ဆိုးသွမ်းမှု အောင်ပွဲခံခဲ့ပြီလော
ဆိုးသွမ်းမှု အောင်ပွဲခံခဲ့ပြီလော
စကြဝဠာတစ်ခွင် ကောင်းမှုနှင့် ဆိုးသွမ်းမှု လွန်ဆွဲနေသည်ဟူသည့် အယူအဆသည် ခေတ်ကာလတစ်လျှောက် စာရေးဆရာများနှင့် အတွေးအခေါ်ပညာရှင်များအတွက် မပြီးနိုင်သောမှန်းဆချက်များကို ဖြစ်စေခဲ့ပြီ။ သို့သော် ဘုရားသခင်နှင့် စာတန်၏ ပြိုင်ဆိုင်မှုအကြောင်း စာအုပ်တစ်အုပ်တွင် တိကျမှန်ကန်စွာ မှတ်တမ်းတင်ထားသည်။ ထိုစာအုပ်ကား သမ္မာကျမ်းစာပင်ဖြစ်၏။ ဤပြိုင်ဆိုင်မှုတွင် အဘယ်အရေးကိစ္စများပါဝင်ကြောင်းကို ထိုစာအုပ်က မီးမောင်းထိုးပြပြီး အမှန်တကယ်အောင်ပွဲခံသူကား မည်သူဖြစ်ကြောင်း ပိုင်းခြားသိမြင်စေသည်။
ပထမလူယောက်ျားနှင့် လူမိန်းမကို ဖန်ဆင်းပြီးနောက် များမကြာမီပင် မမြင်ရသောဝိညာဉ်သား စာတန်သည် ဘုရားသခင်၏အုပ်ချုပ်မှုကို စိန်ခေါ်ခဲ့၏။ မည်သို့အားဖြင့်နည်း။ ဘုရားသခင်သည် မိမိ၏ဖန်ဆင်းရာများထဲမှ ကောင်းနိုးရာရာများကို ထိမ်ချန်ထားကြောင်း၊ လူသားများသည် ကိုယ်တော်မပါဘဲ ကောင်းစွာနေနိုင်ကြောင်း ကောက်ကျစ်စဉ်းလဲစွာ ပြောဆိုခြင်းအားဖြင့်ဖြစ်သည်။—ကမ္ဘာဦး ၃:၁-၅; ဗျာ. ၁၂:၉။
နောက်ပိုင်းတွင် စာတန်သည် ဘိုးဘေးယောဘလက်ထက်၌ နောက်ပြဿနာတစ်ခုပေါ်စေခဲ့သည်။ ဘုရားသခင်အပေါ် ယောဘ၏တည်ကြည်မှုကို ချိုးဖောက်ရန် စာတန်ကြိုးစားလို၍ ဤသို့ဆိုခဲ့သည်– “အရေဖို့အရေဟု ဆိုသကဲ့သို့ လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကို ပေးပါလိမ့်မည်။” (ယောဘ ၂:၄) ခြုံငုံ၍ အခိုင်အမာစိန်ခေါ်လိုက်ခြင်းပင်! စာတန်သည် ယောဘအမည်ကိုမသုံးဘဲ “လူ” ဟူသော ယေဘုယျအသုံးအနှုန်းကို အသုံးပြုလိုက်ခြင်းဖြင့် လူတိုင်း၏တည်ကြည်မှုကို သံသယဝင်စေခဲ့သည်။ စာတန်က ‘လူသည် သူ၏အသက်အတွက် အဘယ်အရာကိုမဆို ပြုလုပ်လိမ့်မည်။ အကျွန်ုပ်ကိုခွင့်ပြုလျှင် မည်သူကိုမဆို ဘုရားသခင်နှင့်ဝေးကွာသွားစေနိုင်သည်’ ဟုပြောဆိုခဲ့သည်။
အောက်ပါမေးခွန်းနှစ်ခုကို ဖြေဆိုလိုက်ခြင်းဖြင့် ဘုရားသခင်နှင့် စာတန် ပြိုင်ဆိုင်မှုတွင် မည်သူအောင်ပွဲခံကြောင်း ပိုင်းခြားသိမြင်နိုင်သည်– လူသည် မိမိကိုယ်ကို အောင်မြင်စွာ အုပ်ချုပ်နိုင်သလော။ စာတန်သည် လူတိုင်းကို စစ်မှန်သောဘုရားသခင်ထံမှ ဝေးကွာသွားစေနိုင်သလော။
