မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေအကြောင်း သင် ဘာသိထားသလဲ

ယေဟောဝါသက်သေတွေအကြောင်း သင် ဘာသိထားသလဲ

“ယေဟောဝါသက်သေတွေအကြောင်း အင်တာနက်မှာ ကျွန်မ အများကြီး ဖတ်ခဲ့တယ်၊ သူတို့နဲ့ပတ်သက်ပြီး ကောလာဟလတချို့နဲ့ မလိုတမာပြောဆိုမှု အများကြီး ကြားခဲ့တယ်။ ဒါနဲ့ ကျွန်မလည်း ယေဟောဝါသက်သေတွေကို အပျက်သဘော မြင်လာတော့တယ်” ဟု ဒိန်းမတ်မှ သတင်းထောက်ဖြစ်ခါစ အမျိုးသမီးတစ်ဦး ရေးခဲ့သည်။

အဲဒီသတင်းထောက်က ယေဟောဝါသက်သေ မိသားစုတစ်စုကို နောက်ပိုင်းမှာ တွေ့ဆုံမေးမြန်းခဲ့တယ်။ သူ ဘာသိရှိခဲ့ရသလဲ။ သူဒီလိုရေးခဲ့တယ်– “သူတို့အိမ်ထဲ ဝင်လိုက်တာနဲ့ ကျွန်မရဲ့အမြင် ပြောင်းလဲသွားတယ်။ လူတွေက သူတို့ကို ကောင်းကောင်းမသိလို့ ဒါမှမဟုတ် လွယ်လွယ်နဲ့ အကဲဖြတ်မိလို့ ဖြစ်နိုင်တယ်။ ကျွန်မလည်း အဲဒီလိုဖြစ်ခဲ့တယ်။ နောက်တော့မှ ကျွန်မမှားမှန်း သိလိုက်ရတယ်။”—ယူစခါဗာ့ကယူစ်စတန်မှ စီစီလျာ ဖာလင်း။

ယေဟောဝါသက်သေများနဲ့ တွဲလုပ်ဖူးတဲ့ ဥရောပတိုက်က ကုန်တိုက်ကြီးတစ်ခုမှ ကျွမ်းကျင်တဲ့ ဝန်ထမ်းရေးရာ အတိုင်ပင်ခံတစ်ဦးက သူတို့ဟာ ရိုးသားကြကြောင်း သိထားတယ်။ ဒါကြောင့် သက်သေခံများကို အလုပ်ခန့်ဖို့ သူကြိုးစားခဲ့သည်။

ယေဟောဝါသက်သေတွေရဲ့ ဟောပြောခြင်းလုပ်ငန်းကြောင့် သူတို့ကို အမှန်ပဲ လူသိများကြတယ်။ လူတချို့က သူတို့နဲ့ ကျမ်းစာအကြောင်း မဆွေးနွေးချင်ပေမဲ့ တချို့ကျတော့ ဆွေးနွေးချင်ကြတာကို သူတို့ သတိထားမိကြတယ်။ အမှန်ဆိုရင် ခုနစ်သန်းကျော်သောသူတွေဟာ နိုင်ငံတိုင်းနီးပါးမှာ သက်သေခံတွေနဲ့ ပုံမှန် ကျမ်းစာလေ့လာနေကြပြီး ကျမ်းစာသင်သားတချို့ဆိုရင် နောက်ပိုင်းမှာ သူတို့ကိုယ်တိုင် ကျမ်းစာသင်ပေးသူတွေ ဖြစ်လာကြတယ်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံးဘာသာရေး ၂၅ ဖွဲ့ထဲက တိုးတက်တဲ့အဖွဲ့ ၄ ဖွဲ့သာရှိပြီး ယေဟောဝါသက်သေတွေဟာ တစ်ဖွဲ့ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ချာ့ခ်ျများ၏အမျိုးသားကောင်စီက မှတ်သားဖော်ပြသည်။

သန်းပေါင်းများစွာသော လူတွေဟာ ဘာကြောင့် သက်သေခံတွေနဲ့ ကျမ်းစာလေ့လာနေကြတာလဲ။ ကျမ်းစာလေ့လာမှုကို ဘယ်လို လုပ်ကြသလဲ။ ကျမ်းစာသင်သားတွေဟာ သက်သေခံဖြစ်လာဖို့ မျှော်လင့်ခံရသလား။ ယေဟောဝါသက်သေတစ်ဦးဖြစ်လာဖို့ သင် စိတ်မဝင်စားရင်တောင် မှန်ကန်တဲ့အဖြေကို သင် သိထားသင့်တယ်။ ဒါကြောင့် မလိုတမာစိတ်နဲ့ပြောတဲ့ ကောလာဟလစကားကို နားယောင်မယ့်အစား အမှန်အတိုင်းသိအောင် ရှာဖွေလေ့လာပါလေ။ “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏” ဆိုပြီး နယပုံပြင် ၁၄:၁၅ ကပြောထားတယ်။

ဒီလထုတ် နိုးလော့! က ယေဟောဝါသက်သေတွေအကြောင်း ပိုပြီးပြည့်ပြည့်စုံစုံနဲ့ တိတိကျကျ သိနားလည်ဖို့ ကူညီပေးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တကယ်တော့ ဒီမဂ္ဂဇင်းကို သင်ဖတ်နေတယ်ဆိုကတည်းက သင်ဟာ စိတ်သဘောထားကြီးသူဖြစ်ကြောင်း ဖော်ပြနေပါတယ်။ ဒါကြောင့် နောက်ဆောင်းပါးသုံးခုနဲ့ ပူးတွဲပါ လေးထောင့်ကွက်တွေကို ဖတ်တဲ့အခါ ကိုးကားထားတဲ့ ကျမ်းချက်တွေကို သင့်ကိုယ်ပိုင်ကျမ်းစာမှ ဖွင့်ဖတ်ကြည့်ပါလေ။ * ဒီလိုပြုလုပ်ခြင်းက ပညာရှိရာရောက်တဲ့အပြင် ကျမ်းစာပြောသလို “စိတ်ထားမြင့်မြတ်” ကြောင်း တင်ပြရာလည်း ရောက်သည်။—တမန်တော် ၁၇:၁၁

^ အပိုဒ်၊ 7 သင့်မှာ ကျမ်းစာအုပ်မရှိပေမဲ့ အင်တာနက်သုံးနိုင်မယ်ဆိုရင် www.watchtower.org မှာကျမ်းချက်တွေကို ဆန်းစစ်လေ့လာနိုင်တယ်။ အဲဒီဝက်ဘ်ဆိုက်မှာ “အွန်လိုင်းပေါ်တွင် ကျမ်းစာဖတ်ပါ” (Read the Bible Online) လေးထောင့်ကွက်ကို တွေ့ရှိပါလိမ့်မယ်။ ဒါ့အပြင် ကျမ်းစာ စာပေတွေကို ဘာသာစကားပေါင်း ၃၈၀ ကျော်နဲ့ အဲဒီဝက်ဘ်ဆိုက်မှာ တင်ထားပါတယ်။