ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကိုယ်ပိုင်လေ့လာမှုပြုခြင်း၌ ပျော်မွေ့လော့
ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကိုယ်ပိုင်လေ့လာမှုပြုခြင်း၌ ပျော်မွေ့လော့
“ပြုတော်မူသမျှတို့ကိုဆင်ခြင်၍ စီရင်တော်မူသောအရာတို့ကို မြွက်ဆိုပါမည်။”—ဆာလံ ၇၇:၁၂။
၁၊ ၂။ (က) စဉ်းစားဆင်ခြင်ခြင်းအတွက် အဘယ်ကြောင့် အချိန်ဖယ်ထားကြရမည်နည်း။ (ခ) “စဉ်းစားဆင်ခြင်သည်” နှင့် “စိစစ်တွေးတောသည်” တို့၏အဓိပ္ပာယ်ကား အဘယ်နည်း။
ယေရှုခရစ်၏တပည့်များအနေဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကောင်းဖို့နှင့် ကိုယ်တော့်အမှုတော်ထမ်းရခြင်းအကြောင်းရင်းများကို အလွန်အရေးထားသင့်သည်။ သို့သော် ယနေ့ လူအများစုသည် စားသုတ်သုတ်၊ သွားသုတ်သုတ် ဘဝမျိုးဖြင့် နေထိုင်ကြရာ စဉ်းစားဆင်ခြင်ဖို့အချိန်မပေးနိုင်ကြချေ။ သူတို့သည် ပစ္စည်းဥစ္စာစုဆောင်းခြင်း၊ သုံးစွဲခြင်းနှင့် ရည်ရွယ်ချက်မဲ့ အပျော်အပါးလိုက်စားခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြသည်။ အကျိုးမဲ့အချည်းနှီးဖြစ်သည့် ဤအလုပ်မျိုးကို ကျွန်ုပ်တို့ မည်သို့ရှောင်နိုင်သနည်း။ စားသောက်ခြင်း၊ အိပ်စက်ခြင်းကဲ့သို့ နေ့စဉ် မဖြစ်မနေပြုလုပ်ရသောအလုပ်များအတွက် အချိန်သတ်သတ်မှတ်မှတ်ဖယ်ထားကြရသကဲ့သို့ ယေဟောဝါ၏အမှုတော်များနှင့် စီရင်တော်မူချက်တို့ကို နေ့စဉ် စဉ်းစားဆင်ခြင်ကြရန် အချိန်ယူရမည်။—တရားဟောရာ ၈:၃; မဿဲ ၄:၄။
၂ အသင် စဉ်းစားဆင်ခြင်ဖူးသလော။ စဉ်းစားဆင်ခြင်ခြင်းဟူသည် အဘယ်နည်း။ အဘိဓာန်တစ်အုပ်က ထိုစကားလုံးကို “တွေးခေါ်သုံးသပ်သည်၊ လေးလေးနက်နက် တွေးသည်၊ စိစစ်တွေးတောသည်” ဟု ရှင်းလင်းဖော်ပြ၏။ ထို့ပြင် “စိစစ်တွေးတောသည်” ဟူသောစကား၏အဓိပ္ပာယ်မှာ “စဉ်းစားသည်၊ ချင့်ချိန်နှိုင်းဆသည်၊ . . . အထူးသဖြင့် အေးအေးဆေးဆေး၊ ဂရုတစိုက်၊ အလေးအနက်ထား၍ စဉ်းစားသုံးသပ်ခြင်း၊ ပြန်ပြောင်းတွေးတောခြင်း” ကိုဆိုလိုသည်။ ယင်းက ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၃။ ဝိညာဉ်ရေးတိုးတက်မှုသည် အဘယ်အရာနှင့် တိုက်ရိုက်ဆက်စပ်သနည်း။
၃ တစ်ချက်အနေနှင့် အမှုထမ်းချင်းဖြစ်သူ တိမောသေထံ တမန်တော်ပေါလု ရေးသားခဲ့သော ဤစကားကို ကျွန်ုပ်တို့သတိရသင့်သည်– “ငါမလာမီတိုင်အောင်၊ ကျမ်းစာကိုဖတ်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမ . . . ခြင်းကို ကြိုးစား၍ပြုလော့။ . . . သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အားထင်ရှားစေခြင်းငှာ၊ ဤအရာများကိုစိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့။” မှန်ပါသည်၊ တိုးတက်မည်ဟု မျှော်လင့်ထားပြီး ပေါလု၏စကားအရ ဝိညာဉ်ရေးရာကို စိတ်စွဲလမ်းခြင်းနှင့် တိုးတက်ခြင်းသည် တိုက်ရိုက်ဆက်နွှယ်နေကြောင်း ထင်ရှားသည်။ ယနေ့လည်း ထိုနည်းတူပင်ဖြစ်သည်။ ဝိညာဉ်ရေးဘက်တိုးတက်ရန် ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့်ပတ်သက်သည့် အရာများကို ဆက်လက် “စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်” နေကြရဦးမည်ဖြစ်သည်။—၁ တိမောသေ ၄:၁၃-၁၅။
