ယေရှု ကယ်တင်သည်—မည်သို့နည်း
ယေရှု ကယ်တင်သည်—မည်သို့နည်း
“ယေရှု ကယ်တင်သည်!” “ယေရှုသည် ကျွန်ုပ်တို့၏ကယ်တင်ရှင်!” ကမ္ဘာတစ်ဝန်းရှိ တိုင်းပြည်များစွာ၌ ထိုသို့သောစာတန်းများကို အဆောက်အအုံများ၏ နံရံများပေါ်နှင့် လူအများရှိရာ အခြားနေရာများ၌ ရေးသားထားကြသည်။ လူသန်းပေါင်းများစွာက ယေရှုသည် မိမိတို့၏ကယ်တင်ရှင်ဖြစ်သည်ဟု စိတ်ရင်းမှန်ဖြင့်ယုံကြည်ကြသည်။ “ကျွန်ုပ်တို့ကို ယေရှု ဘယ်လိုကယ်တင်သလဲ” ဟုသူတို့ကိုမေးလျှင် သူတို့က “ကျွန်တော်တို့အတွက် ယေရှုအသေခံခဲ့တယ်” သို့မဟုတ် “ကျွန်တော်တို့အပြစ်အတွက် ယေရှုအသေခံခဲ့တယ်” ဟုဖြေဆိုကြပေလိမ့်မည်။ မှန်ပါသည်၊ ယေရှု၏သေခြင်းက ကျွန်ုပ်တို့ ကယ်တင်ခြင်းရနိုင်ရန် လမ်းစပေါ်စေသည်။ သို့ရာတွင် လူတစ်ဦး၏သေခြင်းသည် လူအများ၏အပြစ်ကို မည်သို့ပေးဆပ်နိုင်မည်နည်း။ “ယေရှု၏သေခြင်းသည် ကျွန်ုပ်တို့ကို မည်သို့ကယ်တင်နိုင်သနည်း” ဟုမေးလျှင် သင်မည်သို့ဖြေဆိုမည်နည်း။
ထိုမေးခွန်းအတွက် ကျမ်းစာပေးသောအဖြေသည် ရိုးရိုးလေးသာဖြစ်သည်၊ သို့သော် ရှင်းလင်း၍ အဓိပ္ပာယ်ပြည့်ဝ၏။ သို့သော်လည်း ယင်း၏အရေးပါမှုကို သဘောပေါက်ရန် ယေရှု၏ဘဝနှင့် သေခြင်းသည် အလွန်ခက်ခဲသောပြဿနာတစ်ရပ်၏ ဖြေရှင်းချက်ဖြစ်သည်ဟု ဦးစွာနားလည်ဖို့လိုသည်။ သို့မှသာ ယေရှုသေခြင်း၏ ကြီးမားလှသောတန်ဖိုးကို ကျွန်ုပ်တို့ကောင်းစွာနားလည်နိုင်မည်ဖြစ်သည်။
ဘုရားသခင်သည် ယေရှုအား သူ၏အသက်ကိုစွန့်စေခြင်းအားဖြင့် အာဒံအပြစ်ပြုခဲ့စဉ်က ပေါ်ပေါက်လာသည့်အခြေအနေကို ကိုယ်တော်ကိုင်တွယ်ဖြေရှင်းနေခြင်းဖြစ်သည်။ ယင်းအပြစ်သည် တကယ်ပင်ဝမ်းနည်းကြေကွဲဖွယ်ဖြစ်သည်တကား! ပထမဆုံးလူသားနှင့် သူ၏ဇနီးဧဝတို့သည် ကမ္ဘာဦး ၁:၂၈) တကယ်ကြည်နူးဖွယ်ကောင်း၍ အလွန်စိတ်လှုပ်ရှားဖွယ် လုပ်ငန်းပါတကား! ထို့အပြင် သူတို့သည် တစ်ဦးနှင့်တစ်ဦး တရင်းတနှီးပေါင်းသင်းခွင့်ရရှိကြသည်။ (ကမ္ဘာဦး ၂:၁၈) သူတို့မှာ ဘာမျှလိုလေသေးမရှိချေ။ သူတို့ရှေ့တွင် ထာဝရအသက်ရဖို့ ပျော်ရွှင်စရာအကြောင်းသာရှိသည်။
