ရွှေရောင်အကာရှပင်—ကမ္ဘာ့တောင်ဘက်ခြမ်းတွင် နွေဦးရာသီကို ကြိုဆို
ရွှေရောင်အကာရှပင်—ကမ္ဘာ့တောင်ဘက်ခြမ်းတွင် နွေဦးရာသီကို ကြိုဆို
ဩစတြေးလျနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
ဤစာမျက်နှာများကို အလှဆင်ထားသောပန်းပွင့်သည် သာမန်ပန်းပွင့်မဟုတ်ပေ။ ဩစတြေးလျနိုင်ငံ၏ နာမည်ကျော်အချစ်တော်ပန်းဖြစ်သည်။ အမှန်ဆိုရလျှင် ၁၉၁၂ ခုနှစ်မှစ၍ ၎င်းကို ဩစတြေးလျနိုင်ငံ၏တံဆိပ်အမှတ်အသားအဖြစ် ထုလုပ်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ်တွင် ယင်းကို ဩစတြေးလျနိုင်ငံ၏ ရုံးသုံးပန်းပွင့်အမှတ်တံဆိပ်အဖြစ် ကြေညာခဲ့သည်။ ယင်းကို ဩစတြေးလျငွေဒ င်္ဂါးများနှင့် တံဆိပ်ခေါင်းများတွင်လည်း တွေ့ရသည်။ အဘယ်ကြောင့် လူကြိုက်များရသနည်း။
အဖြေကို ဗရော့နီကာ မေစန် ရေးသားကာ ၁၉၂၉ ခုနှစ်တွင်ထုတ်ဝေခဲ့သော ကဗျာတစ်ပုဒ်၌ တစ်စိတ်တစ်ပိုင်းတွေ့နိုင်သည်။ ဆောင်းနှောင်းပိုင်းရှုခင်းကို စိုးမိုးထားသည့် မှိုင်းညို့သော “စိမ်းဖျော့ဖျော့ ညို မီးခိုးတို့” အကြောင်းဖွဲ့ဆိုပြီးနောက် ကဗျာက ရွှင်မြူးစွာ ဤသို့ကြေညာသည်– “ယခုသော်မူ အကာရှပွင့် နွေဦးရာသီရောက်ပြီထင့်။”
နွေဦးရာသီရောက်တော့မည်ဟူသောသတင်းကို လူတိုင်းလိုလို အထူးနှစ်မြို့ကြပုံရသည်။ ကမ္ဘာ့မြောက်ဘက်ခြမ်း၌ ဆောင်းဦးရာသီတဖြည်းဖြည်းဝင်လာချိန်တွင် ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ဩစတြေးလျတွင်မူ နွေဦးရာသီစဝင်လာသည်။ ဩစတြေးလျတိုက်တောင်ဘက်ပိုင်းတွင် ရွှေရောင်အကာရှပင်များ ရုတ်ခြည်းအပွင့်ပွင့်လာပြီဆိုလျှင် နွေဦးရာသီရောက်တော့မည်ဟူသော ကြိုတင်အချက်ပြမှုတစ်ခုဖြစ်၏။ ထို့ကြောင့် ဩဂုတ်လတိုင်းတွင် မေစန်၏ကဗျာကို ကျောင်းသားသူငယ်များ အလွတ်ရွတ်ဆိုနေသည်ကို ကြားရပေမည်။ ထို့အပြင် ၁၉၉၂ ခုနှစ်တွင် ဩစတြေးလျနိုင်ငံဘုရင်ခံချုပ်က စက်တင်ဘာ ၁ ရက်နေ့ကို အမျိုးသား အကာရှနေ့ဟူ၍ ကြေညာခဲ့သည်။
