ယေဟောဝါကိုကျေးဇူးတင်ခြင်း—အချိန်ပြည့်လုပ်ငန်းဖြင့်!
ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါကိုကျေးဇူးတင်ခြင်း—အချိန်ပြည့်လုပ်ငန်းဖြင့်!
စတန်လီ အီး. ရေးနိုလ်ဒ်စ် ပြောပြသည်
ကျွန်တော့်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ၁၉၁၀ ပြည့်နှစ်တုန်းက မွေးဖွားခဲ့တယ်။ ပထမကမ္ဘာစစ်ပြီးနောက် ဝက်စ်ဘား ရီးလေးလို့ခေါ်တဲ့ ဝေ့လ်ဒ်ရှိုင်းယားရွာငယ်လေးကို ကျွန်တော့်မိဘတွေ ပြောင်းသွားခဲ့ကြတယ်။ လူငယ်တစ်ယောက်အနေနဲ့ ‘ဘုရားသခင်ဟာ ဘယ်သူလဲ’ လို့ ကျွန်တော်မကြာခဏစဉ်းစားခဲ့ဖူးတယ်။ ဘယ်သူမှကျွန်တော့်ကို မပြောပြနိုင်ခဲ့ဖူးဘူး။ နောက်ပြီး ကျွန်တော်တို့ရပ်ကွက်လို ဒီလောက်သေးငယ်တဲ့ရပ်ကွက်လေးမှာ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ဖို့ ဘုရားကျောင်းငယ် နှစ်ခုနဲ့ ချာ့ခ်ျကျောင်းတစ်ကျောင်း ဘာကြောင့်လိုအပ်တယ်ဆိုတာကို အဖြေရှာမရခဲ့ဘူး။
ဒုတိယကမ္ဘာစစ်မစခင် လေးနှစ်အလိုဖြစ်တဲ့ ၁၉၃၅ ခုနှစ်မှာ ကျွန်တော့်ညီဒစ်ခ်နဲ့အတူ တဲထိုးအပျော်ခရီးထွက်ဖို့ အင်္ဂလန်တောင်ပိုင်းကမ်းခြေမှာရှိတဲ့ ဝေးမောက်သ်မြို့ကို ကျွန်တော်တို့စက်ဘီးစီးသွားခဲ့ကြတယ်။ သည်းသည်းမဲမဲရွာနေတဲ့မိုးသံကို တဲထဲမှာထိုင်ပြီးနားထောင်နေရင်း ဘာဆက်လုပ်ရမလဲလို့ စဉ်းစားနေတဲ့အချိန်မှာ လူကြီးတစ်ယောက် ရောက်လာပြီး ကျမ်းစာလေ့လာဖို့ အထောက်အကူပြုတဲ့စာအုပ်သုံးအုပ်—ဘုရားသခင့်စောင်းတော်၊ အလင်း ၁ နဲ့ အလင်း ၂—ကိုကမ်းလှမ်းခဲ့တယ်။ အပျင်းပြေဖတ်ဖို့ အဲ့ဒါတွေကို ဝမ်းသာအားရနဲ့ ကျွန်တော်လက်ခံယူခဲ့တယ်။ ဖတ်ရတာတွေကို ကျွန်တော်ချက်ချင်းသဘောကျခဲ့ပေမဲ့ ကျွန်တော့်အသက်တာရော ကျွန်တော်ညီရဲ့အသက်တာကိုပါ အဲ့ဒါက လုံးဝပြောင်းလဲစေလိမ့်မည်ဆိုတာ ကျွန်တော်မသိခဲ့ဘူး။
အိမ်ပြန်ရောက်တဲ့အခါ ကျွန်တော်တို့ရဲ့ရွာထဲမှာနေတဲ့ ကိတ် ပါစန်ဟာ ဒီလိုကျမ်းစာစာပေမျိုးတွေကိုဝေငှတဲ့အကြောင်း အမေပြောပြခဲ့တယ်။ အသက်အတော်ကြီးနေပေမဲ့ ပြန့်ကျဲနေတဲ့ကျွန်တော်တို့ရပ်ကွက်က လူတွေဆီကို မော်တော်ဆိုင်ကယ်လေးနဲ့ သူလည်ပတ်သွားတဲ့အတွက် သူ့ကိုလူသိများတယ်။ သူ့ဆီကျွန်တော်အလည်သွားတော့ သူက ဝမ်းမြောက်ဝမ်းသာနဲ့ပဲ ဖန်ဆင်းခြင်းနဲ့ ဘဏ္ဍာလို့ခေါ်တဲ့စာအုပ်တွေအပြင် ကင်းမျှော်စင်အသင်းရဲ့တခြားစာပေစာတမ်းတွေကိုလည်း ကျွန်တော့်ကိုပေးခဲ့တယ်။ သူဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တယ်လို့လည်း ကျွန်တော့်ကိုပြောပြတယ်။
