ဘုရားသခင့်အခွင့်အာဏာကို တည်ကြည်စွာလက်အောက်ခံလော့
ဘုရားသခင့်အခွင့်အာဏာကို တည်ကြည်စွာလက်အောက်ခံလော့
“ထာဝရဘုရားသည် ငါတို့၏တရားသူကြီးဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ရှင်ဘုရင်ဖြစ် . . . တော်မူ [၏။]”—ဟေရှာယ ၃၃:၂၂။
၁။ လူမျိုးများထဲတွင် ရှေးဣသရေလလူမျိုးကို အဘယ်အကြောင်းရင်းများက ထူးခြားစေခဲ့သနည်း။
ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်တွင် ဣသရေလလူမျိုးကိုဖွဲ့စည်းခဲ့သည်။ ထိုအချိန်၌ ၎င်းတွင် မြို့တော်မရှိ၊ မွေးရပ်မြေမရှိ၊ မြင်နိုင်သောရှင်ဘုရင် မရှိသေးချေ။ ထိုလူမျိုးသည် ယခင်က ကျွန်များဖြစ်ခဲ့ကြသည်။ သို့သော် ထိုလူမျိုးအသစ်တွင် နောက်ထပ် တစ်မူထူးခြားချက် ရှိနေပြန်သည်။ ယေဟောဝါဘုရားသခင်သည် ၎င်း၏မျက်မြင်မရသော တရားသူကြီး၊ ပညတ်ပေးရှင်နှင့် ဘုရင်ဖြစ်နေခြင်းတည်း။ (ထွက်မြောက်ရာ ၁၉:၅၊ ၆; ဟေရှာယ ၃၃:၂၂) အဘယ်လူမျိုးမျှ ထိုသို့အခိုင်အမာမဆိုနိုင်ခဲ့ချေ!
၂။ ဣသရေလလူမျိုး ဖွဲ့စည်းခံရပုံနှင့်စပ်လျဉ်း၍ အဘယ်မေးခွန်းပေါ်ပေါက်လာသနည်း၊ ထိုအဖြေသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အရေးပါသနည်း။
၂ ယေဟောဝါသည် စည်းစနစ်ကျနသည်သာမက ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်ဖြစ်တော်မူသောကြောင့် ကိုယ်တော်အုပ်ချုပ်သော အဘယ်လူမျိုးမဆို ကောင်းစွာဖွဲ့စည်းခံရမည်ဟု ကျွန်ုပ်တို့မျှော်လင့်ရပေမည်။ (၁ ကောရိန္သု ၁၄:၃၃) ဣသရေလလူမျိုး၌ ထိုသို့အမှန်ဖြစ်ခဲ့သည်။ သို့သော် မြေကြီးဆိုင်ရာ၊ မျက်မြင်ရအဖွဲ့အစည်းတစ်ခုသည် မျက်မြင်မရဘုရားသခင်၏ ညွှန်ကြားမှုကို မည်သို့ခံရမည်နည်း။ ရှေးခေတ်မှ ထိုလူမျိုးတော်အား ယေဟောဝါအုပ်ချုပ်ခဲ့ပုံကို ကျွန်ုပ်တို့သုံးသပ်ကြည့်ခြင်းသည် အကျိုးရှိပေမည်၊ ၎င်းဣသရေလလူမျိုးနှင့် ကိုယ်တော်ဆက်ဆံခဲ့ပုံမှ ဘုရားသခင်ရေးရာအခွင့်အာဏာကို တည်ကြည်စွာလက်အောက်ခံခြင်း၏ အရေးပါမှုကို အထူးဂရုပြုကြစို့။
ရှေးခေတ်ဣသရေလလူမျိုး အုပ်ချုပ်ခံခဲ့ရပုံ
၃။ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကိုလမ်းညွှန်ဖို့ အဘယ်လက်တွေ့ကျအစီအစဉ်များ ပြုလုပ်တော်မူခဲ့သနည်း။
၃ ယေဟောဝါသည် ဣသရေလလူမျိုး၏ မျက်မြင်မရရှင်ဘုရင်ဖြစ်သော်လည်း တည်ကြည်သောအမျိုးသားများကို မိမိ၏မျက်မြင်ရကိုယ်စားလှယ်များအဖြစ် ခန့်အပ်တော်မူခဲ့သည်။ အတိုင်ပင်ခံပုဂ္ဂိုလ်များနှင့် တရားသူကြီးများအဖြစ် လူ့အကျိုးသယ်ပိုးမည့် အကဲအမှူးများ၊ ဖခင်ကြီးစိုးသည့် အိမ်ထောင်များ၏ဦးစီးများနှင့် အသက်ကြီးသူများရှိခဲ့သည်။ (ထွက်မြောက်ရာ ၁၈:၂၅၊ ၂၆; တရားဟောရာ ၁:၁၅) သို့ရာတွင် ထိုတာဝန်ခံအမျိုးသားများသည် ကိစ္စရပ်များကို ဘုရားသခင့်လမ်းညွှန်မှုမပါဘဲ ပိုင်းခြားသိမြင်စွာ သိနားလည်မှုရှိရှိ အပြစ်တင်ဖွယ်မရှိ တရားစီရင်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ကောက်ချက်မချရပေ။ သူတို့သည် စုံလင်သူများမဟုတ်ကြသဖြင့် ဝတ်ပြုသူချင်းများ၏နှလုံးကို သိမြင်နိုင်ကြမည်မဟုတ်ချေ။ သို့တိုင် ဘုရားသခင်ကိုကြောက်ရွံ့သော တရားသူကြီးများသည် ယေဟောဝါ၏ပညတ်တော်အပေါ် အခြေပြုသည့် အကူအညီပြု ဆုံးမစကားများကို ဝတ်ပြုသူချင်းများအား ပေးနိုင်ခဲ့ကြသည်။—တရားဟောရာ ၁၉:၁၅; ဆာလံ ၁၁၉:၉၇-၁၀၀။
