ဆုတောင်းခြင်း၏တန်ခိုး
ဆုတောင်းခြင်း၏တန်ခိုး
ရှေ့အလယ်ပိုင်းဒေသရှိ နာခေါ်မြို့၌ နေဝင်ချိန်ဖြစ်သည်။ ဧလျာဇာအမည်ရှိဆီးရီးယားလူတစ်ဦးသည် ကုလားအုတ်ဆယ်စီးဖြင့် မြို့ပြင်ရှိရေတွင်းတစ်ခုသို့ ရောက်ရှိလာသည်။ မောပန်းနွမ်းနယ်ပြီး ရေဆာနေမည်မှာသေချာသော်လည်း ဧလျာဇာသည် အခြားသူများ၏လိုအပ်ရာများကို ပို၍အလေးထားခဲ့သည်။ သူသည် မိမိသခင်၏သားအတွက်မိန်းမရှာရန် တိုင်းတစ်ပါးမှရောက်လာ၏။ ထို့အပြင် ဤမိန်းမကို သူ့သခင်၏ဆွေမျိုးများထဲမှ ရှာယူရမည်ဖြစ်သည်။ ဤခက်ခဲသည့်တာဝန်ကို သူမည်သို့ထမ်းဆောင်မည်နည်း။
ဧလျာဇာသည် ဆုတောင်းခြင်း၏တန်ခိုးကိုယုံကြည်သည်။ ထူးခြားသည့် ကလေးကဲ့သို့သောယုံကြည်ခြင်းဖြင့် ဤသို့နှိမ့်ချစွာသူတောင်းခံလေသည်– “အကျွန်ုပ်၏သခင် အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား ယနေ့အကျွန်ုပ်အကြံကို ထမြောက်စေ၍ အကျွန်ုပ်၏သခင် အာဗြဟံ၌ ကျေးဇူးပြုတော်မူပါဟု အကျွန်ုပ်ဆုတောင်းပါ၏။ အကျွန်ုပ်သည် ဤရေတွင်းနားမှာရပ်နေ၍ ထိုမြို့သူသတို့သမီးတို့သည် ရေခပ်ခြင်းငှာလာကြသည်တွင် အကြင်သတို့သမီးကို ‘ကျွန်ုပ်သောက်ခြင်းငှာ သင်၏ရေဘူးကိုချပါ’ ဟုဆိုသော် ‘သောက်ပါ၊ သင်၏ကုလားအုတ်တို့ကိုလည်း ရေတိုက်ပါမည်’ ဟု ပြန်ဆိုသောသတို့သမီးသည် ကိုယ်တော်၏ကျွန်ဣဇာက်ဖို့ ခန့်ထားတော်မူသောသူဖြစ်ပါစေသော်။ ထိုသို့အားဖြင့် အကျွန်ုပ်၏သခင်၌ ကျေးဇူးပြုတော်မူကြောင်းကို အကျွန်ုပ်သိရပါမည်။”—ကမ္ဘာဦး ၂၄:၁၂-၁၄။
ဆုတောင်းခြင်း၏တန်ခိုးကို ဧလျာဇာယုံကြည်ခြင်းသည် အချည်းနှီးမဖြစ်ခဲ့ပါ။ ရေတွင်းသို့ ဦးဆုံးလာသည့်အမျိုးသမီးသည် အာဗြဟံအစ်ကို၏မြေးဖြစ်နေသည်တကား! သူ့နာမည်မှာ ရေဗက္ကဖြစ်ပြီး ကိုယ်ကျင့်တရားကောင်းသော ချောမောလှပသည့် တစ်ကိုယ်ရေလူလွတ်ဖြစ်သည်။ သူသည် ဧလျာဇာကိုရေတိုက်သည်သာမကဘဲ ၎င်း၏ကုလားအုတ်အားလုံးကိုပါ ရေငတ်ပြေစေရန် ကြင်နာစွာဖြင့် ရေတိုက်ခဲ့သည်မှာ မှတ်သားဖွယ်ဖြစ်သည်။ မိသားစုနှင့်တိုင်ပင်ဆွေးနွေးပြီးနောက် ရေဗက္ကသည် အာဗြဟံ၏သားဣဇာက်၏ဇနီးဖြစ်ဖို့ ဝေးလံသောတိုင်းပြည်သို့ ဧလျာဇာနှင့်လိုက်သွားရန် လိုလိုလားလားလက်ခံခဲ့သည်။ ဘုရားသခင်သည် အခါအားလျော်စွာ အဖြစ်အပျက်များတွင် အံ့ဖွယ်နည်းဖြင့် ကြားဝင်ဆောင်ရွက်သောအချိန်၌ ဧလျာဇာ၏ဆုတောင်းချက်ကို တကယ်ထူးခြားပြတ်သားစွာဖြေကြားခဲ့ခြင်းပါတကား!
