နိကောဒင် ထံမှသင်ခန်းစာယူလော့
နိကောဒင် ထံမှသင်ခန်းစာယူလော့
“ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။” (လုကာ ၉:၂၃) စိတ်နှိမ့်ချသောတံငါသည်များနှင့် အထင်သေးခံရသောအခွန်ခံတစ်ဦးတို့သည် ထိုဖိတ်ခေါ်ချက်ကို တလိုတလားလက်ခံခဲ့ကြ၏။ သူတို့သည် အရာရာကိုစွန့်၍ ယေရှုနောက်သို့လိုက်လာကြသည်။—မဿဲ ၄:၁၈-၂၂; လုကာ ၅:၂၇၊ ၂၈။
ယေရှု၏ဖိတ်ခေါ်ချက်ကို ယနေ့ထိတိုင် ကြားနေရပြီး ယင်းကို လူအများ လက်ခံတုံ့ပြန်ခဲ့ကြပြီ။ သို့သော် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာနေသူအချို့သည် ‘ကိုယ်ကိုကိုယ်ငြင်းပယ်ပြီး ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း’ ရန်တွန့်ဆုတ်နေကြ၏။ သူတို့သည် ယေရှု၏တပည့်များဖြစ်ရသည့်တာဝန်နှင့် အခွင့်ထူးကိုလက်ခံရန် အင်တင်တင်ဖြစ်နေကြသည်။
ယေရှု၏ဖိတ်ခေါ်ချက်ကို လက်ခံပြီး ယေဟောဝါဘုရားသခင်ထံ ဆက်ကပ်အပ်နှံရန် အချို့က အဘယ်ကြောင့်တွန့်ဆုတ်နေကြရသနည်း။ ဘုရားသခင်တစ်ဆူတည်းရှိသည်ဟူသော ဂျူး-ခရစ်ယာန်အယူဝါဒဖြင့် ကြီးပြင်းမလာမဿဲ ၂၄:၃၆-၄၂; ၁ တိမောသေ ၆:၉၊ ၁၀) မည်သို့ပင်ဖြစ်စေကာမူ၊ ယေရှု၏နောက်လိုက်များဖြစ်လာရန် ဆုံးဖြတ်ချက်မချရဲသူများအတွက် ယေရှုခေတ်က လူကုံထံဂျူးအရာရှိ နိကောဒင်၏မှတ်တမ်းမှ သင်ခန်းစာယူနိုင်သည်။
သူတို့အတွက် အတိုင်းအဆမဲ့တန်ခိုးကြီးဖန်ဆင်းရှင်တစ်ပါး တည်ရှိသည်ကို အပြည့်အဝနားလည်လာရန် အချိန်အတန်ကြာ အမှန်လိုပေမည်။ သို့သော် ဘုရားသခင်တကယ်တည်ရှိသည်ကို ယုံကြည်စိတ်ချလာပြီးနောက်၌ပင် အချို့က ယေရှု၏ခြေရာကို မလိုက်လျှောက်တော့ဘဲ နောက်ဆုတ်သွားကြ၏။ သူတို့ ယေဟောဝါသက်သေဖြစ်လာပါက မိမိတို့၏ဆွေမျိုးများနှင့် မိတ်ဆွေများ မည်သို့ထင်မှတ်ကြမည်ကို သူတို့စိုးရိမ်ကြ၏။ ကျွန်ုပ်တို့နေထိုင်ရသည့်အချိန်၏ အရေးကြီးမှုကို မျက်ခြည်ပြတ်သွားကြသော အခြားသူများမှာမူ ထင်ပေါ်ကျော်ကြားရန်နှင့် ပစ္စည်းဥစ္စာစုဆောင်းရန် ပိုအာရုံစိုက်ကြသည်။ (အခွင့်အရေးကောင်းများဖြင့် ကောင်းချီးခံစားရ
