“ကျွန်ုပ်တို့၏နာခံမှုကို မည်သူ ရထိုက်သနည်း” ဟူသော လူထုဟောပြောပွဲကို လာရောက် နားထောင်ပါလေ
“ကျွန်ုပ်တို့၏နာခံမှုကို မည်သူ ရထိုက်သနည်း” ဟူသော လူထုဟောပြောပွဲကို လာရောက် နားထောင်ပါလေ
နာခံမှုဟူသောအယူအဆသည် လူများစွာအတွက် မနှစ်မြို့စရာဖြစ်သည်။ အများ၏သဘောထားမှာ “ငါကြိုက်တာကို လွတ်လွတ်လပ်လပ်လုပ်ချင်တယ်” ဟူ၍ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် နေ့စဉ်အသက်တာတွင် နာခံမှုကို တန်ဖိုးထားကြသည်။ သင်သည် သတိပေးဆိုင်းဘုတ် သို့မဟုတ် ညွှန်ကြားချက်များကို လိုက်နာသည့်အချိန်တိုင်း နာခံမှုကို အတိုင်းအတာတစ်ခုအထိ တင်ပြနေပါသည်။ လူ့အဖွဲ့အစည်းတွင် စည်းကမ်းနှင့် ငြိမ်သက်မှုရှိရန် လောကအာဏာပိုင်များ၏ ဥပဒေများကို နာခံမှုလိုအပ်ကြောင်း မည်သူသည် လျောက်ပတ်စွာငြင်းဆိုနိုင်ပါမည်နည်း။ သို့ဖြစ်၍ လူအားလုံးကသာ ယာဉ်စည်းကမ်းများကို မလိုက်နာဘဲနေကြမည်ဆိုလျှင် မည်သို့ဖြစ်လာမည်ကို စဉ်းစားကြည့်ပါ!
သို့သော်၊ လူတို့သည် အခွင့်အာဏာကို အခြားသူများအပေါ် အသုံးပြုသောအခါ ရလဒ်များမှာ အမြဲမကောင်းခဲ့ပါ။ ရှေးအချိန်ကတည်းက သမ္မာကျမ်းစာတွင် ဤသို့ဖော်ပြခဲ့သည်– “လူသည် မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုးရ၏။” (ဒေ. ၈:၉) ကျွန်ုပ်တို့၏ယုံကြည်မှုနှင့် နာခံမှုတို့ကို ရထိုက်သော အုပ်စိုးရှင်တစ်ပါးရှိပါသလော။ ရှိမည်ဆိုလျှင်၊ ကျွန်ုပ်တို့ မည်သို့သိမြင်နိုင်မည်နည်း။ ထိုသူ၏အုပ်ချုပ်မှုအောက်တွင် အဘယ်အရာကို ကျွန်ုပ်တို့မျှော်လင့်နိုင်သနည်း။ အဆိုပါမေးခွန်းများကို “ကျွန်ုပ်တို့၏နာခံမှုကို မည်သူရထိုက်သနည်း” ဟူသည့် စိတ်လှုပ်ရှားဖွယ် လူထုဟောပြောပွဲက အဖြေပေးပါလိမ့်မည်။ ဤဟောပြောချက်ကို အောက်တိုဘာလမှ စတင်ကျင်းပမည့် ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီးများတွင် တင်ဆက်သွားပါလိမ့်မည်။ ဤသို့သောစည်းဝေးကြီးများကို ကမ္ဘာတစ်ဝန်းတွင် ရာနှင့်ချီ၍ ကျင်းပပါမည်။ သင်နှင့်အနီးဆုံးနေရာကို ရှာတွေ့နိုင်ရန် သင့်ဒေသရှိ ယေဟောဝါသက်သေများနှင့် ဆက်သွယ်ပါ သို့မဟုတ် စာမျက်နှာ ၅ တွင် ဖော်ပြထားသော ဤမဂ္ဂဇင်းထုတ်ဝေသူများ၏ လိပ်စာသို့ စာရေးဆက်သွယ်ပါ။