ဘုရားသခင် နှစ်ခြိုက်သော ယဇ်များ
ဘုရားသခင် နှစ်ခြိုက်သော ယဇ်များ
“ယဇ်ပုရောဟိတ်မင်းမည်သည်ကား၊ ပူဇော်သကာ [“လက်ဆောင်များ၊” ကဘ] နှင့်ယဇ်ကိုပူဇော်စေခြင်းငှာ ခန့်ထားလျက်ရှိ . . . ၏။”—ဟေဗြဲ ၈:၃။
၁။ ဘုရားသခင်ထံလှည့်လာဖို့လိုသည်ဟု လူတို့အဘယ်ကြောင့်ယူမှတ်ကြသနည်း။
“ယဇ်ပူဇော်ခြင်းသည် လူ့အတွက် ဆုတောင်းခြင်းကဲ့သို့ ‘သဘာဝဗီဇ’ ဖြစ်ပုံရသည်; တစ်ခုက သူ့ကိုယ်သူနှင့်ပတ်သက်၍ ခံစားရသည့်အရာကိုဖော်ပြပြီး အခြားတစ်ခုမှာမူ ဘုရားသခင်နှင့်ပတ်သက်၍ သူ၏ခံစားချက်ကိုဖော်ပြ၏” ဟုကျမ်းစာသမိုင်းပညာရှင် အဲလ်ဖရဒ် အယ်ဒရှိုင်းကရေးသားဖော်ပြခဲ့သည်။ ဤလောကသို့ အပြစ်တရားဝင်လာချိန်မှစ၍ အပြစ်ရှိသည်ဟု ခံစားရသောစိတ်၊ ဘုရားသခင်ထံမှကင်းကွာခြင်းနှင့် အကူအညီမဲ့ဖြစ်ခြင်းဝေဒနာကို ခံစားကြရလေတော့သည်။ ၎င်းတို့မှလွတ်ငြိမ်းဖို့လိုပေသည်။ ထိုသို့သော မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေသို့ရောက်နေကြောင်း လူတို့သိရှိလာကြသောအခါ သူတို့သည် ဘုရားသခင်ထံလှည့်၍ အကူအညီတောင်းဖို့လိုသည်ဟု ယူမှတ်လာကြခြင်းကို နားလည်ရလွယ်ကူပါသည်။—ရောမ ၅:၁၂။
၂။ သမ္မာကျမ်းစာတွင် အစောပိုင်းယဇ်ပူဇော်မှုများဆိုင်ရာ အဘယ်မှတ်တမ်းကို ကျွန်ုပ်တို့တွေ့ရှိရသနည်း။
၂ ဘုရားသခင်အားယဇ်ပူဇော်ခြင်းအကြောင်း ဦးဆုံးကျမ်းစာမှတ်တမ်းမှာ ကာဣနနှင့်အာဗေလတို့နှင့် ပတ်သက်သည်။ ကျွန်ုပ်တို့ဤသို့ဖတ်ရှုကြရသည်– “အချိန်စေ့သောအခါ ကာဣနသည် ထာဝရဘုရားထံ ပူဇော်သကာဖို့ မြေအသီးကိုဆောင်ခဲ့၏။ အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဖွားသောသားအချို့နှင့် သိုးဆီဥကိုဆောင်ခဲ့၏။ ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သကာကို ပမာဏပြုတော်မူ၏။” (ကမ္ဘာဦး ၄:၃၊ ၄) ထို့နောက် နောဧခေတ်မှ ဆိုးသွမ်းသောလူမျိုးဆက်ကို ရေလွှမ်းမိုးဘေးကြီးဖြင့် ဖျက်ဆီးခဲ့ရာတွင် ဘုရားသခင်၏ကာကွယ်စောင့်ရှောက်မှုကိုခံခဲ့ရသော နောဧသည် ယေဟောဝါအား “ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သောယဇ်ကို ပူဇော်” ရန်လှုံ့ဆော်ခံခဲ့ရကြောင်း ကျွန်ုပ်တို့သိရှိရသည်။ (ကမ္ဘာဦး ၈:၂၀) ဘုရားသခင်၏သစ္စာရှိကျေးကျွန်နှင့် မိတ်ဆွေဖြစ်သူအာဗြဟံသည် ဘုရားသခင်၏ကတိတော်များနှင့် ကောင်းချီးများ၏လှုံ့ဆော်မှုကိုခံရသဖြင့် ချိန်ခါများစွာ၌ ‘ယဇ်ပလ္လင်ကိုတည်ပြီးလျှင် ယေဟောဝါ၏နာမတော်ကိုခေါ်ခဲ့’ သည်။ (ကမ္ဘာဦး ၁၂:၈; ၁၃:၃၊ ၄၊ ၁၈) နောက်ပိုင်းတွင် ယေဟောဝါက မီးရှို့ရာယဇ်အဖြစ် သူ၏သားဣဇာက်ကိုပူဇော်ဖို့ အာဗြဟံအားမိန့်ဆိုသောအခါ သူသည် ယုံကြည်ခြင်းဆိုင်ရာ အကြီးမားဆုံးစမ်းသပ်မှုကို ခံခဲ့ရသည်။ (ကမ္ဘာဦး ၂၂:၁-၁၄) ဤမှတ်တမ်းများသည် တိုတုတ်သော်လည်း ကျွန်ုပ်တို့တွေ့ရမည်ဖြစ်သည့်အတိုင်း ယဇ်ပူဇော်ခြင်းအကြောင်းကို များစွာအလင်းဖြာသည်။
၃။ ဝတ်ပြုရေးတွင် ယဇ်ပူဇော်ခြင်းသည် အဘယ်ကဏ္ဍမှပါဝင်သနည်း။
