ယေဟောဝါအား သိကျွမ်းခြင်းပညာ၌ ဝမ်းမြောက်လော့
ယေဟောဝါအား သိကျွမ်းခြင်းပညာ၌ ဝမ်းမြောက်လော့
“ဘုရားသခင့်နှုတ် [မြွက်စကား] တော်ကို ကြားနာ၍ စောင့်ရှောက်သောသူတို့သည် ပျော်ရွှင်ကြ၏!”—လုကာ ၁၁:၂၈၊ ကဘ။
၁။ ယေဟောဝါသည် လူသားတို့နှင့် အဘယ်အချိန်တွင် စတင်၍ဆက်သွယ်တော်မူခဲ့သနည်း။
ယေဟောဝါသည် လူတို့ကိုချစ်တော်မူ၍ သူတို့၏အကျိုးကို အလွန်စိတ်ဝင်စားတော်မူ၏။ သို့ဖြစ်၍ သူတို့နှင့် ကိုယ်တော်ဆက်သွယ်ခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ။ ဤဆက်သွယ်မှုသည် ဧဒင်ဥယျာဉ်၌အစပြုခဲ့၏။ ကမ္ဘာဦး ၃:၈ အရ “နေအေးသောအချိန်” တစ်ချိန်တွင် အာဒံနှင့် ဧဝတို့သည် ‘[“ယေဟောဝါ၊” ကဘ] ကြွလာတော်မူသောအသံကိုကြား’ ၏။ ယင်းကြောင့် ယေဟောဝါသည် အာဒံနှင့် နေ့တိုင်း ထိုအချိန်တွင် ဆက်သွယ်လေ့ရှိပုံရ၏ဟုအချို့ကဆိုကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်သည် ပထမလူသားကို သွန်သင်ချက်များပေးရုံမက သူ၏တာဝန်များကိုထမ်းဆောင်နိုင်ရန် သိရှိထားဖို့လိုသောအရာတို့ကို အချိန်ယူ သင်ကြားပေးခဲ့ကြောင်း သမ္မာကျမ်းစာကဖော်ပြ၏။—ကမ္ဘာဦး ၁:၂၈-၃၀။
၂။ ပထမမောင်နှံစုံသည် ယေဟောဝါ၏လမ်းညွှန်မှုမှ မိမိတို့ကိုယ်ကို မည်သို့အဆက်ဖြတ်လိုက်ကြသနည်း၊ ရလဒ်ကား အဘယ်နည်း။
၂ ယေဟောဝါသည် အာဒံနှင့်ဧဝကို ဇီဝအသက်ပေးရုံမက တိရစ္ဆာန်များကိုအုပ်စိုးရန်နှင့် တစ်ကမ္ဘာလုံးကို အုပ်ချုပ်ရန် တာဝန်ပေးအပ်ခဲ့သည်။ သို့သော် တားမြစ်ချက်တစ်ခုရှိ၏၊ သူတို့သည် ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကို စားခွင့်မရှိချေ။ အာဒံနှင့်ဧဝတို့သည် စာတန့်သြဇာညောင်းမှုကြောင့် ဘုရားသခင့်ပညတ်တော်ကို မနာခံခဲ့ကြချေ။ (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၁-၆) သူတို့အမှီခိုကင်းစွာပြုမူရန် ရွေးချယ်ခဲ့ပြီး ကောင်းမကောင်းကို မိမိတို့ဘာသာဆုံးဖြတ်ခဲ့ကြ၏။ ထိုသို့ပြုခြင်းအားဖြင့် သူတို့သည် မေတ္တာရှိဖန်ဆင်းရှင်၏ လမ်းညွှန်မှုမှ မိုက်မဲစွာ မိမိတို့ဘာသာအဆက်ဖြတ်လိုက်ကြသည်။ အကျိုးဆက်များမှာ သူတို့နှင့် မမွေးဖွားရသေးသော သူတို့၏သားစဉ်မြေးဆက်များသည် ဆိုးဝါးသောဘေးများသင့်ခဲ့ခြင်းဖြစ်၏။ အာဒံနှင့်ဧဝတို့သည် အသက်အရွယ်အိုမင်းလာပြီး နောက်ဆုံး ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်မရှိဘဲ သေဆုံးခဲ့ကြရသည်။ သူတို့၏မျိုးဆက်သည် အပြစ်နှင့် ယင်း၏အကျိုးဆက် သေခြင်းကို အမွေရခဲ့ကြသည်။—ရောမ ၅:၁၂။
၃။ ယေဟောဝါသည် ကာဣနနှင့် အဘယ်ကြောင့်ဆက်သွယ်ခဲ့သနည်း၊ ကာဣနသည် မည်သို့တုံ့ပြန်ခဲ့သနည်း။
၃ ဧဒင်တွင် ပုန်ကန်မှုဖြစ်ခဲ့သော်လည်း ယေဟောဝါသည် မိမိ၏ဖန်ဆင်းရာ လူသားတို့နှင့် ဆက်လက်ဆက်သွယ်ခဲ့သည်။ အာဒံနှင့်ဧဝတို့၏သားဦး ကာဣနသည် အပြစ်၏လွှမ်းမိုးမှုခံရစရာအကြောင်းရှိနေသည်။ ထိုအခါ ယေဟောဝါက ကာဣနသည် ခြေလှမ်းမှားလိမ့်မည်ဟု သတိပေးကာ “ကောင်းမွန်စွာပြု” ရန် အကြံပေးခဲ့သည်။ ဤမေတ္တာပါသောဆုံးမစကားကို ကာဣနငြင်းပယ်ခဲ့ပြီး သူ၏ညီကိုသတ်လေ၏။ (ကမ္ဘာဦး ၄:၃-၈) သို့နှင့် ကမ္ဘာ့ပထမလူသားသုံးဦးသည် သူတို့ကို အသက်ပေးခဲ့သောအရှင်၊ မိမိလူတို့အား သူတို့၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်ပေးသော ဘုရားသခင်၏ ရှင်းလင်းပြတ်သားသောလမ်းညွှန်ချက်ကို ငြင်းပယ်ခဲ့ကြသည်။ (ဟေရှာယ ၄၈:၁၇) ယင်းက ယေဟောဝါကို တကယ်စိတ်ပျက်စေခဲ့မည်တကား!
