ဖြောင့်မတ်မှန်ကန်စွာ တွေးတော၍ ပညာရှိရှိကျင့်ဆောင်ပါလေ
ဖြောင့်မတ်မှန်ကန်စွာ တွေးတော၍ ပညာရှိရှိကျင့်ဆောင်ပါလေ
ဤအဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ– ယေရုရှလင်မြို့ရှိ ဘာသာရေးရန်သူများသည် မိမိကို အကြီးအကျယ်နာကျင်မှုခံစားစေပြီး သတ်ပစ်လိမ့်မည်ဟု ယေရှုခရစ်ရှင်းပြနေသည်။ ယင်းကို ကိုယ်တော်၏ရင်းနှီးသောမိတ်ဆွေ တမန်တော်ပေတရု မယုံနိုင်ချေ။ အမှန်ဆိုရသော် သူသည် ယေရှုကို မလှမ်းမကမ်းသို့ခေါ်သွားကာ ကိုယ်တော့်အား ဆိုဆုံးမလေသည်။ ပေတရုသည် စိတ်ရင်းမှန်ဖြင့် ထိုသို့စိုးရိမ်တကြီး ပြောဆိုခဲ့ကြောင်း ထင်ရှားပါသည်။ သို့သော် ပေတရု၏အတွေးကို ယေရှုမည်သို့အကဲဖြတ်တော်မူသနည်း။ ကိုယ်တော်က “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့! သင်သည် ငါတိုက်မိ၍ လဲစရာအကြောင်းဖြစ်၏။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်းသည်” ဟုဆိုသည်။—မဿဲ ၁၆:၂၁-၂၃၊ သမ္မာ။
ပေတရု အလွန်ထိတ်လန့်သွားမည်ဖြစ်ခြင်း! ဤကိစ္စတွင် သူသည် အားပေးကူညီရာမရောက်ဘဲ ချစ်လှစွာသောသခင်အတွက် “တိုက်မိ၍လဲစရာ” ဖြစ်နေသည်။ ထိုသို့ အဘယ်နည်းဖြင့်ဖြစ်သနည်း။ ပေတရုသည် မိမိယုံကြည်လိုရာကိုသာ ယုံတတ်သော ချွတ်ယွင်းသည့် လူ့အတွေးအခေါ်အတိုင်း တွေးခေါ်မိပေမည်။
ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချလွန်းခြင်းမရှိနှင့်
ကျွန်ုပ်တို့၏မှန်ကန်စွာတွေးတောနိုင်စွမ်းကို ခြိမ်းခြောက်သည့်အခြားအရာတစ်ခုမှာ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချလွန်းသည့်သဘောဖြစ်သည်။ ရှေးကောရိန္သုမြို့ရှိ ခရစ်ယာန်ချင်းများကို တမန်တော်ပေါလု ဤသို့ကြိုတင်သတိပေးခဲ့သည်– “အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏၊ ထိုသူသည် မလဲခြင်းငှာသတိပြုစေ။” (၁ ကောရိန္သု ၁၀:၁၂) ပေါလု အဘယ်ကြောင့်ဤသို့ပြောခဲ့သနည်း။ လူတို့သည် အတွေးချော်ဖို့ အလွန်လွယ်ကူကြောင်း၊ ခရစ်ယာန်များ၏စိတ်ပင်လျှင် “ဆွေးမြေ့ယိုယွင်း၍ ခရစ်တော်ကိုအကြွင်းမဲ့ချစ်သောစိတ်ပျောက်” နိုင်ကြောင်း သူသိရှိထားသောကြောင့် ဖြစ်ပေမည်။—၂ ကောရိန္သု ၁၁:၃။
