အန္တရာယ်ပြည့်လွှမ်းသောကမ္ဘာတွင် လုံခြုံမှုတွေ့ ရှိခြင်း
အန္တရာယ်ပြည့်လွှမ်းသောကမ္ဘာတွင် လုံခြုံမှုတွေ့ ရှိခြင်း
မိုင်းဗုံးများမြှုပ်ထားသည့်နေရာတွင် လမ်းလျှောက်ရခြင်းသည် အသက်အန္တရာယ်ရှိနိုင်သည်။ သို့သော် မြေမြှုပ်မိုင်းများရှိသည့်နေရာကို ပြညွှန်သည့်မြေပုံတစ်ခု သင်၌ရှိလျှင်မူ ထူးခြားသွားမည်မဟုတ်လော။ ထို့ပြင် သင်သည် မိုင်းအမျိုးမျိုးကိုခွဲခြားတတ်ရန် လေ့ကျင့်ခံထားရသည်ဆိုပါစို့။ ရှင်းနေသည်မှာ ယင်းသို့သောအသိပညာရှိထားခြင်းက မသန်မစွမ်းဘဝရောက်ခြင်း သို့မဟုတ် အသက်ဆုံးရခြင်းအန္တရာယ်မှ အတော်အတန်လျော့နည်းသွားစေမည်ဖြစ်သည်။
သမ္မာကျမ်းစာကို မိုင်းခွဲခြားမှုအတတ်ပညာ သင်ကြားပေးမှုပါသောမြေပုံနှင့် နှိုင်းယှဉ်နိုင်သည်။ သမ္မာကျမ်းစာတွင် အန္တရာယ်များကိုရှောင်ရှားခြင်းနှင့် ဘဝတွင်ဖြစ်ပေါ်လာသည့် ပြဿနာများကိုကိုင်တွယ်ဖြေရှင်းခြင်းဆိုင်ရာ ထူးကဲသာလွန်သည့်ဉာဏ်ပညာရှိသည်။
နယပုံပြင် ၂:၁၀၊ ၁၁ (ကဘ) တွင်တွေ့ရသည့် ဤအားတက်ဖွယ်ကတိတော်ကိုသတိပြုပါ– “ဉာဏ်ပညာသည် သင့်နှလုံးထဲသို့ဝင်၍ အသိပညာသည် သင်၏စိုးလ်ကိုယ်နှိုက်အား နှစ်သက်ဖွယ်ဖြစ်လာသောအခါ စဉ်းစားဆင်ခြင်နိုင်သောစွမ်းရည်သည် သင့်ကိုစောင့်ရှောက်၍ ပိုင်းခြားသိမြင်ခြင်းသည်လည်း အကာအကွယ်ပေးလိမ့်မည်။” ဤတွင်ဖော်ပြထားသော ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်မှုတို့သည် လူ့ရင်းမြစ်မှမဟုတ်ပေ၊ ဘုရားသခင်ထံတော်မှဖြစ်သည်။ “[ဘုရားသခင့်ရေးရာဉာဏ်ပညာ] ကိုနားထောင်သောသူမူကား လုံခြုံစွာနေ၍ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်။” (သု. ၁:၃၃) သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏လုံခြုံမှုကို မည်သို့တိုးပွားစေနိုင်ပြီး ပြဿနာများစွာကို ရှောင်ရှားနိုင်ရန်မည်သို့ကူညီပေးနိုင်ပုံကို ကြည့်ကြစို့။
သေစေနိုင်သော မတော်တဆထိခိုက်မှုများကို ရှောင်ရှားခြင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (ဒဗလျူအိပ်ခ်ျအို) မှမကြာမီကထုတ်ပြန်ခဲ့သော အရေအတွက်က ယာဉ်တိုက်မှုကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်သေဆုံးမှု ၁,၁၇၁,၀၀၀ ခန့်ရှိကြောင်းဖော်ပြသည်။ နောက်ထပ် သန်း ၄၀ နီးပါးသည် ထိခိုက်ဒဏ်ရာရရှိကြကာ ၈ သန်းကျော်သည် နာတာရှည်မသန်မစွမ်းဘဝရောက်သွားကြသည်။
