တော်ဝင်စံနမူနာကို လိုက်လျှောက်လော့
တော်ဝင်စံနမူနာကို လိုက်လျှောက်လော့
“ထိုမင်းသည် . . . ဤပညတ္တိကျမ်းစာကို ရေးကူးပြီးလျှင်၊ တစ်သက်ပတ်လုံး ကြည့်ရှုဖတ်ရွတ်ရမည်။”—တရားဟောရာ ၁၇:၁၈-၂၀၊ သမ္မာ။
၁။ ခရစ်ယာန်တစ်ဦးသည် မည်သူတို့နှင့်တူလိုပေမည်နည်း။
သင့်ကိုယ်သင် ဘုရင်တစ်ပါး၊ မိဖုရားတစ်ပါးအဖြစ် ယူမှတ်လိမ့်မည်မဟုတ်ပေ။ မင်းကောင်းဒါဝိဒ်၊ ယောရှိ၊ ဟေဇကိ၊ ယောရှဖတ်တို့ကဲ့သို့ တော်ဝင်အခွင့်အာဏာဖြင့် ပြုမူနေသည်ဟု အဘယ်တည်ကြည်သောခရစ်ယာန်ဖြစ်သည့် ကျမ်းစာကျောင်းသားတစ်ဦးက မိမိကိုယ်ကို ထင်မှတ်ပါမည်နည်း။ သို့တိုင်၊ သင်သည် အနည်းဆုံး အထူးနည်းတစ်နည်းဖြင့် သူတို့နည်းတူ ပြုမူနိုင်သည်ဖြစ်၍ ပြုမူသင့်ပါသည်။ ယင်းကား အဘယ်နည်း။ ၎င်းနှင့်စပ်လျဉ်း၍ သင်သည် အဘယ်ကြောင့် သူတို့နှင့်တူညီလိုရမည်နည်း။
၂၊ ၃။ လူသားရှင်ဘုရင်တစ်ပါးနှင့်စပ်လျဉ်း၍ ယေဟောဝါ အဘယ်အရာကို ကြိုတင်သိမြင်တော်မူခဲ့သနည်း၊ ထိုရှင်ဘုရင်သည် အဘယ်အရာကို ပြုလုပ်ရမည်နည်း။
၂ ဘုရားသခင်သည် ဣသရေလလူမျိုးကို လူသားဘုရင်တစ်ပါး အုပ်စိုးရန် ခွင့်မပြုမီ ထိုလူမျိုးက ရှင်ဘုရင်တစ်ပါးတောင်းဆိုမည်ကို မောရှေလက်ထက်ကတည်းက တင်ကြိုသိမြင်တော်မူ၏။ ထို့ကြောင့် ပညတ်ပဋိညာဉ်တွင် သက်ဆိုင်ရာသွန်သင်ချက်များကို ထည့်သွင်းရေးသားရန် မောရှေအား မှုတ်သွင်းပေးတော်မူခဲ့သည်။ ၎င်းတို့မှာ တော်ဝင်သွန်သင်ချက်များဖြစ်သည်။
၃ ဘုရားသခင်က “သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်ကို သင်သည်ဝင်၍ အပိုင်ရလျက်နေသောအခါ သင်က ‘ငါ့ပတ်လည်ရှိ လူမျိုးအပေါင်းတို့နည်းတူ၊ ငါသည် ကိုယ့်အပေါ်၌မင်းမြှောက်မည်’ ဟုဆိုလျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရား ရွေးချယ်တော်မူသောသူ . . . သာ ကိုယ့်အပေါ်၌မြှောက်ရမည်။ . . . ထိုမင်းသည် . . . သူ၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်ချက်ရှိသမျှနှင့် ဤထုံးဖွဲ့ချက်များကို သတိနှင့်ကျင့်စောင့်ခြင်းငှာ သင်ကြားမည်အကြောင်း . . . ရာဇပလ္လင်ပေါ်မှာထိုင်သောအခါ . . . ဤပညတ္တိကျမ်းစာကို ရေးကူးပြီးလျှင်၊ တစ်သက်ပတ်လုံး ကြည့်ရှုဖတ်ရွတ်ရမည်” ဟုမိန့်ဆိုခဲ့၏။—တရားဟောရာ ၁၇:၁၄-၂၀၊ သမ္မာ။
၄။ ရှင်ဘုရင်များအတွက် ဘုရားသခင့်ညွှန်ကြားချက်များတွင် အဘယ်အရာပါဝင်သနည်း။
၄ မှန်ပါသည်၊ ကိုယ်တော်အားဝတ်ပြုသူများအတွက် ယေဟောဝါရွေးချယ်တော်မူမည့် ရှင်ဘုရင်သည် သင့်သမ္မာကျမ်းစာတွင် တွေ့ရှိနိုင်သည့် အရေးအသားများကို ကိုယ်တိုင်ကူးရေးရမည်ဖြစ်၏။ ထို့နောက် ထိုရှင်ဘုရင်သည် ကူးယူထားသောကျမ်းစောင်ကို နေ့စဉ် ထပ်တလဲလဲ ဖတ်ရွတ်ရမည်ဖြစ်သည်။ ၎င်းကား မှတ်ဉာဏ်တိုးတက်ရန် လေ့ကျင့်ပေးခြင်းမဟုတ်ပေ။ အကျိုးဖြစ်ထွန်းသော ရည်ရွယ်ချက်ဖြင့် လေ့လာခြင်းဖြစ်၏။ ယေဟောဝါ၏မျက်နှာသာတော်ရလိုသည့် ရှင်ဘုရင်သည် စိတ်နှလုံးထားမှန်ကို ပြုစုပျိုးထောင်ပြီး ထိန်းသိမ်းထားနိုင်ရန် ထိုသို့လေ့လာဖို့ လိုပေသည်။ ထို့အပြင် သူသည် အောင်မြင်၍ ထိုးထွင်းသိမြင်တတ်သော ရှင်ဘုရင်တစ်ပါးဖြစ်ရန် အဆိုပါမှုတ်သွင်းခံကျမ်းစာစောင်များကို လေ့လာဖို့လိုသည်။—၃ ဓမ္မရာဇဝင် ၂၂:၈-၁၂; သု. ၁:၁-၄။
ရှင်ဘုရင်နည်းတူ သင်ယူလော့