စုံလင်ကြသည်။ လှပသောဧဒင်ဥယျာဉ်သည် သူတို့၏နေအိမ်ဖြစ်ခဲ့၏။ သူတို့၏ဥယျာဉ်စံအိမ်ကို ပြုစုစောင့်ရှောက်ခြင်းဖြစ်သည့် အဓိပ္ပာယ်ပြည့်ဝသောအလုပ်ကို သူတို့အား ဘုရားသခင်အပ်နှင်းထားသည်။ သူတို့သည် မြေကြီးပေါ်ရှိ အခြားသက်ရှိသတ္တဝါများကို မေတ္တာပါစွာစောင့်ကြပ်ကြည့်ရှုကြရန်ဖြစ်သည်။ နောက်ပိုင်းတွင် လူဦးရေတိုးပွားများပြားလာ၍ မြေကြီးပြည့်သည့်အခါ သူတို့သည် မြေကြီးစွန်းတိုင်အောင် ပရဒိသုကိုတိုးချဲ့သွားရန်ဖြစ်သည်။ (အာဒံနှင့်ဧဝ မည်သို့အပြစ်ပြုနိုင်သည်ကို စဉ်းစား၍မရပေ။ သို့သော် ဤပထမလူသားမောင်နှံသည် မိမိတို့ကိုဖန်ဆင်းသောအရှင် ယေဟောဝါဘုရားသခင်ကိုပင် ဆန့်ကျင်ပုန်ကန်ခဲ့ကြ၏။ . . . ဝိညာဉ်သတ္တဝါစာတန် . . . သည် မြွေတစ်ကောင်ကိုအသုံးပြု၍ ယေဟောဝါကို နာမခံရန် ဧဝအားလှည့်ဖြားခဲ့၏၊ အာဒံလည်း သူ့နောက်လိုက်ပါသွားခဲ့သည်။—ကမ္ဘာဦး ၃:၁-၆။
ဖန်ဆင်းရှင်သည် အာဒံနှင့်ဧဝကို မည်သို့ပြုတော်မူမည်နှင့်စပ်လျဉ်း၍ မေးစရာမလိုပေ။ “ကောင်းမကောင်းကိုသိကျွမ်းရာအပင်မှတစ်ပါး ထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကို သင်သည်စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကားမစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်” ဟုမနာခံမှု၏အကျိုးဆက်ကို ကိုယ်တော်ရှင်းပြထားနှင့်ပြီးဖြစ်သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ဤတွင် သာ၍အရေးကြီးသောမေးခွန်းတစ်ခုကို ဖြေဆိုရန်လိုအပ်လာလေသည်။
ခက်ခဲသောပြဿနာတစ်ရပ်ကို လူသားတို့ရင်ဆိုင်ရကြ
ထိုမူလအပြစ်ကြောင့် လူသားသည် အလွန်အကျပ်ရိုက်ခဲ့ရသည်။ အာဒံသည် စုံလင်သူတစ်ဦးအဖြစ် ဘဝစတင်ခဲ့သည်။ ထို့ကြောင့် သူ၏ကလေးများသည် စုံလင်သောထာဝရအသက်ကို ရနိုင်ကြ၏။ သို့သော် အာဒံအပြစ်မပြုမီ သူ၌ကလေးမရှိသေးချေ။ “သင်ထွက်ရာမြေသို့မပြန်မီတိုင်အောင် သင်၏မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား သင်သည်မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်” ဟူသော စီရင်ချက်ချမှတ်ခံရချိန်တွင် သူမှဆင်းသက်မည့် လူသားမျိုးနွယ်တစ်ခုလုံးသည် သူ့အထဲတွင်ရှိသေးသည်။ (ကမ္ဘာဦး ၃:၁၉) ထို့ကြောင့် အာဒံအပြစ်ပြု၍ ဘုရားသခင်မိန့်တော်မူသည့်အတိုင်း သေခြင်းသို့လားစဉ် လူသားတစ်ရပ်လုံးသည်လည်း သူနှင့်အတူ သေဒဏ်ချမှတ်ခံခဲ့ရသည်။
နောက်ပိုင်း၌ တမန်တော်ပေါလုက သင့်လျော်စွာဖြင့် ဤသို့ရေးသားခဲ့သည်– “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” (ရောမ ၅:၁၂) မှန်ပါသည်၊ အဆုံးမဲ့အသက်တာနှင့် ပြည့်ဝစုံလင်စွာ မွေးဖွားလာကြရမည့် အလားအလာရှိ ကလေးများသည် မူလအပြစ်ကြောင့် ဖျားနာခြင်း၊ အိုမင်းခြင်းနှင့် သေခြင်းတို့ကိုသာ ရှုမျှော်နိုင်ကြရတော့သည်။
