သင့်လူငယ့်ဘဝကို အောင်မြင်စေခြင်း
သင့်လူငယ့်ဘဝကို အောင်မြင်စေခြင်း
ဥရောပနိုင်ငံတစ်နိုင်ငံတွင် နေထိုင်သူများသည် အလှအပ၊ စည်းစိမ်ဥစ္စာ သို့မဟုတ် လူငယ့်ဘဝ ထိုသုံးခုထဲမှ တစ်ခုခုကိုရွေးချယ်ရန် တောင်းဆိုခံခဲ့ရသည်။ ဦးဆုံးရွေးကြသည်မှာ လူငယ့်ဘဝဖြစ်၏။ မှန်ပါသည်၊ ဆယ်ကျော်သက်အရွယ်နှင့် အသက် ၂၀ ကျော်ခါစအရွယ်ကို ဘဝတွင် အထူးအချိန်ကာလအဖြစ် လူကြီးလူငယ်မရွေး သတ်မှတ်ကြသည်။ လူငယ်များကို ကလေးဘဝမှ လူကြီးဘဝသို့ အောင်မြင်စွာကူးပြောင်းစေရန် လူတိုင်းလိုလားကြသည်။ သို့သော် မည်သို့အားဖြင့်နည်း။
သမ္မာကျမ်းစာ ကူညီပေးနိုင်ပါသလော။ အဖြေမှာ အမှန်ပင်ကူညီပေးနိုင်၏။ အခြားမည်သည့်အသက်အရွယ်ပိုင်းထက်မဆို လူငယ်များကို ဘုရားသခင့်နှုတ်မြွက်စကားတော်က ပို၍အကူအညီပေး၏၊ သူတို့ကို အထူးအကူအညီပေးသည့် နယ်ပယ်နှစ်ရပ်ကို ဆန်းစစ်ကြည့်ကြစို့။
အခြားသူများနှင့် အသင့်အတင့်နေခြင်း
ယူးဂျင့် ၂၀၀၀ သည် ဂျာမနီရှိ လူငယ် ၅,၀၀၀ ကျော်တို့၏ သဘောထား၊ စရိုက်စံနှုန်းနှင့် အမူအကျင့်များကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာထားချက် မှတ်တမ်းတစ်ခုဖြစ်သည်။ လူငယ်များသည် တေးသီချင်းနားထောင်ခြင်း၊ အားကစားလိုက်စားခြင်း သို့မဟုတ် အချိန်ဖြုန်းရုံဖြုန်းခြင်းကဲ့သို့သော အပန်းဖြေလှုပ်ရှားမှုများပြုလုပ်သောအခါ အခြားသူများနှင့်အတူ အမြဲလုပ်ဆောင်လေ့ရှိကြောင်း ထိုလေ့လာမှုကဖော်ပြသည်။ အခြားမည်သည့်အသက်အရွယ်ပိုင်းထက်မဆို လူငယ်များသည် သက်တူရွယ်တူများနှင့် ပို၍ပေါင်းသင်းလိုကြ၏။ ထို့ကြောင့် လူငယ့်ဘဝတွင် အောင်မြင်ခြင်းသော့ချက်တစ်ခုမှာ အခြားသူများနှင့် အသင့်အတင့်နေတတ်ခြင်းဖြစ်သည်။
သို့သော် အခြားသူများနှင့် အသင့်အတင့်နေရန် အမြဲလွယ်ကူမည်မဟုတ်ချေ။ ငယ်ရွယ်သူအမျိုးသား၊ အမျိုးသမီးများသည် လူမှုဆက်ဆံရေးနယ်ပယ်တွင် မကြာခဏပြဿနာတက်တတ်ကြောင်း သူတို့ဝန်ခံကြသည်။ ဤတွင် သမ္မာကျမ်းစာသည် အမှန်ပင်ကူညီပေးနိုင်ပါသည်။ မျှတသောဆက်ဆံရေးများ ပြုစုပျိုးထောင်ခြင်းနှင့်စပ်လျဉ်း၍ လူငယ်များအတွက် အခြေခံလမ်းညွှန်ချက်ကို သမ္မာကျမ်းစာ၌ တွေ့ရှိနိုင်သည်။ သမ္မာကျမ်းစာ၏မိန့်ဆိုချက်ကား အဘယ်နည်း။