မှန်ပါသည်၊ ရွှေရောင်အကာရှပင်သည် နွေဦးရာသီရောက်ပြီဆိုသည်ကို ကျက်သရေအပေါင်းနှင့်ခညောင်းစွာ ကြေညာပေးလိုက်ခြင်းပေတည်း။ အပွင့်များကြောင့် ကိုင်းညွှတ်ကျကာ နွေဦးပေါက်လေပြည်အလာတွင် ဘယ်ညာယိမ်းနေပုံကို မေစန်၏ကဗျာထဲတွင် “ဒူးတုပ် ဦးညွှတ်ဂါရဝပြုအကာရှ” ဟုစပ်ဆိုထားသည်။ အကာရှပန်းသည် ကမ္ဘာတစ်ဝန်း ပူနွေးသောရာသီဥတုဒေသများတွင်ထင်ရှားသည့် စိတ်ဝင်စားဖွယ်မျိုးရင်းအဝင်ဖြစ်သည်။
ခံနိုင်ရည်ရှိကာ ထင်ရှားကျော်ကြားသည့်မျိုးရင်း
ရွှေရောင်အကာရှပင်၏ ရုက္ခဗေဒအမည်မှာ အကေးရှား ပစ်နန်သာ ဖြစ်၏။ ၁၂ ပေမှ ၂၄ ပေအထိမြင့်သည့် ချုံပင်မျိုးဖြစ်၏။ သို့သော် ဩစတြေးလျနိုင်ငံတွင် အကာရှမျိုး ၆၀၀ မှ ၁,၀၀၀ ခန့်အထိရှိသည်။ အမှန်ဆိုရလျှင် ကမ္ဘာပေါ်တွင်လူသိများသည့် အကာရှမျိုးထက်ဝက်ကျော်ကို ဩစတြေးလျတွင်တွေ့ရသည်။ ဥရောပနှင့် ထွက်မြောက်ရာ ၂၅:၁၀; ၂၆:၁၅၊ ၂၆။
အမေရိကတွင် အကာရှပင်ကို ထိကရုံးပင်ဟုခေါ်လေ့ရှိကြသည်။ အခြားအကာရှပင်အမျိုးအစားတစ်ခုကို သမ္မာကျမ်းစာတွင် မကြာခဏဖော်ပြထားသည်။ ပဋိညာဉ်သေတ္တာနှင့် တဲတော်အစိတ်အပိုင်းများကို အကာရှသားနှင့်ပြုလုပ်ရန် ဘုရားသခင်ညွှန်ကြားခဲ့သည်။—ထင်ရှားသည့် အကာရှမျိုးရင်းအဝင်တစ်ခုမှာ အာဖရိကတွင်တွေ့ရသော ထီးပင်မျိုးဖြစ်၏။ ထိုအကာရှပင်၏အရွက်များသည် သစ်ကုလားအုတ်၏ အနှစ်သက်ဆုံးအစာဖြစ်၏။ အမှန်ဆိုရလျှင် ၎င်းအပင်နှင့် ပုရွက်ဆိတ်တစ်မျိုးသည် ထူးခြားသည့်ပူးပေါင်းမှုမရှိလျှင် သစ်ကုလားအုတ်များသည် ဤအကာရှပင်ကို ပြောင်နေအောင်ခွာပစ်မည်ဖြစ်သည်။ အပင်က ပုရွက်ဆိတ်အတွက် နေစရာနှင့် မှီဝဲရန်ဝတ်ရည်ကိုပေးသည်။ တစ်ဖန် ပုရွက်ဆိတ်က အစားကြီးသောသစ်ကုလားအုတ်ကိုကိုက်ကာ အခြားအပင်တစ်ပင်တွင် ပြောင်းရွှေ့အစာစားရန် မောင်းထုတ်ပေးသည်။ ထိုသို့သောပူးပေါင်းမှုများက ပညာပါသောဒီဇိုင်းရေးဆွဲမှု၏ မှတ်သားလောက်ဖွယ်သာဓကကို ဖော်ပြမနေပေလော။
