ယေဟောဝါကို ဇွဲရှိရှိရှာနေပါသလော
ယေဟောဝါကို ဇွဲရှိရှိရှာနေပါသလော
ခရစ်ယာန်အမျိုးသားတစ်ဦးသည် မီးရထားပေါ်ပါလာသည့် နေ့စဉ်ခရီးဝေးအလုပ်ဆင်းသူတို့အား သမ္မာကျမ်းစာသတင်းကောင်း ဟောပြောရန် ဆန္ဒပြင်းပြခဲ့၏။ (မာကု ၁၃:၁၀) သို့သော် သူ မဝံ့မရဲဖြစ်နေ၏။ သို့နှင့် သူလက်လျှော့လိုက်သလော။ လက်မလျှော့ခဲ့ချေ၊ ထိုကိစ္စနှင့်ပတ်သက်၍ ထက်သန်စွာဆုတောင်းပြီး စကားစမြည်စပြောဆိုနိုင်ပုံကို သင်ယူလေ့လာခဲ့သည်။ အဆိုပါအမျိုးသား၏ အသနားခံချက်ကို ယေဟောဝါဘုရားသခင်ဖြေကြားပေးပြီး သက်သေခံနိုင်ရန် ခွန်အားသတ္တိပေးတော်မူသည်။
ယေဟောဝါနှင့် ကိုယ်တော်၏ကောင်းချီးကို ရှာဖွေသည့်အခါ ထိုသို့သောဇွဲရှိရန် အရေးကြီး၏။ တမန်တော်ပေါလုကဤသို့ဆိုသည်– “ဘုရားသခင့်အထံတော်သို့ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။” (ဟေဗြဲ ၁၁:၆) ယေဟောဝါအား ရှာဖွေရုံရှာဖွေခြင်းသည် မလုံလောက်ပေ။ ‘ဇွဲရှိရှိရှာခြင်း’ ဟုပြန်ဆိုထားသော ဂရိကြိယာသည် ပြင်းထန်ခြင်းနှင့် စူးစိုက်ကြိုးစားခြင်းသဘောပါသည်။ ၎င်းတွင် လူတစ်ဦး၏ စိတ်နှလုံးအကြွင်းမဲ့နှင့် အစွမ်းသတ္တိရှိရှိသမျှတို့ပါဝင်၏။ ယေဟောဝါကို ကျွန်ုပ်တို့ဇွဲရှိရှိရှာနေမည်ဆိုလျှင် ဂရုမစိုက်၊ ရေသာခို၊ ပျင်းရိသည့်အမူအကျင့်တို့ဖြင့် ရှာဖွေမည်မဟုတ်။ သို့အစား ကိုယ်တော်ကို ဇွဲရှိရှိဖြင့် အမှန်ရှာပေမည်။—တမန်တော် ၁၅:၁၆။
ယေဟောဝါကို ဇွဲရှိရှိရှာခဲ့ကြသူများ
သမ္မာကျမ်းစာ၌ ယေဟောဝါကို စိတ်ရောကိုယ်ပါရှာခဲ့ကြသူတို့၏ပုံနမူနာ ဒုနှင့်ဒေးရှိပါသည်။ ထိုသူတို့တွင် ကိုယ်ယောင်ပြခဲ့သူ ဘုရားသခင့်ကောင်းကင်တမန်နှင့် မိုးလင်းသည့်တိုင် အားသွန်ခွန်စိုက် နပန်းလုံးခဲ့သည့် ယာကုပ်ပါဝင်၏။ ရလဒ်အနေနှင့်၊ ယာကုပ်ကို ဣသရေလ (ဘုရားသခင်နှင့်ဆိုင်ပြိုင်တိုက်လှန်သူ) ဟုအမည်ပေးခဲ့သည်၊ အကြောင်းမှာ သူသည် ဘုရားသခင်နှင့် “မဆုတ်မနစ်ဇွဲဖြင့်” “[သူကိုယ်တိုင်] အားစိုက်ထုတ်ကာ၊” အလျှော့မပေးဘဲ ဆိုင်ပြိုင်တိုက်လှန်ခဲ့ခြင်းကြောင့်ဖြစ်သည်။ သူ၏ဇွဲရှိရှိ ကြိုးပမ်းမှုအတွက် ကောင်းကင်တမန်က သူ့ကို ကောင်းချီးပေးခဲ့သည်။—ကမ္ဘာဦး ၃၂:၂၄-၃၀၊ ကဘ အောက်ခြေမှတ်ချက်။
