မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်​မှတ်မိ​သလော

မကြာသေးမီ​က​ထုတ်ဝေ​ခဲ့​သော ကင်းမျှော်စင် စာစောင်​များ​ကို ဖတ်ရှု​ရ​၍ သဘောကျခဲ့​ပါသလော။ သို့​ဖြစ်​လျှင် အောက်ပါ​မေးခွန်းများကို သင်​ဖြေဆို​နိုင်၊ မဖြေ​ဆိုနိုင် စမ်း​ကြည့်​ပါ–

ခရစ်ယာန်​တစ်ဦး​သည် စိတ်ပိုင်း​ရော၊ ဝိညာဉ်​ရေး​ပိုင်း​ပါ မောပန်း​လာ​သည့်​အခါ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

ကျွန်ုပ်​တို့အား မောပန်း​စေသည့်​အရာ​ကို ခွဲခွဲခြားခြား​သိမြင်ဖို့​လို​သည်။ ကျွန်ုပ်​တို့၏​လုပ်ရိုးလုပ်စဉ်​များနှင့် ဥစ္စာ​ပစ္စည်း​များ​ကို စာရင်း​လုပ်ပြီး မလို​အပ်သော​ဝန်ထုပ်​များ​ကို ဖယ်ရှားပစ်​နိုင်​ပေမည်။ ကျွန်ုပ်​တို့၏​အခြေအနေ​နှင့်​အညီ လက်တွေ့ကျ​ပန်းတိုင်​များ ချမှတ်​နိုင်​သည်။ ဝိညာဉ်​ရေး​ကျန်းမာ​မှု​ကို ဂရုစိုက်​ခြင်း​သည် အရေးကြီး​သည်၊ ယင်း​တွင် မှန်မှန်​ဆုတောင်းခြင်း​နှင့် တွေးတော​ဆင်ခြင်ခြင်း​တို့ ပါဝင်​သင့်​သည်။—၈/၁၅၊ စာမျက်နှာ ၂၃-၆။

ယေဟောဝါသက်သေ​များသည် ၁၄၄,၀၀၀ ကိန်း​ဂဏန်း​ကို အဘယ်ကြောင့် စာသား​အတိုင်း​ယူ​ကြ​သနည်း။

တမန်​တော်​ယောဟန်​သည် ၁၄၄,၀၀၀ အကြောင်း ပြော​ပြီး​နောက် “မည်သူမျှ​မရေတွက်​နိုင်သော လူအုပ်ကြီး​တစ်အုပ်” ကို​တွေ့ မြင်ခဲ့​သည်။ (ဗျာ. ၇:၄၊ ၉) အကယ်၍ ၁၄၄,၀၀၀ ကိန်း​ဂဏန်း​ကို ပုံဆောင်​သဘော​အရ ယူ​မည်​ဆိုလျှင် ၎င်းတို့၏​ခြားနား​ချက်​သည် သိသာ​ထင်ရှား​တော့​မည်​မဟုတ်​ချေ။ “သိုးစုငယ်” အဖြစ် မိမိ​နှင့်အတူ​အုပ်ချုပ်​မည့်​သူများ​အကြောင်း ယေရှု​မိန့်ဆိုခဲ့သည်။ (လုကာ ၁၂:၃၂)—၉/၁၊ စာမျက်နှာ ၃၀။

ဣသရေလလူ​တစ်ဦး​သည် သွေး​မ​ထုတ်​ထား​သည့် တိရစ္ဆာန်​အသေကောင်​ကို တိုင်းတစ်ပါးသား​အား အဘယ်ကြောင့် ရော​င်း​နိုင်​သနည်း။