လူတို့သည် မိမိတို့ကိုယ်ကို အောင်မြင်စွာ အုပ်ချုပ်နိုင်သလော
လူတို့သည် အုပ်ချုပ်မှုပုံစံအမျိုးမျိုးကို နှစ်ပေါင်းထောင်နှင့်ချီ၍ စမ်းသပ်ခဲ့ကြသည်။ သမိုင်းတစ်လျှောက် ဘုရင်စနစ်၊ မှူးမတ်စနစ်၊ ဒီမိုကရေစီစနစ်၊ သက်ဦးဆံပိုင်စနစ်၊ ဖက်ဆစ်ဝါဒနှင့် ကွန်မြူနစ်ဝါဒ အစရှိသော အုပ်ချုပ်မှုပုံစံအမျိုးမျိုးကို ကြိုးစားစမ်းသပ်ကြည့်ခဲ့ကြပြီ။ ထိုသို့ အမြဲတမ်းစမ်းသပ်ကြည့်ဖို့လိုခဲ့ခြင်းက ယင်းအုပ်ချုပ်နည်းအမျိုးမျိုးသည် ကျေနပ်ဖွယ်မရှိကြောင်း ထင်ရှားသည်မဟုတ်လော။
၁၉၂၂ ခုနှစ်၌ ထုတ်ဝေခဲ့သော ကမ္ဘာ့သမိုင်း စာအုပ်တွင် အိပ်ခ်ျ. ဂျီ. ဝဲလ်စ်က “ရောမပြည်သူတို့သည် အုပ်ချုပ်မှုပိုင်းဆိုင်ရာ စမ်းသပ်မှုကြီးကို အမှတ်မထင်ပြုလုပ်ခဲ့ကြသည်။ ယင်းသည် အမြဲပြောင်းလဲခဲ့ကာ တစ်ခါမျှ တည်ငြိမ်မှုမရှိခဲ့ချေ။ တစ်နည်းအားဖြင့်ဆိုသော် ထိုစမ်းသပ်မှုသည် မအောင်မြင်ခဲ့ပေ။ နောက်တစ်နည်းအားဖြင့်ဆိုလျှင် ထိုစမ်းသပ်မှုသည် မပြီးဆုံးသေးချေ၊ ယနေ့ ဥရောပနှင့် အမေရိကတို့တွင် ရောမပြည်သူတို့ စတင်ရင်ဆိုင်ခဲ့ရသည့် ကမ္ဘာအနှံ့တွေ့ရှိရသော ရှုပ်ထွေးပွေလီသည့် တိုင်းရေးပြည်ရေးများကို ဖြေရှင်းနေရဆဲရှိသည်။”
၂၀ ရာစုတစ်လျှောက် အုပ်ချုပ်ရေးဆိုင်ရာ စမ်းသပ်မှု ဆက်ပြုလုပ်ခဲ့ကြသည်။ ထိုရာစုနှစ်အကုန်တွင် ဒီမိုကရေစီအုပ်ချုပ်ရေးကို တစ်ခါနှင့်မျှမတူအောင် လက်ခံခဲ့ကြ၏။ သီအိုရီအရ ဒီမိုကရေစီသည် လူတိုင်းကို ပါဝင်ပတ်သက်စေသည်။ သို့ရာတွင် လူသည် ဘုရားသခင်မပါဘဲ အောင်မြင်စွာ အုပ်ချုပ်နိုင်သည်ဟု ဒီမိုကရေစီစနစ်က ထင်ရှားပြသလော။ အိန္ဒိယဝန်ကြီးချုပ်ဟောင်း ဂျဝါဟလ္လာ နေရူးက ဒီမိုကရေစီစနစ်ကို လက်ခံဖွယ်ဖြစ်သည်ဟုဆို၏၊ သို့သော်လည်း သူက “တခြားစနစ်တွေက ပိုမိုဆိုးရွားတာမို့ အဲ့ဒီလို ကျွန်တော်ပြောရတာပါ” ဟုထပ်ဆင့်ဆို၏။ ပြင်သစ်သမ္မတဟောင်း ဗဲလာရီ ဂစ်ကတ် ဒီအက်စ်တိန်းက ဤသို့ပြောခဲ့သည်– “ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီစနစ်ရဲ့ ခက်ခဲကျပ်တည်းမှုကို ကျွန်ုပ်တို့မျက်မြင်ကိုယ်တွေ့ပါပဲ။”
