ယေဟောဝါ—တန်ခိုးစွမ်းအားနှင့် ပြည့်စုံတော်မူသောအရှင်
ယေဟောဝါ—တန်ခိုးစွမ်းအားနှင့် ပြည့်စုံတော်မူသောအရှင်
“ခွန်အားကြီး၍တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့်၊ တစ်စုံတစ်ခုမျှမပေါ်ဘဲမနေရ။”—ဟေရှာယ ၄၀:၂၆။
၁၊ ၂။ (က) ကျွန်ုပ်တို့အားလုံးသည် အဘယ်ရုပ်ပိုင်းစွမ်းအားအရင်းအမြစ်ကို မှီခိုအားထားနေကြရသနည်း။ (ခ) ယေဟောဝါသည် တန်ခိုးမှန်သမျှ၏ အရင်းခံအကျဆုံး ပင်ရင်းအမြစ် အဘယ်ကြောင့်ဖြစ်ကြောင်း ရှင်းပြပါ။
စွမ်းအားကို ကျွန်ုပ်တို့အများအားဖြင့် အရေးမထားတတ်ကြပါ။ ဥပမာ၊ ကျွန်ုပ်တို့ကို အပူနှင့်အလင်းပေးသည့် လျှပ်စစ်စွမ်းအား သို့မဟုတ် ကျွန်ုပ်တို့၏လျှပ်စစ်ပစ္စည်းတစ်မျိုးမျိုးကို ပလပ်ထိုးလိုက်ခြင်း၏ အဆင်ပြေမှုကို အလေးထားစဉ်းစားခြင်းမရှိတတ်ကြချေ။ မမျှော်လင့်ဘဲ ဓာတ်အားပြတ်သွားသည့်အခါမှသာ စွမ်းအားမရှိလျှင် လူသားမှီတင်းနေထိုင်ရာမြို့ကြီးများတွင် အဘယ်အရာကိုမျှလုပ်၍မရတော့ကြောင်း နားလည်လာကြသည်။ ကျွန်ုပ်တို့အားထားနေကြရသည့် လျှပ်စစ်စွမ်းအားအများစုမှာ ကမ္ဘာကြီး၏အားအထားရဆုံးစွမ်းအားအရင်းအမြစ်ဖြစ်သည့် နေမှ တစ်ဆင့်ရရှိလာသည်။ * ဤနေဓာတ်ပေါင်းဖိုကြီးသည် စက္ကန့်တိုင်း အနုမြူလောင်စာ တန်ပေါင်း ငါးသန်းလောင်ကျွမ်းကာ အသက်အထောက်အပံ့ပေးစွမ်းအင်ကို ကမ္ဘာပေါ်သို့ မပြတ်ချပေးလျက်ရှိသည်။
၂ ဤနေစွမ်းအားမှန်သမျှကို အဘယ်မှရရှိလာသနည်း။ ဤကောင်းကင်ဓာတ်အားပေးစက်ရုံကြီးကို မည်သူတည်ဆောက်ခဲ့သနည်း။ ယေဟောဝါဘုရားသခင် တည်ဆောက်တော်မူခဲ့သည်။ ကိုယ်တော်ကို ရည်ညွှန်းကာ ဆာလံ ၇၄:၁၆ ကဤသို့ဆိုသည်– “နေမှစ၍ အလင်းအိမ်တို့ကို ဖန်ဆင်းတော်မူပြီ။” မှန်ပါ၏၊ ယေဟောဝါသည် အသက်မှန်သမျှ၏ပင်ရင်းအမြစ်ဖြစ်တော်မူသကဲ့သို့ စွမ်းအားမှန်သမျှ၏ အရင်းခံအကျဆုံးပင်ရင်းအမြစ်လည်းဖြစ်တော်မူသည်။ (ဆာလံ ၃၆:၉) ကိုယ်တော်၏တန်ခိုးစွမ်းအားကို ကျွန်ုပ်တို့မည်သည့်အခါမျှ အလေးမထားဘဲမနေသင့်ပေ။ ယေဟောဝါသည် ပရောဖက်ဟေရှာယမှတစ်ဆင့် ကျွန်ုပ်တို့အား နေ၊ ကြယ်များကဲ့သို့သော ကောင်းကင်တန်ဆာများကို ကြည့်ရှုကာ ၎င်းတို့မည်သို့တည်ရှိလာသည်ကို တွေးတောဆင်ခြင်ရန် နှိုးဆော်ပေးခဲ့သည်။ “အထက်သို့မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့်၊ တစ်စုံတစ်ခုမျှမပေါ်ဘဲမနေရ။”—ဟေရှာယ ၄၀:၂၆; ယေရမိ ၃၂:၁၇။
၃။ ယေဟောဝါ၏တန်ခိုးတော်ပြသမှုများမှ ကျွန်ုပ်တို့ မည်သို့အကျိုးကျေးဇူးခံစားရသနည်း။
၃ ယေဟောဝါသည် တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် နေသည် ကျွန်ုပ်တို့အဆာလံ ၂၈:၆-၉; ဟေရှာယ ၅၀:၂) သမ္မာကျမ်းစာတွင် ဖန်ဆင်းခြင်း၊ ရွေးနုတ်ခြင်းနှင့် မိမိလူမျိုးတော်ကို ကယ်တင်ခြင်း၊ ရန်သူများကို ဖျက်ဆီးခြင်းဆိုင်ရာ ယေဟောဝါ၏တန်ခိုးတော်ကို ထင်ရှားစေသည့် နမူနာအများအပြားပါရှိသည်။