၅။ ဘုရင်ဒါဝိဒ်သည် သမ္မာကျမ်းစာ၏ အဘယ်အပိုင်းများကို ကူးယူဖတ်ရှုနိုင်ခဲ့သနည်း၊ ယင်းကို သူမည်သို့သဘောထားခဲ့သနည်း။
၅ ဒါဝိဒ်သည် ဣသရေလရှင်ဘုရင်ဖြစ်လာသောအခါ သူသည် အဘယ်အရာကိုပြုလုပ်ဖို့လိုမည်ဟု သင်ထင်သနည်း။ သူသည် ပင်တကျွတ် (ကမ္ဘာဦး၊ ထွက်မြောက်ရာ၊ ဝတ်ပြုရာ၊ တောလည်ရာ၊ တရားဟောရာ) ကျမ်းစောင်များကို ကူးယူခဲ့ရပေမည်။ ဒါဝိဒ်သည် ပညတ်တော်ကို ကူးယူရေးသားဖို့ မိမိမျက်လုံးနှင့်လက်တို့ကို အသုံးပြုရာတွင် သူ၏စိတ်နှလုံးထဲ မည်မျှစွဲမှတ်သွားမည်ကို စဉ်းစားကြည့်ပါလေ။ မောရှေသည် ယောဘဝတ္ထုအပြင် ဆာလံ ၉၀ နှင့် ၉၁ တို့ကိုပါ ရေးသားခဲ့သည်။ ၎င်းတို့ကိုလည်း ဒါဝိဒ် ကူးယူခဲ့မည်လော။ ကူးယူခဲ့ပေမည်။ ထို့အပြင် ယောရှုမှတ်စာ၊ တရားသူကြီးနှင့် ရုသဝတ္ထုတို့ကို လည်း သူရရှိထားပေမည်။ ထို့ကြောင့် ဘုရင်ဒါဝိဒ် ဖတ်ရှုလေ့လာစရာ သမ္မာကျမ်းစာစောင် အတော်များများရှိခဲ့သည်ကို သင်တွေ့ပါမည်။ ထိုသို့ပင် သူပြုလုပ်ခဲ့ကြောင်း ယူမှတ်စရာအကြောင်းရှိ၏၊ အကြောင်းမှာ ယခု ဆာလံ ၁၉:၇-၁၁ တွင် တွေ့ရှိရသော ဘုရားသခင့်ပညတ်တော်နှင့်ပတ်သက်၍ သူ၏ယူဆချက်များကို သတိပြုပါ။
၆။ ယေရှုသည် ကိုယ်တော်၏ဘိုးဘေး ဒါဝိဒ်နည်းတူ သမ္မာကျမ်းစာကို စိတ်ဝင်စားကြောင်း မည်သို့သေချာနိုင်သနည်း။
၆ သာ၍ကြီးမြတ်တော်မူသော ဒါဝိဒ်ဖြစ်သူ ဒါဝိဒ်၏သားတော်ယေရှုသည် ထပ်တူပုံစံကို လိုက်ခဲ့၏။ ယေရှုသည် အပတ်စဉ် ဒေသန္တရတရားဇရပ်သို့သွားသည့် ထုံးစံရှိ၏။ ထိုတွင် ကျမ်းစာဖတ်ရှု၍ ရှင်းပြသည်ကို ကိုယ်တော်ကြားနာလေ့ရှိသည်။ ထို့ပြင် တစ်ခါတစ်ရံ ယေရှုကိုယ်တော်တိုင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အများရှေ့ အသံကျယ်ကျယ်ဖတ်ရွတ်ပြတော်မူပြီး ၎င်း၏သက်ဆိုင်ပုံကို ရှင်းပြတော်မူခဲ့သည်။ (လုကာ ၄:၁၆-၂၁) ကိုယ်တော်သည် ကျမ်းစာကို ပိုင်ပိုင်နိုင်နိုင်တတ်မြောက်ထားကြောင်း အလွယ်တကူ သိမြင်နိုင်၏။ ခရစ်ဝင်ကျမ်းမှတ်တမ်းများကိုသာ ဖတ်ရှုရုံဖြင့် “ကျမ်းစာလာသည်ကား” ဟု ယေရှု အကြိမ်ပေါင်းမည်မျှ မိန့်ဆိုခဲ့သည်၊ သို့မဟုတ် ကျမ်းစာပိုဒ်များကို အခြားနည်းများဖြင့် မည်မျှရည်ညွှန်းခဲ့သည်ကို သတိပြုမိမည်။ ဥပမာ၊ မဿဲမှတ်တမ်းတင်ထားသည့် တောင်ပေါ်တရားတော်တွင် ယေရှုသည် ဟေဗြဲကျမ်းစာစောင်များမှ ၂၁ ကြိမ် ကိုးကားခဲ့သည်။—မဿဲ ၄:၄-၁၀; ၇:၂၉; ၁၁:၁၀; ၂၁:၁၃; ၂၆:၂၄၊ ၃၁; ယောဟန် ၆:၃၁၊ ၄၅; ၈:၁၇။
၇။ ယေရှုသည် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် မည်သို့ကွာခြားသနည်း။
၇ ယေရှုသည် ဆာလံ ၁:၁-၃ ပါဤအကြံပေးချက်ကို လိုက်နာခဲ့သည်– “မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ . . . ထာဝရဘုရား၏တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ၏။ . . . ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။” ဤသို့ပြုခြင်းသည် “မောရှေထိုင်ရာပလ္လင်ပေါ်မှာ ထိုင်ကြ” သော်လည်း ယေဟောဝါ၏ပညတ်တော်ကို လျစ်လျူရှုခဲ့ကြသည့် ကိုယ်တော့်အချိန်က ဘာသာရေးခေါင်းဆောင်များနှင့် ကွာခြားလိုက်လေခြင်း!—မဿဲ ၂၃:၂-၄။
၈။ ဂျူးဘာသာရေးခေါင်းဆောင်များသည် သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာသော်လည်း အဘယ်ကြောင့် အကျိုးမရရှိခဲ့ကြသနည်း။