၃ ဤကျမ်းစာမှတ်တမ်းများနှင့် အခြားမှတ်တမ်းများအရ ယဇ်ပူဇော်ခြင်းနှင့်ပတ်သက်၍ သီးသန့်ပညတ်များကို ယေဟောဝါမပေးမီ ကြာမြင့်စွာအချိန်ကတည်းက ယဇ်တစ်မျိုးမျိုးကိုပူဇော်ခြင်းသည် ဝတ်ပြုမှု၏ အခြေခံအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ ၎င်းနှင့်အညီ ကိုးကားချက်တစ်ခုက “ယဇ်ပူဇော်ခြင်း” ကို “လူသားသည် မြင့်မြတ်သည်ဟုယူဆသောပုဂ္ဂိုလ်နှင့် မျက်နှာသာရ ဆက်ဆံရေးကို ထူထောင်ရန်၊ ဆက်ထိန်းသိမ်းရန် သို့မဟုတ် ပြန်ရရှိစေရန် အရာဝတ္ထုတစ်ခုကို ဘုရားသခင်အားဆက်ကပ်သည့် ဘာသာရေးအခမ်းအနားတစ်ခု” အဖြစ်ရှင်းပြထားသည်။ သို့သော် ယင်းက ကျွန်ုပ်တို့အလေးအနက်သုံးသပ်ထိုက်သော အရေးပါသည့် ဤမေးခွန်းအချို့ကို ပေါ်ထွက်လာစေသည်– ဝတ်ပြုရေးတွင် ယဇ်ပူဇော်ဖို့ အဘယ်ကြောင့်လိုအပ်သနည်း။ အဘယ်ယဇ်မျိုးကို ဘုရားသခင်နှစ်သက်လက်ခံသနည်း။ ရှေးခေတ်မှယဇ်ပူဇော်မှုများက ယနေ့ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
အဘယ်ကြောင့်ယဇ်ပူဇော်ဖို့လိုသနည်း
၄။ အာဒံနှင့်ဧဝတို့ အပြစ်ပြုသောအခါ သူတို့အတွက် ရလဒ်ကားအဘယ်နည်း။
၄ အာဒံသည် တမင်တကာအပြစ်ပြုခဲ့သည်။ ကောင်းမကောင်းသိကျွမ်းရာအပင်မှအသီးကို သူယူ၍စားခြင်းသည် မနာခံမှုဆိုင်ရာ တမင်ပြုသည့်လုပ်ရပ်ဖြစ်သည်။ ဘုရားသခင်က “စားသောနေ့တွင် ဧကန်အမှန်သေရမည်” ဟုရှင်းလင်းပြတ်သားစွာ မိန့်တော်မူခဲ့သည့်အတိုင်း နာခံမှုမရှိသော ထိုလုပ်ရပ်၏အခကား သေခြင်းဖြစ်သည်။ (ကမ္ဘာဦး ၂:၁၇) အာဒံနှင့်ဧဝတို့သည် နောက်ဆုံးတွင် အပြစ်၏အခကိုရိတ်သိမ်းပြီး သေဆုံးခဲ့ကြရသည်။—ကမ္ဘာဦး ၃:၁၉; ၅:၃-၅။
၅။ ယေဟောဝါသည် အာဒံ၏သားစဉ်မြေးဆက်များအကျိုးအတွက် အဘယ်ကြောင့်အစပြုလုပ်ဆောင်ခဲ့သနည်း၊ သူတို့အတွက် ကိုယ်တော်အဘယ်အရာပြုခဲ့သနည်း။
၅ သို့သော် အာဒံ၏သားစဉ်မြေးဆက်များကော အသို့နည်း။ အာဒံထံမှ အပြစ်နှင့်မစုံလင်မှုကို အမွေခံခဲ့ကြရာ သူတို့သည် ပထမလူသားမောင်နှံကြုံတွေ့ခဲ့ကြရသော ဘုရားသခင်ထံမှကင်းကွာခြင်း၊ အကူအညီမဲ့ဖြစ်ခြင်းနှင့် သေခြင်းတို့ကိုခံကြရသည်။ (ရောမ ၅:၁၄) သို့သော် ယေဟောဝါသည် တရားမျှတသော၊ တန်ခိုးရှိသောဘုရားသခင်ဖြစ်ရုံမက အမှန်မှာ ကိုယ်တော်သည် အဓိကအားဖြင့် မေတ္တာရှိသောဘုရားသခင်လည်း ဖြစ်တော်မူ၏။ (၁ ယောဟန် ၄:၈၊ ၁၆) ထို့ကြောင့် ထိုကွာဟမှုကိုစေ့စပ်ပေးဖို့ ကိုယ်တော်တိုင်အစပြုလုပ်ဆောင်ခဲ့သည်။ “အပြစ်တရား၏အခကား သေခြင်းပေတည်း” ဟုဖော်ပြပြီးနောက် ကျမ်းစာကဤသို့ဆက်ပြောသည်– “ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။”—ရောမ ၆:၂၃။
၆။ အာဒံ၏အပြစ်ကြောင့်ရရှိသော နစ်နာဆုံးရှုံးမှုနှင့်ပတ်သက်သည့် ယေဟောဝါ၏အလိုတော်ကား အဘယ်နည်း။
၆ ထိုဆုကျေးဇူးကိုသေချာစေဖို့ နောက်ဆုံးတွင် ယေဟောဝါပြုလုပ်ခဲ့ရာမှာ အာဒံ၏အပြစ်ကြောင့် ဆုံးရှုံးခဲ့ရာကို ဖုံးအုပ်နိုင်မည့်အရာတစ်ခု စီမံပေးခြင်းဖြစ်သည်။ ဟေဗြဲဘာသာစကား၌ ကာဖာရ်ဟူသောစကားလုံးသည် အစပိုင်း၌ “ဖုံးအုပ်” သို့မဟုတ် “ချေဖျက်” ဟုအဓိပ္ပာယ်ရှိနိုင်ပြီး ၎င်းကို “အပြစ်ဖြေခြင်း” ဟုလည်းပြန်ဆိုကြသည်။ * တစ်နည်းအားဖြင့်ဆိုလျှင် ယေဟောဝါသည် အာဒံမှ အမွေရသောအပြစ်ကို ဖုံးအုပ်ရန်နှင့် ၎င်းကြောင့်ဖြစ်ပေါ်လာသော နစ်နာမှုကိုချေဖျက်ရန် သင့်လျော်သောနည်းတစ်နည်းကို စီစဉ်တော်မူခဲ့၍ ထိုဆုကျေးဇူးကိုရရှိရန် အရည်အချင်းပြည့်မီသူများသည် အပြစ်နှင့်သေခြင်း ဒဏ်စီရင်ချက်မှလွတ်မြောက်နိုင်ကြမည်ဖြစ်သည်။—ရောမ ၈:၂၁။