သက်အတွက် အားထားမှီခိုနေရသော အပူနှင့်အလင်းကို မပြတ်မလပ်ထောက်ပံ့ပေးသွားမည်ဟု ယုံကြည်စိတ်ချနိုင်သည်။ သို့သော် ဘုရားသခင်၏တန်ခိုးတော်အပေါ် ကျွန်ုပ်တို့မှီခိုအားထားရခြင်းမှာ အခြေခံရုပ်ပိုင်းလိုအပ်ရာများအတွက်သာ မကပါ။ အပြစ်နှင့်သေခြင်းမှ ကျွန်ုပ်တို့၏ကယ်တင်ခြင်း၊ ကျွန်ုပ်တို့၏အနာဂတ်မျှော်လင့်ချက်နှင့် ယေဟောဝါကို ကျွန်ုပ်တို့ယုံကြည်စိတ်ချမှု အားလုံးတို့သည် တန်ခိုးတော်ကို ကိုယ်တော်အသုံးပြုခြင်းနှင့် ခွဲခြား၍မရအောင်ဆက်စပ်နေသည်။ (ဘုရားသခင့်တန်ခိုးတော် ဖန်ဆင်းခြင်းတွင် ထင်ရှား
၄။ (က) ညကောင်းကင်ယံကို ကြည့်ရှုခြင်းက ဒါဝိဒ်အပေါ် မည်သို့အကျိုးသက်ရောက်ခဲ့သနည်း။ (ခ) ကောင်းကင်တန်ဆာများသည် ဘုရားသခင့်တန်ခိုးတော်အကြောင်း အဘယ်အရာဖော်ပြသနည်း။
၄ ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ ‘ထာဝရတန်ခိုးတော်ကို ဖန်ဆင်းတော်မူရာများတွင် အထင်အရှားတွေ့မြင်နိုင်’ ကြောင်း တမန်တော်ပေါလုက ရှင်းပြခဲ့သည်။ (ရောမ ၁:၂၀) လွန်ခဲ့သောရာစုနှစ်များစွာက သိုးထိန်းတစ်ဦးဖြစ်စဉ် ဆာလံဆရာဒါဝိဒ်သည် ညတွင် ကောင်းကင်ကို အကြိမ်ကြိမ်မော့ကြည့်ခဲ့ပြီး စကြဝဠာ၏ခမ်းနားကြီးကျယ်မှုနှင့် ဖန်ဆင်းရှင်၏ကြီးမြတ်မှုတို့ကို တွေ့မြင်ခဲ့ရမည်။ သူကဤသို့ရေးသားခဲ့သည်– “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကိုလည်းကောင်း အကျွန်ုပ်ဆင်ခြင်သော်၊ လူသည် အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည်အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။” (ဆာလံ ၈:၃၊ ၄) ဒါဝိဒ်သည် ကောင်းကင်တန်ဆာများနှင့်ပတ်သက်၍ အသိပညာအကန့်အသတ်သာရှိသော်လည်း အပြောကျယ်လှသော စကြဝဠာနှင့်နှိုင်းယှဉ်ကြည့်လျှင် မိမိသည် အဘယ်အရာမျှမဟုတ်တော့ကြောင်း နားလည်ခဲ့သည်။ ယနေ့၊ နက္ခတ္တဗေဒပညာရှင်များသည် စကြဝဠာ၏ကျယ်ပြောမှုနှင့် ယင်းကိုထောက်ပံ့ထားသည့် ဧရာမစွမ်းအားတို့အကြောင်းကို ပို၍သိရှိလာကြသည်။ ဥပမာအနေဖြင့်၊ ကျွန်ုပ်တို့၏နေက စက္ကန့်တိုင်းထုတ်လွှတ်သည့် စွမ်းအင်သည် ယမ်းဘီလူး မီဂါတန်ချိန် သန်း ၁၀၀,၀၀၀ ပေါက်ကွဲအားနှင့် ညီမျှသည်ဟု ဆိုကြသည်။ * ဤစွမ်းအင်မှ အလွန်နည်းသောပမာဏသာ ကမ္ဘာသို့ရောက်ရှိသည်; သို့သော် ယင်းသည် ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်ပေါ်ရှိ သက်ရှိအားလုံးကို ထောက်ပံ့ရန် လုံလောက်ပေသည်။ သို့ရာတွင် ကျွန်ုပ်တို့၏နေသည် ကောင်းကင်ယံတွင် စွမ်းအားအရှိဆုံးကြယ်မဟုတ်သေးပေ။ တစ်စက္ကန့်မျှအတွင်း ကြယ်အချို့၏ ဖြာထွက်မှုစွမ်းအင် သည် နေ၏ တစ်ရက်လုံးဖြာထွက်မှုစွမ်းအင်နှင့်ပင်ညီသည်။ သို့ဆိုလျှင် ဤကဲ့သို့သော ကောင်းကင်တန်ဆာများကိုဖန်ဆင်းခဲ့သောအရှင် သုံးစွဲနိုင်သည့်တန်ခိုးစွမ်းအားကို တွေးဆကြည့်ပါလေ! ဧလိဟုက မှန်ကန်စွာ ဤသို့မြွက်ဆိုခဲ့သည်– “[အတိုင်းအဆမဲ့] တန်ခိုးရှင်ကို အကျွန်ုပ်တို့သည် ရှာ၍ မမီနိုင်ကြ။ တန်ခိုးတော်အားဖြင့် ကြီး” မြတ်၏။—ယောဘ ၃၇:၂၃၊ သမ္မာ။
၅။ ယေဟောဝါခွန်အား၏ အဘယ်သာဓကကို ကိုယ်တော်၏အမှုတော်များတွင် တွေ့ရှိရသနည်း။