ပေါလု၏ဘိုးဘေးများ ထိုသို့ဖြစ်ပျက်ခဲ့၏။ ထိုအချိန်က သူတို့ကို ယေဟောဝါဤသို့မိန့်ဆိုခဲ့သည်– “ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်မတူ။ ငါ၏နည်းလမ်းသည်လည်း သင်တို့၏နည်းလမ်းနှင့်မတူ။” (ဟေရှာယ ၅၅:၈) သူတို့သည် “ပညာရှိသည်ဟု ကိုယ်ကိုထင်” မြင်လာကြရာ ဆိုးကျိုးများခံစားခဲ့ကြရ၏။ (ဟေရှာယ ၅:၂၁) သို့ဖြစ်၍ ကျွန်ုပ်တို့သည် မှန်ကန်စွာတွေးတောပြီး အလားတူဘေးဆိုးမျိုးကို မည်သို့ရှောင်ကြဉ်နိုင်ကြောင်း ဆန်းစစ်ကြည့်ခြင်းက အမှန်ပင်ကျိုးကြောင်းညီညွတ်ပေသည်။
ဇာတိအတွေးအခေါ်ကို သတိထား
ကောရိန္သုမြို့သားတချို့သည် ဇာတိအတွေးအခေါ်၏လွှမ်းမိုးမှုကို ဆိုးဆိုးဝါးဝါးခံခဲ့ကြရသည်။ (၁ ကောရိန္သု ၃:၁-၃) သူတို့သည် ဘုရားသခင့်စကားတော်ကို အလေးထားမည့်အစား လူ့အတွေးအခေါ်များကို သာ၍အလေးထားကြ၏။ ထိုခေတ်မှ ဂရိအတွေးအခေါ်ပညာရှင်များသည် အလွန်ဉာဏ်ကောင်းသူများဖြစ်ကြမည်မှာအမှန်။ သို့သော် ဘုရားသခင့်မျက်မှောက်တော်တွင် သူတို့သည် မိုက်မဲသူများဖြစ်ကြ၏။ ပေါလုဤသို့ပြောဆိုခဲ့သည်– “ကျမ်းစာလာသည်ကား– ‘ပညာရှိတို့၏ပညာကို ငါဖျက်ဆီးမည်။ ဉာဏ်ကောင်းသောသူတို့၏ဉာဏ်ကိုလည်း ငါပယ်မည်ဟုလာသတည်း။’ ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းတတ်ဆရာကား အဘယ်မှာရှိ သနည်း။ ယခုကာလ၌ ပြဿနာလေ့ကျက်သောဆရာကား အဘယ်မှာရှိသနည်း။ လော[က]ပညာကို ဘုရားသခင်သည် မိုက်စေတော်မူသည်မဟုတ်လော။” (၁ ကောရိန္သု ၁:၁၉၊ ၂၀၊ သမ္မာ) ထိုကဲ့သို့သောဉာဏ်ကောင်းသူများသည် ဘုရားသခင်နှင့်ဆိုင်သောဝိညာဉ်၏ လွှမ်းမိုးမှုကိုခံဖို့ထက် “လောကနှင့်ဆိုင်သောဝိညာဉ်” ၏လွှမ်းမိုးမှုကိုခံလိုကြသည်။ (၁ ကောရိန္သု ၂:၁၂၊ သမ္မာ) သူတို့၏အတွေးအခေါ်များနှင့် အယူအဆများသည် ယေဟောဝါ၏အတွေးအခေါ်နှင့် လုံးလုံးမကိုက်ညီချေ။
ထိုကဲ့သို့သောဇာတိအတွေးအခေါ်၏ အဓိကရင်းမြစ်မှာ ဧဝကိုလှည့်ဖြားဖို့ မြွေကိုအသုံးပြုခဲ့သည့် စာတန်ပင်ဖြစ်သည်။ (ကမ္ဘာဦး ၃:၁-၆; ၂ ကောရိန္သု ၁၁:၃) သူသည် ကျွန်ုပ်တို့အတွက် အန္တရာယ်ကောင်ဖြစ်နေဆဲလော။ ဖြစ်နေဆဲပင်! သမ္မာကျမ်းစာအရ စာတန်သည် ယခုအခါ “တစ်လောကလုံးကို လှည့်ဖြား” နေသည်အထိ လူတို့၏ “ဉာဏ်မျက်စိကိုကွယ်” စေခဲ့ပြီ။ (၂ ကောရိန္သု ၄:၄; ဗျာ. ၁၂:၉၊ သမ္မာ) သူ၏အကြံအစည်များကို သိရှိထားရန် အလွန်အရေးကြီးလှပေသည်!—၂ ကောရိန္သု ၂:၁၁။
‘လှည့်ဖြားပြောဆိုသူတို့ကို’ သတိပြု
