သင်၏သိစိတ်ကို စောင့်ရှောက်လော့
သင်၏သိစိတ်ကို စောင့်ရှောက်လော့
ကွန်ပျူတာပရိုဂရမ်မှားနေသည့် လေယာဉ်တစ်စင်းကိုစီးရခြင်းသည် အလွန်ကြောက်စရာပင်။ ယင်းအစား လေယာဉ်၏လမ်းညွှန်စနစ်ကို တစ်စုံတစ်ယောက်က လက်ဆော့ထားသည်၊ သို့မဟုတ် အကြောင်းအချက်များကို တမင်တကာဖျက်ထားသည်ဟု စိတ်ကူးကြည့်ကြပါ! အလားတူ ပုံဆောင်သဘောဖြင့် သင်၏သိစိတ်ကို ထိုနည်းထပ်တူဖြစ်စေရန် တစ်ဦးတစ်ယောက်ကကြိုးစားလျက်ရှိ၏။ သင်၏ကိုယ်ကျင့်တရားလမ်းညွှန်စနစ်ကို ပျက်ပြားသွားစေရန် သူဆုံးဖြတ်ထားသည်။ သူ၏ရည်ရွယ်ချက်မှာ သင်သည် ဘုရားသခင်နှင့်ဆန့်ကျင်ဖီလာသောလမ်းကြောင်းပေါ် ရောက်သွားစေရန်ဖြစ်သည်!—ယောဘ ၂:၂-၅; ယောဟန် ၈:၄၄။
ဤရက်စက်သောအဖျက်သမားကား မည်သူနည်း။ သမ္မာကျမ်းစာတွင် သူ့ကို “လူနေထိုင်ရာမြေတစ်ပြင်လုံးကိုလှည့်စားသော . . . စာတန် . . . မူလမြွေနဂါးကြီး” ဟုခေါ်ဆိုထားသည်။ (ဗျာဒိတ် ၁၂:၉၊ ကဘ) ဧဒင်ဥယျာဉ်တွင် သူသည် ဧဝအား ဟုတ်မှန်သယောင်ယောင် ကျိုးကြောင်းဆင်ခြင်မှုကိုသုံးပြီး သူသိထားသည့်အမှန်တရားကို လျစ်လျူရှု၍ ဘုရားသခင်ကိုပုန်ကန်ရန် သွေးဆောင်သောအခါ သူ၏လှုပ်ရှားမှုကိုတွေ့မြင်ခဲ့ကြရသည်။ (ကမ္ဘာဦး ၃:၁-၆၊ ၁၆-၁၉) ထိုအချိန်ကတည်းက စာတန်သည် လူသားထုတစ်ရပ်လုံးကို ဘုရားသခင်နှင့်ရန်ဘက်ပြုစေရန် သွေးဆောင်လှည့်ဖြားသောအဖွဲ့အစည်းများ ဖြစ်ပေါ်လာဖို့ ဉာဏ်ဆင်ခဲ့၏။ ဤအဖွဲ့အစည်းများတွင် အပြစ်ဆိုဖွယ်အရှိဆုံးမှာ မှောက်မှားသောဘာသာရေးဖြစ်သည်။—၂ ကောရိန္သု ၁၁:၁၄၊ ၁၅။
မှောက်မှားသောဘာသာရေးက သိစိတ်ကို ပျက်ပြားစေ
ဗျာဒိတ်ကျမ်းတွင် မှောက်မှားသောဘာသာရေးကို မဟာဗာဗုလုန်ဟုခေါ်ဆိုထားသည့် ပုံဆောင်ပြည့်တန်ဆာအဖြစ် တွေ့မြင်ရ၏။ သူ၏သွန်သင်ချက်များသည် လူများစွာ၏ ကိုယ်ကျင့်တရားသိစိတ်များကို မှားမှားယွင်းယွင်းဖြစ်စေပြီး ယုံကြည်ချက်မတူညီသူတို့ကို မုန်းတီး၍ အကြမ်းဖက်ရက်စက်စွာပြုမူစေခဲ့ပြီ။ အမှန်မှာ ဗျာဒိတ်ကျမ်းအရ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူများအပါအဝင် “မြေကြီးပေါ်မှာအသတ်ခံရသောသူရှိသမျှတို့၏” အသွေးအတွက် အဓိကတာဝန်ခံရမည့်သူကား မှောက်မှားသောဘာသာရေးဖြစ်သည်ဟု ကိုယ်တော်သတ်မှတ်ထားတော်မူပြီ။—ဗျာဒိတ် ၁၇:၁-၆; ၁၈:၃၊ ၂၄၊ ကဘ။