ယာဉ်မောင်းနေစဉ် လုံးဝအန္တရာယ်ကင်းဝေးဖို့ မဖြစ်နိုင်သော်လည်း ယာဉ်စည်းကမ်းများကိုလိုက်နာသည့်အခါ ကျွန်ုပ်တို့၌ အတော်အတန် အန္တရာယ်ကင်းတတ်သည်။ ယာဉ်စည်းကမ်းများကို ချမှတ်ကာ လိုက်နာရန် ထိန်းပေးသည့် အစိုးရအာဏာပိုင်များအကြောင်းပြောဆိုရာတွင် သမ္မာကျမ်းစာက ဤသို့ဆိုသည်– “အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။” (ရောမ ၁၃:၁) ဤအဆုံးအမကိုလိုက်နာသည့် ယာဉ်မောင်းများသည် ထိတ်လန့်ဖွယ်ရာအကျိုးဆက်များနှင့်အတူ ယာဉ်မတော်တဆဖြစ်မှုအန္တရာယ်ကို လျော့ပါးစေကြသည်။
အန္တရာယ်ကင်းစွာမောင်းနှင်ရန်တိုက်တွန်းသည့် နောက်ထပ်အကြောင်းမှာ အသက်ကိုလေးမြတ်ခြင်းကြောင့်ဖြစ်သည်။ ယေဟောဝါဘုရားသခင်နှင့်ပတ်သက်၍ သမ္မာကျမ်းစာ၌ ဤသို့ဆိုထားသည်– “ကိုယ်တော်ထံမှာ အသက်စမ်းရေတွင်းရှိပါ၏။” (ဆာလံ ၃၆:၉) ထို့ကြောင့် အသက်သည် ဘုရားသခင်ပေးသည့် လက်ဆောင်ဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ထိုလက်ဆောင်ကို တစ်စုံတစ်ဦးထံမှနုတ်ယူရန် သို့မဟုတ် မိမိတို့အသက်အပါအဝင် အသက်ကိုမလေးစားကြောင်းတင်ပြရန် အခွင့်မရှိပါ။—ကမ္ဘာဦး ၉:၅၊ ၆။
လူ့အသက်ကိုလေးမြတ်ခြင်းတွင် ကျွန်ုပ်တို့၏ကားနှင့်အိမ်ကို အတတ်နိုင်ဆုံး လုံခြုံစိတ်ချရစေဖို့ သေချာစွာပြုလုပ်ခြင်းပါဝင်သည်။ ရှေးဣသရေလပြည်တွင် အန္တရာယ်ကင်းရေးသည် အသက်တာ၏ကဏ္ဍအသီးသီးတွင် အဓိကဦးစားထားရာတစ်ခုဖြစ်သည်။ ဥပမာ၊ အိမ်တစ်လုံးဆောက်သည့်အခါ ဘုရားသခင့်ပညတ်တော်က အရေးပါသော မိသားစုလုပ်ဆောင်မှုပြုရာနေရာဖြစ်သည့် အိမ်မိုးသည် အကာအရံရှိရမည်ဟု တောင်းဆိုထားသည်။ “လူသည် အိမ်မိုးပေါ်ကကျတရားဟောရာ ၂၂:၈) ထိုလုံခြုံရေးပညတ်ကို မစောင့်ထိန်းသောကြောင့် တစ်စုံတစ်ယောက်လိမ့်ကျခဲ့လျှင် ပိုင်ရှင်တာဝန်ဖြစ်သည်ဟု ဘုရားသခင်စီရင်တော်မူသည်။ ဤပညတ်တော်ပါ မေတ္တာပြည့်ဝသောမူကို လက်တွေ့ကျင့်သုံးခြင်းဖြင့် အလုပ်ခွင် သို့မဟုတ် အပန်းဖြေခြင်း၌ပင် မတော်တဆထိခိုက်မှုများ လျော့နည်းစေမည်မှာ သေချာပါသည်။
၍ လူအသက်ကိုသတ်သောအပြစ်မရောက်မည်အကြောင်း . . . အမိုးနားပတ်လည်၌ အဆီးအတားကိုလုပ်ရမည်။” (သေစေလောက်သောစွဲမှုများကို တိုက်လှန်ခြင်း
