အချို့သူတို့ အောက်မေ့ခံရပုံ
အချို့သူတို့ အောက်မေ့ခံရပုံ
လွန်ခဲ့သော အနှစ်သုံးထောင်နီးပါးက ဒါဝိဒ်သည် ဣသရေလဘုရင် ရှောလုထံမှ ထွက်ပြေးနေခဲ့ရသည်။ ထိုအချိန်တွင် ဒါဝိဒ်သည် သိုးအုပ်၊ ဆိတ်အုပ်များစွာရှိသည့် ကြွယ်ဝသောနာဗလထံသို့ လူကိုစေလွှတ်၍ စားနပ်ရိက္ခာတောင်းခံခဲ့သည်။ အမှန်မှာ ဒါဝိဒ်နှင့် သူ၏နောက်လိုက်များသည် နာဗလ၏သိုးအုပ်များကို အကာအကွယ်ပေးခဲ့သောကြောင့် နာဗလအပေါ် ဒါဝိဒ်၏ကျေးဇူးမကင်းခဲ့ချေ။ သို့သော် နာဗလသည် သူတို့ကို လုံးဝဧည့်ဝတ်မပြုလိုခဲ့ချေ။ ဒါဝိဒ်၏လူများကို အော်ဟစ်ကြိမ်းမောင်းလွှတ်လိုက်သေးသည်။ ဒါဝိဒ်သည် မလေးမစားဆက်ဆံခံသင့်သူတစ်ဦးမဟုတ်သဖြင့် အန္တရာယ်ကို နာဗလဖိတ်ခေါ်နေခြင်းဖြစ်သည်။—၁ ဓမ္မရာဇဝင် ၂၅:၅၊ ၈၊ ၁၀၊ ၁၁၊ ၁၄။
နာဗလ၏စိတ်သဘောထားသည် ဧည့်သည်များနှင့် သူစိမ်းများကို ဧည့်ဝတ်ပြုတတ်သော အရှေ့အလယ်ပိုင်းဒေသ၏ဓလေ့ထုံးစံနှင့် လုံးဝမညီညွတ်ချေ။ ထို့ကြောင့် နာဗလသည် အဘယ်နာမည်မျိုးရခဲ့သနည်း။ သမ္မာကျမ်းစာက သူသည် “ခက်ထန်သောသဘောရှိ၏။ ဆိုးသောအမှုကိုလည်းပြုတတ်” ပြီး “အသုံးမကျသောသူ [ကဘ]” ဖြစ်သည်ဟုဆို၏။ ‘မိုက်မဲခြင်း’ ဟုအဓိပ္ပာယ်ရှိသော သူ့နာမည်အတိုင်း သူဖြစ်ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂၅:၃၊ ၁၇၊ ၂၅) သင်သည် ထိုနည်းအတိုင်း အောက်မေ့ခံလိုမည်လော။ အခြားသူများနှင့်ဆက်ဆံသောအခါ၊ အထူးသဖြင့် ထိုသူတို့သည် အခွင့်မသာသူများဖြစ်ပုံရသောအခါ သင်သည် ခက်ထန်၍ တင်းမာသလော။ သို့မဟုတ် သင်သည် သနားကြင်နာပြီး ဧည့်ဝတ်ကျေပွန်၍ စာနာတတ်သူဖြစ်သလော။
အဘိဂဲလ—စဉ်းစားချင့်ချိန်တတ်သောအမျိုးသမီး
သူ၏ခက်ထန်ကြမ်းတမ်းသောသဘောကြောင့် နာဗလ အခက်တွေ့တော့မည်။ ဒါဝိဒ်နှင့် သူ့လူ ၄၀၀ တို့သည် ဓားကိုစည်း၍ နာဗလကို သင်ခန်းစာပေးဖို့ ထွက်ခွာလာနေကြသည်။ ဖြစ်ပျက်လေသမျှကို နာဗလ၏ဇနီး အဘိဂဲလကြားသိသောအခါ တိုက်ခိုက်တော့မည်ကို သူသိမြင်၏။ အဘိဂဲလ အဘယ်အရာပြုလုပ်နိုင်မည်နည်း။ ခဲဖွယ်စားဖွယ် အလျှံပယ်ယူဆောင်သွားရန် အပြေးအလွှားပြင်ဆင်ပြီး ဒါဝိဒ်နှင့် သူ၏လူစုကိုဆီးတားဖို့ ထွက်ခွာလာသည်။ သူတို့နှင့်တွေ့ဆုံသောအခါ အကြောင်းမဲ့သွေးမသွန်းရန် ဒါဝိဒ်အား အသနားခံတော့သည်။ ထိုအခါ ဒါဝိဒ်၏နှလုံး ပျော့ပျောင်းသွား၏။ သူ၏အသနားခံချက်ကို နားထောင်ပြီး စိတ်မာန်လျှော့လိုက်သည်။ ထိုသို့ဖြစ်ပြီးမကြာမီ နာဗလသေလေ၏။ အဘိဂဲလ၏ အရည်အချင်းကောင်းများကိုသိမြင်ပြီး သူ့ကို ဇနီးအဖြစ် ဒါဝိဒ်သိမ်းပိုက်ခဲ့သည်။—၁ ဓမ္မရာဇဝင် ၂၅:၁၄-၄၂။