ဘာသာဝင်​မဟုတ်သော တိုင်းတစ်ပါးသား သို့​မဟုတ် တစ်ပါး​အမျိုးသား​တစ်ဦး​သည် ပညတ်တရား​အောက်တွင် မရှိ​ချေ။ သို့​ဖြစ်၍ ဣသရေလလူ​တစ်ဦး​သည် ထို​တိရစ္ဆာန်​အသေကောင်​ကို သူ့​အား ပေး​ခွင့်၊ ရော​င်း​ခွင့်​ရှိ၏။ (တရားဟောရာ ၁၄:၂၁) သို့သော် ဘာသာဝင်​တစ်ဦး​သည် ပညတ်တရား​၏​ချုပ်နှောင်​မှု​အောက်တွင်​ရှိရာ အသွေး​မ​ထုတ်​ထား​သည့် ဤသို့​သော​တိရစ္ဆာန်​၏​အသားကို စား​မည်​မဟုတ်ပါ။ (ဝတ်ပြုရာ ၁၇:၁၀)—၉/၁၅၊ စာမျက်နှာ ၂၆။

ဇီဝ​တုပ​မှု​ဗေဒ (biomimetics) ဟူသည် အဘယ်နည်း၊ ခရစ်ယာန်​များသည် ယင်းကို အဘယ်ကြောင့် စိတ်ဝင်စား​ကြ​သနည်း။

ယင်းသည် သဘာဝ​လောကကြီး​ရှိ ဒီဇိုင်း​ပုံစံ​များ​ကို အတုယူ​ပြုလုပ်​ရန် ကြိုးပမ်း​ကြ​သည့် သိပ္ပံ​ပညာရပ်​နယ်ပယ်​ဖြစ်သည်။ ဥပမာ၊ ရွိုက်​ညီနောင်​တို့သည် ပျံဝဲ​နေကြ​သည့် ငှက်ကြီး​များ​ကို လေ့လာ​ပြီး​နောက် လေယာဉ်​တစ်စင်း​ကို ပုံစံ​ပြု​ထုတ်လုပ်​ခဲ့​ကြသည်။ သို့​ဖြစ်၍ ခရစ်ယာန်​များသည် ဇီဝ​တုပ​မှု​ဗေဒ​ကြောင့် ဖန်ဆင်း​ရှင်​အား ဂုဏ်တင်​ရန် စေ့ဆော်​ခံရ​နိုင်၏။—၁၀/၁၊ စာမျက်နှာ ၉။

၂ ကောရိန္သု ၁၂:၂-၄ တွင်​ဖော်ပြ​ထား​သည့် ပရဒိသု​ဘုံ​သို့ ချီဆောင်​ခံ​ရသူ​ကား အဘယ်သူ​နည်း။

ပေါလု​က မိမိသည် တမန်​တော်​အဖြစ်ကို​ခံထိုက်​ကြောင်း ချေပ​ပြော​ဆိုပြီး​ပြီး​ချင်း ထို​ကျမ်းချက်​ပါ​စကား​ကို ပြောဆို​ခဲ့​ခြင်း​ဖြစ်သည်။ ထိုသို့​သော​တွေ့ကြုံမှု​မျိုးကို တွေ့ ကြုံဖူး​သည့် အခြား​မည်​သူ့​အကြောင်း​မျှ သမ္မာကျမ်းစာ​က မဖော်ပြဘဲ ယင်းကို ပြောပြ​သူ​မှာ ပေါလု​ဖြစ်သော​ကြောင့် ဤ​စိတ်အာရုံ​ကို ပေါလု တွေ့ မြင်နိုင်​ဖွယ်​ရှိ၏။—၁၀/၁၅၊ စာမျက်နှာ ၈။

ယေရှုသည် ဘုရားသခင်​ရွေးချယ်​ထားသော ခေါင်းဆောင်​အဖြစ် ထမ်းဆောင်​ရန် အရည်အချင်း​ပြည့်မီ​စေသည့် ကိုယ်တော်​၏ အရည်အသွေး​အချို့​ကား အဘယ်နည်း။