ဒဗလျူအိပ်ခ်ျအို အဆိုအရ ကမ္ဘာပေါ်တွင် ယခု ဆေးလိပ်သောက်သူ သန်းတစ်ထောင်ကျော်ရှိပြီး နှစ်စဉ် လေးသန်းခန့်သောသေဆုံးသူများသည် ဆေးလိပ်ကြောင့်ဟု ဆိုနိုင်သည်။ ထိုအရေအတွက်သည် နောင်အနှစ် ၂၀ မှ ၃၀ ကျော်တွင် ၁၀ သန်းခန့်အထိ တိုးလာဖို့အကြောင်းရှိသည်။ အခြားသောဆေးလိပ်သောက်သူ သန်းပေါင်းများစွာနှင့် “အပျော်” မူးယစ်ဆေးသုံးစွဲသူသည် ဆေးစွဲမှုကြောင့် သူတို့၏ကျန်းမာရေးနှင့် ဘဝအရည်အသွေးတို့ကို ဖျက်ဆီးပစ်ရာကျမည်ဖြစ်သည်။
ဘုရားသခင့်နှုတ်မြွက်တော်က ဆေးလိပ်သောက်သုံးခြင်းနှင့် မူးယစ်ဆေးအလွဲသုံးမှုကို အတိအကျဖော်ပြထားခြင်းမရှိသော်လည်း ယင်း၏မူများက ထိုအကျင့်ပါမှုများမှ ကျွန်ုပ်တို့ကိုကာကွယ်ပေးနိုင်သည်။ ဥပမာ၊ ၂ ကောရိန္သု ၇:၁ ကဤသို့အကြံပေးသည်– “ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလော့။” ဆေးလိပ်နှင့် မူးယစ်ဆေးများသည် အန္တရာယ်ဖြစ်စေသည့် ဓာတုပစ္စည်းမြောက်မြားစွာနှင့် ကိုယ်ခန္ဓာကိုညစ်ညမ်းစေသည်မှာ သံသယဖြစ်စရာမရှိပေ။ ထို့ပြင် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုယ်ခန္ဓာများကို စင်ကြယ်၍ အညစ်အကြေးကင်းစင်ခြင်းဖြစ်သည့် “သန့်ရှင်းခြင်း” ရှိရန်အလိုရှိတော်မူသည်။ (ရောမ ၁၂:၁) ယင်းမူများကိုလက်တွေ့ကျင့်သုံးခြင်းဖြင့် လူတစ်ဦး၏ဘဝတွင် အန္တရာယ်ကြီးတစ်ခု လျော့နည်းသွားမည်ဖြစ်ကြောင်း သင်သဘောမတူပေလော။
အန္တရာယ်ဖြစ်စေသော အကျင့်များကို ကျော်လွှားခြင်း
လူများစွာသည် စားသောက်ရာတွင် ချင့်ချိန်မှုမရှိကြချေ။ အလွန်အကြူးစားသောက်ခြင်း၏အကျိုးဆက်များတွင် ဆီးချိုရောဂါ၊ ကင်ဆာရောဂါနှင့် နှလုံးရောဂါတို့ ပါဝင်နိုင်သည်။ အရက်ကိုအလွဲအသုံးပြုခြင်းက အရက်စွဲခြင်း၊ အသည်းရောင်ရောဂါ၊ မိသားစုပြိုကွဲခြင်းနှင့် ယာဉ်တိုက်မှုများကဲ့သို့သော ထပ်ဆင့်ပြဿနာများကို ဖြစ်စေတတ်သည်။ အခြားတစ်ဖက်တွင် စွဲစွဲလမ်းလမ်းအစာရှောင်ခြင်းသည် ဘေးဖြစ်စေနိုင်ပြီး အစာငတ်ခံရောဂါကဲ့သို့သော အသက်အန္တရာယ်ဖြစ်စေသည့် အစားအသောက်မူမမှန်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