၄။ တည်ကြည်သော ဣသရေလတရားသူကြီးများသည် အဘယ်စိတ်သဘောထားများကို ရှောင်လိုကြသနည်း၊ အဘယ်ကြောင့်နည်း။
၄ သို့ရာတွင် တရားသူကြီးတစ်ဦးဖြစ်ရန် ပညတ်တရားကိုသိရုံဖြင့် တရားဟောရာ ၁:၁၆၊ ၁၇။
မလုံလောက်ချေ။ မစုံလင်သူများဖြစ်ခြင်းကြောင့် အသက်ကြီးသူများသည် တလွဲတချော်တရားစီရင်စေနိုင်သော တစ်ကိုယ်ကောင်းဆန်စိတ်၊ ဘက်လိုက်လိုစိတ်နှင့် လောဘစသည့် ထင်ရာစိုင်းလိုသော မည်သည့်စိတ်ထားကိုမဆို သတိဖြင့်ချိုးနှိမ်ကြရပေမည်။ သူတို့ကို မောရှေဤသို့ပြောခဲ့သည်– “တရားအမှုကိုစီရင်သောအခါ အဘယ်သူ၏မျက်နှာကိုမထောက်ရ။ လူငယ်စကားကို လူကြီးစကားကဲ့သို့မှတ်ရမည်။ အဘယ်လူကိုမျှမကြောက်ရ။ အကြောင်းမူကား တရားသောအမှုကို ဘုရားသခင်ပိုင်တော်မူသောကြောင့်တည်း။” မှန်ပါသည်၊ ဣသရေလတရားသူကြီးများသည် ဘုရားသခင်ကိုယ်စား တရားစီရင်နေကြ၏။ အံ့မခန်းဖွယ်အခွင့်အရေးပါတကား!—၅။ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကိုကြည့်ရှုပြုစုဖို့ တရားသူကြီးများကိုခန့်အပ်ထားသည့်အပြင် အခြားအဘယ်စီမံချက်များကို ပြင်ဆင်ပေးတော်မူခဲ့သနည်း။
၅ ယေဟောဝါသည် လူမျိုးတော်၏ဝိညာဉ်ရေးလိုအပ်ရာများကို ကြည့်ရှုပြုစုပေးဖို့ အခြားစီမံချက်များကို ပြင်ဆင်ပေးတော်မူခဲ့သည်။ ကတိထားရာပြည်ထဲသို့ သူတို့မဝင်မီပင် စစ်မှန်သောဝတ်ပြုရေး၏ဗဟိုဖြစ်သော ဝတ်ပြုရာတဲတော်ကို ဆောက်လုပ်ရန် ကိုယ်တော်မိန့်မှာခဲ့သည်။ ထို့ပြင် ပညတ်တော်ကိုသွန်သင်ဖို့၊ တိရစ္ဆာန်များကို ယဇ်ပူဇော်ဖို့နှင့် နံနက်နှင့် ညဦးပိုင်း နံ့သာပေါင်းကိုမီးရှို့ဖို့ ယဇ်ပုရောဟိတ်အဖွဲ့ကို စီစဉ်ပေးတော်မူခဲ့သည်။ ဘုရားသခင်သည် မောရှေ၏အစ်ကိုအာရုန်ကို ဣသရေလလူမျိုး၏ ပထမဆုံးယဇ်ပုရောဟိတ်မင်းအဖြစ် တင်မြှောက်တော်မူပြီး အာရုန်၏သားများကို ဖခင်အားကူညီပေးဖို့ တာဝန်ခန့်အပ်ခဲ့သည်။—ထွက်မြောက်ရာ ၂၈:၁; တောလည်ရာ ၃:၁၀; ၂ ရာဇဝင်ချုပ် ၁၃:၁၀၊ ၁၁။
၆၊ ၇။ (က) ယဇ်ပုရောဟိတ်များနှင့် ယဇ်ပုရောဟိတ်မဟုတ်သူ လေဝိသားများသည် မည်သို့ဆက်စပ်သနည်း။ (ခ) လေဝိသားများသည် တာဝန်အမျိုးမျိုးကို ဆောင်ရွက်ခဲ့ကြခြင်းမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာရနိုင်သနည်း။ (ကောလောသဲ ၃:၂၃)
၆ လူသန်းပေါင်းများစွာ၏ ဝိညာဉ်ရေးလိုအပ်ရာကို ကြည့်ရှုပြုစုပေးရခြင်းသည် ကြီးမားခက်ခဲသောတာဝန်တစ်ခုဖြစ်ပြီး ယဇ်ပုရောဟိတ်အရေအတွက်မှာလည်း အလွန်နည်းနေသည်။ ထို့ကြောင့် သူတို့ကို လေဝိအနွယ်ဝင်ဖြစ်သောအခြားသူများက ကူညီပေးရန် စီစဉ်ခဲ့သည်။ မောရှေကို ယေဟောဝါဤသို့မိန့်ဆိုခဲ့သည်– “လေဝိသားတို့ကို အာရုန်နှင့်သူ၏သားတို့၌အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အားအပိုင်ပေးရမည်။”—တောလည်ရာ ၃:၉၊ ၃၉။
၇ လေဝိသားများကို ကောင်းစွာဖွဲ့စည်းခဲ့သည်။ ဂေရရှုန်အမျိုး၊ ကောဟတ်အမျိုးနှင့် မေရာရိအမျိုးဖြစ်သော အဆွေအမျိုးသုံးမျိုးကို တာဝန်တစ်ခုစီ ခွဲဝေပေးခဲ့သည်။ (တောလည်ရာ ၃:၁၄-၁၇၊ ၂၃-၃၇) တာဝန်အချို့သည် အခြားတာဝန်တို့ထက် သာ၍အရေးကြီးဟန်ရှိသော်လည်း အားလုံးမှာ မလုပ်မဖြစ်လိုအပ်ပါသည်။ ကောဟတ်အမျိုး လေဝိသားတို့၏အလုပ်က သူတို့ကို ပဋိညာဉ်သေတ္တာ၊ တဲတော်တန်ဆာများနှင့် အလုပ်များနေစေသည်။ သို့သော် ကောဟတ်အမျိုးဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လေဝိသားအားလုံးသည် တကယ်ကောင်းသော အခွင့်အရေးများရရှိကြသည်။ (တောလည်ရာ ၁:၅၁၊ ၅၃) ဝမ်းနည်းစရာမှာ အချို့တို့သည် မိမိတို့အခွင့်အရေးများကို တန်ဖိုးမထားခဲ့ကြချေ။ ဘုရားသခင်ရေးရာအခွင့်အာဏာကို တည်ကြည်စွာလက်အောက်ခံနေမည့်အစား မကျေမနပ်ဖြစ်လာကြပြီး မာန်မာနကြီးစွာဖြင့် ရည်မှန်းချက်ကြီးရုံမက မနာလိုစိတ်ရှိလာကြသည်။ ထိုသူတို့တွင် ကောရအမည်ရှိသူ လေဝိသားတစ်ဦးပါဝင်သည်။