အဘိဂဲလသည် အဘယ်နာမည်မျိုး ရခဲ့သနည်း။ သူသည် “ဉာဏ်ကောင်း” သောသူဖြစ်၏။ ပိုင်းခြားဝေဖန်တတ်၍ လုပ်ရည်ကိုင်ရည်ရှိပြီး အဘယ်အချိန်၌ မည်ကဲ့သို့ အစပြုဆောင်ရွက်ရမည်ကိုသိမြင်ကြောင်း ထင်ရှားသည်။ စဉ်းစားဉာဏ်နည်းသော သူ၏လင်ယောက်ျားနှင့် သူ့အိမ်သားများကို ဘေးအန္တရာယ်မှ သစ္စာရှိရှိကာကွယ်ပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် စဉ်းစားချင့်ချိန်တတ်သောအမျိုးသမီးဟူသည့် နာမည်ကောင်းရပြီး သေဆုံးခဲ့သည်။—၁ ဓမ္မရာဇဝင် ၂၅:၃။
ပေတရုသည် အဘယ်မှတ်တမ်း ချန်ရစ်ခဲ့သနည်း
စီ.အီး. ပထမရာစုအချိန်သို့ ဆက်သွားပြီး ယေရှု၏ တမန်တော် ၁၂ ပါးအကြောင်း စဉ်းစားကြည့်ကြစို့။ သူတို့ထဲတွင် ယခင်က ဂါလိလဲပင်လယ်၌ တံငါသည်တစ်ဦးဖြစ်ခဲ့သူ ပေတရု သို့မဟုတ် ကေဖသည် မိမိခံစားချက်ကိုတင်ပြသူ၊ စိတ်ပေါက်ရာပြုလုပ်
တတ်သူဖြစ်သည်။ သူသည် မိမိ၏ခံစားချက်များကို ထုတ်ဖော်ပြောဆိုဝံ့သော တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။ သာဓကအနေနှင့် တပည့်များ၏ခြေကို ယေရှုဆေးပေးချိန်ကိုကြည့်ပါ။ သူ၏ခြေကိုဆေးဖို့ အလှည့်ရောက်လာသောအခါ ပေတရု မည်သို့တုံ့ပြန်ခဲ့သနည်း။ပေတရုက “သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ခြေကိုဆေးတော်မူမည်လော” ဟုယေရှုအားဆို၏။ ယေရှုက “သင်သည်ငါပြုသောအမှုကို ယခုနားမလည်သေး။ နောက်မှသိလိမ့်မည်” ဟုဖြေ၏။ “ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို အလျှင်းဆေးတော်မမူရ” ဟုပေတရုတုံ့ပြန်ခဲ့သည်။ စိတ်လိုက်မာန်ပါ ယတိပြတ်ပြုလုပ်တတ်သော ပေတရု၏တုံ့ပြန်ပုံကို သတိပြုပါ။ ယေရှုမည်သို့ပြန်ပြောခဲ့သနည်း။
“သင့်ကိုငါမဆေးရလျှင် သင်သည်ငါနှင့်မဆက်ဆံရ” ဟုယေရှုဖြေ၏။ သို့နှင့် ရှိမုန်ပေတရုက “အကျွန်ုပ်၏ခြေကိုသာမဆေးပါနှင့်။ လက်ကိုလည်းကောင်း၊ ဦးခေါင်းကိုလည်းကောင်း ဆေးတော်မူပါ” ဟုယေရှုအားဆိုလေသည်။ ယခု ပေတရုသည် အခြားတစ်ဖက်၏အစွန်းသို့ ရောက်သွားပြန်၏! သို့သော် ပေတရု၏စိတ်ဓာတ်ကို လူတို့ကောင်းကောင်းသိကြပါသည်။ သူသည် ရိုးသားပွင့်လင်းသူဖြစ်သည်။—ယောဟန် ၁၃:၆-၉။
ပေတရု၏အားနည်းချက်များကြောင့်လည်း သူ့ကိုအောက်မေ့တတ်ကြသည်။ ဥပမာ၊ သေဒဏ်စီရင်ခံရသော နာဇရက်မြို့သားယေရှု၏ နောက်လိုက်တစ်ဦးဖြစ်သည်ဟု သူ့ကိုစွပ်စွဲသူများရှေ့မှောက် ခရစ်တော်ကို သူသုံးကြိမ်ငြင်းပယ်ခဲ့သည်။ သူ့အမှားကိုသိသောအခါ ပေတရု ချုံးပွဲချငိုလေတော့သည်။ သူသည် မိမိ၏ဝမ်းနည်းမှုနှင့် နောင်တကိုဖော်ပြဝံ့ခဲ့သည်။ ဤသို့ပေတရုငြင်းပယ်ခဲ့ကြောင်းကို ခရစ်ယာန်ကျမ်းရေးသူများ မှတ်တမ်းတင်နိုင်ခဲ့ခြင်းသည် ပေတရုကိုယ်တိုင် အသိပေး၍သာဖြစ်မည်! သူသည် မိမိ၏အားနည်းချက်များကို ဝန်ခံနိုင်သည်အထိ စိတ်နှိမ့်ချမှုရှိသည်။ ထိုသို့သောစိတ်နှိမ့်ချမှုမျိုး အသင်၌ရှိသလော။—မဿဲ ၂၆:၆၉-၇၅; မာကု ၁၄:၆၆-၇၂; လုကာ ၂၂:၅၄-၆၂; ယောဟန် ၁၈:၁၅-၁၈၊ ၂၅-၂၇။
ခရစ်တော်ကို ပေတရုငြင်းပယ်ပြီး အပတ်အနည်းငယ်အတွင်း သူသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျက် ပင်တေကုတ္တေတမန်တော် ၂:၁၄-၂၁။
ပွဲနေ့တွင် ဂျူးပရိသတ်အား ရဲရင့်စွာဟောပြောခဲ့သည်။ ထိုသို့ပြုခဲ့ခြင်းက ရှင်ပြန်ထမြောက်ပြီးသော ယေရှုသည် သူ့ကိုယုံကြည်စိတ်ချကြောင်း ထင်ရှားစေသည့်လက္ခဏာပင်တည်း။—အခြားတစ်ကြိမ်တွင် ပေတရုသည် ထောင်ချောက်နောက်တစ်ခုထဲ ကျခဲ့ပြန်သည်။ ပေတရုသည် အန္တိအုတ်မြို့သို့ ဂျူးညီအစ်ကိုအချို့ မရောက်လာမီက ယုံကြည်သူတစ်ပါးအမျိုးသားများနှင့် လွတ်လပ်စွာပေါင်းဖော်စားသောက်ခဲ့ကြောင်း တမန်တော်ပေါလုရှင်းပြခဲ့သည်။ သို့သော် သူသည် ယေရုရှလင်မြို့မှ ရောက်လာခါစ “အရေဖျားလှီးခြင်းခံသောသူတို့ကိုကြောက်ရွံ့၍” တစ်ပါးအမျိုးသားတို့နှင့် တသီးတခြားနေလေ၏။ ထို့ကြောင့် ပေတရု၏နှစ်ဘဝစံမှုကို ပေါလုဖော်ထုတ်ပြခဲ့သည်။—ဂလာတိ ၂:၁၁-၁၄၊ သမ္မာ။
သို့တိုင် ယေရှု၏နောက်လိုက်များစွာ ကိုယ်တော်ကိုစွန့်သွားကြတော့မည့်ပုံရှိသော အထူးအရေးကြုံနေသည့်အချိန်တွင် မိမိစိတ်ထားကို အဘယ်တပည့်က ဖွင့်ပြောဝံ့ခဲ့သနည်း။ ယေရှု၏အသားကိုစားခြင်း၊ အသွေးကိုသောက်ခြင်းနှင့်ပတ်သက်၍ အရေးပါသောအကြောင်းအရာအသစ်တစ်ခုကို ကိုယ်တော်ဖွင့်ပြောပြချိန်တွင်ဖြစ်သည်။ ကိုယ်တော်က “လူသား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌အသက်မရှိ” ဟုမိန့်တော်မူ၏။ ယေရှု၏ဂျူးနောက်လိုက်အများစုက ထိမိလဲ၍ “ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနားခံနိုင်မည်နည်း” ဟုပြောဆိုကြ၏။ ထို့နောက် အဘယ်သို့ဖြစ်ခဲ့သနည်း။ ‘ထိုအခါမှစ၍ တပည့်အများတို့သည် ကိုယ်တော်နှင့်မပေါင်းဖော်ဘဲ ဆုတ်သွားကြ၏။’—ယောဟန် ၆:၅၀-၆၆။