သမ္မာကျမ်းစာသည် ဆေးဘက်ဆိုင်ရာဖတ်စာအုပ်မဟုတ်သော်လည်း စားသောက်ခြင်းတွင် တော်ရုံသင့်ရုံစားသုံးခြင်းအတွက်လိုအပ်သော တော်မှန်ပွင့်လင်းသည့်အကြံပြုချက်များကို ပေးထားသည်။ “ငါ့သား ငါ့စကားကိုနားထောင်၍ ပညာရှိသဖြင့် ကိုယ်စိတ်နှလုံးကို လမ်းမ၌ပဲ့ပြင်လော့။ စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစားကြူးသောသူတို့ကို အပေါင်းအဖော်မလုပ်နှင့်။ သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ရောက်လိမ့်မည်။” (သု. ၂၃:၁၉-၂၁) သို့တိုင် သမ္မာကျမ်းစာက စားသောက်ခြင်းအမှုသည် ပျော်ရွှင်ဖွယ်ရာဖြစ်သင့်သည်ဟုဆိုသည်။ “လူတိုင်းစားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။”—ဒေ. ၃:၁၃။
“[ကိုယ်ခန္ဓာ] ဆိုင်ရာလေ့ကျင့်မှုသည် အကျိုးပေးသင့်သလောက်ပေး” ကြောင်းအခိုင်အမာဆိုလျက် ကာယလေ့ကျင့်ခန်းနှင့်စပ်လျဉ်း၍ မျှတသည့်သဘောထားရှိရန်လည်း သမ္မာကျမ်းစာက အားပေးတိုက်တွန်းထားသည်။ သို့သော် ယင်းကဤသို့ထပ်ဆိုသည်– ‘ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းမူကား ယခုဘဝ၊ နောင်ဘဝအတွက် များစွာသောကျိုးကိုပေး၏။’ (၁ တိမောသေ ၄:၈၊ ၉) ‘ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းသည် ယခုပင် မည်သို့အကျိုးရရှိစေမည်နည်း’ ဟုသင်မေးပေမည်။ နည်းလမ်းများစွာဖြင့်ဖြစ်သည်။ လူတစ်ဦး၏အသက်တာတွင် အရေးပါသောဝိညာဉ်ရေးသရုပ်သကန်ကို ထပ်ဆင့်ပေးခြင်းဖြင့် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းက ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့်ချုပ်တည်းခြင်းတို့ကဲ့သို့သော အကျိုးပြုသောအရည်အသွေးများကို ပြုစုပျိုးထောင်ပေးသည်—ယင်းတို့အားလုံးက အပြုသဘောအမြင်နှင့်ကောင်းသောကျန်းမာရေးကိုဖြစ်စေသည်။—ဂလာတိ ၅:၂၂၊ ၂၃။
အကျင့်ယိုယွင်းခြင်း၏ ခါးသီးသောအကျိုးဆက်များ
ယနေ့ သန်းပေါင်းများစွာသောသူတို့သည် ကိုယ်ကျင့်တရားဆိုင်ရာ အချုပ်အချယ်မှန်သမျှကို ပစ်ပယ်ထားကြသည်။ အေအိုင်ဒီအက်စ်ကပ်ရောဂါသည် အကျိုးဆက်များထဲမှတစ်ခုဖြစ်သည်။ ဒဗလျူအိပ်ခ်ျအို အဆိုအရ ၁၆ သန်းကျော်သည် အေအိုင်ဒီအက်စ်ကပ်ရောဂါ စတင်ဖြစ်ကတည်းက သေဆုံးကြရပြီး လက်ရှိတွင် ၃၄ သန်းခန့်သည် အေအိုင်ဒီအက်စ်ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးဖြစ်သော အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသည်။ အေအိုင်ဒီအက်စ်ရောဂါ ခံစားရသူအများစုမှာ တွေ့ကရာလူနှင့်လိင်ဆက်ဆံခြင်း၊ မူးယစ်ဆေးစွဲနေသူများအသုံးပြုသော ညစ်ညမ်းသည့်ဆေးထိုးပြွန်များ၊ သို့မဟုတ် ရောဂါပါသည့်သွေးသွင်းမိခြင်းကြောင့် ရောဂါစွဲကပ်ခြင်းဖြစ်သည်။
နယပုံပြင် ၇:၂၃၊ (သမ္မာ) တွင် ‘အသည်းကို မြားခွင်းခြင်း’ အဖြစ် မတရားမေထုန်မှီဝဲခြင်း၏ ကြောက်မက်ဖွယ်အကျိုးဆက်ကို ဖော်ပြထားသည်။ အသည်းရောင်ရောဂါကဲ့သို့ပင် ဆစ်ဖလစ်ရောဂါသည် အများအားဖြင့် အသည်းကိုထိခိုက်သည်။ မှန်ပါသည်၊ ခရစ်ယာန်များ ‘အသွေးနှင့် မတရားမေထုန်ကိုကြဉ်ရှောင်’ ရန်ဟူသော သမ္မာကျမ်းစာ၏အကြံပြုချက်သည် အချိန်သင့်အခါသင့်ဖြစ်ကာ မေတ္တာပါလှသည်တကား!—တမန်တော် ၁၅:၂၈၊ ၂၉။
ကိုယ်ကျင့်တရားလျော့ရဲခြင်း၏အခြားအကျိုးဆက်များမှာ ရေယုန်၊ ဂနို၊ အသည်းရောင်ရောဂါ ဘီ၊ စီနှင့် ဆစ်ဖလစ်ရောဂါတို့ဖြစ်သည်။ ထိုကဲ့သို့သောဆေးပညာဆိုင်ရာအသုံးအနှုန်းများကို ကျမ်းစာခေတ်တွင် အသုံးပြုခြင်းမရှိခဲ့သော်လည်း တစ်စုံတစ်ရာသော လိင်ဆိုင်ရာကူးစက်ရောဂါကြောင့် ထိခိုက်ခံရသည့်အင်္ဂါများကို ထိုအချိန်က လူအများသိခဲ့ကြသည်။ ဥပမာ၊ငွေကိုတပ်မက်ခြင်း၏ကျော့ကွင်း
လျင်မြန်စွာချမ်းသာကြွယ်ဝရန် ကြိုးစားအားထုတ်ရာတွင် များစွာသောသူတို့သည် မိမိတို့ငွေနှင့် ကြီးမားသောအရဲစွန့်မှုများကိုပြုလုပ်ကြသည်။ ဝမ်းနည်းစရာမှာ ထိုသို့သောစွန့်စားမှုများသည် ငွေကြေးဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုကို ဖြစ်စေလေ့ရှိသည်။ သို့ရာတွင် သမ္မာကျမ်းစာက ဘုရားသခင်၏ကျေးကျွန်များကို ဤသို့ဆိုသည်– “ဆင်းရဲသောသူအား ပေးကမ်းဝေငှရန်ရှိစေခြင်းငှာ၊ မိမိလက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ။” (ဧဖက် ၄:၂၈) မှန်ပါသည်၊ အလုပ်ကြိုးစားသူသည် အမြဲပင် ချမ်းသာကြွယ်ဝလာမည်တော့မဟုတ်ပါ။ သို့တိုင် သူသည် စိတ်ငြိမ်သက်ခြင်း၊ ကိုယ့်သိက္ခာကိုယ်လေးစားခြင်းနှင့် မွန်မြတ်သောအရေးကိစ္စတစ်ခုအတွက် လှူဒါန်းနိုင်သည့် စုဆောင်းငွေများပင်ရှိကောင်းရှိပေမည်။