၄။ ယေဟောဝါ၏နှုတ်မြွက်စကားတော်ကို မှန်မှန်စိစစ်တွေးတောရာတွင် အဘယ်ပြင်ဆင်ပေးချက်များကို သင် အသုံးပြုနိုင်သနည်း။
၄ စဉ်းစားဆင်ခြင်ရန် သင့်အတွက် အသင့်တော်ဆုံးအချိန်သည် သင်နှင့် သင့်မိသားစု၏လုပ်ငန်းဆောင်တာအပေါ် မူတည်သည်။ ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်းစာအုပ်ငယ်မှ နံနက်စောစောဖတ်ရှုချိန်၌ ကျမ်းချက်တစ်ချက်ကို ဆင်ခြင်သုံးသပ်သူအများရှိ၏။ အမှန်မှာ ကမ္ဘာတစ်ဝန်းရှိ ဗေသလအိမ်များ၌ စေတနာ့ဝန်ထမ်း ၂၀,၀၀၀ ခန့်သည် ထိုနေ့၏ကျမ်းချက်ကို ၁၅ မိနစ်သုံးသပ်၍ သူတို့၏တစ်နေ့တာကို စတင်ကြသည်။ နံနက်တိုင်း ဗေသလအိမ်သားအနည်းငယ်သာ အလှည့်ကျမှတ်ချက်များပေးကြရသော်လည်း မိသားစုမှအခြားသူတို့က ပြောဆိုဖတ်ရှုသမျှကို စေ့စေ့စဉ်းစားသုံးသပ်ကြသည်။ အခြားသက်သေခံတို့က ယေဟောဝါ၏နှုတ်မြွက်စကားတော်ကို သူတို့၏အလုပ်သွားစဉ် လမ်းတစ်လျှောက်၌ ဆင်ခြင်သုံးသပ်သွားကြ၏။ ဘာသာစကားအချို့ဖြင့် ထုတ်ဝေထားသော သမ္မာကျမ်းစာတိတ်ခွေများအပြင် ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများတိတ်ခွေတို့ကိုလည်း သူတို့နားထောင်သွားကြသည်။ အိမ်ရှင်မအများစုမှာမူ အိမ်မှုရေးရာများ ပြုလုပ်ဆောင်ရွက်စဉ် နားထောင်တတ်ကြသည်။ ဆာလံ ၇၇:၁၁၊ ၁၂၊ သမ္မာ။
အမှန်သော် သူတို့သည် ဤသို့ရေးသားခဲ့သော ဆာလံဆရာအာသပ်ကို တုပနေကြခြင်းတည်း– “ထာဝရဘုရား၏အမှုတော်များကို နှုတ်မြွက်၍ ရှေးကာလ၌ပြုတော်မူသောအံ့သြဖွယ်ရာများကို အောက်မေ့ပါမည်။ ပြုတော်မူသမျှကို စဉ်းစား၍ စီရင်တော်မူသောအရာများကို ဆင်ခြင်ပါမည်။”—စိတ်ထားမှန်က အပြုသဘောဆောင်သောအကျိုးဆက်များ ရရှိစေ
၅။ ကျွန်ုပ်တို့အတွက် ကိုယ်ပိုင်လေ့လာမှု အရေးကြီးသည်ဟု အဘယ်ကြောင့်ယူမှတ်သင့်သနည်း။
၅ ကျွန်ုပ်တို့ခေတ်တွင် ရုပ်မြင်သံကြား၊ ဗီဒီယိုနှင့် ကွန်ပျူတာတို့ ခေတ်စားနေရာ လူအများစုသည် စာမဖတ်ကြတော့သည့်အတွက် အလွန်အကျိုးဆုတ်ယုတ်နေသည်။ သို့သော် ယေဟောဝါသက်သေများသည် ထိုသို့မပြုသင့်ချေ။ အမှန်မှာ သမ္မာကျမ်းစာကိုဖတ်ရှုခြင်းသည် ယေဟောဝါနှင့် ကျွန်ုပ်တို့ အသက်လမ်းကြောင်း ချိတ်ဆက်ထားခြင်းနှင့်တူ၏။ လွန်ခဲ့သောနှစ်ပေါင်း ထောင်နှင့်ချီသောအချိန်၌ ဣသရေလလူမျိုးတို့၏ခေါင်းဆောင်အဖြစ် မောရှေ၏အရာကို ယောရှုဆက်ခံခဲ့သည်။ ယေဟောဝါ၏ကောင်းချီးရရှိရန် ယောရှုသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကိုယ်တိုင်ကိုယ်ကျဖတ်ရှုခဲ့ရသည်။ (ယောရှု ၁:၈; ဆာလံ ၁:၁၊ ၂) ယနေ့ထက်တိုင် ထိုသို့ပြုရန် လိုအပ်သည်။ သို့သော် ပညာအရည်အချင်းနည်းသောကြောင့် အချို့သူတို့သည် ခက်ခက်ခဲခဲ စာဖတ်ရပေမည်။ သို့ဖြစ်၍ သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာလိုစိတ်ရှိရန် အဘယ်အရာက ကူညီပေးနိုင်သနည်း။ အဖြေကို နယပုံပြင် ၂:၁-၆ ပါ ရှောလမုန်ဘုရင်၏စကားများတွင် တွေ့ရှိနိုင်သည်။ ကျေးဇူးပြု၍ ကျမ်းစာဖွင့်ပြီး ထိုအခန်းငယ်များကို ဖတ်ရှုပါ။ ထို့နောက် အတူတကွဆွေးနွေးသွားကြစို့။
၆။ ဘုရားသခင့်အသိပညာအပေါ် ကျွန်ုပ်တို့ အဘယ်သဘောထားရှိသင့်သနည်း။