ဤအရေးပေါ်အချိန်အခါတွင် ယေရှုသည် တမန်တော် ၁၂ ပါးသို့လှည့်၍ နှလုံးထိမိသောဤမေးခွန်းကိုမေးခဲ့သည်– “သင်တို့သည်လည်း ထွက်သွားခြင်းငှာအလိုရှိကြသလော။” ပေတရုဤသို့တုံ့ပြန်ခဲ့သည်– “သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့သွားရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သောစကားသည် ကိုယ်တော်၌တည်ပါ၏။ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို အကျွန်ုပ်တို့ယုံကြည်သိမှတ်ကြပါသည်။”—ယောဟန် ၆:၆၇-၆၉။
ပေတရုသည် အဘယ်အသရေမျိုးကို ဖြစ်ပေါ်စေခဲ့သနည်း။ သူ့အကြောင်း ဖတ်ရှုလေ့လာသူသည် သူ၏ရိုးသားမှု၊ ပွင့်လင်းသောပင်ကိုစရိုက်၊ သူ၏သစ္စာစောင့်သိရိုသေမှုနှင့် ကိုယ့်အားနည်းချက် ကိုယ်ဝန်ခံဖို့အသင့်ရှိခြင်းတို့ကို စွဲမှတ်မသွားဘဲနေမည်မဟုတ်ပါ။ နာမည်ကောင်း အမှန်ရရှိခဲ့သူပါတကား!
ယေရှုအကြောင်း လူတို့ အဘယ်အရာမှတ်မိကြသနည်း
ယေရှု၏မြေကြီးဓမ္မအမှုဆောင်ချိန်သည် သုံးနှစ်ခွဲမျှသာ ကြာ၏။ သို့သော် ကိုယ်တော်၏နောက်လိုက်များသည် ကိုယ်တော်အား မည်သို့စွဲမှတ်ခဲ့ကြသနည်း။ ကိုယ်တော်သည် အပြစ်မပါ စုံလင်သူဖြစ်သောကြောင့် လူတို့နှင့်အဖက်မလုပ်ဘဲနေခဲ့သလော။ ဘုရားသခင့်သားတော်ဖြစ်ကြောင်း ကိုယ်တော်တိုင်သိသောကြောင့် အာဏာပြခဲ့သလော။ ကိုယ်တော်အား နာခံရန် နောက်လိုက်များကို ခြိမ်းခြောက်၍ အကျပ်ကိုင်ခဲ့ပါသလော။ ဟာသဉာဉ်မရှိသည့်အထိ ဣန္ဒြေကြီးလွန်းသလော။ အားနည်းသူ၊ ဖျားနာသူ၊ ကလေးသူငယ်များကို အချိန်မပေးနိုင်သည့်အထိ ကိုယ်တော်အလုပ်များလွန်းသလော။ ထိုခေတ်မှ အမျိုးသားများပြုလုပ်လေ့ရှိသကဲ့သို့ လူမျိုးခြားများနှင့် အမျိုးသမီးများအပေါ် ကိုယ်တော်မတူမတန်ဆက်ဆံခဲ့သလော။ ကိုယ်တော့်အကြောင်းကို မှတ်တမ်းက အဘယ်သို့ဆိုသနည်း။