ဩစတြေးလျနိုင်ငံရှိ အကာရှပင်မျိုးတို့မူ သစ်ကုလားအုတ်များ၏ရန်ကိုကြောက်ဖို့မလိုပေ။ သို့သော် ၎င်းတို့သည် မိုးခေါင်ခြင်းကဲ့သို့သောရန်ကို ရင်ဆိုင်ကြရသည်၊ ယင်းကြောင့် ၎င်းတို့တွင် ထိရောက်သောကာကွယ်နည်းတစ်နည်းရှိသည်။ အကာရှစေ့၏အပြင်ခွံသည် အလွန်မာကျောရာ အစေ့ဆန်ထဲသို့ ရေဝင်ပြီး အညှောက်ထွက်နိုင်ရန် ယင်းအစေ့ခွံကို တစ်နည်းနည်းဖြင့် ပျက်ယွင်းစေရသည်။ ဤအစေ့များသည် ဤမျှမာကျောရာ ဥယျာဉ်မှူးများသည် စိုက်သည့်အခါ ပွနေသည့်အသီးတောင့်မှ အညှောင့်ထွက်လာနိုင်ရန် ဆူနေသည့်ရေထဲတွင် ယင်းတို့ကိုစိမ်ထားရမည်ဖြစ်သည်။ မြေရိုင်းတွင် အကာရှစေ့တစ်စေ့သည် ဆယ်စုနှစ်နှင့်ချီ၍ မပေါက်ဘဲနေနိုင်သည်! နောက်ဆုံးတွင် တောမီးကြောင့် မာကျောသောအစေ့လေးသည် အညှောက်ထွက်လာတတ်သည်။ ထို့ကြောင့် အကြီးအကျယ်မိုးခေါင်သည့်အချိန်၌ပင် မြေကြီးထဲတွင် လုံလုံခြုံခြုံရှိကာ ရာသီဥတုပြန်ကောင်းလာရန်စောင့်မျှော်နေသည့် အကာရှ “သဘာဝမျိုးစေ့သိုလှောင်ဘဏ်” တစ်ခုရှိသည်။
မိုးခေါင်သည့်အချိန်၌ အလားအလာရှိသောစားစရာရင်းမြစ်တစ်ခုအဖြစ်အသုံးပြုရန် ခံနိုင်ရည်ရှိသော ဩစတြေးလျအကာရှပင်အချို့ကို အာဖရိကသို့တင်ပို့ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ချီရှိပြီဖြစ်သည်။ ကြီးမားသည့်
အကျိုးကျေးဇူးတစ်ခုမှာ ဤအကာရှပင်များသည် မာကျောပြီး မြေသြဇာမကောင်းသည့်မြေများတွင် ရှင်သန်နိုင်ခြင်းဖြစ်သည်။ အချို့သောအမျိုးအစားများသည် သဲသောင်ခုံများတွင်ပင် ပေါက်နိုင်သည်! ဤအပင်များသည် မြေကြီးကိုအစိုင်အခဲဖြစ်စေပြီး နိုင်ထရိုဂျင်ဖြည့်ပေးသည့်အပြင် လေကာများအဖြစ်လုပ်ဆောင်ပေးရာ အခြားအပင်များအတွက်ပါ ပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်စေသည်။စွယ်စုံရအကာရှပင်
အကာရှစေ့များတွင် အသားဓာတ်ပါဝင်မှုပမာဏများသည်ကိုသတိပြုမိကာ ယင်းတို့ကို အခြားကောက်နှံပင်များနှင့် အာဟာရဓာတ်ပါဝင်မှုနှုန်းနှိုင်းယှဉ်ကြည့်လျက် သိပ္ပံပညာရှင်များသည် အချို့သောအကာရှစေ့များကို အလားအလာရှိသော စားစရာသီးနှံတစ်ခုအဖြစ် ယူမှတ်ကြသည်။ အစေ့များကိုလှော်ထားလျှင် နှစ်လိုဖွယ်၊ ဆိမ့်သောအရသာရှိ၏; ပြုတ်ထားလျှင် အချို့သောအမျိုးအစားများသည် ပဲနီကလေးနှင့်အရသာတူသည်။ အကာရှစေ့များကို အမှုန့်ကြိတ်ကာ မုန့်သာမက အီတလီခေါက်ဆွဲခြောက်အဖြစ်ပင် ပြုလုပ်ခဲ့ကြသည်။ အချို့သောအကာရှအမျိုးအစားများသည် တစ်နှစ်လျှင် အစေ့ ၂၂ ပေါင်ထွက်သည်။
