သင့်ခံနိုင်ရည်တွင် ဘုရားသခင်ဝတ်၌ မွေ့လျော်ခြင်းကို ဖြည့်စွက်လော့
သင့်ခံနိုင်ရည်တွင် ဘုရားသခင်ဝတ်၌ မွေ့လျော်ခြင်းကို ဖြည့်စွက်လော့
“သင် . . . တို့၏ ယုံကြည်ခြင်းကို . . . ခံနိုင်ရည်ရှိခြင်းဖြင့်လည်းကောင်း၊ ခံနိုင်ရည်ရှိခြင်းကို ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်းဖြင့် လည်းကောင်း၊ . . . ဖြည့်စွက် . . . ကြလော့။”—၂ ပေတရု ၁:၅၊ ၆၊ သတင်းကောင်း။
၁၊ ၂။ (က) ကလေးငယ်တစ်ဦးသည် မည်သို့ကြီးထွားလာဖို့ မျှော်လင့်ကြသနည်း။ (ခ) ဝိညာဉ်ရေးကြီးထွားမှုသည် မည်မျှအရေးပါသနည်း။
ကလေးငယ်တစ်ဦး ကြီးထွားလာခြင်းသည် အရေးပါသည်မှန်သော်လည်း ကာယရေးကြီးထွားမှုထက်မက လိုအပ်သည်။ စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာတွင်လည်း ကြီးထွားဖို့လိုသည်။ အချိန်တန်သော် ကလေးငယ်သည် သူ၏ကလေးဆန်သော အမူအကျင့်များကိုစွန့်၍ လူလားမြောက်သောအမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးဖြစ်လာပေမည်။ ယင်းကိုအကြောင်းပြု၍ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏အရာများကို ငါပယ်ရှား၏။”—၁ ကောရိန္သု ၁၃:၁၁။
၂ ပေါလု၏စကားက ဝိညာဉ်ရေးဘက်တိုးတက်ဖို့ အရေးကြီးကြောင်း ဖော်ပြသည်။ ခရစ်ယာန်များသည် ဝိညာဉ်ရေးသူငယ်အဖြစ်မှ “ဉာဏ်အရာ၌ အသက်ကြီးသောသူ” အဖြစ်သို့ ကြီးထွားဖို့လိုသည်။ (၁ ကောရိန္သု ၁၄:၂၀) သူတို့သည် “ခရစ်တော်၏ပြည့်စုံခြင်းပမာဏတည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့” ရောက်ရန် အားထုတ်ကြိုးပမ်းသင့်သည်။ ထိုအခါ သူတို့သည် “ခပ်သိမ်းသော . . . လေတိုက်၍ ဖရိုဖရဲလွင့်သွားသောသူငယ်” များဖြစ်ကြမည်မဟုတ်။—ဧဖက် ၄:၁၃၊ ၁၄။
၃၊ ၄။ (က) ဝိညာဉ်ရေးတွင် အရွယ်ရောက်သူဖြစ်လာဖို့ အဘယ်အရာပြုလုပ်ရမည်နည်း။ (ခ) ဘုရားသခင်ရေးရာ အဘယ်အရည်အသွေးများကို ကျွန်ုပ်တို့တင်ပြသင့်နည်း၊ ၎င်းတို့သည် မည်မျှအရေးပါသနည်း။
၃ ဝိညာဉ်ရေးတွင် အရွယ်ရောက်သူတစ်ဦး မည်သို့ဖြစ်လာနိုင်သနည်း။ သာမန်အခြေအနေတွင် ကာယရေးအရ အလိုအလျောက်ကြီးထွားတတ်သည်မှန်သော်လည်း ဝိညာဉ်ရေးဘက်ကြီးထွားလာရန် တမင်ကြိုးစားအားထုတ်ရပါသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်၏ တိကျမှန်ကန်သောအသိပညာကို ဆည်းပူးခြင်းနှင့်စတင်ပြီး တတ်သိလာသမျှနှင့်အညီ ကျင့်ကြံဖို့လိုသည်။ (ဟေဗြဲ ၅:၁၄; ၂ ပေတရု ၁:၃) သို့ပြုခြင်းက ဘုရားသခင့်ရေးရာ အရည်အသွေးများကို တင်ပြနိုင်စေသည်။ ကာယကြီးထွားမှုနှင့်ဆိုင်သော ဖြစ်စဉ်အသီးသီးမှာကဲ့သို့ ဘုရားသခင့်ရေးရာအရည်အသွေးအသီးသီး တိုးတက်ပွားများခြင်းသည် တစ်ပြိုင်တည်းဖြစ်ပေါ်လာလေ့ရှိသည်။ တမန်တော်ပေတရုက ဤသို့ရေးသားခဲ့သည်– “သင်တို့သည် မိမိတို့၏ ယုံကြည်ခြင်းကို အကျင့် . . . ဖြင့်လည်းကောင်း၊ အကျင့် . . . ကို အသိပညာဖြင့်လည်းကောင်း၊ အသိပညာကို ကာမဂုဏ်ချုပ်တည်းခြင်းဖြင့်လည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းကို ခံနိုင်ရည်ရှိခြင်းဖြင့်လည်းကောင်း၊ ခံနိုင်ရည်ရှိခြင်းကို ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်းဖြင့်လည်းကောင်း၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်းကို ညီရင်းအစ်ကိုသဘောထားဖြင့်လည်းကောင်း၊ ညီရင်းအစ်ကိုသဘောထားကို ချစ်ခြင်းမေတ္တာဖြင့်လည်းကောင်း ထပ်လောင်းဖြည့်စွက်ပေးရန် အစွမ်းကုန်ကြိုးစားကြလော့။”—၂ ပေတရု ၁:၅-၇၊ သတင်းကောင်း။