ယေရှုသည် လူတို့ကိုစိတ်ဝင်စားခဲ့သည်။ ကိုယ်တော်၏ဓမ္မအမှုကို လေ့လာကြည့်သောအခါ ကိုယ်တော်သည် ခြေဆွံ့သူများနှင့် ဖျားနာသူတို့ကို ကြိမ်ဖန်များစွာကုသပေးခဲ့ကြောင်း သိရသည်။ ဆင်းရဲနွမ်းပါးသူများကို ကူညီပေးရန် အသုံးတော်ခံခဲ့သည်။ လူငယ်များကို စိတ်ဝင်စားသဖြင့် တပည့်များကို ဤသို့သွန်သင်ခဲ့သည်– “ထိုသူငယ်တို့ကို ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။” ထို့နောက် ယေရှုသည် “သူငယ်တို့ကိုချီပိုက်၍ သူတို့အပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏။” အသင်သည် ကလေးသူငယ်များကို အချိန်ပေးသလော၊ သို့မဟုတ် သူတို့ရှိနေသည်ကိုပင် မသိလောက်အောင် အလုပ်များလွန်းသလော။—မာကု ၁၀:၁၃-၁၆; မဿဲ ၁၉:၁၃-၁၅။
ယေရှုမြေကြီးပေါ်ရှိစဉ် ဂျူးတို့သည် ပညတ်တော်၏ တောင်းဆိုချက်များထက်မက ခရစ်ယာန်ဘာသာရေးစည်းမျဉ်းဥပဒေများနှင့်ပါ ဝန်ပိနေကြသည်။ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များသည် လေးလံသောဝန်များကို လူတို့အပေါ်တင်ကြ၏၊ သူတို့ကိုယ်တိုင်မူ လက်ဖျားနှင့်ပင် မရွှေ့လိုကြချေ။ (မဿဲ ၂၃:၄; လုကာ ၁၁:၄၆) ယေရှုမူ သူတို့နှင့် အခြားကြီးခြားလိုက်လေခြင်း! ကိုယ်တော်က “ဝန်လေး၏ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေး [“လန်းဆန်းစေ၊” ကဘ] မည်” ဟုမိန့်ဆိုခဲ့သည်။—မဿဲ ၁၁:၂၈-၃၀။
ယေရှုနှင့်ပေါင်းဖော်သောအခါ လူတို့လန်းဆန်းမှုရခဲ့ကြသည်။ တပည့်များ ဖွင့်ဟမပြောဆိုရဲသည့်အထိ သူတို့ကို ကိုယ်တော်ကြောက်လန့်စေတော်မမူခဲ့ပါ။ သူတို့၏သဘောကိုနှိုက်ထုတ်ရန် ကိုယ်တော်မေးခွန်းများ မေးခဲ့သည်။ (မာကု ၈:၂၇-၂၉) ခရစ်ယာန်ကြီးကြပ်မှူးများသည် မိမိတို့ကိုယ်ကို ဤသို့မေးသင့်ပါသည်– ‘ကျွန်ုပ်ဟာ အဲဒီလိုလူစားမျိုးဖြစ်တယ်လို့ ယုံကြည်သူရောင်းရင်းတွေက ထင်မြင်ကြသလား။ တခြားအကြီးအကဲတွေက သူတို့ရဲ့ထင်မြင်ယူဆချက်တွေကို ကျွန်ုပ်ကို တကယ်ဖွင့်ဟပြောပြရဲသလား၊ ဒါမှမဟုတ် မပြောဝံ့ဘဲနေကြသလား။’ ကြီးကြပ်မှူးများသည် ချဉ်းကပ် ရလွယ်မည်၊ သူတစ်ပါးကိုနားထောင်ပေးပြီး ပြောင်းသာလွှဲသာရှိကြမည်ဆိုလျှင် တကယ်စိတ်လန်းဆန်းစရာဖြစ်သည်တကား! အကျိုးသင့်အကြောင်းသင့်မရှိခြင်းသည် ရိုးသားပွင့်လင်း လွတ်လပ်စွာပြောဆိုဆွေးနွေးမှုကို အဟန့်အတားဖြစ်စေသည်။