၅ ဒါဝိဒ်ကဲ့သို့ ‘ဘုရားသခင်၏အမှုတော်များကို ရှာဖွေ’ မည်ဆိုလျှင် ကိုယ်တော့်တန်ခိုးတော်၏သာဓကကို နေရာတိုင်း—လေနှင့်ရေလှိုင်းများ၊ မိုးချုန်းခြင်းနှင့် လျှပ်စီးလက်ခြင်း၊ အင်အားကြီးမားသော မြစ်များနှင့် ခန့်ညားလှသောတောင်များတို့တွင် တွေ့ရှိရမည်ဖြစ်သည်။ (ဆာလံ ၁၁၁:၂; ယောဘ ၂၆:၁၂-၁၄) ထို့အပြင် ယောဘကို ယေဟောဝါသတိပေးသကဲ့သို့ တိရစ္ဆာန်များကလည်း ကိုယ်တော်၏ခွန်အားတော်ကို အထင်အရှားဖော်ပြသည်။ ယင်းတို့ထဲတွင် ဗေဟမုတ်ခေါ် ရေမြင်းအပါအဝင်ဖြစ်သည်။ ယေဟောဝါက ယောဘအား ဤသို့မိန့်တော်မူသည်– “သူ၏တန်ခိုးသည်ခါး၌လည်းကောင်း . . . အရိုးကြီးတို့သည် သံတုံးကဲ့သို့ဖြစ်ကြ၏။” (ယောဘ ၄၀:၁၅-၁၈) စိုင်၏စိုးရွံ့ဖွယ်ကောင်းသော စွမ်းအားသည်လည်း ကျမ်းစာခေတ်တွင် ကျော်ကြားပြီး ဒါဝိဒ်က မိမိသည် “ခြင်္သေ့ခံတွင်းနှင့် စိုင်ဦးချိုဘေး” မှအသက်ချမ်းသာရရန် ဆုတောင်းခဲ့သည်။—ဆာလံ ၂၂:၂၁၊ သမ; ယောဘ ၃၉:၉-၁၁၊ သမ။
၆။ နွားသည် ကျမ်းစာထဲတွင် မည်သည့်အရာကို တင်စားသနည်း၊ အဘယ်ကြောင့်နည်း။ (အောက်ခြေမှတ်ချက်ရှု။)
၆ နွား၏ခွန်အားကြီးမားမှုကြောင့် ကျမ်းစာထဲတွင် ယေဟောဝါ၏ * ယေဟောဝါ၏ပလ္လင်တော်ဆိုင်ရာ တမန်တော်ယောဟန်၏ မြင်ကွင်းအာရုံတွင် သက်ရှိသတ္တဝါလေးကောင်ကို ပုံဖော်ထားပြီး တစ်ကောင်မှာ နွားမျက်နှာရှိသည်။ (ဗျာဒိတ် ၄:၆၊ ၇) ရှင်းနေသည်မှာ ဤခေရုဗိမ်များဖြင့် ပုံတင်ပြထားသော ယေဟောဝါ၏ အဓိကဂုဏ်ရည်တော်လေးပါးအနက် တစ်ပါးမှာ တန်ခိုးတော်ဖြစ်သည်။ အခြားဂုဏ်ရည်တော်များမှာ မေတ္တာ၊ ဉာဏ်ပညာနှင့် တရားမျှတမှုတို့ဖြစ်သည်။ တန်ခိုးတော်သည် ဘုရားသခင့်ဥပဓိရုပ်တော်တွင် အရေးပါသောအသွင်အပြင်တစ်ရပ်ဖြစ်သောကြောင့် ကိုယ်တော်၏တန်ခိုးတော်နှင့် ယင်းကို ကိုယ်တော်မည်သို့အသုံးပြုကြောင်းကို ရှင်းလင်းစွာနားလည်ထားလျှင် ကျွန်ုပ်တို့အား ကိုယ်တော်နှင့်နီးကပ်စေမည်ဖြစ်ပြီး ကျွန်ုပ်တို့အသုံးချနိုင်သည့် မည်သည့်အစွမ်းတန်ခိုးကိုမဆို ကောင်းစွာအသုံးပြုခြင်းအားဖြင့် ကိုယ်တော်၏စံနမူနာကိုတုပရန် အကူအညီဖြစ်ပေမည်။—ဧဖက် ၅:၁။
တန်ခိုးတော်ကို ထိုသတ္တဝါဖြင့်တင်စားအသုံးပြုထားသည်။‘တန်ခိုးကြီးမားသောအရှင် ကောင်းကင်ဗိုလ်ခြေသခင် ယေဟောဝါ’
၇။ ကောင်းမှုသည် ဆိုးယုတ်မှုကို အနိုင်ယူမည်ဟု မည်သို့စိတ်ချနိုင်သနည်း။
၇ ကျမ်းစာထဲတွင် ယေဟောဝါကို “[အတိုင်းအဆမဲ့] တန်ခိုးရှင်” ဟုခေါ်ဆိုထားရာ ဤဘွဲ့နာမက ကိုယ်တော်၏တန်ခိုးတော်ကို မည်သည့်အခါမျှ လျှော့မတွက်သင့်ကြောင်း သို့မဟုတ် ကိုယ်တော့်ရန်သူများကို သုတ်သင်နိုင်စွမ်းအပေါ် သံသယမဝင်သင့်ကြောင်း သတိပေးသည်။ (ကမ္ဘာဦး ၁၇:၁; ထွက်မြောက်ရာ ၆:၃) စာတန်၏ဆိုးသွမ်းသောအစီအစဉ်စနစ်သည် အခိုင်အမာတည်ရှိနေသည်ဟုထင်ရစရာရှိသော်လည်း ယေဟောဝါ၏မျက်မှောက်တော်တွင်မူ “လူအမျိုးမျိုးတို့သည် ရေပုံးမှကျသောရေစက်ကဲ့သို့ဖြစ်၍၊ ချိန်ခွင်၌မြူမှုန့်ကဲ့သို့ထင်မှတ်စရာရှိ၏။” (ဟေရှာယ ၄၀:၁၅) ဤဘုရားသခင့်တန်ခိုးတော်၏ကျေးဇူးကြောင့် ကောင်းမြတ်ခြင်းသည် ဆိုးယုတ်မှုကို အနိုင်ယူလိမ့်မည်မှာ သံသယဖြစ်စရာမရှိပေ။ ဆိုးညစ်မှု စိုးမိုးနေသည့်ဤအချိန်တွင် “ဣသရေလအမျိုး၌တန်ခိုးကြီးသောဘုရား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား [“ယေဟောဝါ၊” ကဘ]” သည် ဆိုးယုတ်မှုကို ထာဝစဉ်သုတ်သင်ပစ်မည်ဟု သိရခြင်းကြောင့် စိတ်သက်သာရာရနိုင်သည်။—ဟေရှာယ ၁:၂၄; ဆာလံ ၃၇:၉၊ ၁၀။
