ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ဖြင့် ရွှင်လန်းကြလော့
ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ဖြင့် ရွှင်လန်းကြလော့
အလွန်ရွှင်လန်းဖွယ်အခါသမယအတွက် မတ်လ ၁၀ ၂၀၀၁ ခုနှစ်၌ နယူးယောက်ဗေသလမိသားစုကြီး အသုံးပြုသည့် အဆောက်အဦသုံးခုတွင် ပရိသတ် ၅,၇၈၄ ဦးစုရုံးရောက်ရှိခဲ့ကြသည်။ ယင်းအခါသမယမှာ ဂိလဒ်သာသနာပြုကျောင်း၏ ၁၁၀ ကြိမ်မြောက် ကျောင်းဆင်းပွဲဖြစ်သည်။
ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကယ်ရီဘာဘာက အားလုံးကိုကြိုဆိုပြီး အစီအစဉ်ကိုစတင်ကာ ဤသို့ဆိုသည်– “ဂိလဒ်သင်တန်း ၁၁၀ ကြိမ်အထိ ကျောင်းသားများကို သာသနာပြုများအဖြစ် အခုလေ့ကျင့်ပေးပြီး ကမ္ဘာတစ်ဝန်း အရပ်ရပ်မှာ တာဝန်ပေးအပ်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။”
ဆက်လက်ရွှင်လန်းနိုင်ပုံ
ညီအစ်ကိုဘာဘာ အဖွင့်စကားပြောပြီးနောက် ဒေါန်အယ်ဒမ်စ်က ကျောင်းဆင်း ၄၈ ယောက်အပါအဝင် ပရိသတ်အား “ယေဟောဝါ၏ကောင်းချီးမင်္ဂလာသည် ကျွန်ုပ်တို့ကိုကြွယ်ဝစေ” အကြောင်း ဟောပြောခဲ့သည်။ နယပုံပြင် ၁၀:၂၂ ကိုအခြေပြုသော သူ၏ဟောပြောချက်၌ မိမိတို့၏အသက်တာတွင် နိုင်ငံတော်အကျိုးစီးပွားကို ဦးထိပ်ထားသောအခါ ယေဟောဝါသည် မိမိကျေးကျွန်များကို ထောက်မပြီး ကောင်းချီးပေးကြောင်း ပရိသတ်ကို သတိပေးခဲ့သည်။ “မာကေဒေါနိပြည်သို့ကူးပါ။ . . . မစပါ” ဟုဖိတ်ခေါ်ခံရစဉ်က တမန်တော်ပေါလုဖော်ပြခဲ့သော စိတ်ဓာတ်မျိုးနှင့် မိမိတို့၏တာဝန်သစ်များကို လက်ခံကြရန် ကျောင်းသားများကို အားပေးခဲ့သည်။ (တမန်တော် ၁၆:၉) ဖြေရှင်းရမည့်အခက်အခဲများရှိသော်လည်း ညွှန်ကြားခံရသောနေရာတွင် ဟောပြောရန် ပေါလုလိုလိုလားလားရှိခြင်းကြောင့် ဝမ်းမြောက်ဖွယ်ကောင်းချီးများစွာ ရရှိခဲ့သည်။
သင်တန်းဆင်းများသည် ၎င်းတို့၏ ငါးလတာကျမ်းစာလေ့လာမှုနှင့် သာသနာပြုလုပ်ငန်းအတွက် ပြင်ဆင်လေ့ကျင့်မှု ပြီးသွားခဲ့ပေပြီ။ သို့တိုင် ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒယ်နီယယ်ဆစ်ဒလစ်ခ်က လေ့လာသူများဆက်ဖြစ်ကြရန် သူတို့ကိုအားပေးခဲ့သည်။ “စစ်မှန်သောတပည့်များဖြစ်ကြလော့” အဓိကအချက်ကို