ယေရှုသည် ဘုရားသခင့်သားတော်ဖြစ်သော်လည်း သူ၏တန်ခိုးအာဏာကို တစ်ခါမျှတလွဲအသုံးမပြုခဲ့ချေ။ ယင်းအစား နားဆင်သူများနှင့် သူကျိုးကြောင်းဆင်ခြင်ခဲ့သည်။ “ကဲသာဘုရင်အား အခွန်ကိုဆက်အပ်သလော၊ မဆက်အပ်သလော” ဟူသော ပရိယာယ်ဆင်သည့်မေးခွန်းဖြင့် ဖာရိရှဲများက သူ့ကိုအကွက်ဆင်ဖို့ကြိုးစားသောအခါ ထိုသို့ပြုခဲ့သည်။ ယေရှုသည် ငွေဒ င်္ဂါးတစ်ပြားကိုပြခိုင်းပြီး ဤသို့မေးခဲ့သည်– “ဤပုံ ဤလိပ်စာကား အဘယ်သူ၏ပုံ အဘယ်သူ၏လိပ်စာဖြစ်သနည်း။” သူတို့က “ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်” ဟုလျှောက်ကြ၏။ ထိုအခါ ကိုယ်တော်က “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့” ဟုမိန့်တော်မူ၏။ (မဿဲ ၂၂:၁၅-၂၁) ရိုးရိုးကလေး ကျိုးကြောင်းဆင်ခြင်ပြရုံနှင့် လုံလောက်ပေပြီ။
ယေရှု၌ ဟာသဉာဉ်ရှိသလော။ ငွေရတတ်သောသူသည် ဘုရားသခင့်နိုင်ငံတော်သို့ ဝင်ဖို့ထက် ကုလားအုတ်သည် အပ်နဖားကိုလျှိုလွယ်၏ဟု ယေရှုဆိုသော ကျမ်းပိုဒ်ကိုဖတ်ရှုရသောအခါ စာရှုသူအချို့ ရယ်လိုစိတ်ပေါ်နိုင်သည်။ (မဿဲ ၁၉:၂၃၊ ၂၄) ပကတိချုပ်အပ် အပေါက်ထဲသို့ ကုလားအုတ်တစ်ကောင် ဝင်ဖို့ကြိုးစားခြင်းကိုယ်နှိုက်က ပုံကြီးချဲ့ထားခြင်းဖြစ်သည်။ အလားတူပုံကြီးချဲ့ပြောဆိုသည့် ဥပမာနောက်တစ်ခုမှာ မိမိမျက်စိထဲရှိတံကျင်ကို မမြင်ဘဲ ညီအစ်ကိုမျက်စိထဲရှိ ငြောင့်ငယ်ကိုမြင်ခြင်းဖြစ်သည်။ (လုကာ ၆:၄၁၊ ၄၂) ယေရှုသည် စည်းကမ်းတင်းကျပ်သော လှေနံဓားထစ်ပုဂ္ဂိုလ်တစ်ဦး လုံးဝမဟုတ်ပါ။ ကိုယ်တော်သည် ရင်းနှီးခင်မင်တတ်သူဖြစ်၏။ ယနေ့ ခရစ်ယာန်များအတွက် ဟာသဉာဉ်ရှိခြင်းသည် ဖိစီးမှုခံရချိန်များတွင် စိတ်ဆင်းရဲစရာများကို လျော့ပါးသွားစေနိုင်သည်။
အမျိုးသမီးများကို ယေရှုသနားကြင်နာခြင်း
အမျိုးသမီးများသည် ယေရှုနှင့် ပေါင်းရသင်းရခက်သလော။ ကိုယ်တော့်နောက်လိုက်တို့တွင် သူ၏မိခင်မာရိအပါအဝင် တည်ကြည်သောအမျိုးသမီးများစွာ ရှိခဲ့သည်။ (လုကာ ၈:၁-၃; ၂၃:၅၅၊ ၅၆; ၂၄:၉၊ ၁၀) တစ်ချိန်တွင် ‘အပြစ်ရှိသူဟု သိကြသော’ အမျိုးသမီးတစ်ဦးသည် ကိုယ်တော်၏ခြေကို မျက်ရည်ဖြင့်ဆေးကြောပြီး ဆီမွှေးဖြင့်လိမ်းရဲသည့်အထိ ယေရှုထံ အမျိုးသမီးများ ချဉ်းကပ်ရလွယ်ကူခဲ့ကြသည်။ (လုကာ ၇:၃၇၊ ၃၈) နှစ်ချီ၍ သွေးသွန်နာစွဲနေသော အမျိုးသမီးနောက်တစ်ဦးသည် ရောဂါပျောက်ရန် ကိုယ်တော်၏ဝတ်လုံတော်ကိုတို့ထိဖို့ လူအုပ်ထဲ တိုးဝှေ့ရောက်လာခဲ့သည်။ သူ၏ယုံကြည်ခြင်းကို ယေရှုချီးမွမ်းခဲ့သည်။ (မဿဲ ၉:၂၀-၂၂) ယေရှုသည် ချဉ်းကပ်ရလွယ်ကူသူဖြစ်ကြောင်း အမျိုးသမီးများစွာတွေ့ရှိခဲ့သည်။