ရနံ့သင်းသောအကာရှပွင့်များကို ရေမွှေးပြုလုပ်ရာတွင်အသုံးပြုသည်။ ထို့အပြင် အကာရှပင်ကို တိရစ္ဆာန်အစာပြုလုပ်ရန်နှင့် မြေဆီလွှာတိုက်စားမှုထိန်းချုပ်ရန် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသည်။ သို့သော် ကျွန်ုပ်တို့သည် အကာရှသား၏အသုံးဝင်မှုကို အနည်းငယ်မျှသာရှင်းပြနိုင်သည်။
အစောပိုင်းသြစတြေးလျတိုင်းရင်းသား အဘော်ရဂျင်နီများသည် အကာရှသားဖြင့် တောင်ပံကွေးလက်နက်များပြုလုပ်ခဲ့ကြသည်။ အကာရှအမျိုးအစားတစ်ခုဖြစ်သည့် အကာရှ အကျူမီနာတာ ကို ရတ်စ်ဘယ်ရီယို ဟုခေါ်ကြသည်၊ အကြောင်းမှာ ယင်း၏အသားသည် ဖြတ်ခါစတွင် ရတ်စ်ဘယ်ရီသီးဖျော်ရည်အနံ့မျိုးထွက်သောကြောင့်ဖြစ်သည်။ သို့သော် အစောပိုင်းသြစတြေးလျနယ်သစ်ရှာဖွေသူများသည် ၎င်းတို့၏ရွှံ့ဖြင့်ဆောက်ထားသောအိမ်များအတွက် အကာရှပင်များကို အသုံးပြုကြသည်။ ယှက်ထားသောအပင်ပေါက်များကို ရွှံ့ဖြင့်ကျံ၍ အဆောက်အအုံအတွက် နံရံများပြုလုပ်ကြသည်။
ဤအပင်များသည် အမျိုးမျိုးအသုံးဝင်သည့်အတွက် မထူးခြားပေလော။ သို့သော် ဩစတြေးလျတွင် နွေဦးအချိန်ရောက်သည့်အခါ အကာရှပင်ကို စွယ်စုံရအပင်ဟု မမြင်တော့ဘဲ တောင်စောင်းများကို ရွှေရောင်အဖြစ်ပြောင်းလိုက်သည့် အလိပ်လိပ်ထနေသောဂွမ်းစောင်များကဲ့သို့တွေ့မြင်ရာ လူတို့သည် စိတ်လွင့်မျောကာ ကဗျာများကို ပြန်အမှတ်ရကြသည်။ ဤအပင်၏လှပမှုနှင့် အသုံးဝင်မှုနှစ်ခုစလုံးက နှစ်သက်သဘောကျသူများစွာအား “အလုံးစုံတို့ကိုတည်ဆောက်သော” ဘုရားသခင်၏တီထွင်ဉာဏ်နှင့် ပြောင်မြောက်မှုကို သတိရစေသည်။—ဟေဗြဲ ၃:၄။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
အကာရှပွင့်များနှင့် အစေ့တောင့်များ
[Credit Line]
© Australian Tourist Commission
[Picture Credit Lines on page 15]
Wattle: © Copyright CSIRO Land and Water; stamp: National Philatelic Collection, Australia Post; emblem: Used with permission of the Department of the Prime Minister and Cabinet