ဝိညာဉ်ရေး နှလုံးရပ်တန့် ခြင်းကို သင်ရှောင်နိုင်
ဝိညာဉ်ရေး နှလုံးရပ်တန့် ခြင်းကို သင်ရှောင်နိုင်
အားအင်အပြည့်နှင့် ကျန်းမာရေးအလွန်ကောင်းပုံရှိသည့် ကမ္ဘာ့အဆင့်မီအားကစားသမားတစ်ဦးသည် လေ့ကျင့်ချိန်အတွင်း ရုတ်တရက်မူးလဲကာ သေဆုံးခဲ့သည်။ ထိုအားကစားသမားမှာ အသက် ၂၈ နှစ်သာရှိသေးသည့် နှစ်ကြိမ်တိုင်တိုင် အိုလံပစ်ရွှေတံဆိပ်ဆုရသူ ရေခဲပြင်စကိတ်စီးသမား စယီရ်ဂျေး ဂရီန်ကောဖ်ဖြစ်ပြီး သူ၏ကျော်ကြားမှုမှာ ထွန်းပေါက်ခါစရှိသေးစဉ် ချက်ချင်းပျောက်ကွယ်သွားသည်။ ဝမ်းနည်းစရာပါတကား! အကြောင်းရင်းကားအဘယ်နည်း။ နှလုံးရပ်သွားခြင်းဖြစ်သည်။ သူသည် နှလုံးရောဂါရှိသည့်လက္ခဏာ ဘာမျှမပြသောကြောင့် သူ၏သေဆုံးမှုသည် လုံးဝမထင်မှတ်စရာဖြစ်ခဲ့၏။ သို့တိုင် သူ၏နှလုံးမှာ ကြီးနေပြီး သွေးလွှတ်ကြောများ အကြီးအကျယ်ပိတ်နေသည်ဟု စစ်ဆေးသူများက တွေ့ ရှိခဲ့သည်။
လက္ခဏာမပြဘဲနှလုံးရပ်သွားတတ်သော်လည်း ယင်းသည်ဖြစ်တောင့်ဖြစ်ခဲသည်ဟု ဆေးဘက်ဆိုင်ရာအာဏာပိုင်များကဆိုသည်။ အမှန်မှာ မောဟိုက်ခြင်း၊ အဝလွန်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းစသော သတိပေးလက္ခဏာများနှင့် ဖြစ်ရသည့်အကြောင်းရင်းများကို လျစ်လျူရှုတတ်ကြသည်။ ရလဒ်ကား နှလုံးရပ်ချိန်၌အသက်မပါသည့်တိုင် လူအများသည် ကျန်ရှိသောအသက်တာတွင် အကြီးအကျယ်ကျန်းမာရေးဆုတ်ယုတ်သွားလေ့ရှိ၏။
ယနေ့ ဆေးဘက်ဆိုင်ရာသဘောထိုင်ချက်မှာ နှလုံးရပ်တန့်ခြင်းကိုကာကွယ်ရန် ဓာတ်စာနှင့် ဘဝပုံစံကို အမြဲသတိထားရမည့်အပြင် မှန်မှန်ဆေးစစ်ဖို့လိုသည်ဟုဖြစ်သည်။ * ဤသို့သောလုပ်ဆောင်မှုများနှင့်အတူ လိုအပ်သောနေရာတွင် အမှန်တကယ်ပြုပြင်ပြောင်းလဲလိုစိတ်ရှိခြင်းတို့သည် နှလုံးရပ်တန့်ခြင်း၏ ဝမ်းနည်းဖွယ်အကျိုးဆက်များကို လျော့နည်းသွားစေရန် များစွာထောက်ကူပါလိမ့်မည်။
သို့သော် ပို၍ပင်ဂရုစိုက်သင့်သည့် နှလုံး၏အသွင်နောက်တစ်မျိုးရှိသေးသည်။ “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့” ဟုသမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုသတိပေးသည်။ (သု. ၄:၂၃) မှန်၏၊ ဤကျမ်းချက်သည် အထူးသဖြင့် ပုံဆောင်နှလုံးကို ရည်ညွှန်းနေခြင်းဖြစ်သည်။ ပကတိနှလုံးကိုကာကွယ်ရန် သတိရှိဖို့လိုအပ်လျှင် ဝိညာဉ်ရေးသေစေနိုင်သော ရောဂါများမှ ပုံဆောင်နှလုံးကို ကာကွယ်လိုသော် ပို၍ပင်သတိရှိဖို့အရေးကြီးသည်။