ယေရှု၏​ရိုးသား​ဖြောင့်မတ်​သော​အပြုအမူက ကိုယ်တော်​သည် သမာဓိ​အပြည့်အဝ​ရှိကြောင်း ဖော်ပြ​၏။ ဘုရားသခင်​ထံ အပြည့်အဝ ဆက်ကပ်​အပ်နှံ​ထား​၏။ ယေရှုသည် လူ​တို့အတွက် အလွန်​စိုးရိမ်​ပူပန်​ပေး​တတ်​ပြီး လုပ်ကိုင်​ပေး​ရန် အသင့်ရှိ​တော်​မူ​သည်။—၁၁/၁၊ စာမျက်နှာ ၆-၇။

နတ်ဆိုး​များသည် အနှစ်​တစ်ထောင်​အတွင်း အဘယ်​နေရာတွင် ရှိနေကြ​မည်​နည်း။

ခရစ်တော်​၏​အနှစ်​တစ်ထောင်​စိုးစံ​ရာ​ကာလ​အတွင်း သူတို့သည် စာတန်​နှင့်အတူ တွင်း​နက်​ထဲ ပစ်ချ​ခံရ​မည်​ဟု ဆင်ခြင်တုံ​တရား​နှင့်​အညီ ကျွန်ုပ်​တို့ ကောက်ချက်​ချ​နိုင်​သည်။ (ဗျာ. ၂၀:၁-၃) မြွေ​၏​ခေါင်း​ကို ကြိတ်​မည်​ဟု ကမ္ဘာဦး ၃:၁၅ က​ကြို​ဟောထား​ရာ ယင်း​တွင် အနှစ်​တစ်ထောင်​အတွင်း တွင်း​နက်​ထဲ ပစ်ချ​ခံရ​ခြင်း​ပါဝင်​သည်။ သူ၏​အမျိုးအနွယ်​တွင် ဆိုးညစ်​သည့်​ကောင်းကင်တမန်​များ​ခေါ် နတ်ဆိုး​များ ပါဝင်​သည်။ တွင်း​နက်​ကို သူတို့​ကြောက်လန့်​ရခြင်း​က လာ​လတ္တံ့​သော ဤ​ချုပ်နှောင်​ခြင်း​ကို သူတို့​သိနေ​ကြောင်း ပြ​၏။ (လုကာ ၈:၃၁)—၁၁/၁၅၊ စာမျက်နှာ ၃၀-၁။

အရက်ယမကာ​သောက်​ခြင်း​နှင့်​စပ်လျဉ်း၍ သိသိသာသာ​မူးယစ်​နေသည့်​အဆင့် မရောက်လျှင်​ပင် ယင်း​နှင့်​ပတ်သက်​၍ အဘယ်ကြောင့် သတိထား​သင့်​သနည်း။

လူ​အချို့​သည် အတော်များများ​သောက်​ပြီး​နောက်​၌​ပင် အရက်မူး​သည့်​လက္ခဏာ​မပြ​ကြ​ချေ။ သို့သော် ထို​သူသည် တဖြည်းဖြည်း အရက်စွဲ​လာပြီး ‘စပျစ်​ရည်​၏​ကျွန်’ ဖြစ်လာ​နိုင်​သည်။ (တိတု ၂:၃) ယေရှု​က ‘အစားအသောက်​လွန်ကြူး​ခြင်း​အားဖြင့် ပင်ပန်း’ ခြင်း​နှင့်​ပတ်သက်​၍ သတိပေး​ခဲ့​သည်။ (လုကာ ၂၁:၃၄၊ ၃၅) ကာယရေး​သာမက ဝိညာဉ်​ရေးပါ ရီဝေ၊ လေး​တွဲ​မှု​မဖြစ်စေ​မီ မူးယစ်​သည့်​အဆင့်​ရောက်​သည်​အထိ အရက်သောက်​ရန်​မဟုတ်ပါ။—၁၂/၁၊ စာမျက်နှာ ၁၉-၂၁။