ရှေးခေတ်ကအသက်ကြီးသူတို့အား မိမိကိုယ်ကို ယေဟောဝါဖော်ပြ
၄။ အာဒံ၏မျိုးဆက်နှင့်ပတ်သက်၍ အဘယ်အရာကို ယေဟောဝါစိတ်ချတော်မူပြီး ယင်းကိုစွဲမှတ်ထားလျက် အဘယ်မျှော်လင့်ချက်ကို ပေးတော်မူခဲ့သနည်း။
၄ ယေဟောဝါသည် လူတို့နှင့်အဆက်အသွယ်ဖြတ်ပိုင်ခွင့်ရှိသော်လည်း ထိုသို့မပြုခဲ့ချေ။ အာဒံ၏မျိုးဆက်အချို့သည် ကိုယ်တော်၏လမ်းညွှန်ချက်ကို ပညာရှိစွာဂရုစိုက်လိမ့်မည်ဟု ယုံကြည်စိတ်ချတော်မူခဲ့၏။ ဥပမာ၊ အာဒံနှင့်ဧဝကို တရားစီရင်ရာတွင် မြွေ၊ စာတန်ကို တိုက်လှန်မည့် “မျိုးနွယ်တော်” ရောက်လာမည်ဟု ယေဟောဝါတင်ကူးမိန့်တော်မူခဲ့သည်။ အချိန်တန်သော် စာတန်သည် ခေါင်းတွင် သေစေလောက်သည့်ဒဏ်ရာရလိမ့်မည်။ (ကမ္ဘာဦး ၃:၁၅) ဤပရောဖက်ပြုချက်သည် “ဘုရားသခင့်နှုတ် [မြွက်စကား] တော်ကို ကြားနာ၍ စောင့်ရှောက်သောသူတို့” အတွက် မျှော်လင့်ချက်ပေးသည့် ဝမ်းမြောက်ဖွယ်သတင်းဖြစ်၏။—လုကာ ၁၁:၂၈၊ ကဘ။
၅၊ ၆။ စီ.အီး. ပထမရာစုမတိုင်မီက မိမိလူတို့နှင့် အဘယ်နည်းဖြင့် ယေဟောဝါဆက်သွယ်ခဲ့သနည်း၊ ယင်းက သူတို့ကို မည်သို့အကျိုးဖြစ်စေခဲ့သနည်း။
၅ ယေဟောဝါသည် ရှေးခေတ်က တည်ကြည်သူဘိုးဘေး နောဧ၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ယောဘတို့ကဲ့သို့သောသူများအား မိမိ၏အလိုတော်ကိုပြောပြခဲ့သည်။ (ကမ္ဘာဦး ၆:၁၃; ထွက်မြောက်ရာ ၃၃:၁; ယောဘ ၃၈:၁-၃) နောက်ပိုင်းတွင် ကိုယ်တော်သည် ဣသရေလလူမျိုးအား ပညတ်ဥပဒေသများကို မောရှေမှတစ်ဆင့်ပေးခဲ့သည်။ မောရှေ၏ပညတ်တရားသည် သူတို့ကို နည်းအမျိုးမျိုးဖြင့် အကျိုးပေးခဲ့၏။ ယင်းကို လိုက်နာခြင်းအားဖြင့် ဣသရေလလူတို့သည် ဘုရားသခင်၏အထူးလူမျိုးအဖြစ် အခြားလူမျိုးများမှ သီးခြားခွဲထုတ်ခံခဲ့ရသည်။ ဣသရေလလူမျိုးသည် ပညတ်တော်ကို လိုက်လျှောက်မည်ဆိုလျှင် သူတို့အား ကာယရေးအရသာမက ဝိညာဉ်ရေးအရလည်း ကောင်းချီးပေးပြီး ယဇ်ပုရောဟိတ်နိုင်ငံ၊ သန့်ရှင်းသောလူမျိုး ဖြစ်စေမည်ဟု သူတို့ကိုအာမခံခဲ့၏။ ပညတ်တော်တွင် ကျန်းမာရေးကောင်းစေသော ဓာတ်စာနှင့် သန့်ရှင်းမှုစည်းမျဉ်းများပင် ပါဝင်သည်။ သို့သော် နာခံမှုမရှိခြင်းကြောင့် ဝမ်းနည်းဖွယ် အကျိုးရလဒ်များရှိမည်ဟုလည်း ယေဟောဝါသတိပေးခဲ့၏။—ထွက်မြောက်ရာ ၁၉:၅၊ ၆; တရားဟောရာ ၂၈:၁-၆၈။
၆ အချိန်တန်သော် အခြားမှုတ်သွင်းခံကျမ်းစောင်များကို သမ္မာကျမ်းစာ ကျမ်းဂန်စုထဲ ထပ်ဆင့်ထည့်သွင်းခဲ့သည်။ လူမျိုးများ၊ လူတို့နှင့် ယေဟောဝါဆက်ဆံခဲ့ပုံကို သမိုင်းဝင်မှတ်တမ်းများကဖော်ပြ၏။ ကဗျာဆန်ဆန်ဖွဲ့နွဲ့စပ်ဆိုထားသောကျမ်းစောင်များက ကိုယ်တော်၏အရည်အသွေးတို့ကို ဖော်ပြထား၏။ ပရောဖက်ပြုချက်ကျမ်းစောင်များက