ဧလျာဇာ၏ဆုတောင်းချက်မှ ကျွန်ုပ်တို့များစွာသင်ယူနိုင်သည်။ ယင်းက သူ၏ထူးခြားသောယုံကြည်ခြင်း၊ နှိမ့်ချခြင်းနှင့် သူတစ်ပါး၏လိုအပ်ရာများအတွက် ကိုယ်ကျိုးမပါစိုးရိမ်စိတ်ကို ဖော်ပြသည်။ ဧလျာဇာ၏ဆုတောင်းချက်သည် လူသားနှင့် ယေဟောဝါဆက်ဆံနည်းကို သူလက်အောက်ခံကြောင်းလည်း ဖော်ပြသည်။ အာဗြဟံအပေါ် ဘုရားသခင်၏အထူးတွယ်တာမှုကိုသာမက အာဗြဟံအားဖြင့် လူသားအားလုံး အနာဂတ်ကောင်းချီးများခံစားရမည်ဟူသော ဘုရားသခင်၏ကတိတော်ကိုပါ သူသိခဲ့သည်မှာသေချာသည်။ (ကမ္ဘာဦး ၁၂:၃) ထို့ကြောင့် ဧလျာဇာသည် သူ၏ဆုတောင်းချက်ကို “အကျွန်ုပ်၏သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား” ဟုစကားချီးစခဲ့သည်။
ယေရှုခရစ်သည် နာခံသောလူသားအားလုံး ကောင်းချီးခံစားရရန်လမ်းကြောင်းဖြစ်မည့် အာဗြဟံ၏မျိုးဆက်ဖြစ်သည်။ (ကမ္ဘာဦး ၂၂:၁၈) ယနေ့ ကျွန်ုပ်တို့၏ဆုတောင်းချက်များကို နားညောင်းစေလိုလျှင် သားတော်မှတစ်ဆင့် လူသားနှင့်ဘုရားသခင်ဆက်ဆံသောနည်းလမ်းကို ကျွန်ုပ်တို့နှိမ့်ချစွာအသိအမှတ်ပြုကြောင်း တင်ပြရန်လိုသည်။ ယေရှုခရစ်က ဤသို့ဆိုသည်– “သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင် သင်တို့သည် တောင်းချင်သမျှကိုတောင်း၍ရကြလိမ့်မည်။”—ယောဟန် ၁၅:၇။
ယေရှု၏ဤစကားများမှန်ကန်ကြောင်းကို သိရှိခဲ့ရသည့် ခရစ်ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃) ယင်းကြောင့် ဘုရားသခင်ထံ စိတ်အားထက်သန်စွာ ပေါလုတောင်းခံသမျှကို သူရရှိခဲ့သည်ဟု ဆိုလိုပါသလော။ ကြည့်ကြစို့။
တော်၏နောက်တော်လိုက်တစ်ဦးမှာ တမန်တော်ပေါလုဖြစ်သည်။ ဆုတောင်းခြင်း၏တန်ခိုးကို သူယုံကြည်ခြင်းသည် အချည်းနှီးမဖြစ်ခဲ့သည်မှာသေချာသည်။ သူသည် ခရစ်ယာန်ချင်းတို့အား ဆုတောင်းခြင်းဖြင့် မိမိတို့၏စိုးရိမ်မှုမှန်သမျှကို ဘုရားသခင်ထံအပ်နှံရန် တိုက်တွန်းကာ ဤသို့သက်သေခံခဲ့သည်– “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။” (တောင်းခံမှုအားလုံးမရခဲ့
ပေါလုသည် မိမိ၏ကိုယ်ကျိုးစွန့်ဓမ္မအမှုတွင် “ကိုယ်၌စူးသောဆူး” ဟုသူဖော်ပြခဲ့သည့်ဝေဒနာကို ခံစားခဲ့ရသည်။ (၂ ကောရိန္သု ၁၂:၇) ယင်းသည် အတိုက်အခံပြုသူများနှင့် “ညီအစ်ကိုဖြစ်ယောင်ဆောင်သောသူတို့” ကြောင့်ဖြစ်ပေါ်သည့် စိတ္တနှင့်စိတ်လှုပ်ရှားမှုဆိုင်ရာဖိစီးမှုဖြစ်နိုင်ပေသည်။ (၂ ကောရိန္သု ၁၁:၂၆; ဂလာတိ ၂:၄) သို့မဟုတ် နာတာရှည်မျက်စိရောဂါနှင့်ဆိုင်သည့် ကာယ ပိုင်းဝေဒနာဖြစ်နိုင်သည်။ (ဂလာတိ ၄:၁၅) မည်သို့ပင်ဖြစ်စေ ဤ “ကိုယ်၌စူးသောဆူး” သည် ပေါလုကို အားလျော့စေခဲ့သည်။ “ထိုဆင်းရဲခြင်းနှင့်ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရားကိုငါဆုတောင်း၍ အသနားတော်ခံ” သည်ဟု သူရေးခဲ့သည်။ သို့သော် ပေါလု၏တောင်းခံမှုသည် မရခဲ့ပါ။ စုံစမ်းမှုများကိုခံရပ်နိုင်သည့်တန်ခိုးကဲ့သို့သော ဘုရားသခင်ထံမှ သူရရှိထားပြီးဖြစ်သည့် ဝိညာဉ်ရေးအကျိုးကျေးဇူးများသည် လုံလောက်ပေပြီဟု ပေါလု ရှင်းပြခံခဲ့ရသည်။ ထို့ပြင် ဘုရားသခင်က “ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်” ဟု မိန့်တော်မူသည်။—၂ ကောရိန္သု ၁၂:၈၊ ၉။
ဧလျာဇာနှင့်ပေါလုတို့၏ပုံသက်သေများမှ ကျွန်ုပ်တို့အဘယ်အရာသိရှိကြရသနည်း။ ယေဟောဝါဘုရားသခင်သည် မိမိအားဝတ်ပြုရန် နှိမ့်ချစွာရှာဖွေသူများ၏ဆုတောင်းချက်များကို အမှန်တကယ်နားညောင်းတော်မူသည်။ သို့သော် ယင်းကြောင့် ကိုယ်တော်သည် သူတို့၏တောင်းခံချက်များကို အမြဲပေးသည်ဟူ၍ မဆိုလိုပါ၊ အကြောင်းမှာ ဘုရားသခင်သည် ကိစ္စရပ်များကို ရေရှည်သုံးသပ်တော်မူသောကြောင့်ပင်ဖြစ်သည်။ ကျွန်ုပ်တို့အတွက် အကျိုးအရှိဆုံးဖြစ်မည့်အရာကို ကျွန်ုပ်တို့ထက်ကိုယ်တော်ပိုသိသည်။ ထိုထက်အရေးကြီးသည်မှာ ကိုယ်တော်သည် သမ္မာကျမ်းစာတွင်မှတ်တမ်းတင်ထားသည့်အတိုင်း ဖော်ပြထားသောရည်ရွယ်ချက်နှင့်အညီ အစဉ်ပြုတော်မူခြင်းဖြစ်သည်။
ဝိညာဉ်ရေးကုသပေးမှုအတွက်အချိန်
ဘုရားသခင်သည် မြေကြီးပေါ် မိမိ၏သားတော်အုပ်စိုးမည့် အနှစ်တစ်ထောင်အတွင်း ကာယ၊ စိတ္တ နှင့် စိတ်လှုပ်ရှားမှုဆိုင်ရာရောဂါအားလုံးကို ကုသပေးမည်ဟုကတိပြုတော်မူသည်။ (ဗျာဒိတ် ၂၀:၁-၃; ၂၁:၃-၅) စိတ်ရင်းမှန်သောခရစ်ယာန်များသည် အမှန်တကယ်ဖြစ်စေနိုင်သည့် ဘုရားသခင်၏တန်ခိုးတော်ကို လုံးဝယုံကြည်ကာ ဤကတိထားရာအနာဂတ်ကို စိတ်အားထက်သန်စွာစောင့်မျှော်နေကြသည်။ သူတို့သည် ထိုသို့သောအံ့ဖွယ်ကုသမှုကို ယခုမမျှော်လင့်ကြသော်လည်း စုံစမ်းခြင်းများကို ရင်ဆိုင်နိုင်ရန် နှစ်သိမ့်မှုနှင့်ခွန်အားရရှိဖို့ ဘုရားသခင်ထံသူတို့ဆုတောင်းကြသည်။ (ဆာလံ ၅၅:၂၂) သူတို့ဖျားနာကြသောအခါ ငွေကြေးအရသူတို့တတ်နိုင်သည့် အကောင်းဆုံးသောဆေးကုသမှုကိုရရှိရန် ဘုရားသခင်လမ်းညွှန်ပေးဖို့အတွက်လည်း ဆုတောင်းကြပေမည်။