လူမှုဆက်ဆံရေးဆိုင်ရာ အရေးကြီးဆုံးမူများထဲမှတစ်ခုကို ရွှေပညတ်ဟုခေါ်ဆိုသည်– “ကိုယ့်ကိုသူတစ်ပါးဆက်ဆံစေလိုသကဲ့သို့သူတစ်ပါးကိုဆက်ဆံလော့။” အခြားသူများကို ရိုရိုသေသေ၊ လေးလေးစားစားနှင့် ကြင်နာစွာဆက်ဆံခြင်းသည် သင့်အားထိုနည်းအတိုင်းပင်ဆက်ဆံရန် သူတို့ကိုလှုံ့ဆော်ပေးသည်။ ကြင်နာစွာပြုမူဆက်ဆံခြင်းက စိတ်ဝမ်းကွဲမှုနှင့် ဖိစီးမှုဒဏ်ကို ပျက်ပြယ်စေနိုင်သည်။ သင်သည် အခြားသူများကို ထောက်ထားညှာတာစွာပြုမူဆက်ဆံကြောင်း လူသိများလာပါက သူတို့၏ အသိအမှတ်ပြုလက်ခံခြင်းကို သင်ရရှိလာပေမည်။ သင့်ကိုအခြားသူများလက်ခံခြင်းက သင့်အားရွှင်လန်းစေသည်မဟုတ်ပေလော။—မဿဲ ၇:၁၂၊ Revised English Bible။
“ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်” ရန်သမ္မာကျမ်းစာတိုက်တွန်းထားသည်။ ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်းနှင့် ကိုယ့်ကိုယ်ကိုလေးစားမှု အတော်အသင့်ရှိခြင်းသဘောမျိုးဖြင့် မိမိကိုယ်ကိုချစ်ရန်လိုသည်။ ယင်းသည် အဘယ်ကြောင့် အထောက်အကူဖြစ်သနည်း။ သင်သည် ကိုယ့်ကိုယ်ကိုလေးစားမှုမရှိလျှင် အခြားသူများကို အလွန်အမင်းအပြစ်ရှာပေလိမ့်မည်၊ ယင်းက ကောင်းသောဆက်ဆံမဿဲ ၂၂:၃၉။
ရေးကို အတားအဆီးဖြစ်စေသည်။ သို့သော် ကိုယ့်ကိုယ်ကိုအတော်အသင့်လေးစားခြင်းသည် မိတ်ဆွေများဖွဲ့စေနိုင်သည့် အခြေခံတစ်ခုဖြစ်သည်။—မိတ်ဖြစ်လာသည်နှင့် ယင်းကိုခိုင်မြဲစေရန် နှစ်ဦးနှစ်ဖက်စလုံး ကြိုးစားအားထုတ်ဖို့လိုသည်။ “ခံယူခြင်းထက် ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ” သောကြောင့် မိတ်ဆွေဖွဲ့ရာတွင် အချိန်ပေးခြင်းသည် သင့်အားပျော်ရွှင်စေနိုင်သည်။ ပေးကမ်းခြင်းပုံစံတစ်ခုသည် ခွင့်လွှတ်ခြင်းဖြစ်၏၊ ယင်းတွင် မှားယွင်းမှုအသေးအမွှားလေးများကို လျစ်လျူရှုခြင်းနှင့် အခြားသူများသည် ခြောက်ပြစ်ကင်းရမည်ဟု မမျှော်လင့်ခြင်းပါဝင်သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သင်တို့၏အကျိုးသင့်အကြောင်းသင့်ရှိမှုကို လူခပ်သိမ်းအားသိစေကြလော့။” “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။” မိတ်ဆွေတစ်ယောက်က သင့်အားနည်းချက်ကို ထောက်ပြလာလျှင်ကော။ သင်မည်သို့တုံ့ပြန်မည်နည်း။ သမ္မာကျမ်းစာမှ လက်တွေ့ကျသော ဤအကြံပေးချက်ကို သုံးသပ်ပါလေ– “မိတ်ဆွေထိုးနှက်သောအခါ ရည်ရွယ်ချက်ကောင်း” ဖြင့်ဖြစ်သောကြောင့် “အမျက်ထွက်ရန် စိတ်မမြန်စေနှင့်။” အပေါင်းအသင်းများသည် သင့်အတွေးအခေါ်၊ အပြောအဆိုနှင့် အပြုအမူကိုသြဇာလွှမ်းမိုးနိုင်သည် မဟုတ်လော။ ယင်းကြောင့် သမ္မာကျမ်းစာက ဤသို့သတိပေးသည်– “မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ယိုယွင်းတတ်၏။” အခြားတစ်ဖက်တွင်မူ “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။”—တမန်တော် ၂၀:၃၅၊ ကဘ; ဖိလိပ္ပိ ၄:၅၊ ကဘ; ရောမ ၁၂:၁၇၊ ၁၈; ဒေ. ၇:၉၊ သမ္မာ; သု. ၁၃:၂၀; ၂၇:၆၊ REB; ၁ ကောရိန္သု ၁၅:၃၃။