အနာဂတ်တွင် ယေဟောဝါ၏အလိုတော်ပြည့်စုံလာခြင်းကို တင်ကူးဖော်ပြပေး၏။ တည်ကြည်သောဘိုးဘေးတို့သည် ဤမှုတ်သွင်းခံရေးသားချက်များကို အသေအချာလေ့လာကျင့်သုံးခဲ့ကြသည်။ တစ်ဦးက ဤသို့ရေးသားခဲ့၏– “နှုတ် [မြွက်စကား] တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကိုလင်းစေပါ၏။” (ဆာလံ ၁၁၉:၁၀၅) ယေဟောဝါသည် နားထောင်ရန် တလိုတလားရှိသူတို့ကို ပညာပေး၍ အလင်းထွန်းလင်းစေ၏။
အလင်း သာ၍တောက်ပလာ
၇။ ယေရှုသည် အံ့ဖွယ်အမှုများပြုခဲ့သော်လည်း ကိုယ်တော့်ကို လူအများ အဘယ်အရာအတွက် သိခဲ့ကြသနည်း၊ အဘယ်ကြောင့်နည်း။
၇ ပထမရာစုတိုင်လေသော် ဂျူးဘာသာရေးခေါင်းဆောင်အုပ်စုများသည် ပညတ်တော်ထဲ လူ့ထုံးတမ်းစဉ်လာများ ထည့်သွင်းလာခဲ့ကြသည်။ ပညတ်တော်ကိုတလွဲအသုံးချခဲ့ကြရာ ယင်းသည် အလင်းထွန်းလင်းပေးမည့်အစား ထိုထုံးတမ်းစဉ်လာများကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်လာခဲ့သည်။ (မဿဲ ၂၃:၂-၄) သို့သော် စီ.အီး. ၂၉ တွင် ယေရှုသည် မေရှိယအဖြစ်ပေါ်ထွန်းခဲ့၏။ ကိုယ်တော်၏တာဝန်မှာ လူတို့အတွက် မိမိအသက်ကိုပေးဆက်ရန်သာမဟုတ်ဘဲ ‘အမှန်တရားဘက်၌သက်သေခံ’ ရန်လည်းဖြစ်သည်။ ကိုယ်တော်သည် အံ့ဖွယ်အမှုများကိုပြုခဲ့သော်လည်း ကိုယ်တော့်အား သွန်သင်သည့် ‘ဆရာ’ အဖြစ်လူသိများခဲ့၏။ ကိုယ်တော်၏သွန်သင်ချက်များသည် လူတို့၏စိတ်နှလုံးကို ဖုံးလွှမ်းသောဝိညာဉ်ရေးအမှောင်ထုတွင် အလင်းပေးသည့်ရောင်ခြည်သဖွယ်ဖြစ်ခဲ့၏။ “ငါသည် ဤလောက၏အလင်းဖြစ်၏” ဟုယေရှုကိုယ်တော်တိုင် လျော်ကန်စွာမိန့်တော်မူခဲ့သည်။—ယောဟန် ၈:၁၂; ၁၁:၂၈; ၁၈:၃၇။
၈။ စီ.အီး. ပထမရာစုတွင် အဘယ်မှုတ်သွင်းခံကျမ်းစောင်များကို ရေးသားခဲ့သနည်း၊ ယင်းတို့သည် အစောပိုင်းခရစ်ယာန်များကို မည်သို့အကျိုးပြုခဲ့သနည်း။
၈ နောက်ပိုင်းတွင် ယေရှု၏အသက်တာကို မှတ်တမ်းတင်ဖော်ပြထားသည့် ခရစ်ဝင်ကျမ်းလေးစောင်နှင့် ယေရှုသေဆုံးပြီးနောက် ခရစ်ယာန်ဘာသာတရား ပျံ့နှံ့သွားသည့် သမိုင်းမှတ်တမ်းဖြစ်သော တမန်တော်ကျမ်းကို ထည့်သွင်းခဲ့သည်။ ထို့နောက် ယေရှု၏တပည့်တော်များ ရေးသားခဲ့သော မှုတ်သွင်းခံစာစောင်များနှင့် ပရောဖက်ပြုဧဖက် ၃:၁၄-၁၈) သူတို့သည် “ခရစ်တော်၏စိတ်ကိုခံ” ယူနိုင်ကြသည်။ (၁ ကောရိန္သု ၂:၁၆) သို့ဖြစ်စေကာမူ ထိုအစောပိုင်းခရစ်ယာန်များသည် ယေဟောဝါ၏ရည်ရွယ်တော်မူချက်၏ ရှုထောင့်တိုင်းကို အပြည့်အဝနားမလည်ခဲ့ကြချေ။ တမန်တော်ပေါလုက ယုံကြည်သူချင်းတို့ထံ ဤသို့ရေးခဲ့သည်– “ယခုတွင် ငါတို့သည် သတ္တုမှန်အားဖြင့် မှုန်ဝါးဝါးအကြမ်းဖျင်းကို မြင်ရကြ၏။” (၁ ကောရိန္သု ၁၃:၁၂၊ ကဘ) ထိုသို့သော မှန်တစ်ချပ်သည် အသေးစိတ်အချက်အလက်အားလုံးကို မဖော်ပြဘဲ အကြမ်းဖျင်းကိုသာဖော်ပြပေးပါလိမ့်မည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အပြည့်အဝနားလည်လာစရာရှိနေသေးသည်။