ပုံဆောင်နှလုံးရပ်တန့်ခြင်းကို ဆန်းစစ်ခြင်း
ပကတိနှလုံးရောဂါကဲ့သို့ ဝိညာဉ်ရေးအရ နှလုံးရပ်တန့်ခြင်းကို ကာကွယ်ရန် သေချာသည့်နည်းတစ်ခုမှာ ဖြစ်ရသည့်အကြောင်းရင်းများကို သိရှိပြီးနောက် ယင်းတို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာလုပ်ဆောင်ဖို့ ခြေလှမ်းလှမ်းခြင်းဖြစ်သည်။ ထို့ကြောင့် ပကတိနှင့်ပုံဆောင်နှလုံးရောဂါ ဖြစ်ရခြင်းအခြေခံအချက်အချို့ကို သုံးသပ်ကြည့်ကြစို့။
ဓာတ်စာ။ အစာဖျင်းများသည် အရသာရှိသော်လည်း ကျန်းမာရေးအတွက် အကျိုးမရှိကြောင်း လူအများကလက်ခံကြသည်။ ထိုနည်းထပ်တူ စိတ်ပိုင်းဆိုင်ရာအစာဖျင်းများကို အလွယ်တကူရရှိနိုင်၍ အလွန်ဆွဲဆောင်မှုရှိမည်ဖြစ်သော်လည်း ဝိညာဉ်ရေးရာကျန်းမာရေးကို ထိခိုက်စေ၏။ တရားမဝင်လိင်ဆက်ဆံခြင်းနှင့် မူးယစ်ဆေးဝါး၊ အကြမ်းဖက်မှုနှင့် မှော်အတတ်တို့ကို လူထုဆက်သွယ်ရေးမှတစ်ဆင့် လိမ္မာပါးနပ်စွာကြော်ငြာသည့်အရာများစွာရှိသည်။ ဤသို့သောဓာတ်စာကို စိတ်ထဲဖြည့်ပေးလျှင် ပုံဆောင်နှလုံးကို သေဘေးသင့်စေသည်။ ဘုရားသခင့်နှုတ်မြွက်တော်က ဤသို့သတိပေးသည်– “လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လော[က]စည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့်လော[က]တပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ . . . ထာဝရတည်၏။—၁ ယောဟန် ၂:၁၆၊ ၁၇။
သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်စိမ်းများကဲ့သို့ ကျန်းမာစေသောအစားအစာများသည် အစာဖျင်းစားသူအတွက် နှစ်သက်စရာမဟုတ်ချေ။ အလားတူ၊ မိမိစိတ်နှလုံးကို လောကအစာကျွေးလေ့ရှိသူအတွက် ကျန်းမာစေပြီး ကြေခဲသောဝိညာဉ်အစာသည် နှစ်သက်စရာဖြစ်မည်မဟုတ်ပေ။ သူသည် အတန်ကြာအထိ ဘုရားသခင့်နှုတ်မြွက်တော်၏ “နို့” ကိုသာ သုံးဆောင်နေပေမည်။ (ဟေဗြဲ ၅:၁၃) သို့သော် အဆုံး၌ သူသည် ခရစ်ယာန်အသင်းတော်နှင့်ဓမ္မအမှုတွင် အခြေခံဝိညာဉ်ရေးတာဝန်များကို ထမ်းဆောင်ရန် လိုအပ်သည့်ဝိညာဉ်ရေးရင့်ကျက်မှု ရှိမည်မဟုတ်ချေ။ (မဿဲ ၂၄:၁၄; ၂၈:၁၉; ဟေဗြဲ ၁၀:၂၄၊ ၂၅) ထိုအခြေအနေမျိုးရှိသူအချို့သည် မလှုပ်မရှားသောသက်သေခံများဖြစ်လာသည့်အထိ သူတို့၏ဝိညာဉ်ရေးခွန်အားကို ယုတ်လျော့သွားစေခဲ့သတည်း!