ဘီ.စီ.အီး. ငါးရာစုနှစ်၌ပင် ဂရိအတွေးအခေါ်ပညာရှင် ပလေတိုသည် ဒီမိုကရေစီအုပ်ချုပ်နည်း၏ အားနည်းချက်ကို တွေ့မြင်ခဲ့၏။ နိုင်ငံရေးသီအိုရီသမိုင်း စာအုပ်၏အဆိုအရ “ဒီမိုကရေစီအုပ်ချုပ်ရေးမအောင်မြင်ရခြင်းမှာ . . . အသိဉာဏ်ခေါင်းပါးမှုနှင့် အရည်အချင်းမပြည့်မီမှုတို့ကြောင့်ဖြစ်သည်” ဟုဝေဖန်ပြစ်တင်ခဲ့
သည်။ မျက်မှောက်ခေတ် . . . အရည်အချင်းပြည့်မီသူများကို ရှာတွေ့ဖို့ခက်သည်ဟု . . . ညည်းညူကြသည်။ “အခက်အခဲပြဿနာကြီးများ ကြုံတွေ့နေရသည့်အခိုက် . . . အရည်အချင်းမပြည့်မီကြသည့်အတွက် လူတို့စိတ်အနှောင့်အယှက်ဖြစ်နေကြသည်” ဟုသည်ဝေါလ်စထရိဂျာနယ် ကဆို၏။ ယင်းက ထပ်ဆင့်၍ ဤသို့ဆိုသေးသည်– “လမ်းပြညွှန်ကြားမှုရဖို့ မျှော်ကိုးနေချိန်တွင် တွေဝေနှောင့်နှေးပြီး အကျင့်ပျက်ပြားနေကြရာ သူတို့စိတ်ပျက်ကြရသည်။”ယခု ရှေးဣသရေလရှင်ဘုရင် ရှောလမုန်၏ အုပ်ချုပ်မှုကို သုံးသပ်ကြည့်ပါ။ ယေဟောဝါဘုရားသခင်သည် ရှောလမုန်ကို ထူးခြားထင်ရှားသော ဉာဏ်ပညာ ပေးသနားခဲ့၏။ (၃ ဓမ္မရာဇဝင် ၄:၂၉-၃၄) ဣသရေလလူမျိုးသည် ရှောလမုန်၏ အနှစ် ၄၀ နန်းသက်အတွင်း မည်သည့်အခြေအနေတွင်ရှိခဲ့သနည်း။ “ထိုကာလ၌ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြား၍ စားသောက်ပျော်မွေ့လျက်နေကြ၏” ဟုသမ္မာကျမ်းစာက ဖြေဆို၏။ ထို့ပြင် မှတ်တမ်းက ဤသို့ဖော်ပြသည်– ရှောလမုန် “လက်ထက်တော်ကာလပတ်လုံး ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင်အောက်မှာ ငြိမ်ဝပ်စွာနေရကြ၏။” (၃ ဓမ္မရာဇဝင် ၄:၂၀၊ ၂၅) မျက်မြင်မရ ပိုင်သအုပ်စိုးရှင် ယေဟောဝါဘုရားသခင်၏ မျက်မြင်ရကိုယ်စားလှယ်အဖြစ် ပညာရှိရှင်ဘုရင်တစ်ပါးက ထိုလူမျိုးကို အုပ်ချုပ်သောကြောင့် သူတို့သည် ငြိမ်သက်မှု၊ ချမ်းသာကြွယ်ဝမှုနှင့် ရွှင်လန်းမှုတို့ ခံစားခဲ့ကြရသည်။
လူ့အုပ်ချုပ်မှုနှင့် ဘုရားသခင့်အုပ်ချုပ်မှု ကွာခြားလိုက်လေခြင်း! အုပ်ချုပ်မှုအရေးကိစ္စတွင် စာတန်သည် အောင်ပွဲခံခဲ့ပြီဟု ရိုးသားမှန်ကန်စွာ ပြောဆိုနိုင်သူရှိသလော။ မရှိပါ၊ အကြောင်းမှာ ပရောဖက်ယေရမိက တိကျမှန်ကန်စွာ ဤသို့ပြောခဲ့၏– “အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။”—ယေရမိ ၁၀:၂၃။