အဲ့ဒီစာအုပ်တွေကို ကျွန်တော့်ရဲ့ကျမ်းစာနဲ့တွဲဖတ်ပြီးတဲ့နောက် ယေဟောဝါဟာ စစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာကိုသိလာပြီး ကိုယ်တော်ကို ကျွန်တော်ဝတ်ပြုကိုးကွယ်ချင်ခဲ့တယ်။ ဒါကြောင့်
ချာ့ခ်ျကနေနုတ်ထွက်စာတင်လိုက်ပြီး ဂျွန်နဲ့ အဲလစ် မူဒီတို့ရဲ့အိမ်မှာကျင်းပတဲ့ ကျမ်းစာသင်တန်းတွေကို စပြီးတက်တော့တယ်။ သူတို့က ကျွန်တော်တို့နဲ့ အနီးဆုံးမြို့ဖြစ်တဲ့ ဝက်စ်ဘားရီးမှာနေကြတယ်။ အစည်းအဝေးတွေမှာ ကျွန်တော်တို့အားလုံးပေါင်း ခုနစ်ယောက်ပဲရှိတယ်။ စည်းဝေးမစခင်နဲ့အပြီးမှာ ကိတ် ပါစန်က အော်ဂင်တီးပြီး ကျွန်တော်တို့က ဘုရားသခင်နိုင်ငံတော်သီချင်းတွေကို အားရပါးရအတူစုဆိုခဲ့ကြတယ်။အစောပိုင်းနေ့ရက်များ
တကယ့်အရေးကြီးတဲ့အချိန်မှာ ကျွန်တော်တို့အသက်ရှင်နေကြရတယ်ဆိုတာ ထင်ရှားပြီး မဿဲ ၂၄:၁၄ မှာပရောဖက်ပြုထားတဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော်အရမ်းပါဝင်ချင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်ဆေးလိပ်ဖြတ်လိုက်တယ်၊ လက်ဆွဲအိတ်တစ်လုံးဝယ်ပြီး ကြီးမြတ်တဲ့ဘုရားသခင် ယေဟောဝါထံ ကိုယ့်ကိုယ်ကိုအပ်နှံခဲ့တယ်။
၁၉၃၆ ဩဂုတ်လမှာ ကင်းမျှော်စင်အသင်းရဲ့ဥက္ကဋ္ဌ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်ဟာ “အာမဂေဒုန်” အကြောင်းဟောပြောဖို့ စကော့တလန်ပြည်၊ ဂလက်စ်ဂိုမြို့ကို လည်ပတ်ရောက်ရှိခဲ့တယ်။ ဂလက်စ်ဂိုမြို့ဟာ မိုင် ၄၀၀ လောက်ဝေးပေမဲ့ အဲ့ဒီအစည်းအဝေးကိုသွားပြီး နှစ်ခြင်းခံဖို့ ကျွန်တော်စိတ်ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်မှာ ပိုက်ဆံနည်းနည်းပဲရှိတဲ့အတွက် စကော့တလန်ပြည် နယ်စပ်မြို့ဖြစ်တဲ့ ကာလိုင်အဲလ်အထိ ကျွန်တော့်စက်ဘီးကို ရထားပေါ်တင်သွားပြီး အဲ့ဒီကနေ မြောက်ဘက်ကိုမိုင် ၁၀၀ စက်ဘီးနင်းသွားခဲ့တယ်။ အပြန်ခရီးတစ်လျှောက်လုံးနီးပါးကိုတော့ စက်ဘီးစီးပြန်ခဲ့ရတဲ့အတွက် အရမ်းပင်ပန်းခဲ့ပေမဲ့ ဝိညာဉ်ရေးဘက် ခွန်အားအပြည့်ရှိခဲ့တယ်။
အဲ့ဒီအချိန်ကစပြီး အနီးအနားရွာတွေကလူတွေဆီ ကျွန်တော့်ရဲ့ယုံကြည်ခြင်းကိုသွားပြောပြတိုင်း စက်ဘီးနဲ့သွားခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သက်သေခံတစ်ယောက်စီမှာ အိမ်ရှင်တွေဖတ်ဖို့အတွက် ကျမ်းစာနဲ့ဆိုင်တဲ့သတင်းတစ်ခုပါတဲ့ သက်သေခံကတ်ပြားတစ်ခုစီရှိကြတယ်။ အသင်းမဥက္ကဋ္ဌရဲ့ ကျမ်းစာဟောပြောချက်တွေကို အသံသွင်းထားတဲ့ဓာတ်ပြားတွေကိုလည်း ဖွင့်ပြဖို့ ဓာတ်စက်တွေကိုသယ်သွားခဲ့ကြတယ်။ ပြီးတော့ ယေဟောဝါသက်သေတွေဖြစ်တယ်ဆိုတာကိုဖော်ပြတဲ့ မဂ္ဂဇင်းလွယ်အိတ် *ကိုလည်း အမြဲသယ်ခဲ့ကြတယ်။