“သင်တို့ကိုသတ်သောသူမည်သည်ကား ဘုရား[သခင်] ဝတ်ကိုငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလရောက်လိမ့်မည်” ဟူ၍ယေရှုမိန့်ဆိုခဲ့ချိန်တွင် မှောက်မှားသောဘာသာရေးသည် လူအချို့၏ ကိုယ်ကျင့်တရားအိမ်မြှောင်ကို မည်မျှတိုင်ပျက်ပြားစေမည်အကြောင်း တပည့်တော်များအား သတိပေးခဲ့သည်။ ဤအကြမ်းဖက်သူများသည် ကိုယ်ကျင့်တရား တကယ်ကင်းမဲ့နေသည်တကား! ဤသူတို့သည် “ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်းမသိ” ဟုယေရှုမိန့်တော်မူ၏။ (ယောဟန် ၁၆:၂၊ ၃) ထိုစကားများကို ယေရှုမိန့်တော်မူပြီး များမကြာမီအချိန်တွင် ကိုယ်တော်တိုင်သည် သူတို့၏ပြစ်မှုကို သူတို့၏သိစိတ်ဖြင့် ချိန်ညှိပေးနိုင်ခဲ့ကြသည့် ဘာသာရေးခေါင်းဆောင်အချို့၏ စေခိုင်းချက်ဖြင့် အသတ်ခံခဲ့ရ၏။ (ယောဟန် ၁၁:၄၇-၅၀) ယင်းနှင့်ခြားနားသည်ကား ယေရှု၏စစ်မှန်သောနောက်လိုက်များသည် အချင်းချင်းချစ်ကြခြင်းအားဖြင့် ခွဲခြားသတ်မှတ်ခံရမည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ သူတို့၏ရန်သူများကိုပင် ချစ်နိုင်သည်အထိ သူတို့၏မေတ္တာသည် ကျယ်ပြန့်သည်။—မဿဲ ၅:၄၄-၄၈; ယောဟန် ၁၃:၃၅။
လူများစွာ၏သိစိတ်ကို မှောက်မှားသောဘာသာရေးက ပျက်ပြားစေသည့် နောက်တစ်နည်းမှာ ရေပန်းစားရာ မည်သည့်ကိုယ်ကျင့်တရားကိုမဆို သို့မဟုတ် ကိုယ်ကျင့်တရားမဲ့ခြင်းကို လိုက်လျောခြင်း၂ တိမောသေ ၄:၃၊ ကဘ။
ဖြစ်သည်။ ယင်းကိုတင်ကူး၍ တမန်တော်ပေါလုက ဤသို့ဆိုခဲ့သည်– “နောင်ကာလ၌လူတို့သည် စင်ကြယ်သော [ဆုံးမစကား] ကိုနာမခံလို၊ ယားသောနားရှိလျက် ကိုယ်သဘောအတိုင်း များပြားသောဆရာတို့ကိုရှာလိမ့်မည်။”—ယနေ့ ဘာသာရေးခေါင်းဆောင်များသည် အိမ်ထောင်ဖက်မဟုတ်သူနှင့် ကာမဆက်ဆံခြင်းကို ဘုရားသခင်လက်သင့်ခံပေမည်ဟု ပြောဆိုခြင်းဖြင့် လူတို့၏နားကို ယားစေကြသည်။ အခြားသူတို့မူ လိင်တူမေထုန်ကို ခွင့်ပြုထားကြ၏။ အမှန်မှာ ခရစ်ယာန်ဘုန်းကြီးအချို့ကိုယ်တိုင် လိင်တူမေထုန်ပြုသူများဖြစ်ကြသည်။ ဗြိတိသျှသတင်းစာ သည်တိုင်းမ်စ်တွင် ဆောင်းပါးတစ်ပုဒ်က “လူသိရှင်ကြား လိင်တူမေထုန်ဆက်ဆံသူ ခရစ်ယာန်ဘုန်းတော်ကြီးဆယ့်သုံးပါး” ကို ချာ့ခ်ျအော့ဖ်အင်္ဂလန်အသင်း၏ အထွေထွေကောင်စီဝင်များအဖြစ် ရွေးကောက်ထားကြောင်း ဖော်ပြသည်။ ချာ့ခ်ျခေါင်းဆောင်များသည် သမ္မာကျမ်းစာကျင့်ဝတ်တရားကို စွန့်ပယ်၍ သူတို့၏ချာ့ခ်ျများကလည်း ယင်းကို လုံးဝအရေးမယူသောအခါ သာသနာ့နယ်ပယ်ရှိသူတို့သည် အဘယ်စံနှုန်းများကို လိုက်နာကြမည်နည်း။ ယင်းကြောင့် သန်းနှင့်ချီသူတို့သည် လုံးဝရှုပ်ထွေးကုန်ကြသည်မှာ အံ့အားသင့်စရာမဟုတ်ချေ။
သမ္မာကျမ်းစာတွင်သွန်သင်ထားသည့် အချက်ပြမီးပြကဲ့သို့သော ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးအမှန်တရားများ၏ ညွှန်ကြားမှုကိုခံရခြင်းကား တကယ်ကောင်းလေစွ! (ဆာလံ ၄၃:၃; ယောဟန် ၁၇:၁၇) ဥပမာ၊ မတရားမေထုန်ပြုသူနှင့် သူ့သားအိမ်ရာပြစ်မှားသူတို့သည် “ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရ” ဟု သမ္မာကျမ်းစာကသွန်သင်ထားသည်။ (၁ ကောရိန္သု ၆:၉၊ ၁၀) “ပကတိထုံးစံကိုစွန့်၍ ပကတိနှင့်ဆန့်ကျင်ဘက်ထုံးစံကို” လိုက်ကြသော အမျိုးသားနှင့် အမျိုးသမီးတို့သည် ဘုရားသခင့်မျက်မှောက်၌ “ရှက်ကြောက်ဖွယ်သောအမှုကို” ပြုကြပြီဟုဆိုထားသည်။ (ရောမ ၁:၂၆၊ ၂၇၊ ၃၂) ကိုယ်ကျင့်တရားနှင့်ဆိုင်သော ဤအမှန်တရားများမှာ မစုံလင်သူများ၏ထုတ်လုပ်ရာများ မဟုတ်ချေ; ၎င်းတို့သည် ဘုရားသခင်တစ်ခါမျှ မပယ်ဖျက်ခဲ့သော ကိုယ်တော်၏မှုတ်သွင်းခံစံနှုန်းများဖြစ်၏။ (ဂလာတိ ၁:၈; ၂ တိမောသေ ၃:၁၆) သို့သော် သိစိတ်ကို ပျက်ပြားသွားစေရန် အခြားနည်းများ စာတန်၌ရှိပါသည်။
အပန်းဖြေရာတွင် ရွေးချယ်ပါ
လူတစ်ဦးအား ဆိုးယုတ်သောအမှုကို အတင်းအကျပ်ပြုလုပ်စေခြင်းမှာ တစ်ကဏ္ဍဖြစ်ပြီး ထိုအပြစ်ကိုကျူးလွန်ရန် အလိုဆန္ဒရှိစေဖို့ သူ့အားသွေးဆောင်ခြင်းသည် အခြားကဏ္ဍတစ်ရပ်ဖြစ်၏။ ယင်းသည် “ဤလောကကိုအစိုးရသောမင်း၊” စာတန်၏ပန်းတိုင်ပင်ဖြစ်သည်။ မိုက်မဲသူ သို့မဟုတ် အမှတ်တမဲ့နေသူ—အထူးသဖြင့် တိုက်ခိုက်ရအလွယ်ဆုံး လူငယ်များ—၏ စိတ်နှလုံးတွင် သူ၏ယုတ်ညံ့သောစိတ်ကူးစိတ်သန်းများကို အရာထင်စေဖို့ ယုံမှားသံသယဖြစ်ဖွယ်ရှိစာပေ၊ ရုပ်ရှင်၊ တေးဂီတ၊ ကွန်ပျူတာကစားနည်းများနှင့် အင်တာနက်ရှိညစ်ညမ်းသည့်အပြာပုံများစသည့် နည်းလမ်းများကို သူအသုံးပြုသည်။—ယောဟန် ၁၄:၃၀; ဧဖက် ၂:၂။