၈။ အဘယ်ကောင်းကင်ဗိုလ်ခြေများကို ယေဟောဝါ ကွပ်ကဲတော်မူသနည်း၊ ၎င်းတို့၏တန်ခိုးနှင့်ပတ်သက်၍ အဘယ် သက်သေလက္ခဏာရှိသနည်း။
၈ ကျမ်းစာထဲတွင် ၂၈၅ ကြိမ်ပါသည့် “ဗိုလ်ခြေသခင် ယေဟောဝါ” ဟူသည့်အသုံးအနှုန်းသည် ဘုရားသခင့်တန်ခိုးတော်ကို နောက်တစ်ချက်ဖြင့် သတိရစေသည်။ ဤတွင်ရည်ညွှန်းထားသည့် “ဗိုလ်ခြေ” သည် ယေဟောဝါ၏ကွပ်ကဲမှုအောက်ရှိ နာမ်ဝိညာဉ်တပ်မဟာဖြစ်သည်။ (ဆာလံ ၁၀၃:၂၀၊ ၂၁; ၁၄၈:၂) ဤကောင်းကင်တမန်များထဲမှ တစ်ပါးတည်းက ယေရုရှလင်မြို့ကို ခြိမ်းခြောက်နေသည့် အာရှုရိစစ်သည် ၁၈၅,၀၀၀ ကို တစ်ညချင်းတွင်ပင် ကွပ်မျက်ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၉:၃၅) ယေဟောဝါ၏ ကောင်းကင်ဗိုလ်ခြေတို့၏တန်ခိုးကို ကျွန်ုပ်တို့အသိအမှတ်ပြုကြမည်ဆိုလျှင် အတိုက်အခံပြုသူများကြောင့် အလွယ်တကူကြောက်ဒူးတုန်မည်မဟုတ်ပေ။ ဧလိရှဲသည် သူ့အားလိုက်ရှာနေသည့်ရန်သူစစ်တပ်၏ ဝိုင်းပိတ်ခြင်းကိုခံရချိန်တွင် သူ မမှုခဲ့ပါ၊ အကြောင်းမှာ ကျွန်ဖြစ်သူနှင့်မတူဘဲ သူ့အားထောက်ပံ့ပေးမည့် ကောင်းကင်တပ်မဟာကို ယုံကြည်ခြင်းမျက်စိနှင့်မြင်ရသောကြောင့်ဖြစ်သည်။—၄ ဓမ္မရာဇဝင် ၆:၁၅-၁၇။
၉။ ကျွန်ုပ်တို့သည် ယေရှုကဲ့သို့ ဘုရားသခင်၏အကာအကွယ်ကို အဘယ်ကြောင့်ယုံကြည်စိတ်ချသင့်သနည်း။
၉ ယေရှုသည် ဂေသရှေမန်ဥယျာဉ်တွင် တုတ်ဓားဆောင်ထားသူ လူရမ်းကားအုပ်နှင့် ရင်ဆိုင်ရချိန်တွင် ကောင်းကင်တမန်၏အထောက်အပံ့ရှိသည်ကို အလားတူသိမြင်တော်မူခဲ့သည်။ ဓားကိုသူ့နေရာတွင်ပြန်ထားရန် ပေတရုကို မိန့်တော်မူပြီးနောက် ယေရှုက မိမိလိုအပ်မည်ဆိုလျှင် ခမည်းတော်ထံတွင် “ကောင်းကင်တမန်တစ်ဆယ့်နှစ်တပ်မက” တောင်းနိုင်ကြောင်း မိန့်ကြားခဲ့သည်။ (မဿဲ ၂၆:၄၇၊ ၅၂၊ ၅၃) ဘုရားသခင်အသုံးချနိုင်သည့် ကောင်းကင်ဗိုလ်ခြေတို့ကို အလားတူတန်ဖိုးထားမည်ဆိုလျှင် ဘုရားသခင်၏ကျောထောက်နောက်ခံမှုကို လုံးလုံးလျားလျားယုံကြည်စိတ်ချမည်ဖြစ်သည်။ တမန်တော်ပေါလုက ဤသို့ရေးသားလိုက်သည်– “သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တစ်ဖက်၌နေနိုင်မည်နည်း။”—ရောမ ၈:၃၁။
၁၀။ ယေဟောဝါသည် မည်သူတို့၏အကျိုးအတွက် မိမိ၏တန်ခိုးတော်ကို အသုံးပြုသနည်း။
၁၀ သို့ဖြစ်၍ ယေဟောဝါ၏ကာကွယ်မှုကို ယုံကြည်စိတ်ချရန် ကျွန်ုပ်တို့တွင် ခိုင်လုံသောအကြောင်းရှိသည်။ ကိုယ်တော်သည် မိမိ၏တန်ခိုးတော်ကို ကောင်းကျိုးအတွက်သာ အမြဲအသုံးပြုတော်မူပြီး အခြားအရည်အသွေးတော်များဖြစ်သော တရားမျှတမှု၊ ဉာဏ်ပညာ၊ မေတ္တာတို့နှင့် သဟဇာတဖြစ်သည်။ (ယောဘ ၃၇:၂၃; ယေရမိ ၁၀:၁၂) အာဏာကြီးသူများသည် ဆင်းရဲသားများနှင့် နှိမ့်ချသူများကို ကိုယ်ကျိုးအတွက် မကြာခဏ အနိုင်ကျင့်တတ်ကြသော်လည်း ယေဟောဝါမူ “ဆင်းရဲသောသူကို မြေမှုန့်ထဲကကြွလျက်” “ကယ်တင်ခြင်းငှာ တန်ခိုးကြီး” သောအရှင်ဖြစ်တော်မူသည်။ (ဆာလံ ၁၁၃:၅-၇; ဟေရှာယ ၆၃:၁) ကျိုးနွံမှုရှိပြီး ဟန်ဆောင်မှုကင်းသော ယေရှု၏မိခင်မာရိနားလည်ခဲ့သည်အတိုင်း “တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရား” သည် ကိုယ်တော်ကို ကြောက်ရွံ့သူများ၏အကျိုးအလို့ငှာ မိမိ၏တန်ခိုးတော်ကို ကိုယ်ကျိုးမဖက်ဘဲ အသုံးပြုတော်မူပြီး ထောင်လွှားသောသူတို့ကို နှိမ့်ချ၍ နိမ့်ကျသောသူများကို ချီးမြှောက်ပေးတော်မူသည်။—လုကာ ၁:၄၆-၅၃။