၄ ပေတရုစာရင်းတင်ပြသော အရည်အသွေးတစ်ခုစီသည် အရေးပါပြီး တစ်ခုကိုမျှ ချန်လှပ်ထား၍မရချေ။ သူဤသို့ထပ်ဆင့်သည်– “ဤ [အကျင့်] များသည် သင်တို့တွင် တိုးတက်ပွားများနေပါမူ ငါတို့အရှင်သခင်ယေရှုခရစ်၏ တိကျမှန်ကန်သည့် အသိပညာနှင့်စပ်လျဉ်း၍ မလှုပ်မရှား၊ အသီးမသီးခြင်းမှ ကာကွယ်ပေးပါလိမ့်မည်။” (၂ ပေတရု ၁:၈၊ ကဘ) ထို့ကြောင့် ခံနိုင်ရည်ရှိခြင်းတွင် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း ဖြည့်စွက်ဖို့လိုကြောင်းကို အာရုံစိုက်ကြစို့။
ခံနိုင်ရည်ရှိဖို့လို
၅။ ကျွန်ုပ်တို့ အဘယ်ကြောင့် ခံနိုင်ရည်ရှိဖို့လိုသနည်း။
၅ ပေတရုနှင့် ပေါလုနှစ်ဦးစလုံးက ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းနှင့် ခံနိုင်ရည်ရှိခြင်းကို ဆက်စပ်ဖော်ပြခဲ့သည်။ (၁ တိမောသေ ၆:၁၁) ခံနိုင်ရည်ရှိခြင်းဟူသည် အခက်အခဲများကို ကြံ့ကြံ့ခံ၍ တည်မြဲတည်နေခြင်းထက်မကပါ။ စမ်းသပ်မှုများ၊ အတားအဆီးများ၊ သွေးဆောင်မှုများ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မှုများ ခံရသောအခါ မျှော်လင့်ချက်ကင်းမဲ့မသွားဘဲ စိတ်ရှည်ခြင်း၊ သတ္တိရှိခြင်းနှင့် မြဲမြံခြင်းတို့ရှိဖို့လိုသည်။ ကျွန်ုပ်တို့သည် “ယေရှုခရစ်၏တရားတော်နှင့်အညီ၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်” နေသူများဖြစ်ကြသောကြောင့် နှိပ်စက်ညှဉ်းပန်းခံရကြပေမည်။ (၂ တိမောသေ ၃:၁၂) ကျွန်ုပ်တို့သည် ယေဟောဝါကိုချစ်ကြောင်း သက်သေပြပြီး ကယ်တင်ခြင်းရဖို့အတွက် လိုအပ်သောအရည်အသွေးများကို ကြီးထွားတိုးပွားလိုလျှင် ခံနိုင်ရည်ရှိရကြမည်။ (ရောမ ၅:၃-၅; ၂ တိမောသေ ၄:၇၊ ၈; ယာကုပ် ၁:၃၊ ၄၊ ၁၂) ခံနိုင်ရည်မရှိလျှင် ကျွန်ုပ်တို့ထာဝရအသက် ရနိုင်မည်မဟုတ်ပါ။—ရောမ ၂:၆၊ ၇; ဟေဗြဲ ၁၀:၃၆။
၆။ အဆုံးတိုင်အောင် ခံနိုင်ရည်ရှိခြင်းဟူသည် အဘယ်အရာပြုလုပ်နေခြင်းကို ဆိုလိုသနည်း။
မဿဲ ၂၄:၁၃) မှန်ပါသည်၊ လက်ရှိအသက်တာ၏အဆုံးအထိဖြစ်စေ၊ ဤအစီအစဉ်စနစ်ဆိုး၏ အဆုံးအထိဖြစ်စေ ကျွန်ုပ်တို့ အဆုံးတိုင်အောင် ခံနိုင်ရည်ရှိကြရမည်။ မည်သည့်အဖြစ်တွင်မဆို ဘုရားသခင်အားတည်ကြည်ရမည်။ သို့သော် ကျွန်ုပ်တို့၏ခံနိုင်ရည်တွင် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း ဖြည့်စွက်မပေးလျှင် ယေဟောဝါအလိုတော်နှင့်တွေ့မည်မဟုတ်သဖြင့် ကျွန်ုပ်တို့ထာဝရအသက်ရနိုင်လိမ့်မည်မဟုတ်။ သို့သော် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းဟူသည် အဘယ်နည်း။
၆ ကျွန်ုပ်တို့၏အစ မည်မျှပင်ကောင်းပါစေ နောက်ဆုံးအရေးပါသည်ကား ခံနိုင်ရည်ရှိခြင်းဖြစ်သည်။ ယေရှုက “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ (ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းသည် အဘယ်အရာကိုဆိုလို
၇။ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းဟူသည် အဘယ်နည်း၊ ယင်းက အဘယ်အရာပြုလုပ်ဖို့ ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသနည်း။