စာတန်သည် လူတိုင်းကို ဘုရားသခင်ထံမှ ဝေးကွာသွားစေနိုင်သလော
လူတိုင်းကို ဘုရားသခင်ထံမှ ဝေးကွာသွားစေနိုင်သည်ဟု စာတန်အဆိုပြုသည့်အတိုင်း အောင်မြင်ခဲ့သလော။ ဟေဗြဲကျမ်းစောင် အခန်းကြီး ၁၁ တွင် ခရစ်ယာန်ခေတ်မတိုင်မီက သစ္စာရှိအမျိုးသား၊ အမျိုးသမီးတို့၏ အမည်များကို တမန်တော်ပေါလုဖော်ပြထားသည်။ ထို့နောက် သူဤသို့အခိုင်အမာဆိုသည်– “ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလမှစ၍ ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်။” (ဟေဗြဲ ၁၁:၃၂) ဘုရားသခင်အပေါ် တည်ကြည်ခဲ့သော ဤကျေးကျွန်များကို ပေါလုက ‘တိမ်တိုက်ကြီးပမာ သက်သေများ’ ဟူ၍ ညွှန်ပြ၏။ (ဟေဗြဲ ၁၂:၁) ဤတွင်အသုံးပြုထားသော မူရင်းဂရိစကားလုံး၏အဓိပ္ပာယ်မှာ ‘တိမ်တိုက်’ ဖြစ်၏၊ အရွယ်အစားအတိအကျ၊ ပုံသဏ္ဌာန်အတိအကျရှိ တိမ်တိုက်တစ်ခုကိုမဟုတ်ဘဲ ပုံသဏ္ဌာန်မဲ့ ဧရာမတိမ်တိုက်ထုကြီးကို ဆိုလိုနေခြင်းဖြစ်၏။ အတိတ်မှ ဘုရားသခင်၏တည်ကြည်သောကျေးကျွန်များ အရေအတွက်သည် ဧရာမတိမ်တိုက်ထုကြီးပမာ အလွန်များပြားသောကြောင့် ထိုသို့ဆိုလိုခြင်းသည် သင့်လျော်၏။ မှန်ပါသည်၊ ရာစုနှစ်များတစ်လျှောက် မရေမတွက်နိုင်သောလူများစွာသည် သူတို့၏လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ကို အသုံးပြု၍ ယေဟောဝါဘုရားသခင်အား တည်ကြည်ခဲ့ကြပြီ။—ယောရှု ၂၄:၁၅။
ကျွန်ုပ်တို့ခေတ်တွင်ကော မည်သို့နည်း။ ၂၀ ရာစုအတွင်း ကြောက်မက်ဖွယ် ညှဉ်းပန်းနှိပ်စက်မှုနှင့် အတိုက်အခံများကြုံတွေ့ရလင့်ကစား ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ အရေအတွက်သည် ခြောက်သန်းကျော်အထိ တိုးတက်ခဲ့သည်။ နောက်ထပ်ကိုးသန်းနီးပါးသည် သက်သေခံများနှင့် ပူးပေါင်းလျက်ရှိပြီး သူ