ထို့ပြင် ၁၂ နှစ်ပတ်လုံး သွေးသွန်နာစွဲသောကြောင့် “အနာတိုး” နေသည့် အမည်မသိ ဂါလိလဲအမျိုးသမီးတစ်ဦးလည်းရှိသေးသည်။ အဆိုပါအခြေအနေမျိုးကြောင့် သူသည် အခြားသူတို့ကို တို့ထိကိုင်တွယ်၍မရချေ။ သို့တိုင်၊ သူသည် ယေရှုနှင့်တွေ့ဆုံရန် ရဲဆေးတင်ပြီး အပြင်ထွက်လာခဲ့သည်။ ထို့ပြင် “ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်” ဟု ရွတ်ဆိုနေ၏။ ‘[ယေရှု] ကိုခြံရံလျက် လိုက်ပါလာသည့် လူအုပ်’ ကြား တိုးဝှေ့သွားနေသည့် ထိုအမျိုးသမီး၏အဖြစ်ကို မြင်ယောင်ကြည့်လိုက်ပါ။ ယေရှု၏ အပေါ်ဝတ်ရုံကို တို့ထိလိုက်သည်နှင့်တစ်ပြိုင်နက် “အသွေးစုဝေးရာ ခန်းခြောက်သည်” ကို သူချက်ချင်းသိရှိလိုက်ရသည်၊ သူ၏နာတာရှည်ရောဂါ ပျောက်ကင်းလေပြီ! ထိုအခါ ယေရှုက “ငါ့အဝတ်ကို အဘယ်သူတို့သနည်း” ဟု မေးတော်မူသောအခါ သူအလွန်ကြောက်သွားသည်။ သို့သော် သူ့ကို ယေရှုက “ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်စေ” ဟု လှိုက်လှိုက်လှဲလှဲပြောဆိုလေသည်။ သူ ကြိုးပမ်းရကျိုးနပ်ခဲ့၏။—မာကု ၅:၂၄-၃၄; ဝတ်ပြုရာ ၁၅:၂၅-၂၇။
နောက်ဖြစ်ရပ်တစ်ခုတွင် ဖိုနီးရှားအမျိုးသမီးတစ်ဦးသည် မိမိ၏သမီးကိုကုသပေးရန် ယေရှုအား ဇွဲရှိရှိအသနားခံခဲ့သည်။ ယေရှုက ကလေးများ၏အစာကို ခွေးကလေးများအားပေးခြင်းသည် မသင့်မဿဲ ၁၅:၂၂-၂၈။
တော်ဟု ဖြေကြားလိုက်သည်။ ကိုယ်တော်ဆိုလိုသည်မှာ ကျေးဇူးခံထိုက်သောဂျူးများကို လျစ်လျူရှုပြီး ဣသရေလလူမျိုးမဟုတ်သူများအကျိုးကို ကိုယ်တော်မသယ်ပိုးနိုင်ဟူ၍ဖြစ်၏။ ကိုယ်တော့်ပုံဥပမာ၏ဆိုလိုရင်းကို ရိပ်မိ၍ ထိုအမျိုးသမီးက “မှန်ပါ၏သခင်၊ ခွေးမည်သည်ကား မိမိသခင်၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏” ဟု အသနားခံလေသည်။ သူ၏ယုံကြည်ခြင်းခိုင်ခံ့မှုနှင့် စိတ်ရင်းမှန်မှုတို့ကြောင့် ယေရှုက “အိုမိန်းမ၊ သင်သည် ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေ” ဟုဖြေဆို၏။—ဤသူတို့သာ ဆက်မကြိုးစားခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ ဦးဆုံးကြုံရသောအခက်အခဲ သို့မဟုတ် ခါးခါးသီးသီးငြင်းပယ်ခံရခြင်းကြောင့် လက်လျှော့အရှုံးပေးခဲ့မည်ဆိုလျှင် ကောင်းချီးများခံစားကြရပါမည်လော။ ခံစားရမည်မဟုတ်ပါ! အဆိုပါပုံနမူနာများက ယေရှုသွန်သင်ပေးလိုသောအချက်ကို ကောင်းစွာပုံဖော်ပေးသည်၊ တစ်နည်းအားဖြင့် ယေဟောဝါကိုရှာရန် ‘မဆုတ်မနစ်ဇွဲ’ မရှိမဖြစ်လိုအပ်သည်သာမက လျောက်ပတ်လှပေသည်။—လုကာ ၁၁:၅-၁၃။
ကိုယ်တော်၏အလိုတော်နှင့်အညီ
အံ့ဖွယ်နည်းဖြင့် ကုသခံခဲ့ရသူတို့၏ အထက်ဖော်ပြပါ မှတ်တမ်းများအရ အနာရောဂါကင်းပျောက်စေရေးအတွက် ဇွဲရှိဖို့သာ လိုအပ်သည်မဟုတ်ပါ။ သူတို့၏တောင်းခံချက်များသည် ဘုရားသခင့်အလိုတော်နှင့်ညီရမည်ဖြစ်၏။ ယေရှုသည် ဘုရားသခင့်သားတော်၊ ကတိထားရာမေရှိယဖြစ်ကြောင်း ထူးထူးခြားခြားထင်ရှားစေရန် အံ့ဖွယ်တန်ခိုးများပြုနိုင်စွမ်း အပ်နှင်းခံခဲ့ရသည်။ (ယောဟန် ၆:၁၄; ၉:၃၃; တမန်တော် ၂:၂၂) ထို့ပြင် ယေရှုပြသခဲ့သည့်အံ့ဖွယ်အမှုများသည် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုတွင် ယေဟောဝါသွန်းလောင်းတော်မူမည့် အလွန်ကောင်းသော မြေကြီးဆိုင်ရာကောင်းချီးများ၏ ရှေ့ပြေးနိမိတ်များဖြစ်ကြသည်။—ဗျာ. ၂၁:၄; ၂၂:၂။
စစ်မှန်သောဘာသာဝင်တို့တွင် ကုသပေးနိုင်စွမ်း၊ ဘာသာစကားအမျိုးမျိုး ပြောဆိုနိုင်စွမ်း အစရှိသည့် အံ့ဖွယ်တန်ခိုးများလိုက်စားခြင်းသည် ဘုရားသခင့်အလိုတော်မဟုတ်တော့ချေ။ (၁ ကောရိန္သု ၁၃:၈၊ ၁၃) ကျွန်ုပ်တို့ခေတ်နှင့်ပတ်သက်၍ ကိုယ်တော့်အလိုတော်တွင် ‘တိကျမှန်ကန်သော အမှန်တရားအသိပညာကို လူအပေါင်းအား သိရှိလာစေရန်’ ကမ္ဘာတစ်ခွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြေညာစေလိုခြင်းပါဝင်၏။ (၁ တိမောသေ ၂:၄; မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ဘုရားသခင့်ကျေးကျွန်များသည် ကိုယ်တော့်အလိုတော်နှင့်အညီ စိတ်ရင်းမှန်ဖြင့် ကြိုးစားအားထုတ်ကြမည်ဆိုလျှင် သူတို့၏ စိတ်အားထက်သန်စွာတောင်းဆိုသော ဆုတောင်းချက်များကို ကိုယ်တော်လက်ခံနားညောင်းလိမ့်မည်ဟု မျှော်လင့်နိုင်ကြပါသည်။