နောက်ထပ်အန္တရာယ်မှာ အပြင်ပန်းရုပ်သွင်သည် လှည့်စားနိုင်ခြင်းဖြစ်သည်။ ခရစ်ယာန်တာဝန်များကို အပေါ်ယံလုပ်ဆောင်ခြင်းသည် ရုပ်ဝါဒဆန်သောအမြင်များ သို့မဟုတ် အကျင့်ယိုယွင်းခြင်း၊ အကြမ်းဖက်ခြင်း၊ မှော်အတတ်ပါရှိသည့် ဖျော်ဖြေမှုတို့ကို တိတ်တဆိတ်လိုက်စားခြင်းဖြင့် အားနည်းသွားသည့်ပုံဆောင်နှလုံး၏ ချို့ယွင်းမှုကြီးထွားလာခြင်းကို ဖုံးကွယ်ထားပေမည်။ ဤသို့သောဝိညာဉ်ရေးဓာတ်စာပျက်သည် ဝိညာဉ်ရေးကိုလွန်စွာမထိခိုက်နိုင်ပုံပေါက်သော်လည်း ယင်းသည် ပုံဆောင်နှလုံးကို ပျက်စီးစေနိုင်သည်၊ ဓာတ်စာဖျင်းက ပကတိနှလုံးသွေးလွှတ်ကြောများကို မာကျစ်ပြီး ပျက်စီးစေနိုင်သည့်နည်းတူပင်။ မတော်လျော်သောဆန္ဒများကို နှလုံးထဲသို့ မဝင်မိစေရန် ယေရှုသတိပေးခဲ့၏။ ကိုယ်တော်က “ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်သောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၅:၂၈) မှန်၏၊ ဝိညာဉ်ရေးဓာတ်စာဖျင်းသည် ဝိညာဉ်ရေးနှလုံးကိုရပ်သွားစေနိုင်သည်။ သို့တိုင် နောက်ထပ်ဆင်ခြင်သုံးသပ်စရာများရှိသေးသည်။
လေ့ကျင့်ခန်း။ မလှုပ်မရှားသောဘဝပုံစံသည် ပကတိနှလုံးရပ်တန့်စေနိုင်သည်ကို အများသိကြသည်။ ထိုနည်းတူ ဝိညာဉ်ရေးမလှုပ်မရှားသောဘဝပုံစံသည် ဆိုးရွားသောအကျိုးဆက်များဖြစ်ပေါ်စေနိုင်၏။ ဥပမာ၊ လူတစ်ဦးသည် ခရစ်ယာန်ဓမ္မအမှုတွင် တော်ရုံသင့်ရုံပါဝင်သော်လည်း ယင်းကို သက်သာရာ၂ တိမောသေ ၂:၁၅) သို့မဟုတ် ခရစ်ယာန်အစည်းအဝေးအချို့ကို တက်ရောက်မည်ဖြစ်သော်လည်း ၎င်းတို့အတွက် ကြိုတင်ပြင်ဆင်မှုနှင့် ပါဝင်ဖြေဆိုမှုတို့ မပြုလုပ်ဘဲနေမည်။ သူ့မှာ ဝိညာဉ်ရေးပန်းတိုင်များမရှိ၊ ဝိညာဉ်ရေးရာများကို တောင့်တခြင်း၊ စိတ်အားကြီးခြင်းမရှိဘဲနေပေမည်။ ဝိညာဉ်ရေးလေ့ကျင့်ခန်းမရှိလျှင် တစ်ချိန်ကရှိခဲ့သည့် ယုံကြည်ခြင်းပင်လျှင် နောက်ဆုံး၌ အားနည်းလာကာ အသေဖြစ်သွားနိုင်သည်။ (ယာကုပ် ၂:၂၆) ထိုကဲ့သို့မလှုပ်မရှားသော ဝိညာဉ်ရေးဘဝပုံစံရှိခဲ့ကြပုံရသည့် ဟေဗြဲခရစ်ယာန်အချို့ထံ တမန်တော်ပေါလုစာရေးခဲ့စဉ်က ဤအန္တရာယ်ကို သတိပြုစေခဲ့သည်။ ယင်းက သူတို့၏ဝိညာဉ်ရေးကိုထိခိုက်၍ ခိုင်မာသွားစေနိုင်သည့်အကြောင်း သူသတိပေးခဲ့ပုံကို ဂရုပြုပါ။ “ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံးမရှိစေခြင်းငှာ သတိပြုကြလော့။ [မကောင်းမှု]၏လှည့်ဖြားခြင်းအားဖြင့် သင်တို့စိတ်နှလုံးမခိုင်မာစေခြင်းငှာ ယနေ့ဟူ၍ခေါ်ဝေါ်သောအချိန်၊ နေ့တိုင်းအစဉ် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ကြလော့။”—ဟေဗြဲ ၃:၁၂၊ ၁၃။
နယ်ပယ်ဟုခေါ်ရမည့်အထိ ကန့်သတ်ထားပြီး “ရှက်ကြောက်စရာအကြောင်းမရှိဘဲ [အမှန်တရား]ကို မှန်ကန်စွာပိုင်းခြားတတ်သော ဆရာသမားဖြစ်” လာရန် ကြိုးစားခြင်းမရှိဘဲနေပေမည်။ (ဖိစီးမှု။ ထို့ပြင် ပကတိနှလုံးရပ်ရခြင်း၏ နောက်ထပ်အဓိကအကြောင်းရင်းမှာ မတန်မရာဖိစီးမှုခံရခြင်းဖြစ်သည်။ အလားတူစွာ ဖိစီးမှု သို့မဟုတ် “လော[က]စိုးရိမ်ခြင်း” သည်ပုံဆောင်နှလုံးကို အလွယ်တကူပျက်စီးစေသည့်အပြင် ဘုရားသခင့်အမှုတော်ထမ်းဆောင်ခြင်းမှ လုံးဝရပ်တန့်သွားသည့်အထိပင် ဖြစ်စေနိုင်၏။ ယင်းနှင့်ပတ်သက်၍ ယေရှု၏ဤသတိပေးချက်သည် အချိန်သင့်အခါသင့်ဖြစ်သည်– “သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လော[က]စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့် တွေ့ကြုံလိမ့်မည်။” (လုကာ ၂၁:၃၄၊ ၃၅) အချိန်ကြာမြင့်စွာဖုံးကွယ်ထားသော အပြစ်ကြောင့် စိတ်ဆင်းရဲနေရမည်ဆိုလျှင်လည်း ထိုဖိစီးမှုသည် ကျွန်ုပ်တို့၏ပုံဆောင်နှလုံးကို ထိခိုက်စေနိုင်သည်။ ထိုသို့သောစိတ်ဆင်းရဲစရာဖိစီးမှုနှင့်ဆက်နွှယ်သည့် နာကျင်မှုကို ရှင်ဘုရင်ဒါဝိဒ်ခံစားခဲ့ရ၍ သူက “[မကောင်းမှု]အပြစ်ကြောင့် အရိုးများထဲမှာ သက်သာခြင်းမရှိပါ။ အကျွန်ုပ်ပြုမိသော [မကောင်းမှု]တို့သည် အကျွန်ုပ်ခေါင်းကိုလွှမ်းမိုး၍ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်းနိုင်အောင် လေးကြပါ၏” ဟုပြောခဲ့သည်။—ဆာလံ ၃၈:၃၊ ၄။