ချက်စာစောင်ဖြစ်သည့် ဗျာဒိတ်ကျမ်းကိုလည်း ထည့်သွင်းခဲ့သည်။ ဤအရေးအသားများနှင့် ဟေဗြဲကျမ်းစောင်များကို ပေါင်းစပ်လိုက်ရာ သမ္မာကျမ်းစာကျမ်းဂန်အပြည့်အစုံရရှိလာသည်။ ဤမှုတ်သွင်းခံစာစောင်များအကူအညီဖြင့် ခရစ်ယာန်များသည် အမှန်တရား၏ “အနံ အလျား အနက် အမြင့်တို့ကို” ‘သန့်ရှင်းသူအပေါင်းတို့၏နည်းတူ ပိုင်းခြား၍သိ’ လာနိုင်ကြ၏။ (၉။ “နောက်ဆုံးသောနေ့ရက်များ” တွင် အဘယ်အလင်းထွန်းလင်းမှု ဖြစ်ပေါ်ခဲ့သနည်း။
၉ ယနေ့ ကျွန်ုပ်တို့သည် “ကိုင်တွယ်ရခဲယဉ်းသည့် ကျပ်တည်းသောကာလ” ဖြင့်ခွဲခြားဖော်ပြသည့် “နောက်ဆုံးသောနေ့ရက်များ” တွင် အသက်ရှင်နေကြရသည်။ (၂ တိမောသေ ၃:၁၊ ကဘ) ပရောဖက်ဒံယေလက ထိုကာလတွင် ‘မှန်သောအသိပညာတိုးပွားလာလိမ့်မည်’ ဟူ၍တင်ကူးဖော်ပြထား၏။ (ဒံယေလ ၁၂:၄) ထို့ကြောင့် မဟာဆက်သွယ်ရှင် ယေဟောဝါသည် စိတ်နှလုံးရိုးဖြောင့်သူတို့အား ကိုယ်တော့်နှုတ်မြွက်စကား၏အဓိပ္ပာယ်ကို သိရှိနားလည်လာစေရန် ကူညီပေးခဲ့ပြီ။ ယေရှုခရစ်သည် ၁၉၁၄ ခုနှစ်၌ မျက်မြင်မရသောကောင်းကင်တွင် နန်းထိုင်ပြီဖြစ်ကြောင်း မြောက်မြားစွာသောသူတို့ ယခု နားလည်လာပြီ။ ကိုယ်တော်သည် မကြာမီ ဆိုးညစ်မှုအားလုံးကို ကမ္ဘာပေါ်မှဖယ်ရှားပြီး ကမ္ဘာ့ပရဒိသု ဖြစ်လာစေတော့မည်ကို သူတို့သိရှိကြသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း၏ ဤအရေးပါသောအချက်ကို ယခု ကမ္ဘာတစ်ဝန်း ကြေညာလျက်ရှိသည်။—မဿဲ ၂၄:၁၄။
၁၀။ လူတို့သည် ရာစုနှစ်များတစ်လျှောက် ယေဟောဝါ၏ဆုံးမစကားကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၁၀ မှန်ပါသည်၊ သမိုင်းတစ်လျှောက်တွင် ယေဟောဝါသည် မိမိ၏အလိုတော်နှင့် ရည်ရွယ်တော်မူချက်ကို ကမ္ဘာသားများအား အသိပေးခဲ့သည်။ သမ္မာကျမ်းစာမှတ်တမ်းက တရားနာ၍ ဘုရားသခင့်ရေးရာဉာဏ်ပညာကို လက်တွေ့ကျင့်သုံးသဖြင့် ကောင်းချီးခံစားခဲ့ကြသူတို့အကြောင်း ဖော်ပြထားသည်။ ဘုရားသခင်၏မေတ္တာပါသော ဆုံးမစကားကို ငြင်းပယ်ပြီး အာဒံနှင့်ဧဝ၏ ပျက်စီးခြင်းလမ်းစဉ်အတိုင်း လိုက်လျှောက်ခဲ့ကြသည့် အခြားသူတို့အကြောင်းကိုလည်း ယင်းကဖော်ပြသည်။ တင်စားထားသည့် လမ်းနှစ်သွယ်အကြောင်း ယေရှုမိန့်တော်မူသောအခါ ဤအခြေအနေကို ကိုယ်တော်ပုံဖော်ပြခဲ့၏။ တစ်လမ်းမှာ ပျက်စီးခြင်းသို့ရောက်စေသည်။ ယင်းသည် ကျယ်ဝန်းပြီး ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ငြင်းပယ်သူများ လိုက်လျှောက်ကြသောလမ်းဖြစ်၏။ အခြားတစ်လမ်းမှာ ထာဝရအသက်သို့ ပို့ဆောင်သည်။ ဤလမ်းသည် အလွန်ကျဉ်းသော်လည်း ဘုရားသခင့်နှုတ်မြွက်စကားတော်အဖြစ် သမ္မာကျမ်းစာကို လက်ခံ၍ ယင်းနှင့်အညီအသက်ရှင်နေထိုင်ကြသူ လူနည်းစုလိုက်လျှောက်သောလမ်းဖြစ်သည်။—မဿဲ ၇:၁၃၊ ၁၄။
