မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“မေ့လျော့ခံရသောယေရှုကို ကျွန်မ ပြန်ရှာတွေ့ခဲ့”

“မေ့လျော့ခံရသောယေရှုကို ကျွန်မ ပြန်ရှာတွေ့ခဲ့”

“မေ့လျော့​ခံရ​သော​ယေရှုကို ကျွန်မ ပြန်​ရှာတွေ့ခဲ့”

ကနေဒါ​နိုင်ငံ၊ ကွိ​ဘက်​ပြည်နယ်၊ စိန့်​ဂျရုမ်း​မြို့မှ အမျိုးသမီး​တစ်ဦး​သည် အသက်ရှင်ခဲ့သမျှ​တွင် အကြီးမြတ်ဆုံး​လူသား​စာအုပ်​ကို ဖတ်ရှု​ပြီး​နောက် ဤသို့​ရေးသားခဲ့​သည်– “ပန်းချီ​ဆရာ​တွေ သဘာဝ​မကျ​စွာ ရေးဆွဲ​လေ့​ရှိတဲ့၊ မေ့လျော့​ခံရ​တဲ့​ယေရှုကို အလွန်​စိတ်ဝင်စားဖွယ်​ကောင်းစွာ ကျွန်မ​ပြန်​ရှာတွေ့ခဲ့​ပြီ။”

ထို​စာအုပ်​၏ အနုပညာ​လက်ရာ​နှင့်​ပတ်သက်​၍ အမျိုးသမီး​က ဤသို့​မှတ်ချက်ချ​ခဲ့​သည်– “ရှင်တို့​ရဲ့​စာအုပ်​ထဲမှာ ရေးဆွဲ​ထား​တဲ့​ရုပ်ပုံတွေကို ကျွန်မ​အရမ်း​သဘောကျ​မိတယ်။ ဇာတ်ကောင်​တွေ​က ယေရှု​အသက်ရှင်​ချိန်​နဲ့ ဟောပြော​ချိန်မှာ အသက်ရှင်ခဲ့​တဲ့​သူတွေလို​ပဲ အသက်ဝင်​လှပါတယ်။” သူ​ဤသို့​နိဂုံး​ချုပ်​ခဲ့​သည်– “ဒီ​စာအုပ်​ကို​ပြင်ဆင်​ပေး​တဲ့​အတွက် ဝမ်းသာ​ပါ​တယ်။ ဒီ​စာအုပ်​ဟာ ယေရှုရဲ့​အမှန်တရား​အကြောင်း ပို​သိလိုစိတ်​ရှိသူတွေကို လမ်းညွှန်​ပေး​တဲ့ အိမ်မြှောင်​တစ်ခု​ဖြစ်တယ်။”

အကြီးမြတ်ဆုံး​လူသား​စာအုပ်​သည် ယေရှု၏​မိန့်မြွက်ချက်​များ၊ ပုံ​ဥပမာ​များနှင့် အံ့ဖွယ်အမှု​များ​အပါအဝင် ခရစ်ဝင်​ကျမ်း​လေး​ကျမ်း​ပါ ကိုယ်တော်​၏​မြေကြီး​အသက်တာ​ဆိုင်ရာ အဖြစ်အပျက်​အားလုံး​ကို ကြိုးစား​တင်ပြ​ထား​သည်။ ဖြစ်​နိုင်​သ၍ အဖြစ်အပျက်​အားလုံး​ကို ဖြစ်​စဉ်​အတိုင်း ပြန်လည်​ဖော်ပြ​ထား​သည်။ အထက်တွင်​ဖော်ပြ​ထား​သည့်​အတိုင်း ယေရှု​နှင့် ကိုယ်တော်​၏​တစ်ခေတ်​တည်း​သားများ​၏ စိတ်​ခံစားမှု​များ​ကို သိရှိ​စေရန်​ရည်ရွယ်​သော လှပ၊ သက်ဝင်​သည့်​ရောင်စုံ​ခြယ်​ရုပ်ပုံများ ပါရှိ​ပါ​သည်။

သင်သည် စာမျက်နှာ ၄၄၈ မျက်နှာ​ရှိ ဤ​စာအုပ်​တစ်အုပ်​ကို ရယူဖို့​စိတ်ဝင်စား​မည်​ဆိုလျှင် ကျေးဇူးပြု​၍ ပူးတွဲ​ပါ​ကူပွန်​ကို​ဖြည့်စွက်​ပြီး ဖော်ပြ​ထားသော​လိပ်စာ သို့​မဟုတ် ဤ​မဂ္ဂဇင်း​၏​စာမျက်နှာ ၅ ပါ​သင့်လျော်​သော​လိပ်စာ​တစ်ခုခု​သို့ စာတိုက်​မှ​တစ်ဆင့်​ပေး​ပို့​ပါ။

အသက်ရှင်ခဲ့သမျှ​တွင် အကြီးမြတ်ဆုံး​လူသား​စာအုပ်​ကို ကျွန်ုပ်​ထံ​ပို့ပေး​ပါ။

□ အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု​နှင့်​ပတ်သက်ပြီး ကျေးဇူးပြု​၍ ကျွန်ုပ်​နှင့် ဆက်သွယ်​ပါ။