သမ္မာကျမ်းစာက ဤသို့သတိပေးသည်– “ငွေရတတ်ခြင်းငှာအလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သောတပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသူတို့အားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌နစ်မွန်းတတ်ကြ၏။ အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် . . . ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်၁ တိမောသေ ၆:၉၊ ၁၀) “ငွေရတတ်ခြင်းငှာအလိုရှိသောသူ” များစွာတို့သည် ချမ်းသာကြွယ်ဝအောင်ပြုလုပ်ကြသည်မှာ ငြင်းဆိုဖွယ်ရာမရှိပါ။ သို့သော် အဘယ်အဖိုးအခပေးရသနည်း။ မိမိတို့၏ကျန်းမာရေး၊ မိသားစုရေး၊ ဝိညာဉ်ရေးနှင့် အိပ်ရေးပျက်ခြင်းတို့ပင်မဟုတ်ပေလော။—ဒေ. ၅:၁၂။
ချင်းခပ်အောင်ထိုးကြပြီ။” (ပညာရှိသောပုဂ္ဂိုလ်တစ်ဦးက “စည်းစိမ်ရှိသော်လည်း စည်းစိမ်၌အသက်မတည်” ကြောင်း ဖော်ပြခဲ့သည်။ (လုကာ ၁၂:၁၅) ငွေကြေးနှင့် အခြားသောစည်းစိမ်ဥစ္စာများသည် လူ့ဘောင်အဖွဲ့အစည်းအများစုတွင် လိုအပ်ပါသည်။ သမ္မာကျမ်းစာက “ငွေသည် ကွယ်ကာတတ်၏” ဟုဆို၏၊ သို့သော် “ပညာအတတ်သည် အဘယ်သို့မြတ်သနည်းဟူမူကား ပညာအတတ်ကိုရသောသူသည် အသက်ကိုလည်းရတတ်၏” ဟူ၍ထပ်ဆင့်ဖော်ပြသည်။ (ဒေ. ၇:၁၂) ငွေနှင့်မတူဘဲ တိကျမှန်ကန်သောအသိပညာနှင့် ဉာဏ်ပညာသည် ကျွန်ုပ်တို့ကို အခြေအနေအားလုံးတွင် ကူညီပေးနိုင်သည်၊ သို့သော် အထူးသဖြင့် ကျွန်ုပ်တို့အသက်တာကို အကျိုးပြုသောကိစ္စရပ်များတွင်ဖြစ်သည်။—သု. ၄:၅-၉။
ဉာဏ်ပညာတစ်ခုတည်းက ကျွန်ုပ်တို့အားကွယ်ကာသည့်အခါ
မကြာမီ ဆိုးယုတ်မှုများကို ဘုရားသခင်ဖျက်ဆီးသည့်အခါ စစ်မှန်သောဉာဏ်ပညာသည် တစ်ခါမျှမဖြစ်ခဲ့ဖူးသေးသည့်နည်းလမ်းဖြင့် ‘၎င်းကိုရသောသူများကို အသက်ချမ်းသာရစေ’ မည်—အလျင်အမြန်ချဉ်းကပ်လာနေသော “ကြီးစွာသောဒုက္ခ” တစ်လျှောက် ကာကွယ်ပေးမည်။ (မဿဲ ၂၄:၂၁) ထိုအချိန်တွင် လူများသည် သမ္မာကျမ်းစာဆိုသည့်အတိုင်း သူတို့ငွေများကို “ညစ်ညူးသောအရာ” ကဲ့သို့လမ်းပေါ်သို့ပစ်လိုက်ကြမည်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ‘ယေဟောဝါ၏အမျက်ထွက်တော်မူရာကာလ’ တွင် ထိုရွှေငွေသည် သူတို့ကိုကယ်တင်ခြင်းငှာ မတတ်နိုင်ကြောင်း ခါးသီးစွာတွေ့ကြုံရမည်ဖြစ်သောကြောင့်ပင်။ (ယေဇကျေလ ၇:၁၉) အခြားတစ်ဖက်တွင်မူ မိမိတို့အသက်တာတွင် ဝိညာဉ်ရေးရာအကျိုးစီးပွားများကို ရှေ့ဦးထားခြင်းဖြင့် ပညာရှိစွာနှင့် ‘ကောင်းကင်ဘဏ္ဍာကိုဆည်းပူး’ ခဲ့ကြသည့် “လူအုပ်ကြီး” သည် စိတ်ချရသောရင်းနှီးမြှုပ်နှံမှုမှ အကျိုးခံစားရမည်ဖြစ်ကာ မြေကြီးပရဒိသုတွင် ထာဝရအသက်ရရှိကြမည်ဖြစ်သည်။—ဗျာဒိတ် ၇:၉၊ ၁၄; ၂၁:၃၊ ၄; မဿဲ ၆:၁၉၊ ၂၀။