“ယဇ်ပုရောဟိတ်အရာကိုလည်း အလိုရှိကြသေးသလော”
၈။ (က) ကောရကား မည်သူနည်း။ (ခ) ကောရသည် ယဇ်ပုရောဟိတ်များကို လူ့ရှုထောင့်မှ စတင်ရှုမြင်ရန် အဘယ်အကြောင်းကြောင့် ဖြစ်နိုင်ခဲ့သနည်း။
၈ ကောရသည် ဖခင်ကြီးစိုးသော လေဝိအမျိုးအနွယ်၏ ခေါင်းမဟုတ်သကဲ့သို့ ကောဟတ်အဆွေအမျိုး၏ ခေါင်းလည်းမဟုတ်ပါ။ (တောလည်ရာ ၃:၃၀၊ ၃၂) သို့သော် သူသည် ဣသရေလလူမျိုးတွင် ရိုသေလေးစားခံရသော အကဲအမှူးတစ်ဦးဖြစ်သည်။ သူထမ်းရွက်ရသော တာဝန်များကြောင့် ကောရသည် အာရုန်၊ သူ၏သားတို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ရပေမည်။ (တောလည်ရာ ၄:၁၈၊ ၁၉) ကောရသည် ထိုသူတို့၏မစုံလင်မှုများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသဖြင့် ဤသို့ဆင်ခြင်ခဲ့ပေမည်– ‘ဒီယဇ်ပုရောဟိတ်တွေဟာ တကယ့်ကိုမစုံလင်ကြသူတွေပါပဲ၊ ငါက သူတို့ကို လက်အောက်ခံရမှာလား! မကြာသေးခင် ကပဲ အာရုန်ဟာ ရွှေနွားရုပ်လုပ်ခဲ့တယ်။ အဲဒီနွားရုပ်ကိုးကွယ်ကြလို့လည်း ဒို့လူမျိုး အရုပ်ကိုးကွယ်တဲ့အပြစ်ပြုမိတာ။ အခု မောရှေရဲ့အစ်ကိုအာရုန်က ယဇ်ပုရောဟိတ်မင်းကြီးဖြစ်နေပြီ! တကယ်မျက်နှာလိုက်တာပဲ! အာရုန်ရဲ့သား နာဒပ်နဲ့ အဘိဟုတို့ကျတော့ကော။ သူတို့ရဲ့လုပ်ငန်းတော်အခွင့်အရေးကို ကမ်းကုန်အောင် မထီလေးစားပြစ်မှားခဲ့ကြလို့ သူတို့ကို ယေဟောဝါ သေဒဏ်တောင်ပေးခဲ့ရတယ်!’ * (ထွက်မြောက်ရာ ၃၂:၁-၅; ဝတ်ပြုရာ ၁၀:၁၊ ၂) ကောရသည် မည်သို့ပင်ဆင်ခြင်ခဲ့စေကာမူ ယဇ်ပုရောဟိတ်အဖွဲ့ကို လူ့ရှုထောင့်မှ သူစတင်ရှုမြင်လာကြောင်း ထင်ရှားသည်။ ယင်းကြောင့် မောရှေနှင့်အာရုန်ကို သူပုန်ကန်လေတော့သည်၊ နောက်ဆုံးတွင် ယေဟောဝါကိုပါ ပုန်ကန်ရာရောက်သွားသည်။—၁ ဓမ္မရာဇဝင် ၁၅:၂၃; ယာကုပ် ၁:၁၄၊ ၁၅။
၉၊ ၁၀။ ကောရနှင့် သူ၏နောက်လိုက်ပုန်ကန်သူများသည် မောရှေကို မည်သို့စွပ်စွဲခဲ့ကြသနည်း၊ ထိုသို့ပြု၍မရမှန်း သူတို့အဘယ်ကြောင့်သိထားသင့်သနည်း။
၉ ကောရသည် ဩဇာအာဏာရှိသူတစ်ဦးဖြစ်ရာ သူကဲ့သို့စိတ်ထားရှိသူများကို စည်းရုံးဖို့မခက်ခဲခဲ့ပါ။ သူနှင့်အတူ ဒါသန်နှင့်အဘိရံတို့သည် အကဲအမှူးများဖြစ်ကြသည့် ထောက်ခံသူ ၂၅၀ ကိုစည်းရုံးခဲ့သည်။ သူတို့သည် မောရှေနှင့် အာရုန်ထံ တစ်စုတစ်စည်းချဉ်းကပ်ကြပြီး ဤသို့ပြောသည်– “ပရိသတ်ရှိသမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ [“ယေဟောဝါ၊” ကဘ] သည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ်ချီးမြှောက်ရသနည်း။”—တောလည်ရာ ၁၆:၁-၃။