ဟောပြောကာ သူဤသို့ပြောဆိုခဲ့သည်– “တပည့်ဖြစ်ခြင်းဆိုတာ ယေရှုရဲ့စကားတွေကို မပြတ်တမ်းနာခံတာကို ဆိုလိုတယ်။ အဲဒီထဲမှာ ကိုယ်တော့်စကားတွေ ကိုယ်တော့်သတင်းတရား ကိုယ်တော့်သွန်သင်ချက်တွေကို အမြဲနားထောင်ဖို့ ကျွန်တော်တို့ လိုလိုလားလားရှိတာ ပါဝင်တယ်။” ခရစ်တော်၏တပည့်များသည် သခင်၏စကားကို နားမထောင်ဘဲ ဆုံးဖြတ်ချက်များမချကြကြောင်း သူထောက်ပြခဲ့သည်; ဘုရားသခင်၏ဉာဏ်ပညာသည် ခရစ်တော်နှင့်ဆက်နွှယ်လျက်ရှိ၏။ (ကောလောသဲ ၂:၃) ယေရှု၏စကားများကို ကျွန်ုပ်တို့ တစ်ကြိမ်ကြားရုံနှင့် ကိုယ်တော့်အကြောင်း အားလုံးသိသည်ဟု မည်သူမျှ ကောက်ချက်မချနိုင် ထို့ကြောင့် ညီအစ်ကိုဆစ်ဒလစ်ခ်က လွတ်လပ်မှုဖြစ်စေသော ခရစ်ယာန်သမ္မာတရားကို ဆက်လက်လေ့လာကျင့်သုံးပြီး သွန်သင်ကြရန် အားပေးခဲ့သည်။—ယောဟန် ၈:၃၁၊ ၃၂။
ဘုရားသခင့်လုပ်ငန်းတော်၌ ဆက်လက်ရွှင်လန်းနေရန် ပဲ့ပြင်ဆုံးမမှုနှင့် ပြုပြင်တည့်မတ်ပေးခြင်းကို လိုလိုလားလားလက်ခံရမည်။ ဂိလဒ်နည်းပြဆရာ လောရဲန့်စ် ဘိုဝင်န် မေးလိုက်သော မေးခွန်းမှာ “သင့်ကျောက်ကပ်များသည် သင့်ကိုပြုပြင်တည့်မတ်ပေးမည်လော” ဖြစ်သည်။ သမ္မာကျမ်းစာပါ ပုံဆောင်ကျောက်ကပ်များသည် လူတစ်ဦး၏ အနက်ရှိုင်းဆုံးတွေးတောမှုများ စိတ်လှုပ်ရှားမှုများနှင့်ဆက်စပ်ကြောင်း သူဖော်ပြခဲ့သည်။ ကျမ်းစာမှ မှုတ်သွင်းခံအကြံပြုချက်သည် လူတစ်ဦး၏နှလုံးအထိ ဝင်ရောက်သွားမည်ဆိုလျှင် ယင်းတို့သည် သူ့အားပြုပြင်တည့်မတ်ပေးနိုင်သည်။ (ဆာလံ ၁၆:၇; ယေရမိ ၁၇:၁၀) လူတစ်ဦး၏သစ္စာရှိလမ်းစဉ်သည် ယေဟောဝါအား အတွင်းကျကျထိမိစေနိုင်၏။ နယပုံပြင် ၂၃:၁၅၊ ၁၆ ကိုဖတ်ပြီးနောက် ဟောပြောသူက “သင့်ကျောက်ကပ်များသည် သင့်ကိုပြုပြင်တည့်မတ်ပေးမည်လော” ဟုမေးခဲ့သည်။ သူက ဤသို့ထပ်ဆိုသည်– “ပြုပြင်တည့်မတ်ပေးမယ်လို့ ကျွန်တော်တို့ဆုတောင်းပါတယ် အဲဒီလိုဆိုရင် ယေဟောဝါဟာ အကြီးအကျယ်ရွှင်လန်းဝမ်းမြောက်ပါလိမ့်မယ်။ ကိုယ်တော့်စိတ်ကို သင်တို့အတော်လှုပ်ရှားစေမှာပါ။ သင့်တာဝန်ကို စွဲစွဲမြဲမြဲထမ်းဆောင်မယ်ဆိုရင် ဘုရားသခင်ကို အူလှိုက်သည်းလှိုက်ဝမ်းမြောက်စေကြမှာအမှန်ပဲ။”
