အိမ်ထောင်ဖက်ရွေးချယ်ခြင်းအတွက် မြင့်မြတ်သောလမ်းညွှန်ချက်
အိမ်ထောင်ဖက်ရွေးချယ်ခြင်းအတွက် မြင့်မြတ်သောလမ်းညွှန်ချက်
“သင့်ကိုငါသွန်သင်မည်၊ သင်သွားရမည့်လမ်းကိုပြညွှန်မည်၊ သင့်ကိုငါကြည့်ရှု၍အကြံပေးမည်။”—ဆာလံ ၃၂:၈၊ သမ္မာ။
၁။ သာယာချမ်းမြေ့သည့်အိမ်ထောင်တစ်ခုအတွက် အဘယ်အရာများလိုသနည်း။
လွှဲနေသည့် ကောင်းကင်ဘားတန်းမှ လွင့်ထွက်လာသည့် ကောင်းကင်ကျွမ်းဘားသမားတစ်ဦးသည် ကိုယ်ကိုကွေးညွတ်လျက် လေထဲတွင် ကျင်လည်ပိုင်နိုင်စွာ ကျွမ်းထိုးချလိုက်သည်။ လျင်မြန်စွာပင် ခန္ဓာကိုယ်ကို ကွေးညွတ်ရာမှဆန့်လိုက်ပြီး လက်နှစ်ဖက်ကိုကမ်းထားရာ တစ်ဖက်မှ ဇောက်ထိုးကျွမ်းပြန်လာသည့် ကျွမ်းဘားသမားတစ်ဦးက သူ့ကို ဖမ်းကိုင်လိုက်သည်။ ရေခဲပြင် စကိတ်စီး စုံတွဲတစ်တွဲသည် စကိတ်စီးသည့်ရုံတွင် ညက်ညောပြေပြစ်စွာ ကပြနေကြသည်။ ရုတ်တရက် အမျိုးသားဖြစ်သူက သူ၏အဖော်အမျိုးသမီးကို ချီမကာ လေထဲသို့ မြှောက်တင်လိုက်သည်။ အမျိုးသမီးသည် ပတ်ချာလည်လျက် စကိတ်ဖိနပ်တစ်ဖက်ဖြင့် ယဉ်ယဉ်ကြော့ကြော့လေး ပြန်ကျလာကာ အမျိုးသားနှင့်အတူ ရေခဲပြင်ပေါ် ဆက်၍လှည့်ပတ်ကပြသွားသည်။ ထိုပြကွက်နှစ်ခုစလုံး၏လုပ်ဆောင်ချက်တို့သည် အားစိုက်မှု လုံးဝမပါပုံပေါက်သည်။ သို့တိုင် လေ့ကျင့်မှု၊ တတ်စွမ်းနိုင်သော အဖော်တစ်ဦးနှင့် အထူးသဖြင့် လမ်းညွှန်မှု သို့မဟုတ် ညွှန်ကြားချက်ကောင်းမရှိဘဲ မည်သူသည် စမ်း၍ပင်လုပ်ကြည့်ပါမည်နည်း။ အလားတူစွာ သာယာချမ်းမြေ့သည့်အိမ်ထောင်တစ်ခုသည် အမှတ်မထင် ဖြစ်ပျက်လာပုံရှိပေမည်။ သို့ရာတွင် ၎င်းသည်လည်း အဖော်အဖက်ကောင်း၊ ညှိနှိုင်းအားထုတ်မှုနှင့် အထူးသဖြင့် ပညာရှိသွန်သင်ချက်တို့အပေါ် များစွာမူတည်၏။ အမှန်ပင် တော်မှန်သောလမ်းညွှန်မှု မရှိမဖြစ်လိုအပ်သည်။
၂။ (က) အိမ်ထောင်ရေးအစီအစဉ်ကို မည်သူစတင်ခဲ့သနည်း၊ မည်သည့်ရည်ရွယ်ချက်အတွက်နည်း။ (ခ) အိမ်ထောင်ပြုခြင်းအစီအစဉ်အချို့ကို မည်သို့ပြုလုပ်ကြသနည်း။
၂ ငယ်ရွယ်သော အိမ်ထောင်မပြုရသေးသူ အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးက အိမ်ထောင်ဖက်—ဘဝအဖော်မွန်—အကြောင်း စဉ်းစားခြင်းသည် သဘာဝကျပါသည်။ အိမ်ထောင်ပြုခြင်းကို ယေဟောဝါဘုရားသခင် စတင်ချိန်ကတည်းက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အိမ်ထောင်ပြုခြင်းသည် သာမန်ဘဝလမ်းစဉ်တစ်ခုဖြစ်လာပေပြီ။ သို့သော် ပထမလူသား အာဒံမူကား မိမိ၏ဇနီးသည်ကို မရွေးချယ်ခဲ့ချေ။ ယေဟောဝါသည် သူ့အတွက် မေတ္တာပါပါပြုလုပ်ပေးခဲ့သည်။ (ကမ္ဘာဦး ၂:၁၈-၂၄) ပထမလူသားမောင်နှံအနေဖြင့် များပြားစွာမွေးဖွားကာ နောက်ဆုံးတွင် မြေကြီးသည် လူသားများနှင့်ပြည့်နေပေလိမ့်မည်။ ထိုပထမအကြိမ်ပေါင်းစည်းမှုပြီးနောက် အိမ်ထောင်ပြုခြင်းအစီအစဉ်များကို များသောအားဖြင့် သတို့သမီးနှင့် သတို့သားတို့၏မိဘများက စီစဉ်ပေးလေ့ရှိကာ တစ်ခါတစ်ရံတွင် နှစ်ဦးနှစ်ဖက်သဘောတူညီချက်ရပြီးမှ ထိုသို့ပြုလုပ်ကြသည်။ (ကမ္ဘာဦး ၂၁:၂၁; ၂၄:၂-၄၊ ၅၈; ၃၈:၆; ယောရှု ၁၅:၁၆၊ ၁၇) စေ့စပ်ပေးရသည့် အိမ်ထောင်အစီအစဉ်ကို အချို့နိုင်ငံများတွင် ပြုလုပ်နေကြဆဲဖြစ်သော်လည်း ယနေ့ လူများစွာတို့သည် အိမ်ထောင်ဖက်ကို မိမိတို့ဘာသာရွေးချယ်ကြသည်။
၃။ အိမ်ထောင်ဖက်ကို မည်သို့ရွေးချယ်သင့်သနည်း။
၃ အိမ်ထောင်ဖက်ကို မည်သို့ရွေးချယ်သင့်သနည်း။ အချို့သည် အပေါ်ယံအသွင်အပြင်—သူတို့အမြင်တွင် နှစ်ခြိုက်သဘောကျရာ—၏ ဩဇာညောင်းခြင်းခံရကြသည်။ အခြားသူများမူ ရုပ်ပစ္စည်းအကျိုးကျေးဇူးများကိုလည်းကောင်း၊ သူတို့ကို ကောင်းစွာပြုစုပေးမည့်သူနှင့် သူတို့လိုအပ်ရာများနှင့် ဆန္ဒများကို ဖြည့်စွက်ပေးမည့်သူတစ်ဦးဦးကိုလည်းကောင်း ရှာဖွေကြသည်။ သို့သော် ဤသို့သောနည်းလမ်းတစ်ခုတည်းကသာ ပျော်ရွှင်၍ ကျေနပ်ရောင့်ရဲမှုပေးသည့် ပေါင်းသင်းဆက်ဆံမှုကို ရရှိစေနိုင်မည်လော။ “ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့်ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ထာဝရဘုရားကိုကြောက်ရွံ့သောမိန်းမမူကား ချီးမွမ်းခြင်းကိုခံရလိမ့်မည်” ဟူ၍ နယပုံပြင် ၃၁:၃၀ ကဆိုထားသည်။ ဤတွင် အဓိကအချက်တစ်ချက်ပါရှိသည်– အဖော်အဖက်ရွေးချယ်သည့်အခါ ယေဟောဝါကို ထည့်သွင်းစဉ်းစားခြင်းဖြစ်သည်။
ဘုရားသခင်ထံမှ မေတ္တာပါသောလမ်းညွှန်ချက်
၄။ အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့်စပ်လျဉ်း၍ အဘယ်အကူအညီကို ဘုရားသခင်ပေးထားသနည်း။
၄ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ယေဟောဝါသည် ကိစ္စရပ်အားလုံးအတွက် လမ်းညွှန်ချက်ကို ကိုယ်တော်၏သမ္မာကျမ်းစာတွင် ရေးသားဖော်ပြထားသည်။ ကိုယ်တော်က ဤသို့ဆို၏– “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဟေရှာယ ၄၈:၁၇) ထို့ကြောင့် အိမ်ထောင်ဖက်ရွေးချယ်ရန်အတွက် ရေရှည်အကျိုးရှိသော လမ်းညွှန်ချက်များကို သမ္မာကျမ်းစာတွင် တွေ့ရှိရခြင်းသည် အံ့ဩစရာမဟုတ်ပါလေ။ ကျွန်ုပ်တို့၏အိမ်ထောင်မင်္ဂလာ တည်မြဲပြီး ပျော်ရွှင်စေရန် ယေဟောဝါအလိုရှိတော်မူ၏။ ထို့ကြောင့် အဆိုပါလမ်းညွှန်ချက်များကို သဘောပေါက်ကာ လက်တွေ့ကျင့်သုံးနိုင်ရန် အကူအညီကို စီမံပေးထားတော်မူ၏။ ကျွန်ုပ်တို့၏မေတ္တာပါသော ဖန်ဆင်းရှင်ကို ထိုအတိုင်းပင် မျှော်လင့်ကြမည်မဟုတ်ပေလော။—ဆာလံ ၁၉:၈။
ဖြင့်ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။” (၅။ အိမ်ထောင်တွင် ပျော်ရွှင်မှုတည်မြဲရန် အဘယ်အရာသည် အရေးပါသနည်း။
၅ အိမ်ထောင်ရေးအစီအစဉ်ကို ယေဟောဝါစတင်ခဲ့စဉ်က တည်မြဲသည့်နှောင်ကြိုးဖြစ်စေရန် ရည်ရွယ်တော်မူ၏။ (မာကု ၁၀:၆-၁၂; ၁ ကောရိန္သု ၇:၁၀၊ ၁၁) ထို့ကြောင့် “မယားကိုစွန့်ခြင်းအမှုကို . . . မုန်း” ကာ “မတရားသောမေထုန်” ဖြစ်မှသာ ၎င်းကိုခွင့်ပြုသည်။ (မာလခိ ၂:၁၃-၁၆; မဿဲ ၁၉:၉၊ ကဘ) ထို့ကြောင့် အိမ်ထောင်ဖက်ရွေးချယ်ခြင်းသည် ကျွန်ုပ်တို့လှမ်းနိုင်သည့် အရေးအကြီးဆုံးခြေလှမ်းများအနက် တစ်ခုဖြစ်ပြီး ယင်းကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ချေ။ ဤမျှပျော်ရွှင်မှု သို့မဟုတ် ဝမ်းနည်းမှုပေးနိုင်သော ဆုံးဖြတ်ချက်များစွာမရှိပါ။ ကောင်းစွာရွေးခြင်းက လူတစ်ဦး၏ဘဝကို ပိုသာယာစေ၍ ကျေနပ်မှုပေး၏၊ သို့သော် အရွေးမတော်လျှင် ဝမ်းနည်းခြင်းသည် အတောမသတ်နိုင်ပေ။ (သု. ၂၁:၁၉; ၂၆:၂၁) ဆက်လက်ပျော်ရွှင်နိုင်ရန် ပညာရှိရှိရွေးချယ်ပြီး ရာသက်ပန်ကတိကဝတ်ပြုရန် လိုလိုလားလားရှိဖို့ အရေးကြီး၏၊ အကြောင်းမှာ တညီတညွတ်တည်း ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ထမြောက်အောင်မြင်မည့် တွဲဖက်တစ်ခုအဖြစ် အိမ်ထောင်ရေးကို ဘုရားသခင်စတင်ခဲ့သောကြောင့်ဖြစ်သည်။—မဿဲ ၁၉:၆။
