မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ | အဖြစ်ဆိုး ကြုံရတဲ့အခါ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်မလဲ

အဖြစ်ဆိုး ကြုံရတဲ့အခါ

အဖြစ်ဆိုး ကြုံရတဲ့အခါ

လူတိုင်းလိုလို တစ်ချိန်မဟုတ် တစ်ချိန်မှာ အဖြစ်ဆိုးတွေ ကြုံကြရနိုင်တယ်။ လိုလေသေးမရှိ ပြည့်စုံတဲ့သူတွေလည်း ကြုံရနိုင်တယ်။

သမ္မာကျမ်းစာပြောဆိုရာ–

“လျင်မြန်သောသူသည် ပြိုင်၍ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍မအောင်တတ်။ ပညာရှိသောသူသည် ဝစွာမစားတတ်။ ဉာဏ်ကောင်းသောသူသည် စည်းစိမ်ကိုမရတတ်။ လိမ္မာသောသူသည် သူတစ်ပါးရှေ့၌ မျက်နှာမရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်။”—ဒေသနာ ၉:၁၁

ဒီတော့ ဒုက္ခကြုံရတာဖြစ်ဖြစ်၊ မကြုံရတာဘဲဖြစ်ဖြစ်၊ တကယ်လို့ ကြုံလာတဲ့အခါ ဘယ်လိုလုပ်မလဲဆိုတာ ကြိုသိထားတာကောင်းတယ်။ ဥပမာ–

  • သဘာဝဘေးဒဏ်တစ်ခုခုကြောင့် ပိုင်ဆိုင်ရာရှိသမျှ ဆုံးၡုံးသွားခဲ့ရင်ကော။

  • ရောဂါဆိုးတစ်ခုခု ရှိတယ်လို့ ရုတ်တရက် သိလိုက်ရရင်ကော။

  • ကိုယ်သိပ်ချစ်ရသူတစ်ဦး သေဆုံးသွားခဲ့ရင်ကော။

အဖြစ်ဆိုးတွေ ကြုံတွေ့ရတဲ့အခါ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့နဲ့ အနာဂတ် မျှော်လင့်ချက်ရှိဖို့ သမ္မာကျမ်းစာက ထောက်ကူပေးနိုင်တယ်လို့ ဒီမဂ္ဂဇင်းကိုထုတ်ဝေတဲ့ ယေဟောဝါသက်သေတွေက ယူမှတ်ကြတယ်။ (ရောမ ၁၅:၄) ဒီအဖြစ်အပျက်သုံးခုကို သုံးသပ်ကြည့်ကြစို့။