“ဒါမတရားဘူး၊ ဘုရားသခင်ကိုမနာခံဖို့ ငါတို့ရွေးတာမဟုတ်ဘူး၊ ရွေးတာက အာဒံပဲ၊ ထာဝရအသက်နဲ့ ပျော်ရွှင်ရဖို့အလားအလာကို ငါတို့ ဘာကြောင့် ဆုံးရှုံးရတာလဲ” ဟုတစ်စုံတစ်ဦးက ကန့်ကွက်ပေမည်။ ကားခိုးသူဖခင်၏အမှုအတွက် သူ၏သားကို တရားရုံးကထောင်ချခဲ့မည်ဆိုလျှင် သားဖြစ်သူက– “ဒါမတရားဘူး! ငါဘာအပြစ်မှမကျူးလွန်ဘူး” ဟုမကျေမနပ်ပြောဆိုခြင်းသည် မှန်ကန်ကြောင်း ကျွန်ုပ်တို့သဘောတူမည်။—တရားဟောရာ ၂၄:၁၆။
ပထမလူယောက်ျားနှင့် လူမိန်းမတို့ကို အပြစ်ပြုစေခြင်းဖြင့် ဘုရားသခင်အား ဘေးကျပ်နံကျပ်အခြေအနေတွင် ရောက်ရှိစေမည်ဟု စာတန်ယူမှတ်ခဲ့ပေမည်။ ကလေးတစ်ယောက်မျှမမွေးဖွားမီ လူသားမျိုးနွယ်၏သမိုင်း အစောပိုင်း၌ပင် စာတန်စတင်တိုက်ခိုက်ခဲ့သည်။ အာဒံအပြစ်ပြုသည်နှင့် ပေါ်ပေါက်လာသည့် အရေးကြီးသောမေးခွန်းတစ်ခုမှာ အာဒံနှင့်ဧဝတို့ရရှိလာမည့် ကလေးများနှင့်စပ်လျဉ်း၍ ယေဟောဝါမည်သို့ပြုမည်နည်း ဟူ၍ဖြစ်သည်။
ယေဟောဝါဘုရားသခင်သည် တရားမျှတစွာ ပြုတော်မူခဲ့သည်။ ဖြောင့်မတ်သူဧလိဟုက ‘[မကောင်းမှု]သည် ဘုရားသခင်နှင့်လည်းကောင်း၊ အပြစ်သည် [အဆုံးမဲ့]တန်ခိုးရှင်နှင့်လည်းကောင်း ဝေးလေစွတကား!’ ဟုပြောခဲ့သည်။ (ယောဘ ၃၄:၁၀) ယေဟောဝါနှင့်စပ်လျဉ်း၍ ပရောဖက်မောရှေက ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်သည် မူလအမြစ်ဖြစ်၍ အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက် သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားဖြစ်တော်မူ၏။” (တရားဟောရာ ၃၂:၄) အာဒံ၏အပြစ်ကြောင့် ဖြစ်ပေါ်လာသည့်ပြဿနာကို စစ်မှန်သောဘုရားသခင် ဖြေရှင်းနည်းသည် ပရဒိသုမြေကြီးပေါ် ထာဝရအသက်ရှင်ခြင်းအခွင့်ကို ကျွန်ုပ်တို့ထံမှ နုတ်ယူမသွားခဲ့ချေ။
လုံးဝကောင်းမွန်သောဖြေရှင်းနည်းကို ဘုရားသခင်စီစဉ်ပေးခဲ့
စာတန် . . . ကိုစီရင်ချက်ချရာတွင် ဘုရားသခင်ဖော်ပြသည့် ဖြေရှင်းနည်းကိုသုံးသပ်ကြည့်ပါ။ စာတန်ကို ယေဟောဝါက ဤသို့မိန့်တော်မူသည်– “သင်နှင့်မိန်းမ [ဘုရားသခင်၏ကောင်းကင်အဖွဲ့အစည်း] ကိုလည်းကောင်း၊ သင်၏အမျိုးအနွယ် [စာတန်၏ထိန်းချုပ်မှုအောက်ရှိလောက] နှင့် မိန်းမ၏အမျိုးအနွယ် [ယေရှုခရစ်] ကိုလည်းကောင်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည်သင် [စာတန်] ၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည်သူ၏ဖနောင့်ကိုကြိတ် [ယေရှု၏သေခြင်း] လိမ့်မည်။” (ကမ္ဘာဦး ၃:၁၅) သမ္မာကျမ်းစာ၏ ပထမဦးဆုံးသော ဤပရောဖက်ပြုချက်၌ ယေဟောဝါက မိမိ၏ကောင်းကင် . . . ဝိညာဉ်သားတော်အား စုံလင်သောလူသားယေရှုအဖြစ် မြေကြီးပေါ်တွင်အသက်ရှင်ရန် ကြွလာစေ၍ အပြစ်မဲ့သော ထိုအခြေအနေ၌ သေဆုံး—ခေါင်းကိုကြိတ်ခြင်းခံ—စေမည့်ရည်ရွယ်ချက်ကို ဖော်ပြခဲ့သည်။
စုံလင်သောလူသားတစ်ဦး သေဆုံးရခြင်းကို ဘုရားသခင် အဘယ်ကြောင့်လိုအပ်စေခဲ့ရသနည်း။ အာဒံအပြစ်ပြုလျှင် အဘယ်အပြစ်ဒဏ်ခံရမည်ဟု ယေဟောဝါဘုရားသခင်စီရင်ခဲ့သနည်း။ သေခြင်းပင် မဟုတ်ပေလော။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) “အပြစ်တရား၏အခကား သေခြင်းပေတည်း” ဟုတမန်တော်ပေါလုရေးသားခဲ့သည်။ (ရောမ ၆:၂၃) အာဒံသည် မိမိ၏အပြစ်အတွက် သေခြင်းဖြင့်ပေးဆပ်ခဲ့ရသည်။ သူ့ကိုအသက်ပေးအပ်ခဲ့၏၊ သူကအပြစ်ပြုရန်ရွေးချယ်၏၊ ထို့ကြောင့် အပြစ်ဒဏ်အဖြစ် သူသေရသည်။ (ကမ္ဘာဦး ၃:၁၉) ထိုအပြစ်ကြောင့် လူသားမျိုးနွယ်တစ်ရပ်လုံး ခံရသည့် အပြစ်ဒဏ်စီရင်ခြင်းကော အသို့နည်း။ သူတို့၏အပြစ်များကို ကျေအေးစေရန် အသေခံဖို့လိုနေသည်။ သို့ရာတွင် မည်သူ့သေခြင်းက လူသားတစ်ရပ်လုံး၏အပြစ်ကို ထိုက်သင့်မျှတစွာ ဖုံးအုပ်နိုင်မည်နည်း။
ရှေးဣသရေလလူမျိုးအား ဘုရားသခင်ပေးခဲ့သောပညတ်တော်အရ “အသက်အတွက်အသက်” လိုသည်။ (ထွက်မြောက်ရာ ၂၁:၂၃) တရားဥပဒေနှင့်ဆိုင်သော ဤမူအရ လူသားများ၏အပြစ်ကို ဖုံးအုပ်နိုင်မည့်သေခြင်းသည် အာဒံဆုံးရှုံးခဲ့ရာနှင့် တန်းတူညီမျှဖြစ်ရပေမည်။ စုံလင်သောအခြားလူသားတစ်ဦး၏သေခြင်းကသာ အပြစ်၏အခကို ပေးဆပ်နိုင်လိမ့်မည်။ ယေရှုသည် ထိုသို့သောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အာဒံမှဆင်းသက်လာသည့် ရွေးနုတ်ခံထိုက်သူ လူသားအားလုံးကို ကယ်တင်နိုင်ဖို့အတွက် “တန်ဖိုးတူရွေးနုတ်ဖိုး” မှာ အမှန်ပင် ယေရှုသာဖြစ်သည်။—၁ တိမောသေ ၂:၆၊ ကဘ; ရောမ ၅:၁၆၊ ၁၇။
ယေရှု၏သေခြင်းသည် တန်ဖိုးကြီးမား