မာကိုသည် ဤသို့ပြောဆိုရာတွင် ငယ်ရွယ်သူအမျိုးသား၊ အမျိုးသမီးအများအကြောင်း ပြောနေခြင်းဖြစ်သည်– “တခြားသူတွေနဲ့သင့်သင့်မြတ်မြတ်နေနိုင်ဖို့ ကျမ်းစာမူတွေဟာ တကယ်ထောက်ကူတယ်။ လူတချို့ဟာ သိပ်အတ္တဆန်ပြီး ကိုယ့်အတွက်ချည်းသာကြည့်တတ်တယ်။ ကျမ်းစာက ကိုယ့်အတွက်ပဲမဟုတ် တခြားသူတွေအတွက်ပါ ထည့်စဉ်းစားဖို့ သွန်သင်ပေးတယ်။ ကျွန်တော်သိရသလောက်ဆိုရင် လူမှုဆက်ဆံရေးကောင်းဖို့ အဲဒါဟာ အကောင်းဆုံးချဉ်းကပ်နည်းပါပဲ။”
မာကိုကဲ့သို့လူငယ်များ သမ္မာကျမ်းစာမှတတ်သိလာခဲ့ရာများသည် သူတို့၏လူငယ့်ဘဝ၌သာမက နောက်ပိုင်းတွင်လည်း များစွာအထောက်အကူပြုသည်။ ထို့ပြင် အနာဂတ်နှင့်ပတ်သက်၍ ငယ်ရွယ်သောလူမျိုးဆက်အတွက် သမ္မာကျမ်းစာ အထူးကူညီပေးနိုင်သော အခြားနည်းတစ်နည်းကို ကျွန်ုပ်တို့တွေ့ရသည်။
အနာဂတ်အတွက် စိုးရိမ်ပူပန်ခြင်း
လူငယ်အများသည် စူးစမ်းသိမြင်လိုစိတ်ရှိကြသည်။ အခြားမည်သည့်အသက်အရွယ်ပိုင်းထက်မဆို သူတို့သည် အဘယ်အရာဖြစ်နေသည်၊ အဘယ့်ကြောင့်ဖြစ်သည်ကို ပိုသိလိုကြသည်။ အခြားမည်သည့်စာအုပ်ထက်မဆို သမ္မာကျမ်းစာက ကမ္ဘာ့အခြေအနေများ၏ အကြောင်းရင်းကိုရှင်းပြ၍ အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို အသိပေးသည်။ ယင်းကို ငယ်ရွယ်သူလူမျိုးဆက်သိလိုသည်။ အဘယ်ကြောင့်သေချာသိနိုင်သနည်း။
လူငယ်များသည် လတ်တလောအတွက်သာ အသက်ရှင်ကြသည်ဟု အများယူမှတ်ကြသော်လည်း လေ့လာချက်အချို့က အနည်းငယ်ကွဲလွဲသောအမြင်ကို ဖော်ပြသည်။ လူငယ်များသည် မိမိတို့ဝန်းကျင် အဖြစ်အပျက်များကို စေ့စေ့ဂရုပြုကာ အနာဂတ်တွင် ဘဝမည်သို့ဖြစ်လာနိုင်မည်နှင့်စပ်လျဉ်း၍ ကိုယ်ပိုင်ကောက်ချက်ချလေ့ရှိကြကြောင်း ယင်းတို့ကဖော်ပြသည်။ ငယ်ရွယ်သောအမျိုးသား၊ အမျိုးသမီး ၄ ယောက်အနက် ၃ ယောက်သည် အနာဂတ်အကြောင်း “မကြာခဏ” သို့မဟုတ် “အမြဲ” စဉ်းစားကြခြင်းက သာဓကဖြစ်သည်။ လူငယ်များသည် အများအားဖြင့် အကောင်းမြင်တတ်ကြသော်လည်း လူငယ်အများစုမှာမူ စိုးရိမ်တကြီးဖြင့် အနာဂတ်ကိုရှုမြင်ကြ၏။
အဘယ်ကြောင့် စိုးရိမ်ကြရသနည်း။ ယခုခေတ်လူငယ်များစွာသည် ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးအလွဲသုံးမှုပြဿနာများ ကြုံတွေ့ခဲ့ရကြပြီးဖြစ်သည်။ အလွန်အမင်းယှဉ်ပြိုင်လိုစိတ်ရှိသောလူ့အဖွဲ့အစည်းတွင် တည်မြဲသောအလုပ်ရရှိရေးအတွက် လူငယ်များစိုးရိမ်နေကြသည်။ ကျောင်း၌ အမှတ်ကောင်းရရှိရန်