ယုံကြည်စိတ်ချလွန်းခြင်း။ နှလုံးရပ်သွားသူအများသည် သူတို့နှလုံးမရပ်မီကလေးတွင် သူတို့၏နှလုံးအခြေအနေနှင့်ပတ်သက်ပြီး လွန်စွာယုံကြည်စိတ်ချလွန်းခဲ့သူများဖြစ်ကြသည်။ သူတို့သည် ကျန်းမာရေးစစ်ဆေးရန် မကြာခဏ ပျက်ကွက်ကြသည် သို့မဟုတ် ယင်းကို လုံးဝမလိုအပ်ဟုပင် ပြက်ရယ်ပြုခဲ့ကြ၁ ကောရိန္သု ၁၀:၁၂; သု. ၂၈:၁၄။
သည်။ ထိုနည်းတူ၊ အချို့က မိမိတို့သည် ခရစ်ယာန်များဖြစ်နေကြသည်မှာ အတန်ကြာပြီဖြစ်၍ အဘယ်အမှုမျှမဖြစ်နိုင်တော့ဟု ယူမှတ်ကြပေမည်။ သူတို့သည် ဘေးမသင့်မီအထိ ဝိညာဉ်ရေးစစ်ဆေးခံရန် သို့မဟုတ် မိမိကိုယ်ကိုစစ်ဆေးရန် လျစ်လျူရှုခဲ့ကြပေမည်။ ယုံကြည်စိတ်ချလွန်းခြင်းနှင့်စပ်လျဉ်း၍ တမန်တော်ပေါလုပြောသော ဤဆုံးမစကားကောင်းကို စိတ်ထဲစွဲမှတ်ဖို့ အရေးကြီးပါသည်– “အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏၊ ထိုသူသည် မလဲခြင်းငှာ သတိပြုစေ။” ကျွန်ုပ်တို့၏မစုံလင်မှု သဘောသဘာဝကို ဝန်ခံပြီး ကျွန်ုပ်တို့၏ဝိညာဉ်ရေးအခြေအနေကို ပုံမှန်စစ်ဆေးခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်သည်။—သတိပေးချက်များကို လျစ်လျူမရှုနှင့်
သမ္မာကျမ်းစာက ပုံဆောင်နှလုံးအခြေအနေကို အဓိကဦးစားထားပြောဆိုရခြင်းမှာ အကြောင်းကောင်းရှိပါသည်။ ယေရမိ ၁၇:၉၊ ၁၀ တွင်ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။ ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း မိမိတို့ခံထိုက်သောအကျိုးအပြစ်ကိုပေးခြင်းငှာ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏။” သို့သော် ကျွန်ုပ်တို့၏နှလုံးကိုစစ်ဆေးခြင်းအပြင် လိုအပ်သော မိမိကိုယ်ကိုစစ်ဆေးခြင်းပြုလုပ်ရာ၌ ကျွန်ုပ်တို့ကိုအကူအညီဖြစ်စေသည့် မေတ္တာပါအစီအစဉ်များကိုလည်း ယေဟောဝါပြုလုပ်ပေးထားသည်။
“သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့် ကျွန်ုပ်တို့ကို အချိန်တန်နှိုးဆော်ချက်များ ပေးလျက်ရှိသည်။ (မဿဲ ၂၄:၄၅၊ သမ) ဥပမာ၊ ကျွန်ုပ်တို့၏ပုံဆောင်နှလုံးက လှည့်စားနိုင်သည့် အဓိကနည်းတစ်နည်းမှာ လောကစိတ်ကူးများဖြစ်သည်။ ယင်းတို့မှာ ယုတ္တိမရှိသောစိတ်ကူးများ၊ စိတ်ကူးယဉ်အိပ်မက်များ၊ ရောက်တတ်ရာရာစိတ်ပျံ့လွင့်မှုများဖြစ်သည်။ ယင်းတို့သည် အထူးသဖြင့် မစင်ကြယ်သောအတွေးအခေါ်များကို ဖြစ်ပေါ်စေလျှင် အလွန်အန္တရာယ်ရှိနိုင်သည်။ သို့ဖြစ်၍ ယင်းတို့ကို လုံးဝငြင်းပယ်သင့်သည်။ ယေရှုနည်းတူ မတရားမှုကို ကျွန်ုပ်တို့မုန်းတီးကြမည်ဆိုလျှင် လောကစိတ်ကူးများမှ ကျွန်ုပ်တို့နှလုံးကို ကာကွယ်မည်ဖြစ်သည်။—ဟေဗြဲ ၁:၈၊ ၉။
