လျှို့ဝှက်ချက် ၅– အကျိုးသင့်အကြောင်းသင့်ရှိခြင်း
လျှို့ဝှက်ချက် ၅– အကျိုးသင့်အကြောင်းသင့်ရှိခြင်း
“သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို . . . ထင်ရှားစေကြလော့။”—ဖိလိပ္ပိ ၄:၅။
ဆိုလိုသည့်အရာ။ အောင်မြင်သောအိမ်ထောင်တွင် လင်ယောက်ျားနှင့်ဇနီးသည် အချင်းချင်း၏အမှားများကို ခွင့်လွှတ်ကြသည်။ (ရောမ ၃:၂၃) သူတို့သည် သားသမီးများကို အလွန်စည်းကမ်းတင်းကျပ်ခြင်း မရှိသကဲ့သို့ အလွန်အလိုလိုက်ခြင်းလည်း မရှိပေ။ သူတို့သည် အကျိုးသင့်အကြောင်းသင့်ရှိသော မိသားစုစည်းမျဉ်းများကို ချမှတ်ကြသည်။ ဆုံးမပဲ့ပြင်ဖို့လိုသောအခါတွင်လည်း “အတော်အတန်ဆုံးမ” ကြသည်။—ယေရမိ ၃၀:၁၁။
အရေးကြီးရသည့်အကြောင်းရင်း။ “အထက်မှဉာဏ်ပညာမူကား . . . အကျိုးသင့်အကြောင်းသင့်သဘောရှိ၏” ဟုကျမ်းစာကဆိုသည်။ (ယာကုပ် ၃:၁၇) ဘုရားသခင်ကိုယ်တိုင်ပင် မစုံလင်သောလူသားများထံမှ စုံလင်မှုကို မတောင်းဆိုလျှင် အိမ်ထောင်သည်အချင်းချင်းလည်း အဘယ်ကြောင့် တောင်းဆိုရမည်နည်း။ အသေးအဖွဲအမှားများကို အစဉ်ပြစ်တင်ဝေဖန်နေခြင်းသည် စိတ်နာကြည်းခြင်းကိုသာ ဖြစ်ပေါ်စေပြီး အိမ်ထောင်ကို မသာယာစေပါ။ ထို့ကြောင့် “[ကျွန်ုပ်တို့] ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ” ကြောင်းလက်ခံခြင်းက အကောင်းဆုံးဖြစ်သည်။—ယာကုပ် ၃:၂။
အောင်မြင်သောမိဘတို့သည် သားသမီးများနှင့်ဆက်ဆံရာတွင် အကျိုးသင့်အကြောင်းသင့်သဘောရှိကြသည်။ သူတို့၏စည်းမျဉ်းစည်းကမ်းများသည် တရားလွန်မဖြစ်သကဲ့သို့ သူတို့သည်လည်း “အလိုမကျနိုင်သော” မိဘများမဟုတ်ကြပါ။ (၁ ပေတရု ၂:၁၈) ယုံကြည်စိတ်ချနိုင်ကြောင်းတင်ပြသော ဆယ်ကျော်သက်သားသမီးများကို လွတ်လပ်ခွင့်ပေးကြသည်။ သူတို့သည် သားသမီးတို့၏ဘဝကိစ္စတိုင်းကို ထိန်းချုပ်ဖို့ မကြိုးစားကြပါ။ ကိုးကားချက်တစ်ခုအရ ဆယ်ကျော်သက်တစ်ဦး၏ဘ၀ကဏ္ဍရပ်တိုင်းကို ထိန်းချုပ်ရန်ကြိုးစားခြင်းသည်အချို့သောဓလေ့များတွင် “မိုးရွာစေရန် အားတက်သရောမောဟိုက်စွာမိုးခေါ်အက ကခြင်း(လွန်ဆွဲခြင်း) နှင့်တူသည်။ မိုးတော့ရွာမည်မဟုတ်ဘဲ နွမ်းလျရုံသာရှိမည်။”
ဤအရာကိုကြိုးစားကြည့်ပါ။ အောက်ပါမေးခွန်းများကိုဖြေဆိုခြင်းဖြင့် သင်၏အကျိုးသင့်အကြောင်းသင့်သဘော အဘယ်အဆင့်တွင်ရှိသည်ကို ဆန်းစစ်ပါ။
▪ သင့်အိမ်ထောင်ဖက်ကို သင် နောက်ဆုံး မည်သည့်အချိန်တွင် ချီးမွမ်းခဲ့သနည်း။
▪ သင့်အိမ်ထောင်ဖက်ကို မည်သည့်အချိန်တွင် သင် နောက်ဆုံးပြစ်တင်ဝေဖန်ခဲ့သနည်း။
သန္နိဋ္ဌာန်ချထားပါ။ သင်သည် ပထမမေးခွန်းကို ဖြေဆိုရခက်နေသော်လည်း ဒုတိယမေးခွန်းကို ဖြေဆိုရလွယ်ကူနေသည်ဆိုလျှင် အခြားသူများနှင့် ပို၍အကျိုးသင့်အကြောင်းသင့်ရှိနိုင်ရန် ပန်းတိုင်တစ်ခုချမှတ်ဖို့ စဉ်းစားကြည့်ပါ။
သင်တို့နှစ်ဦးစလုံးချနိုင်သော သန္နိဋ္ဌာန်များကို သင့်အိမ်ထောင်ဖက်နှင့် ဆွေးနွေးပါလေ။
ယုံကြည်စိတ်ချနိုင်ကြောင်းတင်ပြသော သင့်ဆယ်ကျော်သက်သားသမီးကို သင် ပေးနိုင်သော လွတ်လပ်မှုအချို့ကို စဉ်းစားကြည့်ပါ။
အိမ်ပြန်ချိန်သတ်မှတ်ချက်ကဲ့သို့သောကိစ္စများကို သင့်ဆယ်ကျော်သက်သားသမီးများနှင့် လွတ်လွတ်လပ်လပ်ဆွေးနွေးပါ။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သတိရှိသောယာဉ်မောင်းတစ်ဦးကဲ့သို့ အကျိုးသင့်အကြောင်းသင့်သဘောရှိသော မိသားစုဝင်များသည် အလျှော့ပေး လိုက်လျောရန် အသင့်ရှိကြ