ထို့ပြင် တမန်တော်ပေါလုက ‘လှည့်ဖြားပြောဆိုသူတို့ကို’ ရှောင်ကြဉ်ရန် သတိပေးခဲ့၏။ (ဧဖက် ၄:၁၄) အမှန်တရားကို ဟန်ဆောင်တင်ပြပြောဆိုကြသော်လည်း အမှန်တကယ်တွင် တလွဲဖြစ်စေခဲ့ကြသည့် “လှည့်ဖြားတတ်သောအမှုစောင့်” တို့နှင့် သူရင်ဆိုင်ခဲ့သည်။ (၂ ကောရိန္သု ၁၁:၁၂-၁၅) သူတို့၏ရည်ရွယ်ချက်ဖြစ်မြောက်စေရန် သူတို့၏အတွေးအခေါ်ကိုသာ ထောက်မပေးသည့် သက်သေသာဓက၊ စိတ်လှုပ်ရှားမှုကိုအသားပေးသည့် စကားအသုံးအနှုန်း၊ အထင်အမြင်မှားစေသည့် မမှန်တစ်ဝက်မှန်တစ်ဝက်စကား၊ စဉ်းလဲသောစောင်းမြောင်းပြောဆိုမှုနှင့် ဗြောင်ကျကျလိမ်လည်မှုများကိုပင် အသုံးချကြပေမည်။
ဝါဒဖြန့်ချိရေးသမားများသည် အခြားသူတို့ကို ထိခိုက်နစ်နာစေရန် “ဂိုဏ်းကွဲ” ကဲ့သို့သောစကားလုံးကို မကြာခဏ အသုံးပြုလေ့ရှိသည်။ ဘာသာရေးအုပ်စုအသစ်များကို စုံစမ်းစစ်ဆေးသော အာဏာပိုင်တို့သည် “ဤဝေါဟာရအသုံးပြုခြင်းကို စွန့်လွှတ်ဖို့ အကြံပေးခံသင့်သည်” ဟု ဥရောပကောင်စီပါလီမန်စည်းဝေးပွဲတစ်ခု၌ အကြံပြုခဲ့သည်။ အဘယ်ကြောင့်နည်း။ “တစ်ယူသန်ဂိုဏ်း” ဟူသောစကားလုံးသည် အပြုသဘောမဆောင်ဟု ခံစားရသောကြောင့်ဖြစ်၏။ ထပ်ဆင့်၍ဤသို့ဆိုသည်– “ဂိုဏ်းကွဲတစ်ခုသည် အလွန်ဆိုးရွားသော သို့မဟုတ် အန္တရာယ်ရှိသောဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်ဟု ယနေ့ခေတ် လူအများစုက မြင်ကြသည်။”ADJ ထိုနည်းထပ်တူ ဂရိပညာရှင်များကလည်း တမန်တော်ပေါလုသည် “မရေရာသောလူ” သို့မဟုတ် စာသားအရ “မျိုးစေ့ကောက်သူ” ဖြစ်၏ဟု မှားယွင်းစွာ စွပ်စွဲခဲ့ကြသည်။ ထိုသို့ဆိုခြင်းဖြင့် ပေါလုသည် အလုပ်မရှိ လတ်လျားလတ်လျားနေသူ၊ အသိပညာအတိုအထွာမျှကို ဟိုတစ်စဒီတစ်စ ပြန်ပြောဆိုသူတစ်ဦးဖြစ်သည်ဟူ၍ သဘောသက်ရောက်စေခဲ့သည်။ အမှန်မှာ ပေါလုသည် “ယေရှု၏တရားနှင့် ထမြောက်ခြင်းတရားတည်းဟူသော [သတင်းကောင်း]ကို ဟော” ပြောနေခြင်းသာဖြစ်သည်။—တမန်တော် ၁၇:၁၈။
ဝါဒဖြန့်ချိသူတို့၏နည်းစနစ် အထမြောက်ပါသလော။ အထမြောက်ပါသည်။ အခြားလူမျိုး သို့မဟုတ် အခြားဘာသာတရားနှင့်ပတ်သက်၍ လူတို့၏ထင်မြင်သုံးသပ်ချက်ကို တလွဲထင်မှတ်စေခြင်းအားဖြင့် လူမျိုးရေးနှင့် ဘာသာရေးမုန်းတီးမှုများကို ဖန်တီးဖြစ်ပေါ်စေရာတွင် သူတို့သည် အဓိကအကြောင်းခံဖြစ်ခဲ့ကြသည်။ လူအများသည် အများမနှစ်သက်သည့် လူနည်းစုကို မပြောပလောက်သည့်အဖွဲ့ ဖြစ်စေရန် ဝါဒဖြန့်ချိသူတို့ကို အခွင့်ကောင်းယူအသုံးချခဲ့ကြပြီ။ ဂျူးများနှင့် အခြားလူနည်းစုများကို “မျိုးရိုးညံ့သော၊” “ဆိုးသွမ်းသော” သူများအဖြစ်၊ တိုင်းပြည်ကို “ခြိမ်းခြောက်” အန္တရာယ်ပေးမည့်သူများအဖြစ် အဒေါ့ဖ် ဟစ်တလာပုံဖော်ခဲ့ခြင်းဖြင့် ထိုသို့သောနည်းလမ်းများကို သူထိရောက်စွာအသုံးပြုခဲ့၏။ ဤစဉ်းလဲကောက်ကျစ်မှုဖြင့် သင့်အတွေးအခေါ်ကို ဘယ်တော့မျှ ပျက်စီးသွားစေခွင့်မပြုပါနှင့်။—တမန်တော် ၂၈:၁၉-၂၂။
ကိုယ့်ကိုယ်ကိုမလှည့်ဖြားပါနှင့်
ကိုယ့်ကိုယ်ကို လှည့်ဖြားရန်လည်း အလွန်ပင်လွယ်ကူလှသည်။ အမှန်ဆိုရလျှင် အမြတ်တနိုးထားခဲ့သည့် ထင်မြင်ယူဆချက်များကို စွန့်ပစ်ရန်၊ သို့မဟုတ် သံသယဝင်ရန် အလွန်ခက်ခဲပေမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့၏ရှုမြင်ချက်များကို စွဲလမ်းတတ်ကြသောကြောင့်ဖြစ်၏။ ထိုအခါ ကျွန်ုပ်တို့သည် အမှန်မှားယွင်းနေသည့်အရာနှင့် လွဲမှားသောယုံကြည်ချက်များကို မှန်ပါသည်ဟု အကြောင်းပြ၊ ဆင်ခြေဆင်လက်ပေး၍ မိမိတို့ကိုယ်ကို လှည့်ဖြားကြပေမည်။
ပထမရာစုခရစ်ယာန်အချို့ ထိုသို့ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာကို သူတို့သိရှိထားကြသော်လည်း သူတို့၏အတွေးအခေါ်ကို ယင်းအား လွှမ်းမိုးခွင့်မပြုခဲ့ကြချေ။ ထိုအခါ ‘[သူတို့ကိုယ်သူတို့] မှားယွင်းသောအတွေးအခေါ်ဖြင့် လှည့်ဖြား’ ခဲ့ကြလေသည်။ (ယာကုပ် ၁:၂၂၊ ၂၆) ဤသို့ ကိုယ့်ကိုယ်ကိုလှည့်စားသူဖြစ်ကြောင်း တင်ပြသည့်လက္ခဏာတစ်ရပ်မှာ ကျွန်ုပ်တို့၏ယုံကြည်ချက် စောဒကတက်ခံရသည့်အခါ အမျက်ထွက်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ထင်မြင်ယူဆချက်သည် မှန်ကန်ကြောင်း သေချာနေသည့်တိုင် စိတ်တိုဒေါသထွက်မည့်အစား သဘောထားကြီးကြီးဖြင့် အခြားသူများပြောဆိုရာကို ဂရုတစိုက်နားထောင်ပေးခြင်းက ပညာရှိရာကျသည်။—သု. ၁၈:၁၇။
‘ဘုရားသခင်အား သိကျွမ်းခြင်းပညာ’ ကိုတူးဖော်ပါ
ကျွန်ုပ်တို့၏အတွေးအခေါ်ကို ဟုတ်မှန်စေရန် အဘယ်အရာပြုလုပ်နိုင်မည်နည်း။ ကျွန်ုပ်တို့အသုံးချနိုင်ရာ အကူအညီများစွာရှိသော်လည်း ကျွန်ုပ်တို့ပြုလုပ်လိုစိတ်ရှိရမည်။ ပညာရှိရှောလမုန်ဘုရင်က ဤသို့ဆိုသည်– “ငါ့သား သင်သည် ပညာစကားကိုနားထောင်၍၊ သု. ၂:၁-၅) မှန်ပါသည်၊ ကျွန်ုပ်တို့၏စိတ်နှလုံးကို ကျမ်းစာအမှန်တရားနှင့်ပြည့်နေစေရန် ကိုယ်တိုင်ကိုယ်ကျ ကြိုးစားအားထုတ်မည်ဆိုလျှင် စစ်မှန်သောဉာဏ်ပညာ၊ ထိုးထွင်းသိမြင်မှုနှင့် ပိုင်းခြားနားလည်မှုတို့ကို ကျွန်ုပ်တို့ရရှိပေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုလျှင် ကျွန်ုပ်တို့သည် ငွေ သို့မဟုတ် အခြားမည်သည့် ဥစ္စာအင်ခွင်ထက်မဆို ပို၍အဖိုးထိုက်တန်သည့်အရာများကို တူးဖော်ရှာဖွေနေကြခြင်းဖြစ်၏။—သု. ၃:၁၃-၁၅။