ထိုလုံခြုံသောအနာဂတ်ကို ကျွန်ုပ်တို့မည်သို့ရရှိနိုင်မည်နည်း။ ယေရှုက ဤသို့အဖြေပေးသည်– “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) သန်းပေါင်းများစွာသည် ထိုအသိပညာကို ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာမှရရှိကြသည်။ ထိုသို့သောသူများသည် အနာဂတ်အတွက် အံ့ဖွယ်မျှော်လင့်ချက်ရရှိကြရုံသာမက ယခုပင် ငြိမ်သက်မှုနှင့် လုံခြုံမှုကိုလည်း အတိုင်းအတာတစ်ခုအထိ ခံစားကြရသည်။ ၎င်းသည် ဆာလံဆရာဖော်ပြခဲ့သကဲ့သို့ပင်ဖြစ်သည်– “ငြိမ်ဝပ်စွာအိပ်၍ပျော်ပါမည်။ အကြောင်းမူကား အကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ်တော်အရှင်ထာဝရဘုရားသာလျှင် အခွင့်ပေးတော်မူ၏။”—ဆာလံ ၄:၈။
သမ္မာကျမ်းစာလုပ်ဆောင်သကဲ့သို့ သင့်ကျန်းမာရေးနှင့်အသက်တာကို အန္တရာယ်လျော့နည်းအောင်ကူညီပေးနိုင်သည့် အခြားအချက်အလက်ရင်းမြစ်တစ်ခုခုကို သင်စဉ်းစားနိုင်ပါသလော။ သမ္မာကျမ်းစာအခွင့်အာဏာရှိသကဲ့သို့ အခြားမည်သည့်စာအုပ်မျှ မရှိပါ၊ အခြားမည်သည့်စာအုပ်မျှ မျက်မှောက်ခေတ် အန္တရာယ်ပြည့်လွှမ်းသောကမ္ဘာတွင် စစ်မှန်သောလုံခြုံမှုကိုတွေ့ရှိရန် ကူညီပေးနိုင်စွမ်းမရှိပါ။ ၎င်းကိုပို၍ ဆန်းစစ်ကြည့်ပါလေ။
[စာမျက်နှာ ၆ ပါ လေးထောကွက်/ ရုပ်ပုံ]
သာ၍ကောင်းသော ကျန်းမာရေးနှင့်လုံခြုံရေး—သမ္မာကျမ်းစာအားဖြင့်
ဂျေးန် *အမည်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ဘဝ၏ဖြစ်ရပ်မှန်များမှလွတ်မြောက်ရန် ဆေးခြောက်၊ ဆေးရွက်ကြီး၊ ကိုကင်း၊ အမ်ဖီတာမင်း၊ အယ်လ်အက်စ်ဒီနှင့် အခြားမူးယစ်ဆေးများကို စွဲသုံးခဲ့သည်။ အရက်ယမကာကိုလည်း အလွန်အကျွံသောက်ခဲ့သည်။ ဂျေးန်အဆိုအရ သူ၏ခင်ပွန်းသည်လည်း အလားတူအခြေအနေ၌ရှိသည်။ သူတို့၏အနာဂတ်ကား ရတက်မအေးစရာပင်။ ၎င်းနောက်တွင် ဂျေးန်သည် ယေဟောဝါသက်သေများနှင့် အဆက်အသွယ်ရခဲ့သည်။ ခရစ်ယာန်စည်းဝေးများကိုစတင်တက်ရောက်ပြီး