မိမိ၏ကျေးကျွန်များအား ယေဟောဝါ တန်ခိုးတော်ဖော်ပြ
၁၁။ ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်တွင် ဣသရေလလူမျိုးသည် ယေဟောဝါ၏တန်ခိုးတော်ကိုသက်သေထူသည့် အဘယ်အရာကိုတွေ့မြင်ခဲ့ရသနည်း။
၁၁ ယေဟောဝါသည် တန်ခိုးတော်ကို မိမိ၏ကျေးကျွန်များအား အကြိမ်ကြိမ်ပြသတော်မူခဲ့သည်။ တစ်ကြိမ်မှာ ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်၊ သိနာတောင်တွင်ဖြစ်ခဲ့သည်။ ထိုနှစ်အတွင်း ဣသရေလလူမျိုးသည် ဘုရားသခင့်တန်ခိုးတော်၏ စွဲမှတ်လောက်ဖွယ်သာဓကကို တွေ့မြင်ခဲ့ပြီးဖြစ်သည်။ အကြီးအကျယ်ပျက်စီးစေသော ကပ်ဘေးဆယ်ပါးက ယေဟောဝါလက်ရုံးတော်၏ အင်အားကြီးမားမှုနှင့် အီဂျစ်နတ်ဘုရားများမှာ အစွမ်းမရှိကြောင်း ဖော်ထုတ်ပြခဲ့ပြီ။ ယင်းနောက် များမကြာမီ ပင်လယ်နီကို အံ့ဖွယ်နည်းဖြင့်ဖြတ်ကူးခြင်းနှင့် ဖာရော၏စစ်တပ်ကို ဖျက်ဆီးပစ်လိုက်ခြင်းတို့က ဘုရားသခင်၏ အင်အားကြီးမားသောလက်ရုံးတော်ကို ထပ်ဆင့်သက်သေထူသည်။ သုံးလကြာသော် သိနာတောင်ခြေတွင် ယေဟောဝါသည် ဣသရေလလူမျိုးကို ‘လူမျိုးတကာထက် အထူးပိုင်ဆိုင်ရာ လူမျိုး’ ဖြစ်ရန် ဖိတ်ခေါ်လိုက်သည်။ သူတို့ဘက်မှ သူတို့က ဤသို့ကတိပြုခဲ့ကြသည်– “ထာဝရဘုရားမိန့်တော်မူသမျှကို အကျွန်ုပ်တို့ပြုပါမည်။” (ထွက်မြောက်ရာ ၁၉:၅၊ ၈) ထို့နောက် ယေဟောဝါသည် မိမိတန်ခိုးတော်၏ ကွက်ကွက်ကွင်းကွင်းပြကွက်တစ်ခုကို ပြသတော်မူခဲ့သည်။ မိုးချုန်းခြင်း၊ လျှပ်စီးလက်ခြင်းနှင့် ကျယ်လောင်သောတံပိုးမှုတ်သံများအလယ်မှ သိနာတောင်သည် မီးခိုးထွက်ကာ တုန်ခါလေသည်။ ခပ်လှမ်းလှမ်းတွင်ရပ်လျက်နေသော လူများမှာ ကြောက်ရွံ့တုန်လှုပ်ကုန်ကြသည်။ သို့သော် ဤအတွေ့အကြုံက သူတို့အား ဘုရားသခင့်ရေးရာကြောက်ရွံ့မှုရှိရန် သွန်သင်ပေးပြီး ယင်းကြောက်ရွံ့မှုက တန်ခိုးအကြီးဆုံး တစ်ဆူတည်းသောဘုရားသခင်မှန်ယေဟောဝါကို နာခံရန် လှုံ့ဆော်ပေးမည်ဖြစ်ကြောင်း မောရှေရှင်းပြခဲ့သည်။—ထွက်မြောက်ရာ ၁၉:၁၆-၁၉; ၂၀:၁၈-၂၀။
၁၂၊ ၁၃။ အဘယ်အခြေအနေများက ဧလိယအား သူ၏တာဝန်ကို စွန့်သွားစေသနည်း၊ သို့သော် ယေဟောဝါသည် သူ့ကို မည်သို့ခွန်အားပေးတော်မူခဲ့သနည်း။
၁၂ ရာစုနှစ်အနည်းငယ်ကြာပြီးနောက် ဧလိယခေတ်တွင် သိနာတောင်၌ ဘုရားသခင့်တန်ခိုးတော်ပြသမှုကို နောက်တစ်ကြိမ်တွေ့ရှိခဲ့ရသည်။ ပရောဖက်သည် ဘုရားသခင်၏တန်ခိုးတော်သက်ရောက်မှုကို တွေ့မြင်ခဲ့နှင့်ပြီးဖြစ်သည်။ ဣသရေလနိုင်ငံ၏ အယူဖောက်ပြန်မှုကြောင့် ဘုရားသခင်သည် သုံးနှစ်ခွဲ “မိုးခေါင်စေ” ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၇:၁၃) မိုးခေါင်ရေရှားဖြစ်စဉ်ကာလအတွင်း ခေရိတ်ချောင်းတွင် ကျီးအတို့သည် ဧလိယကို ကျွေးမွေးခဲ့ပြီး နောက်ပိုင်းတွင် သူ့အား အစားအစာထောက်ပံ့ပေးရန် မုဆိုးမတစ်ဦး၏ ဂျုံမှုန့်နှင့်ဆီတို့ အံ့ဖွယ်နည်းဖြင့် မပြတ်မလပ်ဘဲရှိနေသည်။ ဤမုဆိုးမ၏သားကို