“လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြပါဦးမည်လော”
“လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြပါဦးမည်လော”
၁၉၉၇ ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတောအတွင်းတွင် စာမျက်နှာလေးမျက်နှာပါသည့် လက်ကမ်းစာရွက် “လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြပါဦးမည်လော” ကိုဘာသာစကား ၁၀၀ ကျော်ဖြင့် ဝေစာပေါင်းသန်း ၃၀၀ ကျော်ကို ကမ္ဘာချီဝေငှခဲ့ကြသည်။ ယင်းနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု ပဲင်စီလ်ဘေးနီးယား၊ အက်စ်တုံရှိ အိပ်စ်ပရက်စ်-တိုင်းမ်စ်သတင်းစာတွင်ပါသည့် အောက်ဖော်ပြပါသုံးသပ်ချက်အပါအဝင် များစွာသောနှစ်သက်ဖွယ်မှတ်ချက်များ ပေးခဲ့ကြသည်–
“ယင်းတွင် တစ်ဦးနှင့်တစ်ဦး အေးစက်သည့်ဆက်ဆံရေးကြီးထွားလာသော အိမ်နီးချင်းများ၏နမူနာများကို ပေါ်လွင်အောင်ဖော်ပြထားသည်—နှစ်ပေါင်းများစွာအိမ်နီးချင်းဖြစ်သည့် လူမျိုးကွဲများနှင့် ဘာသာရေးအုပ်စုများ တစ်ဦးကိုတစ်ဦးသတ်ဖြတ်ခဲ့ကြသည့် ဘော့စနီးယား-ဟာဇီဂိုဗီးနားနှင့် ရဝမ်ဒါကဲ့သို့တစ်ဦးကိုတစ်ဦး နှိပ်စက်သတ်ဖြတ်မှုပင်ပြုလုပ်ခဲ့ကြသည်။
“အမေရိကန်ပြည်ထောင်စုရှိ အခြေအနေများနှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်မျှ မလည်ပတ်သော တစ်ဦးတည်းအထီးကျန်နေထိုင်သည့် သက်ကြီးရွယ်အိုပုံနှင့် သံကြိုးချည်ထားသော ဟနေသောတံခါးပေါက်မှ ကြောက်လန့်တကြားစူးစမ်းကြည့်နေသော အမျိုးသမီးတစ်ဦး၏မျက်နှာဓာတ်ပုံကိုဖော်ပြထားသည်။”
စလိုဗေးနီးယားရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးသည် အင်ပရီစီယာဒဿနိကဗေဒဆိုင်ရာစာပေအသင်းမှ အောက်ဖော်ပြပါတောင်းဆိုစာကို ရရှိခဲ့သည်– “ဘာသာရေးအမှန်တရားအကြောင်း ရှင်းလင်းချက်နှင့်ပတ်သက်၍ စလိုဗေးနီးယားရှိ . . . ချာ့ခ်ျသည် ဝမ်းနည်းစရာကောင်းလောက်အောင် လက်ဝါးကြီးအုပ်စိုးနေသည်။ ဤဘာသာရေးအမှန်တရားများကို ပို၍သဘောပေါက်နားလည်နိုင်ရန် “လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦးချစ်ခင်ကြပါဦးမည်လော” ခေါင်းစဉ်ရှိသည့်ဝေစာစောင်ရေ ၅၀ ပို့ပေးရန် အနူးအညွတ်တောင်းဆိုပါသည်။ ၎င်းတွင်ပါဝင်သည့်အရာများကြောင့်သာမဟုတ်ဘဲ အမြင်အာရုံကိုစွဲငြိစေသောပုံများကို မြင်တွေ့ရ၍ တစ်မူထူးခြားသည့်အရာတစ်ခုအဖြစ် ကျွန်ုပ်တို့ကို စွဲမှတ်စေပါသည်။”
သင်သည်လည်း ကမ္ဘာပေါ်ရှိလူသားများ စည်းလုံးငြိမ်သက်စွာနေထိုင်နိုင်သည့် အထောက်အထားကိုရရှိလိုပါက ကျေးဇူးပြု၍ အောက်ပါကူပွန်ကိုဖြည့်စွက်ပြီး စာတိုက်မှတစ်ဆင့်ပို့လိုက်ပါ။
□ ဘုရားသခင်ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော ဘရိုရှာတစ်စောင်ကို ပို့ပေးပါ။
□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုနှင့်ပတ်သက်ပြီး ကျေးဇူးပြု၍ ကျွန်ုပ်ကိုဆက် သွယ်ပါ။