ကင်းမျှော်စင်နှင့် ယင်း၏တွဲဖက်မဂ္ဂဇင်းဖြစ်သော နိုးလော့! ကိုစတင်ဖတ်ရှုကာ ယင်းတို့ကို ခင်ပွန်းဖြစ်သူအားဝေမျှခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာစတင်လေ့လာခဲ့သည်။ ယေဟောဝါ၏ မြင့်မားသောစံနှုန်းများကို လေးမြတ်မှုတိုးပွားလာသည်နှင့်အမျှ သူတို့သည် စွဲနေသည့်အရာအားလုံးကို ဖြတ်ပစ်ခဲ့ကြသည်။ ရလဒ်ကားအဘယ်နည်း။ နှစ်အနည်းငယ်ကြာပြီးနောက် ဂျေးန်က ဤသို့ရေးခဲ့သည်– “ကျွန်မတို့ရဲ့အသက်တာအသစ်က ရွှင်လန်းမှုများစွာကို ဆောင်ကြဉ်းပေးတယ်။ ကိုယ်တော့်စကားတော်ရဲ့ သန့်စင်ပေးနိုင်စွမ်းနဲ့ အခုကျွန်မတို့ရရှိနိုင်တဲ့ လွတ်မြောက်မှုပေးပြီး ကျန်းမာတဲ့အသက်တာအတွက် ယေဟောဝါကို အရမ်းကျေးဇူးတင်ပါတယ်။”
ကွန်ပျူတာနည်းစနစ်များကို ကြည့်ရှုစောင့်ရှောက်သည့်အလုပ်လုပ်ကိုင်သူ ကာ့သ်၏အဖြစ်အပျက်မှ ရိုးသားသောအလုပ်သမားတစ်ဦး၏တန်ဖိုးကို ကောင်းစွာဖော်ပြသည်။ ပစ္စည်းကိရိယာအသစ်များလိုအပ်သဖြင့် ကာ့သ်၏အလုပ်ရှင်က ဈေးနှုန်းချိုသာစွာနှင့် ရှာရန်တာဝန်ကို သူ့အားလွှဲအပ်ခဲ့သည်။ ကာ့သ်သည် သင့်တော်သောပစ္စည်းရောင်းသည့်နေရာကိုတွေ့ ရှိကာ ဈေးနှုန်းအတွက် သဘောတူညီမှုရခဲ့သည်။ သို့ရာတွင် ပစ္စည်းရောင်းသည့်စာရေးသည် သဘောတူထားသည့်ဈေးနှုန်းထက် အမေရိကန်ဒေါ်လာ ၄၀,၀၀၀ နီးပါးလျော့၍ ဈေးနှုန်းကို မှားယွင်းစွာရေးသားခဲ့သည်။ အမှားကိုသတိပြုမိခြင်းကြောင့် ကာ့သ်သည်ကုမ္ပဏီကိုပြောပြရာ မန်နေဂျာက သူ၏လုပ်ငန်းသက်တမ်း ၂၅ နှစ်အတွင်း ဤကဲ့သို့သောရိုးသားမှုမျိုးကိုမတွေ့ ဖူးကြောင်း ပြောခဲ့သည်။ သူ၏ကိုယ်ကိုကိုယ်သိသောစိတ်သည် သမ္မာကျမ်းစာအားဖြင့်ပုံသွင်းခံထားကြောင်း ကာ့သ်ကရှင်းပြခဲ့သည်။ ရလဒ်အနေနှင့် မန်နေဂျာသည် လုပ်ဖော်ဆောင်ဖက်များကိုပေးနိုင်ရန် အလုပ်အကိုင်တွင်ရိုးသားမှုနှင့်သက်ဆိုင်သည့် နိုးလော့! အစောင် ၃၀၀ ကို တောင်းခံခဲ့သည်။ ကာ့သ်အတွက်မူ သူ၏ရိုးသားမှုက ရာထူးတက်စေခဲ့သည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 30 အမည်များကိုပြောင်းထားသည်။
[Caption on page 7]
“ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင် . . . သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။”—ဟေရှာယ ၄၈:၁၇