၆။ အဖော်အဖက်ရွေးချယ်သောအခါ လူငယ်မောင်မယ်များသည် အဘယ်ကြောင့် အထူးသဖြင့် ဂရုစိုက်ဖို့လိုသနည်း၊ ပညာအရှိဆုံး ဆုံးဖြတ်ချက်ကို မည်သို့ချနိုင်သနည်း။
၆ အထူးသဖြင့် လူငယ်မောင်မယ်များသည် အိမ်ထောင်ဖက်ရွေးချယ်သောအခါ ရုပ်ရည်၏ဆွဲဆောင်မှုနှင့် ဆန္ဒပြင်းပြမှုတို့ကြောင့် သူတို့၏အကဲဖြတ်မှုကို လွဲချော်မသွားစေရန် ဂရုစိုက်ဖို့လိုသည်။ အမှန်ဆိုရလျှင် ထိုသို့သောအချက်များအပေါ်သာ လုံးလုံးအခြေပြုသော ဆက်ဆံရေးသည် အထင်အမြင်သေးခြင်း သို့မဟုတ် မုန်းတီးခြင်းအထိပင် လျင်မြန်စွာ တိုက်စားသွားနိုင်သည်။ (၂ ဓမ္မရာဇဝင် ၁၃:၁၅) အခြားတစ်ဖက်တွင်မူ ကျွန်ုပ်တို့၏အိမ်ထောင်ဖက်အကြောင်းကို သိရှိလာကာ မိမိကိုယ်ကိုလည်း တိုး၍သိရှိနားလည်လာရာ နှစ်နှစ်ကာကာချစ်သောမေတ္တာမှာ ပျိုးထောင်ခံရနိုင်သည်။ အစအဦး၌ကျွန်ုပ်တို့စွဲမက်ခဲ့သူသည် ကျွန်ုပ်တို့အတွက် အကောင်းဆုံးဖြစ်ချင်မှဖြစ်မည်ကိုလည်း ကျွန်ုပ်တို့အသိအမှတ်ပြုရန်လို၏။ (ယေရမိ ၁၇:၉) ထို့ကြောင့် သမ္မာကျမ်းစာပါ မြင့်မြတ်သောလမ်းညွှန်ချက်သည် အလွန်အရေးကြီးလှပေသည်။ ကျွန်ုပ်တို့ဘဝတွင် ပညာအရှိဆုံး ဆုံးဖြတ်ချက်များကို မည်သို့ချမှတ်နိုင်ကြောင်း ပိုင်းခြားသိရှိရန် ၎င်းက ကူညီပေးသည်။ ယေဟောဝါသည် ဤသို့မိန့်မြွက်တော်မူကြောင်း ဆာလံဆရာဖော်ပြခဲ့သည်– “သင့်ကိုငါသွန်သင်မည်၊ သင်သွားရမည့်လမ်းကိုပြညွှန်မည်၊ သင့်ကိုငါကြည့်ရှု၍အကြံပေးမည်။” (ဆာလံ ၃၂:၈၊ သမ္မာ; ဟေဗြဲ ၄:၁၂) အိမ်ထောင်မင်္ဂလာသည် ကျွန်ုပ်တို့၏မွေးရာပါ မေတ္တာနှင့် အပေါင်းအသင်းလိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်သော်လည်း ယင်းက ရင့် ကျက်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်းလိုအပ်သည့် စိန်ခေါ်ချက်များကိုလည်း ပေါ်ပေါက်စေသည်။
၇။ အဖော်အဖက်ရွေးခြင်းနှင့်ပတ်သက်သည့် ကျမ်းစာအခြေပြုအကြံဉာဏ်ကို အချို့သူများ အဘယ်ကြောင့် လက်မခံကြသနည်း၊ သို့တိုင် ယင်းလမ်းစဉ်က မည်သည့်အဖြစ်သို့ ဦးတည်ပေးနိုင်သနည်း။
၇ အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့်ပတ်သက်၍ အိမ်ထောင်မင်္ဂလာကိုအစပြုသူပြောဆိုသည့်စကားကို ဂရုပြုလိုက်နာခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်သည်။ သို့တိုင် ကျမ်းစာအခြေပြုအကြံဉာဏ်ကို မိဘများထံမှ သို့မဟုတ် ခရစ်ယာန်အကြီးအကဲများထံမှ ရရှိသောအခါ လက်မခံချင်ဘဲနေကြပေမည်။ သူတို့သည် ကျွန်ုပ်တို့ကို အပြည့်အဝနားလည်မပေးကြဟူ၍ ယူမှတ်ကြပေမည်၊ ထို့ပြင် မိမိနှလုံးစွဲမက်ရာနောက်လိုက်ရန် ပြင်းပြသောဆန္ဒများက အနိုင်အထက်ပြုပေမည်။ သို့ရာတွင် အဖြစ်မှန်ကိုသိရှိလာရာ ကျွန်ုပ်တို့အကျိုးအတွက်ပေးသော ပညာရှိအကြံဉာဏ်ကို မလိုက်နာခဲ့မိသည့်အတွက် ယူကျုံးမရဖြစ်ကြရပေမည်။ (သု. ၂၃:၁၉; ၂၈:၂၆) ကျွန်ုပ်တို့သည် မေတ္တာခေါင်းပါးသည့်အိမ်ထောင်တွင် သားသမီးများကိုအုပ်ထိန်းနိုင်ရန် အခက်တွေ့လျက် မယုံကြည်သောအိမ်ထောင်ဖက်နှင့်ပင် တွဲဖက်နေရမိသားဖြစ်နေပေမည်။ များစွာပျော်ရွှင်မှုပေးနိုင်သည့် အစီအစဉ်တစ်ခုသည် စိတ်သောကများစွာကျရောက်စေသည့်အရာ ဖြစ်လာသည့်အတွက် မည်မျှဝမ်းနည်းလိုက်မည်ဖြစ်ခြင်း!
