ကိုယ်၌စူးသောဆူးများကို သူတို့ကိုင်တွယ်ဖြေရှင်းခဲ့ကြ
ကိုယ်၌စူးသောဆူးများကို သူတို့ကိုင်တွယ်ဖြေရှင်းခဲ့ကြ
“ငါ့ကိုဒဏ်ခတ်သော စာတန်၏တမန်တည်းဟူသော ငါ့ကိုယ်၌စူးသောဆူးကိုပေးတော်မူ၏။”—၂ ကောရိန္သု ၁၂:၇။
၁။ ယနေ့ လူတို့ရင်ဆိုင်နေရသော ပြဿနာအချို့ကားအဘယ်နည်း။
သင်သည် အဆက်မပြတ်ဖြစ်နေသော စုံစမ်းနှောင့်ယှက်မှုတစ်မျိုးမျိုးကို ရင်ဆိုင်နေရပါသလော။ သို့ဆိုလျှင် အသင်တစ်ဦးတည်းမဟုတ်ပါ။ ဤ “ခဲယဉ်းသောကာလ” တွင် တည်ကြည်သောခရစ်ယာန်များသည် ပြင်းထန်သောဆန့်ကျင်မှု၊ မိသားစုပြဿနာများ၊ ဖျားနာမှု၊ ငွေကြေးအခက်အခဲများ၊ စိတ်ဆင်းရဲမှုများ၊ ချစ်မြတ်နိုးရသူများသေဆုံးခြင်းနှင့် အခြားစိန်ခေါ်ချက်များကို ရင်ဆိုင်နေကြရသည်။ (၂ တိမောသေ ၃:၁-၅) တိုင်းနိုင်ငံအချို့တွင် အစာရှားပါးမှုနှင့် စစ်မက်များ၏ ခြိမ်းခြောက်မှုကို လူများစွာခံစားနေကြရသည်။
၂၊ ၃။ ကျွန်ုပ်တို့ရင်ဆိုင်ကြုံတွေ့နေရသော ဆူးနှင့်တူသည့်ပြဿနာများကြောင့် အဘယ်အပျက်သဘောထားများ ပေါ်ပေါက်လာနိုင်သနည်း၊ ယင်းသည် မည်သို့အန္တရာယ်ပြုနိုင်သနည်း။
၂ ထိုသို့သောပြဿနာများသည် အထူးသဖြင့် တစ်ပြိုင်တည်းစုပြုံရောက်လာပါက လုံးလုံးစိတ်ဓာတ်ကျစေနိုင်သည်။ နယပုံပြင် ၂၄:၁၀ က “သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် အားနည်း၏” ဟုဆိုကြောင်းသတိပြုပါ။ မှန်ပါသည်၊ ကျွန်ုပ်တို့ခံရသောစုံစမ်းနှောင့်ယှက်မှုများကြောင့် စိတ်ဓာတ်ကျခြင်းသည် အလွန်လိုအပ်သောခွန်အားမရှိစေဘဲ အဆုံးတိုင်အောင်ခံရပ်ရန် ကျွန်ုပ်တို့၏စိတ်ပိုင်းဖြတ်ချက်ကို အားလျော့သွားစေနိုင်သည်။ မည်သို့အားဖြင့်နည်း။
၃ စိတ်ဓာတ်ကျခြင်းသည် အရှိကိုအရှိအတိုင်းရှုမြင်သုံးသပ်မှု ပျောက်ဆုံးသွားစေနိုင်သည်။ ဥပမာ၊ ကျွန်ုပ်တို့၏အခက်အခဲများကို ပုံကြီးချဲ့ကာ မိမိကိုယ်ကိုသနားလာဖို့ လွယ်ကူသည်။ အချို့ဆိုလျှင် “ကျွန်တော့်ကျမှ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ” ဟုပင် ဘုရားသခင်ထံအော်ဟစ်ပေမည်။ ဤသို့သောအပျက်သဘော အမြစ်စွဲလာပါက ပျော်ရွှင်မှုနှင့် ယုံကြည်စိတ်ချမှုတို့ လုံးပါးပါးသွားနိုင်သည်။ ထိုအခါ ဘုရားသခင့်ကျွန်တစ်ဦးသည် “ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကို” မတိုက်တော့သည့်အထိ စိတ်ဓာတ်ကျလာနိုင်သည်။—၁ တိမောသေ ၆:၁၂။
၄၊ ၅။ ကိစ္စအချို့တွင် စာတန်သည် ကျွန်ုပ်တို့၏ပြဿနာများနှင့် မည်သို့ပတ်သက်သနည်း၊ သို့တိုင် ကျွန်ုပ်တို့သည် အဘယ်အရာကိုယုံကြည်စိတ်ချနိုင်သနည်း။
၄ ယေဟောဝါဘုရားသခင်က ကျွန်ုပ်တို့ကို စုံစမ်းနှောင့်ယှက်နေသည်မဟုတ်ကြောင်း သေချာပါသည်။ (ယာကုပ် ၁:၁၃) ကျွန်ုပ်တို့သည် ကိုယ်တော်အားတည်ကြည်ဖို့ ကြိုးစားနေကြသောကြောင့်သာ စမ်းသပ်မှုအချို့ကိုခံနေကြရ၏။ အမှန်မှာ ယေဟောဝါကိုဝတ်ပြုသူအားလုံးသည် မိမိတို့ကိုယ်ကို ကိုယ်တော်၏အဓိကရန်သူကြီး စာတန်၏ပစ်မှတ်များဖြစ်စေကြသည်။ “ဤလောကကိုအစိုးရသော” ဆိုးသွမ်းသည့် “ဘုရား[သခင်]” သည် သူ၏ကျန်ကြွင်းသောအချိန်တိုလေးတွင် ယေဟောဝါအားချစ်မြတ်နိုးသူများ ကိုယ်တော့်အလိုတော်ကိုမဆောင်တော့ရန် ကြိုးပမ်းလျက်ရှိသည်။ (၂ ကောရိန္သု ၄:၄) စာတန်သည် ကမ္ဘာတစ်ဝန်းရှိ ကျွန်ုပ်တို့၏ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးအပေါ် ဆင်းရဲခြင်းဝေဒနာများကို တတ်နိုင်သမျှ ကျရောက်စေသည်။ (၁ ပေတရု ၅:၉) ကျွန်ုပ်တို့၏ပြဿနာအားလုံးကို စာတန် တိုက်ရိုက်ဖြစ်ပေါ်စေသည်မဟုတ်သော်လည်း ကျွန်ုပ်တို့ပို၍ပို၍အားလျော့စေဖို့ ကျွန်ုပ်တို့ကြုံတွေ့နေရသော ပြဿနာများကိုအသုံးချနိုင်သည်။
၅ စာတန် သို့မဟုတ် သူ၏လက်နက်များသည် မည်မျှပင်တန်ခိုးကြီးပါလေစေ သူ့ကိုကျွန်ုပ်တို့အောင်နိုင်ပါသည်! ယင်းကို ကျွန်ုပ်တို့မည်သို့စိတ်ချနိုင်သနည်း။ ကျွန်ုပ်တို့အကျိုးအတွက် ယေဟောဝါဘုရားသခင်တိုက်ခိုက်ပေးသောကြောင့်ပင်။ ကိုယ်တော်သည် မိမိ၏ကျေးကျွန်များအား စာတန်၏နည်းဗျူဟာများကိုသိရှိစေခဲ့ပြီ။ (၂ ကောရိန္သု ၂:၁၁) အမှန်ဆိုလျှင် သမ္မာကျမ်းစာက စစ်မှန်သောခရစ်ယာန်များခံရသော စုံစမ်းနှောင့်ယှက်မှုအတော်များများကို ဖော်ပြသည်။ တမန်တော်ပေါလုနှင့်ပတ်သက်၍ သမ္မာကျမ်းစာက “ကိုယ်၌စူးသောဆူး” အသုံးအနှုန်းကိုသုံးထားသည်။ အဘယ်ကြောင့်နည်း။ ထိုစကားစုကို ဘုရားသခင့်နှုတ်မြွက်တော် မည်သို့ရှင်းပြသည်ကို ကြည့်ကြပါစို့။ ထိုအခါ စုံစမ်းနှောင့်ယှက်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ကျွန်ုပ်တို့တစ်ဦးတည်းသာ ယေဟောဝါ၏အကူအညီ လိုအပ်ခြင်းမဟုတ်ကြောင်း တွေ့မြင်ရပါလိမ့်မည်။
စမ်းသပ်မှုများ ဆူးများနှင့်တူပုံ
၆။ “ကိုယ်၌စူးသောဆူး” ဟုဆိုရာတွင် ပေါလုသည် အဘယ်အရာကိုဆိုလိုသနည်း၊ ထိုဆူးသည် အဘယ်အရာဖြစ်နိုင်သနည်း။
၆ အပြင်းအထန်စမ်းသပ်ခံရသော ပေါလုသည် ဤသို့ရေးသားရန် မှုတ်သွင်းခံခဲ့ရသည်– “ငါသည် ထောင်လွှားသောစိတ်မရှိစေခြင်းငှာ၊ ငါ့ကိုဒဏ်ခတ်သော စာတန်၏တမန်တည်းဟူသော ငါ့ကိုယ်၌စူးသောဆူးကို ပေးတော်မူ၏။” (၂ ကောရိန္သု ၁၂:၇) ပေါလု၏ကိုယ်၌စူးနေသော ဤဆူးကား အဘယ်နည်း။ အရေဖျားအောက် နက်ရှိုင်းစွာဝင်နေသောဆူးတစ်ချောင်းသည် အမှန်ပင်နာကျင်ပေမည်။ ထို့ကြောင့် ထိုတင်စားသောစကားက ကာယရေးဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ သို့မဟုတ် နှစ်မျိုးစလုံးပင်ဖြစ်စေ ပေါလုကိုနာကျင်စေသောအရာ တစ်စုံတစ်ခုကိုဆိုလိုပေမည်။ ပေါလုသည် မျက်စိရောဂါ သို့မဟုတ် အခြားကာယရေးချို့ယွင်းမှုတစ်မျိုးမျိုးကို ခံစားနေရပေမည်။ သို့မဟုတ်လျှင် အဆိုပါဆူးသည် ပေါလု၏တမန်တော်အရာကိုမက သူ၏ဟောပြောခြင်းနှင့်သွန်သင်ခြင်းလုပ်ငန်းကို စောဒကတက်သူများနှင့်ပတ်သက်နိုင်ပေသည်။ (၂ ကောရိန္သု ၁၀:၁၀-၁၂; ၁၁:၅၊ ၆၊ ၁၃) မည်သည့်အရာပင်ဖြစ်ပါလေစေ ထိုဆူးသည် ပေါလုအားနှောင့်ယှက်နေပြီး ဖယ်ရှား၍မရဖြစ်နေပါသည်။