တို့ထဲမှအများစုသည် ဘုရားသခင်နှင့် ရင်းနှီးသော နှစ်ကိုယ်ကြားဆက်ဆံရေးရှိရန် ဆုံးဖြတ်လုပ်ကိုင်လျက်ရှိကြသည်။လူသားများကို ယေဟောဝါထံမှ ဝေးကွာသွားစေနိုင်သည်ဟူသော စာတန်၏အဆိုကို အပြောင်မြောက်ဆုံး အဖြေပေးနိုင်ခဲ့သူမှာ ဘုရားသခင့်သားတော် ယေရှုခရစ်ပင်ဖြစ်သည်။ ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် မချိမဆံ့ခံစားရသောနာကျင်မှုပင် ကိုယ်တော်၏တည်ကြည်မှုကို မချိုးဖျက်နိုင်ခဲ့ချေ။ ယေရှုသည် အသက်ချုပ်ငြိမ်းချိန်တွင် “အိုအဘ၊ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏” ဟုမိန့်ဆိုခဲ့သည်။—လုကာ ၂၃:၄၆။
စာတန်သည် လူသားများကို ချုပ်ကိုင်ထားဖို့ သွေးဆောင်မှုများမှအစ ကိုယ်ထိလက်ရောက် ညှဉ်းပန်းမှုအထိ နည်းအမျိုးမျိုးဖြင့် အစွမ်းကုန်ကြိုးစားပြုလုပ်၏။ သူသည် လူတို့ကို ယေဟောဝါထံမှ ဝေးကွာသွားစေရန် “ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လော [က] စည်းစိမ်၌ ဝါကြွားခြင်းတို့” ကိုအသုံးပြု၍ ကြိုးစားသွေးဆောင်တတ်သည်။ (၁ ယောဟန် ၂:၁၆) ထို့ပြင် “ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏အရောင်သည် အလင်းကိုမပေးစေခြင်းငှာ . . . [မယုံကြည်သော] သူတို့၏ဉာဏ်မျက်စိကို ကွယ်စေ၏။” (၂ ကောရိန္သု ၄:၄) စာတန်သည် သူ၏ရည်ရွယ်ချက် အထမြောက်စေရန် ခြိမ်းခြောက်မှုများ၊ လူလူချင်းကြောက်စိတ်ကို အခွင့်ကောင်းယူ အသုံးပြုဖို့ လက်မနှေးချေ။—တမန်တော် ၅:၄၀။
သို့သော် ဘုရားသခင့်ဘက်တော်သားများကို စာတန် မအောင်နိုင်ချေ။ သူတို့သည် ယေဟောဝါဘုရားသခင်ကို သိရှိလာကြပြီး “စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်” လာကြ၏။ (မဿဲ ၂၂:၃၇) အမှန်ဆိုရလျှင် ယေရှုခရစ်နှင့် မရေမတွက်နိုင်သောလူသားများ၏ ခိုင်မြဲသောတည်ကြည်မှုက စာတန်ကို အကြီးအကျယ်ရှုံးနိမ့်စေသည်။
အနာဂတ် မည်သို့ရှိသနည်း
အုပ်ချုပ်မှုအမျိုးမျိုးကို လူတို့ အစဉ်အဆက်စမ်းသပ်နေကြမည်လော။ ပရောဖက်ဒံယေလက ဤသို့ကြိုဟောခဲ့သည်– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” (ဒံယေလ ၂:၄၅) ကောင်းကင်ဘုံရှင် ဘုရားသခင် တည်ထောင်သော ဘုရားသခင့်နိုင်ငံတော်သည် ယေရှုခရစ်အုပ်ချုပ်မည့် ကောင်းကင်အစိုးရပင်ဖြစ်သည်။ ထိုဘုရားသခင့်နိုင်ငံတော်အတွက် ဆုတောင်းကြဖို့ နောက်လိုက်များကို