သို့မဟုတ် အလုပ်၌ အောင်မြင်သူဖြစ်ရန် ဖိအားပေးခံနေကြရ၏။ ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ဤသို့ညည်းခဲ့သည်– “ကျွန်မတို့ဟာ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့လူ့ဘောင်မှာ အသက်ရှင်နေရတယ်။ လူတိုင်း ကိုယ့်စိတ်တိုင်းကျလုပ်ကိုင်တတ်ကြတယ်။ ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာကို အမြဲပဲသက်သေထူပြရလို့ ကျွန်မစိတ်ပျက်မိတယ်။” အသက် ၂၂ နှစ်အရွယ် နောက်လူငယ်တစ်ဦးက ဤသို့ဆိုသည်– “စွမ်းဆောင်နိုင်သူတွေဟာ ကြီးပွားတိုးတက်ကြပြီး ပြည့်စုံကုံလုံကြတယ်။ အကြောင်းတစ်ခုမဟုတ်တစ်ခုကြောင့် လိုက်မမီနိုင်သူတွေကတော့ နောက်ကျကျန်ရစ်ကြတယ်။” လူ့ဘဝသည် အဘယ်ကြောင့် အပြိုင်အဆိုင်များလွန်းရသနည်း။ ဤအတိုင်း အမြဲဖြစ်နေမည်လော။လက်တွေ့ကျရှင်းပြချက်
လူငယ်များသည် လူ့အဖွဲ့အစည်းကို စိုးရိမ်တကြီး သို့မဟုတ် အထိတ်တလန့်ရှုမြင်သည့်အခါ သူတို့သည် သိလျက်ဖြစ်စေ၊ မသိဘဲဖြစ်စေ သမ္မာကျမ်းစာနှင့် သဘောချင်းတိုက်ဆိုင်နေကြ၏။ မျက်မှောက်ခေတ် “ဘယ်သူသေသေ ငတေ မာရင်ပြီးရော လူ့အဖွဲ့အစည်း” သည် အချိန်ကာလ၏နိမိတ်တစ်ခုဖြစ်ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ တမန်တော်ပေါလုသည် တိမောသေအမည်ရှိ လူငယ်တစ်ဦးထံစာရေးရာတွင် ကျွန်ုပ်တို့ခေတ်အကြောင်း ဤသို့ရေးသားခဲ့သည်– “ခဲယဉ်းသောကာလဖြစ်မည်။” အဘယ့်ကြောင့်ခဲယဉ်း၍ ခက်ခဲရသနည်း။ ပေါလုထပ်ဆင့်ရေးခဲ့သည့်အတိုင်း လူတို့သည် “ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ . . . ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ၂ တိမောသေ ၃:၁-၃။
. . . ပြင်းထန်သောသူ” ဖြစ်ကြသောကြောင့်တည်း။ ယနေ့လူအမြောက်အမြား ပြုမူကျင့်ကြံပုံ၏ တိကျသောဖော်ပြချက် မဟုတ်ပေလော။—လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံးအပေါ် ပြောင်းလဲမှုကြီးများ မကျရောက်မီ “နောက်ဆုံးသောနေ့ရက်များ၌” ထိုခဲယဉ်းသောကာလ ဖြစ်ပေါ်လိမ့်မည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ ထိုပြောင်းလဲမှုများသည် လူကြီးလူငယ် လူတိုင်းအပေါ် အကျိုးသက်ရောက်လိမ့်မည်ဖြစ်သည်။ အဘယ်ပြောင်းလဲမှုများဖြစ်မည်နည်း။ ကောင်းကင်အစိုးရသည် လူ့ရေးရာများကို မကြာမီအုပ်ချုပ်မည်ဖြစ်ရာ ပြည်သားများသည် နေရာတိုင်း၌ “များပြားသောငြိမ်သက်ခြင်း” ကိုမွေ့လျော်ကြရလိမ့်မည်။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအပိုင်ရ၍ အစဉ်အမြဲနေထိုင်ရကြလိမ့်မည်။” စိုးရိမ်ပူပန်ခြင်းနှင့် ထိတ်လန့်ခြင်းသည် အတိတ်တွင်ကျန်ရစ်ခဲ့ပေလိမ့်မည်။—ဆာလံ ၃၇:၁၁၊ ၂၉။