၇၊ ၈။ (က) ‘မပြတ်ထိုးနှက်’ ဟူသော အသုံးအနှုန်းက အဘယ်အရာကိုဖော်ပြသနည်း။ (ခ) ယခု ကျွန်ုပ်တို့ကိုစူးနေသော မည်သည့်ဆူးမျိုးကိုမဆို ကိုင်တွယ်နိုင်ဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၇ ထိုဆူးသည် ပေါလုကိုမပြတ်ထိုးနှက်နေကြောင်းသတိပြုပါ။ စိတ်ဝင်စားစရာမှာ ဤတွင်ပေါလုအသုံးပြုထားသော ဂရိကြိယာသည် “လက်ဆစ်များ” အတွက်သုံးသောစကားလုံးမှ ဆင်းသက်လာသည်။ ထိုစကားလုံးကို မဿဲ ၂၆:၆၇ တွင်စာသားအတိုင်းအသုံးပြုထား၏၊ ၁ ကောရိန္သု ၄:၁၁ တွင်မူ ပုံဆောင်စကားအရ အသုံးပြုထားသည်။ ထိုအခန်းငယ်များတွင် လက်သီးဖြင့်အထိုးခံရသည့်သဘော သက်ရောက်စေသည်။ ယေဟောဝါနှင့် ကိုယ်တော့်ကျေးကျွန်များကို စာတန်ခါးခါးသီးသီးမုန်းတီးသည်ကိုထောက်၍ ပေါလုအား ဆူးတစ်ချောင်း မပြတ်ထိုးနှက်နေခြင်းသည် စာတန်အတွက်အားရစရာဖြစ်မည်မှာ သေချာသည်။ ယနေ့ ကျွန်ုပ်တို့တွင် အလားတူ ကိုယ်၌စူးသောဆူး နှောင့်ယှက်သည့်အခါ စာတန်ထပ်တူနှစ်သက်သဘောကျပေလိမ့်မည်။
၈ ထို့ကြောင့် ကျွန်ုပ်တို့သည် ပေါလုကဲ့သို့ ယင်းသို့သောဆူးများကို မည်သို့ကိုင်တွယ်ရန် သိထားဖို့လိုသည်။ ယင်းကိုသိထားခြင်းသည် ကျွန်ုပ်တို့အသက်ရှင်ရေးဖြစ်သည်! ယေဟောဝါသည် ဆူးကဲ့သို့သောပြဿနာများ ဘယ်သောအခါမျှ မရှိတော့မည့် ကမ္ဘာသစ်တွင် ကျွန်ုပ်တို့ကို ထာဝစဉ်အသက်ရှင်စေလိုကြောင်းသတိရပါ။ ဤအထူးကောင်းမွန်သောဆုကို ကျွန်ုပ်တို့ဆွတ်ခူးနိုင်စေရန် ဘုရားသခင်၏တည်ကြည်သောကျေးကျွန်များသည် သူတို့ကိုယ်၌စူးသောဆူးများကို ကိုင်တွယ်ခဲ့ကြောင်း ဖော်ပြသည့်ပုံဥပမာများစွာကို ကိုယ်တော်၏သန့်ရှင်းသောနှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာတွင် တင်ပြထားတော်မူ၏။ သူတို့သည် ကျွန်ုပ်တို့နည်းတူ မစုံလင်သော သာမန်လူများဖြစ်ကြသည်။ ဤမျှကြီးမားသော “သက်သေအပေါင်း” မှအချို့ကိုသုံးသပ်ကြည့်ခြင်းက “ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲပြေး” ရန်အကူအညီရနိုင်ပေသည်။ (ဟေဗြဲ ၁၂:၁) သူတို့ခံရပ်ခဲ့ရာများကို စေ့စေ့စဉ်းစားကြည့်ခြင်းဖြင့် စာတန်အသုံးပြုနေသော မည်သည့်ဆူးကိုမဆို ကျွန်ုပ်တို့ကိုင်တွယ်နိုင်ကြောင်း ယုံကြည်စိတ်ချစေသည်။
မေဖိဗောရှက်ခံရသောဆူးများ
၉၊ ၁၀။ (က) မေဖိဗောရှက်သည် သူ၏ကိုယ်၌စူးသောဆူး မည်သို့ရရှိခဲ့သနည်း။ (ခ) ဘုရင်ဒါဝိဒ်သည် မေဖိဗောရှက်အား အဘယ်ကြင်နာမှုပြခဲ့သနည်း၊ ဒါဝိဒ်ကို ကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း။
၉ ဒါဝိဒ်၏မိတ်ဆွေ ယောနသန်၏သား မေဖိဗောရှက်ကိုသုံးသပ်ကြည့်ပါ။ မေဖိဗောရှက် အသက်ငါးနှစ်အရွယ်တွင် သူ၏ဖခင်ယောနသန်နှင့် ဘိုးတော်ရှောလုမင်းတို့ အသတ်ခံရသည့်သတင်းကြားခဲ့ရ၏။ သူ၏အထိန်းတော်မှာ ထိတ်လန့်သွားလေသည်။ ထိုအခါ အထိန်းသည် “သူ့ကိုချီ၍ . . . အလျင်အမြန် [“အလန့်တကြား၊” သမ္မာ] ပြေးသောကြောင့် သူငယ်သည်ကျ၍ခြေဆွံ့၏။” (၂ ဓမ္မရာဇဝင် ၄:၄) ဤမသန်မစွမ်းမှုသည် မေဖိဗောရှက်ကြီးပြင်းလာသောအခါ အတော်ပင်ခံရခက်သော ဆူးဖြစ်ခဲ့ပေမည်။