အချို့က ‘ဘယ်လိုပဲဖြစ်ဖြစ် ဘုရားသခင့်ရည်ရွယ်တော်မူချက်ဟာ နောက်ဆုံးမှာ အထမြောက်သွားမှာပဲဆိုတော့ ဘာကြောင့် ကြိုးပမ်းဖို့လိုတော့မှာလဲ’ ဟု တွေးကောင်းတွေးမည်။ ယေဟောဝါသည် လူ့ကြိုးပမ်းမှုများကို ပမာဏမပြုဘဲ မိမိရည်ရွယ်ချက်ကို ပြီးမြောက်အောင်မြင်စေမည်မှန်သော်လည်း မိမိအလိုတော်ကိုထမ်းဆောင်ရေးတွင် လူတို့အားပါဝင်စေလိုသည်။ ကိုယ်တော်အား အိမ်ဆောက်သူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။ ထိုအိမ်ဆောက်သူ၌ အိမ်ပုံစံအပြည့်အစုံရှိထား၏၊ သို့သော်လည်း ဒေသထွက်အိမ်ဆောက်ပစ္စည်းများကိုသာ သူရွေးချယ်အသုံးပြုသည်။ အလားတူပင်၊ ယေဟောဝါ၌ ယနေ့ ပြီးမြောက်အောင်ဆောင်ရွက်ရမည့် စီမံကိန်းတစ်ခုရှိ၏၊ ၎င်းတွင်ပါဝင်ရန် မိမိတို့ကိုယ်ကို တလိုတလားပေးဆက်ဆာလံ ၁၁၀:၃; ၁ ကောရိန္သု ၉:၁၆၊ ၁၇။
ထားကြသည့် ကိုယ်တော့်ကျေးကျွန်များကို အသုံးပြုလိုတော်မူ၏။—လူငယ်တိုရှီအို၏တွေ့ကြုံမှုကို သုံးသပ်ကြည့်ပါ။ အထက်တန်းကျောင်း စတက်သောအခါ ကျောင်းကို မိမိ၏ကိုယ်ပိုင်ရပ်ကွက်အဖြစ်ရှုမြင်ကာ အတတ်နိုင်ဆုံး သက်သေခံဖို့ သူဆန္ဒရှိခဲ့သည်။ ကျမ်းစာအုပ်ကို အမြဲအသင့်ဆောင်ထားသည့်အပြင် ပုံသက်သေကောင်းသော ခရစ်ယာန်တစ်ဦးဖြစ်ရန် အသိစိတ်ရှိရှိ သူကြိုးပမ်းအားထုတ်ခဲ့သည်။ ပထမစာသင်နှစ်ကုန်ခါနီးတွင် အတန်းရှေ့ စကားပြောဆိုခွင့်ရခဲ့၏။ တိုရှီအိုသည် ယေဟောဝါထံအကူအညီတောင်းခံခဲ့သည်၊ ထို့နောက် “ရှေ့ဆောင်လုပ်ခြင်းသည် ကျွန်ုပ်၏ပန်းတိုင်” ဟု ခေါင်းစဉ်တပ်ထားသည့်အကြောင်းအရာကို တစ်တန်းလုံးက ကောင်းစွာအာရုံစိုက်နားထောင်နေကြသည်ကို တွေ့ရှိလိုက်ရ၍ ဝမ်းသာမိသည်။ မိမိသည် ယေဟောဝါသက်သေများ၏ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦး ဖြစ်လိုကြောင်း သူရှင်းပြခဲ့၏။ ကျောင်းသားတစ်ဦးက သူနှင့် ကျမ်းစာလေ့လာဖို့သဘောတူခဲ့ရာ နှစ်ခြင်းခံသည်အထိ တိုးတက်လာလေသည်။ တိုရှီအိုသည် မိမိဆုတောင်းချက်များနှင့်အညီ ဇွဲရှိရှိကြိုးစားအားထုတ်ခဲ့သဖြင့် အကျိုးကျေးဇူးများစွာ ခံစားခဲ့ရ၏။
သင်မည်မျှဇွဲရှိသနည်း
