ကျမ်းစာပညာပေးလုပ်ငန်းကြောင့် စာတတ်မြောက်လာကြ
“စာတတ်မြောက်ရေးဟာ လူ့အခွင့်အရေးတစ်ရပ် ဖြစ်ပြီး အဲဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိစေတယ်။ လူ့အဖွဲ့အစည်းနဲ့ လူ့စွမ်းအားကို တိုးတက်လာစေတယ်။”—ယူနက်စကို။ *
ကမ္ဘာတစ်ဝန်းရှိ အသက် ၁၅ နှစ်နဲ့ ၁၅ နှစ်အထက်ရှိသူ သန်း ၇၀၀ ကျော်ဟာ စာမရေးတတ်၊ မဖတ်တတ်ကြဘူးလို့ သတင်းတွေမှာ ဖော်ပြတယ်။ စာမတတ်တာကြောင့်၊ လူတွေကို “ဆုံးမသွန်သင်” ဖို့ ကျမ်းစာမှာရေးထားတဲ့ ကိုယ်ကျင့်တရားနဲ့ ဘာသာရေးအဆုံးအမတွေအပါအဝင် လောကီရေးရာ အသိပညာတွေကို မဆည်းပူးနိုင်ကြဘူး။ (ရောမ ၁၅:၄) ဒါကြောင့်၊ နိုင်ငံအတော်များများက ယေဟောဝါသက်သေတွေဟာ ကျမ်းစာပညာပေး အစီအစဉ်ကို အသုံးပြုပြီး အခမဲ့ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် စာတတ်မြောက်ရေးမှာ ပူးပေါင်းပါဝင်ကြတယ်။ အဲဒီလိုလုပ်ဆောင်တာ အောင်မြင်ရဲ့လား။
စပိန်စကားကို အဓိကပြောတဲ့ မက္ကဆီကိုနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုကို သုံးသပ်ကြည့်ပါ။ ၁၉၄၆ ခုနှစ်ကစပြီး လူပေါင်း ၁၅၂,၀၀၀ ကျော်ကို ရေးတတ်၊ ဖတ်တတ်စေဖို့ သင်ပေးခဲ့တယ်။ နောက်ပိုင်းမှာ သူတို့ထဲကအတော်များများဟာ ပြန်သင်ပေးသူတွေ ဖြစ်လာကြတယ်။ မက္ကဆီကိုအစိုးရက ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုကို အသိအမှတ်ပြုကြောင်း ဖော်ပြတဲ့စာတွေကို ပေးပို့ခဲ့တယ်။
စာတစ်စောင်မှာဆိုရင် “လူကြီးတွေ စာတတ်မြောက်ရေး အစီအစဉ်မှာ ခင်ဗျားတို့ ပူးပေါင်းလုပ်ဆောင်တာကို ပညာရေးဌာနက အသိအမှတ်ပြု၊ ဂုဏ်ယူပါတယ်” လို့ ဖော်ပြထားတယ်။အဲဒီစာတတ်မြောက်ရေး အစီအစဉ်ကနေ လူကြီးရော လူငယ်တွေပါ အကျိုးရရှိကြတယ်။ ဥပမာ၊ ဂျိုစဖီးနား စပြီးစာရင်းသွင်းချိန်မှာ အသက် ၁၀၁ နှစ်ရှိပြီဖြစ်ပြီး နောက်နှစ်နှစ်အကြာမှာ စာအများကြီးဖတ်နိုင်နေပြီ။
မက္ကဆီကိုမှာ စပိန်စကားကို အဓိက သုံးပေမဲ့ စာပေတတ်မြောက်ရေးကို အဲဒီစကား တစ်မျိုးတည်းနဲ့ပဲ သင်ပေးတာမဟုတ်ဘူး။ ၂၀၁၃ ခုနှစ်မှာ၊ တိုင်းရင်းသား ဘာသာစကားရှစ်မျိုးနဲ့ အရေးအဖတ်သင်ယူနိုင်ခဲ့ကြတယ်။
စာပေပညာတတ်မြောက်ခြင်းဟာ အဖိုးထိုက်တန်ပြီး အသစ်အဆန်းတွေကို သိရှိခွင့်ရစေတယ်။ ဘယ်လိုလူပဲဖြစ်ပါစေ စာတတ်လာတဲ့အခါ သမ္မာကျမ်းစာကို ဖတ်ရှုလာနိုင်တယ်။ ကျမ်းစာအသိပညာကြောင့် အယူသည်းမှု၊ မှားယွင်းတဲ့ ဘာသာရေးသွန်သင်ချက်၊ အကျိုးယုတ်စေတဲ့အကျင့်တွေကနေ လွတ်မြောက်လာကြတယ်။—ယောဟန် ၈:၃၂။
^ စာပိုဒ်၊ 2 ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)။