၁၀ နှစ်အနည်းငယ်ကြာသော် ဘုရင်ဒါဝိဒ်သည် ယောနသန်အပေါ်ထားသည့် ကြီးမားသောမေတ္တာကြောင့် မေဖိဗောရှက်ကို ချစ်ခင်ကြင်နာမှုတင်ပြခဲ့သည်။ ဒါဝိဒ်သည် ရှောလုပိုင်ထိုက်သမျှကို သူ့အားလွှဲအပ်၍ ၎င်းနယ်မြေကို ကြည့်ရှုစောင့်ရှောက်ဖို့ ရှောလု၏အစေအပါးဇိဘအား တာဝန်ပေးခဲ့သည်။ ဒါဝိဒ်က “သင်သည်နေ့တိုင်းအစဉ် ငါ့စားပွဲ၌စားရမည်” ဟူ၍လည်း မေဖိဗောရှက်အားမိန့်ဆိုခဲ့သည်။ (၂ ဓမ္မရာဇဝင် ၉:၆-၁၀) ဒါဝိဒ်၏ချစ်ခင်ကြင်နာမှုသည် မေဖိဗောရှက်အတွက် နှစ်သိမ့်မှုဖြစ်ခဲ့ပြီး သူ၏မသန်စွမ်းမှုဝေဒနာကို သက်သာစေခဲ့မည်မှာ သေချာသည်။ အမှန်တကယ်လက်တွေ့ကျသော သင်ခန်းစာပါတကား! ကျွန်ုပ်တို့လည်း ကိုယ်၌စူးသောဆူးဒဏ်ကို ခံနေရသူများအပေါ် ကြင်နာမှုတင်ပြသင့်သည်။
၁၁။ ဇိဘသည် မေဖိဗောရှက်နှင့်ပတ်သက်၍ အဘယ်အရာကို အခိုင်အမာပြောဆိုသနည်း၊ သို့သော် သူ၏အဆိုသည် လိမ်လည်မှုဖြစ်ကြောင်း မည်သို့သိရှိနိုင်သနည်း။ (အောက်ခြေမှတ်ချက်ကိုရှု။)
၁၁ နောက်ပိုင်းတွင် မေဖိဗောရှက်သည် ကိုယ်၌စူးသော အခြားဆူးတစ်ခုကိုခံရပြန်သည်။ သူ၏ကျွန်ဇိဘသည် ဘုရင်ဒါဝိဒ်ရှေ့တော်၌ သူ့ကို ပုတ်ခတ်ပြောဆိုခဲ့၏၊ ထိုအချိန်တွင် ဒါဝိဒ်သည် မိမိ * ဒါဝိဒ်သည် ဇိဘ၏အသရေဖျက်စကားကိုယုံပြီး မေဖိဗောရှက်နှင့်ဆိုင်သမျှဥစ္စာအားလုံးကို ထိုလူလိမ်အား လွှဲပြောင်းပေးခဲ့သည်!—၂ ဓမ္မရာဇဝင် ၁၆:၁-၄။
၏သား အဗရှလုံ၏ပုန်ကန်မှုရန်ကိုရှောင်ဖို့ ယေရုရှလင်မြို့မှ ထွက်ပြေးနေရသည်။ ဇိဘက မေဖိဗောရှက်သည် နိုင်ငံတော်ကိုကိုယ်တိုင်ရယူဖို့မျှော်လင့်ချက်ဖြင့် ယေရုရှလင်မြို့၌ သစ္စာမဲ့စွာနေရစ်သည်ဟုဆိုသည်။၁၂။ မေဖိဗောရှက်သည် သူ၏အခြေအနေကို မည်သို့တုံ့ပြန်ခဲ့သနည်း၊ သူသည် ကျွန်ုပ်တို့အတွက် အဘယ်ပုံသက်သေကောင်းပြခဲ့သနည်း။
၁၂ သို့သော် နောက်ဆုံး မေဖိဗောရှက်သည် ဒါဝိဒ်နှင့်တွေ့ဆုံသောအခါ အဖြစ်မှန်ကို ရှင်ဘုရင်အား ပြောပြလိုက်သည်။ သူသည် ဒါဝိဒ်ထံသွားဖို့ပြင်ဆင်နေစဉ် ဇိဘက ကိုယ်စားလှယ်အဖြစ်သွားပေးမည်ဟု လှည့်စားခဲ့သည်။ ဤအမှားကို ဒါဝိဒ်ပြုပြင်ခဲ့သလော။ တစ်စိတ်တစ်ဒေသသာပြုပြင်ခဲ့သည်။ ပစ္စည်းကို ထိုသူနှစ်ဦးအား ခွဲဝေယူစေခဲ့သည်။ ဤကား မေဖိဗောရှက်ကိုယ်၌စူးသော အခြားဆူးတစ်ချောင်း ဖြစ်နိုင်ဖွယ်ရှိသည်။ ယင်းကြောင့် သူအကြီးအကျယ်စိတ်ဓာတ်ကျဆင်းခဲ့ပါသလော။ ဒါဝိဒ်၏ဆုံးဖြတ်ချက်သည် မတရားပါဟု သူအပြစ်ဆိုကန့်ကွက်ခဲ့သလော။ ထိုသို့မပြုဘဲ ရှင်ဘုရင်၏အလိုဆန္ဒကို နှိမ့်ချစွာလက်ခံခဲ့သည်။ သူသည် အကောင်းကိုရှုမြင်ပြီး ဣသရေလနိုင်ငံ၏ရှင်ဘုရင်မှန်သည် ဘေးမသီရန်မခပြန်ရောက်လာသည့်အတွက် ဝမ်းမြောက်ခဲ့သည်။ မေဖိဗောရှက်သည် မသန်မစွမ်းဖြစ်ခြင်း၊ ကုန်းချောခံရခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ကိုခံရပ်ခဲ့ခြင်းဖြင့် အကောင်းဆုံးပုံသက်သေကို အမှန်ပင်တင်ပြခဲ့သည်။—၂ ဓမ္မရာဇဝင် ၁၉:၂၄-၃၀။
နေဟမိသည် မိမိ၏စုံစမ်းနှောင့်ယှက်မှုများကို ကိုင်တွယ်ဖြေရှင်းခဲ့
၁၃၊ ၁၄။ ယေရုရှလင်မြို့ရိုးကို ပြန်လည်တည်ဆောက်ဖို့ နေဟမိပြန်လာသောအခါ အဘယ်ဆူးများစူးခြင်းကို သူခံခဲ့ရသနည်း။