ဤအစီအစဉ်၏ နောက်ဆုံးဟောပြောချက်ကို ဂိလဒ်နည်းပြတစ်ဦး ဖြစ်မလာမီ ကင်ညာနိုင်ငံတွင် သာသနာပြုတစ်ဦးအဖြစ် အမှုထမ်းခဲ့သူ မာ့ခ်နူမဲရ်က ဟောပြောခဲ့သည်။ “မျက်စိဖြင့်မြင်ခြင်းသည် သာ၍ကောင်း၏” ခေါင်းစဉ်ရှိ သူ၏ဟောပြောချက်သည် ရောင့်ရဲမှုကို ပြုစုပျိုးထောင်ခြင်း၏အရေးကြီးမှုကို ပေါ်လွင်စေသည်။ ဒေ. ၆:၉ နှင့်အညီ ညီအစ်ကိုနူမဲရ်က ဤသို့ထောက်ခံပြောဆိုခဲ့သည်– “အဖြစ်မှန်ကို ရင်ဆိုင်ပါ။ အဲဒါက ‘မျက်စိနဲ့မြင်တာ’ ဖြစ်တယ်။ လုပ်ချင်တာတွေကို လုပ်မနေရတဲ့အကြောင်း စိတ်ကူးနေမယ့်အစား လက်ရှိအခြေအနေကိုပဲ အတတ်နိုင်ဆုံးအသုံးပြုဖို့ အာရုံစိုက်ကြပါ။ အိပ်မက်ကမ္ဘာမှာ အသက်ရှင်နေပြီး အကျိုးသင့်အကြောင်းသင့်မရှိတဲ့ မျှော်လင့်ချက်တွေထားမယ် ဒါမှမဟုတ် သင်တာဝန်ကျတဲ့နေရာရဲ့ စိတ်တိုင်းမကျတဲ့အရာတွေကိုသာ တွေးတောနေမယ်ဆိုရင် ကျေနပ်ရောင့်ရဲမှုရှိမှာမဟုတ်ဘူး။” မှန်ပါသည် ကျွန်ုပ်တို့ မည်သည့်နေရာ မည်သည့်အခြေအနေ၌ပင်ရှိပါစေ မိမိတို့၏ကိုယ်စီအခြေအနေတွင် ဘုရားသခင်ရေးရာရောင့်ရဲမှုကို ပြုစုပျိုးထောင်ခြင်းသည် မြင့်မြတ်သောဖန်ဆင်းရှင်၏ အမှုတော်ထမ်းခြင်း၌ ရွှင်လန်းအားရသောစိတ် ရှိစေပါသည်။
ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းနှင့် ဂိလဒ်ကျောင်းမှ ရွှင်လန်းဖွယ်တွေ့ ကြုံမှုများ
အဆိုပါဟောပြောချက်များမှ လက်တွေ့ကျ ဆုံးမစကားများကြားရပြီးနောက် ကျောင်းသားများသည် ၎င်းတို့၏ ငါးလတာကာ၂ ကောရိန္သု ၄:၂) အချို့သူတို့၏ ဘုရားသခင်ပေး ကိုယ်ကိုကိုယ်သိသောစိတ်ကို သူတို့ဆွဲဆောင်နိုင်ခဲ့ကြ၏။ ကျောင်းသားများသည် လမ်းပေါ် တစ်အိမ်မှတစ်အိမ် ခရစ်ယာန်ဓမ္မအမှုနှင့် အခြားနေရာများ၌ တွေ့ဆုံခဲ့ကြသော စိတ်နှလုံးရိုးဖြောင့်သူများနှင့် ကျမ်းစာသင်အံမှုများ မည်သို့စတင်နိုင်ခဲ့ကြောင်း သူတို့၏တွေ့ကြုံမှုများက ဖော်ပြသည်။ စိတ်ဝင်စားသူအသီးသီးတို့က ယေဟောဝါ၏အဖွဲ့အစည်း ထုတ်ဝေသော ကျမ်းစာအခြေပြု စာအုပ်စာတမ်းများသည် သမ္မာတရားဖြစ်ကြောင်း အကြိမ်ကြိမ်ဖော်ပြခဲ့ကြသည်။ အိမ်ရှင်မတစ်ဦးသည် ကျမ်းချက်တစ်ချက်ကို အလွန်သဘောကျသွားသည်။ ယခု သူသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာနေပါသည်။