စစ်ကာလတွင် ရှေ့ဆောင်ခြင်း
ကျွန်တော့်ညီက ၁၉၄၀ ပြည့်နှစ်မှာ နှစ်ခြင်းခံခဲ့တယ်။ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်စဖြစ်ခဲ့ပြီး အချိန်ပြည့်ဟောပြောသူတွေ အရေးတကြီးလိုအပ်နေတာကို ကျွန်တော်တို့နှစ်ယောက်စလုံး သတိပြုမိခဲ့ကြတယ်။ ဒါကြောင့် ရှေ့ဆောင်လျှောက်လွှာတွေကို ကျွန်တော်တို့ဖြည့်ပြီးတင်လိုက်ကြတယ်။ အီးဒစ်သ် ပူးလ်၊ ဘတ် ဖားမား၊ တောမ်နဲ့ ဒေါ်ရသီ ဘရစ်ဂျစ်၊ ဘားနာဒ် ဟပ်ဖ်တန်နဲ့ ယုံကြည်ခြင်းမှာ ကျွန်တော်တို့အားကျခဲ့ကြတဲ့ တခြားရှေ့ဆောင်တွေနဲ့အတူ ဘရစ္စတိုလ်ရှေ့ဆောင်အိမ်မှာနေဖို့တာဝန်ရခဲ့လို့ ကျွန်တော်တို့အရမ်းဝမ်းသာခဲ့ကြတယ်။
မကြာခင်မှာပဲ “ယေဟောဝါသက်သေမျာ” လို့ထင်ထင်ရှားရှားစာတန်းရေးထားတဲ့ ဗင်ကားငယ်လေးတစ်စီး ကျွန်တော်တို့ကိုလာကြိုတယ်။ ယာဉ်မောင်းကတော့ နောက်ပိုင်း တရုတ်ပြည်မှာ [ခရစ်ယာန်] သာသနာပြုတစ်ယောက်ဖြစ်လာပြီး သူ့ရဲ့ဟောပြောခြင်းလုပ်ငန်းကြောင့် အဲ့ဒီမှာခုနစ်နှစ်လုံးလုံး တစ်ယောက်ထဲအကျဉ်းချခံခဲ့ရတဲ့ စတန်လီ ဂျုံးစ်ဖြစ်ပါတယ်။
စစ်ဆက်ဖြစ်လေ အိပ်ရေးဝဝအိပ်ရတာ နည်းလာလေပဲ။ ကျွန်တော်တို့ရှေ့ဆောင်အိမ် အနီးတစ်ဝိုက်မှာ ဗုံးတွေကျပေါက်ကွဲတဲ့အတွက် မီးတောက်လောင်မှာကို အမြဲသတိထားနေကြရတယ်။ တစ်ညနေခင်းမှာ သက်သေခံ ၂၀၀ တက်ခဲ့တဲ့စည်းဝေးကြီးတစ်ခုပြီးလို့ ဘရစ္စတိုလ်မြို့လယ်ကနေ အိမ်အထိ လမ်းတစ်လျှောက်မှာ လေယာဉ်ပေါ်ကနေပစ်တဲ့ ဗုံးတွေကြားထဲ ပြန်သွားခဲ့ကြရတယ်။
နောက်နေ့မနက်မှာ ကျန်ခဲ့တဲ့ပစ္စည်းတချို့ကိုယူဖို့ ဒစ်ခ်နဲ့ကျွန်တော် မြို့ထဲကိုပြန်သွားကြတယ်။ ကျွန်တော်တို့ အရမ်းအံအားသင့်သွားတယ်။ ဘရစ္စတိုလ်မြို့ဟာ ဖရိုဖရဲဖြစ်နေတယ်။ မြို့လယ်ခေါင်တစ်ခုလုံးဟာ အစိတ်စိတ်အမြွှာမြွှာဖြစ်နေပြီး မီးလောင်ခံထားရတယ်။ ကျွန်တော်တို့ဘုရားသခင့်နိုင်ငံတော်ခန်းမရှိခဲ့တဲ့ ပါခ်လမ်းမကြီးဟာ မီးခိုးတွေထွက်နေတဲ့ အုတ်အကျိုးအပဲ့ပုံတွေဖြစ်နေတယ်။ ဒါပေမဲ့ သက်သေခံတစ်ယောက်မှ မသေခဲ့၊ ဒဏ်ရာမရခဲ့ဘူး။ ဝမ်းသာစရာက ကျမ်းစာစာပေစာတမ်းတွေကို ဘုရားသခင့်နိုင်ငံတော်ခန်းမကနေ အသင်းသားတွေရဲ့အိမ်တွေကို ဖြန့်ဝေပြီးသားဖြစ်လို့ပဲ။ ဒါတွေအတွက် ယေဟောဝါကို ကျေးဇူးတင်ခဲ့ကြရတယ်။
မထင်မမှတ်သောလွတ်လပ်မှု