၁၃ ဘီ.စီ.အီး. ငါးရာစုတွင် မြို့ရိုးမရှိသောယေရုရှလင်မြို့သို့ နေဟမိပြန်လာသောအခါ သူခံခဲ့ရသောပုံဆောင်ဆူးများကို စဉ်းစားကြည့်ပါ။ မြို့တော်သည် အမှန်တကယ် အကာအကွယ်မဲ့ဖြစ်နေပြီး ပြည်တော်ပြန်ဂျူးတို့သည် ယောင်ချာချာနှင့် လက်မှိုင်ကျနေကြကာ ယေဟောဝါမျက်မှောက်တော်တွင် သန့်ရှင်းမှုမရှိဖြစ်နေကြသည်ကို သူတွေ့ရှိခဲ့သည်။ ယေရုရှလင်မြို့ရိုးကို ပြန်တည်ဆောက်ဖို့ ဘုရင်အာတဇေရဇ်၏အမိန့်တော်ကို နေဟမိရထားသော်လည်း သူ၏တာဝန်ကို အနီးတစ်ဝိုက်မှဘုရင်ခံများက လွန်စွာမနှစ်မြို့ကြောင်း မကြာမီသူသိရှိခဲ့ရ၏။ သူတို့သည် “ဣသရေလအမျိုးသားတို့၏အကျိုးကို ပြုစုခြင်းငှာ လူတစ်ယောက်လာကြောင်းကို . . . ကြားသော် အလွန်နှလုံးမသာရှိကြ၏။”—နေဟမိ ၂:၁၀။
၁၄ ထိုတိုင်းတစ်ပါးမှဆန့်ကျင်သူများသည် နေဟမိ၏လုပ်ငန်း ရပ်တန့်သွားစေဖို့ အာဏာကုန်ကြိုးစားခဲ့ကြသည်။ နေဟမိအားစိတ်ဓာတ်ကျစေရန် သူတို့စေလွှတ်သောသူလျှိုများ၊ သူတို့၏ခြိမ်းခြောက်မှုများ၊ လိမ်လည်မှု၊ ကုန်းချောမှု၊ ကြိမ်းမောင်းမှုများသည် သူ၏ကိုယ်၌ မပြတ်စူးသောဆူးများကဲ့သို့ဖြစ်ခဲ့ပေမည်။ ထိုရန်သူတို့၏ ဉာဏ်နီဉာဏ်နက်များကြောင့် အရှုံးပေးခဲ့သလော။ မပေးခဲ့ပါ! အားလျော့စိတ်ပျက်ခြင်းမရှိဘဲ ဘုရားသခင်ကို အပြည့်အဝယုံကြည်စိတ်ချခဲ့သည်။ သို့ဖြင့် ယေရုရှလင်မြို့ရိုး ပြန်လည်တည်ဆောက်ပြီးခြင်းက နေဟမိကို ယေဟောဝါ မေတ္တာပါစွာထောက်မကူညီခဲ့ကြောင်း အခိုင်အမာသက်သေထူခဲ့သည်။—နေဟမိ ၄:၁-၁၂; ၆:၁-၁၉။
၁၅။ ဂျူးများစပ်ကြားရှိ အဘယ်ပြဿနာများက နေဟမိကိုအလွန်စိတ်အနှောင့်အယှက်ပေးခဲ့သနည်း။
နေဟမိ ၅:၁-၁၀) ဂျူးများစွာသည် ဥပုသ်ပညတ်ကိုချိုးဖောက်နေကြပြီး လေဝိသားများနှင့် ဝတ်ပြုရာအိမ်တော်ကိုထောက်ပံ့ဖို့ ပျက်ကွက်နေကြ၏။ ထို့ပြင် အချို့တို့မှာ “အာဇုတ်အမျိုး၊ အမ္မုန်အမျိုး၊ မောဘအမျိုးသမီး” တို့နှင့်စုံဖက်နေကြ၏။ ယင်းက နေဟမိအတွက် အလွန်စိတ်နာစရာဖြစ်သည်တကား! သို့သော် ဤဆူးတစ်ခုမျှ သူ့ကိုလက်မလျှော့စေခဲ့ပါ။ သူသည် ဘုရားသခင့်ဖြောင့်မတ်သောပညတ်များကို ဇွဲရှိရှိစွဲကိုင်သူတစ်ဦးအဖြစ် အခက်အခဲများကို ထပ်ခါတလဲ ရင်ဆိုင်နိုင်နင်းခဲ့သည်။ နေဟမိနည်းတူ ကျွန်ုပ်တို့သည် မတည်ကြည်သူတို့၏အမူအကျင့်ကြောင့် ယေဟောဝါအား တည်ကြည်မှုမပျက်ကြစို့နှင့်။—နေဟမိ ၁၃:၁၀-၁၃၊ ၂၃-၂၇။
၁၅ ဘုရင်ခံတစ်ဦးအနေနှင့် နေဟမိသည် ဘုရားသခင့်လူမျိုးတော်အလယ်တွင် ပြဿနာများစွာကိုလည်း ရင်ဆိုင်ခဲ့ရ၏။ ၎င်းအခက်အခဲများသည် ယေဟောဝါနှင့်လူမျိုးတော်၏ ဆက်ဆံရေးကိုထိခိုက်သောကြောင့် သူ့ကိုအလွန်အနှောင့်အယှက်ပေးသော ဆူးများနှင့်တူသည်။ သူဌေးသူကြွယ်များသည် အတိုးကြီးစားနေကြပြီး သူတို့၏ဆင်းရဲသောညီအစ်ကိုများမှာမူ အကြွေးဆပ်ဖို့သာမက ပါးရှားအခွန်ဆက်ဖို့ပါ သူတို့၏လယ်ယာကိုဆုံးရှုံးရကြ၍ သားသမီးများကိုပင် ကျွန်အဖြစ် ရောင်းချကြရသည်။ (အခြားတည်ကြည်သူများ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြ
၁၆-၁၈။ ဣဇာက်နှင့်ရေဗက္က၊ ဟန္န၊ ဒါဝိဒ်နှင့် ဟောရှေတို့သည် အိမ်ထောင်ရေးပဋိပက္ခများကို မည်သို့ခံစားခဲ့ကြရသနည်း။
၁၆ သမ္မာကျမ်းစာတွင် ဆူးများနှင့်တူသော စိတ်ဓာတ်ကျဖွယ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြသူတို့၏ ပုံနမူနာများစွာပါရှိ၏။ ဤဆူးများဖြစ်ပေါ်လာရသည့် အကြောင်းရင်းတစ်ခုမှာ အများအားဖြင့် မိသားစုပြဿနာများဖြစ်၏။ ဧသော၏ဇနီးနှစ်ဦးသည် သူ၏မိဘများဖြစ်သော “ဣဇာက်နှင့်ရေဗက္က၌ စိတ်နှလုံးပူပန်စရာအကြောင်းဖြစ်သတည်း။” ထိုဇနီးများကြောင့် မိမိအသက်ကို ငြီးငွေ့လှပြီဟုပင် ရေဗက္ကဆိုခဲ့သည်။ (ကမ္ဘာဦး ၂၆:၃၄၊ ၃၅; ၂၇:၄၆) ဟန္နမြုံသောကြောင့် မယားပြိုင်ဖြစ်သူ ပေနိန္နက သူ၏ “စိတ်ဆိုးညစ်အောင် . . . အလွန်နှောင့်ယှက်” ခဲ့ပုံကိုလည်း စဉ်းစားကြည့်ပါ။ ဟန္နသည် မိမိ၏အိမ်တွင် ဤသို့သောနှောင့်ယှက်မှုကို မကြာခဏခံခဲ့ရပေမည်။ ရှိလောမြို့တွင်ပွဲတော်ကို မိသားစုလိုက်တက်ရောက်စဉ်၌လည်း ပေနိန္နသည် သူ့ကို ဆွေမျိုးများနှင့် မိတ်ဆွေများရှေ့ ပေါ်ပေါ်ထင်ထင် စိတ်အနှောင့်အယှက်ပေးခဲ့မည် သေချာသည်။ ထိုသို့ပြုခြင်းက ဟန္န၏ကိုယ်၌ ဆူးကိုပိုစူးစေသကဲ့သို့ဖြစ်ခဲ့သည်။—၁ ဓမ္မရာဇဝင် ၁:၄-၇။
၁၇ သူ၏ယောက္ခမ၊ ရှောလုမင်း၏ အရူးအမူးမနာလိုမှုကြောင့် ဒါဝိဒ်ခံခဲ့ရသည်များကို စေ့စေ့သုံးသပ်ကြည့်ပါ။ ဒါဝိဒ်သည် အသက်ဘေးကိုရှောင်ဖို့ အင်္ဂေဒိတောရှိ လိုဏ်ဂူများတွင်နေထိုင်ခဲ့ရ၏၊ မတ်စောက်၍ အန္တရာယ်ရှိသော ကျောက်ဆောင်ထူပြောသည့် တောင်ကြားလမ်းများကိုတက်ခဲ့ရသည်။ သူသည် ရှောလုကို အဘယ်နည်းဖြင့်မျှ မဆန့်ကျင်ခဲ့သဖြင့် ထိုမတရားမှုမှာ သူ့အတွက်မခံချိမခံသာစရာဖြစ်ခဲ့ပေမည်။ သို့တိုင် ဒါဝိဒ်သည် ရှောလု၏မနာလိုမှုကြောင့် ဝရမ်းပြေးဘဝဖြင့် နှစ်ချီနေထိုင်ခဲ့ရသည်။—၁ ဓမ္မရာဇဝင် ၂၄:၁၄၊ ၁၅; သု. ၂၇:၄။
၁၈ ပရောဖက်ဟောရှေ၏ အိမ်ထောင်ရေးပဋိပက္ခကို တွေးကြည့်ပါ။ သူ၏ဇနီးသည်မှာ သူ့သားအိမ်ရာပြစ်မှားသူဖြစ်လာသည်။ သူ၏အကျင့်ယိုယွင်းမှုသည် ဟောရှေ၏နှလုံးကိုစူးရှသောဆူးဖြစ်ခဲ့ပေမည်။ ထိုသို့မတရားမေထုန်ပြုခဲ့၍ တရားမဝင်သည့်ကလေးနှစ်ဦးကို ဇနီးဖြစ်သူ မွေးဖွားသောအခါ ပြင်းပြသောစိတ်ဝေဒနာကို သူထပ်ဆင့်ခံစားခဲ့ရမည်တကား!—ဟောရှေ ၁:၂-၉။
၁၉။ အဘယ်နှိပ်စက်ညှဉ်းပန်းမှုကို ပရောဖက်မိက္ခာခံခဲ့ရသနည်း။
၁၉ ကိုယ်၌စူးသောဆူး နောက်တစ်မျိုးမှာ နှိပ်စက်ညှဉ်းပန်းခြင်းဖြစ်သည်။ ပရောဖက်မိက္ခာ၏အတွေ့အကြုံကို သုံးသပ်ကြည့်ပါ။၃ ဓမ္မရာဇဝင် ၂၂:၆၊ ၉၊ ၁၅-၁၇၊ ၂၃-၂၈) ယေရမိနှင့် သူ့ကိုသတ်လိုစိတ်ရှိသူများ သူ့ကိုပြုမူဆက်ဆံခဲ့ပုံကိုလည်း ပြန်သတိရပါ။—ယေရမိ ၂၀:၁-၉။