၇ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းဟူသည် ယေဟောဝါဘုရားသခင်၏ စကြဝဠာအုပ်စိုးပိုင်ခွင့်အပေါ် တည်ကြည်ခြင်းကြောင့် ရလဒ်အဖြစ် ကိုယ်တော်အား ကြည်ညိုလေးစားခြင်း၊ ကိုးကွယ်ခြင်းနှင့် အမှုထမ်းခြင်းဖြစ်သည်။ ယေဟောဝါအား ရိုသေလေးစားစွာဖြင့် ဘုရားသခင်ဝတ်၌မွေ့လျော်နေရန် ကိုယ်တော်နှင့် ကိုယ်တော်၏နည်းလမ်းတော်များနှင့်ဆိုင်သော တိကျမှန်ကန်သည့်အသိပညာ ရှိဖို့လိုသည်။ ဘုရားသခင်ကို ပုဂ္ဂိုလ်တစ်ပါးအနေနှင့် ရင်းရင်းနှီးနှီးသိရှိလိုစိတ်ရှိသင့်သည်။ ထိုသို့ဖြစ်လျှင် ကိုယ်တော်အား စိတ်ရင်းမှန်ဖြင့်တွယ်တာကြောင်း ကျွန်ုပ်တို့၏အပြုအမူနှင့် အသက်ရှင်ပုံတို့ဖြင့်ဖော်ပြရန် လှုံ့ဆော်ခံရပါလိမ့်မည်။ ကျွန်ုပ်တို့သည် ယေဟောဝါနှင့်အတတ်နိုင်ဆုံး တူလိုစိတ် ရှိသင့်သည်။ ကိုယ်တော့်နည်းလမ်းတော်များကို အတုယူပြီး ကိုယ်တော်၏အရည်အသွေးများနှင့် ဥပဓိရုပ်ကို ရောင်ပြန်ဟပ်သင့်သည်။ (ဧဖက် ၅:၁) မှန်ပါ၏၊ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းသည် ကျွန်ုပ်တို့ပြုလေသမျှ၌ ဘုရားသခင့်အလိုတော်နှင့်တွေ့ဖို့ နှိုးဆော်ပေးသည်။—၁ ကောရိန္သု ၁၀:၃၁။
၈။ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းနှင့် အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုခြင်းတို့သည် မည်သို့ဒွန်တွဲနေသနည်း။
၈ ဘုရားသခင်ဝတ်၌ အမှန်မွေ့လျော်နေရန် ယေဟောဝါတစ်ပါးတည်းကိုသာ ဝတ်ပြုကိုးကွယ်ရမည်၊ ကျွန်ုပ်တို့၏နှလုံးတွင် ဘုရားသခင်အစား မည်သည့်အရာကိုမျှ ထားခွင့်မပြုရပါ။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အနေနှင့် ကိုယ်တော်သည် ကျွန်ုပ်တို့၏အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုမှုကို ခံထိုက်ပါသည်။ (တရားဟောရာ ၄:၂၄; ဟေရှာယ ၄၂:၈) သို့သော် ယေဟောဝါသည် ကိုယ်တော်အားဝတ်ပြုရန် ကျွန်ုပ်တို့ကို အတင်းအကျပ်မတောင်းဆိုပါ။ ကျွန်ုပ်တို့၏တလိုတလား ဆည်းကပ်ဝတ်ပြုမှုကို ကိုယ်တော်အလိုရှိတော်မူ၏။ ဘုရားသခင်အား တိကျမှန်ကန်စွာသိထားသော အသိပညာပေါ်အခြေပြု၍ ကိုယ်တော်အားချစ်ခြင်းက ကျွန်ုပ်တို့၏အသက်တာကို သန့်ရှင်းစင်ကြယ်စေပြီး ကိုယ်တော်ထံအကြွင်းမဲ့ဆက်ကပ်အပ်နှံ၍ ယင်းနှင့်အညီအသက်ရှင်ဖို့ လှုံ့ဆော်ပေးပါသည်။
ဘုရားသခင်နှင့်ဆက်ဆံရေးကို တည်ဆောက်ပါ
၉၊ ၁၀။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးကို မည်သို့ပြုစုပျိုးထောင်ပြီး ဆက်ထိန်းသိမ်းနိုင်မည်နည်း။
၉ ရေတွင်နှစ်ခြင်းခံခြင်းဖြင့် ဘုရားသခင်ထံဆက်ကပ်အပ်နှံပြီးနောက်တွင်ပင် ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးကို တည်ဆောက်ပေးဖို့လိုအပ်ဆဲရှိသည်။ ထိုသို့ပြုပြီး ယေဟောဝါကိုတည်ကြည်စွာ အမှုထမ်းလိုသည့်ဆန္ဒက ကိုယ်တော်၏နှုတ်ထွက်စကားတော်ကို ဆက်လေ့လာ၍ စဉ်းစားဆင်ခြင်ဖို့ ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ ကျွန်ုပ်တို့၏စိတ်နှလုံးကို တိုက်တွန်းဖို့ ဘုရားသခင့်ဝိညာဉ်တော်အားခွင့်ပြုလျှင် ယေဟောဝါကိုချစ်သည့်မေတ္တာ တိုးပွားလာပါလိမ့်မည်။ ကိုယ်တော်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးသည် ကျွန်ုပ်တို့၏ဘဝအသက်တာတွင် အရေးအပါဆုံး