၇။ (က) စာတန်အပေါ်ချမှတ်သည့် ဘုရားသခင့်စီရင်ချက်မှတစ်ဆင့် အဘယ်မျှော်လင့်ချက်ပေးခဲ့သနည်း။ (ခ) အပြစ်နှင့်သေခြင်းမှ လူသားတို့၏လွတ်မြောက်မှုအတွက် အဘယ်အခပေးရမည်နည်း။
၇ ပထမလူသားမောင်နှံ အပြစ်ပြုပြီးပြီးချင်း အပြစ်နှင့်သေခြင်း၏ ကျွန်သားပေါက်ဘဝမှ လွတ်မြောက်ခြင်းမျှော်လင့်ချက်ကို အရိပ်အမြွက်ဖော်ပြခဲ့သည်။ မြွေကိုယ်စားပြုသည့် စာတန်ကို တရားစီရင်သောအခါ ယေဟောဝါက ဤသို့မိန့်တော်မူခဲ့သည်– “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်။” (ကမ္ဘာဦး ၃:၁၅) ထိုပရောဖက်ပြုချက်စကားအားဖြင့် ၎င်းကတိတော်ကို ယုံကြည်မည့်သူအားလုံးအတွက် မျှော်လင့်ချက်ရောင်ခြည် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ သို့သော် ထိုလွတ်မြောက်မှုအတွက် ပေးဆက်ရမည့်အခရှိ၏။ ကတိထားရာမျိုးနွယ်တော်သည် ရောက်လာ၍ စာတန်ကို ချက်ချင်းဖျက်ဆီးလိုက်မည်မဟုတ်ပါ; မျိုးနွယ်တော်သည် ဖနောင့်တွင် အကြိတ်ခံရမည်ဖြစ်သည်၊ တစ်နည်းအားဖြင့် ထာဝစဉ်မဟုတ်သော်လည်း အသေခံရဦးမည်။
၈။ (က) ကာဣနသည် မည်သို့စိတ်ပျက်စရာအကြောင်းဖြစ်လာခဲ့သနည်း။ (ခ) အာဗေလ၏ယဇ်သည် ဘုရားသခင့်ရှေ့မှောက်တွင် အဘယ်ကြောင့်လက်ခံနိုင်ဖွယ်ဖြစ်ခဲ့သနည်း။
၈ အာဒံနှင့်ဧဝတို့သည် ကတိထားရာမျိုးနွယ်တော်မှာ မည်သူမည်ဝါဖြစ်ကြောင်း များစွာဆင်ခြင်သုံးသပ်ခဲ့ကြပေမည်။ သားဦးကာဣနဖွားမြင်သောအခါ ဧဝက “ထာဝရဘုရား၏လူကို ငါရပြီ” ဟုကြေညာခဲ့သည်။ (ကမ္ဘာဦး ၄:၁) သူ၏သားသည် မျိုးနွယ်တော်ဖြစ်ကောင်းဖြစ်မည်ဟု သူယူမှတ်ခဲ့ခြင်းလော။ ထိုသို့သူယူမှတ်ခဲ့သည်ဖြစ်စေ၊ မယူမှတ်ခဲ့သည်ဖြစ်စေ ကာဣနသာမက သူ၏ယဇ်သကာပါ စိတ်ပျက်စရာ ဖြစ်လာခဲ့သည်။ အခြားတစ်ဖက်တွင်မူ သူ့ညီအာဗေလသည် ဘုရားသခင့်ကတိတော်ကို ယုံကြည်ကြောင်းတင်ပြခဲ့ပြီး သူ၏သိုးစုမှ အဦးဖွားသောသားအချို့ကို ယေဟောဝါထံယဇ်သကာအဖြစ် ပေးဆက်ခဲ့သည်။ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “အာဗေလသည် ကာဣနပူဇော်သောယဇ်ထက် သာ၍မြတ်သောယဇ်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အားပူဇော်၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကိုရလေ၏။”—ဟေဗြဲ ၁၁:၄။
၉။ (က) အာဗေလသည် အဘယ်အရာ၌ယုံကြည်ခဲ့ပြီး ယင်းကို သူမည်သို့တင်ပြခဲ့သနည်း။ (ခ) အာဗေလ၏ပူဇော်သကာက အဘယ်အရာကိုပြီးမြောက်စေသနည်း။
၉ အာဗေလ၏ယုံကြည်ခြင်းသည် ဘုရားသခင်၌ ယေဘုယျအားဖြင့် ယုံကြည်ရုံမျှသာမဟုတ်ပါ၊ ကာဣန၌လည်း ထိုယုံကြည်ခြင်းမျိုး ရှိခဲ့ရပေမည်။ သစ္စာရှိလူသားတို့အား ကယ်တင်မည့်မျိုးနွယ်တော် ရောက်လာလိမ့်မည်ဟူသော ဘုရားသခင့်ကတိတော်ကို အာဗေလယုံကြည်ခဲ့သည်။ မည်သို့ဖြစ်ပျက်လာမည်ကို သူမသိခဲ့ရသော်လည်း ဘုရားသခင့်ကမ္ဘာဦး ၄:၄; ဟေဗြဲ ၁၁:၁၊ ၆။