စစ်မှုထမ်းဖို့ ကျွန်တော့်ကိုဆင့်ခေါ်တဲ့စာ ရတဲ့အချိန်မှာ ဦးစီးကြီးကြပ်မှူးအဖြစ် ကျွန်တော်အမှုဆောင်နေရတဲ့ ဘရစ္စတိုလ်အသင်းတော်မှာ ဘုရားသခင့်အမှုဆောင် ၆၄ ယောက်ရှိနေပြီ။ တခြားသက်သေခံအတော်များများဟာ သူတို့ရဲ့ကြားနေရပ်တည်မှုကြောင့် ထောင်ချခံရပြီး ဟောပြောဖို့ကျွန်တော်ရဲ့လွတ်လပ်မှုကိုလည်း ဒီလိုပဲကန့်သတ်ခံရတော့မယ်လို့ ထင်ခဲ့တယ်။ ဒေသခံဘရစ္စတိုလ်တရားရုံးမှာ ကျွန်တော့်အမှုကိုစစ်ဆေးတဲ့အချိန်မှာ အရင်တုန်းကထောင်မှူးဖြစ်ခဲ့သူ ညီအစ်ကိုအန်သိုနီ ဘာ့ခ်က ကျွန်တော့်ကိုယ်စားအကျိုးဆောင်ပေးခဲ့တယ်။ သူဟာ ကျမ်းစာအမှန်တရားအတွက် သတ္တိရှိရှိ၊ မကြောက်မရွံ့ရပ်တည်တဲ့သူတစ်ယောက်ဖြစ်ပြီး သူရဲ့လျှောက်တင်ချက်ကောင်းကြောင့် အချိန်ပြည့်ဓမ္မအမှုမှာ ဆက်ပါဝင်နေရင် စစ်မှုထမ်းခြင်းမှ လုံးဝကင်းလွတ်ခွင့်ရကြောင်း မမျှော်လင့်ဘဲအစီရင်ခံခဲ့ရတယ်!
လွတ်လပ်ခွင့်ရတဲ့အတွက် ကျွန်တော်ဝမ်းသာလွန်းလို့ အတတ်နိုင်ဆုံးဟောပြောဖို့ ကျွန်တော်စိတ်ပိုင်းဖြတ်ခဲ့တယ်။ ဌာနခွဲဦးစီးကြီးကြပ်မှူး အဲလ်ဘတ် ရှရိုးဒါနဲ့စကားပြောဖို့ လန်ဒန်ဌာနခွဲရုံးကိုအခေါ်ခံရတဲ့အခါ ဘာများဖြစ်မလဲလို့ ကျွန်တော်သိချင်ခဲ့တယ်။ ညီအစ်ကိုတွေကို ကူညီအားပေးဖို့ အပတ်တိုင်း အသင်းတော်တစ်ခုစီကိုလည်ပတ်ရတဲ့ နယ်လှည့်ကြီးကြပ်မှူးအဖြစ် ယောက်ရှိုင်းယားပြည်နယ်မှာ သွားအမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတဲ့အခါ ကျွန်တော်တအံ့တသြဖြစ်ခဲ့တာကို မြင်ယောင်ကြည့်ပါ။ အဲ့ဒီတာဝန်ထမ်းဆောင်ဖို့ ကျွန်တော့်မှာအရည်အချင်းမရှိဘူးလို့ ခံစားရပေမဲ့ သွားဖို့အတွက် ကျွန်တော့်မှာဘာအနှောင့်အယှက်မှမရှိခဲ့ဘူး။ ဒါကြောင့် ယေဟောဝါရဲ့ညွှန်ကြားချက်ကို ကျွန်တော်လက်ခံပြီး ဝမ်းသာအားရနဲ့သွားခဲ့တယ်။
ဟပ်ဒါဖီးလ်ဒ်မှာကျင်းပတဲ့ အစည်းအဝေးကြီးတစ်ခုမှာ အဲလ်ဘတ် ရှရိုးဒါက ကျွန်တော့်ကို ညီအစ်ကိုတွေနဲ့ မိတ်ဆက်ပေးခဲ့ပြီး ၁၉၄၁ ဧပြီလမှာ ကျွန်တော်ဟာ တာဝန်သစ်ကိုလက်ခံခဲ့တယ်။ အဲ့ဒီချစ်စရာကောင်းတဲ့ညီအစ်ကိုတွေကို သိခွင့်ရတာဟာ တကယ့်ကိုရွှင်လန်းအားရစရာပဲ! သူတို့ရဲ့မေတ္တာနဲ့ကြင်နာမှုက ယေဟောဝါမှာ တစ်ဦးကိုတစ်ဦးချစ်ပြီး ကိုယ်တော်ကိုအကြွင်းမဲ့ဆည်းကပ်ဝတ်ပြုကြတဲ့ လူမျိုးတစ်မျိုးရှိတယ်ဆိုတာကို ပိုပြီးလေးမြတ်လာစေခဲ့တယ်။—ယောဟန် ၁၃:၃၅။
လုပ်ငန်းတော်ထပ်ဆင့်အခွင့်အရေးများ
အမှတ်တရဖြစ်ခဲ့ရတဲ့ ငါးရက်တာပြည်လုံးကျွတ်စည်းဝေးကြီးကို ၁၉၄၁ ခုနှစ်မှာ လက်စတာမြို့ ဒီ မော်န်ဖော့တ်ခန်းမမှာ ကျင်းပခဲ့တယ်။ အစားအစာကိုခွဲတမ်းနဲ့ရပြီး သယ်ယူပို့ဆောင်ရေး ကန့်သတ်ထား