ဖြစ်မြဲဖြစ်နေပေလိမ့်မည်။ ယေဟောဝါအား ကျွန်ုပ်တို့၏အကောင်းဆုံးမိတ်ဆွေအဖြစ်ယူမှတ်ပြီး အချိန်မရွေး ကိုယ်တော်၏စိတ်တော်နှင့်တွေ့လိုနေကြမည်။ (၁ ယောဟန် ၅:၃) ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး ကောင်းနေခြင်းကို ကျွန်ုပ်တို့ပိုမိုနှစ်သက်သဘောကျလာပြီး ကိုယ်တော်သည် ကျွန်ုပ်တို့ကို လိုအပ်သလို မေတ္တာပြည့်ဝစွာ သွန်သင်၊ ဆုံးမပေးခြင်းကို ကျေးဇူးတင်လေးမြတ်ကြသည်။—တရားဟောရာ ၈:၅။
၁၀ ယေဟောဝါနှင့် ကျွန်ုပ်တို့၏ အဖိုးမဖြတ်နိုင်သောဆက်ဆံရေးကို ခိုင်မြဲစေဖို့ ဆက်မကြိုးစားပါက တဖြည်းဖြည်း ဆက်ဆံရေးပြတ်တောက်သွားနိုင်သည်။ ထိုသို့ဖြစ်ခဲ့လျှင် ဘုရားသခင်ကြောင့်မဟုတ်ပေ၊ အကြောင်းမှာ ကိုယ်တော်သည် “ငါတို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်” သောကြောင့်တည်း။ (တမန်တော် ၁၇:၂၇) ယေဟောဝါသည် ကိုယ်တော်ထံချဉ်းကပ်ရလွယ်ကူစေသည့်အတွက် ကျွန်ုပ်တို့အမှန်တကယ် ဝမ်းသာနိုင်ကြသည်! (၁ ယောဟန် ၅:၁၄၊ ၁၅) သို့သော်၊ ယေဟောဝါနှင့်ရင်းနှီးသော နှစ်ကိုယ်ကြားဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ ကျွန်ုပ်တို့ကြိုးစားကြရမည်။ သို့ရာတွင် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းကို ကျွန်ုပ်တို့ပြုစုပျိုးထောင်၍ ဆက်ထိန်းသိမ်းထားနိုင်ရန် ကိုယ်တော်သည် လိုအပ်သောပြင်ဆင်ပေးချက်များကို ပေးခြင်းအားဖြင့် အထံတော်သို့ချဉ်းကပ်စေသည်။ (ယာကုပ် ၄:၈) မေတ္တာပါသော ဤပြင်ဆင်ပေးချက်များကို ကျွန်ုပ်တို့ မည်သို့အပြည့်အဝ အသုံးချနိုင်မည်နည်း။
ဝိညာဉ်ရေးဘက် ဆက်လက်သန်စွမ်းနေပါ
၁၁။ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းကို တင်ပြချက်အချို့ကား အဘယ်နည်း။
၁၁ ကျွန်ုပ်တို့တွင်စွဲမြဲနေသော ဘုရားသခင်အားချစ်သောစိတ်က ဘုရားသခင်ဝတ်၌ မည်မျှမွေ့လျော်ကြောင်း ဖော်ပြရန် လှုံ့ဆော်ပေးပါ၂ တိမောသေ ၂:၁၅) ထိုသို့ပြုရန် ကျမ်းစာမှန်မှန်လေ့လာခြင်း၊ အစည်းအဝေးမှန်မှန်တက်ခြင်းနှင့် လယ်ကွင်းဓမ္မအမှု၌မှန်မှန်ပါဝင်ခြင်း အစီအစဉ်ကောင်းကို ဆက်လက်ထိန်းသိမ်းထားဖို့လိုသည်။ ‘မခြားမလပ်ဆုတောင်းနေ’ ခြင်းအားဖြင့်လည်း ယေဟောဝါနှင့်နီးကပ်နေနိုင်ပါသည်။ (၁ သက်သာလောနိတ် ၅:၁၇) ဤနည်းဖြင့် ဘုရားသခင်ဝတ်၌မွေ့လျော်ကြောင်း အဓိပ္ပာယ်ရှိရှိတင်ပြရာရောက်သည်။ ၎င်းတို့မှ တစ်ခုခုကို လျစ်လျူရှုလိုက်လျှင် ဝိညာဉ်ရေးဖျားနာလာကာ စာတန်၏ပရိယာယ်များကို ခုခံကာကွယ်နိုင်စွမ်းမရှိတော့ပါ။—၁ ပေတရု ၅:၈။
လိမ့်မည်၊ သို့ပြုခြင်းသည် ပေါလု၏ ဤဆုံးမစကားနှင့်အညီဖြစ်သည်– “သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ [အမှန်]တရားကို မှန်ကန်စွာပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့။” (၁၂။ ကျွန်ုပ်တို့သည် စုံစမ်းနှောင့်ယှက်ခြင်းများကို မည်သို့အောင်မြင်စွာ ကျော်လွှားနိုင်မည်နည်း။