သမ္မာကျမ်းစာသာလျှင် အနာဂတ်ကို ယုံကြည်စိတ်ချစွာ ထိုးထွင်းသိမြင်စေ၏။ နှစ်အနည်းငယ်အကြာတွင် အဘယ်အရာဖြစ်ပျက်လာမည်ကို လူငယ်တစ်ဦးသိရှိထားပါက ထိုအဖြစ်အပျက်များအတွက် အသင့်ပြင်ဆင်ထားနိုင်ပြီး သူ့ဘဝတွင် လုံခြုံမှုရှိကာ ကိုယ့်ကိုယ်ကိုနိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ပေမည်။ ဤသို့သိထားခြင်းက ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုကို လျော့နည်းစေသည်။ ဤနည်းဖြင့် ငယ်ရွယ်သေးသောလူမျိုးဆက်၏ အထူးလိုအပ်ရာဖြစ်သည့် လူ့ဘောင်အဖွဲ့အစည်းကို သဘောပေါက်နားလည်ရန်နှင့် အနာဂတ်တွင် အဘယ်အရာဖြစ်ပျက်မည်ကိုသိရန်ကိစ္စကို သမ္မာကျမ်းစာက ဖော်ပြသည်။
လူငယ့်ဘဝတွင်အောင်မြင်ခြင်း
လူငယ့်ဘဝတွင် အောင်မြင်ခြင်းကို အဘယ်အရာက အကဲဖြတ်သနည်း။ အဆင့်မြင့်ပညာရေးလော၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခြင်းလော၊ မိတ်ဆွေအသိုင်းအဝိုင်းများပြားခြင်းလော။ လူအများ ထိုသို့ပင်ယူမှတ်ကြပေမည်။ ဆယ်ကျော်သက်အရွယ်နှင့် ၂၀ ကျော်ခါစအရွယ်သည် အိုမင်းချိန်အတွက် အစကောင်းဖြစ်သင့်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူငယ့်ဘဝတွင်အောင်မြင်ခြင်းသည် နောက်ပိုင်း၏အဖြစ်ကို အရိပ်အမြွက်ဖော်ပြပေမည်။
ကျွန်ုပ်တို့တွေ့ရှိခဲ့ရကြသည့်အတိုင်း သမ္မာကျမ်းစာသည် လူငယ်တစ်ဦး၏ငယ်ရွယ်စဉ်နှစ်များ၌ အောင်မြင်မှုရရန် သူ့ကိုကူညီပေးနိုင်သည်။ လူငယ်မြောက်မြားစွာသည် သူတို့၏အသက်တာတွင် ဤအချက်မှန်ကန်ကြောင်း တွေ့ရှိခဲ့ကြပြီ။ သမ္မာကျမ်းစာကို သူတို့နေ့စဉ်ဖတ်ရှုကြ၍ တတ်သိလာရာကို လက်တွေ့ကျင့်သုံးကြ၏။ (စာမျက်နှာ ၆ ပါ “ယေဟောဝါ၏ကျေးကျွန်ငယ်တစ်ဦးထံမှ အကြုံပြုချက်ကောင်း” ကိုရှု။) သမ္မာကျမ်းစာသည် ယခုခေတ် လူငယ်များကို “စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလိုငှာ ပြင်ဆင်” ထားသူ အမှန်ဖြစ်စေနိုင်သည့် စာအုပ်တစ်အုပ်ဖြစ်သည်။—၂ တိမောသေ ၃:၁၆၊ ၁၇။
[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]
လူငယ့်ဘဝတွင်အောင်မြင်ခြင်း၏ သော့ချက်တစ်ခုမှာ အခြားသူများနှင့်သင့်တင့်ခြင်းဖြစ်
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
မည်သည့်အသက်အရွယ်ပိုင်းထက်မဆို လူငယ်များသည် အဘယ်အရာ ဖြစ်ပျက်နေသည်၊ အဘယ်ကြောင့် ဖြစ်ပျက်ရသည်ကို သိလိုကြပေမည်
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