၁၀ ထိုပုန်ကန်သူများသည် မောရှေ၏အခွင့်အာဏာကို အန်တု၍မရမှန်း သိထားသင့်သည်။ မကြာသေးမီကပင် အာရုန်နှင့်မိရိအံတို့ ထိုအတိုင်းပြုခဲ့ကြ၏။ ကောရကဲ့သို့ပင် သူတို့ကျိုးကြောင်းဆင်ခြင်ခဲ့ကြဖူးသည်! တောလည်ရာ ၁၂:၁၊ ၂ အရ သူတို့ဤသို့မေးခဲ့ကြသည်– “ထာဝရဘုရားသည် မောရှေအားဖြင့်သာ ဗျာဒိတ် [တင်ကြိုအသိ]ပေးတော်မူသလော။ ငါတို့အားဖြင့်လည်း ပေးတော်မမူလော။” ယေဟောဝါ နားထောင်နေတော်မူသည်။ ထိုအခါ ကိုယ်တော်သည် မိမိရွေးကောက်ထားတော်မူသောခေါင်းဆောင်ကို ညွှန်ပြရန် ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ စုရုံးကြဖို့ မောရှေ၊ အာရုန်နှင့် မိရိအံတို့ကို မိန့်မှာတော်မူလေ၏။ ထို့နောက် ရှင်းလင်းပြတ်သားစွာ ယေဟောဝါဤသို့မိန့်ဆို၏– “သင်တို့တွင် ပရောဖက်ရှိလျှင် ငါထာဝရဘုရားသည် ထိုသူ၌ ထူးဆန်းသော[အဆင်းအာရုံ]အားဖြင့် ကိုယ်ကိုပြမည်။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ် [တင်ကြိုအသိ]ပေးမည်။ အိမ်တော်တစ်အိမ်လုံး၌ သစ္စာစောင့်သောငါ့ကျွန်မောရှေသည် ထိုသို့မဟုတ်။” ထိုသို့ဆိုပြီးနောက် ယေဟောဝါသည် မိရိအံကို အခိုက်အတန့်မျှ နူနာစွဲစေတော်မူခဲ့၏။—တောလည်ရာ ၁၂:၄-၇၊ ၁၀။
၁၁။ ကောရနှင့်ပတ်သက်သောအခြေအနေကို မောရှေမည်သို့ကိုင်တွယ်ခဲ့သနည်း။
၁၁ ထိုအဖြစ်အပျက်ကို ကောရနှင့် သူ၏ဘက်တော်သားများ သိခဲ့ကြရပေမည်။ သူတို့၏ပုန်ကန်မှုသည် ခွင့်မလွှတ်နိုင်စရာဖြစ်၏။ သို့တိုင် မောရှေသည် စိတ်ရှည်စွာ သူတို့နှင့်ကျိုးကြောင်းဆင်ခြင်ဖို့ ကြိုးစားခဲ့သည်။ သူတို့ရရှိထားသော အခွင့်အရေးများကို ကျေးဇူးတင်လေးမြတ်တတ်ဖို့ ဤသို့သူတိုက်တွန်းခဲ့သည်– “ဣသရေလအမျိုး၏ဘုရားသခင်သည် သင်တို့ကို . . . ဣသရေလအမျိုးပရိသတ်နှင့်ခွဲထား၍ . . . အနီးအပါးသို့ချဉ်းကပ်စေတော်မူသောအမှုသည် သာမညအမှုဟုထင်သ . . . လော။” ယင်းသည် “သာမညအမှု” မဟုတ်ပါ! လေဝိသားတို့သည် လိုလေသေးမရှိ ကောင်းချီးများ ရထားနှင့်ပြီးဖြစ်သည်။ အဘယ်အရာကို သူတို့နောက်ထပ်အလိုရှိသေးသနည်း။ “ယဇ်ပုရောဟိတ်အရာကိုလည်း အလိုရှိကြသေးသလော” ဟု မောရှေထပ်ဆင့်ပြောသောစကားများက သူတို့၏နှလုံးဆင်ခြင်ရာများကို ဖော်ထုတ်ခဲ့သည်။ * (တောလည်ရာ ၁၂:၃; ၁၆:၉၊ ၁၀၊ သမ္မာ) သို့ရာတွင် ဘုရားသခင်ရေးရာအခွင့်အာဏာကိုဖီဆန်သည့် ဤပုန်ကန်မှုကို ယေဟောဝါမည်သို့တုံ့ပြန်ခဲ့သနည်း။
ဣသရေလတရားသူကြီး ကြားဝင်
၁၂။ ဣသရေလလူမျိုးသည် ဘုရားသခင်နှင့် ဆက်ဆံရေးဆက်ကောင်းနေရန် အဘယ်အရာပေါ်မူတည်သနည်း။
၁၂ ဣသရေလလူမျိုးကို ယေဟောဝါပညတ်တရားပေးစဉ်က သူတို့သည် နာခံမှုရှိကြမည်ဆိုလျှင် “သန့်ရှင်းသောလူမျိုး” ဖြစ်လိမ့်မည်၊ ယေဟောဝါ၏အစီအစဉ်ကို သူတို့လက်ခံသမျှကာလပတ်လုံး ဆက်လက်သန့်ရှင်းနေလိမ့်မည်ဟု ထိုလူမျိုးကို ကိုယ်တော်မိန့်ဆိုခဲ့သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆) ယခု ပေါ်ပေါ်ထင်ထင်ပုန်ကန်နေကြရာ ဣသရေလတရားသူကြီးနှင့် ပညတ်တရားပေးရှင်သည် ကြားဝင်ဆောင်ရွက်ရန် အချိန်ရောက်လေပြီ! ကောရအား မောရှေဤသို့မေးသည်– “အာရုန်နှင့်သင်အစရှိသော သင်၏အပေါင်းအသင်းရှိသမျှတို့သည် နက်ဖြန်နေ့ ထာဝရဘုရားရှေ့တော်၌ရှိကြလော့။ လူအသီးအသီးတို့သည် မိမိတို့လင်ပန်းများကိုယူ၍ လောဗန်ကိုတင်ပြီးမှ သင်နှင့်အာရုန်သည်လည်း မိမိတို့လင်ပန်းပါလျက် လူအပေါင်းတို့သည် လင်ပန်းနှစ်ရာငါးဆယ်တို့ကို ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့ကြလော့။”—တောလည်ရာ ၁၆:၁၆၊ ၁၇။
၁၃။ (က) ယေဟောဝါရှေ့မှောက်တွင် ပုန်ကန်သူများ နံ့သာပေါင်းပူဇော်ခြင်းက အဘယ်ကြောင့်ရောင့်တက်ရာရောက်သနည်း။ (ခ) ထိုသူပုန်များကို ယေဟောဝါမည်သို့ စီရင်တော်မူသနည်း။