ရှင်ပြန်ထမြောက်စေရန်ပင် ဧလိယကို ယေဟောဝါ တန်ခိုးပေးခဲ့သည်။ နောက်ဆုံး၌ ကရမေလတောင်ပေါ်တွင် ဘုရားသခင့်အဖြစ်တော်ကို ရင်သပ်ရှုမောဖွယ်စမ်းသပ်ချက်တစ်ခုတွင် ကောင်းကင်မှမီးကျလာပြီး ဧလိယပူဇော်သည့် ယဇ်ကောင်ကို လောင်ကျွမ်းခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၇:၄-၂၄; ၁၈:၃၆-၄၀) သို့သော် မကြာမီတွင် ယေဇဗေလက သူ့ကိုသတ်ရန်ကြိမ်းဝါးသည့်အခါ ဧလိယသည် ကြောက်ပြီး စိတ်ပျက်အားလျော့လာသည်။ (၃ ဓမ္မရာဇဝင် ၁၉:၁-၄) သူ၏ပရောဖက်တာဝန် ပြီးဆုံးပြီဟုယူမှတ်ကာ ထိုနိုင်ငံမှ ထွက်ပြေးလေသည်။ သူ့ကိုစိတ်ချစေပြီး အားသစ်လောင်းပေးရန် ယေဟောဝါသည် မြင့်မြတ်သောတန်ခိုးတော်ကို ကိုယ်တော်တိုင် ကြင်နာစွာဖော်ပြတော်မူခဲ့သည်။
၁၃ ဧလိယသည် ဥမင်ထဲတွင် ပုန်းအောင်းနေစဉ် ယေဟောဝါထိန်းချုပ်ထားသည့် စွမ်းအားသုံးခု–လေပြင်းမုန်တိုင်း၊ မြေငလျင်နှင့် နောက်ဆုံးတွင် မီးတို့၏အံ့သြမိန်းမောဖွယ်ပြကွက်တစ်ခုကို တွေ့မြင်ခဲ့သည်။ သို့ရာတွင် ယေဟောဝါသည် ဧလိယကိုမိန့်တော်မူသောအခါ “ဖြည်းညင်းသောအသံ” ဖြင့်မိန့်တော်မူခဲ့သည်။ လုပ်ဆောင်ရန်အလုပ် သူ့ကိုထပ်၍ပေးတော်မူပြီး ဤနိုင်ငံတွင် ယေဟောဝါအား သစ္စာရှိရှိဝတ်ပြုသူ ၇,၀၀၀ ကျန်သေးကြောင်းအသိပေးခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၉:၉-၁၈) ဧလိယကဲ့သို့ ကျွန်ုပ်တို့သည် မိမိတို့၏ဓမ္မအမှုတွင် အကျိုးရလဒ်များမရှိသည့်အတွက် စိတ်ပျက်အားလျော့လာလျှင် သတင်းကောင်းကိုမပြတ်ဟောပြောဖို့ အားသစ်လောင်းပေးနိုင်စွမ်းရှိသည့် တန်ခိုးဖြစ်သော သာမန်ထက် ‘လွန်ကဲသောတန်ခိုးတော်’ ရရန် ယေဟောဝါထံပန်ကြားနိုင်သည်။—၂ ကောရိန္သု ၄:၇၊ သမ။
ကိုယ်တော့်ကတိတော်များပြည့်စုံခြင်းကို ယေဟောဝါတန်ခိုးတော် အာမခံ
၁၄။ ယေဟောဝါ၏ကိုယ်ပိုင်နာမတော်က အဘယ်အရာကိုဖော်ပြသနည်း၊ ကိုယ်တော်၏တန်ခိုးတော်သည် နာမတော်နှင့် မည်သို့ဆက်နွှယ်သနည်း။
၁၄ ယေဟောဝါ၏တန်ခိုးတော်သည် ကိုယ်တော်၏နာမတော်၊ ကိုယ်တော့်အလိုတော်ဆောင်ရွက်ရေးတို့နှင့်လည်း ဆက်နွှယ်နေသည်။ “ကိုယ်တော်ဖြစ်လာစေသည်” ဟုအဓိပ္ပာယ်ရသည့် ထူးခြားသောနာမတော်ဖြစ်သည့် ယေဟောဝါသည် ကိုယ်တော်တိုင် ကတိတော်များကိုပြည့်စုံစေသူဖြစ်ကြောင်း ဖော်ပြသည်။ ကိုယ်တော်၏ရည်ရွယ်တော်မူချက်များသည် သံသယဝင်သူများအတွက် မဖြစ်နိုင်လွန်းပုံရှိစေကာမူ ထိုရည်ရွယ်တော်မူချက်များ ဖြစ်မြောက်လာစေရန် ဘုရားသခင်ကို မည်သည့်အရာ၊ မည်သူကမျှ မဟန့်တားနိုင်ပေ။ တမန်တော်များကို တစ်ခါကယေရှုမိန့်တော်မူခဲ့သကဲ့သို့ “ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်။”—မဿဲ ၁၉:၂၆။
၁၅။ ယေဟောဝါအတွက် မဖြစ်နိုင်သည့်အရာမရှိကြောင်း အာဗြဟံနှင့်စာရာတို့ မည်သို့သတိပေးခံခဲ့ရသနည်း။