ယေရှုသွန်သင်ပေးခဲ့၏။ (မဿဲ ၆:၉၊ ၁၀) ထိုဘုရားသခင့်နိုင်ငံတော်သည် ‘[ရောက်ရှိတော့မည့်] အဆုံးမဲ့တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီးစစ်ပွဲ’ ၌လူ့အုပ်စိုးမှုရှိသမျှကို ဖျက်ဆီးပစ်ပြီး ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်လိမ့်မည်။—ဗျာ. ၁၆:၁၄၊ ၁၆။
စာတန် မည်သို့ဖြစ်သွားမည်နည်း။ အနာဂတ်တွင် ဤသို့ဖြစ်ပျက်မည်ဟု ကျမ်းစာကဖော်ပြ၏– “[ယေဟောဝါ၏ ကောင်းကင်တမန်တစ်ပါးသည်] ရှေးမြွေဟောင်း . . . စာတန်တည်းဟူသော နဂါးကို ကိုင်ဖမ်း၍ အနှစ်တစ်ထောင်ဖို့ ချည်နှောင်လေ၏။ အနှစ်တစ်ထောင်မကုန်မီတိုင်အောင် လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသော တွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။” (ဗျာ. ၂၀:၁-၃) စာတန်ကို မလှုပ်ရှားနိုင်အောင် အနက်ဆုံးသောတွင်းထဲသို့ ချပစ်လှောင်ထားပြီးမှသာ ယေရှုခရစ်၏ အနှစ်တစ်ထောင်အုပ်ချုပ်ရာကာလ စတင်မည်ဖြစ်သည်။
ထိုအခါ ဤကမ္ဘာမြေကြီးသည် အမှန်ပင် ကြည်နူးရွှင်လန်းဖွယ်ရာနေရာ ဖြစ်လာလိမ့်မည်! ဆိုးသွမ်းမှုနှင့် ယင်းကိုဖြစ်ပေါ်စေသူအားလုံး ပျောက်ကွယ်သွားလိမ့်မည်။ ကျမ်းစာက ဤသို့ကတိပြု၏– “ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ . . . စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” (ဆာလံ ၃၇:၉-၁၁) သူတို့၏ငြိမ်သက်ခြင်းကို လူ သို့မဟုတ် တိရစ္ဆာန် မည်သည့်အရာကမျှ ခြိမ်းခြောက်လိမ့်မည်မဟုတ်။ (ဟေရှာယ ၁၁:၆-၉) သမိုင်းတစ်လျှောက်တွင် ယေဟောဝါအကြောင်း မသိရှိခဲ့၍၊ သိရှိခွင့်မရခဲ့၍ စာတန့်ဘက်တော်သားများဖြစ်ခဲ့ကြသော သန်းပေါင်းများစွာသောသူတို့ပင် အသက်ပြန်ရှင်ခွင့်ရပြီး ဘုရားသခင်ရေးရာအသိပညာ သင်ယူနိုင်ကြပေလိမ့်မည်။—တမန်တော် ၂၄:၁၅။
အနှစ်တစ်ထောင်အုပ်ချုပ်မှု အဆုံးတိုင်လေသော် ကမ္ဘာမြေကြီးသည် ပရဒိသုဖြစ်လာ၍ လူတို့သည် စုံလင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ထို့နောက် စာတန်ကို “ခဏလွှတ်” ပေးမည်၊ သို့သော် ဘုရားသခင့်အုပ်ချုပ်မှုကို ဆန့်ကျင်သူများနှင့်တစ်ပါတည်း သူ့ကို နောက်ဆုံး၌ ထာဝရဖျက်ဆီးပစ်လိမ့်မည်။—ဗျာ. ၂၀:၃၊ ၇-၁၀။
