ဆင်းရဲနွမ်းပါးမှုကို တိုက်လှန်ခြင်း ရှုံးနိမ့်နေသလော
ဆင်းရဲနွမ်းပါးမှုကို တိုက်လှန်ခြင်း ရှုံးနိမ့်နေသလော
နယူးယောက်မြို့ရှိ ကုလသမဂ္ဂသို့လာရောက်လည်ပတ်ကြသော ကမ္ဘာလှည့်ခရီးသည်များသည် လူထုပြခန်းအထက် မျက်နှာကြက်တွင် ဟာလာဟင်းလင်းဖြစ်နေသည့် ပိုက်လိုင်းများနှင့် ပိုက်လိုင်းပြေးလမ်းများရှိသော စီးပွားရေးနှင့်လူမှုရေးကောင်စီခန်းမကြီးကို တွေ့ မြင်ကြသည်။ ဧည့်လမ်းညွှန်က ဤသို့ရှင်းပြသည်– “ယူအဲန်ရဲ့ စီးပွားရေးနဲ့ လူမှုရေးလုပ်ငန်းဟာ ဘယ်တော့မှပြီးစီးမှာမဟုတ်ဘူးဆိုတာကို ပြင်ပလက္ခဏာသတိပေးချက်တစ်ရပ်အဖြစ် ‘မပြီးစီးသော’ မျက်နှာကြက်က ဖော်ပြတယ်လို့ အများကတွေ့ မြင်တယ်; ကမ္ဘာသူကမ္ဘာသားတို့ရဲ့ လူနေမှုအခြေအနေများတိုးတက်လာစေဖို့ ပိုပြီးပြုလုပ်နိုင်တဲ့အရာတစ်စုံတစ်ခု အမြဲရှိနေမှာပဲ။”
အဆိုပါကောင်စီသည် အားလုံးအတွက် သာ၍မြင့်မားသောလူနေမှုအဆင့်အတန်းတစ်ရပ်ရှိစေရန် သင့်လျော်ကြောင်းဝန်ခံသော်လည်း လုပ်ငန်းတာဝန်မှာ အဆုံးသတ်၍ရမည့်ဟန်မရှိချေ။ စိတ်ဝင်စားစရာမှာ စီ.အီး. ပထမရာစုနှစ်၌ ယေရှုခရစ်တော်၏ မြေကြီးပေါ် ခရစ်ယာန်ဓမ္မအမှုကာလအတွင်း ကိုယ်တော်က ဤသို့မိန့်တော်မူခဲ့သည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်း [“သတင်းကောင်း၊” ကဘ] ကို ကြားပြောစေခြင်းငှာ ငါ့ကိုဘိသိက်ပေးတော်မူပြီ။” (လုကာ ၄:၁၈၊ ၁၉) ကိုယ်တော်ကြွေးကြော်သော “သတင်းကောင်း” ကားအဘယ်နည်း။ ယင်းကား ‘ခက်ခဲရာကာလ၌ ဆင်းရဲသောသူတို့ခိုလှုံရာ’ ဖြစ်တော်မူထသော ယေဟောဝါဘုရားသခင်သည် ဘုရင်ယေရှုခရစ်အားဖြင့် တည်ထောင်တော်မူမည့် ဘုရားသခင့်နိုင်ငံတော်နှင့်သက်ဆိုင်သောသတင်း ဖြစ်သည်။ အဆိုပါဘုရားသခင့်နိုင်ငံတော်သည် အဘယ်အရာကိုပြီးမြောက်စေမည်နည်း။ ဟေရှာယက ဤသို့ပရောဖက်ပြုခဲ့သည်– “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူသော ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သောစပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာစီရင်တော်မူလိမ့်မည်။ သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။”—ဟေရှာယ ၂၅:၄-၆၊ ၈။
ဘုရားသခင့်နိုင်ငံတော်သည် “ကမ္ဘာသူကမ္ဘာသားတို့၏ လူနေမှုအခြေအနေများကို မည်သို့တိုးတက်လာစေ” ပြီး လိုလေသေးမရှိဖြစ်စေမည်အကြောင်း သင်ပိုမိုသိလိုသလော။ ထိုအကြောင်းအရာများနှင့်ပတ်သက်၍ အရည်အချင်းရှိ သွန်သင်ပေးသူတစ်ဦး သင့်ထံလာလည်ပတ်ကာ သမ္မာကျမ်းစာမှဖော်ပြချက်ကို တင်ပြပေးစေရန် သင်မည်သို့လုပ်ဆောင်နိုင်ကြောင်းသိဖို့ အောက်ဘက်သို့ရှုပါ။