၆ ဦးဆုံးအနေဖြင့် ဤနှိုးဆော်ချက်ကို ကျွန်ုပ်တို့တွေ့ရှိရသည်– “ငါ့သား သင်သည်ပညာစကားကိုနားထောင်၍၊ စေတနာစိတ်နှင့် ဉာဏ်ကိုရှာဖွေသည်တိုင်အောင် ငါ့စကားကိုနားခံ၍ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်လည်းကောင်း၊ . . .” (သု. ၂:၁၊ ၂) ဤစကားများမှ ကျွန်ုပ်တို့ အဘယ်အရာ သိရှိရသနည်း။ ကျွန်ုပ်တို့တစ်ဦးစီ၌ တာဝန်ရှိကြောင်းသိရှိရသည်။ ‘ငါ့စကားကိုနားခံလျှင်’ ဟုဆင်ခြင်သုံးသပ်ထားသည်ကို သတိပြုပါ။ လူသားထုအများစုသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဂရုမစိုက်ကြသောကြောင့် ‘လျှင်’ ဟူသောစကားလုံးမှာ အလွန်လေးနက်လှသည်။ ကျမ်းစာလေ့လာခြင်းမှ ကျွန်ုပ်တို့ပျော်ရွှင်မှုရရှိရန် ယေဟောဝါမိန့်တော်မူသောစကားများကို ကြားလိုကြရမည်၊ ၎င်းတို့ကို ကျွန်ုပ်တို့မဆုံးရှုံးလိုသည့် ဘဏ္ဍာသဖွယ် ရှုမှတ်ကြရမည်။ ကျွန်ုပ်တို့၏နေ့စဉ်လုပ်ငန်းဆောင်တာကြောင့် အလုပ်များလွန်းပြီး စိုးရိမ်ပူပန်လွန်းသဖြင့် သမ္မာကျမ်းစာကို ဖတ်ဖို့စိတ်မပါ၊ သံသယဝင်သည်အထိ မဖြစ်စေသင့်ချေ။—ရောမ ၃:၃၊ ၄။
၇။ ဖြစ်နိုင်သည့်အခါတိုင်း ခရစ်ယာန်အစည်းအဝေးများကို အဘယ်ကြောင့်တက်ရောက်ပြီး အာရုံစိုက်သွားသင့်သနည်း။
၇ ခရစ်ယာန်အစည်းအဝေးများတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ရှင်းလင်းဖော်ပြသည့်အခါ ကျွန်ုပ်တို့အမှန်တကယ်ပင် ‘အာရုံစိုက်’ နားထောင်ပါသလော။ (ဧဖက် ၄:၂၀၊ ၂၁) ပိုင်းခြားသိမြင်မှုရှိရန် ကျွန်ုပ်တို့ ‘စိတ်နှလုံးကိုညွှတ်’ ပါသလော။ ဟောပြောသူသည် အတွေ့အကြုံအရှိဆုံးသူ ဖြစ်ချင်မှဖြစ်မည်၊ သို့သော် သူသည် သမ္မာကျမ်းစာကို ဟောပြောသွန်သင်ပေးနေစဉ် သူ၏စကားကို ကျွန်ုပ်တို့ဂရုစိုက်နားထောင်သင့်ပေသည်။ မှန်ပါသည်၊ ယေဟောဝါ၏ဉာဏ်ပညာကို မှီဝဲဆည်းကပ်လိုလျှင် ကျွန်ုပ်တို့သည် ဖြစ်နိုင်သည့်အခါတိုင်း ခရစ်ယာန်အစည်းအဝေးများကို တက်ရမည်။ (သု. ၁၈:၁၊ သမ္မာ) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့၌ ယေရုရှလင်မြို့ရှိ အထက်ခန်းမတွင်ကျင်းပခဲ့သော အစည်းအဝေးကို မတက်ရောက်မိခဲ့သူသည် မည်မျှဝမ်းနည်းခဲ့မည်ကို စဉ်းစားကြည့်ပါ! ကျွန်ုပ်တို့၏အစည်းအဝေးများသည် ထိုအစည်းအဝေးကဲ့သို့ပင် ထူးခြားမည်မဟုတ်သော်လည်း ကျွန်ုပ်တို့၏အဓိကဖတ်စာအုပ်ဖြစ်သော သမ္မာကျမ်းစာကို ထိုတွင်ဆွေးနွေးကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဂရုစိုက်နားထောင်ပြီး ကျမ်းစာကိုလိုက်၍ဖွင့်ဖတ်ကြမည်ဆိုလျှင် အစည်းအဝေးတိုင်းသည် ကျွန်ုပ်တို့အတွက် ကောင်းချီးဖြစ်ပေလိမ့်မည်။—တမန်တော် ၂:၁-၄; ဟေဗြဲ ၁၀:၂၄၊ ၂၅။
၈၊ ၉။ (က) ကိုယ်ပိုင်လေ့လာမှုပြုလုပ်ဖို့ ကျွန်ုပ်တို့ဘက်မှ အဘယ်အရာလိုအပ်သနည်း။ (ခ) ဘုရားသခင့်အသိပညာ သဘောပေါက်နားလည်ထားခြင်းကို ရွှေ၏တန်ဖိုးနှင့် သင်မည်သို့နှိုင်းယှဉ်မည်နည်း။
၈ အထက်ပါပညာရှိဘုရင် ဆက်ဆင့်ဆိုသည်ကား “ပိုင်းခြားသိမြင်သောဉာဏ်ကိုဟစ်ခေါ်၍ ဆင်ခြင်သောဉာဏ်သို့ အသံကိုလွှင့်လျှင် . . .” ဟူ၍ဖြစ်သည်။ (သု. ၂:၃၊ သမ္မာ) ဤစကားများက အဘယ်သဘောထားကို ဖော်ပြသနည်း။ ယေဟောဝါ၏နှုတ်မြွက်စကားတော်ကို နားလည်လိုသည့် ပြင်းပြသောဆန္ဒဖြစ်သည်။ ပိုင်းခြားသိမြင်တတ်ပြီး ယေဟောဝါ၏အလိုတော်ကို သိမြင်နားလည်လိုသည့်စိတ်နှင့် ဖတ်ရှုလေ့လာခြင်းကိုဆိုလိုသည်။ ၎င်းကိုရရှိရန် ကြိုးပမ်းအားထုတ်မှုလိုအပ်သည်မှာအမှန်၊ သို့ဖြင့် ယင်းက ရှောလမုန်၏နောက်ဆက်တွဲစကားများနှင့် ပုံဥပမာကို အာရုံစိုက်စေသည်။—ဧဖက် ၅:၁၅-၁၇။