ဘုရားသခင်ရေးရာ ဆည်းကပ်ဝတ်ပြုမှု—အဓိကသော့ချက်
၈။ အိမ်ထောင်တည်မြဲရန်နှင့် ပျော်ရွှင်မှုရှိစေရန် ဘုရားသခင်ရေးရာ ဆည်းကပ်ဝတ်ပြုမှုက မည်သို့ကူညီပေးနိုင်သနည်း။
၈ တစ်ဦးကိုတစ်ဦးမေတ္တာမျှစွဲလမ်းခြင်းသည် အိမ်ထောင်မင်္ဂလာအား ခိုင်ခံ့စေသည်ဟုဆိုခြင်းကို ဝန်ခံရမည်။ သို့သော် အိမ်ထောင်ရေးနှောင်ဖွဲ့မှုကို တည်မြဲစေရန်နှင့် ပျော်ရွှင်မှုရရှိနိုင်ရန် တူညီသောစံနှုန်းများရှိခြင်းကား ပို၍ပင်အရေးကြီးသည်။ ယေဟောဝါဘုရားသခင်ကို နှစ်ဦးစလုံးဆည်းကပ်ဝတ်ပြုခြင်းသည် အိမ်ထောင်နှောင်ကြိုးကို ခိုင်မြဲစေပြီး အခြားမည်သည့်နည်းဖြင့်မျှမရနိုင်သော စည်းလုံးမှုကိုတိုးပွားစေသည်။ (ဒေ. ၄:၁၂) ခရစ်ယာန်မောင်နှံတစ်စုံသည် သူတို့၏အသက်တာကို ယေဟောဝါအားဝတ်ပြုခြင်းအပေါ် ဗဟိုပြုသောအခါ သူတို့သည် ဝိညာဉ်ရေး၊ စိတ်ဓာတ်ရေးနှင့် အကျင့်တို့တွင် စည်းလုံးကြသည်။ သမ္မာကျမ်းစာကို သူတို့အတူတကွလေ့လာကြသည်။ အတူတကွဆုတောင်းကြသည်၊ ယင်းက သူတို့ကိုစိတ်တူကိုယ်တူဖြစ်စေသည်။ ခရစ်ယာန်အစည်းအဝေးများသို့ အတူတူတက်ကြကာ လယ်ကွင်းဓမ္မအမှုတွင် အတူတကွလုပ်ဆောင်ကြသည်။ ယင်းတို့အားလုံးက ဝိညာဉ်ရေးနှောင်ကြိုးကိုခိုင်မြဲစေရာ သူတို့သည် တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးချစ်ခင်လာကြသည်။ ထိုထက်အရေးကြီးသည်ကား ယေဟောဝါ၏ကောင်းချီးကို ခံစားရစေသည်။
၉။ ဣဇာက်အတွက် မိန်းမရှာဖွေပေးရာတွင် အာဗြဟံသည် အဘယ်အရာလုပ်ဆောင်ခဲ့သနည်း၊ ရလဒ်ကား အဘယ်နည်း။
ကမ္ဘာဦး ၂၄:၃၊ ၄၊ ၇၊ ၁၄-၂၁၊ ၆၇။
၉ တည်ကြည်သူဘိုးဘေးအာဗြဟံသည် မိမိ၏ဘုရားသခင်ရေးရာဆည်းကပ်ဝတ်ပြုမှုကြောင့် သားဖြစ်သူဣဇာက်အတွက် ဇနီးကိုရွေးချယ်ပေးရန် အချိန်တန်သောအခါ ဘုရားသခင့်နှစ်ခြိုက်မှုကိုရလိုခဲ့သည်။ သူ၏အိမ်မှုပြုသည့်ကျွန်အား အာဗြဟံက ဤသို့ပြောဆိုခဲ့သည်– “သင်သည် ငါနေသောခါနာန်အမျိုးသမီးတို့တွင် ငါ့သားဖို့မယားကိုမရွေးမယူဘဲ၊ ငါ့ပြည်၊ ငါ့အမျိုးသားချင်းတို့ထံသို့သွား၍ ငါ့သားဣဇာက်အဖို့ မယားကိုယူရမည်ဟု သင်၏လက်ကို ငါ့ပေါင်အောက်၌ထားပြီးမှ ကောင်းကင်မြေကြီးအရှင်ဘုရားသခင် ထာဝရဘုရားကိုတိုင်တည်၍ ငါကျိန်ဆိုစေပါမည်ဟုဆို၏။ . . . [“ယေဟောဝါ၊” ကဘ] သည် မိမိကောင်းကင်တမန်ကို သင့်ရှေ့၌စေလွှတ်တော်မူသဖြင့် သင်သည် ထိုပြည်မှ ငါ့သားဖို့ မယားကိုယူရလိမ့်မည်။” ရေဗက္ကသည် ဣဇာက်၏အလွန်ပင်ချစ်မြတ်နိုးမှုကိုခံခဲ့ရသော ထူးခြားသည့်ဇနီးသည်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။—၁၀။ လင်မယားအပေါ် မည်သည့် ကျမ်းပေးတာဝန်များ ကျရောက်သနည်း။