လအတွင်း လူထုခရစ်ယာန်ဓမ္မအမှု၌ ပါဝင်ခဲ့ကြစဉ် တွေ့ကြုံမှုအချို့ကို ပြန်လည်ပြောပြခဲ့ကြသည်။ ဂိလဒ်ကျောင်းမော်ကွန်းထိန်းဖြစ်သူ ဝေါလ်လေးစ် လစ်ဗာရိန်စ်၏ညွှန်ကြားမှုအောက် သင်တန်းဆင်းကျောင်းသားများက ဘုရားသခင့်အမှုတော်ဆောင်များအဖြစ် မိမိတို့ကိုယ်ကို မည်သို့ထောက်ခံခဲ့ကြကြောင်း ပြောပြသည်။ (၎င်းနောက် ဂျိုအယ်လ်အယ်ဒမ်စ်က ယခင်နှစ်များမှ ဂိလဒ်ကျောင်းဆင်းများကို လူတွေ့မေးမြန်းခဲ့သည်။ သူ၏အဓိကအချက်မှာ “လေ့လာခြင်းကို ဘယ်တော့မျှမရပ်စဲနှင့် ယေဟောဝါအမှုထမ်းခြင်းကို ဘယ်တော့မျှမရပ်တန့်နှင့်” ဖြစ်၏။ လူတွေ့မေးမြန်းခံရသူများသည် သာသနာပြုအသစ်များအတွက် အချိန်တန်အကြံပေးချက် ပေးခဲ့ကြသည်။ ၂၆ ကြိမ်မြောက် ဂိလဒ်သင်တန်းသားတစ်ဦးဖြစ်ခဲ့ခြင်းကို သတိရသူ ဟယ်ရီဂျွန်ဆင်က ဤသို့ဆိုသည်– “ယေဟောဝါဟာ ကိုယ်တော့်လူမျိုးကို အမြဲဦးဆောင်ခဲ့ပြီး ဆက်ဦးဆောင်မယ်လို့ သွန်သင်ခံခဲ့ရကြတယ်။ အဲဒီယုံကြည်စိတ်ချမှုက နှစ်များတစ်လျှောက် ကျွန်တော့်အတွက် အားပေးမှုတစ်ခုဖြစ်ခဲ့တယ်။” ၅၃ ကြိမ်မြောက် ဂိလဒ်သင်တန်းသားဖြစ်သူ ဝီလျံနောင့်စ်က ကျောင်းဆင်းများကို ဤသို့အကြံပေးခဲ့သည်– “အရေးကြီးဆုံးကတော့ ကျမ်းစာမူတွေကို စိတ်ထဲစွဲနေပြီး အခုနဲ့ နောင်ထာဝရ ဆုံးဖြတ်ချက်တွေချရတဲ့အခါတိုင်း အဲဒီမူတွေကိုကျင့်သုံးပါ။ ရလဒ်အနေနဲ့ သင်တို့တာဝန်ကျရာနေရာမှာ စွဲစွဲမြဲမြဲနေနိုင်မှာဖြစ်ပြီး ယေဟောဝါရဲ့ကြွယ်ဝတဲ့ကောင်းချီးတွေ ခံစားရပါလိမ့်မယ်။”
အစီအစဉ်တွင် မိမိတာဝန်ကျရာအပိုင်းအတွက် ရစ်ချတ်ရိုင်းယန်ရွေးချယ်ခဲ့သော အဓိကအချက်မှာ “ယေဟောဝါအလိုတော်ဆောင်ရွက်ရန် ခိုင်ခံ့ခြင်း” ဖြစ်၏။ သူခေါ်မေးမြန်းခဲ့သူတစ်ဦးမှာ သာသနာပြုတစ်ဦးအဖြစ် စပိန်နိုင်ငံတွင် ၄၁ နှစ်ကြာအမှုထမ်းခဲ့သော အကြိမ် ၃၀ မြောက်သင်တန်းမှ ကျောင်းဆင်းတစ်ဦးဖြစ်သူ ဂျွန်ခတ်ဇ်ဖြစ်သည်။ ဂိလဒ်သင်ရိုးနှင့်ပတ်သက်၍ မေးမြန်းခံရသောအခါ ညီအစ်ကို ခတ်ဇ်က ဤသို့ဆို၏– “အဓိကကျောင်းညွှန်းစာအုပ်ကတော့ ကျမ်းစာဖြစ်တယ်။ ပြီးတော့ ကျမ်းစာကိုနားလည်စေတဲ့ ကျမ်းစာလေ့လာဖို့ အထောက်အကူစာအုပ်တွေပဲ။ အဲဒီစာအုပ်တွေကို အားလုံးအသုံးပြုနိုင်ပါတယ်။ ဂိလဒ်ကျောင်းမှာ လျှို့ဝှက်အကြောင်းအရာတွေ သင်ပေးတာမရှိပါဘူး။ အဲ့ဒါကို ကျွန်တော်အမြဲသိစေတယ် အကြောင်းကတော့ ဂိလဒ်မှာသင်ပေးတဲ့အချက်အလက်တွေကို အားလုံး သုံးစွဲနိုင်တဲ့အတွက်ပဲ။”
ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ညီအစ်ကိုဂဲရစ်လော့ရှ်က “ယေဟောဝါ၏အတောင်တော် အထက်နှင့် အောက်တွင်” အကြောင်းကို ဟောပြောခြင်းအားဖြင့် ဝိညာဉ်ရေးရာအစီအစဉ်ကို အဆုံးသတ်ခဲ့သည်။ ကိုယ်တော့်အား တည်ကြည်ကြသောကျေးကျွန်များကို ဘုရားသခင် ကာကွယ်ထောက်မပုံသည် လင်းယုန်၏အတောင်များဖြင့် ကျမ်းစာက မည်သို့တင်စားဖော်ပြကြောင်း ရှင်းပြခဲ့သည်။ (တရားဟောရာ ၃၂:၁၁၊ ၁၂; ဆာလံ ၉၁:၄) လင်းယုန်ကြီးသည် တစ်ခါတစ်ရံ ယင်း၏သားပေါက်များကို ကာကွယ်ရန် နာရီနှင့်ချီ၍ ယင်း၏အတောင်များကို ဖြန့်ထားလေ့ရှိ၏။ ရံဖန်ရံခါ လင်းယုန်မသည် သားပေါက်များကို လေအေးဒဏ်မှကာကွယ်ပေးရန် မိမိအတောင်များဖြင့်ပင် ဖုံးအုပ်ထားတတ်ပေသည်။ အလားတူ ရည်ရွယ်တော်မူချက်နှင့်အညီ အထူးသဖြင့် ယေဟောဝါ၏ကျေးကျွန်များသည် ဝိညာဉ်ရေးစမ်းသပ်မှုများ ရင်ဆိုင်ရသောအခါ ကိုယ်တော်သည် ထောက်မကူညီပေးနိုင်၏။ ယေဟောဝါသည် မိမိ၏ကျေးကျွန်များ မခံရပ်နိုင်သည့် သွေးဆောင်မှုကို မခံစေဘဲ ခံနိုင်ရည်ရှိရန် သူတို့အတွက် လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးသည်။ (၁ ကောရိန္သု ၁၀:၁၃) ညီအစ်ကိုလော့ရှ်က ဤသို့ပြောဆိုကာ နိဂုံးချုပ်ခဲ့သည်– “ဝိညာဉ်ရေးအရ အမြဲကာကွယ်ခံရဖို့ ယေဟောဝါရဲ့အတောင်တော်အောက်မှာ ကျွန်တော်တို့ရှိနေရမယ်။ ဒါကြောင့် ကျွန်တော်တို့မှာ အားမကိုးချင်တဲ့စိတ်ဓာတ် မရှိရဘူးလို့ဆိုလိုတယ်။ ယေဟောဝါနဲ့ မိခင်နဲ့တူတဲ့ ကိုယ်တော့်အဖွဲ့အစည်းရဲ့ ညွှန်ကြားချက်နဲ့ မေတ္တာပါတဲ့ ဆုံးမစကားတွေနဲ့ မခွဲခွာဘဲ နီးနီးကပ်ကပ်နေကြစို့။”