ဘာသာတရားအချို့သည် ယေရှုနှင့်ကိုယ်တော်၏တမန်တော်များပြုခဲ့သည့် အံ့ဖွယ်ကုသမှုများကိုထောက်ပြကာ ဖျားနာသူများ ယခုပင်ကုသမှုခံရရန် ဆုတောင်းဖို့တိုက်တွန်းကြသည်။ သို့သော် ထိုသို့သောအံ့ဖွယ်အမှုများကို အထူးရည်ရွယ်ချက်တစ်ခုအတွက် ပြုခဲ့ခြင်းဖြစ်သည်။ ယေရှုခရစ်သည် မေရှိယအစစ်အမှန်ဖြစ်ကြောင်းသက်သေထူရန်နှင့် ဘုရားသခင့်မျက်နှာသာတော်သည် ဂျူးလူမျိုးထံမှ နုနယ်သေးသောခရစ်ယာန်အသင်းတော်ထံသို့ လွှဲပြောင်းခဲ့ပြီဖြစ်ကြောင်းဖော်ပြရန်ဖြစ်သည်။ ထိုစဉ်က တည်ထောင်ခါစ ခရစ်ယာန်အသင်းတော်၏ယုံကြည်ခြင်းကိုခိုင်ခံ့စေရန် အံ့ဖွယ်ဆုကျေးဇူးများလိုအပ်ခဲ့သည်။ နုနယ်သေးသည့်အသင်းတော်သည် ခိုင်ခံ့မြဲမြံပြီး ရင့်ကျက်လာသည့်အခါ အံ့ဖွယ်ဆုကျေးဇူးများသည် “ကွယ်ပျောက်” သွားသည်။—၁ ကောရိန္သု ၁၃:၈၊ ၁၁။
ဤအရေးတကြီးဖြစ်နေသောအချိန်တွင် ယေဟောဝါဘုရားသခင်သည် ဝိညာဉ်ရေးကုသမှုဆိုင်ရာ ပို၍အရေးကြီးသောလုပ်ငန်းတွင် မိမိ၏ဝတ်ပြုသူများကို ညွှန်ကြားနေတော်မူသည်။ အချိန်ရှိသေးစဉ် လူတို့သည် ဤတောင်းဆိုချက်ကိုတုံ့ပြန်ရန် အရေးတကြီးလိုအပ်နေသည်– “တွေ့နိုင်သည်ကာလတွင် ထာဝရဘုရားကိုရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်း . . . ကြလော့။ ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ဘုရားသခင်အထံတော်သို့ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကိုလွှတ်တော်မူလိမ့်မည်။”—ဟေရှာယ ၅၅:၆၊ ၇။
နောင်တရသောအပြစ်သားများ၏ ဤဝိညာဉ်ရေးကုသပေးမှုသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းအားဖြင့် ပြီးမြောက်အောင်မြင်လျက်ရှိသည်။ (မဿဲ ၂၄:၁၄) ယေဟောဝါဘုရားသခင်သည် မိမိ၏ကျေးကျွန်များအား ဤအသက်ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်နိုင်သည့်တန်ခိုးစွမ်းအားပေးခြင်းဖြင့် လူမျိုးအပေါင်းမှ သန်းပေါင်းများစွာသောသူတို့ကို နောင်တရစေပြီး . . . အဆုံးမတိုင်မီ ကိုယ်တော်နှင့်မျက်နှာသာရဆက်ဆံရေးရရှိရန် ကူညီပေးနေသည်။ ဤသို့သောဝိညာဉ်ရေးကုသမှုအတွက် စိတ်ရင်းမှန်ဖြင့်ဆုတောင်းသူအားလုံးနှင့် ဤကုသမှုလုပ်ငန်းကိုဆောင်ရွက်ရန် အကူအညီရဖို့အတွက် ဆုတောင်းသူအားလုံး၏ဆုတောင်းချက်များသည် အမှန်တကယ်ပင်ပြည့်လာပေပြီ။
[Picture Credit Line on page 3]
ဧလျာဇာနှင့်ရေဗက္က/The Doré Bible Illustrations/Dover Publications