ထွက်မြောက်ရာ ၃၀:၇; တောလည်ရာ ၄:၁၆) သို့သော် ကောရနှင့် သူ့ကိုအားပေးသူများသည် မတုန်လှုပ်ခဲ့ကြချေ! နောက်နေ့တွင် ကောရသည် “ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို [မောရှေနှင့်အာရုန်] တစ်ဖက်၌စုဝေးစေ [၏။]” မှတ်တမ်းကဤသို့ပြောပြသည်– “[“ယေဟောဝါ၊” ကဘ] ကလည်း ‘ဤပရိသတ်တို့နှင့်ခွာ၍ တခြားစီနေလော့။ ငါသည် သူတို့ကို ချက်ချင်းဖျက်ဆီးမည်’ ဟုမောရှေနှင့်အာရုန်အား မိန့်တော်မူ [၏။]” သို့သော် မောရှေနှင့်အာရုန်သည် လူတို့အသက်ချမ်းသာရာရဖို့ တောင်းပန်ခဲ့ကြသည်။ သူတို့၏အသနားခံချက်ကို ယေဟောဝါနားညောင်းခဲ့သည်။ သို့သော် ကောရနှင့် သူ၏လူအုပ်ဖြစ်သည့် “နံ့သာပေါင်းကိုမီးရှို့၍ပူဇော်သောသူ နှစ်ရာငါးဆယ်တို့ကို . . . ထာဝရဘုရားထံတော်က မီးထွက်၍လောင်လေ၏။”—တောလည်ရာ ၁၆:၁၉-၂၂၊ ၃၅။ *
၁၃ ဘုရားသခင့်ပညတ်အရ ယဇ်ပုရောဟိတ်များသာ နံ့သာပေါင်းပူဇော်နိုင်သည်။ ယဇ်ပုရောဟိတ်မဟုတ်သော လေဝိသားတစ်ဦးက ယေဟောဝါရှေ့မှောက် နံ့သာပေါင်းပူဇော်နေသည်ဟူသော စိတ်ကူးကပင် ထိုသူပုန်များကို တုန်လှုပ်စေသင့်သည်။ (၁၄။ ယေဟောဝါသည် ဣသရေလပရိသတ်ကို အဘယ်ကြောင့်အရေးယူခဲ့သနည်း။
၁၄ အံ့ဩစရာမှာ ထိုပုန်ကန်သူများအား ယေဟောဝါမည်သို့ပြုမူဆက်ဆံခဲ့သည်ကို တွေ့မြင်ခဲ့ကြသော ဣသရေလလူတို့သည် သင်ခန်းစာမရကြခြင်းဖြစ်သည်။ “နက်ဖြန်နေ့၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့က ‘သင်တို့သည် ထာဝရဘုရား၏လူတို့ကိုသတ်ကြပြီ’ ဟုဆိုလျက် မောရှေနှင့်အာရုန်တို့ကို အပြစ်တင်၍မြည်တမ်းကြ၏။” ဣသရေလလူတို့သည် ပူးပေါင်းကြံစည်သူတို့ဘက် ပါသွားကြသည်တကား! နောက်ဆုံး သူတို့ကို ယေဟောဝါစိတ်မရှည်နိုင်တော့ပေ။ ယခု မောရှေ သို့မဟုတ် အာရုန်မက မည်သူမျှ သူတို့အတွက် ကြားဝင်အသနားခံမပေးနိုင်တော့ချေ။ ထိုအခါ ယေဟောဝါသည် မနာခံသူများအပေါ် ကပ်ဘေးကျရောက်စေခဲ့ပြီး “ကောရအမှုကြောင့် သေသောသူတို့ကိုထား၍ ထိုဘေးဥပဒ်ဖြင့် သေသောလူပေါင်းကား တစ်သောင်းလေးထောင်ခုနစ်ရာရှိသတည်း။”—တောလည်ရာ ၁၆:၄၁-၄၉။
၁၅။ (က) အဘယ်အကြောင်းများကြောင့် ဣသရေလလူမျိုးသည် မောရှေနှင့်အာရုန်၏ဦးဆောင်မှုကို မဆိုင်းမတွလက်ခံသင့်သနည်း။ (ခ) ဤမှတ်တမ်းက ယေဟောဝါနှင့်ပတ်သက်၍ သင့်ကိုအဘယ်အရာသိစေသနည်း။
၁၅ ထိုသူအပေါင်း အသက်ဆုံးရှုံးရစရာအကြောင်းမရှိပါ။ သူတို့သာ စဉ်းစဉ်းစားစားပြုမူခဲ့မည်ဆိုလျှင် ဤသို့ဖြစ်စရာမလိုပါ။ သူတို့ကိုယ်ကို ဤသို့မေးမြန်းနိုင်ခဲ့သည်– ‘ဖာရောရှေ့ မည်သူအသက်စွန့်ဝင်ခဲ့သနည်း။ ဣသရေလလူမျိုးကိုလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြသူတို့ကား မည်သူတို့နည်း။ ဣသရေလလူတို့ လွတ်မြောက်ပြီးနောက် ဘုရားသခင့်ကောင်းကင်တမန်နှင့် မျက်နှာချင်းဆိုင် စကားပြောဆိုဖို့ ဟောရပ်တောင်သို့တက်ရန် တစ်ဦးတည်းသောဖိတ်ခေါ်ခံရသူကား မည်သူနည်း။’ မောရှေနှင့်အာရုန်တို့၏ ထူးခြားသောမှတ်တမ်းက ယေဟောဝါအပေါ် သူတို့၏တည်ကြည်မှုနှင့် လူတို့ကိုချစ်သည့်မေတ္တာကို အမှန်တကယ်သက်သေထူပါသည်။ (ထွက်မြောက်ရာ ၁၀:၂၈; ၁၉:၂၄; ၂၄:၁၂-၁၅) ထိုပုန်ကန်သူများကို ယေဟောဝါ သေဒဏ်ပေးရန် အားရနှစ်သက်တော်မမူချေ။ သို့သော် ထိုသူတို့သည် ဆက်ပုန်ကန်ကြမည်ဖြစ်ကြောင်း ထင်ရှားသောအခါ ကိုယ်တော်ပြတ်ပြတ်သားသားလုပ်ဆောင်ခဲ့ရသည်။ (ယေဇကျေလ ၃၃:၁၁) ယင်းတို့အားလုံးသည် ယနေ့ ကျွန်ုပ်တို့အတွက် အလွန်အရေးပါ၏။ အဘယ်ကြောင့်နည်း။
မျက်မှောက်ခေတ် ဆက်သွယ်ရေးလမ်းကြောင်းကို ခွဲခြားသိမြင်ခြင်း
