြီးကို ဖန်တီး​ပြုလုပ်​သူ ရှိတယ်ဆိုရင် ဖန်တီး​ပြုလုပ်​သူက ဘယ်သူလဲ။’ ဒီမေးခွန်းတွေကိုလည်း စဉ်းစားမိ​မယ်။ ‘ဉာဏ်ပညာ​နဲ့ မေတ္တာ​ ရှိတဲ့ ဖန်ဆင်း​ရှင် ရှိတယ်ဆိုရင် လူသားတွေ ဆင်းရဲ​ဒုက္ခ​ ခံရ​ဖို့ ဘာကြောင့် ခွင့်ပြု​သလဲ။ ဘာသာ​တရား​တွေ ဘာကြောင့် ဒီလောက်​ များ​ရသလဲ။ ဘုရားသခင်​ကို ကိုးကွယ်​သူတွေ ဘာကြောင့် မကောင်းမှု ကျူးလွန်​နေကြ​သလဲ။’

အဲဒီ​မေးခွန်းတွေကို သိပ္ပံ​ပညာ​က မဖြေနိုင်ဘူး။ ဒီလို​ပြောလို့ အဖြေ​မှန် မရနိုင်​ဘူးလို့ မဆိုလို​ပါ​ဘူး။ လူများစွာဟာ ကျေနပ်ဖွယ် အဖြေတွေကို သမ္မာကျမ်းစာ​ကနေ တွေ့ရှိခဲ့​ကြတယ်။

ကျမ်းစာ​ကို အချိန်​ယူ လေ့လာခဲ့​ကြ​တဲ့ သိပ္ပံ​ပညာရှင်​တချို့ ဖန်ဆင်း​ရှင်​ ရှိတယ်ဆိုတာ ဘာကြောင့် ယုံကြည်​မှန်း သိချင်​တယ်​ဆိုရင် jw.org/my ထဲ​က “အသက်ရဲ့ မူလအစ​အပေါ် ရှုမြင်ချက်များ” ကို ကြည့်​ပါ။