၉ သူကဤသို့ဆက်ဖော်ပြသည်– “ငွေကိုရှာတတ်သကဲ့သို့ ပညာ [သိမြင်နားလည်မှု] ကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့ ဉာဏ်ကိုစူးစမ်းလျှင် . . .” (သု. ၂:၄) ယင်းက ရာစုနှစ်များတစ်လျှောက် အလွန်တန်ဖိုးရှိသည်ဟုဆိုကြသော ရွှေနှင့်ငွေကို ရှာဖွေတူးဖော်ခဲ့ကြသူတို့ကို သတိရစေသည်။ လူတို့သည် ရွှေရဖို့ အခြားသူများကိုပင် သတ်ခဲ့ကြသည်။ အခြားသူတို့မှာမူ သူတို့၏ဘဝတစ်လျှောက်လုံး ရွှေကို ကြိုးစားရှာဖွေခဲ့ကြသည်။ သို့သော် ရွှေသည် အမှန်တကယ်တန်ဖိုးရှိပါသလော။ သင်သည် သဲကန္တာရတွင် လမ်းပျောက်နေ၍ ရေအလွန်ငတ်ပြီး သေလုမတတ်ဖြစ်နေချိန်တွင် အဘယ်အရာကို အလိုရှိ မည်နည်း– ရွှေချောင်းတစ်ချောင်းလော၊ ရေတစ်ခွက်လော။ သို့တိုင် တန်ဖိုးသည်ဟန်မျှဖြစ်ပြီး အပြောင်းအလဲရှိသော ရွှေကို လူတို့သည် ဇွဲနပဲဖြင့်ရှာဖွေကြသည်တကား! * ဘုရားသခင့်ဉာဏ်ပညာတော်၊ ကိုယ်တော်၏အလိုတော်ကို ပိုင်းခြားသိမြင်၍ နားလည်သဘောပေါက်ရန် ထိုထက်မကဇွဲလုံ့လထုတ်ပြီး ရှာဖွေဆည်းပူးသင့်သည်တကား! ဤသို့ရှာဖွေဆည်းပူးခြင်း၏ အကျိုးကျေးဇူးများကား အဘယ်နည်း။—ဆာလံ ၁၉:၇-၁၀; သု. ၃:၁၃-၁၈။
၁၀။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျွန်ုပ်တို့ လေ့လာကြလျှင် အဘယ်အရာကို ရှာဖွေတွေ့ရှိနိုင်သနည်း။
၁၀ ရှောလမုန်က ဤသို့ဆက်ရှင်းပြသည်– “ထာဝရဘုရားကိုကြောက်သောသဘော၌ကျင်လည်၍ ဘုရားသခင်ကိုသိသောဉာဏ်နှင့် ပြည့်စုံလိမ့်မည်။” (သု. ၂:၅) အံ့ဩစရာပင်—အပြစ်ပြည့်နေသော ကျွန်ုပ်တို့လူသားများသည် စကြဝဠာပိုင်သအုပ်စိုးရှင် ယေဟောဝါ ‘ဘုရားသခင်၏ဉာဏ်’ ကိုယ်နှိုက်ကိုတွေ့ရှိနိုင်သည်! (ဆာလံ ၇၃:၂၈; တမန်တော် ၄:၂၄) လောကအတွေးအခေါ်ပညာရှင်များနှင့် ပညာရှိအမည်ခံသူတို့သည် အသက်ရှင်ခြင်းနှင့် စကြဝဠာ၏ရှုပ်ထွေးနက်နဲရာများကို နားလည်ရန် ရာစုနှစ်ချီ ကြိုးစားအားထုတ်ခဲ့ကြပြီ။ သို့သော် သူတို့သည် “ဘုရားသခင်ကိုသိသောဉာဏ်” မရခဲ့ကြချေ။ အဘယ်ကြောင့်နည်း။ ထိုအသိဉာဏ်ပညာကို နှစ်ပေါင်းထောင်ချီ၍ ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာတွင် ဖော်ပြထားသော်လည်း သူတို့က ယင်းကို ရိုးရှင်းလွန်း၏ဟုဆိုပြီး ငြင်းပယ်ကြကာ လက်မခံသဖြင့် နားမလည်နိုင်ကြချေ။—၁ ကောရိန္သု ၁:၁၈-၂၁။
၁၁။ ကိုယ်ပိုင်လေ့လာမှုပြုခြင်း၏ အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။
၁၁ ဤတွင် ရှောလမုန် အလေးပေးဖော်ပြသည့် နောက်ထပ်တိုက်တွန်းလှုံ့ဆော်ချက်တစ်ခုရှိသည်– “ထာဝရဘုရားသည် ပညာကိုပေးတော်မူတတ်၏။ နားလည်နိုင်သောဉာဏ်သည် နှုတ် [မြွက်စကား] တော်အားဖြင့်သာဖြစ်တတ်၏။” (သု. ၂:၆) ယေဟောဝါသည် ဉာဏ်ပညာ၊ အသိပညာနှင့် ပိုင်းခြားသိမြင်မှုတို့ကို ရှာဖွေတွေ့ရှိလိုသူ မည်သူမဆိုအား အခမဲ့ရက်ရက်ရောရော ပေးသနားတော်မူသည်။ ကြိုးပမ်းအားထုတ်မှု၊ စည်းစနစ်ကျနမှုနှင့် အနစ်နာခံမှုလိုအပ်လျှင်ပင် သမ္မာကျမ်းစာကို ကိုယ်ပိုင်လေ့လာဖတ်ရှုခြင်းကို ကျွန်ုပ်တို့တန်ဖိုးထားကြရန် အကြောင်းရင်းအမှန်ပင်ရှိသည်။ ကျွန်ုပ်တို့တွင် ပုံနှိပ်ထားသည့်သမ္မာကျမ်းစာများရှိကြပြီး ရှေးခေတ်က အချို့သူတို့နည်းတူ ကူးရေးဖို့မလိုချေ။—တရားဟောရာ ၁၇:၁၈၊ ၁၉။