ယေရှု၏မြေကြီးဓမ္မအမှုစတင်ပြီး ခြောက်လခန့်တွင် ယေရှုသည် “ဘုရားသခင့်အထံတော်မှ ကြွလာတော်မူသောဆရာ” ဖြစ်ကြောင်း နိကောဒင်အသိအမှတ်ပြုလေသည်။ စီ.အီး. ၃၀၊ ပသခါပွဲ၌ ယေရုရှလင်မြို့တွင် များမကြာသေးမီက ယေရှုပြုလုပ်ခဲ့သော အံ့ဖွယ်ရာများကို နိကောဒင်စွဲမှတ်သွား၍ ယေရှုကို မိမိယုံကြည်ကြောင်း ပြောပြရန်နှင့် ဤဆရာကို ပိုမိုသိကျွမ်းရန် ညအမှောင်ယံတွင် ကိုယ်တော်ထံရောက်ရှိလာသည်။ ထိုအခါ ယေရှုက ဘုရားသခင့်နိုင်ငံတော်ထဲဝင်နိုင်ရန် “ဒုတိယမွေးခြင်း” ခံဖို့လိုအပ်ကြောင်း လေးနက်သောအမှန်တရားကို နိကောဒင်အား ပြောပြလေသည်။ ထိုအချိန်တွင် ယေရှုက “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လော[က]သားတို့ကို ချစ်တော်မူ၏” ဟုမိန့်ဆိုခဲ့သည်။—ယောဟန် ၃:၁-၁၆။
နိကောဒင်ရှေ့ ထူးမြတ်လှသောအလားအလာရှိသည်တကား! သူသည် ယေရှု၏ရင်းနှီးသောအဖော်တစ်ဦးဖြစ်လာနိုင်ပြီး
ယေရှု၏မြေကြီးအသက်တာကဏ္ဍအသီးသီးကို သက်သေခံနိုင်ပေမည်။ ဂျူးအရာရှိတစ်ဦးအနေနှင့်ရော ဣသရေလဆရာတစ်ဦးအနေနှင့်ပါ နိကောဒင်သည် ဘုရားသခင့်စကားတော်ကို ကောင်းစွာသိရှိထားသူတစ်ဦးဖြစ်သည်။ ယေရှုကို ဘုရားသခင်စေလွှတ်လိုက်သော ဆရာအဖြစ် သူအတိအကျဖော်ပြနိုင်ခြင်းကိုထောက်သော် သူ့တွင် အတွင်းကျကျသိရှိနိုင်စွမ်းရှိကြောင်း ထင်ရှားသည်။ နိကောဒင်သည် ဝိညာဉ်ရေးရာများကို စိတ်ဝင်စားပြီး အလွန်စိတ်နှိမ့်ချသူဖြစ်သည်။ နိမ့်ကျသောလက်သမားသားကို ဘုရားသခင်စေလွှတ်လိုက်သူအဖြစ် လက်ခံရန် ဂျူးတရားရုံးချုပ်အဖွဲ့ဝင်တစ်ဦးအတွက် တကယ်ကိုခက်လိုက်မည်ဖြစ်ခြင်း! ယေရှု၏တပည့်တစ်ဦးဖြစ်ခြင်းတွင် ဤအရည်အသွေးအားလုံးသည် တန်ဖိုးဖြတ်မရပေ။ဤနာဇရက်မြို့သားကို နိကောဒင်၏စိတ်ဝင်စားမှုက လျော့နည်းမသွားပေ။ နှစ်နှစ်ခွဲအကြာ သကေနေပွဲတော်၌ ဆဲန်ဟီဒရင်စည်းဝေးတစ်ခုကို နိကောဒင်တက်ရောက်ခဲ့သည်။ ထိုအချိန်တွင် နိကောဒင်သည် “ထိုမင်းများအဝင်” ဖြစ်နေသေး၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့သည် ယေရှုကိုဖမ်းဆီးရန် မင်းလုလင်တို့ကို