၁၂ ဝိညာဉ်ရေးတွင် သန်စွမ်း၊ တက်ကြွနေခြင်းဖြင့်လည်း စုံစမ်းနှောင့်ယှက်မှုများစွာတို့ကို ရင်ဆိုင်နိုင်စေသည်။ စုံစမ်းနှောင့်ယှက်မှုများသည် ကျွန်ုပ်တို့ကို မခံချိမခံသာဖြစ်စေသော ရင်းမြစ်အမျိုးမျိုးမှ ပေါ်လာနိုင်သည်။ မိသားစုအရင်းအချာ၊ ဆွေမျိုး သို့မဟုတ် အိမ်နီးချင်းတို့ထံမှ ဥပေက္ခာပြုခြင်း၊ အတိုက်အခံပြုခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ အစပြုလာသောအခါ ခံရပ်နိုင်ဖို့ခက်ခဲစေသည်။ ကျွန်ုပ်တို့၏အလုပ်ခွင်တွင်ဖြစ်စေ၊ ကျောင်းတွင်ဖြစ်စေ ကျွန်ုပ်တို့၏ခရစ်ယာန်မူများကို အလျော့ပေးလိုက်လျောဖို့ မသိမသာ ဖိအားပေးခံရနိုင်သည်။ စိတ်ဓာတ်ကျခြင်း၊ ဖျားနာခြင်းနှင့် စိတ်ပျက်အားလျော့ခြင်းတို့က ကာယရေးအားနည်းသွားစေနိုင်ပြီး ယုံကြည်ခြင်းစမ်းသပ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ သာ၍အခက်တွေ့စေနိုင်သည်။ သို့ရာတွင် ကျွန်ုပ်တို့သည် “ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု . . . မျှော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်း” တို့၌ စွဲမြဲနေကြမည်ဆိုလျှင် စုံစမ်းနှောင့်ယှက်မှုအားလုံးကို အောင်မြင်စွာ ကျော်လွှားနိုင်ကြပါလိမ့်မည်။ (၂ ပေတရု ၃:၁၁၊ ၁၂) ထို့ပြင် ဘုရားသခင့်ကောင်းချီးကို ခံစားရမည်ဟု ယုံကြည်စိတ်ချလျက် ထိုသို့ပြုခြင်း၌ ပျော်မွေ့နေနိုင်ကြမည်။—သု. ၁၀:၂၂။
၁၃။ ဘုရားသခင်ဝတ်၌ မွေ့လျော်နေကြဖို့ဆိုလျှင် ကျွန်ုပ်တို့အဘယ်အရာပြုလုပ်ရမည်နည်း။
၁၃ စာတန်သည် ဘုရားသခင်ဝတ်၌မွေ့လျော်နေသူတို့ကို ပစ်မှတ်ထားသော်လည်း ကျွန်ုပ်တို့ကြောက်စရာမလိုပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ “ဘုရား[သခင်]ဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်ခြင်းငှာ . . . [“ယေဟောဝါ၊” ကဘ] တတ်နိုင်တော်မူ၏။” (၂ ပေတရု ၂:၉၊ ၁၀) စုံစမ်းနှောင့်ယှက်မှုများကိုခံရပ်ပြီး ကယ်လွှတ်ခံရဖို့ ကျွန်ုပ်တို့သည် “ဘုရားမဲ့တရားမဲ့နေခြင်း၊ လော[က]တပ်မက်ခြင်းကိုပယ်ရှားလျက် . . . ယခုဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်းတို့ကို ပြုနေ” ရကြမည်။ (တိတု ၂:၁၂၊ ၁၃) ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် လောကဆန္ဒများ၊ အပြုအမူများနှင့်ပတ်သက်သော အားနည်းမှုတစ်မျိုးတစ်မည်က ဘုရားသခင်ဝတ်၌ ကျွန်ုပ်တို့မွေ့လျော်ခြင်းကို ထိခိုက်၍ပျက်စီးမသွားစေရန် သတိထားရမည်။ အန္တရာယ်ရှိသည့်အရာအချို့ကို ယခုသုံးသပ်ကြည့်ကြပါစို့။
ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းအား အန္တရာယ်ပေးမည့်အရာများကို သတိထားလော့
၁၄။ ပစ္စည်းဥစ္စာကိုအဓိကထားခြင်း ထောင်ချောက်က သွေးဆောင်လျှင် ကျွန်ုပ်တို့အဘယ်အရာကို သတိရသင့်သနည်း။
၁၄ ပစ္စည်းဥစ္စာကိုအဓိကထားခြင်းသည် လူအများအတွက် ထောင်ချောက်တစ်ခုဖြစ်၏။ “ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု . . . စိတ်ထင်” ခြင်းဖြင့် ကိုယ်ကိုပင် လှည့်စားနိုင်၏။ သို့ဖြင့် ကျွန်ုပ်တို့သည် ယုံကြည်သူချင်းများ၏ ယုံကြည်အားထားမှုကို အခွင့်အရေးယူဝံ့သူများ ဖြစ်လာနိုင်ပေသည်။ (၁ တိမောသေ ၆:၅) ထိုအခါ ကျွန်ုပ်တို့ပြန်မဆပ်နိုင်ဘဲနှင့် ကြွယ်ဝချမ်းသာသော ခရစ်ယာန်တစ်ဦးထံမှ မရမကငွေချေးခြင်းသည် မမှားပါဟူ၍ပင် မှားယွင်းစွာ ကောက်ချက်ချပေမည်။ (ဆာလံ ၃၇:၂၁) အမှန်မှာ “ယခုဘဝ၊ နောင်ဘဝနှင့်စပ်ဆိုင်သော ကတိတော်ကိုရ” စေသည်မှာ စည်းစိမ်ဥစ္စာရှိခြင်းမဟုတ်ဘဲ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းဖြစ်သည်။ (၁ တိမောသေ ၄:၈) ‘ကျွန်ုပ်တို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲလာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှယူ၍မသွားနိုင်’ သောကြောင့် ‘ရောင့်ရဲသောစိတ်နှင့်အတူ ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်း’ ကိုသာ၍အာရုံစူးစိုက်လိုက်စားပြီး “စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲ” နေတတ်ကြပါစို့။—၁ တိမောသေ ၆:၆-၁၁။
၁၅။ အပျော်အပါးလိုက်စားခြင်းသည် ဘုရားသခင်ဝတ်၌ မွေ့လျော်ခြင်းကို ဖယ်ထုတ်နေရာယူမည့်ဟန်ပြင်လာပါက ကျွန်ုပ်တို့အဘယ်အရာပြုနိုင်သနည်း။
၁ ယောဟန် ၂:၂၅) ယနေ့ လူအများသည် “ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြ” ရာ သူတို့ကို ကျွန်ုပ်တို့ရှောင်ကြဉ်ရမည်။ (၂ တိမောသေ ၃:၄၊ ၅) ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းကို အလေးထားသူများသည် “မှန်သောအသက်ကိုဝင်စားလိုသောငှာ၊ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ ဆည်းပူး” နေကြသည်။—၁ တိမောသေ ၆:၁၉။
၁၅ အပျော်အပါးလိုက်စားခြင်းသည် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းအတွက် နေရာမပေးနိုင်ဘဲဖြစ်စေနိုင်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ချက်ချင်းပြုပြင်ပြောင်းလဲစရာများ လိုနေပါသလော။ ကာယလေ့ကျင့်မှုနှင့် အပန်းဖြေခြင်းတို့မှ အကျိုးကျေးဇူးအချို့ရှိသည်မှာ မှန်ပါသည်။ သို့တိုင် ထာဝရအသက်နှင့်နှိုင်းယှဉ်လျှင် ၎င်းအကျိုးကျေးဇူးများသည် အသေးအမွှားသာဖြစ်သည်။ (၁၆။ အဘယ်အပြစ်ရှိသောဆန္ဒများသည် အချို့သူတို့ကို ဘုရားသခင့်ဖြောင့်မတ်သော တောင်းဆိုချက်များနှင့်အညီ အသက်မရှင်စေသနည်း၊ ယင်းဆန္ဒများကို ကျွန်ုပ်တို့ မည်သို့ချိုးနှိမ်နိုင်သနည်း။
၁၆ အရက်နှင့် မူးယစ်ဆေးအလွဲသုံးမှု၊ အကျင့်ယိုယွင်းမှုနှင့် အပြစ်ပြုလိုသည့်ဆန္ဒများသည် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းကို ပျက်စီးစေနိုင်သည်။ ၎င်းတို့ကိုပြုလုပ်ခြင်းက ဘုရားသခင့်ဖြောင့်မတ်သော တောင်းဆိုချက်များနှင့် အညီအသက်မရှင်စေပါ။ (၁ ကောရိန္သု ၆:၉၊ ၁၀; ၂ ကောရိန္သု ၇:၁) ပေါလုပင်လျှင် အပြစ်ပြုလိုသောအသွေးအသားနှင့် အဆက်မပြတ် ဆိုင်ပြိုင်တိုက်လှန်ခဲ့ရသည်။ (ရောမ ၇:၂၁-၂၅) မကောင်းသောဆန္ဒများကို ဖယ်ရှားပစ်ဖို့ ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့လိုသည်။ တစ်ခုအနေနှင့် ကိုယ်ကျင့်တရားသန့်ရှင်းနေရန် ကျွန်ုပ်တို့စိတ်ပိုင်းဖြတ်ထားရမည်။ ပေါလုက ကျွန်ုပ်တို့ကိုဤသို့မှာကြားသည်– “မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ . . . လောဘလွန်ကြူးခြင်းတည်းဟူသော၊ မြေကြီးပေါ်မှာရှိသော သင်တို့၏ကိုယ်အင်္ဂါတို့ကို သေစေကြလော့။” (ကောလောသဲ ၃:၅) ဤသို့သောအပြစ်များကိုမပြုမိရန် မိမိ၏ကိုယ်အင်္ဂါတို့ကို သေစေရမည်ဟုဆိုရာတွင် ၎င်းတို့ကို ဖယ်ရှားပစ်ရန် စိတ်ပိုင်းဖြတ်ချက်ရှိဖို့လိုသည်။ ဤအစီအစဉ်စနစ်ဆိုးတွင် မှားယွင်းသောဆန္ဒများကိုစွန့်ပယ်၍ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းကို မီအောင်လိုက်နိုင်ကြရန် ဘုရားသခင့်အကူအညီရဖို့ ထက်သန်စွာဆုတောင်းရပါလိမ့်မည်။