၈ သို့ရာတွင်၊ သမ္မာကျမ်းစာလေ့လာခြင်းကို ယေရှုအားမပေးသည့်အလား အနက်အဓိပ္ပာယ်ဖွင့်နိုင်သည့် ကျမ်းပိုဒ်တစ်ပိုဒ်ကို တချို့ဝေခွဲမရဖြစ်ကြပေမည်။ ယေရှုသည် မိမိ၏ခေတ်သားအချို့အား မိန့်တော်မူခဲ့ရာကို ယောဟန် ၅:၃၉၊ ၄၀ တွင် ဤသို့ဖတ်ရသည်– “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟုစိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှာအလိုမရှိကြ။” ထိုသို့ဆိုခြင်းအားဖြင့် ယေရှုသည် မိမိ၏တရားစကားကို နားထောင်နေကြသူ ဂျူးများအား ကျမ်းစာမလေ့လာရန် တားဆီးနေခြင်းမဟုတ်ပါ။ သို့ပြုမည့်အစား၊ သူတို့၏မရိုးသားမှု၊ သူတို့၏ရှေ့နောက်မညီညွတ်မှုကို ကိုယ်တော်ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။ ကျမ်းစာက သူတို့ကို ထာဝရအသက်သို့ပို့ဆောင်နိုင်သည်ဟု သူတို့အသိအမှတ်ပြုကြပါသည်၊ သို့သော် သူတို့ရှာဖွေလေ့လာနေသည့် ကျမ်းစာသည် သူတို့ကို မေရှိယဖြစ်သူ ယေရှုထံသို့လည်း ပို့ဆောင်သင့်ပေသည်။ သို့သော် သူတို့သည် ကိုယ်တော့်ကိုလက်မခံ၊ ငြင်းပယ်ကြ၏။ သို့ဖြစ်၍ ကျမ်းစာလေ့လာခြင်းက သူတို့အတွက် အကျိုးမရှိချေ၊ အကြောင်းမှာ သူတို့သည် စိတ်ရင်းမမှန်၊ သွန်သင်မှုမခံလိုသူများ ဖြစ်ကြသည်။—တရားဟောရာ ၁၈:၁၅; လုကာ ၁၁:၅၂; ယောဟန် ၇:၄၇၊ ၄၈။
၉။ တမန်တော်များနှင့် အစောပိုင်းပရောဖက်များသည် အဘယ်ပုံသက်သေကောင်းကို ချမှတ်ခဲ့ကြသနည်း။
၉ တမန်တော်များအပါအဝင် ယေရှု၏နောက်တော်လိုက်များနှင့်ပတ်သက်၍မူ အခြေအနေချင်း အလွန်ကွာခြားလိုက်လေခြင်း! သူတို့သည် “ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သော သမ္မာကျမ်းစာကို” လေ့လာဆည်းပူးခဲ့ကြသည်။ (၂ တိမောသေ ၃:၁၅၊ သမ္မာ) ဤသို့သောအားဖြင့် သူတို့သည် “စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ” ခဲ့ကြသော အစောပိုင်းပရောဖက်များနှင့်တူကြသည်။ ထိုပရောဖက်များသည် ကျမ်းစာလေ့လာမှုကို လအနည်းငယ် သို့မဟုတ် တစ်နှစ်တာကာလအတွင်း ဇွဲရှိရှိပြုရသည့်အမှုအဖြစ် မယူမှတ်ခဲ့ကြချေ။ အထူးသဖြင့် ခရစ်တော်အကြောင်းနှင့် လူသားတို့ကို ကိုယ်တော်ကယ်တင်ခြင်းကဏ္ဍနှင့်ပတ်သက်သည့် ဘုန်းကျက်သရေတို့ကို “[သူတို့သည် ဆက်၍] မေးမြန်းရှာဖွေ[ခဲ့]ကြ” ကြောင်း တမန်တော်ပေတရုပြောပြသည်။ ပေတရုသည် သူ၏ပထမစာစောင်တွင် ကျမ်းစာစောင်ဆယ်စောင်မှ ၃၄ ကြိမ် ကိုးကားခဲ့သည်။—၁ ပေတရု ၁:၁၀၊ ၁၁။
၁၀။ ကျွန်ုပ်တို့တစ်ဦးစီသည် သမ္မာကျမ်းစာလေ့လာခြင်းကို အဘယ်ကြောင့်စိတ်ဝင်စားသင့်သနည်း။
လုကာ ၂၂:၂၈-၃၀; ရောမ ၈:၁၇; ၂ တိမောသေ ၂:၁၂; ဗျာဒိတ် ၅:၁၀; ၂၀:၆) ဤတော်ဝင်ပုံစံကို လိုက်လျှောက်ခြင်းသည် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် မြေကြီးပေါ်တွင် ကောင်းချီးများခံစားရရန် ယနေ့မျှော်လင့်နေကြသူအားလုံးအတွက်လည်း လိုအပ်နေဆဲပင်။—မဿဲ ၂၅:၃၄၊ ၄၆။
၁၀ သို့ဖြစ်၍၊ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဂရုတစိုက်လေ့လာခြင်းက ရှေးဣသရေလနိုင်ငံ၏ ရှင်ဘုရင်များအတွက် တော်ဝင်တာဝန်တစ်ခုဖြစ်သည်မှာ ရှင်းနေပါသည်။ ဤပုံစံကို ယေရှုလိုက်လျှောက်တော်မူခဲ့၏။ ထို့ပြင် ကျမ်းစာလေ့လာခြင်းသည် ကောင်းကင်တွင် ယေရှုနှင့်အတူ ဘုရင်များအဖြစ် စိုးစံကြမည့်သူတို့အတွက်လည်း တာဝန်တစ်ရပ်ဖြစ်သည်။ (ရှင်ဘုရင်များနှင့် သင့်အတွက် တာဝန်တစ်ရပ်