စေတနာစိတ်နှင့် ဉာဏ်ကိုရှာဖွေသည်တိုင်အောင် ငါ့စကားကိုနားခံ၍ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်လည်းကောင်း၊ သိပ္ပံအတတ်ကိုခေါ်၍ ဉာဏ်နောက်သို့အသံကိုလွှင့်လျှင်လည်းကောင်း၊ ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကိုစူးစမ်းတတ်သကဲ့သို့ ဉာဏ်ကိုစူးစမ်းလျှင်လည်းကောင်း ထာဝရဘုရားကိုကြောက်သောသဘော၌ကျင်လည်၍ ဘုရားသခင်ကိုသိသောဉာဏ်နှင့် ပြည့်စုံလိမ့်မည်။” (မှန်ကန်စွာတွေးခေါ်ရေးအတွက် ဉာဏ်ပညာနှင့် အသိပညာတို့သည် အရေးပါသောအချက်များဖြစ်ကြသည်။ သမ္မာကျမ်းစာကဤသို့ဆိုသည်– “ပညာသည် သင်၏နှလုံးထဲသို့ဝင်၍ သင်သည် အသိပညာ၌မွေ့လျော်သောအခါ၊ ပညာသတိသည် သင့်ကို ကြည့်ရှုစောင့်မ၍ ဉာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊ ဆိုးသောသူ၏လမ်းမှ ကယ်လွှတ်လိမ့်မည်။ ကောက်ကျစ်သောစကားကိုပြောသောသူ၊ မှောင်သောလမ်းသို့လိုက်ရန် ဖြောင့်သောလမ်းကိုစွန့်သောသူ . . . လက်မှ သင့်ကိုကယ်လွှတ်လိမ့်မည်။”—သု. ၂:၁၀-၁၃၊ သမ္မာ။
စိတ်ဖိစီးမှုခံနေရသောအချိန်၊ အန္တရာယ်ကြုံနေရသည့်အချိန်တွင် ဘုရားသခင့်အတွေးအခေါ်၏လမ်းညွှန်မှုကို ခံယူခြင်းသည် အထူးသဖြင့် အရေးကြီးလှသည်။ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့ခြင်းကဲ့သို့သော ပြင်းထန်သည့်စိတ်လှုပ်ရှားမှုများသည် မှန်ကန်စွာ မတွေးတောစေပါ။ “ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကို ရူးစေတတ်၏” ဟုရှောလမုန်ဆိုသည်။ (ဒေ. ၇:၇) ယေဟောဝါကိုပင် “ကဲ့ရဲ့ပြစ်တင်” စေနိုင်သည်။ (သု. ၁၉:၃) မည်သို့အားဖြင့်နည်း။ မိမိတို့၏ပြဿနာများသည် ဘုရားသခင်ကြောင့်ဖြစ်သည်ဟုဆိုကာ ယင်းကြောင့် ကိုယ်တော့်ပညတ်မူတို့နှင့် မကိုက်ညီသည့်အရာများကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ဆင်ခြေပေးခြင်းဖြင့်ဖြစ်၏။ ကိုယ်သာအသိဆုံးဟုစဉ်းစားမည့်အစား ကျမ်းစာကိုအသုံးပြု၍ ကျွန်ုပ်တို့ကို ကူညီပေးလိုသူ ပညာရှိအကြံပေးသူတို့၏စကားကို နှိမ့်ချစွာ နားထောင်နိုင်ကြပါစေ။ လိုအပ်မည်ဆိုလျှင် ကျွန်ုပ်တို့၌အခိုင်အမာအမြစ်စွဲနေသည့် ရှုမြင်သုံးသပ်ချက်များသည် မှားယွင်းနေကြောင်း ပေါ်လွင်ထင်ရှားသည့်အခါ ယင်းတို့ကိုစွန့်လွှတ်ရန် အသင့်ရှိကြစို့လေ။—သု. ၁:၁-၅; ၁၅:၂၂။