၁၀ ကျွန်ုပ်တို့သည် အိမ်ထောင်မပြုရသေးသော ခရစ်ယာန်များဖြစ်ကြပါက ဘုရားသခင်ရေးရာဆည်းကပ်ဝတ်ပြုမှုသည် အိမ်ထောင်ရေးနှင့်ဆိုင်သော ကျမ်းစာတောင်းဆိုချက်များကို ပြည့်မီစေသည့် အရည်အသွေးများတိုးပွားလာစေပါလိမ့်မည်။ ခင်ပွန်းနှင့် ဇနီးသည်များ၏တာဝန်များတွင် ဤအချက်များကိုလည်း တမန်တော်ပေါလုက ဖော်ပြခဲ့သည်– “အချင်းမိန်းမတို့ သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကိုဝန်ခံသကဲ့သို့ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ . . . အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ . . . ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ . . . သင်တို့သည် အသီးအသီးကိုယ်ကိုကိုယ်ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။” (ဧဖက် ၅:၂၂-၃၃) ကျွန်ုပ်တို့တွေ့ရသည့်အတိုင်း ပေါလု၏မှုတ်သွင်းခံစကားများက မေတ္တာနှင့် လေးစားမှုလိုအပ်သည်ကို အလေးပေးဖော်ပြသည်။ ယင်းသွန်သင်ချက်ကိုလိုက်နာကျင့်သုံးခြင်းတွင် ယေဟောဝါအား ခန့်ညားကြောက်ရွံ့ခြင်းပါဝင်၏။ အချိန်အခါကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အကြွင်းမဲ့ကတိကဝတ်လိုအပ်သည်။ အိမ်ထောင်ပြုရန်ရည်ရွယ်သော ခရစ်ယာန်များသည် ဤတာဝန်ကို ယူနိုင်သင့်သည်။
အဘယ်အချိန်တွင် အိမ်ထောင်ပြုမည်ကို ဆုံးဖြတ်ခြင်း
၁၁။ (က) အဘယ်အချိန်တွင် အိမ်ထောင်ပြုရန်နှင့်ပတ်သက်၍ ကျမ်းစာတွင် အဘယ်သွန်သင်ချက်ပါသနည်း။ (ခ) ၁ ကောရိန္သု ၇:၃၆ တွင်မှတ်တမ်းတင်ထားသော ကျမ်းစာသွန်သင်ချက်ကိုလိုက်လျှောက်ခြင်းသည် ဉာဏ်ပညာရှိကြောင်း မည်သည့်ပုံနမူနာက ဖော်ပြသနည်း။
၁၁ အိမ်ထောင်ပြုရန် အသင့်ရှိချိန်ကိုသိခြင်းသည် အရေးကြီး၏။ ယင်းသည် တစ်ဦးနှင့်တစ်ဦးတွင် ကွဲပြားခြားနားသောကြောင့် ကျမ်းစာက အသက်ကိုမသတ်မှတ်ထားပါ။ သို့ရာတွင် ကောင်းစွာအကဲဖြတ်ခြင်းကို လွဲချော်စေနိုင်သော လိင်ဆန္ဒပြင်းပြချိန်ဖြစ်သည့် “လူငယ့်အပွင့်လန်းဆုံးအချိန်ကျော်လွန်” သည်အထိစောင့်ဆိုင်းခြင်းသည် သာ၍ကောင်း၏ဟုဖော်ပြသည်။ (၁ ကောရိန္သု ၇:၃၆၊ ကဘ) “ကျွန်မရဲ့သူငယ်ချင်းတွေက ဆယ်ကျော်သက်အရွယ်မှာ ချိန်းတွေ့ကြ၊ အိမ်ထောင်ပြုကြတာကို တွေ့တဲ့အခါ အဲဒီသွန်သင်ချက်ကိုလိုက်နာဖို့ အတော်ခက်တယ်” ဟုမစ်ရှယ်လ်ကဆို၏။ “ဒါပေမဲ့ အဲ့ဒီသွန်သင်ချက်ဟာ ယေဟောဝါဆီကလာတယ်၊ ကျွန်မတို့အကျိုးအတွက်ပဲဖြစ်မယ်ဆိုတာကို ကျွန်မအသိအမှတ်ပြုလိုက်တယ်။ အိမ်ထောင်ပြုဖို့ စောင့်နေခဲ့လို့ ယေဟောဝါနဲ့ကျွန်မရဲ့ဆက်ဆံရေးကို အာရုံစိုက်နိုင်ပြီး ဆယ်ကျော်သက်အရွယ်မှာ ရနိုင်ဖွယ်အကြောင်းမရှိတဲ့ ဘဝအတွေ့အကြုံတချို့ ရရှိလာပါတယ်။ နောက်နှစ်အနည်းငယ်ကြာလာတော့ အိမ်ထောင်အတွင်းမှာပေါ်လာတတ်တဲ့ ပြဿနာတွေအပြင် တာဝန်တွေကိုလည်း ကျွန်မကိုင်တွယ်ဖို့ အသင့်ရှိလာပါတယ်။”
၁၂။ ငယ်ရွယ်သေးစဉ် အဆောတလျင် အိမ်ထောင်မပြုခြင်းသည် အဘယ်ကြောင့် ပညာရှိရာကျသနည်း။