သင်သည် ယေဟောဝါ၏ကောင်းချီးများကိုခံစားလို၍ ကိုယ်တော်အားဇွဲရှိရှိရှာနေကြောင်း နည်းလမ်းအမျိုးမျိုးဖြင့် တင်ပြနိုင်ပါသည်။ ဦးဆုံးအနေနှင့် ခရစ်ယာန်အစည်းအဝေးများအတွက် ကောင်းစွာပြင်ဆင်ခြင်းကဲ့သို့သော အခြေခံအရာများကို သင်ပြုလုပ်နိုင်သည်။ ကောင်းစွာပြင်ဆင်ထားသည့် မှတ်ချက်များ၊ လှုံ့ဆော်မှုပေးသည့် ဟောပြောချက်များနှင့် ထိရောက်မှုရှိသော သရုပ်ပြခန်းများဖြင့် ယေဟောဝါကို သင်အပူတပြင်းရှာနေကြောင်းဖော်ပြနိုင်သည်။ ထို့ပြင် သင့်ဓမ္မအမှုအရည်အသွေးကို တိုးတက်စေခြင်းအားဖြင့်လည်း သင်၏ဇွဲကို တင်ပြနိုင်ပေသည်။ အိမ်ရှင်နှင့်စကားပြောဆိုရာတွင် ရင်းနှီးခင်မင်မှု ပိုတင်ပြပြီး သင့်ရပ်ကွက်နှင့်သင့်တော်သည့် ထိရောက်သောနိဒါန်းများကို ကြိုးစားအသုံးပြုပါလေ။ (ကောလောသဲ ၃:၂၃) ခရစ်ယာန်အမျိုးသားတစ်ဦးသည် စိတ်နှလုံးအကြွင်းမဲ့ကြိုးစားခြင်းအားဖြင့် အသင်းတော်တွင် ဓမ္မအမှုထမ်း၊ သို့မဟုတ် အကြီးအကဲအဖြစ် အမှုထမ်းရန် တာဝန်များကိုလက်ခံနိုင်ပေမည်။ (၁ တိမောသေ ၃:၁၊ ၂၊ ၁၂၊ ၁၃) သင့်ကိုယ်သင် အသုံးတော်ခံခြင်းဖြင့် ပေးကမ်းခြင်း၏ရွှင်လန်းမှုကို ခံစားနိုင်သည်။ ယေဟောဝါသက်သေများ၏ ဌာနခွဲအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်း၌လည်းကောင်း၊ ဌာနခွဲရုံးတွင်လည်းကောင်း သင်အမှုထမ်းရန် နာမည်စာရင်းသွင်း လျှောက်ထားနိုင်ပေမည်။ သင်သည် အရည်အချင်းရှိ လူလွတ်တစ်ဦးဖြစ်မည်ဆိုလျှင် ဝိညာဉ်ရေးကောင်းသော အမျိုးသားများကို သိုးထိန်းကောင်းများဖြစ်လာရန် လေ့ကျင့်ပေးသည့် ဓမ္မအမှုသင်တန်းကျောင်းသို့ တက်လိုပေမည်။ အကယ်၍ သင်သည် အိမ်ထောင်သည်ဖြစ်မည်ဆိုလျှင် ယေဟောဝါ၏အမှုတော်ကို ဇွဲရှိရှိ ထမ်းဆောင်လိုသည့်ဆန္ဒရှိကြောင်း ခရစ်ယာန်သာသနာပြုခြင်းအားဖြင့် တင်ပြနိုင်ပေမည်။ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ ပို၍လိုအပ်သည့်နေရာသို့ သင်ပြောင်းရွှေ့နေထိုင်နိုင်ပေမည်။—၁ ကောရိန္သု ၁၆:၉။
အရေးကြီးဆုံးမှာ တာဝန်တစ်ခုကို သင်ထမ်းဆောင်သည့်စိတ်ထားဖြစ်သည်။ မည်သည့်တာဝန်ပင်အပ်နှင်းခံရပါစေ ၎င်းကို ဇွဲရှိရှိ၊ အားတက်သရော၊ “ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်” တမန်တော် ၂:၄၆၊ သမ္မာ; ရောမ ၁၂:၈) ရထားသောတာဝန်တစ်ခုစီကို ယေဟောဝါအားဂုဏ်တင်ချီးမွမ်းရန် သင့်ဇွဲကိုဖော်ပြရန် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်သင့်သည်။ ယေဟောဝါ၏အကူအညီကို မပြတ်တောင်းခံပြီး အကောင်းဆုံးလုပ်ဆောင်ပါလေ။ သို့ပြုလျှင် ကြွယ်ဝသောဆုကို သင်ရိတ်သိမ်းရပေလိမ့်မည်။