၁၅ နမူနာအနေနှင့် ယေဟောဝါသည် တစ်ခါက အာဗြဟံနှင့်စာရာတို့အား သူတို့၏အမျိုးအနွယ်ကို လူမျိုးကြီးတစ်မျိုးဖြစ်စေမည်ဟု ကတိပြုတော်မူခဲ့သည်။ သို့သော် သူတို့တွင် သားသမီးမရှိဘဲ နှစ်ပေါင်းများစွာဆက်နေရသည်။ ကတိတော်ပြည့်စုံတော့မည်ဟု ယေဟောဝါမိန့်တော်မူသည့်အခါ နှစ်ယောက်စလုံး အလွန်အိုမင်းနေပြီဖြစ်ရာ စာရာရယ်ခဲ့သည်။ တုံ့ပြန်ရာတွင် ကောင်းကင်တမန်က ဤသို့ဆိုသည်– “ထာဝရဘုရားမတတ်နိုင်သောအမှု တစ်စုံတစ်ခုရှိသလော။” (ကမ္ဘာဦး ၁၂:၁-၃; ၁၇:၄-၈; ၁၈:၁၀-၁၄) နောက်ဆုံး အနှစ်လေးရာကြာပြီးနောက်မှ မောရှေသည် အာဗြဟံ၏မျိုးဆက်များ—ယခုလူမျိုးကြီးတစ်မျိုး—ကို မောဘလွင်ပြင်တွင် စည်းဝေးစေချိန်၌ ဘုရားသခင်သည် မိမိ၏ကတိတော် ကို ပြည့်စေခဲ့ပြီဟု သူတို့အားသတိရစေခဲ့သည်။ မောရှေ ဤသို့ဆိုသည်– “သင်တို့ဘိုးဘေးများကို [ယေဟောဝါ] ချစ်တော်မူသောကြောင့်၊ သူတို့အမျိုးအနွယ်ကို ရွေးကောက်တော်မူပြီ။ သင်တို့ထက်အားကြီး၍ များပြားသောလူမျိုးတို့ကို သင်တို့ရှေ့မှနှင်ထုတ်တော်မူ၍၊ ယနေ့ပင်ဖြစ်သကဲ့သို့ သူတို့မြေထဲသို့သင်တို့ကိုသွင်း၍ အမွေခံစေခြင်းငှာ၊ မဟာတန်ခိုးတော်အားဖြင့် အဲဂုတ္တုပြည်မှ ရှေ့တော်၌နုတ်ဆောင်တော်မူပြီ။”—တရားဟောရာ ၄:၃၇၊ ၃၈။
၁၆။ ဇဒ္ဒုကဲတို့သည် သေသူများထမြောက်ခြင်းကို ငြင်းဆန်သည့်အမှားထဲ အဘယ်ကြောင့်ကျရောက်ခဲ့သနည်း။
၁၆ ရာစုနှစ်နှင့်ချီ၍ကြာပြီးနောက် ရှင်ပြန်ထမြောက်ခြင်းကို မယုံသည့်ဇဒ္ဒုကဲတို့အား ယေရှုအပြစ်တင်တော်မူခဲ့သည်။ ဘုရားသခင်သည် သေသူများကို ပြန်ရှင်စေမည်ဟူသည့် ကိုယ်တော်၏ကတိတော်ကိုယုံကြည်ရန် အဘယ်ကြောင့်ငြင်းဆန်ခဲ့ကြသနည်း။ ယေရှုက သူတို့အား ဤသို့မိန့်တော်မူသည်– “သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကိုမသိ။” (မဿဲ ၂၂:၂၉) ကျမ်းစာက “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍၊ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့” ဟု အာမခံထားသည်။ (ယောဟန် ၅:၂၇-၂၉) ကျမ်းစာတွင်ဖော်ပြထားသည့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကျွန်ုပ်တို့သိမည်ဆိုလျှင် ဘုရားသခင့်တန်ခိုးတော်ကို ယုံကြည်စိတ်ချမှုက သေသူများ ပြန်လည်အသက်ရှင်လာမည်ကိုစိတ်ချလိမ့်မည်။ ဘုရားသခင်သည် “သေခြင်းကို အစဉ်အမြဲပယ်ဖျက် . . . တော်မူလိမ့်မည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူသတည်း။”—ဟေရှာယ ၂၅:၈၊ သမ္မာ။
၁၇။ အဘယ်အနာဂတ်အချိန်တွင် ယေဟောဝါအား ယုံကြည်စိတ်ချမှုသည် ထူးခြားသောနည်းဖြင့် မရှိမဖြစ်လိုအပ်မည်နည်း။
၁၇ မဝေးတော့သောအနာဂတ်တွင် ကျွန်ုပ်တို့အားလုံး ဘုရားသခင်၏ကယ်တင်ခြင်းတန်ခိုးတော်ကို အထူးနည်းဖြင့် ယုံကြည်စိတ်ချရန်လိုအပ်မည့်အချိန် ရောက်လာလိမ့်မည်။ စာတန်သည် အကာအကွယ်မရှိပုံပေါ်သော ဘုရားသခင့်လူမျိုးတော်ကို မီးကုန်ယမ်းကုန်တိုက်ခိုက်လိမ့်မည်။ (ယေဇကျေလ ၃၈:၁၄-၁၆) ထိုအခါ ဘုရားသခင်သည် ကျွန်ုပ်တို့၏အကျိုးအတွက် ကိုယ်တော်၏မဟာတန်ခိုးတော်ကို ပြသမည်ဖြစ်ရာ ကိုယ်တော်သည် ယေဟောဝါဖြစ်ကြောင်း လူတိုင်းသိလာကြရမည်ဖြစ်သည်။ (ယေဇကျေလ ၃၈:၂၁-၂၃) ခက်ခဲသောထိုကာလတွင် ယိမ်းယိုင်ခြင်းမရှိစေရန် ယခုအချိန်သည် အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်အပေါ် ယုံကြည်စိတ်ချမှုကို တည်ဆောက်ပေးရမည့်အချိန်ဖြစ်သည်။
၁၈။ (က) ယေဟောဝါ၏တန်ခိုးတော်အကြောင်း စဉ်းစားဆင်ခြင်ခြင်းမှ အဘယ်အကျိုးကျေးဇူးများရနိုင်သနည်း။ (ခ) လာမည့်ဆောင်းပါးတွင် အဘယ်မေးခွန်းကို ကျွန်ုပ်တို့သုံးသပ်ကြမည်နည်း။