အာဒံသေဆုံးသည်အတွက် အဘယ်တန်ဖိုးမျှမရှိချေ; သူ၏အပြစ်အတွက် သူသေထိုက်၏။ သို့ရာတွင် ယေရှုသည် အပြစ်မဲ့အနေအထား၌ သေဆုံးခဲ့သောကြောင့် ကိုယ်တော်၏သေခြင်းသည် တန်ဖိုးကြီးမားလှသည်။ အပြစ်ရှိသောအာဒံ၏ နာခံမှုရှိ သားစဉ်မြေးဆက်များအတွက် ယေရှု၏စုံလင်သောအသက်ကို ရွေးနုတ်ဖိုးအဖြစ် ယေဟောဝါဘုရားသခင် လက်ခံနိုင်တော်မူသည်။ ထို့ပြင် ယေရှု၏ရွေးနုတ်ဖိုးတန်ဖိုးသည် ကျွန်ုပ်တို့၏ အတိတ်ကအပြစ်များအတွက်သာ အကျိုးသက်ရောက်မှုရှိသည် မဟုတ်ချေ။ ထိုသို့သာဖြစ်ခဲ့လျှင် ကျွန်ုပ်တို့တွင် အနာဂတ်ဟူ၍ ရှိမည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် အပြစ်၌ ပဋိသန္ဓေစွဲသည်ဖြစ်ရာ အမှန်ပင် ထပ်မံအပြစ်ပြုကြပါဦးမည်။ (ဆာလံ ၅၁:၅) အာဒံနှင့်ဧဝ၏ သားမြေးများအတွက် မူလကပင် ယေဟောဝါရည်ရွယ်ထားသည့် စုံလင်ခြင်းကို ကျွန်ုပ်တို့ရရှိရန် ယေရှု၏သေခြင်းက အခွင့်ပေးသောကြောင့် ကျွန်ုပ်တို့ အမှန်တကယ် ကျေးဇူးတင်နိုင်သည်တကား!
ပြန်မဆပ်နိုင်သည့်တိုင် ကျွန်ုပ်တို့ကို အကြွေး (အပြစ်) နစ်အောင်ချန်ထားခဲ့သည့် သေဆုံးသွားသော ဖခင်တစ်ဦးနှင့် အာဒံကိုပုံခိုင်းနိုင်သည်။ တစ်ဖက်တွင်မူ ယေရှုသည် ကွယ်လွန်သွားသော်လည်း ချမ်းချမ်းသာသာထားရစ်ခဲ့သော ဖခင်ကောင်းတစ်ဦးနှင့်တူသည်၊ ထိုအမွေဖြင့် ကျွန်ုပ်တို့ကိုအာဒံဝန်ပိစေခဲ့သော များပြားလှသည့်အကြွေးမှလွတ်မြောက်စေရုံမက ထာဝစဉ်သုံးမကုန်အောင်ဖူလုံစေသည်။ ယေရှု၏သေခြင်းသည် အတိတ်ကအပြစ်များကို ပယ်ဖျက်ပေးခြင်းမျှသာမဟုတ်ပါ; ကျွန်ုပ်တို့၏အနာဂတ်အတွက် အထူးကောင်းမွန်သော အစီအစဉ်လည်း ဖြစ်စေသည်။
ယေရှုသည် ကျွန်ုပ်တို့အတွက် အသေခံတော်မူသောကြောင့် ကိုယ်တော်သည် လူသားတို့၏ကယ်တင်ရှင်ဖြစ်သည်။ ကိုယ်တော်၏သေခြင်းသည် တကယ်တန်ဖိုးကြီးမားလှသည်တကား! ၎င်းကို အာဒံ၏အပြစ်ကြောင့် ဖြစ်ပေါ်လာသော ရှုပ်ထွေးသည့်ပြဿနာအတွက် ဘုရားသခင့်ဖြေရှင်းနည်းအဖြစ် ကျွန်ုပ်တို့သဘောပေါက်သောအခါ ယေဟောဝါနှင့် ကိုယ်တော်ပြုတော်မူသမျှကို ယုံကြည်စိတ်ချမှု ပိုရှိလာသည်။ မှန်ပါသည်၊ ယေရှု၏သေခြင်းသည် ကိုယ်တော်အား “ယုံကြည်သောသူအပေါင်း” ကို အပြစ်၊ ရောဂါဘယ၊ အိုမင်းခြင်းနှင့် သေခြင်းတို့မှ လွတ်မြောက်စေသည်။ (ယောဟန် ၃:၁၆) ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် ဤမေတ္တာပါအစီအစဉ်ကိုပြုလုပ်ပေးသောကြောင့် ဘုရားသခင်ကို သင်ကျေးဇူးတင်ပါသလော။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
အာဒံသည် လူသားထုကို အပြစ်နှင့်သေခြင်းသို့ရောက်စေခဲ့
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ယေဟောဝါသည် လုံးဝကောင်းမွန်သော ဖြေရှင်းနည်းကို စီစဉ်ပေးခဲ့