ပေမဲ့ တနင်္ဂနွေနေ့မှာ တက်ရောက်သူ ၁၂,၀၀၀ အထိရှိခဲ့တယ်; ဒါတောင် အဲ့ဒီအချိန်တုန်းက နိုင်ငံအတွင်းမှာ သက်သေခံ ၁၁,၀၀၀ ကျော်လောက်ပဲရှိတာ။ အသင်းမဥက္ကဋ္ဌရဲ့ အသံသွင်းထားတဲ့ဟောပြောချက်တွေကို ဖွင့်ပြပေးခဲ့ပြီး ကလေးများဆိုတဲ့စာအုပ်ကို ထုတ်ဝေခဲ့တယ်။ အဲ့ဒီစည်းဝေးကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာကျင်းပခဲ့တဲ့ ဗြိတိန်မှာရှိတဲ့ယေဟောဝါလူမျိုးတော်ရဲ့ သီအိုကရက်တစ်သမိုင်းမှတ်တိုင်တစ်ခု အမှန်ဖြစ်ခဲ့တယ်။ဒီစည်းဝေးကြီးပြီးလို့ သိပ်မကြာခင်မှာ လန်ဒန်ဗေသလမိသားစုနဲ့အတူအမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ထုပ်ပိုးရေးဌာနမှာနဲ့ နောက်တော့ အသင်းတော်တွေနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကိုကိုင်တွယ်တဲ့ရုံးခန်းမှာ ကျွန်တော်အလုပ်လုပ်ခဲ့ရတယ်။
နေ့ရောညပါ လေကြောင်းတိုက်ခိုက်မှုကို ဗေသလမိသားစုပါခံနေရပြီး အဲ့ဒီမှာအမှုဆောင်နေတဲ့ တာဝန်ခံညီအစ်ကိုတွေကိုလည်း အာဏာပိုင်တွေက မပြတ်စစ်ဆေးနေတယ်။ ပရိုက်စ် ယူဇ်၊ ယူးဝါ့တ် ချီတီနဲ့ ဖရန့်ခ် ပလက်ထ်တို့အားလုံးဟာ သူတို့ရဲ့ကြားနေရပ်တည်မှုကြောင့် ထောင်ချခံရပြီး နောက်ဆုံးတော့ အဲလ်ဘတ် ရှရိုးဒါဟာ အမေရိကန်ပြည်ထောင်စုကို ပြည်နှင်ခံခဲ့ရတယ်။ ဒီအခက်အခဲတွေကြားမှာပဲ အသင်းတော်တွေနဲ့ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားတွေကို ဆက်ပြီးကောင်းကောင်းဂရုစိုက်ထိန်းသိမ်းပေးနိုင်ခဲ့ကြတယ်။
ဂိလဒ်ကျောင်းသို့!
၁၉၄၅ မှာစစ်ပြီးတဲ့အခါ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းမှာ [ခရစ်ယာန်] သာသနာပြုသင်တန်းတက်ဖို့ ကျွန်တော်လျှောက်လွှာတင်ခဲ့ပြီး ၁၉၄၆ ခုနှစ်၊ ရှစ်ကြိမ်မြောက်သင်တန်းကို တက်ခွင့်ရခဲ့တယ်။ တိုနီ အက်တဝိဒ်၊ စတန်လီ ဂျုံးစ်၊ ဟယ်ရယ်လ်ဒ် ကင်း၊ ဒေါန် ရန်ဒဲလ်၊ စတန်လီ ဝူ့ဒ်ဘန်အပါအဝင် ကျွန်တော်တို့အတော်များများကို ကော်နဝါးနယ် ဖောအီးငါးဖမ်းဆိပ်ကမ်းမြို့လေးကနေ ရေကြောင်းခရီးနဲ့ထွက်ခွာဖို့ အသင်းမကစီစဉ်ပေးခဲ့တယ်။ ဒေသခံသက်သေခံတစ်ယောက်က ကြွေမှုန့် ကုန်တင်သင်္ဘောငယ်ပေါ်မှာ နေရာယူပြီး လက်မှတ်ကြိုဝယ်ထားပေးခဲ့တယ်။ ကျွန်တော်တို့ရဲ့နေရာထိုင်းခင်းက အရမ်းကျဉ်းကျုတ်ပြီး သင်္ဘောကုန်းပတ်ဟာ အမြဲလိုလိုရေစိုနေတယ်။ နောက်ဆုံး ဖီလဒဲလ်ဖီးယားဆိပ်ကမ်းမြို့ကို ရောက်တော့မှ ကျွန်တော်တို့စိတ်သက်သာကြရတော့တယ်!