ကတိတော်အရ တစ်စုံတစ်ဦး၏ဖနောင့် အကြိတ်ခံရမည်ကို အာဗေလသိရှိခဲ့သည်။ မှန်ပါသည်၊ ယဇ်ပူဇော်ခြင်းဆိုင်ရာ ထင်မြင်ယူဆချက်ဖြစ်သည့် အသွေးသွန်းဖို့လိုကြောင်း သူသဘောပေါက်ခဲ့သည်မှာ ထင်ရှားပါသည်။ အာဗေလသည် အသက်၏ပင်ရင်းအမြစ်ထံ အသက်နှင့်အသွေးပါသောယဇ်ကို ပေးဆက်ခဲ့သည်၊ ထိုသို့ပြုခဲ့ခြင်းမှာ ယေဟောဝါ၏ကတိတော်ဖြစ်မြောက်လာဖို့ သူ၏ဆန္ဒနှင့် မျှော်လင့်ချက် ပြင်းပြကြောင်း အမှတ်လက္ခဏာအနေနှင့် ဖြစ်ဖွယ်ရှိသည်။ ဤယုံကြည်ခြင်းတင်ပြချက်က အာဗေလ၏ယဇ်ကို ယေဟောဝါ နှစ်သက်လက်ခံနိုင်စရာဖြစ်စေခဲ့ပြီး ယင်းက အပြစ်ရှိသောလူသားများ ဘုရားသခင်ထံချဉ်းကပ်၍ ကိုယ်တော်၏မျက်နှာသာရနိုင်သည့် နည်းတစ်ခုဖြစ်သည့် ယဇ်ပူဇော်ရသည့် အကြောင်းရင်းကို စတိအားဖြင့်ဖော်ပြသည်။—၁၀။ ယေဟောဝါသည် ဣဇာက်ကိုပူဇော်ဖို့ အာဗြဟံအားတောင်းဆိုခြင်းဖြင့် ယဇ်ပူဇော်ခြင်း၏ဆိုလိုချက်ကို မည်သို့ထင်ရှားစေခဲ့သနည်း။
၁၀ ယေဟောဝါက အာဗြဟံအား သူ၏သားဣဇာက်ကို မီးရှို့ရာယဇ်အဖြစ် ပူဇော်ရန် မိန့်ဆိုခဲ့သောအခါ ယဇ်ပူဇော်ခြင်း၏ လေးနက်သောအဓိပ္ပာယ်ကို သိသာထင်ရှားစေခဲ့သည်။ ထိုယဇ်ကို မပူဇော်ခဲ့ရသော်လည်း နောက်ဆုံးတွင် ယေဟောဝါကိုယ်တော်တိုင် ပြုမည့်အမှုဖြစ်သော လူသားတို့နှင့်ပတ်သက်၍ ကိုယ်တော်၏အလိုတော် ပြည့်စုံစေဖို့ အကြီးမားဆုံးပူဇော်သကာအဖြစ် မိမိ၏ တစ်ပါးတည်းသော သားတော်အားပူဇော်ခြင်းကို ပုံတင်ပြသည်။ (ယောဟန် ၃:၁၆) ယေဟောဝါသည် ကိုယ်တော်၏ရွေးချယ်ထားသောလူမျိုး အပြစ်လွှတ်ခံရဖို့နှင့် သူတို့၏ကယ်တင်ခြင်းမျှော်လင့်ချက် မြဲမြံခိုင်ခံ့စေဖို့ သူတို့ပြုလုပ်ရမည့်အမှုကို သွန်သင်ပေးရန် မောရှေပညတ်ဆိုင်ရာ ယဇ်များ၊ ပူဇော်သကာများနှင့်အတူ ပရောဖက်ပြုချက်ဆိုင်ရာ ပုံဆောင်ချက်များကို ချမှတ်ထားတော်မူခဲ့သည်။ ၎င်းတို့မှ အဘယ်အရာကို သင်ယူနိုင်ကြသနည်း။
ယေဟောဝါနှစ်သက်လက်ခံနိုင်သော ယဇ်များ
၁၁။ ဣသရေလယဇ်ပုရောဟိတ်မင်းများ ပေးဆက်ခဲ့ကြသည့် ပူဇော်သကာနှစ်မျိုးကား အဘယ်နည်း၊ အဘယ်ရည်ရွယ်ချက်များအတွက်နည်း။
၁၁ တမန်တော်ပေါလုက “ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သကာ [“လက်ဆောင်များ၊” ကဘ] နှင့်ယဇ်ကိုပူဇော်စေခြင်းငှာ ခန့်ထားလျက်ရှိ . . . ၏” ဟုဆိုသည်။ (ဟေဗြဲ ၈:၃) ပေါလုသည် ရှေးခေတ်ဣသရေလယဇ်ပုရောဟိတ်မင်းများ ပူဇော်ခဲ့သည့် ပူဇော်သကာများကို ‘လက်ဆောင်များ’ နှင့် “ယဇ်” များ၊ သို့မဟုတ် “အပြစ်ဖြေရာယဇ်” များဟူ၍ နှစ်မျိုးနှစ်စားခွဲခြားဖော်ပြသည်ကို သတိပြုပါ။ (ဟေဗြဲ ၅:၁) လူတို့သည် ခင်မင်မှုနှင့် တန်ဖိုးထားလေးမြတ်မှုကို ဖော်ပြဖို့အတွက်သာမက မိတ်ဖွဲ့ရန်၊ မျက်နှာရရန်၊ သို့မဟုတ် လက်ခံနိုင်စရာဖြစ်ဖို့အတွက်လည်း လက်ဆောင်များပေးတတ်ကြသည်။ (ကမ္ဘာဦး ၃၂:၂၀; သု. ၁၈:၁၆) အလားတူ၊ ပညတ္တိကျမ်းတွင်ပြဋ္ဌာန်းထားသော ပူဇော်သကာများစွာကို ကိုယ်တော်၏လက်ခံမှုနှင့် မျက်နှာသာရဖို့အတွက် ဘုရားသခင်အား ပေးဆက်သည့် ‘လက်ဆောင်များ’ အဖြစ်ရှုမြင်နိုင်သည်။ * ပညတ်တော်ကိုကျူးလွန်ခြင်းက အလျော်ပေးဖို့လိုအပ်ခဲ့ပြီး လျော်ကြေးပေးရန် “အပြစ်ဖြေရာယဇ်များ” ကိုပူဇော်ကြရသည်။ ပင်တကျွတ်ကျမ်း၊ အထူးသဖြင့် ထွက်မြောက်ရာ၊ ဝတ်ပြုရာနှင့် တောလည်ရာကျမ်းများတွင် ယဇ်နှင့် ပူဇော်သကာအမျိုးမျိုးတို့ကိုဖော်ပြထားသည်။ အသေးစိတ်အချက်အလက်အားလုံးကို သဘောပေါက်၍ မှတ်မိရန်မှာ ကျွန်ုပ်တို့အတွက် တကယ့်စိန်ခေါ်ချက်ဖြစ်နိုင်သော်လည်း ယဇ်ပူဇော်နည်းအမျိုးမျိုးနှင့်ပတ်သက်၍ အဓိကအချက်အချို့ကို အလေးဂရုပြုထိုက်ပေသည်။