၁၁။ (က) လေ့လာမှုနှင့်စပ်လျဉ်း၍ ခရစ်ယာန်များ၌ အဘယ်အန္တရာယ်ရှိသနည်း။ (ခ) မိမိကိုယ်ကို အဘယ်မေးခွန်းများ မေးသင့်သနည်း။
၁၁ စစ်မှန်သောခရစ်ယာန်တစ်ဦးစီသည် သမ္မာကျမ်းစာကို ကိုယ်တိုင်စေ့စေ့ကြည့်ရှုသင့်ကြောင်း လေးလေးနက်နက် မှန်မှန်ကန်ကန် ပြောဆိုနိုင်ပေသည်။ ယေဟောဝါသက်သေများနှင့် သမ္မာကျမ်းစာ စလေ့လာသည့်အချိန်တွင်သာ ထိုသို့ပြုဖို့လိုသည်မဟုတ်။ ကျွန်ုပ်တို့တစ်ဦးစီသည် တမန်တော်ပေါလုခေတ်က ကိုယ်ပိုင်လေ့လာမှုကို တဖြည်းဖြည်း လျှော့ပြုလုပ်ခဲ့သူတချို့နှင့် မတူဖို့ သန္နိဋ္ဌာန်ချထားသင့်သည်။ သူတို့သည် “ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ်သော အကြောင်းအရာ” ကဲ့သို့သော “ဘုရားသခင်၏ဗျာဒိတ်တော်၌ ရှေးဦးစွာသင်ရသောတရားနုတို့ကို” သင်ယူခဲ့ကြ၏။ သို့တိုင်၊ သူတို့သည် ဆက်မလေ့လာကြသောကြောင့် “စုံလင်သောအဖြစ်သို့” မရောက်ခဲ့ကြချေ။ (ဟေဗြဲ ၅:၁၂–၆:၃) သို့ဖြစ်၍ ကိုယ့်ကိုယ်ကို ဤသို့မေးမြန်းနိုင်သည်– ‘ခရစ်ယာန်အသင်းတော်နှင့် တစ်ခဏမျှဖြစ်စေ၊ နှစ်ပေါင်းများစွာဖြစ်စေ ပေါင်းသင်းခဲ့ရာ ဘုရားသခင့်နှုတ်မြွက်စကားတော် ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်းကို ကျွန်ုပ်မည်သို့သဘောထားသနည်း။ မိမိခေတ်မှခရစ်ယာန်များသည် “ဘုရားသခင်ကိုသိသောဉာဏ် [“ဘုရားသခင်နှင့်စပ်လျဉ်းသည့် တိကျမှန်ကန်သောအသိပညာ၊” ကဘ] တိုးပွား” မည်အကြောင်း ပေါလုဆုတောင်းပေးခဲ့၏။ ကျွန်ုပ်တွင်လည်း ထပ်တူဆန္ဒမျိုးရှိကြောင်း တင်ပြပါသလော။’—ကောလောသဲ ၁:၉-၁၁။
၁၂။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အဆက်မပြတ် နှစ်သက်မြတ်နိုးဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၁၂ လေ့လာမှုအကျင့်ကောင်းများ သင်၌ရှိရန် သော့ချက်မှာ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နှစ်သက်မြတ်နိုးမှု တိုးပွားစေရန်ဖြစ်၏။ ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် သင်ပျော်မွေ့ရန် နည်းတစ်နည်းမှာ ယင်းကို ပုံမှန် ရည်ရွယ်ချက်ရှိရှိ စဉ်းစားဆင်ခြင်ခြင်းဖြစ်သည်ဟု ဆာလံ ၁၁၉:၁၄-၁၆ က ပြညွှန်သည်။ သင်သည် ခရစ်ယာန်တစ်ဦးဖြစ်နေသည်မှာ မည်မျှပင်ကြာပါစေ ထိုအတိုင်းဖြစ်၏။ ယင်းကိုအလေးပေးဖော်ပြရန် တိမောသေ၏ပုံနမူနာကို ပြန်သတိရပါ။ ဤခရစ်ယာန်အကြီးအကဲသည် “ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲ” ကဲ့သို့ အမှုထမ်းဆောင်နေနှင့်ပြီဖြစ်သော်လည်း “[အမှန်] တရားကို မှန်ကန်စွာပိုင်းခြား” ရာတွင် အစွမ်းကုန်ကြိုးစားဖို့ ပေါလုတိုက်တွန်းခဲ့သည်။ (၂ တိမောသေ ၂:၃၊ ၁၅; ၁ တိမောသေ ၄:၁၅) ရှင်းနေသည်မှာ “အစွမ်းကုန်” ကြိုးစားခြင်းတွင် လေ့လာမှုအကျင့်ကောင်းများရှိခြင်းဖြစ်သည်။
၁၃။ (က) သမ္မာကျမ်းစာလေ့လာရန်အချိန် မည်သို့ပိုရနိုင်မည်နည်း။ (ခ) လေ့လာမှုပြုဖို့အချိန်ရရန် အဘယ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်သနည်း။