ဂိလဒ်ကျောင်းဝင်းဟာ နယူးယောက်အနောက်ပိုင်း၊ လန်စင်းတောင်ပိုင်းရဲ့ တကယ်လှပတဲ့နေရာမှာရှိပြီး အဲ့ဒီမှာကျွန်တော်ရရှိခဲ့တဲ့ သင်တန်းကို ကျွန်တော်အရမ်းတန်ဖိုးထားခဲ့တယ်။ ကျွန်တော်တို့သင်တန်းမှာပါတဲ့သူတွေကတော့ ၁၈ နိုင်ငံကလာတဲ့ သင်တန်းသားတွေ—နိုင်ငံရပ်ခြားကနေ ဘုရားသခင်အမှုဆောင်ဒီလောက်များများကို အသင်းမက ပထမဆုံးအကြိမ်ပါဝင်စေနိုင်ခဲ့တဲ့သူတွေ—ဖြစ်ပြီး ကျွန်တော်တို့အားလုံး ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်လာခဲ့တယ်။ ကျွန်တော့်ရဲ့အခန်းဖော် ဖင်လန်နိုင်ငံကလာတဲ့ ကာလယ် စာလ်ဗာရာနဲ့ ပေါင်းသင်းရတာကို ကျွန်တော်အရမ်းပျော်ခဲ့တယ်။
အချိန်ကုန်မြန်ပြီး ငါးလပြည့်တော့ အသင်းမဥက္ကဋ္ဌ နေသန် အိပ်ခ်ျ. နောရ်က ကျွန်တော်တို့ကို ဒီပလိုမာလက်မှတ်ပေးဖို့နဲ့ တာဝန်ကျတဲ့နေရာကိုပြောပြဖို့ ဌာနချုပ်ကနေ ရောက်လာတယ်။ အဲ့ဒီအချိန်တုန်းက ကျောင်းဆင်းပွဲအခမ်းအနားမှာ မကြေညာမချင်း ကျောင်းသားတွေဟာ သူတို့သွားရမယ့်နေရာကို မသိခဲ့ကြဘူး။ ကျွန်တော်ကျတော့ လန်ဒန်ဗေသလကိုပြန်ပြီး ကျွန်တော့်ရဲ့အလုပ်ကိုဆက်လုပ်ဖို့ တာဝန်ပေးအပ်ခံခဲ့ရတယ်။
လန်ဒန်သို့ပြန်ရောက်
ဗြိတိန်မှာ စစ်ပြီးကာလနှစ်တွေဟာ အရမ်းခက်ခဲခဲ့တယ်။ စက္ကူအပါအဝင် အစားအစာနဲ့ တခြားလိုအပ်ရာတွေကို ခွဲတမ်းနဲ့ဆက်ပြီးထုတ်ပေးခဲ့တယ်။ ဒါပေမဲ့ အဆင်ပြေကြပြီး ယေဟောဝါရဲ့နိုင်ငံတော်အကျိုးစီးပွားတွေ တိုးတက်ခဲ့ပါတယ်။ ဗေသလမှာ အလုပ်လုပ်ရတဲ့အပြင် ခရိုင်နဲ့ တိုက်နယ်အစည်းအဝေးတွေမှာ အမှုဆောင်ခဲ့ရပြီး အိုင်ယာလန်ရှိအသင်းတော်အချို့ပါအပါအဝင် အသင်းတော်တွေကို လည်ပတ်ခဲ့ရတယ်။ အဲရစ်ခ် ဖရော့စ်နဲ့ ဥရောပကတခြားညီအစ်ကိုညီအစ်မတွေကို တွေ့ဆုံရတာ၊ နာဇီချွေးတပ်စခန်းတွေမှာ ကြောက်ရွံ့ထိတ်လန့်စရာတွေ ကြုံတွေ့ခဲ့ကြရတဲ့ သက်သေခံချင်းတွေရဲ့ သစ္စာတည်ကြည်မှုအကြောင်းကို သိရှိခဲ့ရတာ အခွင့်အရေးကြီးတစ်ခုလည်း ဖြစ်ခဲ့တယ်။ ဗေသလလုပ်ငန်းဟာ အမှန်တကယ်ပဲအခွင့်ထူးတစ်ခုဖြစ်ခဲ့တယ်။
လန်ဒန်မြောက်ပိုင်းလောက်မှာရှိတဲ့ ဝက်တ်ဖော့ဒ်မြို့မှာ အထူးရှေ့ဆောင်အဖြစ်အမှုထမ်းနေတဲ့ ဂျုံး ဝက်ဘ်ကို ကျွန်တော်သိကျွမ်းခဲ့တာ ဆယ်နှစ်ရှိပါပြီ။ ၁၉၅၂ မှာကျွန်တော်တို့ လက်ထပ်လိုက်ကြတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး အချိန်ပြည့်လုပ်ငန်းမှာ ဆက်ပါဝင်ချင်ကြတဲ့အတွက် ဗေသလကထွက်ပြီးတဲ့နောက် တိုက်နယ်ကြီးကြပ်မှူးအဖြစ် ကျွန်တော့်ကိုတာဝန်ပေးလို့ အရမ်းဝမ်းသာခဲ့ကြရတာပေါ့။ ကျွန်တော်တို့ရဲ့ ဦးဆုံးတိုက်နယ်ကတော့ စက်စပ်စ်စီရင်စုနဲ့ ဟဲမ့်ရှိုင်းယာနယ်၊ အင်္ဂလန်တောင်ပိုင်းကမ်းရိုးတန်းတစ်လျှောက်ဖြစ်တယ်။ အဲ့ဒီအချိန်တုန်းက တိုက်နယ်လုပ်ငန်းဟာ မလွယ်ကူခဲ့ဘူး။ ဘတ်စကား၊ စက်ဘီး၊ ခြေကျင်နဲ့ခရီးသွားခဲ့ရတာများတယ်။ အသင်းတော်အများဟာ ရပ်ကွက်တွေကျယ်ပြောပြီး တောပိုင်းဒေသတွေများခဲ့တယ်၊ ရောက်ဖို့လည်း သိပ်မလွယ်ဘူး၊ ဒါပေမဲ့ သက်သေခံအရေအတွက်ဟာ တဖြည်းဖြည်းနဲ့ ဆက်ပြီးတိုးတက်လာခဲ့တယ်။
၁၉၅၈ နယူးယောက်မြို့၌
၁၉၅၇ ခုနှစ်မှာ ဗေသလကနေ ဒီဖိတ်စာကို ရရှိခဲ့တယ်– “နယူးယောက်မြို့ ရန်ကီးအားကစားကွင်းနှင့် ပိုလိုကွင်းတို့တွင် ၁၉၅၈ ခုနှစ်တွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးအတွက် ခရီးသွားအစီအစဉ်များကို အကူအညီပေးရန် ရုံးသို့လာနိုင်မည်လော။” မကြာခင်မှာပဲ ဂျုံးနဲ့ကျွန်တော်ဟာ အသင်းမကအထူးငှားထားတဲ့လေယာဉ်တွေနဲ့ သင်္ဘောတွေအတွက် ညီအစ်ကိုတွေရဲ့လျှောက်လွှာတွေတမန်တော် ၂:၄၁။
နဲ့ အလုပ်ရှုပ်နေခဲ့ရတယ်။ အဲ့ဒါက တကယ့်ကိုကျော်ကြားခဲ့တဲ့ မြင့်မြတ်သောအလိုတော် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးအတွက်ဖြစ်ပြီး တက်ရောက်သူအများဆုံးပရိသတ် ၂၅၃,၉၂၂ ယောက်ရှိခဲ့တယ်။ ဒီခရိုင်စည်းဝေးကြီးမှာ ၇,၁၃၆ ယောက် ရေနှစ်ခြင်းခံပြီး ယေဟောဝါထံအပ်နှံခဲ့ကြတယ်၊ ကျမ်းစာမှာမှတ်တမ်းတင်ခဲ့တဲ့ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့က သမိုင်းဝင်အဖြစ်အပျက်မှာထက် နှစ်ခြင်းခံသူအရေအတွက် နှစ်ဆကျော်ခဲ့တယ်။—၁၂၃ နိုင်ငံကနေ နယူးယောက်မြို့ကိုရောက်လာတဲ့ ကိုယ်စားလှယ်တွေကို အကူအညီပေးဖို့အတွက် စည်းဝေးကြီးကိုတက်ရောက်ဖို့ ကျွန်တော်တို့ကို ကိုယ်တိုင်ဖိတ်ခေါ်ခဲ့တဲ့ ညီအစ်ကိုနောရ်ရဲ့ကြင်နာမှုကို ဂျုံးနဲ့ကျွန်တော် ဘယ်တော့မှမေ့မှာမဟုတ်ဘူး။ ဒါဟာ ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် ကျေနပ်စရာတွေ့ကြုံမှုတစ်ခုဖြစ်ခဲ့တယ်။
အချိန်ပြည့်လုပ်ငန်း၏ကောင်းချီးများ