၁၂။ ပညတ်တရားရှိ ယဇ်များ သို့မဟုတ် ပူဇော်သကာများဆိုင်ရာ ခြုံငုံသုံးသပ်ချက်ကို ကျမ်းစာ၏အဘယ်နေရာ၌ ကျွန်ုပ်တို့တွေ့ရှိနိုင်သနည်း။
၁၂ အမှန်အားဖြင့် ပူဇော်သကာအချို့ကို အတူတကွပူဇော်လေ့ရှိကြသော်လည်း ဝတ်ပြုရာကျမ်းအခန်းကြီး ၁ မှ ၇ တွင် အဓိကပူဇော်သကာငါးမျိုး—မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မိတ်သဟာယယဇ်၊ အပြစ်ဖြေရာယဇ်နှင့် လွန်ကျူးမှုဖြေရာယဇ်—ကို သီးခြားဖော်ပြထားကြောင်း ကျွန်ုပ်တို့သတိပြုမိကြပေမည်။ ထို့ပြင် ၎င်းအခန်းကြီးများတွင် ထိုပူဇော်သကာများကို ကွဲပြားသောအကြောင်းရင်းဖြင့် နှစ်ကြိမ်ဖော်ပြထားသည်ကိုလည်း သတိပြုမိကြပေမည်– တစ်ကြိမ်မှာ ဝတ်ပြုရာ ၁:၂ မှ ၆:၇ တွင် ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ရမည့်အရာကို အသေးစိတ်ဖော်ပြထားပြီး နောက်တစ်ကြိမ်မှာ ဝတ်ပြုရာ ၆:၈ မှ ၇:၃၆ တွင် ယဇ်ပုရောဟိတ်များနှင့် ပူဇော်သူအတွက် သီးသန့်ဖယ်ထားရသည့် အစိတ်အပိုင်းများကို ဖော်ပြထားသည်။ ထို့နောက် တောလည်ရာအခန်းကြီး ၂၈ နှင့် ၂၉ တွင် နေ့စဉ်၊ အပတ်စဉ်၊ လစဉ်နှင့် နှစ်စဉ်ကျင်းပသော ပွဲတော်များ၌ အဘယ်အရာပူဇော်ရမည်ကို ဖော်ပြထားသော အသေးစိတ်ကျသည့်အချိန်ဇယားတစ်ခုအဖြစ် ရှုမြင်နိုင်မည့်အရာကို ကျွန်ုပ်တို့တွေ့ရှိရသည်။
၁၃။ လက်ဆောင်များအဖြစ် ဘုရားသခင်ထံ စေတနာအလျောက်ပူဇော်သည့် ပူဇော်သကာများကိုဖော်ပြပါ။
ဝတ်ပြုရာ ၁:၃၊ ၄၊ ၉; ကမ္ဘာဦး ၈:၂၁။
၁၃ လက်ဆောင်များအဖြစ် သို့မဟုတ် ဘုရားသခင်၏မျက်နှာရဖို့ ကိုယ်တော်ထံချဉ်းကပ်သည့်အနေနှင့် စေတနာအလျောက်ပူဇော်သော ပူဇော်သကာများမှာ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာနှင့် မိတ်သဟာယယဇ်များဖြစ်ကြသည်။ ကျမ်းပညာရှင်အချို့က “မီးရှို့ရာယဇ်” ဟူသောဟေဗြဲစကားလုံးမှာ “အထက်သို့တက်သောပူဇော်သကာ” သို့မဟုတ် “တက်သွားသောပူဇော်သကာ” ကိုဆိုလိုသည်ဟု ပြောဆိုကြ၏။ ဤသို့ဆိုခြင်းသည် လျောက်ပတ်ပေသည်၊ အကြောင်းမှာ မီးရှို့ရာယဇ် ပူဇော်ရာတွင် အသေသတ်ထားသောတိရစ္ဆာန်ကို ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ရ၍ ဘုရားသခင်ရှိရာ ကောင်းကင်ဘုံသို့ မွှေးကြိုင်သင်းထုံသောရနံ့ တက်သွားသောကြောင့်ဖြစ်၏။ မီးရှို့ရာယဇ်၏ထူးခြားချက်မှာ ယဇ်ပလ္လင်တစ်ဝိုက်တွင် အသွေးဖျန်းပက်ပြီးနောက် တိရစ္ဆာန်တစ်ကောင်လုံးကို ဘုရားသခင်ထံ ပူဇော်ကြရခြင်းဖြစ်၏။ ယဇ်ပုရောဟိတ်များသည် “ထိုယဇ်တစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့ရာယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သောပူဇော်သကာဖြစ်သတည်း။”—၁၄။ ဘောဇဉ်ပူဇော်သကာကို မည်သို့ပူဇော်ခဲ့သနည်း။