ထို့ပြင် ခရစ်ယာန်အသင်းတော်မှ မေတ္တာရှိသောအကြီးအကဲများ၏ အကူအညီကို ကျွန်ုပ်တို့ရရှိကြ၏။ သူတစ်ပါးက မိမိအတွက်စိုးရိမ်ပူပန်ပေးခြင်းကို အမှန်ကျေးဇူးတင်စရာဖြစ်သော်လည်း နောက်ဆုံးတွင် ကျွန်ုပ်တို့၏ပုံဆောင်နှလုံးကို ကြည့်ရှုပြုစုရမည့်တာဝန်သည် ကျွန်ုပ်တို့တစ်ဦးစီ၏တာဝန်ဖြစ်သည်။ ကျွန်ုပ်တို့တစ်ဦးစီသည် “ခပ်သိမ်းသောအရာကိုစုံစမ်း” ရန်နှင့် “ယုံကြည်ခြင်း၌တည်သလော၊ မတည်သလောဟု ကိုယ်ကိုကိုယ်စစ်ကြော” ရန်ဖြစ်၏။—၁ သက်သာလောနိတ် ၅:၂၁; ၂ ကောရိန္သု ၁၃:၅။
နှလုံးကိုကာကွယ်လော့
“လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်” ဟူသော ကျမ်းစာမူသည် ပုံဆောင်နှလုံး၏ကျန်းမာရေးနှင့်လည်း သက်ဆိုင်သည်။ (ဂလာတိ ၆:၇) များသောအားဖြင့် မထင်မှတ်ဘဲ ဝိညာဉ်ရေးဘေးသင့်ခဲ့ရခြင်းမှာ ညစ်ညမ်းသောရုပ်ပုံနှင့်စာပေများကိုကြည့်ရှုခြင်း၊ ရုပ်ပစ္စည်းများကို အလွန်အမင်းအရေးပေးခြင်းနှင့် ထင်ပေါ်ကျော်ကြားရန် သို့မဟုတ် အခွင့်အာဏာရရှိရန်ကြိုးစားခြင်းစသော ဝိညာဉ်ရေးပျက်ပြားစေသည့်အရာများကို ကြာမြင့်စွာတိတ်တဆိတ်လိုက်စားခဲ့ခြင်းကြောင့်ဖြစ်ပေမည်။
ထို့ကြောင့် နှလုံးကိုကာကွယ်ရန် မိမိ၏ဝိညာဉ်ရေးအစာကို အမြဲဂရုပြုဖို့လိုသည်။ ဘုရားသခင့်နှုတ်မြွက်တော်ကို သုံးဆောင်ခြင်းဖြင့် စိတ်နှလုံးကို အာဟာရဖြစ်စေပါ။ အလွန်အလွယ်တကူရယူနိုင်ပြီး အာသာပြေစေသော်လည်း ပုံဆောင်နှလုံးကိုထုံထိုင်းစေသည့် စိတ်ပိုင်းဆိုင်ရာအစာဖျင်းဖြစ်သောအရာများကို ရှောင်ကြဉ်ပါ။ ဆာလံဆရာသည် အလွန်သင့်တော်လျောက်ပတ်—ဆေးဘက်ဆိုင်ရာနှင့်လည်းကိုက်ညီ—သောပုံဥပမာတစ်ခုဖြင့် ဤသို့သတိပေးသည်– “သူတို့နှလုံးသည် ဆီဥကဲ့သို့ခဲလျက်ရှိ၏။”—ဆာလံ ၁၁၉:၇၀။