စေလွှတ်လိုက်သည်။ ထိုမင်းလုလင်တို့သည် ပြန်လာ၍ “ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါ” ဟုလျှောက်ကြ၏။ ဖာရိရှဲတို့က သူတို့ကိုအထင်သေးစွာဖြင့် “သင်တို့ကိုပင် လှည့်ဖြားပြီလော။ မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူ တစ်စုံတစ်ယောက်မျှရှိသလော။ တရားကိုမသိသော ဤလူများတို့သည် ကျိန်ခြင်းကိုခံရသောသူဖြစ်သည်” ဟုဆိုကြ၏။ ထိုအခါ နိကောဒင်သည် မျိုသိပ်မထားနိုင်တော့ချေ။ သူက “ငါတို့တရားသည် လူကိုမစစ်၊ သူ့အမှုကိုမသိမီကပင် ရှေ့မဆွက ဆုံးဖြတ်တတ်သလော” ဟုဆိုသည်။ ထိုအခါ အခြားဖာရိရှဲတို့သည် သူ့ဘက်သို့လှည့်၍ “သင်သည်လည်း ဂါလိလဲပြည်သားဖြစ်သလော။ စစ်ဦးလော့။ ဂါလိလဲပြည်၌ အဘယ်ပရောဖက်မျှ မပေါ်မထွန်းသည်ကိုမှတ်လော့” ဟူ၍ အပြစ်ရှာကြသည်။—ယောဟန် ၇:၁၊ ၁၀၊ ၃၂၊ ၄၅-၅၂။
နောက်ခြောက်လခန့်အကြာ စီ.အီး. ၃၃၊ ပသခါပွဲနေ့တွင် ညှဉ်းဆဲရာနှက်တိုင်ပေါ်မှ ယေရှု၏အလောင်းတော်ချလိုက်သည်ကို နိကောဒင်တွေ့မြင်ခဲ့သည်။ သူသည် ဆဲန်ဟီဒရင်အဖွဲ့ဝင် နောက်တစ်ဦးဖြစ်သော အရိမဿဲမြို့သားယောသပ်နှင့်ပူးပေါင်း၍ ယေရှု၏အလောင်းတော်ကို သင်္ဂြိုဟ်ရန်ပြင်ဆင်ကြသည်။ သင်္ဂြိုဟ်ဖို့အတွက် နိကောဒင်သည် အင်္ဂလိပ်ပေါင် ၇၂ ပေါင်နှင့်ညီမျှသော ရောမပေါင် ၁၀၀ ခန့်အလေးချိန်ရှိ “မုရန်နှင်အကျော်ကိုရောနှောသော နံ့သာပျောင်းကို” ယူဆောင်လာသည်။ ယင်းအတွက် အတော်ကုန်ကျမည်ဖြစ်သည်။ “လှည့်ဖြားသောသူ” ဟုဖာရိရှဲများခေါ်သည့် ယေရှုနှင့်ပတ်သက်သူအဖြစ် သတ်မှတ်ခံရရန် သတ္တိရှိဖို့လို၏။ သူတို့နှစ်ဦးသည် ယေရှု၏အလောင်းတော်ကို မြန်မြန်ဆန်ဆန်ပြင်ဆင်ပြီးနောက် အနီးရှိ သင်္ချိုင်းတွင်းယောဟန် ၁၉:၃၈-၄၂; မဿဲ ၂၇:၆၃; မာကု ၁၅:၄၃။
သစ်တစ်ခုတွင် သင်္ဂြိုဟ်ခဲ့သည်။ သို့သော် နိကောဒင်သည် ၎င်းအချိန်အထိပင် ယေရှု၏တပည့်တစ်ဦးအဖြစ် သတ်မှတ်မခံရသေးချေ!—မပြုရသည့်အကြောင်းရင်း