၁၄ ဝတ်ပြုရာအခန်းကြီး ၂ တွင် ဘောဇဉ်ပူဇော်သကာအကြောင်းဖော်ပြထားသည်။ ၎င်းသည် ဆီဆွတ်ပြီး လောဗန်ထည့်ထားလေ့ရှိသည့် ဂျုံမုန့်ညက်ပါဝင်သော စေတနာအလျောက်ပြုသည့် ပူဇော်သကာဖြစ်သည်။ “ယဇ်ပုရောဟိတ်သည် မုန့်ညက်တစ်လက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှကိုယူ၍ ထိုအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သောပူဇော်သကာဖြစ်သတည်း။” (ဝတ်ပြုရာ ၂:၂) ဝတ်ပြုရာတဲတော်နှင့် ဗိမာန်တော်ရှိ နံ့သာယဇ်ပလ္လင်ပေါ်တွင်ပူဇော်သော သန့်ရှင်းသောနံ့သာပေါင်းတွင် ပါဝင်သည့်နံ့သာတစ်မျိုးမှာ လောဗန်ဖြစ်သည်။ (ထွက်မြောက်ရာ ၃၀:၃၄-၃၆) ဘုရင်ဒါဝိဒ်က “အကျွန်ုပ်၏ [ဆုတောင်းချက်] သည် မီးရှို့သောနံ့သာပေါင်းကဲ့သို့လည်းကောင်း၊ လက်ကိုချီခြင်းသည် ညဦးယံပူဇော်သကာကဲ့သို့လည်းကောင်း ရှေ့တော်၌ပြင်ဆင်လျက်ရှိပါစေသော” ဟူ၍ဆိုခဲ့ချိန်တွင် ၎င်းကိုအမှတ်ရခဲ့ပေမည်။—ဆာလံ ၁၄၁:၂။
၁၅။ မိတ်သဟာယယဇ်၏ ရည်ရွယ်ချက်ကားအဘယ်နည်း။
၁၅ စေတနာအလျောက်ပြုသော အခြားပူဇော်သကာတစ်ခုမှာ ဝတ်ပြုရာကျမ်းအခန်းကြီး ၃ ၌ဖော်ပြထားသော မိတ်သဟာယယဇ်ဖြစ်သည်။ ၎င်းကို “ငြိမ်သက်ခြင်းပူဇော်သကာများဆိုင်ရာယဇ်” ဟူ၍လည်းပြန်ဆိုနိုင်သည်။ ဟေဗြဲဘာသာစကားတွင် “ငြိမ်သက်ခြင်း” ဟူသောစကားလုံးသည် စစ်၊ သို့မဟုတ် နှောင့်ယှက်မှုမှ လုံးလုံးလွတ်မြောက်ခြင်းထက်မက အဓိပ္ပာယ်ရှိသည်။ မောရှေ၏ပညတ်ဥပဒေဆိုင်ရာထုံးနည်းများမှ လေ့လာစရာများဟူသောစာအုပ်က “သမ္မာကျမ်းစာ၌ ဤသို့ဖော်ပြသည့်အပြင် ဘုရားသခင်နှင့်ငြိမ်သက်မှုရှိခြင်း၊ သာဝတ်ပြုရာ ၃:၁၇; ၇:၁၆-၂၁; ၁၉:၅-၈) သူတို့စပ်ကြား၌ရှိသော ငြိမ်သက်သည့်ဆက်ဆံရေးကို သရုပ်ဖော်ပြလျက် ယဇ်ပူဇော်သူ၊ ယဇ်ပုရောဟိတ်များနှင့် ယေဟောဝါဘုရားသခင်တို့သည် နှစ်လိုဖွယ် ပုံဆောင်နည်းအားဖြင့် အတူတကွစားသုံးကြခြင်းဖြစ်သည်။
ယာဝပြောခြင်းနှင့် ဝမ်းမြောက်ပျော်ရွှင်ခြင်းအခြေအနေ သို့မဟုတ် ဆက်ဆံရေးကိုလည်း ဖော်ပြသည်” ဟုဆိုသည်။ ထို့ကြောင့် မိတ်သဟာယဇ်များကို ပူဇော်ကြခြင်းသည် ဘုရားသခင်အားနှစ်သိမ့်သည့်အလား ကိုယ်တော်နှင့်ငြိမ်သက်မှုရဖို့အတွက်မဟုတ်ဘဲ ကိုယ်တော်နှစ်သက်သူများခံစားရသည့် ဘုရားသခင်နှင့်ငြိမ်သက်မှုရှိခြင်း၏ အခွင့်သာသည့်အခြေအနေအတွက် ကျေးဇူးတင်ကြောင်းဖော်ပြဖို့၊ သို့မဟုတ် ချီးမွမ်းထောမနာပြုဖို့ ပူဇော်ကြခြင်းဖြစ်သည်။ အသွေးနှင့်ဆီဥကို ယေဟောဝါထံပူဇော်ပြီးနောက် ယဇ်ပုရောဟိတ်များနှင့် ပူဇော်သူတို့သည် ယဇ်သားကိုစားသုံးကြသည်။ (၁၆။ (က) အပြစ်ဖြေရာယဇ်နှင့် ကျူးလွန်မှုဖြေရာယဇ်တို့၏ ရည်ရွယ်ချက်ကားအဘယ်နည်း။ (ခ) ၎င်းတို့သည် မီးရှို့ရာယဇ်နှင့် မည်သို့ကွာခြားသနည်း။
၁၆ အပြစ်လွှတ်ခံရဖို့ သို့မဟုတ် ပညတ်တော်ကိုကျူးလွန်မှုများအတွက် အပြစ်ဖြေဖို့ပြုသော ပူဇော်သကာများတွင် အပြစ်ဖြေရာယဇ်နှင့် ကျူးလွန်မှုဖြေရာယဇ်တို့ပါဝင်ခဲ့သည်။ ဤယဇ်များကို ယဇ်ပလ္လင်ပေါ်၌ပူဇော်ကြရသော်လည်း တိရစ္ဆာန်တစ်ကောင်လုံးကိုမဟုတ်ဘဲ ဆီဥနှင့် အစိတ်အပိုင်းအချို့ကိုသာ ဘုရားသခင်အားပူဇော်ကြသည်ဖြစ်ရာ မီးရှို့ရာယဇ်နှင့်ကွာခြား၏။ တိရစ္ဆာန်၏ကျန်သောအပိုင်းကို တပ်ပြင်၌စွန့်ပစ်ကြရ၏၊ အချို့အခါများတွင် ယဇ်ပုရောဟိတ်များက စားသုံးကြသည်။ ဤထူးခြားချက်သည် အဓိပ္ပာယ်ရှိ၏။ မီးရှို့ရာယဇ်ကို ဘုရားသခင်ထံချဉ်းကပ်ခွင့်ရဖို့ လက်ဆောင်တစ်ခုအနေနှင့် ဆက်သကြသောကြောင့် ယင်းကို ဘုရားသခင်အားသီးသန့်၊ လုံးလုံးလျားလျားပူဇော်ကြရသည်။ မီးရှို့ရာယဇ်အလျင် အပြစ်ဖြေရာယဇ်၊ သို့မဟုတ် ကျူးလွန်မှုဖြေရာယဇ်ကို ဦးစွာပူဇော်လေ့ရှိကြသည်မှာ စိတ်ဝင်စားစရာဖြစ်၏၊ အပြစ်သားတစ်ဦး၏လက်ဆောင်ကို ဘုရားသခင်လက်ခံနိုင်ရန် အပြစ်လွှတ်ခြင်းလိုအပ်ကြောင်း ၎င်းကဖော်ပြဟန်ရှိသည်။—ဝတ်ပြုရာ ၈:၁၄၊ ၁၈; ၉:၂၊ ၃; ၁၆:၃၊ ၅။