ယေဟောဝါနှင့် ထိုက်လျောက်စွာကျင့်ခြင်း
၁၂။ ဘုရားသခင်အား သိကျွမ်းခြင်းပညာကို ဆည်းပူးသည့်ရည်ရွယ်ချက်ကား အဘယ်သို့ဖြစ်သင့်သနည်း။
၁၂ ကိုယ်ပိုင်လေ့လာမှုပြုခြင်း၏ ရည်ရွယ်ချက်ကား အဘယ်အရာဖြစ်သင့်သနည်း။ သူတစ်ပါးထက် တော်သည်၊ တတ်သည်ပုံပေါက်စေရန်လော။ အသိပညာသာကြောင်း ဖော်ပြရန်လော။ တစ်နည်းအားဖြင့် ကျမ်းစာ စွယ်စုံရပုဂ္ဂိုလ်များဖြစ်ကြောင်း ဖော်ပြရန်လော။ ထိုသို့မဟုတ်ပါ။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ ခရစ်တော်၏လန်းဆန်းပေါ့ပါးမဿဲ ၁၁:၂၈-၃၀) တမန်တော်ပေါလုက ဤသို့သတိပေးခဲ့သည်– “ဉာဏ်သည် ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။” (၁ ကောရိန္သု ၈:၁) ထို့ကြောင့် ယေဟောဝါအား မောရှေက “အကျွန်ုပ်သည် ရှေ့တော်၌မျက်နှာရလျှင် မျက်နှာရကြောင်းကို အကျွန်ုပ်သိပါမည်အကြောင်း ကိုယ်တော်၏လမ်းကိုပြတော်မူပါ” ဟုကြားလျှောက်သောအခါ သူတင်ပြခဲ့သည့် နှိမ့်ချသောသဘောထားမျိုး ကျွန်ုပ်တို့၌ရှိသင့်သည်။ (ထွက်မြောက်ရာ ၃၃:၁၃) မှန်ပါသည်၊ လူတို့ အထင်ကြီးစေရန်မဟုတ်ဘဲ ဘုရားသခင့်စိတ်တော်နှင့်တွေ့ရန် အသိပညာကို ကျွန်ုပ်တို့ဆည်းပူးသင့်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ကျေးကျွန်များဖြစ်ထိုက်သည့် နှိမ့်ချမှုရှိသူများဖြစ်လိုကြသည်။ ထိုပန်းတိုင်ကို မည်သို့မီနိုင်ကြမည်နည်း။
သောစိတ်ဓာတ်နှင့်အညီ သူတစ်ပါးကို ကူညီပေးရန်အသင့်ရှိသော၊ ဟောပြောကျင့်ကြံသော ခရစ်ယာန်များ ဖြစ်လာကြစေရန်တည်း။ (၁၃။ ဘုရားသခင်၏ကျေးကျွန်တစ်ဦး ဖြစ်ထိုက်ရန် အဘယ်အရာလိုအပ်သနည်း။
၁၃ ဘုရားသခင့်စိတ်တော်နှင့် မည်သို့တွေ့ရှိနိုင်ကြောင်း ပေါလုက တိမောသေအား ဤသို့ပြောဆိုဆုံးမခဲ့သည်– “သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ [အမှန်] တရားကို မှန်ကန်စွာပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့။” (၂ တိမောသေ ၂:၁၅) “မှန်ကန်စွာပိုင်းခြား” ဟူသော စကားသည် မူရင်း၌ “ဖြောင့်တန်းစွာညှပ်ခြင်း” သို့မဟုတ် ‘ဖြောင့်တန်းစွာညှပ်ရန်’ ဟု အဓိပ္ပာယ်ရှိသည့် ဂရိကြိယာပေါင်းစပ်ပုဒ်မှ ဆင်းသက်လာသည်။ (နိုင်ငံတော်စာကြောင်းကြားညှပ်ကျမ်း) အချို့ဆိုသည့်အတိုင်း ယင်းသည် အပ်ချုပ်သမားတစ်ဦးက အထည်စကိုပုံစံအတိုင်းညှပ်ခြင်း၊ လယ်ကွင်းတွင် လယ်သမားတစ်ဦး ထယ်ထိုးခြင်း စသည့်စိတ်ကူးကို မြင်ယောင်စေသည်။ မည်သို့ဆိုစေကာမူ အဆုံးရလဒ်ကား တိကျမှန်ကန်ရမည်၊ ဖြောင့်ဖြောင့်တန်းတန်းဖြစ်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ တိမောသေသည် ဘုရားသခင့်မျက်နှာသာရ ကျေးကျွန်တစ်ဦးအဖြစ် ထိုက်တန်စွာအခေါ်ခံလိုလျှင် သူ၏သွန်သင်ချက်နှင့် အပြုအမူတို့ အမှန်တရားနှင့်အညီ ဖြစ်မဖြစ် အသေအချာ “ကြိုးစားအားထုတ်” စစ်ဆေးရမည်ဖြစ်သည်။—၁ တိမောသေ ၄:၁၆။
၁၄။ ကျွန်ုပ်တို့၏ကိုယ်ပိုင်လေ့လာမှုသည် ကျွန်ုပ်တို့ပြောဆိုပြုမူသမျှအပေါ် မည်သို့သြဇာသက်ရောက်သင့်သနည်း။
၁၄ ကောလောသဲမြို့ရှိ ခရစ်ယာန်အသင်းသားများအား “ကောင်းသောအကျင့်အမျိုးမျိုးတည်းဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသောဉာဏ်တိုးပွားခြင်း” ဖြင့် “သခင်ဘုရားနှင့်ထိုက်လျောက်စွာကျင့်၍ အရာရာ၌နှစ်သက်တော်မူစေ” ရန် ပေါလုတိုက်တွန်းသောအခါ ထိုအချက်ကိုပင် ဖော်ပြခဲ့သည်။ (ကောလောသဲ ၁:၁၀-၁၂) ဤတွင် ပေါလုက “ကောင်းသောအကျင့်အမျိုးမျိုးတည်းဟူသော အသီးကိုသီးခြင်း” နှင့် “ဘုရားသခင်ကိုသိသောဉာဏ်တိုးပွားခြင်း” သည် ယေဟောဝါနှင့်ထိုက်လျောက်စွာကျင့်ခြင်းဖြစ်၏ဟု ဆက်စပ်ဖော်ပြထားသည်။ တစ်နည်းဆိုရသော် ယေဟောဝါတန်ဖိုးထားရာမှာ အသိပညာကို ကျွန်ုပ်တို့ မည်မျှမြတ်နိုးသည်သာမက ကျွန်ုပ်တို့ပြောဆိုပြုမူသမျှတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် မည်မျှအနီးကပ်လိုက်လျှောက်ခြင်းလည်း ပါဝင်သည်။ (ရောမ ၂:၂၁၊ ၂၂) ဆိုလိုသည်မှာ ဘုရားသခင့်စိတ်တော်နှင့်တွေ့လိုလျှင် ကျွန်ုပ်တို့၏ကိုယ်ပိုင်လေ့လာမှုသည် ကျွန်ုပ်တို့၏အတွေးအခေါ်နှင့် အပြုအမူအပေါ် ဩဇာသက်ရောက်ရမည်ဖြစ်သည်။
၁၅။ ကျွန်ုပ်တို့၏စိတ်နှင့် အတွေးအခေါ်များကို မည်သို့ကာကွယ်ထိန်းချုပ်နိုင်သနည်း။
၁၅ ယနေ့ စာတန်သည် စိတ်ပိုင်းကိုတိုက်ခိုက်ခြင်းဖြင့် ကျွန်ုပ်တို့၏ဝိညာဉ်ရေး ပျက်စီးသွားရလေအောင် ကြိုးစားပြုလုပ်နေပါသည်။ (ရောမ ၇:၁၄-၂၅) သို့ဖြစ်၍ ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါနှင့်ထိုက်လျောက်စွာကျင့်ကြံရန် ကျွန်ုပ်တို့၏စိတ်နှလုံးနှင့် အတွေးအခေါ်ကို စောင့်စည်းထိန်းချုပ်ထားကြရမည်။ ကျွန်ုပ်တို့၏လက်နက်မှာ “ခပ်သိမ်းသောစိတ်များကို ဖမ်းသွားချုပ်ထားလျက် ခရစ်တော်၏စကားကို နားထောင်စေ” နိုင်သည့် “ဘုရားသခင်ကိုသိသောပညာ” ဖြစ်သည်။ ယင်းကြောင့် တစ်ကိုယ်ကောင်းစိတ်နှင့် ဇာတိသဘောကို ကျွန်ုပ်တို့စိတ်နှလုံးထဲမှ ထုတ်ပယ်လိုကြသည့်အတွက် နေ့စဉ်ကျမ်းစာဖတ်ရှုလေ့လာခြင်းကို သာ၍ဂရုစိုက်ရန်အကြောင်းရှိသည်။—၂ ကောရိန္သု ၁၀:၅။
နားလည်စေရန်အထောက်အကူများ
၁၆။ ကျွန်ုပ်တို့ကို ယေဟောဝါသွန်သင်ပေးစဉ် ကိုယ်ကိုကိုယ် မည်သို့အကျိုးပြုနိုင်သနည်း။
၁၆ ယေဟောဝါ၏သွန်သင်ချက်များသည် ဝိညာဉ်ရေးနှင့် ကာယဟေရှာယ ၄၈:၁၇) ယေဟောဝါ၏အကျိုးပြုသောလမ်းစဉ်၌ ကျွန်ုပ်တို့သွားလာနိုင်ကြရန် ကိုယ်တော်မည်သို့လုပ်ဆောင်သနည်း။ ဦးစွာ၊ ကျွန်ုပ်တို့၌ သန့်ရှင်းသောသမ္မာကျမ်းစာ၊ မှုတ်သွင်းခံနှုတ်မြွက်စကားတော်ပေးထား၏။ ယင်းသည် ကျွန်ုပ်တို့၏အဓိကဖတ်စာဖြစ်ပြီး ၎င်းကို အမြဲကိုးကားရည်ညွှန်းကြရသည်။ ယင်းကြောင့် ခရစ်ယာန်အစည်းအဝေးများတွင် သမ္မာကျမ်းစာကိုဖွင့်ထားပြီး လိုက်ဖတ်ကြစဉ် အာရုံစိုက်နားထောင်ခြင်းသည် အလွန်ကောင်း၏။ ထိုသို့ပြုခြင်း၏အကျိုးကျေးဇူးကို တမန်တော်အခန်းကြီး ၈ တွင် ဖော်ပြထားသည့် အဲသယောပိအမတ်၏အကြောင်းက သဘောပေါက်စေသည်။
ရေးအကျိုးကျေးဇူးများ ဖြစ်ထွန်းစေသည်။ ကိုယ်တော်၏သွန်သင်ချက်များသည် စိတ်ဝင်စားဖွယ်မကောင်းသည့် လက်တွေ့မကျသော ဘုရားသခင်ရေးရာပညာမျှမဟုတ်ချေ။ သို့နှင့် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။” (၁၇။ အဲသယောပိအမတ်၏ကိစ္စတွင် မည်သို့ဖြစ်ပျက်ခဲ့သနည်း၊ ယင်းက အဘယ်အရာကို ဖော်ပြသနည်း။