၁၈ ယေဟောဝါ၏တန်ခိုးတော်နှင့်ပတ်သက်၍ ဆင်ခြင်စဉ်းစားစရာအကြောင်းများစွာရှိသည်မှာ သေချာသည်။ ကိုယ်တော်၏အမှုတော်များကို ကျွန်ုပ်တို့တွေးတောကြသည်နှင့်အမျှ ကျွန်ုပ်တို့၏ ကြီးမြတ်တော်မူသော ဖန်ဆင်းရှင်အား ချီးမွမ်းရန်နှင့် ဉာဏ်ပညာပါပြီး မေတ္တာပြည့်ဝသောနည်းလမ်းဖြင့် တန်ခိုးတော်ကို အသုံးပြုတော်မူသည့်အတွက် ကျေးဇူးတော်ချီးမွမ်းရန် နှိမ့်ချစွာလှုံ့ဆော်ခံရကြသည်။ ဗိုလ်ခြေတို့၏အရှင် ယေဟောဝါကို ကျွန်ုပ်တို့ယုံကြည်စိတ်ချလျှင် မည်သည့်အခါမျှ ကြောက်စရာအကြောင်းရှိမည်မဟုတ်။ ကိုယ်တော်၏ကတိတော်များကို ကျွန်ုပ်တို့ယုံကြည်ခြင်းသည် ယိမ်းယိုင်သွားမည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံထားရသည်ကို သတိရကြပါ။ ထို့ကြောင့် ကျွန်ုပ်တို့တွင်လည်း အတိုင်းအတာအကန့်အသတ် တန်ခိုးရှိကြပါသည်။ ကျွန်ုပ်တို့၏တန်ခိုးကို အသုံးပြုရာတွင် ဖန်ဆင်းရှင်ကို မည်သို့တုပနိုင်ကြမည်နည်း။ လာမည့်ဆောင်းပါးတွင် ယင်းကိုသုံးသပ်ကြမည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 1 နေမှစွမ်းအင်ရရှိကြသည့်ရေနံနှင့်ကျောက်မီးသွေးကဲ့သို့သော သဘာဝလောင်စာများသည် ဓာတ်အားပေးစက်ရုံများအတွက် အဓိကစွမ်းအင်အရင်းအမြစ်များဖြစ်ကြောင်း အများလက်ခံသဘောတူထားကြသည်။
^ အပိုဒ်၊ 4 စမ်းသပ်ဖောက်ခွဲခဲ့သမျှတွင် စွမ်းအားအပြင်းဆုံးအနုမြူဗုံးမှာ ယမ်းဘီလူး မီဂါတန်ချိန် ၅၇ တန်နှင့်ညီမျှသည့် ပေါက်ကွဲအားရှိရာ များစွာကွာခြားလှပေသည်။
^ အပိုဒ်၊ 6 သမ္မာကျမ်းစာတွင် ရည်ညွှန်းထားသော စိုင်မှာ အောရာ့ဂ်စ် (လက်တင် ယူးရပ်စ်) ဖြစ်ဖွယ်ရှိသည်။ လွန်ခဲ့သည့်အနှစ်နှစ်ထောင်က ဤတိရစ္ဆာန်များကို ဂေါနယ် (ယခုပြင်သစ်နိုင်ငံ) တွင်တွေ့ရှိခဲ့ရပြီး ဂျူးလီယက်ဆီဇာက ယင်းတို့၏ အောက်ပါသရုပ်သဏ္ဌာန်ကို ဤသို့ရေးသားထားသည်– “ဤယူရိုင်တို့သည် ဆင်နီးပါးအရွယ်ရှိသော်လည်း ယင်းတို့၏သဘောသဘာဝ၊ အသွေးအရောင်နှင့် ပုံသဏ္ဌာန်တို့မှာ နွားနှင့်တူသည်။ ခွန်အားကြီးပြီး အလွန်လျင်မြန်သည်– သူတို့တွေ့ မြင်လိုက်သည့် လူဖြစ်စေ၊ သားရိုင်းတိရစ္ဆာန်ဖြစ်စေ မည်သူ့ကိုမျှ ချမ်းသာမပေးပါ။”
ဤမေးခွန်းများကို သင်ဖြေနိုင်သလော
• ဖန်ဆင်းခြင်းက ယေဟောဝါ၏တန်ခိုးတော်ကို မည်သို့အထင်အရှားပြသနည်း။
• ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို ထောက်မရန် အဘယ်ဗိုလ်ခြေများကို အသုံးပြုနိုင်တော်မူသနည်း။
• ယေဟောဝါသည် မိမိ၏တန်ခိုးတော်ကိုပြသသည့် အချိန်အခါအချို့ကား အဘယ်နည်း။
• ယေဟောဝါသည် မိမိ၏ကတိတော်များကို ပြည့်စုံစေမည်ဟူ၍ အဘယ်အာမခံချက်ရရှိထားသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
“အထက်သို့မျှော်ကြည့်ကြလော့။ ထိုအရာများကို အဘယ်သူ ဖန်ဆင်းသနည်း”
[Credit Line]
Photo by Malin, © IAC/RGO 1991
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ယေဟောဝါ၏တန်ခိုးတော်ပြသမှုများကို စဉ်းစား ဆင်ခြင်ခြင်းသည် ကိုယ်တော်၏ကတိတော်များ အပေါ် ယုံကြည်မှုတည်ဆောက်ပေး