နှင့် ကြိုးစားအားထုတ်ဆောင်ရွက်ပါလေ။ (ဇွဲနပဲဖြင့်ကြိုးစားသောကြောင့် အကျိုးကျေးဇူးခံစားရ
မီးရထားပေါ်ပါလာသည့် နေ့စဉ်ခရီးဝေးအလုပ်ဆင်းသူတို့ကို ဟောပြောရန် မိမိ၏ကြောက်စိတ်ကိုချိုးနှိမ်ပေးဖို့ ဆုတောင်းခဲ့သည့် ခရစ်ယာန်အမျိုးသားကို သင်သတိရသေးသလော။ သူ၏အရိုးခံစိတ်ကို ယေဟောဝါကောင်းချီးပေးခဲ့၏။ အဆိုပါညီအစ်ကိုသည် စကားစမြည်စတင်ပြောဆိုနိုင်ရန် အကြောင်းအရာကောင်းများကို ရွေးချယ်ပြီး ဖော်ရွေစွာချဉ်းကပ်တတ်ဖို့ ကြိုးစားခဲ့သည်။ သူသည် ဖိစီးမှုများသည့် လူမှုဆက်ဆံရေးကိစ္စအတွက် ရတက်မအေးဖြစ်နေသော အမျိုးသားတစ်ဦးအား ကျမ်းချက်များကို ထိထိရောက်ရောက်တင်ပြပြီး သက်သေခံခွင့်ရခဲ့သည်။ မီးရထားပေါ်၌ပင် အကြိမ်ပေါင်းများစွာ ပြန်လည်ပတ်မှုပြုလုပ်ခဲ့ရာ အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခု စတင်နိုင်ခဲ့လေသည်။ သူဇွဲရှိရှိ ကြိုးစားအားထုတ်ခဲ့သောကြောင့် သူ့ကို ယေဟောဝါအမှန်တကယ်ကောင်းချီးပေးခဲ့သည်!
ယေဟောဝါကို သင်ဇွဲရှိရှိဆက်၍ရှာမည်ဆိုလျှင် အလားတူအကျိုးရလဒ်များ ခံစားရပေမည်။ သင်လုပ်ဆောင်နေသည့် အဘယ်သီအိုကရက်တစ်လုပ်ငန်းကိုမဆို နှလုံးအကြွင်းမဲ့နှင့် နှိမ့်ချစွာ စွဲစွဲမြဲမြဲလုပ်ဆောင်မည်ဆိုလျှင် ယေဟောဝါသည် ရည်ရွယ်တော်မူချက်များနှင့်အညီ သင့်ကို အသုံးပြုမည်ဖြစ်ပြီး ကြွယ်ဝသောကောင်းချီး သွန်းလောင်းပေးပါလိမ့်မည်။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဤအမျိုးသမီးသည် ဆက်မကြိုးစားခဲ့လျှင် မည်သို့ဖြစ်ခဲ့မည်နည်း
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ယေဟောဝါထံမှ ကောင်းချီးရရန် သင်စွဲမြဲစွာတောင်းခံပါသလော
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ယေဟောဝါကို ဇွဲရှိရှိရှာနေကြောင်း သင်မည်သို့ဖော်ပြနိုင်သနည်း