မင်းဆိုးအာဟပ်သည် ပရောဖက်အတုအယောင်များနှင့်ပေါင်းသင်းကာ သူတို့၏ဗြောင်ကျသောလိမ်ညာစကားကို ယုံကြည်ကြောင်း မိက္ခာတွေ့မြင်ခဲ့ရခြင်းသည် သူ၏ဖြောင့်မတ်သောစိတ်နှလုံးကို နာကျင်စေခဲ့ပေမည်။ မိက္ခာက ထိုပရောဖက်အားလုံးသည် ‘လှည့်စားတတ်သောဝိညာဉ်’ တန်ခိုးဖြင့်ပြောဆိုနေကြောင်း အာဟပ်ကိုလျှောက်သောအခါ ထိပ်သီးကလိန်ချုံက မည်သို့ပြုခဲ့သနည်း။ ‘မိက္ခာကိုပါးချ’ လေ၏။ ထိုထက်ဆိုးသည်မှာ ဂိလဒ်ပြည်ရာမုတ်မြို့သို့စစ်ချီပါက လုံးဝအောင်မြင်မည်မဟုတ်ဟူသော ယေဟောဝါ၏သတိပေးချက်ကို အာဟပ်တုံ့ပြန်ခဲ့ပုံဖြစ်သည်။ မိက္ခာကို ထောင်ချပြီး ဆင်းရဲစွာစားသောက်စေဟု အာဟပ်အမိန့်ထုတ်ခဲ့သည်။ (၂၀။ အဘယ်ဆူးများကို နောမိခံစားခဲ့ရသနည်း၊ သူသည် မည်သို့ဆုချခံခဲ့ရသနည်း။
၂၀ မိမိချစ်မြတ်နိုးရသူများဆုံးရှုံးခြင်း ဝမ်းနည်းမှုသည်လည်း ကိုယ်၌စူးသောဆူးနှင့်တူနိုင်သည်။ နောမိသည် ခင်ပွန်းသာမက သားနှစ်ဦးကို သေခြင်း၌ဆုံးရှုံးရသည့်နာကျင်မှုကို ခံစားခဲ့ရရှာသည်။ သူသည် ထိုဆုံးရှုံးမှုကြီးများကိုခံစားနေရဆဲ ဗက်လင်မြို့သို့ပြန်လာလေ၏။ ထိုအခါ မိမိအား နောမိဟုမခေါ်ကြဘဲ ခါးသီးသောအတွေ့အကြုံကို ရုပ်လုံးပေါ်စေသည့် မာရဟူသောအမည်ဖြင့်ခေါ်ကြရန် မိတ်ဆွေများအားပြောခဲ့သည်။ သို့သော် အဆုံး၌ သူ၏ခံနိုင်ရည်ကို ယေဟောဝါဆုချ၍ မေရှိယ၏ မျိုးစဉ်မျိုးဆက်တွင်ပါဝင်သူတစ်ဦးဖြစ်လာသော မြေးတစ်ဦးရစေခဲ့သည်။—ရုသ ၁:၃-၅၊ ၁၉-၂၁; ၄:၁၃-၁၇; မဿဲ ၁:၁၊ ၅။
၂၁၊ ၂၂။ ယောဘသည် ဆုံးရှုံးမှုများ မည်သို့ခံခဲ့ရသနည်း၊ သူမည်သို့တုံ့ပြန်ခဲ့သနည်း။
၂၁ ယောဘသည် သူချစ်ရသည့်သားသမီးဆယ်ယောက် ရုတ်တရက် မရှုမလှသေဆုံးသွားကြောင်း၊ သူ၏တိရစ္ဆာန်များနှင့် ကျွန်အားလုံးကိုဆုံးရှုံးကြောင်း ကြားသိရသောအခါ မည်မျှထိတ်လန့်ချောက်ချားသွားမည်ကို စဉ်းစားကြည့်ပါ။ သူ့အတွက် ရုတ်တရက် ကမ္ဘာပျက်သွားသည့်အလားဖြစ်၏! ထို့ပြင် ဤဆုံးရှုံးမှုများကြောင့် ယောဘမိန်းမောတွေဝေနေစဉ်ပင် စာတန်သည် သူ့ကိုဖျားနာစေသည်။ ယောဘခံစားရသည့် ဆိုးဝါးသောဖျားနာမှုကြောင့် မိမိသေဆုံးရတော့မည်ဟု သူယူမှတ်ခဲ့ပေမည်။ အလွန်မခံမရပ်နိုင်သည့်အထိ နာကျင်လာရာ သေခြင်းကသာ မိမိကိုသက်သာစေမည်ဟု သူယူမှတ်ခဲ့သည်။—ယောဘ ၁:၁၃-၂၀; ၂:၇၊ ၈။
၂၂ ဤမျှနှင့်မလုံလောက်သေးသည့်အလား သူ၏ဇနီးသည် သောကဝေဒနာဖြင့် သူ့ထံလာပြီး “ဘုရားသခင်ကိုစွန့်ပယ်၍သေလော့” ဟုဆို၏။ ၎င်းသည် နာကျင်ကိုက်ခဲနေသောသူ၏ကိုယ်၌ အမှန်တကယ်စူးရှသောဆူးပါတကား! ထို့နောက် ယောဘ၏အပေါင်းပါသုံးဦးသည် သူ့ကိုနှစ်သိမ့်ပေးမည့်အစား သူ၏လျှို့ဝှက်အပြစ်များကြောင့် ဤသို့ခံနေရသည်ဟု စွပ်စွဲလျက် အနှစ်သာရမရှိသောကျိုးကြောင်းဆင်ခြင်မှုများဖြင့် သူ့ကိုတိုက်ခိုက်ခဲ့ကြသည်။ သူတို့၏မှားယွင်းသောအချေအတင်စကားများက သူ၏ကိုယ်ထဲ ဆူးများကိုနက်သည်ထက်နက်အောင် ထိုးသွင်းနေသကဲ့သို့ဖြစ်ခဲ့သည်။ ဤမျှဆိုးဝါးသောအရာများကို မိမိ အဘယ်ကြောင့်ခံစားနေရကြောင်း ယောဘမသိခဲ့ပါ; သူ၏အသက်မှာမူ ချမ်းသာရမည်ကိုလည်း သူမသိခဲ့ကြောင်း သတိရပါ။ သို့တိုင် “ယောဘသည် ဤအမှုများနှင့်တွေ့ကြုံသော်လည်း မမှားယွင်း။ ထာဝရဘုရား[သခင်]ကိုလည်း အပြစ်မတင်ဘဲနေ၏။” (ယောဘ ၁:၂၂; ၂:၉၊ ၁၀; ၃:၃; ၁၄:၁၃; ၃၀:၁၇) ယောဘသည် ဆူးများစွာကို တစ်ပြိုင်တည်းအစူးခံခဲ့ရသော်လည်း အမြဲသမာဓိစောင့်သိခဲ့သည်။ အမှန်တကယ်ပင် အားရှိစရာပါတကား!