“ကလေးများအတွက် တီဗွီအစီအစဉ်များသည် အကြမ်းအဖက်ဆုံးဖြစ်” ၍ “[အမေရိကန်ပြည်ထောင်စုရှိ] လူငယ်များသည် အကြမ်းဖက်မှု ၁၀,၀၀၀ ခန့်ကို နှစ်စဉ် ကြည့်ရှုကြကြောင်း ခန့်မှန်းရ၏” ဟု ကလေးရောဂါများဂျာနယ်မှ အစီရင်ခံချက်တစ်ခုကဆိုသည်။ အဆိုပါအစီရင်ခံချက်ကပင် “ဆယ်ကျော်သက်များသည် လိင်ဆိုင်ရာအညွှန်းများ၊ စောင်းချိတ်ပြောဆိုမှုများနှင့် ပြက်လုံးများ ၁၅,၀၀၀ နီးပါးခန့်ကို နှစ်စဉ်ကြည့်ရှုကြရသည်” ဟူ၍လည်းဖော်ပြသည်။ ရုပ်မြင်သံကြားကို လူအများဆုံးကြည့်ချိန်တွင်ပင် “တစ်နာရီလျှင် လိင်ဆိုင်ရာပြကွက် ၈ ကြိမ်ကျော်ရှိပြီး ယင်းသည် ၁၉၇၆ ခုနှစ်ကထက် လေးဆသာ၍များကြောင်း” ဖော်ပြသည်။ ထိုလေ့လာဆန်းစစ်မှုအရ “ရိုင်းပျညစ်ညမ်းသောစကားသည်လည်း တစ်မုဟုတ်ချင်းတိုးပွားများပြားလာလျက်ရှိ” ကြောင်းကို တွေ့ရှိရသည်မှာ အံ့အားသင့်စရာမဟုတ်ချေ။ သမ္မာကျမ်းစာနှင့် အခြားလေ့လာသုံးသပ်ချက်များစွာတို့ကပါ ယင်းသို့သောအကြောင်းအရာကို အမြဲခံယူနေခြင်းသည် လူတို့ကို နယပုံပြင် ၄:၂၃ ကို ဂရုပြုပါ– “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။”—ဟေရှာယ ၄၈:၁၇။
သာ၍ဆိုးရွားသွားစေသည်ဟု သတိပေးသည်။ သို့ဖြစ်၍ သင်သည် ဘုရားသခင်၏အလိုတော်နှင့် အမှန်တွေ့လိုပြီး မိမိကိုယ်ကိုအကျိုးပြုလိုလျှင် ဤသို့ဆိုသည့်လူကြိုက်များသော တေးဂီတများစွာသည်လည်း သိစိတ်ကို ပျက်စီးစေတတ်သည်။ အနောက်တိုင်းနိုင်ငံများစွာတွင် ရေပန်းစား၍ အရောင်းအသွက်ဆုံးသီချင်းများကိုသီဆိုသော အဆိုကျော်တစ်ဦးသည် “ထိတ်လန့်တုန်လှုပ်သွားစေရန် အထူးကြိုးစား” တတ်ကြောင်း ဩစတြေးလျမှ သည်ဆန်းဒေးမေးလ်သတင်းစာပါ အစီရင်ခံချက်တစ်ခုက သတိပေးသည်။ “သူ၏သီချင်းများသည် ဆေးခြောက်၊ သွေးသားနီးသူချင်း ကာမဆက်ဆံမှုနှင့် ဗလက္ကာရပြုမှုကို အမွှမ်းတင်” သည့်အပြင် “သူ၏ဇနီးကို သတ်ပြီး အလောင်းကို ရေကန်ထဲ ပစ်ချ၏ဟု သီဆို” ကြောင်း အဆိုပါဆောင်းပါးကဖော်ပြသည်။ အခြားသီချင်းစာသားများမှာ ဤတွင်ဖော်ပြရန် အလွန်ညစ်ညမ်းလွန်းသည်။ သို့တိုင် သူ၏တေးသီချင်းကြောင့် သူဂုဏ်တင်ချီးမြှင့်ခံခဲ့ရသည်။ တေးဂီတဖြင့် သကာရည်လူးထားသော အထက်ဖော်ပြပါ ဘေးသင့်စေသောအကြံအစည်များကို သင်၏စိတ်နှလုံးထဲ ပျိုးကြဲလိုမည်လော။ ထိုသို့ပြုလိုမည်မဟုတ်ဟုမျှော်လင့်သည်၊ အကြောင်းမှာ ထိုသို့ပြုသူတို့သည် သူတို့၏သိစိတ်ကို ညစ်ညူးသွားစေ၍ အဆုံးတွင် သူတို့အထဲ၌ “ဆိုးညစ်သောစိတ်နှလုံး” ရှိစေရာ ဘုရားသခင့်ရန်သူများဖြစ်သွားစေသည်။—ဟေဗြဲ ၃:၁၂; မဿဲ ၁၂:၃၃-၃၅။