၁၂ အတော်အတန်ငယ်ရွယ်သေးစဉ် အဆောတလျင် အိမ်ထောင်ပြုသူများသည် ရင့်ကျက်လာသည့်အခါ သူတို့၏လိုအင်ဆန္ဒများပြောင်းလဲသွားကြောင်း တွေ့ရှိလာတတ်သည်။ အစပိုင်းတွင် သူတို့အလွန်နှစ်သက်ခဲ့သောအရာများသည် ယခုအရေးမကြီးတော့ကြောင်း သိမြင်လာကြ၏။ ခရစ်ယာန်မိန်းမငယ်တစ်ဦးသည် အသက် ၁၆ နှစ်အရွယ်တွင် အိမ်ထောင်ပြုရန် စိတ်ဆုံးဖြတ်ထားသည်။ သူ၏အဖွားကော၊ အမေပါ ထိုအသက်အရွယ်တွင် အိမ်ထောင်ပြုခဲ့ကြသည်။ သူစိတ်ဝင်စားခဲ့သူလူငယ်တစ်ဦးက ထိုအချိန်တွင် အိမ်ထောင်မပြုလိုသောအခါ ပြုလိုသူ အခြားတစ်ဦးကိုရွေးချယ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ထိုသို့အလောတကြီး ဆုံးဖြတ်ပြုလုပ်ခဲ့သည့်အတွက် ကြီးစွာယူကျုံးမရဖြစ်ခဲ့ရသည်။
၁၃။ အချိန်မတန်မီ အိမ်ထောင်ပြုသူများသည် အဘယ်ကိစ္စတွင် လိုနေတတ်သနည်း။
၁၃ အိမ်ထောင်ပြုရန် စဉ်းစားသောအခါ အိမ်ထောင်နှင့်ပတ်သက်သမျှကို စေ့စေ့ငုငုသဘောပေါက်ဖို့ အရေးကြီးသည်။ အချိန်မတန်မီအိမ်ထောင်ပြုလိုက်ခြင်းဖြင့် လူငယ်မောင်နှံ မကိုင်တွယ်တတ်သည့် ပြဿနာများစွာ ပေါ်လာစေနိုင်သည်။ အိမ်ထောင်ရေးနှင့် သားသမီးများမွေးမြူခြင်းဆိုင်ရာဖိစီးမှုများကို ကိုင်တွယ်တတ်ရန် လိုအပ်သောအတွေ့အကြုံနှင့် ရင့်ကျက်မှုမရှိဘဲနေပေမည်။ ရာသက်ပန်တွဲဖက်ဖို့ ခန္ဓာရေး၊ စိတ်ဓာတ်ရေးနှင့် ဝိညာဉ်ရေးဘက် အသင့်ရှိနေမှသာ အိမ်ထောင်ပြုသင့်သည်။
၁၄။ အိမ်ထောင်တွင် တင်းမာသည့်အခြေအနေများကိုကိုင်တွယ်ရန် အဘယ်အရာလိုသနည်း။
၁၄ အိမ်ထောင်ပြုသူများသည် “လောကညှဉ်းဆဲခြင်း . . . ကိုခံရကြမည်” ၁ ကောရိန္သု ၇:၂၈) ကွဲပြားသော ဥပဓိရုပ်နှစ်ခုပေါင်းစည်းထားသောကြောင့် ပြဿနာများပေါ်လာမည်ဖြစ်၍ ရှုမြင်ချက်များ ခြားနားလိမ့်မည်။ လူ့မစုံလင်မှုကြောင့် အိမ်ထောင်ရေးအစီအစဉ်တွင် ကျွန်ုပ်တို့၏ကျမ်းပေးတာဝန်ကို ကျေပွန်ရန် ခက်ခဲပေမည်။ (၁ ကောရိန္သု ၁၁:၃; ကောလောသဲ ၃:၁၈၊ ၁၉; တိတု ၂:၄၊ ၅; ၁ ပေတရု ၃:၁၊ ၂၊ ၇) တင်းမာလာနိုင်သည့်အခြေအနေများကို မေတ္တာပါစွာ ဖြေရှင်းတတ်ရန် မြင့်မြတ်သောလမ်းညွှန်မှုကို ရှာဖွေလိုက်လျှောက်ဖို့ ရင့်ကျက်မှုနှင့် ဝိညာဉ်ရေးတည်ငြိမ်မှုလိုအပ်သည်။
ဟုပေါလုက ရေးသားခဲ့သည်။ (၁၅။ မိဘများသည် အိမ်ထောင်ရေးအတွက် သားသမီးများကိုပြင်ဆင်ပေးရာတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်နိုင်သနည်း။ ဥပမာပေးပါ။
၁၅ မိဘများသည် မြင့်မြတ်သောလမ်းညွှန်ချက်ကိုလိုက်လျှောက်ခြင်း၏ အရေးကြီးမှုကို သားသမီးများအား သဘောပေါက်စေခြင်းဖြင့် အိမ်ထောင်ပြုခြင်းအတွက် သူတို့ကို ပြင်ဆင်ပေးနိုင်သည်။ မိဘများသည် ကျမ်းစာနှင့် ခရစ်ယာန်စာပေများကို ကျွမ်းကျင်လိမ္မာစွာအသုံးပြုခြင်းအားဖြင့် မိမိတို့၏သားသမီးကိုယ်တိုင်နှင့် သူတို့၏ကြင်ဖော်လောင်းတို့သည် အိမ်ထောင်ကတိကဝတ်ကိုပြုရန် အသင့်ရှိမရှိ အကဲဖြတ်တတ်ဖို့ ကူညီပေးနိုင်သည်။ * ဆယ့်ရှစ်နှစ်အရွယ် ဘလော့စ်ဆမ်သည် သူ့အသင်းတော်ရှိ လူငယ်တစ်ဦးနှင့် မေတ္တာမျှသည်ဟု ထင်မှတ်ခဲ့သည်။ ထိုလူငယ်သည် အချိန်ပြည့်ရှေ့ဆောင်တစ်ဦးဖြစ်ကာ သူတို့လက်ထပ်လိုကြသည်။ သို့သော် မိန်းကလေး၏မိဘများက သမီးသည် အလွန်ငယ်ရွယ်သေးသည့်အတွက် တစ်နှစ်စောင့်ရန် တောင်းဆိုခဲ့သည်။ နောက်ပိုင်းတွင် ဘလော့စ်ဆမ်က ဤသို့ရေးသားခဲ့သည်– “အဲဒီပညာရှိအကြံဉာဏ်ကို ကျွန်မနားထောင်ခဲ့တဲ့အတွက် တကယ်ကျေးဇူးတင်မိတယ်။ အဲဒီနှစ်အတွင်းမှာပဲ ကျွန်မပိုရင့်ကျက်လာပြီး အဲ့ဒီလူငယ်မှာ ကောင်းတဲ့အိမ်ထောင်ဖက်ဖြစ်နိုင်မယ့် အရည်အချင်းတွေမရှိတာကို စတွေ့လာတယ်။ နောက်ဆုံးတော့ သူဟာ အဖွဲ့အစည်းအပြင်ရောက်သွားတယ်၊ ကျွန်မဘဝပျက်နိုင်တဲ့အခြေအနေကနေ ကျွန်မလွတ်မြောက်ခဲ့ပါတယ်။ စိတ်ချနိုင်တဲ့ အဆုံးအဖြတ်ပေးတဲ့ ပညာရှိမိဘတွေရှိထားတာ တကယ်ဝမ်းသာစရာပဲ!”
‘သခင်ဘုရား၌သာ လက်ထပ်ခြင်း’
၁၆။ (က) ခရစ်ယာန်များသည် ‘သခင်ဘုရား၌ အိမ်ထောင်ပြုခြင်း’ နှင့်စပ်လျဉ်း၍ မည်သို့စမ်းသပ်ခံရနိုင်သနည်း။ (ခ) မယုံကြည်သူကိုလက်ထပ်ရန် သွေးဆောင်ခံရသည့်အခါ ခရစ်ယာန်များသည် အဘယ်အရာကို ပြန်သုံးသပ်သင့်သနည်း။
၁၆ ခရစ်ယာန်များအတွက် ယေဟောဝါ၏ညွှန်ကြားချက်ကား အလွန်ရှင်းပါသည်– ‘သခင်ဘုရား၌သာ အိမ်ထောင်ပြုလော့။’ (၁ ကောရိန္သု ၇:၃၉) ဤကိစ္စတွင် ခရစ်ယာန်မိဘများနှင့် သူတို့၏သားသမီးများသည် စမ်းသပ်ခံရပေမည်။ မည်သို့အားဖြင့်နည်း။ လူငယ်များသည် အိမ်ထောင်ပြုလိုကြပေမည်၊ သို့သော် အသင်းတော်တွင် အဖော်အဖက်ဖြစ်နိုင်မည့်သူများ မရှိဘဲဖြစ်ပေမည်။ အနည်းဆုံးတော့ ယင်းသို့ဖြစ်ဟန်ရှိသည်။ ဒေသတစ်ခုတွင်ရှိ အမျိုးသမီးများအတွက် အမျိုးသားနည်းနေပေမည်၊ သို့မဟုတ် ထိုနေရာတွင် သင့်တော်ပုံရှိသူ တစ်ယောက်မျှမရှိဘဲဖြစ်ပေမည်။ အသင်းတော်သားတစ်ဦးအဖြစ် ဆက်ကပ်အပ်နှံမထားရသေးသော လူငယ်အမျိုးသားတစ်ဦးသည် ခရစ်ယာန်အမျိုးသမီးငယ်တစ်ဦးကို (သို့မဟုတ် အပြန်အလှန်) စိတ်ဝင်စားပေမည်၊ ယင်းက ယေဟောဝါချမှတ်ထားသည့် စံနှုန်းများအပေါ် အလျော့ပေးလိုက်လျောရန် ဖိအားပေးနေမည်။ ဤအခြေအနေမျိုးတွင် အာဗြဟံ၏ပုံသက်သေကို ပြန်သုံးသပ်ခြင်းသည် ကောင်းမည်။ ဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေးကို သူဆက်ထိန်းသိမ်းခဲ့သည့် နည်းတစ်နည်းကား သူ့သားဣဇာက်ကို ယေဟောဝါအား စစ်မှန်သောကိုးကွယ်သူတစ်ဦးနှင့် လက်ထပ်စေခြင်းအားဖြင့်ဖြစ်သည်။ ဣဇာက်သည်လည်း သူ့သား ယာကုပ်ကိစ္စတွင် ထပ်တူပြုလုပ်ခဲ့သည်။ ဤသို့ပြုလုပ်ရန် ပတ်သက်သူအားလုံးတို့ဘက်မှ ကြိုးစားအားထုတ်မှုလိုသော်လည်း ယင်းက ဘုရားသခင့်သဘောတော်နှင့်တွေ့စေပြီး ကိုယ်တော့်ကောင်းချီးခံစားရစေသည်။—ကမ္ဘာဦး ၂၈:၁-၄။
၁၇။ မယုံကြည်သူကိုလက်ထပ်ခြင်းသည် အဘယ်ကြောင့် ဘေးသင့်စေနိုင်သနည်း၊ ‘သခင်ဘုရား၌သာ အိမ်ထောင်ပြု’ ရန်အရေးကြီးဆုံးအကြောင်းရင်းကား အဘယ်နည်း။
