သင့်ယုံကြည် ပိုင်ခွင့်
သင့်ယုံကြည် ပိုင်ခွင့်
သင်ယုံကြည်လိုရာကို ယုံကြည်ပိုင်ခွင့်အား သင်တန်ဖိုးထားလေးမြတ်ပေမည်။ အခြားသူများလည်း ထို့အတူဖြစ်၏။ ထိုလုပ်ပိုင်ခွင့်ကို အသုံးပြုကြခြင်းအားဖြင့် ကမ္ဘာပေါ်ရှိ သန်းပေါင်းခြောက်ထောင်သောလူတို့သည် အံ့သြဖွယ်ကောင်းလောက်အောင် ယုံကြည်ချက်မျိုးစုံဖြစ်ပေါ်လာစေသည်။ ဖန်ဆင်းခြင်း၌ ကျွန်ုပ်တို့တွေ့ရှိရသည့်အရောင်၊ ပုံသဏ္ဌာန်၊ ဖွဲ့စည်းပုံ၊ အရသာ၊ အနံ့နှင့် အသံတို့သည် ကွဲပြားခြားနားသည့်နည်းတူ ကွဲပြားသောယုံကြည်ချက်များက စိတ်ဝင်စားမှု၊ စိတ်လှုပ်ရှားမှုနှင့် ဘဝကို မွေ့လျော်စရာ တိုးပွားစေ၏။ ယင်းသို့သောကွဲပြားခြားနားမှုက စိတ်ဝင်စားမှုကိုနှိုးဆွပေးနိုင်၏။—ဆာလံ ၁၀၄:၂၄။
သို့သော် သတိရှိဖို့လိုသည်။ ယုံကြည်ချက်အချို့သည် ကွဲပြားခြားနားရုံသာမက အန္တရာယ်ပင်ရှိ၏။ ဥပမာ၊ ဂျူးများနှင့် ဖရီးမေဆင်များသည် “ခရစ်ယာန်ယဉ်ကျေးမှုကို ဖြိုဖျက်ကာ သူတို့၏ပူးတွဲအုပ်ချုပ်မှုအောက် နိုင်ငံတစ်ခုတည်ထောင်” ရန် ကြံစည်နေသည်ဟု ၂၀ ရာစုအစောပိုင်းတွင် အချို့သူများယူမှတ်ခဲ့ကြသည်။ ထိုသို့ယူမှတ်ခဲ့ရသည့် အကြောင်းရင်းတစ်ခုမှာ ဇိအုန်ပညာရှင်အကြီးအကဲများ၏ ပဏာမသဘောတူညီချက်များ ခေါင်းစဉ်ရှိ ရှေမအမျိုးကိုဆန့်ကျင်သော ဝေစာတစ်စောင်ကြောင့်ဖြစ်၏။ ၎င်းဝေစာက ထိုအကြံအစည်များတွင် အလွန်အမင်းအခွန်ကောက်ခံခြင်း၊ လက်နက်ထုတ်လုပ်မှုကို မြှင့်တင်ပေးခြင်း၊ ‘တစ်ပါးအမျိုးသားများ၏စည်းစိမ်ချမ်းသာ ရုတ်တရက်ပျက်စီးသွား’ စေရန် စီးပွားရေးလုပ်ငန်းများ လက်ဝါးကြီးအုပ်ခြင်းကို အားပေးတိုက်တွန်းခြင်း’ ပါဝင်သည်ဟုဆိုသည်။ စွပ်စွဲချက်များတွင် ‘တစ်ပါးအမျိုးသားများသည် မဆင်မခြင်ပြုမူသည့် ယုတ်ညံ့သူများဖြစ်သွား’ စေရန် ပညာရေးစနစ်ကို ကြိုးကိုင်ခြင်း၊ ဂျူးအကြီးအကဲများသည် ‘သူတို့အားဆန့်ကျင်သူ မည်သူမဆိုကို နှိမ်နှင်းပယ်ရှား’ နိုင်စေခြင်းငှာ မြို့တော်များကို မြေအောက်ရထားလမ်းများ ဖောက်လုပ်ခြင်းဖြင့် ဆက်သွယ်ထားခြင်းတို့လည်း ပါဝင်ခဲ့သည်။
အမှန်မှာ ယင်းတို့သည် မုသားစကားများဖြစ်၍ ရှေမလူမျိုးဆန့်ကျင်ရေးစိတ်ထားကို နှိုးဆွပေးရန်အတွက်ဖြစ်သည်။ ‘ဤယုတ္တိမရှိသောစကားသည်’ ၁၉၀၃ ခုနှစ်တွင် သတင်းစာဆောင်းပါးတစ်ခု၌ ပထမဆုံးပေါ်ထွက်လာသည့် ‘ရုရှားနိုင်ငံမှ ပျံ့နှံ့ခဲ့’ သည်ဟု ဗြိတိသျှပြတိုက်မှ မာ့ခ်ဂျုန်စ်ကဆိုသည်။ ထိုအကြောင်းသည် ၁၉၂၀ ပြည့်နှစ်၊ မေ ၈ ရက်တွင် လန်ဒန်သည်တိုင်းမ်စ် သတင်းစာ၌ပါလာ၏။ တစ်နှစ်ကျော်ကြာပြီးနောက် သည်တိုင်းမ်စ် သတင်းစာက ထိုအကြောင်းအရာသည် မမှန်ကန်ကြောင်း ဖော်ပြခဲ့သည်။ ဤအချိန်အတောအတွင်း အတော်အတန် ထိခိုက်ပျက်ယွင်းခဲ့လေသည်။ ‘ဤသို့သောမုသားစကားမျိုးကို ဖုံးဖိကွယ်ဝှက်ထားရန်ခက်လှ၏’ ဟု ဂျုန်စ်ကဆိုသည်။ ယင်းကို လူတို့လက်ခံကြသည်နှင့် အလွန်အမင်းရန်လိုမုန်းထား၊ အဆိပ်အတောက်ဖြစ်စေသော၊ ကြောက်မက်ဖွယ်ခံယူချက်အချို့ကို ထွက်ပေါ်လာစေ၍ ဆိုးကျိုးများဖြစ်ပွားစေလေ့ရှိကြောင်း ၂၀ ရာစုသမိုင်းကဖော်ပြသည်။—သု. ၆:၁၆-၁၉။
ယုံကြည်ချက်နှင့်ဆန့်ကျင်ရာ အမှန်တရား
တမင်တကာလိမ်ညာပြောဆိုမှုများကြောင့်သာ လွဲမှားသောယုံကြည်ချက်များ ဖြစ်ပေါ်လာသည်မဟုတ်။ တစ်ခါတစ်ရံ အကြောင်းအရာတစ်ခုကို တလွဲအဓိပ္ပာယ်ကောက်တတ်သည်။ မှန်သည်ဟုယူမှတ်ပြီး ပြုလုပ်ခဲ့သောကြောင့် အချိန်မတန်ဘဲသေဆုံးခဲ့ရသူ မည်မျှရှိသနည်း။ ထို့ပြင် အကြောင်းအရာတစ်ခုကို ယုံကြည်လိုရုံမျှနှင့် ကျွန်ုပ်တို့ယုံလေ့ရှိကြ၏။ သိပ္ပံပညာရှင်များပင်လျှင် “မိမိတို့ယေရမိ ၁၇:၉။
၏ကိုယ်ပိုင်တီထွင်မှုများကို အလွန်အမင်းစွဲလမ်းလေ့ရှိ” ကြသည်ဟု ပါမောက္ခတစ်ဦးကဆိုသည်။ သူတို့၏ယုံကြည်ချက်များက သူတို့၏ချင့်ချိန်ဝေဖန်ချက်ကို ဝိုးတိုးဝါးတားဖြစ်စေသည်။ ထိုအခါ သူတို့၏ယုံကြည်ချက်အမှားများကို ထောက်ခံအားပေးရန် တစ်သက်လုံး အချည်းနှီးကြိုးစားအားထုတ်ကြပေမည်။—အကြီးအကျယ်ကွဲပြားမှုရှိသော ဘာသာရေးယုံကြည်ချက်များနှင့်ပတ်သက်၍လည်း အလားတူဖြစ်ပျက်ခဲ့ပြီ။ (၁ တိမောသေ ၄:၁၊ ၂; ၂ တိမောသေ ၄:၃၊ ၄) လူတစ်ဦးသည် ဘုရားသခင်ကို ခိုင်မြဲစွာယုံကြည်၏။ အခြားသူတစ်ဦးမူကား ထိုသူသည် “အဓိပ္ပာယ်မဲ့ယုံကြည်နေ၏” ဟုဆိုသည်။ လူသေပြီးနောက် မသေနိုင်သည့်ဝိညာဉ်စိုးလ်ကျန်ရှိသည်ဟု တစ်ဦးတစ်ယောက်က အခိုင်အမာဆိုသည်။ အခြားတစ်ယောက်က သင်သေသွားသောအခါ သင်သည်လုံးဝမတည်ရှိတော့ဟု ယုံကြည်သည်။ ဤသို့သော ကွဲပြားခြားနားသည့်ယုံကြည်ချက်အားလုံး မမှန်နိုင်သည်မှာရှင်းပါသည်။ ထို့ကြောင့် သင့်ယုံကြည်ချက်သည် သင်ယုံကြည်လိုသောအရာသာမဟုတ်ဘဲ စစ်မှန်ကြောင်း အသေအချာသိထားခြင်းသည် ပညာရှိလမ်းစဉ်မဟုတ်ပေလော။ (သု. ၁:၅) ယင်းကို သင်မည်သို့ပြုလုပ်နိုင်မည်နည်း။ ဤအကြောင်းကို နောက်ဆောင်းပါးတွင် သုံးသပ်ကြပါမည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
“ဇိအုန်ပညာရှင်အကြီးအကဲများ၏ ပဏာမသဘောတူညီချက်များ” ကို ဖော်ထုတ်သည့် ၁၉၂၁ ခုနှစ်ဆောင်းပါး