သို့ဖြစ်၍ အပန်းဖြေမှုကို ပညာရှိရှိရွေးချယ်ပါ။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့တိုက်တွန်းထားသည်– “ညီအစ်ကိုတို့၊ သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့်ရှိသမျှတို့ကိုလည်းကောင်း၊ ပါရမီ [အရည်အသွေး]တစ်ပါးပါး၊ ကောင်းသောသတင်းတစ်ပါးပါးနှင့်ဆိုင်သော အကျင့်တို့ကိုလည်းကောင်း နှလုံးသွင်းကြလော့။”—ဖိလိပ္ပိ ၄:၈။
အပေါင်းအသင်းများသည် သင့်သိစိတ်အပေါ် သက်ရောက်မှုရှိ
ငယ်စဉ်က နီးလ်နှင့် ဖရန့်ဇ်တို့သည် စိတ်ရင်းမှန်သောခရစ်ယာန်များနှင့် တည်ဆောက်မှုရှိရှိ ပေါင်းသင်းခဲ့ကြ၏။ * သို့သော် အတန်ကြာသော် “မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ ကျွန်တော်စပေါင်းလာတယ်” ဟု နီးလ်ပြောပြသည်။ အဆုံးရလဒ်မှာ သူ့ကို များစွာနောင်တရစေသည့် ရာဇဝတ်မှုနှင့် ထောင်ကျသွားခြင်းတို့ဖြစ်သည်။ ဖရန့်ဇ်သည်လည်း အလားတူပင်။ “လောကလူငယ်တွေရဲ့အကျင့် မကူးစက်ဘဲ သူတို့နဲ့ပေါင်းနိုင်မယ်လို့ ကျွန်တော်ထင်ခဲ့တာ” ဟုဝမ်းနည်းစွာသူပြောပြသည်။ “ဒါပေမဲ့ ဂလာတိ ၆:၇ ပြောသလိုပဲ ‘ဘုရားသခင်ဟာ မထီမဲ့မြင်ပြုခြင်းကို မခံဘူး၊ လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်ရတာပဲ။’ ကျွန်တော်မှားပြီး ယေဟောဝါမှန်တယ်ဆိုတာ ခက်ခက်ခဲခဲသိလာတယ်။ ကျွန်တော်ကျူးလွန်ခဲ့တဲ့အမှားအတွက် တစ်သက်တစ်ကျွန်းအပြစ်ဒဏ်စီရင်ခံရပြီ။”
နီးလ်နှင့် ဖရန့်ဇ်တို့ကဲ့သို့သောသူတို့သည် ပြစ်မှုကျူးလွန်ခြင်းကို ညတွင်ချင်းပြုမည်မဟုတ်; အစပိုင်းတွင် သူတို့ စဉ်းစားပင် စဉ်းစားမိလိမ့်မည်မဟုတ်ချေ။ မသိမသာအဆင့်ဆင့်ရွေ့လျော့သွားခြင်းဖြစ်ပြီး ဦးဆုံးမှာ မကောင်းသောအပေါင်းအသင်း ဖြစ်လေ့ဖြစ်ထရှိသည်။ (၁ ကောရိန္သု ၁၅:၃၃) ဆေးခြောက် သို့မဟုတ် အရက်ကို အလွဲသုံးစားပြုခြင်းလိုက်ပါလာပေမည်။ အမှန်မှာ သိစိတ်ကို “အရက်၌ပျော်ဝင်နိုင်သော ပင်ကိုစရိုက်တစ်စိတ်တစ်ပိုင်း” အဖြစ် ဖော်ပြထားခြင်းမှာ ဆီလျော်လှပေ၏။ ထိုမှတစ်ဆင့် ပြစ်မှုပြုရန် သို့မဟုတ် အကျင့်ယိုယွင်းရန် ခြေလှမ်းစိပ်စိပ်သာကျန်တော့သည်။