၁၃ လေ့လာမှုအကျင့်ကောင်းများနှင့်ပတ်သက်၍ ခြေလှမ်းတစ်လှမ်းမှာ သမ္မာကျမ်းစာလေ့လာရန် ပုံမှန်အချိန်ဖယ်ထားခြင်းဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ သင်မည်သို့ရှိသနည်း။ ရိုးရိုးသားသား သင်မည်သို့ပင်ဖြေဆိုပါစေ ကိုယ်ပိုင်လေ့လာမှုပိုလုပ်လျှင် အကျိုးခံစားရမည်ဟု သင်ထင်ပါသလော။ ‘ထိုသို့ပြုရန် အချိန်ရဖို့ ကျွန်ုပ်မည်သို့စီစဉ်နိုင်မည်နည်း’ ဟုသင်စဉ်းစားနေမည်။ တချို့က နံနက်ချိန်တွင် စောစောအိပ်ရာထခြင်းအားဖြင့် ထိရောက်သောသမ္မာကျမ်းစာလေ့လာမှုပြုချိန်ကို တိုးများစေခဲ့ကြပြီ။ သူတို့သည် ၁၅ မိနစ်ခန့် ကျမ်းစာဖတ်ရှုကြပေမည်၊ သို့မဟုတ် ကိုယ်ပိုင်လေ့လာမှု အစီအစဉ်တစ်ခုကိုပြုလုပ်ကြပေမည်။ နောက်ဖြစ်နိုင်ခြေတစ်ခုမှာ သင်၏ပတ်စဉ်အချိန်ဇယားကို အနည်းငယ်ပြုပြင်ပြောင်းလဲလိုက်လျှင်ကော။ ဥပမာအနေနှင့် သင်သည်ရက်အတော်များများ သတင်းစာဖတ်ရှုသည့်အကျင့် သို့မဟုတ် ရုပ်မြင်သံကြားညနေသတင်းများ ကြည့်ရှုသည့်အကျင့်ရှိမည်ဆိုလျှင် တစ်ပတ်လျှင်တစ်ရက်မျှသာမကြည့်လျှင် ဖြစ်နိုင်ပါမည်လော။ ထိုနေ့ရက်တွင် သမ္မာကျမ်းစာကိုတိုး၍လေ့လာနိုင်ပေမည်။ သင်သည် သတင်းကြည့်ရှုမည့်အစား ထိုတစ်ရက်တွင် မိနစ် ၃၀ သို့မဟုတ် ထိုထက်မက ကိုယ်ပိုင်လေ့လာမှုပြုလုပ်မည်ဆိုလျှင် တစ်နှစ်လျှင် ၂၅ နာရီကျော် ကိုယ်ပိုင်လေ့လာမှုပြုချိန် ရရှိပေမည်။ သမ္မာကျမ်းစာဖတ်ရှုခြင်း သို့မဟုတ် လေ့လာမှုပြုခြင်းနှင့်ပတ်သက်၍ ၂၅ နာရီ ထပ်တိုးလိုက်ခြင်းမှ အကျိုးကျေးဇူးမည်မျှရမည်ကို စဉ်းစားကြည့်ပါလေ! ဤတွင် နောက်ထပ်အကြံပေးချက်တစ်ခုရှိသည်– လာမည့်အပတ်အတွင်း တစ်နေ့တာ၏အဆုံးတွင် သင့်လုပ်ဆောင်မှုများကို လေ့လာဆန်းစစ်ကြည့်ပါ။ သမ္မာကျမ်းစာဖတ်ရှုခြင်း သို့မဟုတ် လေ့လာခြင်းအတွက်အချိန်ပိုရရန် ချန်လှပ်ထားနိုင်သည့် သို့မဟုတ် အချိန်လျှော့နိုင်သည့်အလုပ်တစ်ခုခုရှိမရှိ ဆန်းစစ်ကြည့်ပါ။—ဧဖက် ၅:၁၅၊ ၁၆။
၁၄၊ ၁၅။ (က) ကိုယ်ပိုင်လေ့လာမှုနှင့်စပ်လျဉ်း၍ ပန်းတိုင်များရှိခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ကျမ်းစာဖတ်ရှုခြင်းနှင့်စပ်လျဉ်း၍ ဖြစ်နိုင်ခြေရှိသော ပန်းတိုင်များကား အဘယ်နည်း။
၁၄ လေ့လာမှုပြုလုပ်ရန် အဘယ်အရာက ပိုမိုလွယ်ကူစေ၍ ပိုမိုနှစ်သက်စရာဖြစ်မည်နည်း။ ပန်းတိုင်များထားခြင်းဖြစ်သည်။ အဘယ်လက်တွေ့ကျသော လေ့လာမှုပြုရန်ပန်းတိုင်များကို သင်ချမှတ်နိုင်သနည်း။ လူအများအတွက် အထူးကောင်းမွန်သော ဦးဆုံးပန်းတိုင်တရားဟောရာ ၃၂:၄၅-၄၇) သူသည် ကျမ်းစာကို ကွန်ပျူတာဖန်သားပြင် သို့မဟုတ် ယင်းမှထုတ်ထားသောစာရွက်မှ ဖတ်ရှုမည့်အစား ကိုယ်ပိုင်ကျမ်းစာအုပ်ကို ကိုင်၍ဖတ်ရှုပါသည်။
တစ်ခုမှာ သမ္မာကျမ်းစာတစ်အုပ်လုံးကို ဖတ်ရှုခြင်းဖြစ်သည်။ သင်သည် ယနေ့အထိ ကျမ်းစာအပိုင်းပိုင်းကို တစ်ခါတစ်ရံ ဖတ်ရှုလေ့လာခဲ့၍ ၎င်းမှအကျိုးခံစားခဲ့ရဖူးမည်။ ယခု ကျမ်းစာတစ်အုပ်လုံးကို ဖတ်ရှုရန် သင်ဆုံးဖြတ်ချက်ချနိုင်မည်လော။ ထိုသို့ပြုရန် ဦးဆုံးအနေနှင့် သင်၏ပန်းတိုင်မှာ ခရစ်ဝင်ကျမ်းလေးကျမ်းကိုဖတ်ရှုပြီးနောက် ဒုတိယပန်းတိုင်အဖြစ် ကျန်ခရစ်ယာန်ဂရိကျမ်းစာစောင်များကို ဖတ်ရှုခြင်းဖြစ်နိုင်ပေသည်။ သင်သည် စိတ်ကျေနပ်မှုနှင့် အကျိုးကျေးဇူးများကို ခံစားရပြီးနောက် နောက်ထပ်ပန်းတိုင်တစ်ခုမှာ မောရှေ၏ကျမ်းများနှင့် ဧသတာဝတ္ထုအထိ ရာဇဝင်သမိုင်းကျမ်းစောင်များကို