နှစ်ရှည်လများလျှို့ဝှက်ထားသောအပြစ်များ ရှိမည်ဆိုလျှင်လည်း သင်၏ပုံဆောင်နှလုံးသွေးလွှတ်ကြောများ မပိတ်စေရန် ယင်းတို့ကို အမြစ်ပါမကျန်ရှင်းပစ်ဖို့ ကြိုးစားပါ။ ဤလောကသည် စွဲမက်စရာဖြစ်လာပြီး ပျော်ရွှင်အားရစရာများစွာရှိပုံရမည်ဆိုလျှင် တမန်တော်ပေါလုရေးသားခဲ့သော ဤပညာရှိဆုံးမစကားကို တွေးတောဆင်ခြင်ပါ။ “ညီအစ်ကိုတို့၊ ငါဆိုသည်ကား ကျန်ကြွင်း၁ ကောရိန္သု ၇:၂၉-၃၁) ရုပ်ပစ္စည်းကြွယ်ဝမှုသည်လည်း သင့်အတွက်ဆွဲဆောင်မှုဖြစ်လာမည်ဆိုလျှင် ယောဘ၏ဤစကားများကို နှလုံးသွင်းပါ– “ငါသည် ရွှေကိုကိုးစား၍ ရွှေစင်အား ‘သင်သည် ငါခိုလှုံရာဖြစ်၏’ ဟုဆိုမိသော်လည်းကောင်း ရာဇဝတ်ခံထိုက်သောအပြစ်ရှိ၏။ အထက်အရပ်၌ရှိတော်မူသော ဘုရားသခင်ကို ငြင်းပယ်ရာရောက်၏။”—ယောဘ ၃၁:၂၄၊ ၂၈; ဆာလံ ၆၂:၁၀; ၁ တိမောသေ ၆:၉၊ ၁၀။
သောကာလသည် ကျဉ်းကျပ်သည်ဖြစ်၍ . . . ဤလောကကိုသုံးသောသူသည် မသုံးသကဲ့သို့ဖြစ်ရမည်။ အကြောင်းမူကား ဤလောက၏အဆင်းသဏ္ဌာန်သည် ရွေ့သွားကွယ်ပျောက်တတ်၏။” (ကျမ်းစာအခြေခံဆုံးမစကားကို လျစ်လျူရှုလေ့ရှိခြင်း၏အန္တရာယ်ကို ဖော်ပြရန် ကျမ်းစာကဤသို့သတိပေးသည်– “အထပ်ထပ်ဆုံးမခြင်းကိုခံသော်လည်း မိမိလည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက်ပျက်စီးလိမ့်မည်။” (သု. ၂၉:၁) ယင်းအစား၊ ကျွန်ုပ်တို့၏ပုံဆောင်နှလုံးကို ကောင်းစွာဂရုစိုက်ခြင်းအားဖြင့် ရိုးရှင်းသောဘဝပုံစံအတိုင်း အသက်ရှင်နေထိုင်ခြင်းမှရရှိသည့် ပျော်ရွှင်မှုနှင့် ငြိမ်သက်မှုကို ခံစားရမည်။ ၎င်းကို စစ်မှန်သောခရစ်ယာန်ဘာသာတရား၏လမ်းစဉ်အဖြစ် အမြဲထောက်ခံခဲ့ပေပြီ။ တမန်တော်ပေါလုသည် ဤသို့ရေးသားရန် မှုတ်သွင်းခံခဲ့ရ၏– “ရောင့်ရဲသောစိတ်ပါလျှင် ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်းသည် ကြီးစွာသောအကျိုးစီးပွားမှန်၏။ အကြောင်းမူကား ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲလာသည်ဖြစ်၍ ထွက်သွားလျှင်လည်း အဘယ်အရာကိုမျှယူ၍မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။ သို့ဖြစ်၍ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့။”—၁ တိမောသေ ၆:၆-၈။