သို့ဆိုလျှင် ထိုပထမခြေလှမ်းကို အဘယ်ကြောင့်ယူမည်နည်း။ သို့ပြုမည့်အစား ဘုရားသခင်ကိုအမှန်တကယ်ချစ်မြတ်နိုးသူ ပညာရှိတို့သု. ၁၃:၂၀) ထောင်ကျနေဆဲဖြစ်ကြသည့် နီးလ်နှင့် ဖရန့်ဇ်တို့သည် မိမိတို့၏သိစိတ်ကို ကောင်းစွာလေ့ကျင့်ပေး၍ တကယ်တန်ဖိုးထားအပ်သော ဘုရားသခင်၏ဆုကျေးဇူးတစ်ခုအဖြစ် ယခုတွေ့မြင်လာလေပြီ။ ထို့ပြင် သူတို့သည် သူတို့၏ဘုရားသခင်၊ ယေဟောဝါနှင့် ဆက်ဆံရေးကောင်းစေရန် ကြိုးစားနေကြသည်။ ပညာရှိပါ၊ သူတို့၏အမှားမှ သင်ခန်းစာယူပါ။—သု. ၂၂:၃။
နှင့်ပေါင်းဖော်ပါ။ သူတို့သည် သင်၏သိစိတ်ကို ခိုင်ခံ့စေရန် ကူညီပေးလိမ့်မည်၊ သို့ဖြင့် ယင်းသည် သင့်ကိုလျောက်ပတ်စွာလမ်းပြပေးကာ များစွာသောဝမ်းနည်းခြင်းနှင့် ကင်းဝေးစေလိမ့်မည်။ (သင်၏သိစိတ်ကို ဂရုစိုက်လော့
ဘုရားသခင်ကိုချစ်ခြင်း၊ ယုံကြည်ခြင်းနှင့်တကွ ကိုယ်တော့်အား ကြောက်ရွံ့ခြင်းကို ကျွန်ုပ်တို့တည်ဆောက်ကြသောအခါ ကျွန်ုပ်တို့၏သိစိတ်ကို ဂရုစိုက်လိုကြောင်း တင်ပြရာကျသည်။ (သု. ၈:၁၃; ၁ ယောဟန် ၅:၃) ဤသြဇာလွှမ်းမိုးမှုများကင်းမဲ့သော သိစိတ်သည် ကိုယ်ကျင့်တရားခိုင်မြဲလေ့မရှိကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ဥပမာ၊ ဆာလံ ၁၄:၁ က “ဘုရားသခင်မရှိ” ဟု မိမိတို့၏စိတ်နှလုံးထဲ၌ ပြောဆိုကြသူများအကြောင်း ဖော်ပြသည်။ ယုံကြည်ခြင်းကင်းမဲ့မှုက သူတို့၏အမူအကျင့်ကို မည်သို့ထိခိုက်သနည်း။ ထိုအခန်းငယ်က ဤသို့ဆက်ပြောပြသည်– “သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ်ဖွယ်သောအမှုကို ပြုတတ်ကြ၏။”
ဘုရားသခင်၌ စစ်မှန်သောယုံကြည်ခြင်းမရှိသူတို့မှာ သာ၍ကောင်းသောအနာဂတ်အတွက် ခိုင်မြဲသောမျှော်လင့်ချက်လည်းမရှိချေ။ သို့ဖြစ်၍ သူတို့သည် လက်ရှိအချိန်အတွက်သာ အသက်ရှင်ပြီး ကာမဂုဏ်ခံစားပျော်ပါးကြသည်။ သူတို့၏အတွေးအမြင်မှာ “စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်” ဖြစ်သည်။ (၁ ကောရိန္သု ၁၅:၃၂) အခြားတစ်ဖက်တွင်မူ ထာဝရအသက်ဆုကို မျက်ခြည်မပြတ်သူတို့သည် တဒင်္ဂမျှဖြစ်သော လောကအပျော်အပါးများကြောင့် လမ်းကြောင်းပြောင်းမသွားချေ။ တိကျမှန်ကန်သော လမ်းပြကွန်ပျူတာတစ်လုံးကဲ့သို့ပင် သူတို့၏လေ့ကျင့်ခံထားသည့် သိစိတ်က ဘုရားသခင်အား တည်ကြည်စွာနာခံခြင်း လမ်းကြောင်းပေါ်ရှိနေစေရန် သူတို့ကို ဆက်လက်လမ်းညွှန်ပေးသည်။—ဖိလိပ္ပိ ၃:၈-၁၀။