တစ်အုပ်ပြီးတစ်အုပ် ဖတ်ရှုသွားခြင်းဖြစ်နိုင်ပေသည်။ ၎င်းကို ပြုလုပ်ပြီးမြောက်ခြင်းက ကျန်ကြွင်းသောကျမ်းစာစောင်များကို အပြီးဖတ်ရန် လက်တွေ့ကျသည်ကို သင်တွေ့ရှိပေမည်။ ခရစ်ယာန်ဖြစ်လာချိန်တွင် အသက် ၆၅ နှစ်ခန့်ရှိသော အမျိုးသမီးတစ်ဦးသည် သူ၏သမ္မာကျမ်းစာအုပ်ထဲတွင် ကျမ်းစာစဖတ်သည့်နေ့စွဲနှင့် ဖတ်ပြီးသည့်နေ့စွဲကို ရေးမှတ်ထား၏။ ယခု သူသည် ကျမ်းစာကို ငါးကြိမ်တိုင် ဖတ်ရှုပြီးပြီဖြစ်သည်! (၁၅ ကျမ်းစာတစ်အုပ်လုံးကိုဖတ်ရှုရန် ပန်းတိုင်မီခဲ့သူတချို့သည် သူတို့၏ကိုယ်ပိုင်လေ့လာမှုကို အကျိုးပိုရှိစေရန် အခြားနည်းလမ်းများကို ရှာကြံပြုလုပ်ကြသည်။ တစ်နည်းမှာ ကျမ်းစာစောင် တစ်စောင်စီကို မဖတ်ရှုမီ ၎င်းနှင့်ဆိုင်သည့် လေ့လာရန်အကြောင်းကို ကြိုတင်ဖတ်ရှုထားခြင်းဖြစ်သည်။ “ကျမ်းစာတစ်ကျမ်းလုံး ဘုရား[သခင်]မှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု” စာအုပ်နှင့် ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း စာအုပ်တို့တွင် ကျမ်းစာစောင် တစ်စောင်စီ၏ သမိုင်းနောက်ခံ၊ ရေးပုံရေးနည်းနှင့် ရရှိနိုင်သည့်အကျိုးများဆိုင်ရာ အလွန်ကောင်းသော သတင်းအချက်အလက်များ ပါရှိသည်။ *
၁၆။ ကျမ်းစာလေ့လာခြင်းနှင့်စပ်လျဉ်း၍ အဘယ်ပုံနမူနာကို ကျွန်ုပ်တို့ ရှောင်ကြဉ်သင့်သနည်း။
၁၆ သင်သည် လေ့လာမှုပြုစဉ် ကျမ်းပညာရှင်အမည်ခံသူများ ပြုလုပ်တတ်သည့်ပုံစံကို ရှောင်ကြဉ်ပါ။ ထိုကျမ်းပညာရှင်များသည် သမ္မာကျမ်းစာကို လူသားများ၏စာအုပ်အဖြစ်ယူမှတ်ပြီး ကျမ်းပိုဒ်များကို အလွန်အကျွံအာရုံပြု ဆန်းစစ်ကြည့်ကြသည်။ တချို့က ကျမ်းတစ်ကျမ်းစီသည် မည်သူမည်ဝါအတွက်ဖြစ်သည်ကို သတ်မှတ်ပေးဖို့ကြိုးစားကြ၏ သို့မဟုတ် ကျမ်းတစ်ကျမ်းစီကိုရေးသားသည့် လူသားကလောင်ရှင်တို့၏စိတ်ထဲတွင် အဘယ်ရည်ရွယ်ချက်ရှိမည်၊ သူ၏ရှုမြင်ပုံမှာမည်သို့ဖြစ်မည်ကို တွေးတောဆင်ခြင်ကြ၏။ ဤသို့သော လူ့ကျိုးကြောင်းဆင်ခြင်မှု၏ အကျိုးသက်ရောက်မှုမှာ သမ္မာကျမ်းစာစောင်များကို သမိုင်းစာအုပ်အဖြစ်ယူမှတ်စေသည်၊ သို့မဟုတ် ဘာသာတရားကို ရုပ်လုံးပေါ်စေသော အဆင့်ဆင့်တွေးတောရှုမြင်ခြင်းအဖြစ်ယူမှတ်စေသည်။ အခြားပညာရှင်များမှာမူ ကျမ်းစာစာပေ၏ဝေါဟာရဗေဒကဲ့သို့သော စကားလုံးများကို လေ့လာခြင်းတွင် အချိန်ကုန်ခံကြသည်။ ဤသူတို့သည် ဘုရားသခင်ကြားသိစေလိုသောသတင်းတရားထက် စကားလုံးများ၏ရင်းမြစ်ကို လေ့လာခြင်း၌အာရုံပြုကြပြီး ဟေဗြဲနှင့်ဂရိအဓိပ္ပာယ်များကို ကိုးကားရည်ညွှန်းပြကြသည်။ ထိုကဲ့သို့သောစဉ်းစားဆင်ခြင်မှုများသည် ယုံကြည်ခြင်းတိုးပွားစေပြီး လှုံ့ဆော်မှုပေးမည်ဟုထင်သလော။—၁ သက်သာလောနိတ် ၂:၁၃။
၁၇။ သမ္မာကျမ်းစာ၏သတင်းတရားသည် လူအားလုံးအတွက်ဖြစ်သည်ဟု အဘယ်ကြောင့် ရှုမြင်သင့်သနည်း။