ကျွန်ုပ်တို့ရရှိထားရာကို တန်ဖိုးထားလေးမြတ်ခြင်း
၁၁။ သမ္မာကျမ်းစာကို ကျွန်ုပ်တို့သိရှိယုံကြည်ခြင်းသည် အဘယ်အရာ၏သာဓကဖြစ်သနည်း။
၁၁ အသက်လမ်းကို ရွေးချယ်သူတို့တွင် သင်ပါဝင်သလော။ သို့ဆိုလျှင် ဤလမ်းပေါ် သင်အမှန်ပင်ရှိနေလိုမည်။ မည်သို့ပြုလုပ်နိုင်မည်နည်း။ သင့်အသက်တာတွင် သမ္မာကျမ်းစာအမှန်တရားများကို သင်သိရှိလာခြင်းကြောင့် ရရှိထားသောကောင်းချီးများအကြောင်း ကျေးဇူးတင်စိတ်ဖြင့် မကြာခဏစဉ်းစားကြည့်ပါ။ သတင်းကောင်းကို သင်တုံ့ပြန်ခဲ့သည့်အချက်ကပင် ဘုရားသခင်၏ကောင်းချီးတစ်ရပ်ဖြစ်သည်။ ယေရှုသည် မိမိ၏ခမည်းတော်ထံ ဤသို့ဆုတောင်းရာတွင် ယင်းကိုဖော်ပြခဲ့သည်– “ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ထားလျက် သူငယ်တို့အားဖော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။” (မဿဲ ၁၁:၂၅) အလွန်ပညာတတ်သော ဘာသာရေးခေါင်းဆောင်များသည် ယေရှု၏သွန်သင်ချက်ကို သဘောမပေါက်သော်လည်း တံငါသည်များနှင့် အခွန်ခံများမှာမူ သဘောပေါက်နားလည်ခဲ့ကြ၏။ ယေရှုကထပ်ဆင့်၍ ဤသို့မိန့်တော်မူသည်– “ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှငါ့ထံသို့မလာနိုင်။” (ယောဟန် ၆:၄၄) သင်သည် သမ္မာကျမ်းစာကို သိရှိနားလည်လာ၍ ယင်း၏သွန်သင်ချက်များကို ယုံကြည်ကာ လိုက်လျှောက်နေသည်ဆိုလျှင် ယေဟောဝါသည် သင့်အား သွေးဆောင်တော်မူကြောင်း သာဓကပင်ဖြစ်သည်။ ယင်းကား ဝမ်းမြောက်စရာအကြောင်းတည်း။
၁၂။ သမ္မာကျမ်းစာသည် အဘယ်နည်းများဖြင့် အလင်းထွန်းလင်းပေးသနည်း။
၁၂ ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် လွတ်မြောက်စေသောအမှန်တရားများပါရှိပြီး အလင်းထွန်းလင်းပေးသည်။ သမ္မာကျမ်းစာအတိုင်း နေထိုင်သူတို့သည် အယူသီးမှုများ၊ မှားယွင်းသောသွန်သင်ချက်များနှင့် သန်းနှင့်ချီသူတို့၏အသက်တာကို လွှမ်းမိုးလျက်ရှိသောအသိဉာဏ်နည်းခြင်းမှ ကင်းလွတ်ကြသည်။ ဥပမာ၊ စိုးလ်နှင့်ပတ်သက်သောအမှန်တရားကို သိထားခြင်းက လူသေတို့သည် ကျွန်ုပ်တို့ကို အန္တရာယ်ပြုနိုင်ကြောင်း သို့မဟုတ် ကျွန်ုပ်တို့၏ချစ်မြတ်နိုးရသော သေလွန်သူတို့ ဆင်းရဲခံနေရကြောင်း စသည့်မည်သည့်စိုးရွံ့မှုမဆိုမှ ကျွန်ုပ်တို့ကို လွတ်မြောက်စေ၏။ (ယေဇကျေလ ၁၈:၄) ဆိုးညစ်သောကောင်းကင်တမန်များအကြောင်း အမှန်တရားကိုသိရှိထားခြင်းက နတ်ဆိုးပညာ၏ဘေးအန္တရာယ်မှ ရှောင်ရှားဖို့ကျွန်ုပ်တို့ကို ကူညီပေးသည်။ ရှင်ပြန်ထမြောက်ခြင်းသွန်သင်ချက်က ချစ်မြတ်နိုးရသူတို့ကို သေခြင်း၌ဆုံးရှုံးခဲ့ရသော ကျန်ရစ်သူတို့အတွက် နှစ်သိမ့်မှုဖြစ်စေသည်။ (ယောဟန် ၁၁:၂၅) သမ္မာကျမ်းစာပရောဖက်ပြုချက်များက ခေတ်ရေစီးကြောင်း၏ အဘယ်နေရာတွင် ကျွန်ုပ်တို့ရောက်ရှိနေကြောင်းကို ဖော်ပြပေးပြီး အနာဂတ်အတွက် ဘုရားသခင်၏ကတိတော်များအပေါ် ယုံကြည်စိတ်ချမှုရှိစေသည်။ ကျွန်ုပ်တို့၏ ထာဝစဉ်အသက်ရှင်ခြင်းမျှော်လင့်ချက်ကိုလည်း ပိုခိုင်လုံစေသည်။
၁၃။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အလေးမူခြင်းက ကာယရေးအကျိုးကျေးဇူးများကို မည်သို့ခံစားရသနည်း။
၁၃ သမ္မာကျမ်းစာရှိ ဘုရားသခင့်ရေးရာမူများသည် ကာယရေးအကျိုးကျေးဇူးများရရှိစေသည့် နည်းလမ်းအတိုင်းအသက်ရှင်ရန် ကျွန်ုပ်တို့ကိုသွန်သင်ပေးသည်။ ဥပမာ၊ ဆေးရွက်ကြီးနှင့် အခြားမူးယစ်ဆေးဝါးများကို တလွဲသုံးခြင်းကဲ့သို့သော ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို ညစ်ညူးစေသည့် အမူအကျင့်များကိုရှောင်ကြဉ်ရန် ကျွန်ုပ်တို့သိလာကြရ၏။ အရက်သေစာအလွဲအသုံးချခြင်းကို ကျွန်ုပ်တို့ ရှောင်ရှားကြသည်။ (၂ ကောရိန္သု ၇:၁) ဘုရားသခင်၏ကိုယ်ကျင့်တရားပညတ်များကို အလေးမူခြင်းက လိင်ဆိုင်ရာကူးစက်ရောဂါများမှ ကာကွယ်ပေးသည်။ (၁ ကောရိန္သု ၆:၁၈) ငွေတပ်မက်ခြင်းကိုရှောင်ရှားရန် ဘုရားသခင့်ဆုံးမစကားကို ကျွန်ုပ်တို့လိုက်နာခြင်းဖြင့် စည်းစိမ်ချမ်းသာရှာသူများစွာနည်းတူ စိတ်၏ငြိမ်သက်မှု မပျောက်ဆုံးရချေ။ (၁ တိမောသေ ၆:၁၀) သင့်ဘဝတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လိုက်လျှောက်ခြင်းကြောင့် ကာယရေးအရ အဘယ်အကျိုးကျေးဇူးများရရှိခဲ့ပြီနည်း။
၁၄။ ကျွန်ုပ်တို့၏အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော်သည် အဘယ်သြဇာညောင်းသနည်း။
ဧဖက် ၄:၂၄၊ ၃၂) ဘုရားသခင့်ဝိညာဉ်တော်သည် ကျွန်ုပ်တို့တွင် ယင်း၏အသီးများဖြစ်သော ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းကိုလည်း သီးပွင့်စေ၏။ (ဂလာတိ ၅:၂၂၊ ၂၃) ဤအရည်အသွေးများသည် မိသားစုတွင်မက အခြားသူတို့နှင့်လည်း ပျော်ရွှင်၍ အဓိပ္ပာယ်ပြည့်ဝသောဆက်ဆံရေးကို တိုးမြှင့်ပေးသည်။ ကျွန်ုပ်တို့သည် အခက်အခဲကို ရဲစွမ်းသတ္တိဖြင့်ရင်ဆိုင်နိုင်ရန် အကူအညီပေးသော အတွင်းခွန်အားကိုလည်းရရှိကြသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အသက်တာကို သာ၍ကောင်းစွာလွှမ်းမိုးခဲ့ကြောင်း သတိပြုမိပါသလော။