ယေဟောဝါ၏ ကျေးကျွန်ငယ်တစ်ဦးထံမှ အကြံပြုချက်ကောင်း
အလက်ဇန္ဒားသည် အသက် ၁၉ နှစ်ရှိပြီ။ သူသည် ယေဟောဝါသက်သေမိသားစုတစ်စုတွင် ကြီးပြင်းလာပြီး စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ခြင်းမှ ပျော်ရွှင်မှုများစွာရရှိသည်။ သို့သော် ယင်းသို့အမြဲမဟုတ်ခဲ့ချေ။ အလက်ဇန္ဒား ဤသို့ပြောပြသည်–
“နှစ်ခြင်းမခံရသေးတဲ့ လူငယ်တစ်ဦးအဖြစ် ယေဟောဝါသက်သေတွေနဲ့ ကျွန်တော် ခုနစ်နှစ်ကျော် ပေါင်းသင်းခဲ့တာကို အံ့သြကောင်းအံ့သြကြမယ်။ အဲဒီအချိန်အတွင်းမှာ ကျွန်တော့်ရဲ့ဝတ်ပြုမှုဟာ စိတ်မပါ့တပါ၊ လုပ်ရိုးလုပ်စဉ်လောက်ပဲဖြစ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုအရှိအတိုင်းသုံးသပ်ဖို့ သတ္တိမရှိခဲ့လို့ ထင်ပါတယ်။”
ထို့နောက်တွင် အလက်ဇန္ဒား၏သဘောထား ပြောင်းလဲသွားသည်။ သူဤသို့ဆက်ပြောပြသည်–
“ကျွန်တော့်မိဘနဲ့ အသင်းတော်က မိတ်ဆွေတွေက ယေဟောဝါကို ပုဂ္ဂိုလ်တစ်ပါးအဖြစ်သိလာရအောင် ကျမ်းစာကိုနေ့တိုင်းဖတ်ဖို့ မပြတ်တိုက်တွန်းခဲ့ကြတယ်။ နောက်ဆုံး သူတို့ပြောသလို ကြိုးစားလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒါနဲ့ ရုပ်မြင်သံကြားကြည့်ချိန်ကိုလျှော့လိုက်ပြီး မနက်စောစော ကျမ်းစာမှန်မှန်ဖတ်တဲ့အကျင့်ကို မွေးခဲ့တယ်။ နောက်ဆုံးကျတော့ ကျမ်းစာကို ကျွန်တော်သဘောပေါက်လာတယ်။ ကျမ်းစာဟာ ကျွန်တော့်ကို ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ကူညီပေးနိုင်တာကို သိမြင်လာတယ်။ အရေးအကြီးဆုံးက ယေဟောဝါဘုရားကို ကျွန်တော်သိကျွမ်းလာဖို့ ကိုယ်တော်အလိုရှိတာကို သိနားလည်လာတယ်။ အဲ့ဒီအတိုင်း ကျွန်တော်လုပ်တာနဲ့ ကိုယ်တော်နဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးဟာ တိုးတက်လာပြီး အသင်းတော်ထဲမှာ မိတ်ဆွေတွေ တိုးများလာတယ်။ သမ္မာကျမ်းစာဟာ ကျွန်တော့်ဘဝကို သိသိသာသာကြီး ပြောင်းလဲစေခဲ့တာပါပဲ! ယေဟောဝါရဲ့ကျေးကျွန်ငယ်တိုင်း ကျမ်းစာကိုနေ့တိုင်းဖတ်ကြပါလို့ ကျွန်တော်အကြံပြုလိုပါတယ်။”
ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါသက်သေများနှင့်ပေါင်းသင်းသည့် လူငယ်သန်းပေါင်းများစွာရှိပါသည်။ သင်သည် ထိုသူတို့တွင် တစ်ဦးအဝင်လော။ ကျမ်းစာကိုမှန်မှန်ဖတ်ရှုခြင်းမှ အသင် အကျိုးရရှိလိုပါသလော။ အလက်ဇန္ဒား၏ပုံသက်သေကိုတုပပါ။ အရေးမကြီးသောအလုပ်များကို လျှော့၍လုပ်ကိုင်ပြီး ကျမ်းစာဖတ်ရှုခြင်းကို သင့်နေ့စဉ်ပုံမှန်လုပ်ငန်းတစ်ခုဖြစ်စေပါ။ သင်သည် အမှန်တကယ်အကျိုးခံစားရပါလိမ့်မည်။