မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပင့်ကူမျှင်

ပင့်ကူမျှင်

ပုံစံပြုခံရခြင်းလော

ပင့်ကူမျှင်

▪ ယင်းသည် ဝါဂွမ်းထက် ပို၍ပေါ့ပြီး အလေးချိန် တူသော သံမဏိထက် ပို၍ခိုင်ခံ့၏။ သိပ္ပံပညာရှင်များသည် စက်ဝိုင်းပုံပိုးမျှင်အိမ်ဖွဲ့တတ်သော ပင့်ကူများ (orb-weaving) မှထွက်သည့် အမျှင်ကို လေ့လာခဲ့ကြသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည်။ အဆိုပါ ပင့်ကူများ ရက်လုပ်နိုင်သည့် အမျှင်ခုနစ်မျိုးတွင် အခိုင်ခံ့ဆုံးအမျှင် (Dragline silk) ကိုပို၍ စိတ်ဝင်စားခဲ့ကြ၏။ ယင်းအမျှင်သည် အဝတ်အထည်များတွင်အသုံးများသည့် ပိုးချည်မျှင်များထက် ပို၍ခိုင်ခံ့ပြီး ပို၍ ရေလုံသည်။

စဉ်းစားကြည့်ပါ– ကက်ဗ်လာ (Kevlar) ကဲ့သို့ သော စက်မှုလုပ်ငန်းသုံးအမျှင်များရရှိရန် အပူချိန်ပြင်းပြင်းနှင့် အော်ဂဲနစ်ပျော်ဝင်ပစ္စည်းများအသုံးပြုဖို့ လိုအပ်၏။ ယင်းနှင့်ဆန့်ကျင်လျက် ပင့်ကူများသည် အမျှင်ကို အခန်းအပူချိန်တွင် ထုတ်လုပ်ပြီး ပျော်ဝင်ပစ္စည်းအဖြစ် ရေကိုအသုံးပြုသည်။ ထို့ ပြင် အခိုင်ခံ့ဆုံးအမျှင် (Dragline silk) သည် ကက်ဗ်လာထက် ပို၍ပင်ခိုင်ခံ့၏။ ယင်းပင့်ကူအိမ်ကို ဘောလုံးကွင်းအရွယ်အစားအထိ ချဲ့လိုက်မည်ဆိုပါက ပျံသန်းနေသော ဂျမ်ဘိုဂျက် လေယာဉ်ကြီးကိုပင် ရပ်တန့်သွားစေနိုင်၏။

အဆိုပါပင့်ကူမျှင်၏ခိုင်ခံ့မှုကို သုတေသီများ စိတ်ဝင်စားကြသည်မှာ အံ့ဩစရာမဟုတ်ပေ။ “သိပ္ပံပညာရှင်များသည် ပင့်ကူမျှင်၏ဂုဏ်သတ္တိကို ကျည်ကာအင်္ကျီများမှအစ ကြိုးတံတားများအတွက် ကေဘယ်လ်ကြိုးများအထိ အသုံးချလိုကြသည်” ဟု Science News မဂ္ဂဇင်းတွင် အမ်မေး ကန်နင်ဟမ်က ရေးသားခဲ့၏။

သို့သော် အဆိုပါ ပင့်ကူမျှင် (Dragline silk) ၏ဂုဏ်သတ္တိကို တုပရန်မူကား မလွယ်လှချေ။ အကြောင်းမှာ အဆိုပါအမျှင်ကို ပင့်ကူ၏ကိုယ်ခန္ဓာအတွင်း၌ ထုတ်လုပ်ခြင်းဖြစ်ကာ ယင်းဖြစ်စဉ်ကိုလည်း အပြည့်အဝ နားမလည်နိုင်သေးသောကြောင့်ဖြစ်၏။ “ကျွန်မတို့ရဲ့ မြေအောက်ခန်းထဲမှာ ပင့်ကူတွေ သဘာဝအလျောက် လုပ်နိုင်တဲ့အရာကို ဉာဏ်ကြီးရှင်အတော်များများက ကြိုးစားတုပနေရတယ်လို့ နှိမ့်ချစွာ အသိအမှတ်ပြုရမယ်” ဟု ရှယ်ရယ်လ် ဝိုင်. ဟာရာရှီက Chemical & Engineering News မဂ္ဂဇင်းတွင် ကိုးကားဖော်ပြထားသည်။

အသင်ကော မည်သို့ယူဆသနည်း။ ပင့်ကူနှင့် သံမဏိကဲ့သို့ခိုင်ခံ့သော ယင်း၏အမျှင်သည် မတော်တဆဖြစ်လာခဲ့သလော သို့မဟုတ် ယင်းသည် ဉာဏ်ပညာ ကြီးမားတော်မူသော ဖန်ဆင်းရှင်တစ်ပါး၏ လက်ရာတော်လော။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ပင့်ကူ၏ကိုယ်ခန္ဓာမှထွက်လာသော အမျှင်ကို အဏုကြည့်မှန်ဘီလူးဖြင့် မြင်ရပုံ

[Credit Line]

Copyright Dennis Kunkel Microscopy, Inc.