၁၇ အဲသယောပိအမတ်သည် ယုဒဘာသာသို့ ပြောင်းဝင်လာသူတစ်ဦးဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်ကိုးစားသူတစ်ဦးဖြစ်ပြီး ကျမ်းစာကို ဖတ်ရှုလေ့လာခဲ့သူဖြစ်သည်။ မြင်းရထားဖြင့် သူခရီးသွားစဉ် ဟေရှာယကျမ်းကိုဖတ်ရှုနေရာ သူ့အနီးသို့ ဖိလိပ္ပုပြေးလာ၍ “ဖတ်သောအရာကိုနားလည်ပါ၏လော” ဟု မေးသောအခါ အမတ်က မည်သို့ဖြေဆိုခဲ့သနည်း။ “‘သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့နားလည်နိုင်မည်နည်း’ ဟုဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက်၍ထိုင်နေပါမည်အကြောင်း တောင်းပန်၏။” ထိုအခါ ဖိလိပ္ပုသည် ဝိညာဉ်တော်ညွှန်ကြားမှုဖြင့် ဟေရှာယ၏ပရောဖက်ပြုချက် နားလည်စေရန် အဆိုပါအမတ်ကိုကူညီပေးခဲ့သည်။ (တမန်တော် ၈:၂၇-၃၅) ယင်းက အဘယ်အရာကို သရုပ်ဖော်သနည်း။ ကျမ်းစာကို မိမိဘာသာဖတ်ရုံဖြင့် မလုံလောက်ကြောင်းဖြစ်သည်။ ယေဟောဝါသည် ကိုယ်တော်၏ဝိညာဉ်တော်အားဖြင့် မိမိ၏နှုတ်မြွက်စကားတော်ကို အခန့်သင့်အချိန်တွင် ကျွန်ုပ်တို့နားလည်စေဖို့ ကူညီပေးရန် သစ္စာနှင့်သတိပညာရှိကျေးကျွန်အတန်းအစားကို အသုံးပြုနေတော်မူ၏။ ၎င်းကို မည်သို့ပြုတော်မူသနည်း။—မဿဲ ၂၄:၄၅-၄၇; လုကာ ၁၂:၄၂။
၁၈။ သစ္စာနှင့်သတိပညာရှိကျေးကျွန်သည် ကျွန်ုပ်တို့ကို မည်သို့ကူညီပေးသနည်း။
၁၈ ၎င်းကျေးကျွန်အတန်းအစားသည် ‘သစ္စာနှင့်သတိပညာရှိ’ ၏ဟုဆိုသော်လည်း ထိုကျေးကျွန်သည် မမှားမယွင်းနိုင်ဟု ယေရှု မိန့်တော်မမူခဲ့ချေ။ ဤသစ္စာရှိ ဝိညာဉ်တော်ဖွားညီအစ်ကိုများအုပ်စုသည် မစုံလင်သောခရစ်ယာန်များဖြင့် ဖွဲ့စည်းထားဆဲရှိသည်။ သူတို့မှာ အကောင်းမွန်ဆုံးရည်ရွယ်ချက်များ ရှိသော်လည်း သူတို့သည် ပထမရာစုရှိ ညီအစ်ကိုများကဲ့သို့ တစ်ခါတစ်ရံ တိမ်းချော်လွဲမှားနိုင်ပါသည်။ (တမန်တော် ၁၀:၉-၁၅; ဂလာတိ ၂:၈၊ ၁၁-၁၄) သို့သော် သူတို့သည် စိတ်ရင်းမှန်ရှိပြီး ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် ကတိတော်တို့ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချစေရန် ကျမ်းစာလေ့လာရေး အထောက်အကူစာပေများဖြင့် ထောက်ပံ့ပေးဖို့ သူတို့ကို ယေဟောဝါအသုံးပြုနေတော်မူသည်။ ကျွန်ုပ်တို့ကိုယ်ပိုင်လေ့လာမှုပြုဖို့အတွက် အဆိုပါကျေးကျွန်ပေးထားသည့် အဓိကပြင်ဆင်ပေးချက်မှာ သန့်ရှင်းသောကျမ်းစာစောင်များ၏ကမ္ဘာသစ်ဘာသာပြန်ကျမ်းဖြစ်သည်။ ယခု တစ်အုပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းအနေနှင့်ဖြစ်စေ ဘာသာစကားပေါင်း ၄၂ ဘာသာဖြင့်စောင်ရေ ၁၁၄ သန်းမျှ အကြိမ်ကြိမ်ပုံနှိပ်ထုတ်ဝေခဲ့ပြီ။ ကျွန်ုပ်တို့ကိုယ်ပိုင်လေ့လာမှုပြုရာတွင် ယင်းကို မည်သို့ထိထိရောက်ရောက် အသုံးပြုနိုင်ကြမည်နည်း။—၂ တိမောသေ ၃:၁၄-၁၇။
၁၉။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း—အညွှန်းများဖြင့်ကျမ်းစာ၏ အဘယ်ထူးခြားချက်များသည် ကိုယ်ပိုင်လေ့လာမှုအတွက် အကူအညီဖြစ်စေနိုင်သနည်း။
၁၉ သန့်ရှင်းသောကျမ်းစာစောင်များ၏ကမ္ဘာသစ်ဘာသာပြန်ကျမ်း—အညွှန်းများဖြင့်ကျမ်းစာကို ဥပမာအဖြစ်ကြည့်ပါ။ ၎င်းတွင် အပြန်အလှန်အညွှန်းကော်လံများ၊ အောက်ခြေမှတ်ချက်များ၊ ဆာလံ ၁၄၉:၁-၉; ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၆:၉၊ ၁၀။