၁၆။ (က) ယေရှုသည် ယေဟောဝါ၏ကိုယ်စားလှယ်တော်ဖြစ်ကြောင်း အဘယ်အထောက်အထားက ပထမရာစုဂျူးများကို ယုံကြည်စိတ်ချစေသင့်သနည်း။ (ခ) ယေဟောဝါသည် လေဝိယဇ်ပုရောဟိတ်အတန်းအစားကို အဘယ်ကြောင့်အစားထိုးခဲ့သနည်း၊ အဘယ်အရာဖြင့်နည်း။
၁၆ ယနေ့ ယေဟောဝါသည် “လူမျိုး” အသစ်တစ်ခု၏ မျက်မြင်မရတရားသူကြီး၊ ပညတ်တရားရှင်နှင့် ရှင်ဘုရင်ဖြစ်တော်မူသည်။ (မဿဲ ၂၁:၄၃) ထို “လူမျိုး” သည် စီ.အီး.ပထမရာစုတွင် ပေါ်ထွန်းခဲ့သည်။ ထိုအချိန်တွင် မောရှေခေတ်မှတဲတော်အစား ယေရုရှလင်မြို့၌ အလွန်လှပသောဝတ်ပြုရာအိမ်တော်ရှိနေပြီး ထိုတွင် လေဝိသားများ အမှုထမ်းနေဆဲရှိသည်။ (လုကာ ၁:၅၊ ၈၊ ၉) သို့ရာတွင် စီ.အီး. ၂၉ ခုနှစ်တွင် ဝိညာဉ်ရေးဝတ်ပြုရာအိမ်တော် နောက်တစ်ခု ပေါ်ထွန်းလာပြီး ၎င်း၏ယဇ်ပုရောဟိတ်မင်းကြီးမှာ ယေရှုခရစ်ဖြစ်သည်။ (ဟေဗြဲ ၉:၉၊ ၁၁) ဘုရားသခင်ရေးရာအခွင့်အာဏာကိစ္စ ထပ်မံပေါ်လာပြန်သည်။ ဤ “လူမျိုး” အသစ်ကိုဦးဆောင်ဖို့ ယေဟောဝါမည်သူ့ကို အသုံးပြုတော်မူမည်နည်း။ ယေရှုသည် ဘုရားသခင်အား ခြွင်းချက်မရှိတည်ကြည်ကြောင်း သက်သေထူခဲ့သည်။ လူတို့ကို ကိုယ်တော်ချစ်တော်မူ၏။ ထို့ပြင် အံ့ဖွယ်ရာများစွာကိုလည်း ကိုယ်တော်ပြုလုပ်တော်မူခဲ့သည်။ သို့ရာတွင် လည်ပင်းခိုင်မာသော သူတို့၏ဘိုးဘေးများကဲ့သို့ပင် လေဝိသားအများစုသည် ယေရှုကိုလက်မခံခဲ့ကြချေ။ (မဿဲ ၂၆:၆၃-၆၈; တမန်တော် ၄:၅၊ ၆၊ ၁၈; ၅:၁၇) နောက်ဆုံးတွင် ယေဟောဝါသည် လေဝိယဇ်ပုရောဟိတ်အတန်းအစားကို အလွန်ခြားနားသော မင်းစည်းစိမ်ရှိ ယဇ်ပုရောဟိတ်အမျိုးဖြင့် အစားထိုးခဲ့သည်။ ၎င်းမင်းစည်းစိမ်ရှိ ယဇ်ပုရောဟိတ်အမျိုးသည် ယနေ့ထက်တိုင် ရှိသည်။
၁၇။ (က) ယနေ့ မင်းစည်းစိမ်ရှိ ယဇ်ပုရောဟိတ်အမျိုးတွင် အဘယ်အုပ်စု ပါဝင်သနည်း။ (ခ) ယေဟောဝါသည် မင်းစည်းစိမ်ရှိ ယဇ်ပုရောဟိတ်အမျိုးကို မည်သို့အသုံးပြုတော်မူသနည်း။
၁၇ ယနေ့ မင်းစည်းစိမ်ရှိ ဤယဇ်ပုရောဟိတ်အမျိုးတွင် မည်သူတို့ပါဝင်သနည်း။ တမန်တော်ပေတရုသည် ထိုမေးခွန်းကို သူ၏ မှုတ်သွင်းခံပထမစာစောင်၌ ဖြေကြားပေးသည်။ ခရစ်တော်၏ကိုယ်ခန္ဓာ၌ပါဝင်သော ဝိညာဉ်တော်ဖွားများထံ ပေတရုဤသို့ရေးသားခဲ့သည်– “သင်တို့မူကား၊ မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ‘ဂုဏ်ကျေးဇူးများကို ဖော်ပြစေခြင်းငှာ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ၏။’” (၁ ပေတရု ၂:၉) ယေရှု၏ခြေရာကိုလိုက်သော ဝိညာဉ်တော်ဖွား နောက်လိုက်များသည် အုပ်စုတစ်စုအနေဖြင့် ဤ “မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး” ၌ပါဝင်ကြောင်း အထက်ပါစကားများက ထင်ရှားစေသည်၊ ထိုသူတို့ကို ပေတရုက “သန့်ရှင်းသောလူမျိုး” ဟူ၍လည်း ခေါ်ဆိုသည်။ ဤသူတို့သည် ယေဟောဝါအသုံးပြုသော လမ်းကြောင်းဖြစ်၍ ၎င်းအားဖြင့် ကိုယ်တော်၏လူမျိုးကို ကိုယ်တော်သွန်သင်၍ ဝိညာဉ်ရေးလမ်းညွှန်မှုပေးတော်မူသည်။—မဿဲ ၂၄:၄၅-၄၇။
၁၈။ ခန့်အပ်ခံအကြီးအကဲများနှင့် မင်းစည်းစိမ်ရှိ ယဇ်ပုရောဟိတ်အမျိုးသည် အဘယ်ဆက်စပ်မှုရှိသနည်း။