နောက်တစ်ကြိမ် ယေရှုသည် ရေတွင်းတစ်ခုနားတွင် ရှမာရိအမျိုးသမီးတစ်ဦးနှင့် စကားပြောဆိုခဲ့သည်။ ထိုအမျိုးသမီးသည် အလွန်အံ့သြသဖြင့် “သင်သည် ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သော အကျွန်ုပ်ကို အဘယ်ကြောင့်သောက်ဖို့တောင်းသနည်း” ဟုပြောခဲ့သည်။ ဂျူးတို့သည် ရှမာရိလူမျိုးနှင့် အပေါင်းအသင်းလုပ်လေ့မရှိကြ၍ဖြစ်သည်။ ၎င်းနောက် ယေရှုသည် “ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သောစမ်းရေ” နှင့်ပတ်သက်သော အံ့သြဖွယ်အမှန်တရားအကြောင်းကို ဆက်လက်သွန်သင်ပေးခဲ့သည်။ ကိုယ်တော်သည် အမျိုးသမီးများနှင့် သက်သောင့်သက်သာရှိ၏။ မိမိ၏အဆင့်အတန်းကို ထိခိုက်သည်ဟု ကိုယ်တော်မခံစားခဲ့ရပါ။—ယောဟန် ၄:၇-၁၅။
၁ ကောရိန္သု ၁၃:၄-၈; ၁ ပေတရု ၂:၂၁။
ယေရှုသည် သူ၏ကိုယ်ကျိုးစွန့်စိတ်ဓာတ်အပါအဝင် သနားစာနာမှုဆိုင်ရာ အရည်အသွေးများစွာဖြင့် အောက်မေ့ခံရပါသည်။ ကိုယ်တော်သည် ဘုရားသခင်ရေးရာမေတ္တာ၏ ပြယုဂ်ဖြစ်တော်မူ၏။ ယေရှုသည် မိမိနောက် လိုက်လိုသူအားလုံးအတွက် စံနှုန်းချမှတ်ပေးခဲ့သည်။ သင်ကိုယ်တိုင် ကိုယ်တော်၏ပုံသက်သေကို မည်မျှ အနီးကပ် လိုက်လျှောက်သနည်း။—မျက်မှောက်ခေတ်ခရစ်ယာန်များ မည်သို့အောက်မေ့ခံရကြသနည်း
မျက်မှောက်ခေတ်တွင် အသက်ကြီးရင့်ပြီး သေဆုံးသွားသော တည်ကြည်သူခရစ်ယာန် ထောင်ပေါင်းများစွာရှိသကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားသူများလည်းရှိသည်။ သို့သော် သူတို့သည် အသရေကောင်း ချန်ရစ်ခဲ့ကြသည်။ ခရစ္စတဲလ်ကဲ့သို့ အသက်ကြီးရင့်ပြီး သေဆုံးသွားသော ခရစ်ယာန်အချို့သည် ချစ်ခင်တတ်ပြီး အဖော်မင်သူများအဖြစ် အောက်မေ့ခံရကြသည်။ အသက် ၄၀ ကျော်အရွယ်၌ သေဆုံးသွားသော ဒတ်ခ်နှင့်တူသော အခြားသူတို့မူ ပျော်ပျော်နေတတ်ပြီး ရိုင်းပင်းကူညီလိုစိတ်ရှိသူများအဖြစ် အောက်မေ့ခံရကြသည်။
စပိန်နိုင်ငံမှ ဟိုစေးလည်း ရှိသေးသည်။ ၁၉၆၀ ပြည့်လွန်နှစ်များတွင် ထိုနိုင်ငံ၌ ယေဟောဝါသက်သေများ၏ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားစဉ်က ဟိုစေးအိမ်ထောင်ကျပြီး သမီးငယ်သုံးဦးရရှိခဲ့သည်။ ဗာစယ်လိုနာမြို့၌ အတည်တကျဖြစ်သော အလုပ်တစ်ခုရှိသည်။ သို့သော် ထိုအချိန်၌ စပိန်နိုင်ငံတောင်ပိုင်းတွင် ရင့်ကျက်သောခရစ်ယာန်အကြီးအကဲများ လိုအပ်လျက်ရှိသည်။ ထို့ကြောင့် ဟိုစေးသည် အာမခံချက်ရှိသော သူ၏အလုပ်ကိုစွန့်ပြီး မိသားစုနှင့်အတူ မာလဂါမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သူတို့ခမျာ မကြာခဏဆိုသလို အလုပ်လက်မဲ့ဘဝဖြင့် စီးပွားရေးကျပ်တည်းချိန်များကို ကျော်လွှားခဲ့ကြရသည်။
သို့တိုင် ဟိုစေးသည် ဓမ္မအမှုတွင် ယုံကြည်အားထားလောက်သော ပုံသက်သေပြသူ၊ ဇနီးသည် ကာမီလာ၏အကူအညီဖြင့် သမီးများကို စံထားလောက်အောင် ပြုစုပျိုးထောင်ပေးခဲ့သူဖြစ်ကြောင်း လူသိများသည်။ ထိုဒေသတွင် ခရစ်ယာန်စည်းဝေးကြီးများစီစဉ်ဖို့ လူလိုလျှင် ဟိုစေးသည် အကူအညီပေးဖို့ အမြဲတမ်းအသင့်ရှိခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ အသက် ၅၀ ကျော်အရွယ်တွင် စိုးရိမ်ဖွယ်ရောဂါဖြစ်ပြီး သူသေဆုံးသွားခဲ့သည်။ သို့သော် ယုံကြည်အားထားလောက်သော၊ အလုပ်ကြိုးစားသောအကြီးအကဲနှင့် မေတ္တာရှိသောလင်ယောက်ျားနှင့် ဖခင်တစ်ဦးဟူသော နာမည်ကောင်း တွင်ကျန်ရစ်ခဲ့သည်။
အသင်ကော၊ သင့်ကို လူတို့ မည်သို့သတိရအောက်မေ့ကြမည်နည်း။ မနေ့က သင်သေဆုံးခဲ့လျှင် ယနေ့ သင့်အကြောင်း လူတို့မည်သို့ပြောဆိုနေကြမည်နည်း။ ဤမေးခွန်းသည် ကျွန်ုပ်တို့အားလုံး၏ ကျင့်ဆောင်ပြုမူပုံကို တိုးတက်ကောင်းမွန်စေမည့် မေးခွန်းတစ်ခုဖြစ်သည်။
နာမည်ကောင်း တွင်စေဖို့ ကျွန်ုပ်တို့အဘယ်အရာ ပြုလုပ်နိုင်သနည်း။ ဥပမာအနေနှင့် ချစ်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ချုပ်တည်းခြင်းအစရှိသော ဝိညာဉ်အသီးများကို ကျွန်ုပ်တို့အစဉ်တိုး၍တိုး၍ တင်ပြနိုင်ကြသည်။ (ဂလာတိ ၅:၂၂၊ ၂၃) မှန်ပါသည်၊ “ကောင်းသောအသရေသည် နံ့သာဆီထက်သာ၍ကောင်း၏။ သေရသောနေ့သည်လည်း ဖွားမြင်သောနေ့ထက် သာ၍ကောင်း” သည်မှာ ဧကန်အမှန်ပင်။—ဒေ. ၇:၁; မဿဲ ၇:၁၂။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
အဘိဂဲလသည် စဉ်းစားဆင်ခြင်တတ်မှုအတွက် အောက်မေ့ခံရ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ပေတရုသည် စိတ်ပေါက်ရာပြုလုပ်တတ် သော်လည်း ရိုးဖြောင့်သောကိုယ်ရည်ကိုယ်သွေးအတွက် အောက်မေ့ခံရ
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ယေရှုသည် ကလေးငယ်များကို အချိန်ပေးခဲ့