၁၇။ ဆုံးမပဲ့ပြင်မှုကို ကျွန်ုပ်တို့မည်သို့ရှုမြင်သင့်သနည်း။
၁၇ စိတ်ဓာတ်ကျခြင်းသည် ကျွန်ုပ်တို့၏ခံနိုင်ရည်ကို အားလျော့စေနိုင်ပြီး ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းကို ထိခိုက်ပျက်ပြားစေသည်။ ယေဟောဝါ၏ကျေးကျွန်မြောက်မြားစွာသည် စိတ်ဓာတ်ကျဖူးခဲ့ကြပြီ။ (တောလည်ရာ ၁၁:၁၁-၁၅; ဧဇရ ၄:၄; ယောန ၄:၃) အထူးသဖြင့်၊ ကျွန်ုပ်တို့သည် ဥပေက္ခာပြုခံရ သို့မဟုတ် ပြင်းပြင်းထန်ထန် ဆုံးမပဲ့ပြင်ခံရသည်ဟု ယူမှတ်ပြီး စိတ်နာကြည်းနေလျှင် စိတ်ဓာတ်ကျခြင်းသည် ဆိုးကျိုးဖြစ်ပွားစေနိုင်သည်။ အမှန်မှာ ပြစ်တင်ဆုံးမခြင်းနှင့် ပဲ့ပြင်ခြင်းတို့သည် ဘုရားသခင့်စိတ်ဝင်စားမှုနှင့် ဂရုစိုက်မှုခံရခြင်း၏ အထောက်အထားများဖြစ်သည်။ (ဟေဗြဲ ၁၂:၅-၇၊ ၁၀၊ ၁၁) ဆုံးမပဲ့ပြင်ခြင်းကို ဒဏ်ပေးခြင်းသက်သက်ဟုမယူမှတ်ဘဲ ဖြောင့်မတ်သည့်လမ်းစဉ်တွင် ကျွန်ုပ်တို့ကိုဆက်သွားနိုင်ရန် လေ့ကျင့်မှုတစ်ရပ်အဖြစ် ယူမှတ်သင့်သည်။ ကျွန်ုပ်တို့သည် နှိမ့်ချမှုရှိကြမည်ဆိုလျှင် “အပြစ်ကိုပြတတ်သော[ဆုံးမ]စကားသည် အသက်လမ်းဖြစ်” ကြောင်းအသိအမှတ်ပြုပြီး ဆုံးမစကားကို တန်ဖိုးထားလေးစားစွာ လက်ခံယူပါလိမ့်မည်။ (သု. ၆:၂၃) သို့ပြုမည်ဆိုလျှင် ဘုရားသခင်ဝတ်၌ ဆက်မွေ့လျော်သွားရန် ဝိညာဉ်ရေးတွင် ကောင်းစွာတိုးတက်နိုင်ဖို့ ထောက်ကူပေးပါလိမ့်မည်။
၁၈။ အချင်းချင်း စိတ်ထိခိုက်စရာပြုမိခြင်းနှင့် ပတ်သက်သောအခါ ကျွန်ုပ်တို့အဘယ်တာဝန်ရှိသနည်း။
၁၈ အထင်လွဲမှားခြင်းနှင့် အချင်းချင်းထိပါးမိခြင်းတို့သည် ဘုရားသု. ၁၈:၁) သို့သော် သူတစ်ပါးအပေါ် အငြိုးထားခြင်း၊ သို့မဟုတ် အာဃာတထားခြင်းတို့သည် ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ထိခိုက်နိုင်ကြောင်း သတိရသင့်သည်။ (ဝတ်ပြုရာ ၁၉:၁၈) အမှန်မှာ “မြင်ရသောညီအစ်ကိုကိုမချစ်လျှင် မမြင်ရသောဘုရားသခင်ကိုမချစ်နိုင်။” (၁ ယောဟန် ၄:၂၀၊ သမ္မာ) ယေရှုသည် မိမိ၏တောင်ပေါ်တရားတော်တွင် ပုဂ္ဂိုလ်ရေးစိတ်ဝမ်းကွဲမှုများကို ချက်ချင်းဖြေရှင်းဖို့လိုကြောင်း အလေးပေးဖော်ပြခဲ့သည်။ ကိုယ်တော်၏တရားနာသူများကို ကိုယ်တော်က ဤသို့မိန့်တော်မူ၏– “သင်သည် ပူဇော်[ရာယဇ်]ကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့်တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်[ရာယဇ်]ကိုထား၍သွားလော့။ ညီအစ်ကိုနှင့်သင့်တင့်ပြီးမှ ပြန်၍ပူဇော်[ရာယဇ်]ကိုတင်လော့။” (မဿဲ ၅:၂၃၊ ၂၄) အကြင်နာမဲ့သောစကား၊ သို့မဟုတ် အပြုအမူများကြောင့် စိတ်ဒဏ်ရာရလျှင် ဝန်ချတောင်းပန်ခြင်းက ကုစားပေးနိုင်ပေမည်။ ကျွန်ုပ်တို့သည် ခွင့်လွှတ်မှုတောင်းဆိုမည်၊ ကိစ္စရပ်တစ်ခုကို ကိုင်တွယ်မိပုံမှားကြောင်း ဝန်ခံမည်ဆိုလျှင် ဆက်ဆံရေးပြန်ကောင်းလာပြီး ပြန်လည်သင့်တင့်နိုင်ပါလိမ့်မည်။ ယေရှုသည် အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့်ပတ်သက်၍ အခြားအကြံပေးချက်များကိုလည်း ပေးခဲ့ပါသည်။ (မဿဲ ၁၈:၁၅-၁၇) ပြဿနာများဖြေရှင်းဖို့ ကြိုးစားရာတွင် အောင်မြင်သည့်အခါ အမှန်ပျော်ရွှင်စရာပင်!—ရောမ ၁၂:၁၈; ဧဖက် ၄:၂၆၊ ၂၇။