၁၇ မယုံကြည်သူသည် အဆုံး၌ ခရစ်ယာန်တစ်ဦးဖြစ်လာသည့် ကိစ္စမျိုးတော့အနည်းငယ်ရှိပါသည်။ သို့ရာတွင် မယုံကြည်သူကိုလက်ထပ်ခြင်းသည် များသောအားဖြင့် ဘေးသင့်စေလေ့ရှိကြောင်း သက်သေထူခဲ့ပေပြီ။ ထိုမတူညီသောထမ်းပိုးထမ်းသူများသည် တူညီသောယုံကြည်ချက်များ၊ စံနှုန်းများ၊ သို့မဟုတ် ပန်းတိုင်များမရှိနိုင်ကြပါ။ (၂ ကောရိန္သု ၆:၁၄) ယင်းက ဆက်သွယ်မှုနှင့် အိမ်ထောင်ပျော်ရွှင်မှုကို ပျက်ပြားစေနိုင်၏။ သာဓကအနေဖြင့် ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် တည်ဆောက်မှုပေးသော အစည်းအဝေးတစ်ခုတက်ပြီးနောက် အိမ်ပြန်လာကာ မယုံကြည်သူလင်သားနှင့် ဝိညာဉ်ရေးရာများကို မဆွေးနွေးနိုင်သောကြောင့် ကြီးစွာဝမ်းနည်းကြေကွဲရသည်။ ပို၍အရေး ကြီးသည်ကား ‘သခင်ဘုရား၌သာ လက်ထပ်ခြင်း’ သည် ယေဟောဝါအပေါ် တည်ကြည်သည့်ကိစ္စဖြစ်သည်။ ကျမ်းစကားကို ကျွန်ုပ်တို့ကျင့်သုံးကြသည့်အခါ ဘုရားသခင် “နှစ်သက်တော်မူသောအကျင့်တို့ကို” ကျင့်နေကြသောကြောင့် ကျွန်ုပ်တို့နှလုံးက ကျွန်ုပ်တို့ကို အပြစ်မတင်ချေ။—၁ ယောဟန် ၃:၂၁၊ ၂၂။
၁၈။ အိမ်ထောင်ပြုရန် ရည်ရွယ်သောအခါ အဘယ်အရေးကြီးသောကိစ္စရပ်များကို အာရုံစိုက်သင့်သနည်း၊ အဘယ်ကြောင့်နည်း။
၁၈ အိမ်ထောင်ပြုရန် စဉ်းစားသည့်အခါ အိမ်ထောင်ဖက်လောင်း၏ မွန်မြတ်သောအကျင့်နှင့် ဝိညာဉ်ရေးကို အဓိကအရေးထားသင့်သည်။ ဘုရားသခင်ကိုချစ်သည့်မေတ္တာနှင့် ကိုယ်တော်အား စိုးလ်အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုခြင်းနှင့်တကွ ခရစ်ယာန်အရည်အသွေးသည် ဆွဲဆောင်မှုရှိသောရုပ်ရည်ထက် ပို၍တန်ဖိုးရှိသည်။ ဝိညာဉ်ရေးခိုင်ခံ့သော အိမ်ထောင်ဖက်များဖြစ်ရန် တာဝန်ကိုသိ၍ ကျေပွန်သူများသည် ဘုရားသခင့်မျက်နှာသာကိုရရှိကြ၏။ ထို့ပြင် အခိုင်မြဲဆုံးစုံတွဲတစ်တွဲသည် ဖန်ဆင်းရှင်ကို နှစ်ဦးစလုံးဆည်းကပ်ဝတ်ပြုခြင်းနှင့် ကိုယ်တော့်လမ်းညွှန်မှုကို အပြည့်အဝလက်ခံခြင်းမှ ဖြစ်ထွန်းနိုင်၏။ ဤနည်းအားဖြင့် ယေဟောဝါသည် ဂုဏ်တင်ခံရကာ ထိုအိမ်ထောင်သည် ခိုင်မြဲသောစုံဖက်မှုဖြစ်လာစေမည့် ခိုင်ခံ့သည့်ဝိညာဉ်ရေးအခြေအမြစ်ပေါ် အစပြုပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 15 ကင်းမျှော်စင် ဖေဖော်ဝါရီ ၁၅၊ ၁၉၉၉၊ စာမျက်နှာ ၄-၈ ကိုရှု။
သင်မည်သို့ဖြေဆိုမည်နည်း
• အိမ်ထောင်ဖက်ကောင်းတစ်ဦး ရွေးချယ်ရန် မြင့်မြတ်သောလမ်းညွှန်ချက် အဘယ်ကြောင့် လိုအပ်သနည်း။
• ဘုရားသခင်ရေးရာဆည်းကပ်ဝတ်ပြုမှုသည် အိမ်ထောင်ရေးအနှောင်အဖွဲ့ကို မည်သို့ခိုင်ခံ့စေမည်နည်း။
• မိဘများသည် အိမ်ထောင်ပြုခြင်းအတွက် သားသမီးများကို မည်သို့ပြင်ဆင်ပေးနိုင်သနည်း။
• ‘သခင်ဘုရား၌သာ အိမ်ထောင်ပြု’ ရန် အဘယ်ကြောင့်အရေးကြီးသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
သင့်အဖော်အဖက်ကို ရွေးချယ်ရာတွင် ဘုရားသခင့်သွန်သင်ချက်ကို လိုက်နာကျင့်သုံးခြင်းသည် ပျော်ရွှင်မှုများစွာပေးနိုင်သည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
‘သခင်ဘုရား၌သာ အိမ်ထောင်ပြုခြင်း’ က ကောင်းချီးများစွာရစေ