ကျွန်တော်တို့ပြန်လာပြီး ကျန်းမာရေးပြဿနာမဖြစ်မချင်း နယ်လှည့်လုပ်ငန်းမှာ ဆက်ပါဝင်ခဲ့ကြတယ်။ ဂျုံးကို ဆေးရုံတင်လိုက်ရပြီး ကျွန်တော်ကတော့ နည်းနည်းလေဖြတ်သွားခဲ့တယ်။ ဒါနဲ့ကျွန်တော်တို့ အထူးရှေ့ဆောင်တွေအဖြစ်ပြောင်းလိုက်ပေမဲ့ နောက်ပိုင်းမှာ အရန်တိုက်နယ်အဖြစ် အခွင့်အရေးပြန်ရခဲ့တယ်။ နောက်ဆုံးတော့ အချိန်ပြည့်လုပ်ငန်းကို ဘရစ္စတိုလ်မှာ ပြန်လာလုပ်ကိုင်နိုင်ခဲ့ကြတယ်။ ကျွန်တော့်ညီ ဒစ်ခ်နဲ့သူ့မိသားစုဟာ အနီးအနားလေးမှာပဲနေတယ်၊ ကျွန်တော်တို့ မကြာခဏ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်ပြောတတ်ကြတယ်။
၁၉၇၁ ခုနှစ်မှာ ကျွန်တော့်ရဲ့မျက်လုံးဟာ စက္ခုအာရုံကြောပြတ်သွားတဲ့အတွက် ပုံမှန်အခြေအနေ ပြန်မဖြစ်တော့ဘူး။ အဲ့ဒီအချိန်ကစပြီး စာဖတ်ဖို့ အရမ်းခက်တဲ့အတွက် ယေဟောဝါရဲ့တကယ်ကောင်းတဲ့ပြင်ဆင်ပေးချက်ဖြစ်တဲ့ ကျမ်းစာစာပေစာတမ်းတွေကို အသံသွင်းပေးထားတာကို အရမ်းတန်ဖိုးထားတယ်။ ဂျုံးနဲ့ကျွန်တော်ဟာ အခုထိအိမ်တွင်းကျမ်းစာသင်အံမှုတွေ လုပ်နေတုန်းပဲ၊ နှစ်တွေတစ်လျှောက်မှာ ခုနစ်ယောက်ရှိတဲ့မိသားစုတစ်စုအပါအဝင် လူပေါင်း ၄၀ လောက်ကို အမှန်တရားအသိပညာရဖို့ ကူညီပေးခွင့်ရခဲ့တယ်။
လွန်ခဲ့တဲ့အနှစ် ၆၀ ကျော်က ကျွန်တော်တို့ရဲ့အသက်တာကို ယေဟောဝါထံအပ်နှံခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ဆန္ဒက အချိန်ပြည့်လုပ်ငန်းတော်မှာပါဝင်ပြီး အမြဲလုပ်ကိုင်ကြဖို့ဖြစ်တယ်။ ကျွန်တော်တို့ခံစားရတဲ့ ကိုယ်တော်ရဲ့ကောင်းမြတ်ခြင်းကို ကျေးဇူးတင်ကြောင်းပြသရာမှာ တစ်ခုတည်းသောနည်းဖြစ်တဲ့ ကြီးမြတ်တော်မူတဲ့ယေဟောဝါရဲ့အမှုတော်ကို ကျွန်တော်တို့ဆောင်ရွက်နိုင်ဖို့ ခွန်အားဆက်ရှိနေသေးခြင်းနဲ့ ကျွန်တော်တို့အတူတူ ပျော်ပျော်ရွှင်ရွှင်ရှိနိုင်ခဲ့တဲ့နှစ်များအတွက် ကျေးဇူးတင်လိုက်လေခြင်း!
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 11 ကင်းမျှော်စင်နှင့် နှစ်သိမ့်မှု (နောက်ပိုင်းတွင်၊ နိုးလော့!) စာစောင်များကိုသယ်ဆောင်ရန် ပခုံးမှလွယ်ရသော ပိတ်ဖြင့်ချုပ်လုပ်ထားသည့်အိတ်။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံစာ]
ဘရစ္စတိုလ်ရှေ့ဆောင်အိမ်ရှေ့တွင် ကျွန်တော့်ညီဒစ်ခ် (လက်ဝဲအစွန်; ဒစ်ခ်ရပ်နေ) နှင့်အခြားရှေ့ဆောင်များနှင့်အတူ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
၁၉၄၀ ပြည့်နှစ်က ဘရစ္စတိုလ်ရှေ့ဆောင်အိမ်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၅၂ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့တွင် စတန်လီနှင့် ဂျုံး ရေးနိုလ်ဒ်စ်တို့၏မင်္ဂလာနေ့နှင့် ယနေ့ပုံ