မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိပ်ခ်ျအိုင်ဗွီပိုးစစ်ထားသောသွေးသည် စိတ်ချရပါသလော

အိပ်ခ်ျအိုင်ဗွီပိုးစစ်ထားသောသွေးသည် စိတ်ချရပါသလော

အိပ်ခ်ျအိုင်ဗွီပိုးစစ်ထားသောသွေးသည် စိတ်ချရပါသလော

နိုင်ဂျီးရီးယားနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

▪ နိုင်ဂျီးရီးယားနိုင်ငံ၏ အထင်ကရဆေးရုံများထဲမှ ဆေးရုံတစ်ရုံတွင် မွေးကင်းစသမီးငယ်လေးတစ်ဦး သွေးသွင်းရာမှတစ်ဆင့် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရကြောင်း တွေ့ ရှိရသောအခါ နိုင်ဂျီးရီးယားနိုင်ငံတွင် ထိုမေးခွန်းပေါ်ပေါက်လာခဲ့သည်။

ထိုဆေးရုံ၏ ဆေးဘက်ဆိုင်ရာဒါရိုက်တာ ပြောပြချက်အရ အီနွိုင်လာမွေးပြီးသည့်နောက် သူ့တွင်အသားဝါဖြစ်နေကြောင်း တွေ့ ရှိခဲ့ရသည်။ ဆရာဝန်သည် အခြားသူတစ်ဦး၏သွေးနှင့် လဲလှယ်ပေးသည့်နည်းဖြင့် ကုသပေးရန် ဆုံးဖြတ်ခဲ့သောကြောင့် ကလေး၏ဖခင်ဖြစ်သူက သွေးအချို့ကို လှူဒါန်းခဲ့သည်။ သို့သော် သွေးအမျိုးအစားချင်းမတူသောကြောင့် ဆေးရုံ၏သွေးလှူဘဏ်မှသွေးကို သွင်းပေးခဲ့သည်။ ယင်းနောက်မကြာမီ ကလေးငယ်ကိုစမ်းသပ်ကြည့်ရာ ၎င်းတွင် အိပ်ခ်ျအိုင်ဗွီပိုးရှိနေသည်။ မိဘနှစ်ပါးတွင်မူ မရှိချေ။ ဆေးရုံ၏ပြောပြချက်အရ “ကလေးငယ်လေးအား မသွင်းပေးမီ သွေးကိုစစ်ဆေးခဲ့ရာ သွေးထဲတွင် အိပ်ခ်ျအိုင်ဗွီပိုးမရှိချေ။”

သို့ဆိုလျှင် ကလေးငယ်လေး မည်သို့ကူးစက်ခံရသနည်း။ နိုင်ဂျီးရီးယားအစိုးရသည် အငြင်းပွားမှုကို စုံစမ်းစစ်ဆေးပြီး ကလေးသည် သွေးသွင်းရာမှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့သည်။ ဗိုင်းရပ်စ်ပညာရှင်၏ပြောစကားကို နိုင်ဂျီးရီးယားသတင်းစာတစ်စောင် (The Nigerian Tribune) က ဤသို့ကိုးကားဖော်ပြခဲ့သည်– “သွေးလှူဒါန်းသည့်အချိန်တွင် သွေးလှူရှင်သည် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရပြီး ရောဂါလက္ခဏာမပြသေးသောကာလတွင် ရှိနေချိန်ဖြစ်၏။”

ထိုအဖြစ်အပျက်က သွေးသွင်းခြင်းသည် ဘေးမကင်းကြောင်း မီးမောင်းထိုးပြသည့် အဖြစ်အပျက်တစ်ခုသာဖြစ်၏။ ရောဂါလက္ခဏာမပြသေးသောကာလနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ဤသို့ပြောခဲ့သည်– “ရောဂါကာကွယ်သော ပဋိပစ္စည်း စစ်ဆေးရာတွင် တွေ့ ရှိရန်အတွက် ကိုယ်ခံအားစနစ်က ပဋိပစ္စည်းအလုံအလောက် ထုတ်လုပ်ပေးဖို့ အချိန်အတော်အသင့်လိုအပ်နိုင်ပြီး ထိုအချိန်ကာလသည်လည်း တစ်ဦးနှင့်တစ်ဦး မတူချေ။ ထိုအချိန်ကာလကို အများအားဖြင့် ‘ရောဂါလက္ခဏာမပြသေးသောကာလ’ ဟု ရည်ညွှန်းကြသည်။ လူအများစုတွင် စစ်ဆေးတွေ့ ရှိနိုင်သော ပဋိပစ္စည်းများသည် ၂ ပတ်မှ ၈ ပတ် (ပျမ်းမျှ ၂၅ ရက်) အတွင်း ပေါ်လာပေမည်။ သို့သော် အချို့သူများတွင် စစ်ဆေးတွေ့ ရှိနိုင်သော ပဋိပစ္စည်းများပေါ်လာရန် အချိန်အတော်အတန် ကြာနိုင်စရာအကြောင်းရှိသည်။ . . . အတော်အတန်ဖြစ်ခဲသည့်အခြေအနေမှာ ၆ လအထိကြာနိုင်ပါသည်။

ထို့ကြောင့် အိပ်ခ်ျအိုင်ဗွီပိုးမရှိကြောင်း စစ်ဆေးထားသည့်သွေးပင် စိတ်ချရသည်ဟူသော အာမခံချက်မရှိပေ။ ဆန်ဖရန်စစ္စကိုမှ အဖွဲ့အစည်းတစ်ခု (Aids Foundation) က ဤသို့သတိပေးသည်– “ရောဂါလက္ခဏာမပြသေးသောကာလတွင် စစ်ဆေးသောအခါ အိပ်ခ်ျအိုင်ဗွီပိုး တွေ့ရမည်မဟုတ်သော်လည်း ထိုအချိန်အတွင်းတွင် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နိုင်သည်။ အမှန်ဆိုရလျှင်၊ (အိပ်ခ်ျအိုင်ဗွီပိုးနှင့်ထိတွေ့ ပြီးနောက်မကြာမီ) အချိန်အတွင်းတွင် ရောဂါပိုးအများဆုံးကူးစက်လေ့ရှိသည်။”

ယေဟောဝါသက်သေများသည် “သွေး . . . ကိုကြဉ်ရှောင်လျက်နေရမည်” ဟူသော သမ္မာကျမ်းစာလမ်းညွှန်ချက်ကို လိုက်လျှောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ (တမန်တော် ၁၅:၂၉ကဘ) ဤကာကွယ်မှုကို ထိုသူတို့ရရှိနေခြင်းက ဘုရားသခင့်လမ်းညွှန်ချက်များကို လိုက်နာခြင်း၏ ဉာဏ်ပညာရှိမှုကို ပေါ်လွင်စေပါသည်။ သွေးသွင်းခြင်းအစား အခြားရွေးချယ်စရာများအကြောင်း ပိုမိုသိလိုလျှင် သွေးသည် သင့်အသက်ကို မည်သို့ကယ်တင်နိုင်သနည်း ဘရိုရှာကို ကျေးဇူးပြု၍ဖတ်ပါ။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ယေဟောဝါသက်သေများထုတ်ဝေသည်။