၁၇ ပညာရှင်များ၏ ကောက်ချက်သည် ခြေမြစ်ခိုင်လုံပါသလော။ သမ္မာကျမ်းစာ၏ ကျမ်းတစ်ကျမ်းစီတွင် အဓိကကျသောအချက် တစ်ချက်သာရှိသည်၊ သို့မဟုတ် ၎င်းသည် တစ်စုံတစ်ရာသောပရိသတ်အတွက်သာ ရည်စူးရေးသားထားသည်ဆိုသည်မှာ မှန်ကန်ပါသလော။ (၁ ကောရိန္သု ၁:၁၉-၂၁) အမှန်မှာ သမ္မာကျမ်းစာသည် အသက်အရွယ်မရွေး၊ နောက်ခံအားလုံးမှ လူတို့အတွက် အစဉ်အမြဲတန်ဖိုးရှိသည်။ ကျမ်းတစ်ကျမ်းသည် အစပိုင်းတွင် တိမောသေ၊ သို့မဟုတ် တိတုအစရှိသည့် လူတစ်ဦးကိုဖြစ်စေ၊ ဂလာတိပြည်သားများ သို့မဟုတ် ဖိလိပ္ပိမြို့သားများအစရှိသည့် အုပ်စုတစ်စုကိုဖြစ်စေ ရည်ညွှန်း၍ရေးသားခြင်းဖြစ်သည့်တိုင် ထိုကျမ်းစောင်များကို ကျွန်ုပ်တို့အားလုံး လေ့လာသင့်ပြီး လေ့လာနိုင်ကြပါသည်။ ၎င်းတို့သည် ကျွန်ုပ်တို့တစ်ဦးစီအတွက် အရေးပါသည်၊ မည်သည့်ကျမ်းပင်မဆို ၎င်းသည် အဓိကအကြောင်းများစွာကို ဆွေးနွေးဖော်ပြပြီး စာရှုသူများစွာတို့ကို အကျိုးပြုပေသည်။ မှန်ပါသည်၊ သမ္မာကျမ်းစာပါ သတင်းတရားသည် တစ်လောကလုံးနှင့်သက်ဆိုင်သည်၊ ယင်းကြောင့်လည်း ကမ္ဘာတစ်ဝန်းရှိ လူတို့၏ဘာသာစကားများသို့ ဘာသာပြန်ဆိုထားရခြင်းဖြစ်သည်။—ရောမ ၁၅:၄။
သင်နှင့်အခြားသူများအတွက် အကျိုးကျေးဇူး
၁၈။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို သင်ဖတ်ရှုသောအခါ အဘယ်အရာကို သင်ဆင်ခြင်သုံးသပ်နေသင့်သနည်း။
၁၈ သမ္မာကျမ်းစာကို သင်ဖတ်ရှုလေ့လာသည့်အခါ ကျမ်းစာကိုနားလည်ဖို့ကြိုးစားသည်သာမက ၎င်းတို့၏ ဆက်နွှယ်မှုများကို အသေးစိတ်သဘောပေါက်ဖို့ကြိုးစားခြင်းက အလွန်အကျိုးရှိပေလိမ့်မည်။ (သု. ၂:၃-၅; ၄:၇) သမ္မာကျမ်းစာတွင်ပါသော ယေဟောဝါ၏ဖော်ပြချက်များသည် ကိုယ်တော့်ရည်ရွယ်တော်မူချက်နှင့် အလွန်ဆက်စပ်နေ၏။ ထို့ကြောင့် ကျမ်းစာကိုသင်ဖတ်ရှုသည့်အခါ သိရှိလာသော အချက်အလက်များနှင့် သွန်သင်ချက်တို့ကို ဘုရားသခင့်ရည်ရွယ်တော်မူချက်နှင့် ဆက်စပ်ပေးပါလေ။ အဖြစ်အပျက်တစ်ခု၊ အယူအဆတစ်ခု သို့မဟုတ် ပရောဖက်ပြုချက်တစ်ခုသည် ယေဟောဝါ၏ရည်ရွယ်တော်မူချက်နှင့် မည်သို့ဆက်နွှယ်သနည်းဟု သင်စေ့စေ့ဆင်ခြင်သုံးသပ်နိုင်ပေသည်။ မိမိကိုယ်ကို ဤသို့မေးမြန်းပါ– ‘ဤအချက်က ယေဟောဝါနှင့်ပတ်သက်၍ အဘယ်အရာပြောဆိုသနည်း။ ကိုယ်တော့်နိုင်ငံတော်အားဖြင့် ဘုရားသခင့်ရည်ရွယ်တော်မူချက် ပြည့်စုံလာခြင်းနှင့် ယင်းက မည်သို့ဆက်နွှယ်သနည်း။’ ထို့အပြင် ဤသို့လည်းဆင်ခြင်သုံးသပ်နိုင်ပေသည်– ‘ဤသတင်းအချက်အလက်ကို ကျွန်ုပ်မည်သို့အသုံးပြုနိုင်မည်နည်း။ ကျမ်းစာကို အခြေပြု၍ အခြားသူများကို သွန်သင်ရာတွင်၊ သို့မဟုတ် အကြံပေးရာတွင် ယင်းကိုအသုံးချနိုင်ပါမည်လော။’—ယောရှု ၁:၈။
၁၉။ သင်တတ်သိလာသည့်အကြောင်းအရာများကို အခြားသူများအား ပြန်ပြောပြသည့်အခါ မည်သူအကျိုးခံစားရမည်နည်း။ ရှင်းပြပါ။
၁၉ အခြားသူများအတွက် ထည့်စဉ်းစားပေးခြင်းသည်လည်း တစ်နည်းအားဖြင့် အကျိုးဖြစ်ထွန်း၏။ သင်သည် ကျမ်းစာဖတ်ရှုလေ့လာရာတွင် အကြောင်းအရာအသစ်များ သိရှိလာမည်ဖြစ်ပြီး ထိုးထွင်းသိမြင်မှုအသစ်များ ရရှိလာပေမည်။ သင်၏မိသားစု၊ သို့မဟုတ် အခြားသူများနှင့် စကားစမြည်ပြောဆိုရာတွင် တည်ဆောက်မှုဖြစ်စေရန် ထိုအချက်အလက်များကို ထည့်သွင်းပြောဆိုပါ။ သင်သည် ထိုသို့သာ သင့်လျော်သောအချိန်တွင် တော်ရုံသင့်ရုံ တင်ပြပြောဆိုပါက သင်၏စကားဝိုင်းသည် အမှန်တကယ်ပင် အကျိုးဖြစ်ထွန်းပေလိမ့်မည်။ သင်တတ်သိလာသောအရာ သို့မဟုတ် သင့်အတွက် စိတ်ဝင်စားစရာဖြစ်သည့် ရှုထောင့်များအကြောင်းကို သဘောထားဖြူစင်စွာဖြင့် စိတ်ထက်ထက်သန်သန် ပြန်ပြောပြခြင်းက ထိုအချက်အလက်များကို အခြားသူများပါ ပို၍စိတ်စွဲမှတ်စရာဖြစ်လာစေပေမည်။ ထိုထက်မက သင်ကိုယ်တိုင် အကျိုးခံစားရမည်ဖြစ်သည်။ အဘယ်နည်းဖြင့်နည်း။ မိမိစိတ်ထဲ ပူပူနွေးနွေးရှိနေစဉ် သိရှိလာသောအရာကို ချက်ချင်းအသုံးပြုမည်၊ သို့မဟုတ် အခြားသူများအား ပြန်ပြောပြခြင်းကဲ့သို့ ထပ်ပြောမည်ဆိုလျှင် ကြာရှည်မှတ်မိမည်ဟု ကျွမ်းကျင်သူများကဆိုသည်။ *