မည်သူ့ဘက်တွင် သင်နေမည်နည်း
ဤ ၂၀ ရာစုတွင် စာတန်သည် ကမ္ဘာမြေကြီးကို ဘေးသင့်စေခဲ့သည်။ သို့သော် သူအောင်ပွဲခံသည့် အရိပ်လက္ခဏာပြမည့်အစား ကမ္ဘာ့အခြေအနေများက ဤဆိုးညစ်သောလောကမဿဲ ၂၄:၃-၁၄; ဗျာ. ၆:၁-၈) ကမ္ဘာမြေကြီးပေါ်ရှိ ဆိုးသွမ်းမှုအတိုင်းအတာကသော်လည်းကောင်း၊ လူအများ၏ရှုထောင့်ကသော်လည်းကောင်း မည်သူအနိုင်ရသည်ကို ဆုံးဖြတ်မပေးပါ။ အဆုံးအဖြတ်ပေးသည့်အချက်များမှာ မည်သူ၏အုပ်ချုပ်နည်းသည် အကောင်းဆုံးဖြစ်ပြီး ဘုရားသခင်ကို အမှန်တကယ်ချစ်၍ ကိုးကွယ်သူရှိ၊ မရှိ ဟူသောအချက်များဖြစ်သည်။ ထိုအချက်နှစ်ချက်စလုံးနှင့်ဆိုင်သော ဖြစ်ရပ်မှန်တို့က ယေဟောဝါအောင်ပွဲခံ၏ဟု ဖြေဆိုပါသည်။
ကြီးသည် နောက်ဆုံးကာလတွင် ရောက်ရှိနေကြောင်း အမှတ်လက္ခဏာထင်ရှားပြသည်။ (ခွင့်ပြုထားချိန်က စာတန်မှားကြောင်း သက်သေထင်ရှားနေလျက်ကယ် ဘုရားသခင်သည် ဆိုးသွမ်းမှုကို အဘယ်ကြောင့် ဆက်ခွင့်ပြုထားသေးသနည်း။ “အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ” သောကြောင့် ယေဟောဝါ စိတ်ရှည်မှု တင်ပြနေခြင်းဖြစ်၏။ (၂ ပေတရု ၃:၉) “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ [အမှန်] တရားကို သိစေ” ရန် ဘုရားသခင် အလိုတော်ရှိ၏။ (၁ တိမောသေ ၂:၄) သင်သည် ကျန်ရှိသောအချိန်အတွင်း သမ္မာကျမ်းစာကို လေ့လာပြီး ‘တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်နှင့် ကိုယ်တော်စေလွှတ်လိုက်သော ယေရှုခရစ်တို့ကို သိကျွမ်းခြင်းပညာ ဆည်းပူး’ မည်ဟုမျှော်လင့်ပါသည်။ (ယောဟန် ၁၇:၃) အသင်လည်း အောင်ပွဲခံသူဘက် အခိုင်အမာရပ်တည်နေကြသည့် သန်းပေါင်းများစွာသောသူတို့နှင့် ပူးပေါင်းနိုင်ရန် ထိုအသိပညာကို ဆည်းပူးဖို့ ယေဟောဝါသက်သေများက သင့်ကို ဝမ်းသာအားရ ကူညီပေးလိုကြပါသည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများသည် တည်ကြည်ကြခြင်းအားဖြင့် စာတန်ရှုံးနိမ့်နေကြောင်း ထပ်ဆင့်သက်သေထူကြ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေဟောဝါဘက်တွင် တည်ကြည်သူများစွာရှိနေ