၁၄ ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့်အညီ ကျွန်ုပ်တို့အသက်ရှင်နေထိုင်ကြမည်ဆိုလျှင် ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တို့ရရှိကြသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏အရည်အသွေးကို မွေးမြူကြပြီး သနားကြင်နာမှုနှင့် ထောက်ထားစာနာမှုကဲ့သို့သော နှစ်သက်ဖွယ်အရည်အသွေးများကို ထင်ရှားဖော်ပြသည်။ (၁၅။ ကျွန်ုပ်တို့၏အသက်တာကို ဘုရားသခင့်အလိုတော်နှင့်ညီညွတ်လာစေစဉ် အဘယ်အကျိုးကျေးဇူးများရရှိသနည်း။
၁၅ ကျွန်ုပ်တို့၏အသက်တာကို ဘုရားသခင့်အလိုတော်နှင့် ညီညွတ်လာစေသည့်အခါ ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်မြဲစေသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သိနားလည်၍ချစ်တော်မူကြောင်း တိုး၍ယုံကြည်စိတ်ချလာ၏။ ကိုယ်တော်သည် ခက်ခဲသောအခြေအနေများတွင် ကျွန်ုပ်တို့ကို ထောက်ပံ့ကူညီပေးကြောင်း ကိုယ်တွေ့သိရှိလာကြရသည်။ (ဆာလံ ၁၈:၁၈) ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ကိုယ်တော် အမှန်တကယ်နားညောင်းတော်မူကြောင်း ကျွန်ုပ်တို့သိရှိလာကြသည်။ (ဆာလံ ၆၅:၂) ကိုယ်တော်၏လမ်းညွှန်မှုသည် ကျွန်ုပ်တို့ကို အကျိုးပေးလိမ့်မည်ဟု ယုံကြည်သောကြောင့် ယင်းကို ကျွန်ုပ်တို့အားထားလာကြမည်။ ထို့ပြင် အချိန်တန်သော် ဘုရားသခင်သည် မိမိ၏တည်ကြည်သူတို့ကို စုံလင်စေ၍ ကိုယ်တော်၏ထာဝရအသက်ဆုကျေးဇူးကို ပေးသနားမည်ဟူသော မျှော်လင့်ချက်ရှိကြသည်။ (ရောမ ၆:၂၃) “ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်” ဟုတပည့်တော်ယာကုပ်က ရေးသားခဲ့သည်။ (ယာကုပ် ၄:၈) သင်သည် ယေဟောဝါထံချဉ်းကပ်လာခဲ့သည်နှင့်အမျှ ကိုယ်တော်နှင့်သင်၏ဆက်ဆံရေး ခိုင်မြဲလာသည်ကို သင်ခံစားမိပြီလော။
တုနှိုင်းမရ ရတနာတစ်ပါး
၁၆။ ပထမရာစုခရစ်ယာန်အချို့သည် အဘယ်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့ကြသနည်း။
၁၆ ပေါလုက ပထမရာစုရှိ ဝိညာဉ်တော်ဖွားခရစ်ယာန်များမှအချို့သည် တစ်ချိန်က မတရားသောမေထုန်ပြုသောသူ၊ သူ့သားအိမ်ရာပြစ်မှားသူ၊ လိင်တူမေထုန်ဆက်ဆံသူ၊ သူခိုး၊ လိုချင်တပ်မက်စိတ်ပြင်းပြသူ၊ အရက်လွန်ကြူးစွာသုံးစွဲသူ၊ ဆဲရေးကဲ့ရဲ့သူနှင့် အနိုင်အထက်ပြုသူများဖြစ်ခဲ့ကြောင်း သူတို့ကိုသတိပေးခဲ့သည်။ (၁ ကောရိန္သု ၆:၉-၁၁) သမ္မာကျမ်းစာအမှန်တရားက သူတို့ကို အကြီးအကျယ်ပြောင်းလဲစေခဲ့သည်; ထိုအခါ သူတို့သည် “ဆေးကြောသန့်ရှင်း” ခဲ့ကြ၏။ သမ္မာကျမ်းစာမှ သင်သိရှိလာခဲ့သည့် လွတ်မြောက်စေသောအမှန်တရားများကို မသိခဲ့ပါက သင့်ဘဝသည် မည်သို့ဖြစ်မည်ကို စဉ်းစားကြည့်ပါ။ အမှန်တရားသည် အဘယ်အရာနှင့်မျှ တုနှိုင်း၍မရသော ရတနာတစ်ပါး အမှန်ပင်ဖြစ်၏။ ယေဟောဝါသည် ကျွန်ုပ်တို့နှင့် ဆက်သွယ်သည့်အတွက် အမှန်တကယ်ဝမ်းမြောက်ရသည်တကား!