သင့်သိစိတ်၏ တန်ခိုးအာနိသင်နှင့် ယင်း၏တိကျမှန်ကန်မှုကို ထိန်းသိမ်းထားရန် ဘုရားသခင့်စကားတော်မှ ပုံမှန်လမ်းညွှန်မှု လိုအပ်သည်။ သမ္မာကျမ်းစာသည် ထိုသို့သောလမ်းညွှန်မှုကိုပေးကြောင်း ဤရုပ်လုံးဖော်သည့်အသုံးအနှုန်းက ဆိုသည်– “သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲလျှင် ‘ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့’ ဟု သင့်နောက်၌ပြောသောစကားသံကို ကိုယ်နားနှင့်ကြားရလိမ့်မည်။” (ဟေရှာယ ၃၀:၂၁) သို့ဖြစ်၍ နေ့စဉ် ကျမ်းစာဖတ်ရှုခြင်းအတွက် အချိန်ဖယ်ထားပါ။ သင်သည် မှန်ရာကိုပြုလုပ်ရန် ခက်ခက်ခဲခဲကြိုးစားရသောအခါ သို့မဟုတ် စိတ်ပူပင်စိုးရိမ်ရသောအခါ ထိုစကားများသည် သင့်ကို ခွန်အားပေး၍ ထောက်မလိမ့်မည်။ သင်သည် ယေဟောဝါကို အပြည့်အဝယုံကြည်ကိုးစားမည်ဆိုလျှင် ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးအရ သင့်ကို ကိုယ်တော်လမ်းညွှန်ပေးလိမ့်မည်ဟု ယုံကြည်စိတ်ချပါလေ။ မှန်ပါသည်၊ ဤသို့ရေးသားခဲ့သော ဆာလံဆရာကို တုပပါလေ– “ငါသည် ထာဝရဘုရားကို အစဉ်မပြတ်မျက်မှောက်ပြု၏။ . . . ငါ့လက်ယာဘက်၌တည်ရှိတော်မူသည်ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။”—ဆာလံ ၁၆:၈; ၅၅:၂၂။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 16 အမည်များကို ပြောင်းထားပါသည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာတွင် “မဟာဗာဗုလုန်” အဖြစ်ဖော်ပြထားသည့် မှောက်မှားသောဘာသာရေးသည် များစွာသောသူတို့၏သိစိတ် ထုံထိုင်းသွားရခြင်း၏ တာဝန်ခံဖြစ်
[Credit Line]
Priest blessing troops: U.S. Army photo
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
အကြမ်းဖက်မှုနှင့် အကျင့်ယိုယွင်းမှုကို ရှုစားခြင်းသည် သင်၏သိစိတ်ကို ပျက်ပြားသွားစေမည်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားသခင့်စကားတော်မှ လမ်းညွှန်မှုမှန်မှန်ရရှိခြင်းက သင်၏သိစိတ်ကို စောင့်ကြပ်ပေးလိမ့်မည်