ကမ္ဘာတစ်ဝန်းရှိ ဆန္ဒမွန်ပါးသူတို့ထံမှ ကြေးနန်းစာနှင့် နှုတ်ခွန်းဆက်သဝဏ်လွှာများကို သဘာပတိကဖတ်ပြသည်။ ယင်းနောက် ဒီပလိုမာဘွဲ့များ အပ်နှင်း၏။ ဂိလဒ်ကျောင်း တည်ထောင်ခဲ့ချိန်က ငါးနှစ်ကျော်ကာလအတွင်း သင်တန်းအနည်းငယ်သာပေးရန် ရည်ရွယ်ခဲ့သည်။ သို့ရာတွင် ၅၈ နှစ်တာကာလအတွင်း ယေဟောဝါဘုရားသခင်သည် ဤကျောင်းကိုဆက်လက်တည်ရှိစေခဲ့ပြီ။ ညီအစ်ကိုဘာဘာက မိမိ၏အဖွင့်စကားတွင် ပြောခဲ့သကဲ့သို့ပင်ဖြစ်သည်– “ဂိလဒ်ကျောင်းကို အပ်နှံခဲ့ချိန် ၁၉၄၃ ခုနှစ်ကတည်းက ဂိလဒ်ကျောင်းဆင်းများရဲ့မှတ်တမ်းဟာ တကယ့်ကိုထူးခြားတာပဲ! သူတို့ရဲ့ပူးပေါင်းကြိုးပမ်းမှုတွေဟာ ယေဟောဝါရဲ့ဘုန်းထင်ရှားတဲ့အဖွဲ့အစည်းထဲ မြေကြီးပေါ်က ထောင်နဲ့ချီတဲ့စိတ်နှလုံးနူးညံ့သူတွေရဲ့အရေအတွက်ကို တိုးများလာစေခဲ့တယ်။” မှန်ပါသည် ဤသာသနာပြုကျောင်းသည် ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ဖြင့် သန်းနှင့်ချီသောသူတို့အား ရွှင်လန်းစေခဲ့ပြီဖြစ်သည်။
[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်]
သင်တန်းဆိုင်ရာအချက်အလက်များ
ကိုယ်စားပြု နိုင်ငံအရေအတွက်– ၈
တာဝန်ပေးအပ်ခံရသည့်နိုင်ငံအရေအတွက်– ၁၈
ကျောင်းသား/သူအရေအတွက်– ၄၈
ပျမ်းမျှအသက်– ၃၄
ပျမ်းမျှအမှန်တရားသက်တမ်း– ၁၈
ပျမ်းမျှအချိန်ပြည့်အမှုဆောင်သက်တမ်း– ၁၃
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်း၏ ၁၁၀ ကြိမ်မြောက် ဂိလဒ်သင်တန်း
အောက်ပါစာရင်းတွင် အတန်းများကို ရှေ့တန်းမှ နောက်တန်းသို့ရေတွက်ပြီး အမည်များကို လက်ဝဲမှ လက်ယာဘက်သို့ စီထားသည်။
(1) Vacek, E.; Madelin, L.; Evans, G.; Watanabe, K. (2) Trafford, P.; Turfa, J.; Wilson, P.; Williams, R.; Weber, A. (3) Johnson, T.; Hanau, K.; Mourlhou, F.; Charpentier, F.; Peckham, R.; Androsoff, P. (4) Seegers, T.; Seegers, D.; Bailey, P.; Bailey, M.; Madelin, K.; Lippold, E.; Lippold, T. (5) Evans, N.; Gold, R.; Bollmann, I.; Vacek, R.; Oundjian, J.; Wilson, N. (6) Turfa, J.; Zuidema, L.; Zuidema, R.; Bengtsson, C.; Bengtsson, J.; Galano, M.; Galano, L. (7) Peckham, T.; Mourlhou, J.; Charpentier, C.; Gold, M.; Bollmann, R.; Oundjian, F. (8) Weber, R.; Johnson, B.; Hanau, D.; Watanabe, Y.; Williams, R.; Trafford, G.; Androsoff, T.