၁၈ မင်းစည်းစိမ်ရှိ ယဇ်ပုရောဟိတ်အမျိုးကို ကိုယ်စားပြုသူများမှာ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါလူမျိုးတော်၏ အသင်းတော်များတွင် အမှုထမ်းရန်တာဝန် ခန့်အပ်ခံရသူ အကြီးအကဲများဖြစ်သည်။ ထိုသူတို့သည် ဝိညာဉ်တော်ဖွားများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျွန်ုပ်တို့၏ရိုသေလေးစားမှုနှင့် စိတ်အားထက်သန်သော ထောက်ခံအားပေးမှုကို ရထိုက်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါသည် ဤအသက်ကြီးသူများကို သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ခန့်အပ်ထားတော်မူပြီ။ (ဟေဗြဲ ၁၃:၇၊ ၁၇) မည်သို့ဖြစ်နိုင်မည်နည်း။
၁၉။ အကြီးအကဲများသည် အဘယ်နည်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ခန့်အပ်ခြင်းခံရကြသနည်း။
၁၉ ဤအသက်ကြီးသူများသည် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်ရေးသားထားသော သမ္မာကျမ်းစာပါ တောင်းဆိုချက်များကို ပြည့်မီကြသည်။ (၁ တိမောသေ ၃:၁-၇; တိတု ၁:၅-၉) ထို့ကြောင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခန့်အပ်ခံရသည်ဟုဆိုနိုင်ပါသည်။ (တမန်တော် ၂၀:၂၈) အသက်ကြီးသူများ သို့မဟုတ် အကြီးအကဲများသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နှံ့နှံ့စပ်စပ်သိရှိကြရမည်။ သူတို့ကိုခန့်အပ်တော်မူသော အကြီးမြတ်ဆုံးတရားသူကြီးကဲ့သို့ အကြီးအကဲများသည်လည်း တရားစီရင်ရာ၌ ဘက်လိုက်ပုံရှိသောအရာ မှန်သမျှကို မုန်းတီးရကြမည်။—တရားဟောရာ ၁၀:၁၇၊ ၁၈။
၂၀။ အလုပ်ကြိုးစားသော အကြီးအကဲများနှင့်ပတ်သက်၍ သင်အဘယ်အရာကို လေးမြတ်သနည်း။
၂၀ အလုပ်ကြိုးပမ်းသော အကြီးအကဲများ၏ အခွင့်အာဏာကို အန်တုမည့်အစား သူတို့ကို ကျွန်ုပ်တို့အမှန်တကယ်ပင် ကျေးဇူးတင်ကြပါသည်! ဆယ်စုနှစ်များစွာတစ်လျှောက် လုပ်ငန်းတော်ကို သူတို့တည်ကြည်စွာ ထမ်းဆောင်ခဲ့ကြရာ သူတို့ကို ကျွန်ုပ်တို့ယုံကြည်ကိုးစားကြသည်။ သူတို့သည် အသင်းတော်အစည်းအဝေးများကို မှန်မှန်ပြင်ဆင်၍ ကျင်းပပေးကြသည်၊ ‘[ဘုရားသခင့်] နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်း’ ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့နှင့်တွဲဖက်ပါဝင်မဿဲ ၂၄:၁၄; ဟေဗြဲ ၁၀:၂၃၊ ၂၅; ၁ ပေတရု ၅:၂) ကျွန်ုပ်တို့ဖျားနာသောအခါ သူတို့လာရောက်ကြည့်ရှုကြပြီး ဝမ်းနည်းပူဆွေးသောအခါ နှစ်သိမ့်ပေးကြသည်။ ထို့ပြင် နိုင်ငံတော်အကျိုးစီးပွားကို သူတို့တည်ကြည်စွာနှင့် ကိုယ်ကျိုးမငဲ့ဘဲ ထောက်မကူညီပေးကြသည်။ သူတို့အပေါ်၌ ယေဟောဝါ၏ဝိညာဉ်တော်ရှိသည်; ကိုယ်တော့်မျက်နှာသာတော်ကို သူတို့ခံစားကြရသည်။—ဂလာတိ ၅:၂၂၊ ၂၃။
ကြပြီး ကျွန်ုပ်တို့လိုအပ်သောအခါ ကျမ်းစာဆိုင်ရာအကြံပေးချက်များကိုပေးကြပါသည်။ (၂၁။ အကြီးအကဲများသည် အဘယ်အရာကိုသိရှိကြရမည်နည်း၊ အဘယ်ကြောင့်နည်း။
၂၁ အကြီးအကဲများ မစုံလင်ကြသည်မှာမှန်ပါသည်။ မိမိတို့၏ကန့်သတ်ချက်များကို သိရှိထားကြရာ သူတို့သည် “ဘုရားသခင့်ပိုင်ဆိုင်ရာ” ဖြစ်သော သိုးတော်စုကို အစိုးတရပြုဖို့မကြိုးစားကြချေ။ ယင်းအစား မိမိတို့ကိုယ်ကို ‘ညီအစ်ကိုများ၏ဝမ်းမြောက်မှုအတွက် အတူလုပ်ဆောင်သူများ’ ဟူ၍ယူမှတ်ကြသည်။ (၁ ပေတရု ၅:၃၊ ကဘ; ၂ ကောရိန္သု ၁:၂၄) စိတ်နှိမ့်ချ၍ အလုပ်ကြိုးပမ်းသော အကြီးအကဲများသည် ယေဟောဝါအားချစ်မြတ်နိုးကြသည်၊ ကိုယ်တော်အား သူတို့တုပနိုင်လေလေ အသင်းတော်တွင် အကျိုးပိုပြုနိုင်လေလေဖြစ်ကြောင်း သူတို့သိကြသည်။ ယင်းကိုစိတ်စွဲမှတ်လျက် သူတို့သည် မေတ္တာ၊ သနားကြင်နာခြင်းနှင့် သည်းခံခြင်းစသည့် ဘုရားသခင်ရေးရာအရည်အသွေးများကို ပြုစုပျိုးထောင်ဖို့ မပြတ်ကြိုးစားကြသည်။