နိကောဒင်သည် ‘ကိုယ်ကိုကိုယ်ငြင်းပယ်ပြီး ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း’ ၍ယေရှုနောက်လိုက်ရန် အဘယ်ကြောင့်တွန့်ဆုတ်ခဲ့ကြောင်းကို ယောဟန်၏မှတ်တမ်းတွင် မဖော်ပြခဲ့ချေ။ သို့သော် ဤဖာရိရှဲ၏မတင်မကျဖြစ်နေမှုကို ရှင်းပြသည့်သဲလွန်စအချို့ကို သူပေးထားသည်။
ဦးဆုံးအနေနှင့် ဂျူးအရာရှိသည် “ညအခါ ယေရှုထံတော်သို့လာ” သည်ဟု ယောဟန်ထောက်ပြခဲ့သည်။ (ယောဟန် ၃:၂) ကျမ်းပညာရှင်တစ်ဦးက “နိကောဒင်သည် ကြောက်ရွံ့ခြင်းကြောင့်မဟုတ်ဘဲ ယေရှုနှင့်စကားပြောခြင်းကို နှောင့်ယှက်မည့်လူအုပ်ကြောင့် ညအခါလာရခြင်းဖြစ်သည်” ဟုဆိုသည်။ သို့သော် ယောဟန်က အရိမဿဲမြို့သားယောသပ်ကို “ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ်သည်” ဟုဖော်ပြသည့် ကျမ်းချက်တွင်ပင် နိကောဒင်အား “ညအခါ ယေရှုထံတော်သို့လာသော” သူဟုဖော်ပြသည်။ (ယောဟန် ၁၉:၃၈၊ ၃၉) ထို့ကြောင့် ယေရှုခေတ်မှအခြားသူများသည် ကိုယ်တော်နှင့်ပတ်သက်ရမည်ကို ကြောက်ရွံ့သကဲ့သို့ပင် နိကောဒင်သည်လည်း “ယုဒလူတို့ကိုကြောက်” သောကြောင့် ယေရှုထံ ညအခါလာခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိသည်။—ယောဟန် ၇:၁၃။
သင်၏ဆွေမျိုးများ၊ မိတ်ဆွေများ သို့မဟုတ် လုပ်ဖော်ဆောင်ဖက်များက မည်သို့ပြောဆိုမည်ကို စိုးရိမ်သောကြောင့် ယေရှု၏တပည့်ဖြစ်ရန် သင်ဆုံးဖြတ်ချက်မချခြင်းလော။ “လူကိုကြောက်ရွံ့ခြင်းသဘောသည် ကျော့ကွင်းကိုထောင်တတ်၏” ဟုနယပုံပြင်ကျမ်းကဆိုသည်။ ထိုကြောက်ရွံ့မှုကို သင်မည်သို့ဖြေရှင်းနိုင်မည်နည်း။ နယပုံပြင်ကျမ်းက ဤသို့ဆိုသည်– “ထာဝရဘုရား[သခင်]ကိုခိုလှုံသောသူမူကား လုံခြုံလိမ့်မည်။” (သု. ၂၉:၂၅) ယေဟောဝါအား ယုံကြည်ကိုးစားမှုတိုးပွားစေရန် သင်သည် ဘေးကျပ်နံကျပ်အခြေအနေမျိုးကြုံရသောအခါ မိမိကို ဘုရားသခင်မစကြောင်း ကိုယ်တိုင်ကိုယ်ကျခံစားရဖို့လိုသည်။ ယေဟောဝါထံ ဆုတောင်းပါ၊ သင့်ဝတ်ပြုရေးနှင့်ပတ်သက်၍ အသေးအမွှားဆုံးဖြတ်ချက်များကိုပင် သတ္တိရှိရှိဆုံးဖြတ်နိုင်ရန် ကိုယ်တော်၏အကူအညီကို တောင်းဆိုပါ။ သို့ပြုလျှင် ယေဟောဝါအပေါ် သင်၏ယုံကြည်ကိုးစားမှုသည် တဖြည်းဖြည်းတိုးပွားလာလိမ့်မည်၊ ဘုရားသခင်၏အလိုတော်နှင့်အညီ အရေးကြီးသောဆုံးဖြတ်ချက်များကို သင်ချနိုင်လာပါလိမ့်မည်။