‘ဘုရားသခင့်အကူအညီကို ဆက်တောင်းလျှောက်လော့’
ကျွန်ုပ်တို့သည် ရှုပ်ထွေးပြီး အန္တရာယ်များလှသည့်အချိန်တွင် အသက်ရှင်နေကြရ၏။ ထို့ကြောင့် ကောင်းစွာ ချင့်ချိန်သုံးသပ်ပြီး ပညာရှိရှိ ပြုမူနိုင်ဖို့ မှန်မှန်ဆုတောင်းကာ ယေဟောဝါ၏လမ်းညွှန်မှုကိုတောင်းခံဖို့လိုသည်။ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း [ခြင်း] ဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်” ဟူ၍ပေါလုရေးသားခဲ့သည်။ (ဖိလိပ္ပိ ၄:၆၊ ၇) စိတ်အိုက်ဖွယ်ကောင်းသောပြဿနာများ သို့မဟုတ် စမ်းသပ်မှုများကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်ုပ်တို့ ဉာဏ်ပညာကင်းမဲ့နေမည်ဆိုလျှင် ‘ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ထံ ဆက်တောင်းလျှောက်’ ဖို့လိုသည်။—ယာကုပ် ၁:၅-၈။
ခရစ်ယာန်ချင်းများသည် ဉာဏ်ပညာကိုကျင့်သုံးဖို့လိုအပ်ကြောင်း သတိပြုမိသဖြင့် တမန်တော်ပေတရုက ‘သူတို့၏ကြည်ဖြူသောစိတ်ဝိညာဉ် [“ကြည်လင်သောစိတ်၊” ကဘ] တို့ကို သတိပေးနှိုးဆော်’ ရန် ကြိုးစားအားထုတ်ခဲ့သည်။ သူတို့အား ‘သန့်ရှင်းသောပရောဖက်တို့ အထက်ကဟောပြောခဲ့သော စကားများကို . . . ကယ်တင်တော်မူသောအရှင် သခင်ဘုရားပေးတော်မူသော အမိန့်ပညတ်တော်ကို အောက်မေ့သတိရ’ စေလိုခဲ့၏။ (၂ ပေတရု ၃:၁၊ ၂၊ သမ္မာ) ကျွန်ုပ်တို့သည် ယေဟောဝါ၏စကားတော်နှင့်အညီ ထိုသို့လုပ်ဆောင်ဖို့ စိတ်စွဲမှတ်ထားမည်ဆိုလျှင် မှန်ကန်စွာတွေးတောပြီး ပညာရှိရှိ ကျင့်ဆောင်ကြပါလိမ့်မည်။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
အစောပိုင်းခရစ်ယာန်များသည် လူ့အတွေးအခေါ်အရ ကျိုးကြောင်းဆင်ခြင်မည့်အစား ဘုရားသခင့်ဉာဏ်ပညာနှင့်အညီ တွေးတောဆင်ခြင်ခဲ့ကြ
[Credit Lines]
Philosophers left to right: Epicurus: Photograph taken by courtesy of the British Museum; Cicero: Reproduced from The Lives of the Twelve Caesars; Plato: Roma, Musei Capitolini
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဆုတောင်းခြင်းနှင့် ကျမ်းစာကိုလေ့လာခြင်း သည် မရှိမဖြစ်လိုအပ်