သခင်ဝတ်၌မွေ့လျော်ခြင်းကို စိန်ခေါ်ချက်တစ်ခုဖြစ်စေနိုင်သည်။ ၎င်းတို့သည် စိုးရိမ်ပူပန်စေနိုင်သည်၊ သို့မဟုတ် အချို့သူတို့ကို ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မများထံမှ တစ်သီးပုဂ္ဂလနေစေပေမည်။ (ယေရှု၏ပုံသက်သေကို အတုယူလော့
၁၉။ ယေရှု၏ပုံသက်သေကိုအတုယူဖို့ အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။
၁၉ ကျွန်ုပ်တို့သည် စုံစမ်းနှောင့်ယှက်မှုအမျိုးမျိုးကို အမှန်ခံရကြမည်၊ သို့သော် ၎င်းတို့ကြောင့် ထာဝရအသက်ဆုရစေသည့်ပြေးပွဲမှ လမ်းလွဲမသွားသင့်ပါ။ ယေဟောဝါသည် စုံစမ်းနှောင့်ယှက်ခြင်းမှ ကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်ကြောင်းသတိရပါ။ ကျွန်ုပ်တို့သည် “ခပ်သိမ်းသောဝန်တို့ကို . . . ပယ်ရှား” ၍ “ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ၊ အားမလျော့ဘဲ [“ခံနိုင်ရည်ဖြင့်၊” ကဘ] ပြေးကြ” သည့်အခါ “ယုံကြည်ခြင်းကိုအစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြ” ပါစို့။ (ဟေဗြဲ ၁၂:၁-၃) ယေရှု၏ပုံသက်သေကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်ပြီး အပြုအမူ၊ အပြောအဆိုတွင် ကိုယ်တော်အား ကြိုးစားတုပခြင်းဖြင့် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းကို ပြုစုပျိုးထောင်နိုင်ပြီး ၎င်းကိုအပြည့်အဝတင်ပြနိုင်ရန် အထောက်အကူရပါလိမ့်မည်။
၂၀။ ခံနိုင်ရည်ရှိရှိ ဘုရားသခင်ဝတ်၌မွေ့လျော်နေခြင်းဖြင့် အဘယ်အကျိုးကျေးဇူးများ ရနိုင်သနည်း။
၂၀ ကျွန်ုပ်တို့၏ကယ်တင်ခြင်းကို သေချာစေရန် ခံနိုင်ရည်နှင့် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းတို့က ဒွန်တွဲလျက်ကူညီပေးသည်။ ဤအဖိုးတန်အရည်အသွေးများကို တင်ပြခြင်းအားဖြင့် ဘုရားသခင်၏မြင့်မြတ်သောလုပ်ငန်းတော်ကို ကျွန်ုပ်တို့တည်ကြည်စွာ ဆောင်ရွက်နိုင်ကြပါမည်။ ကျွန်ုပ်တို့သည် ခံနိုင်ရည်ရှိခဲ့ပြီး ဘုရားသခင်ဝတ်၌ မွေ့လျော်နေကြသောကြောင့် ယေဟောဝါ၏သနားစုံမက်ခြင်းနှင့် ကောင်းချီး ခံစားရကြစဉ် စုံစမ်းနှောင့်ယှက်မှုများ ကြုံတွေ့ရသည့်ကြား ပျော်ရွှင်နိုင်ကြမည်။ (ယာကုပ် ၅:၁၁) ထို့အပြင် ယေရှုကိုယ်တော်တိုင် ဤသို့အာမခံတော်မူ၏– “သင်တို့သည် [“ခံနိုင်ရည်၊” ကဘ] အားဖြင့် သင်တို့၏အသက်ဝိညာဉ်များကို ရကြလိမ့်မည်။”—လုကာ ၂၁:၁၉၊ သမ္မာ။
သင်မည်သို့ဖြေဆိုမည်နည်း
• ခံနိုင်ရည်ရှိခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
• ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းဟူသည် အဘယ်နည်း၊ ယင်းကို မည်သို့တင်ပြသနည်း။
• ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိရန် မည်သို့ပြုလုပ်ပြီး ထိန်းသိမ်းထားနိုင်မည်နည်း။
• ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းကို အန္တရာယ်ပြုမည့်အရာအချို့ကား အဘယ်နည်း၊ ၎င်းတို့ကို ကျွန်ုပ်တို့ မည်သို့ရှောင်ကြဉ်နိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၂၊ ၁၃ ပါ ရုပ်ပုံ]
ဘုရားသခင်ဝတ်၌ မွေ့လျော်ခြင်းကို နည်းများစွာဖြင့်တင်ပြကြ
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
သင်၏ဘုရားသခင်ဝတ်၌ မွေ့လျော်နေခြင်းအား အန္တရာယ်ပြုရာများကို သတိပြုလော့