“သမ္မာကျမ်းစာစကားလုံးအညွှန်း” ပုံစံဖြင့် ဝေါဟာရစာရင်းအကျဉ်းချုပ်အပြင် “အောက်ခြေမှတ်ချက်စကားလုံးအညွှန်း” နှင့် မြေပုံများ၊ ဇယားများအပါအဝင် အကြောင်းအရာ ၄၃ မျိုးကိုပါ နောက်ဆက်တွဲ ပူးတွဲဖော်ပြထားသည်။ ထို့အပြင် “နိဒါန်း” တွင် ဤထူးခြားသောသမ္မာကျမ်းစာ ပြန်ဆိုမှုအတွက် အသုံးပြုခဲ့သည့် ရင်းမြစ်စာပေများစွာ၏ ရှင်းလင်းချက်လည်းရှိသည်။ ဤသမ္မာကျမ်းစာကို သင်နားလည်နိုင်သောဘာသာစကားဖြင့် ရရှိနိုင်လျှင် ဤအထူးပြင်ဆင်ချက်များနှင့် အကျွမ်းတဝင်ရှိရန်ကြိုးစားပြီး ၎င်းတို့ကို အသုံးပြုပါ။ မည်သို့ဆိုစေကာမူ ကိုယ်ပိုင်လေ့လာမှုကို သမ္မာကျမ်းစာနှင့် အဓိကစတင်ပြုလုပ်ရမည်ဖြစ်ကာ ကမ္ဘာသစ်ဘာသာပြန်ကျမ်းသည် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုကို မီးမောင်းထိုးပြသည့်ပြင် မြင့်မြတ်သောနာမတော်ကို လျောက်ပတ်စွာအလေးပေးဖော်ပြထားသော ဘာသာပြန်ကျမ်းဖြစ်သည်။—၂၀။ ကိုယ်ပိုင်လေ့လာမှုနှင့်ပတ်သက်၍ အဘယ်မေးခွန်းများကို ယခု ဖြေဆိုပေးရန်လိုသနည်း။
၂၀ ယခု ကျွန်ုပ်တို့ ဤသို့မေးမြန်းနိုင်ပေသည်– ‘သမ္မာကျမ်းစာကိုနားလည်ရန် အဘယ်အကူအညီလိုအပ်သေးသနည်း။ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ဖို့အတွက် အချိန်ဇယားမည်သို့ဆွဲနိုင်မည်နည်း။ ကျွန်ုပ်တို့၏လေ့လာမှုကို သာ၍ထိရောက်စေရန် မည်သို့ပြုလုပ်နိုင်သနည်း။ ကျွန်ုပ်တို့၏လေ့လာမှုက အခြားသူတို့ကို မည်သို့အကျိုးရှိစေသင့်သနည်း။’ ကျွန်ုပ်တို့ခရစ်ယာန်တိုးတက်မှု၏ ဤအရေးပါသောအချက်များကို နောက်ဆောင်းပါးတွင် သုံးသပ်သွားကြမည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 9 ၁၉၇၉ ခုနှစ်ကတည်း ရွှေဈေးကစားခဲ့သည်မှာ ၁၉၈၀ ပြည့်နှစ်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၈၅၀.၀၀ အထိတက်ပြီး ၁၉၉၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅၂.၈၀ အထိကျခဲ့သည်။
သင်မှတ်မိသလော
• “စဉ်းစားဆင်ခြင်သည်၊” “စိစစ်တွေးတောသည်” တို့၏ အဓိပ္ပာယ်ကား အဘယ်နည်း။
• သမ္မာကျမ်းစာကို လေ့လာခြင်းအပေါ် အဘယ်သဘောထား ရှိသင့်သနည်း။
• အဘယ်ရည်ရွယ်ချက်ဖြင့် ကိုယ်ပိုင်လေ့လာမှုပြုသင့်သနည်း။
• သမ္မာကျမ်းစာကို သဘောပေါက်နားလည်ရန် အဘယ်အထောက်အကူများရှိသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဗေသလမိသားစုသည် တစ်နေ့စီကို ကျမ်းချက်တစ်ချက် သုံးသပ်ကာ စတင်ခြင်းဖြင့် ဝိညာဉ်ရေးခွန်အားရရှိကြ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ခရီးသွားစဉ် သမ္မာကျမ်းစာတိတ်ခွေများကို နားထောင်သွားခြင်းဖြင့် တန်ဖိုးရှိသောအချိန်ကို အလဟဿမဖြစ်စေပါ
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
လူတို့သည် ရွှေကိုရ ရှိရန် တောင့်တ၍ ကြိုးပမ်းခဲ့ကြသည်။ သမ္မာကျမ်းစာလေ့လာမှုကို သင်မည်မျှကြိုးပမ်းခဲ့ပြီနည်း
[Credit Line]
Courtesy of California State Parks, 2002
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာသည် ထာဝရအသက်သို့ပို့ဆောင်နိုင်သော ဘဏ္ဍာဖြစ်