အုပ်ချုပ်ရသူတစ်ဦးအနေဖြင့်လည်း နိကောဒင်သည် သူ၏ရာထူးနှင့် ဂုဏ်သိက္ခာကြောင့် မိမိကိုယ်ကိုငြင်းပယ်ရန် အရေးကြီးခြေလှမ်းကို မလှမ်းဝံ့ခြင်းဖြစ်ခဲ့ပေမည်။ ထိုအချိန်၌ သူသည် ဆဲန်ဟီဒရင်အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူ၏ရာထူးကို အလွန်ခုံမင်နေဆဲရှိမည်။ သင်သည် လူ့အဖွဲ့အစည်းတွင် ဂုဏ်သိက္ခာရှိ ရာထူးဆုံးရှုံးမည် သို့မဟုတ် တိုးတက်ကြီးပွားမည့်အလားအလာအချို့ကို စွန့်လွှတ်ရမည်ဖြစ်သောကြောင့် ခရစ်တော်၏တပည့်ဖြစ်လာရန် နှောင့်နှေးနေပါသလော။ စကြဝဠာတွင် အကြီးမြင့်ဆုံးအရှင်၏အလိုတော်နှင့်အညီဖြစ်သော၊ သင်၏တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် တလိုတလားရှိသော ကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ခြင်းဂုဏ်သိက္ခာနှင့် အဆိုပါအရာများကို နှိုင်းယှဉ်၍မရနိုင်ချေ။—ဆာလံ ၁၀:၁၇; ၈၃:၁၈; ၁၄၅:၁၈။
နိကောဒင် တွန့်ဆုတ်နေရသည့် အခြားဖြစ်နိုင်ဖွယ်အကြောင်းရင်းတစ်ခုမှာ သူ၏စည်းစိမ်ဥစ္စာကြောင့်ဖြစ်နိုင်သည်။ ဖာရိရှဲတစ်ဦးအနေနှင့် သူသည် “ငွေကိုတပ်မက်သော” အခြားသူများ၏ လွှမ်းမိုးမှုကိုခံခဲ့ရပေမည်။ (လုကာ ၁၆:၁၄) တန်ဖိုးကြီးသော မုရန်နှင့်အကျော်ကိုရောထားသည့် နံ့သာပျောင်းကို သူဝယ်နိုင်ခြင်းက သူ၏ချမ်းသာကြွယ်ဝမှုကိုဖော်ပြ၏။ မျက်မှောက်ခေတ်ရှိ အချို့သူတို့သည် မိမိတို့၏စည်းစိမ်ဥစ္စာအတွက် စိုးရိမ်ကြသောကြောင့် ခရစ်ယာန်တစ်ဦး၏တာဝန်များကို ထမ်းဆောင်ဖို့ ဆုံးဖြတ်ချက်ချရန် နှောင့်နှေးနေခြင်းဖြစ်သည်။ သို့သော် ယေရှုက မိမိ၏နောက်လိုက်များအား ဤသို့သတိပေးခဲ့၏– “အဘယ်သို့စားသောက်ရမည်ဟု အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ဝတ်ရမည်ဟု ကိုယ်အဖို့မစိုးရိမ်ကြနှင့်။ . . . ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့” ဟုမိမိ၏နောက်လိုက်များအား သတိပေးခဲ့၏။—မဿဲ ၆:၂၅-၃၃။