၂၀။ သမ္မာကျမ်းစာကို ထပ်ခါတလဲလဲဖတ်ရှုခြင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း။
၂၀ ကျမ်းစာစောင်တစ်စောင်ကို သင်ဖတ်ရှုတိုင်း သတင်းအချက်
အလက်သစ်များကို သင်သိရှိလာမည်မှာ သေချာသည်။ ယခင်က သင့်အတွက် စိတ်စွဲမှတ်စရာမဖြစ်သည့် ကျမ်းပိုဒ်များသည် ယခု စိတ်စွဲငြိစရာဖြစ်လာပေမည်။ ထိုကျမ်းပိုဒ်များသည် သင့်အတွက် ပိုအဓိပ္ပာယ်ရှိနေပေမည်။ ယင်းက ကျမ်းစာစောင်များသည် လူ့စာပေမျှဖြစ်မည့်အစား သင်ထပ်ခါတလဲလဲ လေ့လာပြီး အကျိုးရယူနေဖို့အတွက် အဖိုးတန်အရာများဖြစ်ကြောင်း အလေးပေးဖော်ပြ၏။ ဒါဝိဒ်ကဲ့သို့သော ရှင်ဘုရင်တစ်ပါးသည် ၎င်းကို “တစ်သက်လုံး စောင့်ရှောက် ကြည့်ရှုဖတ်ရွတ်” ခဲ့ရကြောင်း သတိရပါ။၂၁။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အချိန်ပိုပေး၍လေ့လာခြင်းမှ အဘယ်အကျိုးကျေးဇူးခံစားနိုင်မည်နည်း။
၂၁ မှန်ပါသည်၊ သမ္မာကျမ်းစာကို အဓိပ္ပာယ်ရှိရှိလေ့လာရန် အချိန်ယူကြသူများသည် အတိုင်းထက်အလွန် အကျိုးခံစားကြရ၏။ သူတို့သည် ဝိညာဉ်ရေးကျောက်မျက်ရတနာများနှင့် ထိုးထွင်းသိမြင်မှုကို ရရှိလာကြသည်။ ဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေးသည် ပို၍ခိုင်ခံ့လာပြီး ပို၍တရင်းတနှီးရှိလာသည်။ ထို့အပြင် ဤသူတို့သည် မိသားစုအတွက်၊ ခရစ်ယာန်အသင်းတော်ရှိ ညီအစ်ကိုညီအစ်မများအတွက်၊ ယေဟောဝါကိုဝတ်ပြုသူများ ဖြစ်လာကြမည့်သူများအတွက် အဖိုးတန်အရာများ ပို၍ပို၍ဖြစ်လာကြပေလိမ့်မည်။—ရောမ ၁၀:၉-၁၄; ၁ တိမောသေ ၄:၁၆။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 15 ဤလေ့လာမှုအထောက်အကူပြုစာအုပ်များကို ယေဟောဝါသက်သေများ ထုတ်ဝေထားပြီး ဘာသာစကားများစွာဖြင့် ရရှိနိုင်ပါသည်။
^ အပိုဒ်၊ 19 ၁၉၉၃၊ ဩဂုတ် ၁၅၊ ကင်းမျှော်စင် စာမျက်နှာ ၁၃-၁၄ ကိုရှု။
သင်မှတ်မိသလော
• ဣသရေလနိုင်ငံ၏ ရှင်ဘုရင်များသည် အဘယ်အရာကို ပြုလုပ်ခဲ့ကြရသနည်း။
• သမ္မာကျမ်းစာကို လေ့လာခြင်းနှင့်စပ်လျဉ်း၍ ယေရှုနှင့်တမန်တော်များသည် အဘယ်ပုံနမူနာ ချမှတ်ပေးခဲ့သနည်း။
• ကိုယ်ပိုင်လေ့လာမှုပြုလုပ်ရန် သင်၏အချိန်တိုးမြှင့်ဖို့ အဘယ်ပြုပြင်ပြောင်းလဲမှုများ သင်ပြုလုပ်နိုင်သနည်း။
• အဘယ်စိတ်သဘောထားမျိုးဖြင့် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို သင်လေ့လာဆင်ခြင်သင့်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]
“ကျွန်ုပ်တို့လက်ဝယ်တွင်”
“သမ္မာကျမ်းစာ ကျမ်းပြိုင်တစ်ခုရလိုပါက အင်တာနက်ထက်ပိုကောင်းသော ကိရိယာမရှိပါ။ သို့သော် သမ္မာကျမ်းစာကို ဖတ်ရှုလိုမည်၊ လေ့လာလိုမည်၊ တွေးတောစဉ်းစားလိုမည်၊ ပြန်ပြောင်းသုံးသပ်လိုမည်ဆိုလျှင် ကျမ်းစာကို လက်ထဲကိုင်ထားသင့်သည်၊ အကြောင်းမှာ ၎င်းကို ကျွန်ုပ်တို့၏စိတ်နှလုံးထဲ စွဲမှတ်ထားနိုင်သည့်နည်း တစ်နည်းတည်းဖြစ်သည်။”—ဂါထရူဒ် ဟင်မ်မဲလ်ဖာ့ဘ်၊ အထင်ကရ ဂုဏ်ထူးဆောင်ပါမောက္ခ၊ စီးတီးတက္ကသိုလ်၊ နယူးယောက်မြို့။