၁၇။ ယေဟောဝါသက်သေများသည် ခရစ်ယာန်အစည်းအဝေးများတွင် ဝိညာဉ်အစာ မည်သို့ကျွေးမွေးခံနေကြရသနည်း။
၁၇ ထပ်ဆင့်၍ ကျွန်ုပ်တို့၏လူမျိုးပေါင်းစုံညီအစ်ကိုအသင်းအပင်းတွင် ရရှိထားကြသော ကောင်းချီးများကိုလည်း စဉ်းစားကြည့်ပါ။ “သစ္စာနှင့်သတိပညာရှိကျေးကျွန်” သည် ဘာသာစကားမြောက်မြားစွာဖြင့် သမ္မာကျမ်းစာများအပါအဝင် မဂ္ဂဇင်းများနှင့် အခြားစာပေစာတမ်းများအားဖြင့် အခန့်သင့်ဝိညာဉ်ရေးရာအစာကို ထောက်ပံ့ကျွေးမွေးနေသည်။ (မဿဲ ၂၄:၄၅-၄၇၊ ကဘ) နိုင်ငံများစွာရှိ ယေဟောဝါသက်သေများသည် ၂၀၀၀ ပြည့်နှစ်အတွင်း အသင်းတော်အစည်းအဝေးများတွင် ဟေဗြဲကျမ်းစောင်၏ အဓိကစာစောင်ရှစ်စောင်မှ ပေါ်လွင်ချက်များကို ပြန်လည်သုံးသပ်ခဲ့ကြသည်။ သူတို့သည် ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်းစာအုပ်ရှိ ကျမ်းစာဇာတ်ကောင် ၄၀ ၏ဘဝများကို ဆင်ခြင်ခဲ့ကြသည်။ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားစာအုပ်၏ လေးပုံတစ်ပုံခန့်နှင့် ဒံယေလပရောဖက်ပြုချက်ကို အာရုံစိုက်လော့!စာအုပ်တစ်အုပ်လုံးနီးပါးကို သုံးသပ်ဆင်ခြင်ခဲ့ကြ၏။ ကင်းမျှော်စင်မဂ္ဂဇင်းမှ လေ့လာရန်ဆောင်းပါး ၅၂ ခုအပြင် အရန်ဆောင်းပါး သုံးဆယ့်ခြောက်ခုကိုလည်း သုံးသပ်ခဲ့ကြသည်။ ထို့ပြင် ယေဟောဝါ၏လူတို့သည် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုစာစောင် ၁၂ စောင်နှင့် သမ္မာကျမ်းစာအကြောင်းအရာအမျိုးမျိုးအပေါ်အခြေခံ သည့် ပတ်စဉ်လူထုဟောပြောချက်များဖြင့်လည်း ကျွေးမွေးခံခဲ့ကြရသည်။ ဝိညာဉ်ရေးအသိပညာ ကြွယ်ဝစွာရရှိနေကြသည်တကား!
၁၈။ ခရစ်ယာန်အသင်းတော်တွင် အဘယ်နည်းများဖြင့် ကျွန်ုပ်တို့အကူအညီရရှိခဲ့ကြပြီနည်း။
၁၈ ကမ္ဘာတစ်ဝန်းတွင် အသင်းတော်ပေါင်း ၉၁,၀၀၀ ကျော်သည် အစည်းအဝေးများနှင့် ပေါင်းသင်းဆက်ဆံမှုဖြင့် အကူအညီနှင့် အားပေးတည်ဆောက်မှု ပေးလျက်ရှိသည်။ ဝိညာဉ်ရေးဘက် ကျွန်ုပ်တို့ကိုထောက်မကူညီရန် တလိုတလားရှိသော ရင့်ကျက်သည့်ခရစ်ယာန်ချင်းတို့၏ ဖေးမကူညီမှုကိုလည်း ကျွန်ုပ်တို့ရရှိကြ၏။ (ဧဖက် ၄:၁၁-၁၃) ကျွန်ုပ်တို့သည် အမှန်တရားဆိုင်ရာအသိပညာရရှိထားသောကြောင့် များစွာအကျိုးကျေးဇူးခံစားခဲ့ကြရပြီ။ ယေဟောဝါအား သိရှိ၍ ဝတ်ပြုကိုးကွယ်ရခြင်းသည် ပျော်ရွှင်မှုတစ်ရပ်ပင်ဖြစ်သည်။ “ယေဟောဝါကို မိမိဘုရားသခင်အဖြစ်ကိုးကွယ်သောလူမျိုးသည် ရွှင်လန်းဝမ်းမြောက်၏” ဟုရေးသားခဲ့သော ဆာလံဆရာ၏စကားများ မှန်လိုက်လေခြင်း!—ဆာလံ ၁၄၄:၁၅၊ ကဘ။
သင်မှတ်မိသလော
• ခရစ်ယာန်ခေတ်မတိုင်မီက မည်သူတို့နှင့် ယေဟောဝါဆက်သွယ်တော်မူခဲ့သနည်း။
• ပထမရာစုနှစ်တွင် ဝိညာဉ်ရေးအလင်းသည် မည်သို့သာ၍ထွန်းလင်းလာသနည်း။ မျက်မှောက်ခေတ်အချိန်၌ကော။
• ယေဟောဝါ၏အသိပညာနှင့်အညီ အသက်ရှင်နေထိုင်ခြင်းမှ အဘယ်ကောင်းချီးများခံစားကြရသနည်း။
• ကျွန်ုပ်တို့သည် ဘုရားသခင်အားသိကျွမ်းခြင်းကြောင့် အဘယ်ကြောင့်ဝမ်းမြောက်ကြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]
ယေဟောဝါသည် မောရှေ နောဧနှင့် အာဗြဟံတို့အား မိမိ၏အလိုတော်ကို ပြောပြခဲ့
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ယေဟောဝါသည် ကျွန်ုပ်တို့အချိန်တွင် မိမိ၏နှုတ်မြွက်စကားတော်အပေါ် အလင်းဖြာခဲ့
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့၏ လူမျိုးပေါင်းစုံ ညီအစ်ကိုများအသင်းအပင်းတွင် ရရှိသောကောင်းချီးကို စဉ်းစားကြည့်ပါ!