သူသည် များစွာဆုံးရှုံးခဲ့ရ
စိတ်ဝင်စားစရာမှာ ယောဟန်ခရစ်ဝင်ကျမ်းတစ်ခုတည်း၌သာ ဖော်ပြထားသော နိကောဒင်၏မှတ်တမ်းတွင် သူသည် ယေရှု၏နောက်လိုက်ဖြစ်လာသည်၊ မဖြစ်လာသည်ကို မပြောပြထားခြင်းဖြစ်သည်။ ရှေးထုံးတမ်းစကားတစ်ခုက နိကောဒင်သည် ယေရှုဘက်ရပ်တည်ကာ နှစ်ခြင်းခံခဲ့ပြီး ဂျူးတို့၏နှိပ်စက်ညှဉ်းပန်းမှုပစ်မှတ်ဖြစ်လာ၍ ရာထူးပြုတ်သွားကာ နောက်ဆုံးတွင် ယေရုရှလင်မြို့မှ မောင်းထုတ်ခံခဲ့ရ၏ဟုဆိုသည်။ မည်သို့ပင်ဖြစ်
ပါစေ၊ တစ်ခုသေချာသည်မှာ– ယေရှုကမ္ဘာပေါ်ရှိစဉ် သူတွန့်ဆုတ်နေခဲ့သောကြောင့် များစွာဆုံးရှုံးခဲ့ရ၏။နိကောဒင်သည် သခင်ယေရှုနှင့် ဦးဆုံးတွေ့ဆုံခဲ့ချိန်ကတည်းက ကိုယ်တော်နောက်လိုက်ခဲ့မည်ဆိုလျှင် သူသည် ယေရှု၏ရင်းနှီးသောတပည့်တစ်ဦး ဖြစ်လာနိုင်၏။ နိကောဒင်၏အသိပညာ၊ ထိုးထွင်းသိမြင်မှု၊ နှိမ့်ချမှုနှင့် ဝိညာဉ်ရေးရာလိုအပ်ရာများကို သတိထားမှုတို့က သူ့အား ထင်ရှားသောတပည့်တစ်ဦးဖြစ်လာစေနိုင်သည်။ သူသည် ကြီးမြတ်သောဆရာ၏ အံ့ဖွယ်မိန့်ဆိုချက်များကို ကြားရပြီး ယေရှု၏ပုံဥပမာများမှ အရေးကြီးသင်ခန်းစာများရ၍ ယေရှုလုပ်ဆောင်ပြခဲ့သော အံ့ဖွယ်ရာများကို ကိုယ်တိုင်တွေ့မြင်ရလျက် တမန်တော်များနှင့်ခွဲခွာခါနီး ယေရှု၏နှုတ်ခွန်းဆက်မှာကြားချက်မှ ခွန်အားရယူနိုင်ပါလိမ့်မည်။ သို့သော် ထိုအရာအားလုံးကို သူဆုံးရှုံးခဲ့ရ၏။
နိကောဒင်၏တွန့်ဆုတ်မှုကြောင့် သူများစွာဆုံးရှုံးခဲ့ပါသည်။ ထိုဆုံးရှုံးမှုများတွင် ယေရှု၏ဤဖိတ်ခေါ်ချက်လည်းပါဝင်၏– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းသို့ရလိမ့်မည်။ အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏။” (မဿဲ ၁၁:၂၈-၃၀) နိကောဒင်သည် ယေရှုကိုယ်တော်တိုင်ထံမှ ဤလန်းဆန်းမှုရခွင့်ကို ဆုံးရှုံးခဲ့သည်!