၂၂။ ကောရအကြောင်း ပြန်လည်သုံးသပ်ကြည့်ခြင်းက ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းကို မည်သို့ပိုမိုယုံကြည်အားထားစေပြီနည်း။
၂၂ ယေဟောဝါကို ကျွန်ုပ်တို့၏မျက်မြင်မရအုပ်စိုးရှင်အဖြစ်၊ ယေရှုခရစ်ကို ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းကြီးအဖြစ်၊ မင်းစည်းစိမ်ရှိ ယဇ်ပုရောဟိတ်အမျိုး၌ပါဝင်သော ဝိညာဉ်တော်ဖွားများကို ကျွန်ုပ်တို့၏သွန်သင်ပေးသူများအဖြစ်နှင့် တည်ကြည်သော ခရစ်ယာန်အသက်ကြီးသူများကို ကျွန်ုပ်တို့၏အကြံပေးသူများအဖြစ် ရရှိထားသည့်အတွက် ဝမ်းသာအားရစရာကောင်းလိုက်လေခြင်း! လူ့အဖွဲ့အစည်းတစ်ခုမျှသည် မစုံလင်နိုင်သော်လည်း ဘုရားသခင်ရေးရာ အခွင့်အာဏာတော်ကို ဝမ်းမြောက်ဝမ်းသာ လက်အောက်ခံနေကြသော တည်ကြည်သည့် ယုံကြည်သူချင်းများနှင့်အတူ ဘုရားသခင်၏အမှုတော် ဆောင်ခွင့်ရကြသည့်အတွက် ကျွန်ုပ်တို့အားရကျေနပ်နိုင်ကြပါသည်!
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 8 အာရုန်၏အခြားသားနှစ်ဦးဖြစ်သော ဧလာဇာနှင့် ဣသမာတို့မူ ယေဟောဝါ၏အမှုတော်ကို ပုံသက်သေကောင်းစွာ ထမ်းဆောင်ခဲ့သည်။—ဝတ်ပြုရာ ၁၀:၆။
^ အပိုဒ်၊ 11 ကောရနှင့်အတူ ပူးပေါင်းကြံစည်ခဲ့သူ ဒါသန်နှင့်အဘိရံတို့သည် ရုဗင်အနွယ်မှဖြစ်ကြသည်။ ထို့ကြောင့် သူတို့အနေနှင့် ယဇ်ပုရောဟိတ်အရာကို မက်မောပုံမရှိဘဲ၊ သူတို့၏ပြဿနာမှာ မောရှေ၏ဦးဆောင်မှုနှင့် သူတို့ရောက်ဖို့မျှော်မှန်းထားသည့် ကတိထားရာပြည်သို့ မရောက်နိုင်သေး၍ မကျေမနပ်ဖြစ်နေပုံရှိသည်။—တောလည်ရာ ၁၆:၁၂-၁၄။
^ အပိုဒ်၊ 13 ဖခင်ကြီးစိုးသည့်ခေတ်တွင် အိမ်ထောင်ဦးစီးတစ်ဦးစီသည် ဘုရားသခင်ရှေ့တွင် မိမိ၏ဇနီးနှင့် သားသမီးများအတွက် ကိုယ်စားပြုပေးရပြီး သူတို့အတွက် ပူဇော်ရာယဇ်များကိုပင် ပူဇော်ပေးရသည်။ (ကမ္ဘာဦး ၈:၂၀; ၄၆:၁; ယောဘ ၁:၅) သို့ရာတွင် ပညတ်တရားစတင်ပေါ်လာသောအခါ ယေဟောဝါသည် အာရုန်၏မိသားစုမှ အမျိုးသားများကို ယဇ်ပုရောဟိတ်များအဖြစ် ခန့်အပ်ခဲ့၍ ထိုသူတို့သည် ပူဇော်ရာယဇ်များကို ပူဇော်ပေးကြရသည်။ ပုန်ကန်သူ ၂၅၀ တို့သည် ပြောင်းလဲသွားသော ဤအစီအစဉ်နှင့် ပူးပေါင်းလုပ်ဆောင်လိုစိတ် မရှိကြောင်းထင်ရှားသည်။
သင်အဘယ်အရာ တတ်သိလာခဲ့ပြီနည်း
• ယေဟောဝါသည် ဣသရေလလူမျိုးကို ကြည့်ရှုစောင့်ရှောက်ဖို့ အဘယ်မေတ္တာပါသောပြင်ဆင်ပေးချက်များ ပြုလုပ်ခဲ့သနည်း။
• မောရှေနှင့်အာရုန်ကို ကောရပုန်ကန်ခြင်းသည် အဘယ်ကြောင့် ခွင့်မလွှတ်နိုင်စရာဖြစ်ခဲ့သနည်း။
• ထိုပုန်ကန်သူများကို ယေဟောဝါစီရင်ခဲ့ပုံမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာယူနိုင်သနည်း။
• ယေဟောဝါ၏အစီအစဉ်ကို ကျွန်ုပ်တို့ကျေးဇူးတင်လေးမြတ်ကြောင်း ယနေ့ မည်သို့တင်ပြနိုင်ကြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ယေဟောဝါ၏လုပ်ငန်းတော်၌ ရရှိထားသော မည်သည့်တာဝန်ကိုမဆို အခွင့်ထူးအဖြစ် သင်ယူမှတ်ပါသလော
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
“သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ်ချီးမြှောက်ရသနည်း”
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ခန့်အပ်ခံအကြီးအကဲများသည် မင်းစည်းစိမ်ရှိ ယဇ်ပုရောဟိတ်အမျိုးကို ကိုယ်စားပြု