မှန်ပါသည်၊ ဘုရားသခင်ရေးရာဆက်ကပ်အပ်နှံခြင်းလမ်းစဉ်၌တည်မြဲရန် အမြဲလေ့ကျင့်နေမည်ဆိုလျှင် ကျန်းမာကြံ့ခိုင်သောပုံဆောင်နှလုံး အမှန်ရှိလိမ့်မည်။ ကျွန်ုပ်တို့၏ဝိညာဉ်ရေးဓာတ်စာကို မျက်ခြည်မပြတ်ဂရုပြုခြင်းဖြင့် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို ဘေးသင့်စေမည့် ဤလောက၏ပျက်ပြားသောလမ်းစဉ်များနှင့် အတွေးအခေါ်များ ရှိခွင့်ပြုမည်မဟုတ်ချေ။ ထိုထက်အရေးကြီးသည်ကား၊ ယေဟောဝါ၏အဖွဲ့အစည်းမှတစ်ဆင့် ကိုယ်တော်၏ပြင်ဆင်ပေးချက်များကို ကျွန်ုပ်တို့လက်ခံခြင်းအားဖြင့် ကျွန်ုပ်တို့၏ပုံဆောင်နှလုံးကို မှန်မှန်စစ်ဆေးကြည့်ကြစို့လေ။ ထိုသို့ဝီရိယရှိရှိပြုလုပ်ခြင်းအားဖြင့် ဝိညာဉ်ရေးနှလုံးရပ်တန့်သွားခြင်း၏ ဝမ်းနည်းဖွယ်အကျိုးဆက်များကိုရှောင်ရှားရန် များစွာအထောက်အကူရပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 4 ထပ်ဆင့်အချက်အလက်အတွက် ယေဟောဝါသက်သေများထုတ်ဝေသည့် ၁၉၉၇၊ ဒီဇင်ဘာ ၈ ရက် နိုးလော့! တွင်ပါသော “နှလုံးရပ်တန့်ခြင်း—ဘာပြုလုပ်ပေးနိုင်မည်နည်း” ဆောင်းပါးကို ကျေးဇူးပြု၍ရှုပါ။
[စာမျက်နှာ ၁၀ ပါ အကျဉ်းဖော်ပြချက်]
ဓာတ်စာဖျင်းက သွေးလွှတ်ကြောများကိုမာကျစ်စေပြီး ပကတိနှလုံးကို ပျက်စီးစေနိုင်သကဲ့သို့ ဝိညာဉ်ရေးဓာတ်စာပျက်သည် ပုံဆောင်နှလုံးကို ပျက်စီးစေနိုင်
[စာမျက်နှာ ၁၀ ပါ အကျဉ်းဖော်ပြချက်]
ဝိညာဉ်ရေးမလှုပ်မရှားသောဘဝပုံစံသည် ဆိုးရွားသောအကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်
[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]
“လော[က]စိုးရိမ်ခြင်း” သည်ပုံဆောင်နှလုံးကို အလွယ်တကူပျက်စီးစေနိုင်
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ဝိညာဉ်ရေးကျန်းမာမှုကို လျစ်လျူရှုခြင်းသည် ဝေဒနာများစွာရရှိစေနိုင်
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ဝိညာဉ်ရေးအကျင့်ကောင်းများကို ပြုစုပျိုးထောင်ခြင်းသည် ပုံဆောင်နှလုံးကိုကာကွယ်ပေး
[Picture Credit Line on page 9]
AP Photo/David Longstreath