၁၇၊ ၁၈။ အပြစ်ဖြေရာယဇ်ကို အဘယ်အတွက် ပူဇော်ရသနည်း၊ ကျူးလွန်မှုဖြေရာယဇ်၏ ရည်ရွယ်ချက်ကား အဘယ်နည်း။
၁၇ မရည်ရွယ်ဘဲပညတ်ချိုးဖောက်မိသည့်အပြစ်၊ သွေးသားအားနည်းမှုကြောင့် ကျူးလွန်မိသောအပြစ်အတွက်သာ အပြစ်ဖြေရာယဇ်ကို လက်ခံ၏။ “တရားကိုမသိ၊ ထာဝရဘုရား၏ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သောအမှုကို ပြုမိသည်အရာတွင်” အပြစ်သားသည် အသိုင်းအဝိုင်းကြား၌ မိမိ၏အခြေအနေ၊ သို့မဟုတ် အနေအထားနှင့်အညီ အပြစ်ဖြေရာယဇ်ကိုပူဇော်ရသည်။ (ဝတ်ပြုရာ ၄:၂၊ ၃၊ ၂၂၊ ၂၇) အခြားတစ်ဖက်တွင်မူ နောင်တမယူသော အပြစ်ပြုသူများမူကား ပယ်ရှင်းခံရကြသည်; သူတို့အသုံးပြုနိုင်သော ပူဇော်သကာမရှိချေ။—ထွက်မြောက်ရာ ၂၁:၁၂-၁၅; ဝတ်ပြုရာ ၁၇:၁၀; ၂၀:၂၊ ၆၊ ၁၀; တောလည်ရာ ၁၅:၃၀; ဟေဗြဲ ၂:၂။
၁၈ ဝတ်ပြုရာကျမ်းအခန်းကြီး ၅ နှင့် ၆ တွင် လွန်ကျူးမှု ဖြေရာယဇ်၏အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်ကို ရှင်းပြထားသည်။ လူတစ်ဦးသည် မရည်ရွယ်ဘဲအပြစ်ပြုမိပေမည်။ သို့တိုင် သူသည် အမျိုးသားချင်း၏ သို့မဟုတ် ယေဟောဝါဘုရားသခင်၏ အခွင့်အရေးများကို ကျူးလွန်မိနိုင်ပြီး ထိုအမှားကို ကျေအေးစေဖို့၊ သို့မဟုတ် တည့်မတ်ပေးဖို့လိုပါသည်။ အပြစ်အမျိုးမျိုးကို ဖော်ပြထား၏။ အချို့တို့သည် ပုဂ္ဂလိကအပြစ်များ (၅:၂-၆) ဖြစ်ပြီး၊ အချို့မှာ ‘ယေဟောဝါနှင့်ဆိုင်သောသန့်ရှင်းရာများ’ ကိုဆန့်ကျင်မိသောအပြစ်များ (၅:၁၄-၁၆) ဖြစ်၍ အချို့တို့မူ လုံးဝမသိသောကြောင့်မဟုတ်သော်လည်း မှားယွင်းသောဆန္ဒများ၊ သို့မဟုတ် သွေးသားအားနည်းမှုကြောင့်ပြုမိသည့်အပြစ်များ (၆:၁-၃) ဖြစ်သည်။ ထိုသို့သောအပြစ်များကို ဝန်ချရသည့်အပြင် ပြစ်မှားသူသည် ကျသင့်ရာအစားပေးလျော်ပြီးနောက် ယေဟောဝါအား ကျူးလွန်မှုဖြေရာယဇ်ကိုပေးဆက်ရန် လိုပါသည်။—ဝတ်ပြုရာ ၆:၄-၇။
ရောက်လာတော့မည့် သာ၍ကောင်းသောအရာ
၁၉။ ဣသရေလလူမျိုးသည် ပညတ်တော်နှင့် ယဇ်ပူဇော်သကာများရှိသည့်ကြားမှ ဘုရားသခင့်မျက်နှာသာတော်ကို အဘယ်ကြောင့်မရခဲ့ကြသနည်း။
၁၉ ယဇ်များနှင့် ပူဇော်သကာများစွာပါဝင်သည့် မောရှေ၏ပညတ်ကို ဣသရေလလူမျိုးတို့အား ပေးအပ်ခဲ့ပြီး ၎င်းအားဖြင့် သူတို့သည် ဘုရားသခင်ထံချဉ်းကပ်၍ ကတိထားရာမျိုးနွယ်တော်ရောက်လာသည့်အထိ ကိုယ်တော်၏မျက်နှာသာတော်နှင့် ကောင်းချီးကိုရရှိ၍ ဆက်လက်ထိန်းသိမ်းထားနိုင်စေဖို့အတွက်ဖြစ်သည်။ ဇာတိဂျူးလူမျိုးတစ်ဦးဖြစ်သူ တမန်တော်ပေါလုသည် ၎င်းကို ဤသို့ဖော်ပြသည်– “ထိုကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏အထိန်းဖြစ်သတည်း။” (ဂလာတိ ၃:၂၄) ဝမ်းနည်းစရာမှာ ဣသရေလလူတို့သည် လူမျိုးတစ်မျိုးအနေနှင့် ထိုအထိန်းကိုလက်မခံဘဲ ၎င်းအခွင့်အရေးကို အလွဲသုံးစားပြုခဲ့သည်။ သို့ဖြင့် သူတို့၏များပြားလှသော ယဇ်ပူဇော်သကာတို့မှာ ယေဟောဝါအတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်လာခဲ့ပြီး ကိုယ်တော် ကဤသို့မိန့်ဆိုခဲ့သည်– “သင်တို့ပူဇော်သောယဇ်အများကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့၏ဆီဥနှင့် ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ်တို့၏အသွေးကို ငါမနှစ်သက်။”—ဟေရှာယ ၁:၁၁။
၂၀။ စီ.အီး. ၇၀ တွင်ပညတ်တရားနှင့် ၎င်း၏ယဇ်ပူဇော်မှုများနှင့်ပတ်သက်၍ အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။
၂၀ စီ.အီး. ၇၀ တွင် ဂျူးအစီအစဉ်စနစ်နှင့်အတူ ၎င်း၏ဗိမာန်တော်နှင့် ယဇ်ပုရောဟိတ်အစီအစဉ်သည် အဆုံးတိုင်ခဲ့သည်။ ထို့နောက်တွင် ပညတ်တရားအားဖြင့်ပြဋ္ဌာန်းထားသော ယဇ်ပူဇော်သကာများကို ပူဇော်စရာအကြောင်းမရှိတော့ပေ။ သို့ဖြစ်၍ ပညတ်တရား၏အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်သော ယဇ်ပူဇော်သကာများသည် ယနေ့ ဘုရားသခင်အားဝတ်ပြုသူတို့အတွက် အဓိပ္ပာယ်လုံးလုံးပျောက်ဆုံးခဲ့ပြီဟု ဆိုလိုသလော။ ဤအကြောင်းကို နောက်ဆောင်းပါးတွင် သုံးသပ်ဆင်ခြင်ကြပါမည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 6 ကင်းမျှော်စင်၊ သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသော ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်းစာအုပ်က ဤသို့ရှင်းပြသည်– “ကျမ်းစာတွင်အသုံးပြုထားသည့်အတိုင်း ‘အပြစ်ဖြေခြင်း’ ဟုဆိုရာ၌ ‘ဖုံးအုပ်သည်’ သို့မဟုတ် ‘လဲလှယ်သည်’ ဟူသောအခြေခံသဘောပါရှိပြီး အလဲအလှယ်အဖြစ်ပေးသည့်အရာ သို့မဟုတ် ‘ဖုံးအုပ်’ သည့်အရာကား ယင်းနှင့်ပုံတူဖြစ်ရပေမည်။ . . . အာဒံဆုံးရှုံးခဲ့သောအရာအတွက် ပြည့်မီသည့် အပြစ်ဖြေခြင်းပြုဖို့ စုံလင်သောလူသားအသက်နှင့် အတိအကျဖလှယ်နိုင်သောတန်ဖိုးရှိသည့် အပြစ်ဖြေရာယဇ်ကိုပေးရပေမည်။”
^ အပိုဒ်၊ 11 “ပူဇော်သကာ” ဟုမကြာခဏပြန်ဆိုထားသော ဟေဗြဲစကားလုံးမှာ ကော်ဘန်ဖြစ်၏။ ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့၏ မသမာသည့်အလေ့အကျင့်တစ်ခုကို ယေရှုအပြစ်တင်ခဲ့ခြင်းနှင့်ပတ်သက်သည့် မှတ်တမ်းတစ်ခုကိုတင်ပြရာ၌ မာကုက “ကော်ဘန်” ဆိုသည်မှာ ‘ဘုရားသခင်အားလှူဒါန်းသည့် လက်ဆောင်တစ်ခု’ ဟုအဓိပ္ပာယ်ရှိကြောင်း ရှင်းပြခဲ့သည်။—မာကု ၇:၁၁။
သင်ရှင်းပြနိုင်သလော
• ယေဟောဝါအား ယဇ်ပူဇော်ရန် ရှေးသစ္စာရှိအမျိုးသားများကို အဘယ်အရာက လှုံ့ဆော်ပေးခဲ့သနည်း။
• ယဇ်ပူဇော်ဖို့ အဘယ်ကြောင့်လိုအပ်ခဲ့သနည်း။
• ပညတ်တရားအောက်တွင် အဓိကအားဖြင့် အဘယ်ယဇ်မျိုးကိုပူဇော်ခဲ့ကြရပြီး ၎င်းတို့၏ရည်ရွယ်ချက်ကားအဘယ်နည်း။
• ပေါလု၏စကားအရ ပညတ်တရားနှင့် ၎င်း၏ယဇ်ပူဇော်သကာများသည် အဘယ်အရေးပါသောရည်ရွယ်ချက်ကို ပြီးမြောက်စေခဲ့သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
အာဗေလ၏ယဇ်သည် ယေဟောဝါ၏ကတိတော်၌ သူ၏ယုံကြည်ခြင်းကို ဖော်ပြသောကြောင့် နှစ်သက်ဖွယ်ဖြစ်ခဲ့
[စာမျက်နှာ ၁၅ ပါပုံစာ]
ဤမြင်ကွင်း၏ဆိုလိုချက်ကို သင်လေးမြတ်ပါသလော