အသင်ကော မည်သို့နည်း
၁၉၁၄ ခုနှစ်ကတည်းက ယေရှုခရစ်သည် ဘုရားသခင့်ကောင်းကင်နိုင်ငံတော် ဘုရင်အဖြစ် ကောင်းကင်တွင် ခန့်အပ်ခံခဲ့ရပြီ။ ကိုယ်တော်ရောက်ရှိချိန်အတွင်း ဖြစ်ပျက်မည့်အရာများကိုကြိုဟောရာတွင် ဤအကြောင်းလည်းပါဝင်သည်– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) အဆုံးမတိုင်မီ ထိုကမ္ဘာချီဟောပြောခြင်းလုပ်ငန်းသည် ပြီးမြောက်အောင်မြင်ရမည်။ ယေရှုခရစ်သည် မစုံလင်သောလူသားများအား ဤလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်စေလိုသည်။ အသင်လည်း ဤလုပ်ငန်းတွင် ပါဝင်နိုင်ပေသည်။
ယေရှုသည် ဘုရားသခင်ထံတော်မှလာသည်ကို နိကောဒင်အသိအမှတ်ပြုခဲ့၏။ (ယောဟန် ၃:၂) ကျမ်းစာလေ့လာခြင်းအားဖြင့် အသင်လည်း အလားတူသဘောထိုင်ပေမည်။ ကျမ်းစာစံနှုန်းများနှင့်အညီ သင့်အသက်တာလမ်းစဉ်ကို သင်ပြောင်းလဲခဲ့ပေမည်။ ကျမ်းစာအသိပညာထပ်ဆင့်ရရှိရန် ယေဟောဝါသက်သေများ၏ အစည်းအဝေးများကိုပင် သင်တက်ရောက်နေပေမည်။ ဤကြိုးစားမှုများအတွက် သင့်ကိုချီးမွမ်းရမည်။ သို့တိုင် နိကောဒင်သည် ယေရှုကို ဘုရားသခင်စေလွှတ်လိုက်သူအဖြစ် လေးမြတ်ကြောင်း ဖော်ပြရုံထက်မကပြုလုပ်ရန် လိုအပ်ခဲ့၏။ သူသည် ‘ကိုယ်ကိုကိုယ်ငြင်းပယ်ပြီး ကိုယ်လက်ဝါးကပ်တိုင်ကို အမြဲထမ်း၍ [ယေရှု] နောက်သို့လိုက်’ ဖို့လိုသည်။—လုကာ ၉:၂၃။
တမန်တော်ပေါလု၏စကားကို နှလုံးသွင်းပါ။ “သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို အကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် အမှုတော်ကိုဆောင်ရွက်သောသူချင်းဖြစ်၍ သင်တို့ကို နှိုးဆော်သွေးဆောင်ပါ၏။ [ဘုရားသခင်၏] ဗျာဒိတ်တော်အချက်ဟူမူကား၊ ‘နှစ်သက်ဖွယ်သောအချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကိုငါမစပြီ’ ဟုလာသည်နှင့်အညီ ယခုပင် နှစ်သက်ဖွယ်သောအချိန်ရှိ၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလရှိ၏” ဟုသူဆို၏။—၂ ကောရိန္သု ၆:၁၊ ၂။
သင့်ကို လှုံ့ဆော်ပေးသည့် ယုံကြည်ခြင်းတိုးပွားစေဖို့ ယခုအချိန်တန်လေပြီ။ ထိုသို့ဖြစ်စေရန် သမ္မာကျမ်းစာမှ သင်လေ့လာခဲ့ရာများကို တွေးတောဆင်ခြင်ပါ။ ယေဟောဝါထံ ဆုတောင်းပြီး ဤသို့သောယုံကြည်ခြင်းမျိုးတင်ပြနိုင်ရန် အကူအညီတောင်းခံပါ။ ကိုယ်တော်၏ကူညီမစမှုကို သင်ရရှိသောအခါ ကိုယ်တော့်ကို သင်တန်ဖိုးထားလေးမြတ်ပြီး ချစ်မြတ်နိုးသည့်အတွက် သင်သည် ‘ကိုယ်ကိုကိုယ်ငြင်းပယ်ပြီး ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ယေရှုခရစ်၏နောက်သို့လိုက်’ လိုပေမည်။ ယခုပင် သင်လုပ်ဆောင်မည်လော။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
အစပိုင်းတွင် နိကောဒင်သည် ယေရှုဘက် သတ္တိရှိရှိရပ်တည်ခဲ့
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
အတိုက်အခံကြားမှ ယေရှု၏အလောင်းတော်ကို သင်္ဂြိုဟ်ရန် နိကောဒင် ကူညီပြင်ဆင်ပေးခဲ့
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ကိုယ်ပိုင်လေ့လာမှုနှင့် ဆုတောင်းခြင်းက သင့်အား လုပ်ဆောင်ရန် ခွန်အားပေးနိုင်
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယေရှုခရစ်၏ဦးဆောင်မှုအောက်တွင် အမှုထမ်းရသည့်အခွင့်ထူးကို သင်လက်ခံမည်လော