၂၃။ ကျွန်ုပ်တို့ဆွေးနွေးတင်ပြခဲ့သော တည်ကြည်သူများသည် ကိုယ်၌စူးသောဆူးအမျိုးမျိုးကို အဘယ်ကြောင့်ခံနိုင်ခဲ့ကြသနည်း။
၂၃ ရှေ့ပိုင်းမှပုံသက်သေများသည် အားလုံးမဟုတ်ပါ။ ကျမ်းစာတွင် မြောက်မြားစွာရှိပါသေးသည်။ တည်ကြည်သောဤကျေးကျွန်အားလုံးသည် ပုံဆောင်ဆူးတစ်မျိုးစီ၏စူးခြင်းကို ခံခဲ့ရကြသည်။ သူတို့ရင်ဆိုင်ခဲ့ရသောပြဿနာများမှာလည်း မျိုးပေါင်းစုံလှလေခြင်း! သို့တိုင် သူတို့၌ တူညီသောအရာတစ်ခုရှိသည်။ သူတို့တစ်ဦးမျှသည် ယေဟောဝါအမှုတော်ထမ်းခြင်းကို မစွန့်လွှတ်ခဲ့ကြချေ။ သူတို့၏စိတ်ဓာတ်ကျဖွယ် စမ်းသပ်မှုအားလုံးကြား ယေဟောဝါပေးသနားသောခွန်အားဖြင့် စာတန်ကို သူတို့အနိုင်ယူခဲ့ကြသည်။ မည်သို့အားဖြင့်နည်း။ နောက်ဆောင်းပါးက ဤမေးခွန်းကိုဖြေဆိုပေးမည်၊ ကျွန်ုပ်တို့ကိုယ်၌စူးသော ဆူးနှင့်တူသည့်အရာမှန်သမျှကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်းကိုလည်း ဖော်ပြပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 11 အလွန်ကျေးဇူးသိတတ်ပြီး နှိမ့်ချသူတစ်ဦးဖြစ်သူ မေဖိဗောရှက်သည် ထိုသို့သောရည်မှန်းချက်ဖြင့် ကြံစည်ခြင်းမျိုးကို လုံးဝပြုခဲ့လိမ့်မည်မဟုတ်ပေ။ သူ၏ဖခင်ယောနသန်၏ တည်ကြည်မှုအကြောင်းကို သူကောင်းစွာသိခဲ့မည်သေချာ၏။ ယောနသန်သည် ရှောလုမင်း၏သားတော်ဖြစ်သော်လည်း ဣသရေလရှင်ဘုရင်အဖြစ် ဒါဝိဒ်ကို ယေဟောဝါရွေးချယ်ထားကြောင်း သူအသိအမှတ်ပြုခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂၀:၁၂-၁၇) ဘုရားသခင်ကိုကြောက်ရွံ့သောမိဘတစ်ဦးဖြစ်ရုံမက ဒါဝိဒ်အပေါ် တည်ကြည်သည့်မိတ်ဆွေတစ်ဦးလည်းဖြစ်သောကြောင့် သားဖြစ်သူမေဖိဗောရှက်အား အာဏာတန်ခိုး သိမ်းပိုက်ရန် ယောနသန် အဘယ်နည်းဖြင့်မျှ သွန်သင်ခဲ့မည်မဟုတ်ပေ။
သင်မည်သို့ဖြေဆိုမည်နည်း
• ကျွန်ုပ်တို့ရင်ဆိုင်ရသောပြဿနာများကို ကိုယ်၌စူးသောဆူးများနှင့် အဘယ်ကြောင့်နှိုင်းယှဉ်နိုင်သနည်း။
• မေဖိဗောရှက်နှင့် နေဟမိတို့ခံခဲ့ရသော ဆူးအချို့ကား အဘယ်နည်း။
• ကိုယ်၌စူးသောဆူးအမျိုးမျိုးကို အစူးခံခဲ့ကြသော သမ္မာကျမ်းစာမှ အမျိုးသား၊ အမျိုးသမီးများ၏ပုံသက်သေများအနက် အဘယ်သူ၏အကြောင်းက သင့်ကိုအထူးသဖြင့်စိတ်လှုပ်ရှားစေခဲ့သနည်း၊ အဘယ်ကြောင့်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
မေဖိဗောရှက်သည် မသန်မစွမ်းဖြစ်ခြင်း၊ ကုန်းချောခံရခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ကို ကိုင်တွယ်ဖြေရှင်းခဲ့ရ
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
နေဟမိသည် အတိုက်အခံကြား စွဲစွဲမြဲမြဲရပ်တည်ခဲ့